NO
By HsuChiKo365
4.5M 373K 14.2K
(Zawgyi and Unicode) Trust me,you are my one in millions Romance,Funny, Sweet & Pure BL Cover design by Su M... More
About Story
ခန့်သော်ဇင်
နိုး
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း (၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၈-၁)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
နိုးနိုး
အပိုင်း(၂၄)
အပိုင်း (၂၅)
အပိုင်း(၂၆)
အပိုင်း(၂၈)
အပိုင်း ၂၉
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း ( ၃၂ )
အပိုင်း(၃၃)
အပိုင်း (၃၄)
A/N
အပိုင်း(၃၅)
အပိုင်း ၃၆
Ending Part 1
Genophobia
Ending
Extra
Extra
Extra
Extra
ကျေးဇူးတင်လွှာ
NO
အလင်းအိမ်
Pay-Day Dating
X'mas Trip
အပိုင်း ၂၇
69.5K 7.4K 518
By HsuChiKo365
သက် လိုက်လာပေးသည်။ မေးလည်းမမေး။
ကို ခခယယချော့ချင်တာ။ ကျွန်တော့်အတွက် သူ
ချော့ကြည့်ချင်တာ။
လိုက်တာ ဗျာ။
"Taxi စီးမလား ကလေး"
"ဘာဖြစ်လို့လဲ ကလေး"
"ကလေး~~"
"အင်~~"
စိတ်ပူလာတယ်"
သွားမိသည်လေ။
                 >>>>>NO<<<<<
သည်။
"အိပ်နေတာလား?"
"အင်း...အဲ နိုးပြီ ပြောလေ"
၏။
"အဲ..."
တတ်တဲ့ အမျိုးလေး။
ကို ဖုန်းဆက်တာ။ ရတယ် မလား?"
"ရတာပေါ့ ကလေးရ။ ပြောလေ ကလေးဘာပြော
ဆို ဖုန်းဆက်ဆိုပြီး"
"အင်း ကို သိတယ်"
ဖူးလား"
Msc ဆက်တက်တာ။ နောက်ပြီး...ကလေး ကို
ချစ်ခဲ့..."
"Broက ကံကောင်းတာ"
ခိုင်းနေလို့လား?"
မပြောမဆိုနဲ့"
၍ အားတက်သွားပုံရသည်။
ရင်တောင် မကစားတာ။ ကစားတဲ့ လူတွေကို
"ကို လည်း စိုးရိမ်တယ်။ အဲ့မှာကယောကျာ်းလေး
သိရင်"
လိုက်ရုံနဲ့..."
သဘောတကျ ရယ်မိသည်။ ဒေါသအိုးလေးကွာ
ဖြေရမှာလဲ?"
ှိတယ်"
ကြည့်ပါလား?"
မထွက်ဘူး ဖြစ်နေတယ်။ ဖေဖေရော မေမေ
အားနာလာတယ်"
ငြိမ်သွားသည်။ သိနေတယ်။ ခေါင်းလေးငုံ့ပြီး
တာ ကျွန်တော်သိတာပေါ့။
သို့ ပြေးလာသည်။
"Bro ခွင့်ယူရမှာပေါ့"
"ရပါတယ်။ ကလေး အတွက်ပဲ"
"ခဏတော့ ခဏပါပဲ။ သိပ်တော့ မကြာဘူး"
မယ်ထင်ထားတော့။ အခု Broက ဖေဖေ့ကို
လည်း မထောက်ခံဘူး"
အဆိုးခံချင်တာ"
"Bro..."
"အင်း ပြောလေ"
"သား အိပ်ချင်နေပြီ"
ဖြစ်နေတာ"
ရမည်ပေါ့။
"အင်း..."
ကလေးကွာ။ ချွဲလည်း ချွဲချင်တယ်။ သူကဘဲ
အဆမတန်ရှက်နေသေး၏။
"ကလေးရယ်...ဘာကြောင့်
ရင်ထဲက သံယောဇဉ်
မလား?"
"ကလေး...အိပ်သွားပြီလား?"
ထင်တယ်။
ကောင်းတွေမက်ပါစေ"
သည်။
"ချစ်တယ်~~"
အကြာကြီး။
်ကြားလိုက်ရတာပါ။
သော အသံလေး...
