True Star (Myanmar Translatio...

Door JuNoXiang

1.4M 140K 4.4K

လတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်... Meer

Ch.1: ပြန်လည်မွေးဖွားခြင်း
Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း
Ch.3 ကို့ယို့ကားယား အိပ်မက်တစ်ခု
Ch.4 တကယ်ကို ကို့ယို့ကားယား နိုင်တာပဲ
Ch. 5 အပေးအယူအသစ် (Part 1)
Ch. 6 အပေးအယူအသစ် (Part - 2)
Ch.7 Charles ( Part 1 )
Ch.8 Charles (Part 2)
Ch.9 Charles (Part 3)
Ch.10 Lu Tian Chen (Part 1)
Ch.11 Lu Tian Chen (Part 2)
Ch.12 Ge Chen
Ch.13 Gamble
Ch.14 Getting Along
Ch.15
Ch. 16
Ch. 17
Ch.18
Ch. 19
Ch. 20
Ch. 22
Ch.23 Truly Angelic
Ch. 24 Laying Your Cards
Ch.25 Auditions ( Part 1)
Ch.26 Auditions ( Part 2)
Ch.27 Meeting an " Old Friend "
Ch.28 Kissing Test ( Part 1)
Ch. 29 Kissing Test (Part 2)
Ch.30 Who Would Want To Ride With U ( Part 1)
Ch.31 Who Would Want To Ride With U ( Part 2)
Ch.32 Disaster Of Three
Ch.33 Dream Lover ( Part 1 )
Ch.34 Dream Lover (Part 2)
Ch.35 Not Kindhearted (Part.1)
Ch.36 Not Kindhearted ( Part.2)
Ch.37 Honest Thoughts (Part.1)
Ch.38 Honest Thoughts (Part.2)
Ch.39 Chen Ming Xu
Ch.40 Emotionally Moved
Ch.41 The First Scene (Part.1)
Ch.42 The First Scene (Part.2)
Ch.43 The First Scene (Part.3)
Ch.44 : Hello , President Lu ( Part.1 )
Ch.45 : Hello, President Lu ( Part.2)
Ch.46 : Hello, President Lu ( Part.3)
Ch.47 : Kai's Invitation
Ch.48 : Eat You Up ( Part.1 )
Ch.49 : Eat You Up ( Part.2)
Ch.50 : Eat You Up ( Part.3 )
Ch.51 : Envy ( Part.1 )
Ch.52 : Envy ( Part.2 )
Ch.53 : Checking in at the Lu's House ( Part.1)
Ch.54 : Checking in at the Lu's house ( Part.2 )
Ch.55 : Applying Medicine ( Part.1 )
Ch.56 : Applying Medicine ( Part.2 )
Ch.57 : New Flame
Ch.58 : Going to work with The President
Ch.59: A Table for Four ( Part.1 )
Ch.60 : A Table for Four ( Part.2 )
Ch.61 : Curses and Harsh Words
Ch.62: The Trees Long For Peace , But The Wind Will Never Cease ( Part.1 )
Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )
Ch.64 : True Star Training Class
Ch.65 : Calling a True Star ( Part.1 )
Ch.66 : Calling a True Star ( Part.2 )
Ch.67 : Making Headlines
Ch.68: He and Him in the Dance Studio ( 1 )
Ch.69 : He and Him in the Dance Studio ( 2 )
Ch.70 : The Acting Class's Exam Question
Ch.71 : Dream Lover ( 3 )
Ch.72 : Dream Lover ( 4 )
Ch.73 : Dream Lover ( 5 )
Ch.74 : An Unexpected Choice
Ch.75 : Only the Beginning
Not new chapter....
Ch.76 : Heated discussion
Ch.77 : Music Lesson (Part.1)
Ch.78 : Music Lesson (Part 2)
Ch.79: Falling Off a horse
Ch.80: Smeared Image
Ch.81: Kiss Kiss (Part-1)
Ch:82 Kiss Kiss (Part-2)
Ch.83: Suspicions
Ch.84 : Remember to Line Up (Part-1)
Ch.85: Remember to line up (Part 2+3)
Ch.87: Heading to America
Ch.88 : He Was Back
Ch.89 : I Paid the Bill
Ch.90 : Collaboration
Ch.91 : Chatting over Coffee (1)
Ch.92 : Chatting over Coffee (2)
Ch.93 : Albert (1)

