True Star (Myanmar Translatio...

By JuNoXiang

1.4M 140K 4.4K

လတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်... More

Ch.1: ပြန်လည်မွေးဖွားခြင်း
Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း
Ch.3 ကို့ယို့ကားယား အိပ်မက်တစ်ခု
Ch.4 တကယ်ကို ကို့ယို့ကားယား နိုင်တာပဲ
Ch. 5 အပေးအယူအသစ် (Part 1)
Ch. 6 အပေးအယူအသစ် (Part - 2)
Ch.7 Charles ( Part 1 )
Ch.8 Charles (Part 2)
Ch.9 Charles (Part 3)
Ch.10 Lu Tian Chen (Part 1)
Ch.11 Lu Tian Chen (Part 2)
Ch.12 Ge Chen
Ch.13 Gamble
Ch.14 Getting Along
Ch.15
Ch. 16
Ch. 17
Ch.18
Ch. 19
Ch. 20
Ch. 21
Ch. 22
Ch.23 Truly Angelic
Ch. 24 Laying Your Cards
Ch.25 Auditions ( Part 1)
Ch.26 Auditions ( Part 2)
Ch.27 Meeting an " Old Friend "
Ch.28 Kissing Test ( Part 1)
Ch. 29 Kissing Test (Part 2)
Ch.30 Who Would Want To Ride With U ( Part 1)
Ch.31 Who Would Want To Ride With U ( Part 2)
Ch.33 Dream Lover ( Part 1 )
Ch.34 Dream Lover (Part 2)
Ch.35 Not Kindhearted (Part.1)
Ch.36 Not Kindhearted ( Part.2)
Ch.37 Honest Thoughts (Part.1)
Ch.38 Honest Thoughts (Part.2)
Ch.39 Chen Ming Xu
Ch.40 Emotionally Moved
Ch.41 The First Scene (Part.1)
Ch.42 The First Scene (Part.2)
Ch.43 The First Scene (Part.3)
Ch.44 : Hello , President Lu ( Part.1 )
Ch.45 : Hello, President Lu ( Part.2)
Ch.46 : Hello, President Lu ( Part.3)
Ch.47 : Kai's Invitation
Ch.48 : Eat You Up ( Part.1 )
Ch.49 : Eat You Up ( Part.2)
Ch.50 : Eat You Up ( Part.3 )
Ch.51 : Envy ( Part.1 )
Ch.52 : Envy ( Part.2 )
Ch.53 : Checking in at the Lu's House ( Part.1)
Ch.54 : Checking in at the Lu's house ( Part.2 )
Ch.55 : Applying Medicine ( Part.1 )
Ch.56 : Applying Medicine ( Part.2 )
Ch.57 : New Flame
Ch.58 : Going to work with The President
Ch.59: A Table for Four ( Part.1 )
Ch.60 : A Table for Four ( Part.2 )
Ch.61 : Curses and Harsh Words
Ch.62: The Trees Long For Peace , But The Wind Will Never Cease ( Part.1 )
Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )
Ch.64 : True Star Training Class
Ch.65 : Calling a True Star ( Part.1 )
Ch.66 : Calling a True Star ( Part.2 )
Ch.67 : Making Headlines
Ch.68: He and Him in the Dance Studio ( 1 )
Ch.69 : He and Him in the Dance Studio ( 2 )
Ch.70 : The Acting Class's Exam Question
Ch.71 : Dream Lover ( 3 )
Ch.72 : Dream Lover ( 4 )
Ch.73 : Dream Lover ( 5 )
Ch.74 : An Unexpected Choice
Ch.75 : Only the Beginning
Not new chapter....
Ch.76 : Heated discussion
Ch.77 : Music Lesson (Part.1)
Ch.78 : Music Lesson (Part 2)
Ch.79: Falling Off a horse
Ch.80: Smeared Image
Ch.81: Kiss Kiss (Part-1)
Ch:82 Kiss Kiss (Part-2)
Ch.83: Suspicions
Ch.84 : Remember to Line Up (Part-1)
Ch.85: Remember to line up (Part 2+3)
Ch.87: Heading to America
Ch.88 : He Was Back
Ch.89 : I Paid the Bill
Ch.90 : Collaboration
Ch.91 : Chatting over Coffee (1)
Ch.92 : Chatting over Coffee (2)
Ch.93 : Albert (1)