လေး
Thank You All
(unicode)
/
/
/
ဖက်ထားသော လက်တွေအောက် ငြိမ်ငြိမ်သက်
သက် လိုက်လာပေးသည်။ မေးလည်းမမေး။
အမှန်တော့ မေးစေချင်တယ်။ ကျွန်တော့်ထက်
အရင်တွေ့တာလား? Broက ကြိုက်နေတာ
မလား? စသည်ဖြင့် ပြဿနာတွေမျိုးစုံရှာစေချင်
တာ။ စူပုတ်ကောက်ခြစ်ပြီးရစ်နေတဲ့ ရစ်လုံးလေး
ကို ခခယယချော့ချင်တာ။ ကျွန်တော့်အတွက် သူ
တစ်ယောက်တည်း ရှိတာရယ် လို့ ချိုချိုမြိန်မြိန်
ချော့ကြည့်ချင်တာ။
သို့သော် ခုတော့ ထိုသို့မဟုတ်။ စိတ်ကောက်နေ
မကျေလည်သည့် ပုံ လုံးဝမရှိ။ ကြည်လင်နေတာ
မျိုးလည်း မဟုတ်ပေမယ့် အေးဆေးတည်ငြိမ်နေ
လိုက်တာ ဗျာ။
"Taxi စီးမလား ကလေး"
"မစီးဘူး။ Bro ပါနေတာပဲ လိုင်းကားပဲ စီးမယ်။"
နောက်ဆုံးကျကျခုံ၏ window seatတွင်
နေရာပေးထားတော့ အပြင်ဖက် မီးရောင်စုံညကို
တိတ်တိတ်ငေးသည်။ ကျောပိုးအိတ်နီရဲရဲပေါ်တင်
ထားသော လက်ဖွေးဖွေးသွယ်သွယ်တို့ကို ခပ်ဖွဖွ
အုပ်ကိုင်တော့လည်း မရုန်းမဖယ်၊ မငြင်းမဆန်။
လူခြေတိတ်ချိန်မဟုတ်ပေမယ့် ရုံးဆင်းချိန်ကျော်
ကာလရယ်မို့ YBS ၏ အေးစိမ့်စိမ့်လေထုကို
ဝေမျှနေရသူက ၅ ယောက်၆ယောက်လောက်သာ
ရှိနေတာကြောင့်လားတော့ မသိပါ။
နောက်ဆုံး တိတ်ဆိတ်ခြင်းက စိုးထိတ်ခြင်းကို
ဆောင်ယူကြဉ်းနေတော့ ထုတ်မေးရသည့်အဆင့်
ကို ကျွန်တော်ဖြတ်ကျော်ရတော့၏။
"ဘာဖြစ်လို့လဲ ကလေး"
ချက်ချင်းမကြား။ ကျွန်တော့်နားရှိနေပေမယ့် စိတ်
လိပ်ပြာသည် ဘယ်ဆီဘယ်နား ဝဲနေပါသနည်း။
"ကလေး~~"
"အင်~~"
ထိုသောခါမှ သတိဝင်လာသည်နှင့်အတူ
ကျွန်တော့်လက်အောက်မှ လက်ဖမိုးတော် နုနုကို
လည်း အလိမ်မာသုံး၍ ရှောင်ထွက်သည်။
"ကလေး ဘာဖြစ်နေလို့လဲ? ငြိမ်နေတော့ ကို
စိတ်ပူလာတယ်"
"ဒီအတိုင်း တွေးစရာရှိနေလို့..."
ခပ်တိုးတိုးနှင့် မပွင့်တပွင့်။
"ကို့ ကို စိတ်ဆိုးနေတာလား?"
ပြန်မော့ကာငဲ့ကြည့်ပြီးမှ
"စိတ်ဆိုးစရာ မရှိပါဘူး။ ဒီအတိုင်း..."