Ch. 21

15.1K 1.7K 6
Door JuNoXiang

စစ်တုရင် ကစားနည်းမှာ နယ်ရုပ်က သင့် ဘုရင်ကို စားဖို့ ကြိုးစားရင် ၊ စစ်သူကြီးနဲ့ ကာကွယ်လို့ရတယ် ။ ရေကြီးပြီးတဲ့နောက်မှာ အဖိုးတန်တဲ့ မြေဆီမြေနှစ်တွေ ကျန်ရစ်လာမှာပဲ ။ ( ပြသနာတိုင်းအတွက် ရှောင်လွဲနိုင်စရာ နည်းတစ်ခုခု ရှိနေတက်ပြီး ၊ အခက်အခဲတိုင်းရဲ့ နောက်ကွယ်မှာ အောင်မြင်ခြင်းရှိနေတက်တဲ့ သဘောကို ပြောချင်တာပါ ) သူ့လို အသက်၃ရကျော် ရှိနေပြီဖြစ်တဲ့ သက်လက်ပိုင်းတစ်ယောက်ဟာ ၊ အသက်နှစ်ဆယ်ကျော် လူရွယ်တစ်ယောက်ကို ကြောက်ရွံ့နေစရာလား ။

Lu Tian Chen ဘက်က တွဲကဖို့ရာ လိုလိုလားလား ကမ်းလှမ်းနေမှတော့ Tang Feng ဘက်ကလည်း တွန့်ဆုတ်မနေဘဲ ကမ်းလှမ်းချက်ကို လက်သင့်ခံလိုက်တယ် ။

Lu Tian Chen ရဲ့ လက်တစ်ဖက်ဟာ သူ့ရဲ့ ခါးထက်နားကို ဆွဲဖက်ယူလိုက်တယ် ။ ဒီပုံအတိုင်းဆို Lu Tian Chen က အမျိုးသမီးနေရာကနေ ကဖို့ စိတ်ကူးမရှိဘူးထင်တယ် ။ Tang Feng တစ်ချက် ပြုံးလိုက်တယ် ။ သူ့ရဲ့ နက်မှောင်လှတဲ့ မျက်ဝန်းထဲမှာ အရှေ့က အေးစက်စက်ပုဂ္ဂိုလ်ရဲ့ ရောင်ပြန်ပုံရိပ် ထင်ဟပ်နေတယ် ။

" ကျွန်တော် အမျိုးသမီးနေရာကနေ ကမှာ မဟုတ်ဘူးနော် ။ "

" ငါက မင်း Tango အကြောင်း နားမလည်လောက်ဘူး ထင်နေတာ ။ "

အရှေ့ဘက်ဆီ ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်ကာ ၊ ရုတ်တရက်ဆိုသလို သူ့ရဲ့ခါးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ် ။  နှစ်ဦးစလုံးရဲ့ ရင်ဘတ်အစုံဟာ အရမ်းကို နီးကပ်နေလွန်းလို့ နှလုံးခုန်သံကိုတောင် အချင်းချင်း ပြန်ကြားနိုင်တယ် ။ Lu Tian Chen ရဲ့ အပြုအမူတွေဟာ အထက်စီးဆန်နေတယ်ဆိုပေမယ့် သူ ရှောင်လွဲဖို့ရာ မဖြစ်နိုင်ဘူး ။

လက်ရှိအခြေအနေဟာ Tang Feng အတွက် စာမေးပွဲ တစ်ခုကို ဖြေဆိုနေရသလိုမျိုးပဲ ။

သီချင်းသံ ညင်သာစွာ လွင့်ပျံလာတာနဲ့အတူ သူတို့ရဲ့ ခြေအစုံဟာလည်း စတင်လူပ်ရှားလာခဲ့တယ် ။