Ch.32 Disaster Of Three

16.6K 1.7K 30
By JuNoXiang

ခင်ဗျားလိုချင်တာက အနမ်းတစ်ခုဆို ၊ အဲ့ဒီ အနမ်းကို ကျွန်တော် ပေးမယ် ။
ကျွန်တော်က ခင်ဗျားကို နမ်းစေချင်တယ် ဆိုရင်လည်း ၊ ရတယ်လေ ။ ကျွန်တော့်ဘက်က နမ်းပေးနိုင်တယ် ။

Tang Feng ဟာ driver ထိုင်ခုံမှာ ထိုင်နေတဲ့ Lu Tian Chen ကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ် ။ Tang Feng ဟာ လက်ချောင်းလေးတွေနဲ့ ကားပြတင်းမှန်ကို သုံးလေးချက်လောက် ခေါက်လိုက်ပြီး ၊ အပြုံးတစ်ခုကို မျက်နှာထက် ဆင်မြန်းကာ....

" နောက်ဆုံးတော့လည်း President Lu က ကျွန်တော့်ကို အနီးကပ် သင်ကြားပေးတော့မှာပါလား ။ ကျွန်တော့်ဘက်က ဝမ်းမြောက်ဝမ်းသာစွာ လက်ခံပေးရမှာပေါ့ ။ အဲ့ဒီတော့ President Lu က ဘယ်လိုလုပ်ချင်လဲ ။ ခုချက်ချင်း နမ်းစေချင်တာလား ၊ ဒါမှမဟုတ် ကျွန်တော်တို့ ညနေစာစားပြီးမှလား ။ "

ဒီလို စကားကို ဆိုရင်းနဲ့ Tang Feng ဟာ Lu Tian Chen ရှိရာဆီ တိုးကပ်လာခဲ့တယ် ။ အနည်းငယ် ရှက်ရွံ့နေမူလေးကိုတောင် သူ့ရဲ့မျက်နှာထက်ဆီမှာ တစိုးတစိမှ မတွေ့မြင်ရဘူး ။

မူလတန်းအရွယ်ကို ကျော်လွန်ပြီးချိန်မှစလို့ Tang Feng ဟာ ရှက်ရွံ့မူ ဆိုတာ ဘာအဓိပ္ပါယ်မှန်း သူ မသိတော့ဘူး ။

ခင်ဗျားလည်း ယောကျာ်း ၊ ကျွန်တော်လည်း ယောကျာ်းပဲ ။ ခင်ဗျားက ကျွန်တော့်ကို နမ်းဖို့ကြိုးစားမှတော့ ၊ ကျွန်တော့်ဘက်က ဘာလို့ ပြန်မနမ်းနိုင်ရမှာလဲ ။ ခင်ဗျားရဲ့ အတွင်းစိတ်က ပုတ်သိုးနေရင်တောင် ၊ ပြင်ပရုပ်ရည်က ကြည့်ကောင်းနေသေးတယ်လေ ။ ဒီလို ငယ်ရွယ်ပြီး ချောမောတဲ့ လူတစ်ယောက်ဆီကနေ အနမ်းတစ်ခုတင်မကဘူး ၊ ညနေစာစားဖို့တောင် ဖိတ်ကြားသေးတယ်ဆိုတော့ ၊ ခင်ဗျားက ဘယ်လောက်တောင် သဘောကောင်းလိုက်သလဲ ။ ညနေစာကို ဖိတ်ယုံမဟုတ်သေးဘူး ၊ ကျသမျှအကုန် ခင်ဗျားပဲ အကုန်ရှင်းရဦးမယ်ဆိုတော့လည်း အားနာနာနဲ့ ကျေးဇူးတင်ရမှာပဲ ။

အကယ်လို့များ Lu Tian Chen တစ်ယောက် Tang Feng စိတ်ထဲ တွေးတောနေတာကို ကြားနိုင်လို့ကတော့ နေရာတင် ဒေါသစိတ်ကြောင့် သွေးပွက်ပွက်အန်ပြီး သေသွားလောက်တယ် ။

Lu Tian Chen ကတော့ Tang Feng ဘက်က ဒီလို လွယ်လွယ်ကူကူပဲ လိုက်လျောလိုက်မယ်လို့ မမျှော်လင့်ထားဘူး ။ မနှစ်မြို့တဲ့ ခံစားချက်တစ်ခု သူ့ရဲ့မျက်ဝန်းထဲ ထင်ဟပ်သွားတယ် ။ ဒါပေမယ့် အဲ့ဒီ အကြည့်ဟာ ကြယ်ကြွေလိုက်သလို ၊ စက္ကန့်ပိုင်း အတွင်း ကွယ်ပျောက်သွားတယ် ။

" ဘယ်လို သဘောရလဲ.....President Lu ? "