ဆက်မပြောတော့ပဲ ခပ်အေးအေးအပြုံးက
ကျွန်တော့် ကို နှုတ်ဆိတ်နေဖို့ ရာဇသံအလား။
"မှောင်နေပြီ သတိထားပြန် Bro"
ခြံပေါက်ဝရှေ့ထိ လိုက်ပို့ချင်ပေမယ့် ကားဂိတ်
ထိသာ ပို့ခိုင်းပြီး လမ်းကြားလင်းမှိန်မှိန်လေးထဲ
ဝင်သွားသော ကျောပြင်ပြန့်ပြန့်လေး။
ညလေညှင်းတစ်သုတ်ဖြတ်ကူးခဲ့တာတောင် ရင်ထဲအမောတို့ ပြေလျော့မသွား။
မှားလေပြီလား? ကျွန်တော်ဆိုသည်မှာလည်း
ဘယ်အရာကိုမှ မဖုံးကွယ်ထားချင်တော့ခက်
်သား။ နောက်ပြီး ကျွန်တော် ချစ်ရသူသည်
ကလေးဆန်သောရိုးသားမှုတွေနဲ့ရင့်ကျက်သော
စိတ်ထားတို့အား ပိုင်ဆိုင်ထားသော ယောင်္ကျား
လေးတစ်ယောက်ဆိုတာ ကျွန်တော်သတိလွတ်
သွားမိသည်လေ။
>>>>>NO<<<<<
အိပ်မက်လိုလို တကယ်လိုလိုနဲ့ ရင်းနှီးနေသော
သီချင်းသံ သဲ့သဲ့က ခေါင်းရင်းဆီမှ ထွက်လာ
သည်။
အိပ်မှုန်ဇုန်ဝါးစမ်းနေရင်းမှ ဖုန်းနဲ့အထိ အသိစိတ်
က အကပ်။ လူက ငေါက်ခနဲထထိုင်ရင်း
"ကလေး!" ဟူ၍ ခေါ်မိသည်မှာ ကင်းစောင့်တပ်
သားရှေ့ တင်းရင်းမှူးရောက်လာသည့်ပမာ
"အိပ်နေတာလား?"
"အင်း...အဲ နိုးပြီ ပြောလေ"
ဖုန်းကိုနားမှ ခွာလျက် လင်းလာသော Screen
အားကိုးနှင့် ကြည့်မိတော့ နာရီပြန် ၂ချက်လင်းနေ
၏။
"အိပ်ပျော်နေနိုင်တာပေါ့"
"အဲ..."
သနားမိသည့်ကြားမှ မရယ်မိအောင်ထိန်းထားရ
သည်။ ကျွန်တော့်ကလေးက ညဉ့်နက်မှ ထရစ်
တတ်တဲ့ အမျိုးလေး။
"အိပ်ပျော်နိုင်တယ် ဆိုတာထက် အိပ်ပျော်အောင်
ကြိုးစားအိပ်နေရင်းက အောင်မြင်သွားတာ"
"ကျွန်တော်တော့ အိပ်မပျော်ဘူး။ ဒါကြောင့် Bro
ကို ဖုန်းဆက်တာ။ ရတယ် မလား?"
"ရတာပေါ့ ကလေးရ။ ပြောလေ ကလေးဘာပြော
ချင်လို့လဲ? ညနေကတွေ့တုန်းကလည်း ကို ပြော
ထားတာပဲ။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ပြောချင်လာပြီ
ဆို ဖုန်းဆက်ဆိုပြီး"
ခဏတာငြိမ်ကျသွားပြီးမှ
"အမှန်က သား စိတ်ညစ်နေတာ"
"အင်း ကို သိတယ်"
"သား က အလုပ်မလုပ်ချင်တဲ့ လူတော့မဟုတ်
ဘူး။ ဒါပေမယ့် ဝါသနာမပါတာကိုတော့ မလုပ်
ချင်ဘူး။Broရော ကို စိတ်မပါတဲ့အလုပ်ကို လုပ်
ဖူးလား"
"အင်း...ကို မလုပ်ခဲ့ဖူးဘူး။ အရာရာကို ကို စိတ်
ပါလို့ လုပ်ခဲ့တာချည်းပဲ။ ဆေးတက်ခဲ့တာ။ အခု
Msc ဆက်တက်တာ။ နောက်ပြီး...ကလေး ကို
ချစ်ခဲ့..."
"Broက ကံကောင်းတာ"
"ဘာလဲ ကလေးကို ချစ်မိခဲ့တာကိုလား?"
"ခင်ဗျား အဲ့ဒါပဲ ပြောနေမှာလား?ကျွန်တော်
ပြောတာ နားထောင်မှာလား?"
ထွက်လာသော ညာဉ့်နက်သန်းခေါင် ဆူပူမှုလေး။
စိတ်ကူးတွေကယဉ်မိပြန်သည်။ အနားမှာသာရှိ
ကြည့် ရင်ခွင်ထဲ ထည့်သိပ်ပေးပြီး မအိပ်ပျော်
မချင်း ချော့မော့နေပေးမိမှာ
"ဟော်...ကလေး မေးလို့ ကို ဖြေနေတာလေ?
အခု ကလေး စိတ်မပါတဲ့ အလုပ်ကို အိမ်က လုပ်
ခိုင်းနေလို့လား?"
"ဟုတ်တယ်။ ဘောလုံးအသင်းမှာ posting
တင်ထားတယ်တဲ့။ ဖေဖေဗျာ ကျွန်တော့်ကိုလည်း
မပြောမဆိုနဲ့"
"ဘောလုံးအသင်းထဲမှာ ဆိုတော့ အဆင်ပြေပါ့မ
လား? တခြား ဆေးရုံတွေမှာ မတင်ဘဲ ဘာလို့
အားကစားဖက်မှာမှ တင်တာလဲ?"
သူ့ဖက်က ပါလာတာမျိုးမဟုတ်ပေမယ့်ကျွန်တော်
လည်း သဘောမတွေ့ကြောင်း လေသံတွင်ပါလာ
၍ အားတက်သွားပုံရသည်။
"ဖေဖေက အားကစားဝါသနာအိုးလေ။သူ ဝါသနာ ပါတိုင်း ကျွန်တော့်ကို ဓားစာခံလုပ်တာ
ဘောလုံးသမားတွေနဲ့ သိချင်တိုင်း ကျွန်တော်မှ
လူတွေ တအုံးအုံးနဲ့မှ မနေချင်တာ။ ဝါသနာပါတဲ့
အလုပ်ဆိုလည်း ထားပါဗျာ။ ခုဟာက ဝါသနာ
မပါပဲ...ကိုယ်တိုင်တောင် အားကစားကိုအား
ရင်တောင် မကစားတာ။ ကစားတဲ့ လူတွေကို
စောင့်ရှောက်ပေးရမှာက..."
"ကို လည်း စိုးရိမ်တယ်။ အဲ့မှာကယောကျာ်းလေး
တွေ များတယ်ဆိုတော့...ကလေး အကြောင်း
သိရင်"
"ကျွန်တော့်အကြောင်းက ဘာအကြောင်းလဲ?
ကျွန်တော့်လာ ကလန်ကဆန်လုပ်ကြည့်ပါလား
သော်တာနိုးဝေအကြောင်း သိသွားမယ်။ ဘာမှ
မလိုဘူး။ အကြောလေး နှစ်ချောင်းလောက်ဖိ
လိုက်ရုံနဲ့..."
သဘောတကျ ရယ်မိသည်။ ဒေါသအိုးလေးကွာ
ကလေး၏ ရိုးစင်းသော အတွေးနောက် ကိုယ်စိုးရိမ်မိတာကိုတောင်ဖွင့်မပြောရက်တော့။
ကလေး မေ့ထားချင်တာဖြစ်တာမျိုးလည်း
ဖြစ်နိုင်သလို အမှန်တကယ်လည်း မသိတာမျိုး
ဖြစ်နေမှာ...အစတည်းက ကလေးက Gayမှ မဟုတ်ခဲ့တာ။
"ဒီတော့...ဖြေတော့ဖြေရ ဦးမှာမလား?ဘယ်နေ့
ဖြေရမှာလဲ?"
"သဘက်ခါ မနက် ၉နာရီ လူတွေ့စစ်ဆေးရ
ှိတယ်"
"ကလေး မလုပ်ချင်ဘူးဆိုရင် အိမ်ကို အရင်ပြော
ကြည့်ပါလား?"