အမျိုးသမီးဘက်က ကရတဲ့ အကကို Tang Feng မသိတာတော့ မဟုတ်ဘူး ။ တမင်ကို အဲ့ဒီလိုမျိုး မကချင်တာ ။ အဲ့ဒီလိုဆိုပေမယ့် Lu Tian Chen ဘက်က ကလို့ အဆင်မပြေအောင် အနှောက်အယှက်ပေးချင်တာမျိုးလည်း မဟုတ်ခဲ့ဘူး ။

" ကျွန်တော့် အကြောင်းကို အခုထိ သေချာ နားမလည်သေးဘူး ထင်တယ် ။ President Lu "

ခပ်ဖွဖွလေး ပြုံးလိုက်ပြီး Tang Feng ဟာ Lu Tian Chen ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တယ် ။ Lu Tian Chen ရဲ့ စိတ်မသက်သာဖြစ်သွားတဲ့ အမူအယာကို သူ့မျက်ဝန်းတွေက တဆင့် Tang Feng ကောင်းကောင်းကြီး မြင်လိုက်ရတယ် ။

ဂီတသံဟာ မမြင်တွေ့နိုင်တဲ့ နွယ်လက်တံတွေလို့ သူတို့ရဲ့ ခြေအစုံအကြား ဖြတ်ပြေးနေတယ် ။ အကကို အစပြုလိုက်တဲ့ အချိန်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ အနေအထား ရုတ်ခြင်း ပြောင်းလဲသွားတော့တယ် ။ ရင်သပ်ရူမောဖွယ်ရာ တင့်တင်ပေမယ့် အရမ်းပဲ အင်အားပြင်းထန်လွန်းလှတယ် ။ ဒီလို အခြင်းအရာကို ခန့်ညားတဲ့ အမျိုးသားနှစ်ယောက် အခုလို ယှဉ်တွဲ ကနေတဲ့ Tango အကမှာပဲ မြင်တွေ့နိုင်တယ် ။ ခြေလှမ်းတိုင်း လူပ်ရှားမူတိုင်းရဲ့ နောက်ကွယ်မှာ မမြင်နိုင်ပေမယ့် ခံစားလို့ရတဲ့ အားကောင်းလှတဲ့ စွမ်းအားတွေ သိုဝှက်ထားတယ် ။ ကြိုးဝိုင်းထက်မှာ တစ်ယောက်နဲ့တစ်ယောက် အလစ်မပေးတမ်း ချောင်းမြောင်းနေကြသလိုမျိုးပဲ ။

" Ohh.. အခုအခြေအတိုင်းဆိုရင်... မင်းအကြောင်းကို ငါတကယ်ကို သေချာနားမလည်သေးတာပဲ ။ "

မျက်ဝန်းကို မှေးစင်းပြီး Lu Tian Chen ဟာ Tang Feng ကို အေးစက်တဲ့ အကြည့်နဲ့ စိုက်ကြည့်တယ် ။ တစ်ဖက်သားရဲ့ အတွင်းစိတ်ကို လှမ်းဖတ်ကြည့်ဖို့ ကြိုးစားပေမယ့်လည်း ၊ တစ်ဖက်ကလူရဲ့ စိတ်က ကန်ရေပြင်လို့ ငြိမ်သက်တိတ်ဆိတ်နေတာကိုပဲ တွေ့လိုက်ရတယ် ။

ရင်ဘတ်ချင်း ကပ်လုနီးပါး နီးနီးကပ်ကပ် အတူယှဉ်ရပ်နေကြပေမယ့် သူတို့အနေအထားဟာ ဓားသမားနှစ်ယောက် ဓားရေးယှဉ်ပြိုင်နေသလိုပဲ ။ အခြေအနေဟာ မီးနဲ့ရေကို ယှဉ်တွဲထားသလို ဆန့်ကျင်ဘက်တွေ ဖြစ်နေပေမယ့် နှစ်ယောက်သားဟာ တစ်ဖက်နဲ့တစ်ဖက် စမ်းသပ်ဖို့ ကြိုးပမ်းနေကြတယ် ။

" ဘယ်အရာမဆို လုံလောက်တဲ့ အကွာအဝေး အတွင်းမှာပဲ ရှိနေသင့်တယ်လို့ မထင်ဘူးလား ။ နီးလွန်းရင်လည်း မကောင်းသလို ၊ သိပ်ဝေးလွန်းရင်လည်း မကောင်းဘူး ။ "

Tang Feng ရဲ့ နူတ်ခမ်းဟာ အနမ်းငယ် ကွေးညွတ်သွားတယ် ။ Lu Tian Chan ဆိုတာ သူနဲ့ စိတ်ဓာတ်ဆင်ရေး လုပ်နိုင်ဖို့ရာ အရမ်းသမ္ဘာနုနေသေးတယ် ။ ဆယ်စုနှစ်နဲ့ချီပြီး နှလုံးရောဂါ ခံစားရခဲ့ရပြီးနောက် သူ့နှလုံးသားဟာ သံမဏိလိုမာကျောသွားခဲ့ပြီ ။ ဘယ်လို ကိစ္စကြုံလာလာ စိတ်ကို ငြိမ်အောင်ထားတက်တာဟာ သူ့အတွက် အကျင့်တစ်ခုလို ဖြစ်သွားခဲ့ပြီ ။

" ငါ့ နားနဲ့ ဆက်ဆက် ကြားလိုက်ရတာ မဟုတ်လို့ဆိုရင် ဒီစကားဟာ မင်းပါးစပ်က ထွက်လာတာလို့ လုံးဝယုံနိုင်မှာ မဟုတ်ဘူး ။ "

ဒါက သူ့ကို ချီးကျူးလိုက်တာလား ။ နားထောင်ရတာတော့ လှောင်ပြောင်နေတာနဲ့ ပိုတူနေတယ် ။

Tang Feng ဟာ Lu Tian Chen ရဲ့ မှတ်ချက်ကို တိတ်ဆိတ်စွာ လက်ခံလိုက်တယ် ။ Lu Tian Chen သူ့ကို မနှစ်မျို့ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း တဲ့ပြောချလိုက်လို့ရတယ် ။ အခုလို ခနိုးခနဲ့ ပြောဆိုနေရတာ မပင်ပန်းဘူးလား မသိဘူး ။ သူ့မှာသာ Lu Tian Chen လိုမျိုး အဆင့်အတန်းနဲ့ နောက်ခံအင်အားတောင့်တင်းနေလို့ကတော့ ဘာကိုမှ ဂရုမစိုက်ပဲ ခပ်ချေချေ နေလိုက်မယ် ။ သူမဟုတ်တဲ့ တခြားသာမန် လူတစ်ယောက်ကို Lu Tian Chen အခုလိုမျိုး ပဟေဠိဆန်ဆန် စကားမျိုး ပြောလို့ကတော့ ၊ အဲ့ဒီလူ အဖြေပြန်မပေးခင် Lu Tian Chen ရဲ့ စကားအဓိပ္ပါယ်ကို အဖြေထုတ်ဖို့ ဝှက်စာသော့ အရင်သွားရှာဖို့ လိုအပ်လိမ့်မယ် ။

" အဲဒီစကားကို ကျွန်တော် သရဲဝင်ပူးပြီး ပြောလိုက်တာလို့ ခင်ဗျားထင်ချင် ထင်လိုက်လို့ရတယ် ။ "

Tang Feng ရယ်မောနေလိုက်တယ် ။

အံ့သြမူကြောင့် Lu Tian Chen ခေတ္တခဏ ဆွံ့အသွားတယ် ။ Tang Feng ဟာ သူ့ကို အခုလိုမျိုး အရွှန်းပြန်ဖောက်လိုက်မယ်လို့ မျှော်လင့်မထားမိခဲ့ဘူး ။ အခုလို ပြောဆိုပုံတွေနဲ့ အမူအကျင့် စရိုက်တွေဟာ အရင် သူသိခဲ့တဲ့ Tang Feng နဲ့ လုံးဝ တခြားစီပဲ ။

အဲ့ဒီအချိန်မှာပဲ တေးဂီတသံဟာ ရပ်တန့်သွားတယ် ။

Tang Feng ဟာ Lu Tian Chen ရဲ့ လက်ကို လွှတ်ပေးလိုက်ပေမယ့် ၊ တစ်ဖက်က အမျိုးသားဟာ သူ့ရဲ့ခါးကို ခပ်တင်းတင်း ဆွဲဖက်ထားတုန်းပဲ ။

" President Lu... ကျွန်တော့ကို နမ်းဖို့ စိတ်ကူးနေတာ မဟုတ်ဘူးဆိုရင် အခု လွှတ်ပေးလို့ ရပါပြီ ။ "

မြူဆွယ်ဖျားယောင်တဲ့ အရိပ်အယောင်ကို Tang Feng ရဲ့ မျက်ဝန်းထဲမှာ မြင်နိုင်တယ် ။ ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်ပြီး အရှေ့မှာရှိနေတဲ့ အမျိုးသားရဲ့ နားအနား ခပ်တိုးတိုးလေး ပြောလိုက်တယ် ။

Lu Tian Chen ဟာ Tang Feng ကို စူူးစူးစိုက်စိုက် တစ်ချက်ပြန်ကြည့်ပြီး ၊ စိတ်မပါတဲ့ အမူအယာနဲ့ လက်လွှတ်ပေးလိုက်တယ် ။

Ahh.. ဒီလူကို ကြည့်စမ်းပါဦး ။ သူပိုင်တဲ့ လက်အောက်ငယ်သားက ဒီလောက် စိတ်အနှောက်ယှက်ပေးနေတာတောင် ဘာမှမဖြစ်သလို ရေခဲတုံးပုံစံနဲ့ နေနိုင်သေးတယ် ။

အဲ့ဒီအချိန်မှာပဲ Charles ဟာ သူတို့နံဘေးကို ရောက်လာခဲ့တယ် ။ ဒီ သိုးရေခြုံထားတဲ့ ဝံပုလွေဟာ Tang Feng ကို သူ့ဘေးဆွဲခေါ်သွားတယ် ။

" Hey.....မင်းတို့နှစ်ယောက် အပြန်အလှန် အချစ်မြားတွေ ပစ်ချင်ကြတယ်ဆိုရင် ငါ့ရှေ့မှာတော့ မလုပ်ကြနဲ့ကွာ ။ ဟုတ်လား ။ မင်းတို့အချင်းချင်း အဲ့ဒီလောက်စိုက်ကြည့်နေကြရင် ကြာရင် မျက်လုံးထဲကနေ မီးတွေထွက်လာတော့မယ် ။ "

" ရေနည်းနည်း ငတ်လာသလိုပဲ ။ ကျွန်တော်တို့ တစ်ခုခု သွားသောက်ကြရအောင်လား ။ "

Tang Feng ဟာ Charles နဲ့ မျက်နှာချင်းဆိုင်ပြီး ပြောလိုက်တယ် ။ သောက်ကြမယ်ဆိုတဲ့ အသံကြားလိုက်ရတာနဲ့ Charles တစ်ယောက် တက်ကြွတဲ့ ကြက်ဖကြီး ဖြစ်သွားတယ် ။ နှစ်ဦးသား ပခုံးချင်းယှဉ်ပြီး ကပွဲကြမ်းပြင်ထက်ကနေ ထွက်ခွာသွားခဲ့တယ် ။

                     .............................

Ga verder met lezen

Dit interesseert je vast

2.5M 179K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...
2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
400K 38.6K 118
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
266K 25.4K 76
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...