ခင်ဗျားက ကျွန်တော့် ပုခုံးပေါ် လက်လာတင်ရင် ၊ ကျွန်တော်လည်း ခင်ဗျား ပုခုံးကို ပြန်တင်ရမယ် ။

Tang Feng ဟာ ပြုံးပြုံးလေးနဲ့ Lu Tian Chen ရဲ့ ပုခုံးထက် လက်နှစ်ဖက်ကို တင်ထားလိုက်တယ် ။ သူ့ရဲ့ မျက်ဝန်းထဲမှာ အရှေ့မှာ ထိုင်နေတဲ့ လူရဲ့ တင်းမာခက်ထန်တဲ့ ပုံရိပ် ထင်ဟပ်နေလေတယ် ။

" ငါ မင်းကို အပျော်အပျက် ပြောလိုက်တာပါ ။ "

ပါးစပ်ကသာ အခုလို ပြောလိုက်ပေမယ့် ၊ ဒါဟာ ဟာသတစ်ခုလို ပြောခဲ့တာမဟုတ်ဘူးဆိုတာ Lu Tian Chen ရဲ့ မျက်နှာအမူအယာမှာ ပေါ်လွင်နေတယ် ။ ဒီစကားပြောပြီးနောက် သူဟာ Tang Feng ကို ကိုင်ထားတဲ့ လက်တွေကို ပြန်ရုပ်သိမ်းလိုက်ပြီး ၊ ကားတံခါးလော့ခ်ကို ဖွင့်ပေးလိုက်တယ် ။

Lu Tian Chen ရဲ့စိတ်ကို မချင့်မရဲ ဖြစ်အောင် လုပ်နိုင်ခဲ့လို့ Tang Feng တော်တော်လေးကို ကျေနပ်သွားတယ် ။ ဒီလောက်ဆို Lu Tian Chen မှတ်လောက်သားလောက် ဖြစ်သွားပြီ ။ Tang Feng ကားထဲကနေ ပြုံးပြုံးရွှင်ရွှင် ထွက်လာခဲ့တယ် ။ Lu Tian Chen ဘက်က သူ့ကို နမ်းချင်စိတ် ရှိနေသေးလားလို့ ထပ်ပြီး မေးမနေတော့ဘူး ။

လူတိုင်းလူတိုင်းမှာ ကိုယ့်ကိုယ့်ကိုယ် တန်ဖိုးထား သိမ်းဆည်းထားတဲ့ ဂုဏ်သိက္ခာ ဆိုတာရှိတယ် ။ Tang Feng ဟာ Lu Tian Chen တစ်ယောက် သူ့စကားနဲ့သူ ပြန်ခြေချုပ်မိသွားတဲ့ အဖြစ်ကို ကျေနပ်မဆုံး ဖြစ်နေတယ် ။

...........

စားသောက်ဆိုင်ရဲ့ အတွင်းပိုင်း ပြင်ဆင်ထားမူဟာ အင်မတန်ပဲ ကောင်းမွန်လွန်းလှတယ် ။ ခေတ်ဟောင်းအငွေ့အသက်ကို အပြည့်အဝ ရရှိ ခံစားမိစေတယ် ။ ဆိုင်တွင်း ပြင်ဆင်ထားတဲ့ ရှေးဟောင်း အသုံးအဆောင် ပစ္စည်းတွေကို မြင်တွေ့ယုံနဲ့တင် ၊ ဒီဆိုင်က အစားအသောက်တွေဟာ တော်တန်ယုံ စျေးနူန်း မဟုတ်ဘူးဆိုတာ ခန့်မှန်းမိနိုင်တယ် ။ ရုပ်ရည်ချောမောလှတဲ့ စားပွဲထိုး မိန်းမလှလေးတွေဟာ cheongsam ဝတ်စုံကို ( ပိုင်ဟွေ့အကျီပုံစံ ) လှပသိမ်မွေ့စွာ ဆင်ယင်ထားကြပြီး ၊ သူတို့နှစ်ယောက်ကို အခန်းတစ်ခုဆီ ခေါ်ဆောင်သွားကြတယ် ။ ကြည့်ရတာ Lu Tian Chen ဟာ ကြိုတင် booking လုပ်ထားနှင့်တယ် ထင်တယ် ။