"တစ်မနက်လုံး စဉ်းစားနေတာ။ ဒါပေမယ့် ပြော
မထွက်ဘူး ဖြစ်နေတယ်။ ဖေဖေရော မေမေ
ရောက စိတ်အားထက်သန်နေတော့ ပြောရမှာ
အားနာလာတယ်"
"ကို့ ကလေးက လိမ္မာရေးခြားရှိလိုက်တာ"
ငြိမ်သွားသည်။ သိနေတယ်။ ခေါင်းလေးငုံ့ပြီး
ကျေနပ်ပြုံးလေး ပြုံးနေမယ်ဆိုတာ။ ကလေးတွေ
က အဲ့လိုလေး ချီးကျူးပေးတာ ကြိုက်တတ်ကြ
တာ ကျွန်တော်သိတာပေါ့။
"ကလေး သွားဖြေတဲ့ နေ့ ကို လိုက်ပေးမယ်လေ"
"တကယ်လား?" ဆိုသည့် အသံတွင် ဝမ်းသာ
မှုလှိုင်းကယက်လေးက ကျွန်တော့်ရင်ခွင်ကမ်းစပ်
သို့ ပြေးလာသည်။
"ကို ပြောတယ်မလား? ခန့်သော်ဇင် ဆိုတာ
သော်တာနိုးဝေ အတွက် အစ်ကိုအဖြစ်နေဖို့
လိုအပ်လာရင် အစ်ကိုလို။ အုပ်ထိန်းသူအဖြစ်
လိုအပ်လာရင် အုပ်ထိန်းသူလို နိုးဝေလိုအပ်သလို
အသုံးချလို့ ရတဲ့ စွယ်စုံရပါ"
"Bro ခွင့်ယူရမှာပေါ့"
"ရပါတယ်။ ကလေး အတွက်ပဲ"
"ခဏတော့ ခဏပါပဲ။ သိပ်တော့ မကြာဘူး"
"ကို လိုက်ခဲ့ပေးပါ့မယ်။ ကလေးရဲ့ အရေးကြီးတဲ့
အမှတ်တရနေ့တွေတိုင်း ကို နဲ့ အတူရှိနေခဲ့တယ်
ဆိုတဲ့ အမှတ်တရ ရှိနေတာပေါ့။ အခုပြောလိုက်
ရတော့ စိတ်ပေါ့သွားပြီလား"
"နည်းနည်း...သား က Bro သားဖက်က ပါပေး
မယ်ထင်ထားတော့။ အခု Broက ဖေဖေ့ကို
လည်း အပြစ်မပြောဘူး။ ကျွန်တော်မှန်တယ်လို့
လည်း မထောက်ခံဘူး"
"သြ...ကို့ ကလေးက ဒီလောက် မိဘတွေ အတွက် သိတတ်မှတော့ ကိုက ဘာပြောစရာလို
သေးလို့လဲ? မိဘတွေ စိတ်ချမ်းသာအောင်
သူတို့ လုပ်စေချင် ဖြစ်စေချင်တာတွေ လုပ်ရင်း
ကိုယ် ဝါသနာပါရာ ကိုယ်ကို့စိတ်ချမ်းသာစေမယ့်
အလုပ်လည်း တစ်ဖက်က လုပ်ပေါ့။ ကို က ကလေး ဘာပဲလုပ်လုပ် ကလေးဘေးကနေပဲ
အားပေးမှာ။ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ပြောနေမှာ
မျိုး မဟုတ်ဘူး။ ပြောစရာလည်း မလိုအောင်
နိုးဝေ က ရင့်ကျက်လာပြီလေ"
"ကျွန်တော် မရင့်ကျက်ချင်သေးဘူး"
"ဟောဗျာ မရင့်ကျက်ချင်လည်း ရပါတယ်ဗျာ
ကို တစ်ယောက်လုံးရှိတာပဲ...တခြားလူတွေကို
မဆိုးချင်ရင်တောင် ကိုယ့်ကို ဆိုးလို့ရနေတာပဲ
ကို ကလည်း ကလေးတစ်ယောက်တည်းကိုပဲ
အဆိုးခံချင်တာ"
"Bro..."
"အင်း ပြောလေ"
"သား အိပ်ချင်နေပြီ"
"ဖုန်းချ လိုက်တော့မယ်လေ ဒါဆို"
"မဟုတ်ဘူး။ အိပ်ချင်နေတယ် အိပ်လို့မရဘူး
ဖြစ်နေတာ"
"ကို သီချင်းဆိုသိပ်ရမလား?"
တစ်ဖက်မှ အသက်ရှုသံတိုးတိုးသာကြားနေရ
တော့ ကျွန်တော် သိနေရမယ်လေ။
မတီးဖြစ်တာကြာနေပြီဖြစ်တဲ့ ဂစ်တာလေး
ကောက်မ၊ မှန်လုံပိတ် ဝရန်ဒါကို ထွက်ပြီး
ကျွန်တော့် ဧကရာဇ်လေးအတွက် အသံဆက်သ
ရမည်ပေါ့။
"မတီးတာ ကြာလို့ key လွဲရင် သည်းခံနော်"
"အင်း..."
ကလေးကွာ။ ချွဲလည်း ချွဲချင်တယ်။ သူကဘဲ
အဆမတန်ရှက်နေသေး၏။
"ကလေးရယ်...ဘာကြောင့်
မင်းလေးနဲ့ တွေ့မှ ငါ့စိတ်တွေယိုင်ခဲ့
ကလေးရယ်...အချိန်ရှိတိုင်းပဲပေါ့
မျက်စိထဲ မင်းအရိပ်တွေပါပဲ ကလေးရယ်
ငါဟာ ပျော့ညံ့နဲ့ စိတ်ဓာတ်နဲ့...ရူးလို့နေရမှာလား
အတွေးလေးထဲလဲ မင်းက ကလေးပါပဲ
ကလေးရယ် မင်းမြင်တတ်ရင် တွေ့မှာပဲ
ရင်ထဲက သံယောဇဉ်
မင်းနဲ့ကျမှ ချစ်တတ်ပြီ ကလေးရယ်
အသည်းလေးထဲက ချစ်မိပြီ
မင်းနဲ့ကျမှ ရူးရပြီ ကလေးရယ်
မစဉ်းစားပဲနဲ့ ချစ်လိုက်တာ...ကိုယ်မှားယွင်းနေ
မလား?"
အသက်ရှုသံ တိုးတိုးလေးနဲ့သာ ငြိမ်သက်နေ၏
ရပ်လိုက်တော့လည်းမပြော...
"ကလေး...အိပ်သွားပြီလား?"
တုံ့ပြန်သံ မကြားရ။ တကယ်အိပ်ပျော်သွားပြီ
ထင်တယ်။
"Good night...ကိုယ့် ကလေး အိပ်မက်
ကောင်းတွေမက်ပါစေ"
ဖုန်းပိတ်တော့မယ်ဆိုကာမှ speakerက
"Bro" ဟူသော ခေါ်သံတိုးတိုးလေး ထွက်လာ
သည်။
ဘာပြောမလဲ ဟူ၍ နားစိုက်ထောင်နေစဉ်
"ချစ်တယ်~~"
ချက်ချင်းဆိုသလို call end ဖြစ်သွားသော
ဖုန်း screenကို ကြောင်ကြည့်နေသည်မှာ
အကြာကြီး။
တကယ်လား? တကယ် ကို နားနဲ့ဆက်ဆက်
်ကြားလိုက်ရတာပါ။
တိုးညှင်းလွန်းပေမယ့် ကျွန်တော့်နှလုံးသွေးတွေ
ဘောင်ဘင်ခတ်သွားသည်အထိ ဖြစ်သွားစေ
သော အသံလေး...
မနက်ဖြန်များတွေ့ရင် ဖြစ်နေမယ့် ကလေးမျက်နှာ
လေး
ဒီည ကျွန်တော်အိပ်ပျော်နိုင်တော့မည်
မဟုတ်တော့တာ သေချာပါပြီ
Thank You All
Continue Reading
You'll Also Like
3.7M 276K 72
၁၉၄၀ နှောင်းပိုင်း ကာလ... မြို့အုပ်မင်း+မြို့အုပ်ကတော်
57.7K 7.7K 61
ဗီလိန်မိသားစုထဲ မွေးဖွားလာတယ် Description ကျန်းမြန့်မြန့်တစ်ယောက် အချိန်ခရီးသွားခဲ့တယ်။ သူမဖခင်က နက်နဲတဲ့ ပညာရှိမျက်နှာမျိုးရှိပေမဲ့ နှလုံးသားကတော့ က...
572K 4.8K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
4.7M 400K 43
ဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့