အခန်းတံခါးဝထက်မှာတော့ " Leisure Room " ဆိုတဲ့ ဆိုင်းပုဒ်ကို ချိတ်ဆွဲထားလေတယ် ။

တံခါးရဲ့နောက်မှာတော့ အလင်းရောင်ဝင်ဖို့ ခေါင်မိုးထက်မှာ အပေါက်လေးတွေ အများအပြားရှိနေတဲ့ သေးငယ်တဲ့ ခြံဝန်းငယ်လေးတစ်ခု ရှိနေလေတယ် ။ တင့်တယ်ကျော့ရှင်းလှတဲ့ လူလုပ် ပန်းပင်တွေနဲ့ သစ်ပင်ငယ်လေးတွေပါ ထည့်သွင်း ဆင်ယင်ထားတယ် ။ တံတားငယ်လေး တစ်ခုရယ် ၊ စမ်းချောင်းလေးရယ်ပါ ရှိနေလေတော့ တိတ်ဆိတ်အေးချမ်းလှတဲ့ အရသာကို ရရှိစေတယ် ။ ခြံဝင်းငယ်လေးပုံစံဟာ ရုပ်ရှင်ရုံ အသေးစားတစ်ခုလိုပဲ ။ အလယ်နေရာမှာ စားပွဲတစ်လုံး တည်ရှိပြီး ၊ ဘေးပတ်လည်မှာ ဝါးနဲ့ပြုလုပ်ထားတဲ့ ထိုင်ခုံလေးတွေ ဝန်းရံစီချယ်ထားလေတယ် ။ ထိုင်ခုံတစ်ခုံထက်မှာတော့ လူတစ်ယောက်ဟာ ကြိုတင်နေရာယူထားနေလေတယ် ။

Charles ဟာ ခြေနှစ်ဖက်ကို ချိတ်ထိုင်ထားကာ ၊ လက်ဖက်ရည်တည်ခင်းပွဲ အရသာကို ခံစားနေလေတယ် ။ Tang Feng နဲ့ Lu Tian Chen ရောက်လာတာကို မြင်တော့ ၊ လက်ဖက်ရည်တည်ခင်းပေးနေတဲ့ မိန်းမပျိုလေးကို နောက်ဆုတ်ခိုင်းလိုက်တယ် ။

အခုတော့ Tang Feng သဘောပေါက်သွားပြီ ။ Lu Tian Chen က သူ့ကို ညနေစာ အတူစားဖို့ ဖိတ်ခဲ့တာ မဟုတ်ဘဲ ၊ Charles က အကူအညီတောင်းထားလို့ သူ့ကို ဒီနေရာကို ခေါ်ဆောင်လာခဲ့တယ် ဆိုတာကိုပေါ့ ။

Charles ဟာ သူ့ရဲ့စိတ်ကို ကျေနပ်နှစ်သိမ့်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့ ချစ်သူတစ်ယောက်ဆိုတာ အသိအမှတ်ပြုလို့ Tang Feng ဟာ Charles ကို အပြုံးလေးနဲ့ နူတ်ခွန်းဆက်လိုက်တယ် ။ Lu Tian Chen ဟာ Charles နဲ့ မျက်နှာခြင်းဆိုင် နေရာမှာ ဝင်ထိုင်နေလိုက်ပြီး ၊ သူကတော့ Charles ရဲ့ ဘေးနားမှာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် လိုပဲ ဝင်ထိုင်လိုက်တယ် ။

သေးငယ်လှတဲ့ လေးထောင့် စားပွဲခုံထက်မှာဆိုရင်တော့ ၊ Charles ဟာ Tang Feng ရဲ့ ညာဘက်ဘေးမှာ ထိုင်နေပြီး ၊ Lu Tian Chen ဟာတော့ မျက်နှာခြင်းဆိုင် နေရာမှာ ရှိနေတယ် ။ သူတို့သုံးယောက်ရဲ့ အကြားမှာတော့ လှပတဲ့ မိန်းမပျိုလေးဟာ လက်ရည်ပွဲကို တည်ခင်းပြင်ဆင်ပေးနေလေတယ် ။

Charles လက်ယမ်းပြလိုက်တော့ မိန်းမပျိုလေးဟာ နောက်ကို အသာအယာဆုတ်သွားတယ် ။ အဲ့နောက် သူတို့အတွက် အစားအသောက်တွေ ယူဆောင်လာပေးဖို့ မှာကြားလိုက်တယ် ။

" Darling.... ဒီနေ့ လူရွေးပွဲက အခြေအနေဘယ်လိုလဲ ? "

Charles ဟာ ပေါ့ပေါ့ပါးပါးပဲ မေးမြန်းလိုက်တယ် ။ ဘယ်လိုလူမဆို Charles မျက်နှာ အမူအရာကို ကြည့်လိုက်တာနဲ့ ရင်ထဲက တကယ်ဂရုစိုက်ပြီး သိချင်လို့ မေးတာ မဟုတ်ဘူးဆိုတာ ပြောနိုင်လေတယ် ။

" အဆင်ပြေပါတယ် ။ "

Tang Feng ဘက်ကလည်းပဲ စားသောက်နေတဲ့ အချိန်မှာ အလုပ်အကြောင်း ပြောဆိုရတာ စိတ်မဝင်စားဘူး ။ ဒီလိုနေရာမှာတော့ သူနဲ့ Charles စိတ်သဘောထားချင်း တိုက်ဆိုင်တယ် ။ တစ်ဖက်သား လုပ်ကိုင်တဲ့ အလုပ်အပေါ် တကယ်ကိုပဲ စိတ်ဝင်တစားရှိတယ်ဆိုတဲ့ လူမျိုးဟာ သိပ်များများစားစား မရှိဘူးလေ ။

စိတ်ထဲမပါတဲ့ စကားတွေ ဘာလိုများ ပြောဆိုနေရအုံးမှာလဲ ....

Lu Tian Chen ရဲ့ ရှေ့မှောက်မှာပဲ Charles ဟာ ပြုံးရယ်ပြီး ပြောတယ် ။

" ငါ့ရဲ့ စိတ်ထဲက အလိုတိုင်းဆိုရင် မင်းက Ge Chen ထက်ပိုပြီးတော့ ပိတ်ကားပြင်ကျယ်ကြီးနဲ့ ပိုသင့်တော်တယ် ။ မင်းမျက်နှာလေးကိုသာ ပိတ်ကားပေါ်မှာ အကျယ်ချဲ့ပြီး ပြလိုက်လို့ကတော့ ကြည့်လိုက်တဲ့လူတွေအကုန် ရူးသွပ်သွားကြမှာပဲ ။ "

Tang Feng ဟာ လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ၊ ခပ်အေးအေးပဲ အဖြေပြန်ပေးတယ် ။

" ဒီလောကထဲမှာ ရုပ်ချောတဲ့သူတွေဆိုတာ အများကြီးပဲ ။ သူတို့မျက်နှာကို အဆတစ်ရာမက ပုံကြီးချဲ့ပြီး ပိတ်ကားပေါ်ပြရင်လည်း ရုပ်ချောတာထက် ဘာမှ ပိုမထူးဆန်းသွားဘူး ။ "

" Charles... မင်းလို လူမျိုးတစ်ယောက်က ဒီလို ရုပ်ချောတာလေး တစ်ခုတည်းနဲ့ Tang Feng ဆီမှာ ပျော်ဝင်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး ။ "

Lu Tian Chen ဆီကနေ ရှားရှားပါးပါး ချီးမွမ်းစကား တစ်ခွန်း Tang Feng ရရှိလိုက်တယ် ။

ဒီလူနှစ်ယောက် ပြောဆိုနေတဲ့ စကားလုံးတွေကြား ဖြစ်ပေါ်လာတဲ့ ထူးဆန်းတဲ့ အခြေအနေကြားမှာ Tang Feng နေရထိုင်ရတာ သိပ်အဆင်မပြေချင်ဘူး ။ တစ်ဖက်လူ နှစ်ယောက်ဟာလည်း လိမ္မာပါးနပ်တဲ့ သူတွေ ဖြစ်လေကျတော့ ၊ အချိန်ခဏအတွင်းမှာပဲ ပြောနေကြတဲ့ စကားတွေဟာ ခေါင်းစဉ် ပြောင်းသွားကြလေတယ် ။ သူနဲ့ မသက်ဆိုင်ပေမယ့်လည်း အဲ့လို ပြောင်းလဲသွားတဲ့ စကားခေါင်းစဉ်တွေအပေါ် Tang Feng စိတ်ထဲမှာ မနှစ်မြို့ဘူး ။

လက်နက်တွေ....မှောင်ခိုကုန်ကူးတာတွေ....ငွေကြေးခဝါချတာတွေ.......ဘာတွေပြောဆိုနေကြမှန်း သူ လုံးဝ မကြားမိဘူး ။ ( T.S note... မကြားချင်ယောင်ဆောင်နေလိုက်တယ်လို့ ဆိုလိုချင်တာ ။ )

စားသောက်ဖွယ်ရာတွေ အပေါ်မှာပဲ သူ့အာရုံကို အပြည့်နှစ်မြုတ်လိုက်တယ် ။ မဆိုးပါဘူး ။ စားရသောက်ရတာ တော်တော်လေး အရသာရှိတယ် ။

........................................................................

To be continued... Ch.33 Dream Lover ( Part 1 )

Continue Reading

You'll Also Like

203K 6K 70
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
239K 39K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .