True Star (Myanmar Translatio...

By JuNoXiang

1.4M 140K 4.4K

လတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်... More

Ch.1: ပြန်လည်မွေးဖွားခြင်း
Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း
Ch.3 ကို့ယို့ကားယား အိပ်မက်တစ်ခု
Ch.4 တကယ်ကို ကို့ယို့ကားယား နိုင်တာပဲ
Ch. 5 အပေးအယူအသစ် (Part 1)
Ch. 6 အပေးအယူအသစ် (Part - 2)
Ch.7 Charles ( Part 1 )
Ch.8 Charles (Part 2)
Ch.9 Charles (Part 3)
Ch.10 Lu Tian Chen (Part 1)
Ch.11 Lu Tian Chen (Part 2)
Ch.12 Ge Chen
Ch.13 Gamble
Ch.14 Getting Along
Ch.15
Ch. 17
Ch.18
Ch. 19
Ch. 20
Ch. 21
Ch. 22
Ch.23 Truly Angelic
Ch. 24 Laying Your Cards
Ch.25 Auditions ( Part 1)
Ch.26 Auditions ( Part 2)
Ch.27 Meeting an " Old Friend "
Ch.28 Kissing Test ( Part 1)
Ch. 29 Kissing Test (Part 2)
Ch.30 Who Would Want To Ride With U ( Part 1)
Ch.31 Who Would Want To Ride With U ( Part 2)
Ch.32 Disaster Of Three
Ch.33 Dream Lover ( Part 1 )
Ch.34 Dream Lover (Part 2)
Ch.35 Not Kindhearted (Part.1)
Ch.36 Not Kindhearted ( Part.2)
Ch.37 Honest Thoughts (Part.1)
Ch.38 Honest Thoughts (Part.2)
Ch.39 Chen Ming Xu
Ch.40 Emotionally Moved
Ch.41 The First Scene (Part.1)
Ch.42 The First Scene (Part.2)
Ch.43 The First Scene (Part.3)
Ch.44 : Hello , President Lu ( Part.1 )
Ch.45 : Hello, President Lu ( Part.2)
Ch.46 : Hello, President Lu ( Part.3)
Ch.47 : Kai's Invitation
Ch.48 : Eat You Up ( Part.1 )
Ch.49 : Eat You Up ( Part.2)
Ch.50 : Eat You Up ( Part.3 )
Ch.51 : Envy ( Part.1 )
Ch.52 : Envy ( Part.2 )
Ch.53 : Checking in at the Lu's House ( Part.1)
Ch.54 : Checking in at the Lu's house ( Part.2 )
Ch.55 : Applying Medicine ( Part.1 )
Ch.56 : Applying Medicine ( Part.2 )
Ch.57 : New Flame
Ch.58 : Going to work with The President
Ch.59: A Table for Four ( Part.1 )
Ch.60 : A Table for Four ( Part.2 )
Ch.61 : Curses and Harsh Words
Ch.62: The Trees Long For Peace , But The Wind Will Never Cease ( Part.1 )
Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )
Ch.64 : True Star Training Class
Ch.65 : Calling a True Star ( Part.1 )
Ch.66 : Calling a True Star ( Part.2 )
Ch.67 : Making Headlines
Ch.68: He and Him in the Dance Studio ( 1 )
Ch.69 : He and Him in the Dance Studio ( 2 )
Ch.70 : The Acting Class's Exam Question
Ch.71 : Dream Lover ( 3 )
Ch.72 : Dream Lover ( 4 )
Ch.73 : Dream Lover ( 5 )
Ch.74 : An Unexpected Choice
Ch.75 : Only the Beginning
Not new chapter....
Ch.76 : Heated discussion
Ch.77 : Music Lesson (Part.1)
Ch.78 : Music Lesson (Part 2)
Ch.79: Falling Off a horse
Ch.80: Smeared Image
Ch.81: Kiss Kiss (Part-1)
Ch:82 Kiss Kiss (Part-2)
Ch.83: Suspicions
Ch.84 : Remember to Line Up (Part-1)
Ch.85: Remember to line up (Part 2+3)
Ch.87: Heading to America
Ch.88 : He Was Back
Ch.89 : I Paid the Bill
Ch.90 : Collaboration
Ch.91 : Chatting over Coffee (1)
Ch.92 : Chatting over Coffee (2)
Ch.93 : Albert (1)

Ch. 16

16.1K 1.8K 22
By JuNoXiang

" ပထဆုံး မင်းကို ငါ့ရဲ့ လက်ရှိ အနေအထားကို ပွင့်ပွင့်လင်းလင်း ပြောပြမယ် ။ ဆေးရုံမှာ ရက်ကြာကြာ တက်ခဲ့ရပြီး နောက်ပိုင်း ငါ့ရဲ့ မှတ်ဉာဏ်တော်တော်များများ ပျောက်သွားသလို ဖြစ်နေတယ် ။ ရှေ့ဆက်ပြီး တခြား မလိုလားအပ်တဲ့ ပြသနာတွေ မပေါ်ပေါက်လာအောင် မင်းရဲ့ အကူအညီတွေ အများကြီး ငါလိုအပ်တယ် ။ "

ထမင်းစားစားပွဲဝိုင်းမှာ ထိုင်ကာ ကော်ဖီ တစ်ကျိုက်သောက်ရင်း ၊ ခုံထက်မှာ အသင့်ရှိနေတဲ့ ဖောင်တိန်နဲ့ စာရေးစက္ကူကို Tang Feng ညွှန်ပြလိုက်တယ် ။

ကံတရားက မျက်နှာသာပေးလေတယ် ဆိုရမှာပဲ ။ လူသစ်တစ်ယောက် ဆိုသော်ငြားလည်း Xiao Yu ဟာ တာဝန်ယူလုပ်ဆောင်ရမယ့် ကိစ္စတွေကို စီမံခန့်ခွဲနိုင်စွမ်း ရှိနေလေတယ် ။ အလုပ်အပေါ် စိတ်အာရုံ အပြည့်အဝ နှစ်မြုတ်ပြီး အကောင်းမွန်ဆုံး ဆောင်ရွက်နိုင်မယ်ဆိုတာ အမြင်တစ်ချက်နဲ့တင် တန်းပြောနိုင်တယ် ။

အိတ်ထဲက စာရွက် တစ်ရွက်ကို ထုတ်ယူလိုက်ပြီး....

" လက်တလောမှာ လုပ်စရာ အလုပ်တွေ များများစားစားတော့ မရှိသေးပါဘူး ။ ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ Ge Chen နဲ့ အတူတွဲ သရုပ်ဆောင် လက်စ " The Fashion Gentleman " ဆိုတဲ့ ရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးပေးရမယ် ။ ရုပ်ရှင်ရဲ့ အဓိက ဇာတ်ဝင်ခန်းတွေကို ရိုက်ထားပြီး ဖြစ်တဲ့အတွက် ကုမ္ပဏီနှစ်ခုစလုံးရဲ့ သဘောတူ ဆုံးဖြတ်ချက်အရ ရှင် သရုပ်ဆောင်ဖို့ ကျန်နေသေးတဲ့ ဇာတ်ဝင်ခန်းလေးတွေကို အပြီးသတ် ရိုက်ကူးပေးယုံပါပဲ ။ "

" အဲ့ဒါဆိုရင် ဒီရိုက်ကူးရေးကို မြန်နိုင်သမျှ အမြန်ဆုံးစဖို့ စီစဉ်ပေးထားပါ ။ "

" Okay.. အမြန်ဆုံး စီစဉ်ပေးပါ့မယ် ။ Game Show တွေ အတွက်ကတော့....... "

" အဲ့ အစီအစဉ်တွေ အကုန်လုံးကို ငြင်းလိုက်ပါ ။ "

Tang Feng ဟာ အလိုမကျတဲ့ဟန်ပန်နဲ့ မျက်မှောက် တစ်ချက် ကြုံ့လိုက်တယ် ။ ဒီလိုပွဲတွေကို သူမနှစ်သက်ဘူး ။ ဘာလို့လည်းဆိုတော့ ပျော်ရွှင်ရတယ်ဆိုတာထက် အစီအစဉ်မှာ ပါဝင်တဲ့လူတွေကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်နေတာတွေလို့ ခံစားရလို့လေ ။

ဘာဆက်ပြောရမှန်းမသိလို့ Xiao Yu ဘက်က တစ်ခဏ တိတ်ဆိတ်သွားတယ် ။ အားပြန်မွေးရင်း အကျိုးသင့် အကြောင်းသင့် ရှင်းပြနိုင်ဖို့ရာ သူမ ကြိုးစားလေတယ် ။

" ပွဲတွေ အကုန်လုံးက အဆိုးတွေချည်းပဲ မဟုတ်ပါဘူး ။ ရှင့် နည်းနည်းလောက် ပြန်စဉ်းစားသင့်တယ်လို့ ကျွန်မထင်တယ် ။ အခု လာကမ်းလှမ်းထားတဲ့ အစီအစဉ်တွေထဲက တစ်ခုရဲ့ နာမည်က " Dream Lover " လို့ခေါ်တယ် ။ ဒီဟာကို ရုပ်သံမှာ စလွှင့်လိုက်တဲ့ အချိန်ကတည်းက ပရိသတ်တွေရဲ့ အားပေးတုံ့ပြန်မူဟာ သမရိုးကျ အစီအစဉ်တွေထက် အများကြီး ပိုများတယ် ။ ခုရိုက်ကူးမယ့် " Dream Lover " ရဲ့ season အသစ်မှာ ကြီးမားတဲ့ ပြောင်းလဲမူတွေ အများကြီး လုပ်ထားတယ် ။ အဲ့ဒီအတွက်ကြောင့်မို့ ပရိသတ်ထုကြီးကော ၊ သတင်းမီဒီယာတွေကပါ ဒီအစီအစဉ်ကို အများကြီး အာရုံစူးစိုက်နေကြတယ် ။ ကျွန်မအမြင်ကတော့ ဒီအစီအစဉ်မှာ ပါလိုက်ခြင်းဟာ ရှင့်ရဲ့ အနုပညာလောကထဲ ပြန်လည်ခြေချခြင်းအတွက် အများကြီး အကျိုးရှိလာနိုင်စေတယ် ။ "

" ဒီလိုဆိုရင်လည်း အစီအစဉ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ငါကြည့်ရအောင် copy တစ်စောင် ထုတ်ထားပေးပါ ။ "

" လုပ်ပေးရမှာပေါ့ ။ "

Tang Feng ရဲ့ ပြောင်းလဲရလွယ်ကူတဲ့ စိတ်နေသဘောထားဟာ Xiao Yu ကို အံ့သြတုန်လူပ်စရာကောင်းလောက်အောင် ပျော်ရွှင်သွားစေခဲ့တယ် ။ ခေါင်းမာ တဇွတ်ထိုးနိုင်ပြီး အနိုင်ကျင့်တက်တဲ့ celebrities မျိုးတွေနဲ့ အလုပ်တွဲလုပ်ရမှာ သူမဘဝမှာ အကြောက်ဆုံးပဲ ။

" နောက်တစ်ခုကတော့ Talk Show အစီအစဉ်မျိုးပါ ။ ပုံမှန် ပါဝင်တင်ဆက်သူ တစ်ယောက်အနေနဲ့ ရက်သတ္တပတ် နည်းနည်းလောက် ရှိနေပေးယုံပါပဲ ။ တစ်ခါတစ်လေ စကားစမြည် နည်းနည်းပါးပါး ဝင်ပြောပေးရယုံလောက်ပါပဲ ။ အိုး.... ဒါနဲ့ ရှင့်ကို တစ်ခု ကြိုသတိပေးထားရဦးမယ် ။ ရှင်နဲ့ အဲ့ဒီအစီအစဉ်ကို တင်ဆက်တဲ့ presenter ကြားမှာ ကိစ္စလေးတွေ တချို့ရှိနေတယ်နော် ။ ရုတ်တရက်ကြီး မပြောမဆိုနဲ့ အဲ့ဒီ အစီအစဉ်ကနေ ရှင်နူတ်ထွက်သွားခဲ့လိုက်ရင် show procedures တွေ စိတ်အနှောက်အယှက် ဖြစ်သွားစေနိုင်တယ် ။ အဲ့ဒီလိုဖြစ်လာရင် " Dream Lover " မှာ ရှင် ပါဝင်ဖို့ အတားအဆီး တစ်ခု ဖြစ်လာနိုင်တယ် ။ "

ကြည့်ရတာတော့ အစီအစဉ် နှစ်ခုလုံးကို ရုပ်သံလိုင်း တစ်ခုတည်းက ထုတ်လွှင့်မှာ ထင်တယ် ။ ချက်ချင်း အဖြေပြန်မပေးပဲ Tang Feng အချိန်ခဏယူကာ သေချာစဉ်းစားလိုက်တယ် ။ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီးတော့ကာ.....

" Okay လေ... ဒီတစ်ခုလည်း လက်ခံလိုက်တာပေါ့ ။ "

အစီအစဉ် နှစ်ခုကြားမှာ ပြိုင်ဆိုင်စရာ အကြောင်းအရာ မရှိလာဘူးဆိုရင် နှစ်ဖက်လုံးကို သူအကောင်းဆုံး ကြိုးစားပြီး အဆင်ပြေအောင် လုပ်ဆောင်မယ် ။ သူ မနိုင်တော့တဲ့ ပြသနာ ဖြစ်လာတော့လည်း Charles ဆီကနေ အကူအညီ ယူလိုက်ယုံပေါ့ ။

" နောက်ဆုံးတစ်ခုကတော့.... အရင် မန်နေဂျာဟောင်းဟာ ရှင့်အတွက် TV Drama တစ်ခုမှာ ဇာတ်ပို့နေရာ တစ်နေရာကို လက်ခံပေးထားတယ် ။ ဇာတ်ပို့နေရာလို့ဆိုပေမယ့် ဇာတ်ညွှန်းကို ကျွန်မ ဖတ်ကြည့်လိုက်တော့ ရှင့်ရဲ့ Image ကို ဘာမှ မထိခိုက်စေပါဘူး ။ "

" ဘယ်လို Drama မျိုးလဲ ? "

ဒီသတင်းဟာ သူ့ရဲ့ အနုပညာပိုးကို လူပ်နိုးလိုက်သလိုပဲ ။ Show ပွဲတွေမှာ ပါဝင်တင်ဆက်နေရတာထက် သရုပ်ဆောင်ရတဲ့ ဘဝကို သူပိုမက်မောတောင့်တတယ် ။

သရုပ်ဆောင်ခြင်း ဆိုတာဟာ သူ့ဘဝရဲ့ အခြေခံကျပြီး အလေးနက်ဆုံး အစိတ်အပိုင်း တစ်ခုပဲ ။ သရုပ်ဆောင်အလုပ်ကို ဆက်မလုပ်ရဘူး ဆိုရင် ဆက်လက်ပြီး အသက်ရှင်နေနိုင်ချင်နေနိုင်မယ် ။ ပျော်ရွှင်မူတွေတော့ အားလုံးဆုံးရူံးသွားတော့မှာ အမှန်ပဲ ။

" အဲ့ဒါက သမိုင်းနောက်ခံ ဇာတ်လမ်းမျိုးပါ ။ ထုတ်လုပ်မယ့်သူက ဒီနိုင်ငံထဲမှာ လူသိများ ကျော်ကြားတဲ့လူ တစ်ယောက်ပါ ။ သူ့ဖန်တီးမူတွေကို ဝေဖန်တာတွေ အမြဲကြုံတွေ့နေရပေမယ့် ၊ rating ကတော့ အမြဲ ရလဒ်ကောင်းခဲ့တယ် ။ ဇာတ်လမ်းထဲမှာ မိန်းကလေးတစ်ယောက်ဟာ မထင်မှတ်ပဲ အတိတ်ကာလကို ရောက်သွားတဲ့ ပုံစံမျိုးပါ ။ ဇာတ်ဝင်ခန်း တော်တော်များများက ဘုရင့်နန်းဆောင်လို နေရာမျိုးမှာ နေရာယူထားတယ် ။ ရှင် သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်က ကောင်မလေးအပေါ် စွဲလန်းသွားတဲ့ နန်းတွင်းဂီတပညာရှင် နေရာမှာ သရုပ်ဆောင်ရမယ် ။ နောက်ဆုံးမှာတော့ ရှင်ဟာ ကောင်မလေးကို ကာကွယ်လိုက်လို့ သေဆုံးသွားရတယ် ။ "

Xiao Yu ဟာ လက်ထဲက စာရွက်တွေကို လှန်ဖတ်နေရင်းနဲ့ Tang Feng ကို ရှင်းပြနေတယ် ။

ဝမ်းနည်းဖို့ကောင်းပြီး ဇာတ်နာမယ့် ဇာတ်ရုပ်မျိုးပဲ ။ အကောင်းဆုံးသာ သရုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ပရိသတ်ဆီကနေ စိတ်ဝင်စားမူ နဲ့ တုံ့ပြန်မူကို တပြိုင်တည်း ရလာနိုင်တယ် ။

Tang Feng ခေါင်းညိမ့်လက်ခံလိုက်တယ် ။ အခုလိုအချိန်က ရလာတဲ့ အလုပ်တွေကို ချေးများပြီး ရွေးနေရမယ့် အချိန် မဟုတ်ဘူးလေ ။ တခြားခြား ထွေထွေထူးထူး ခံစားချက်မရှိပေမယ့် ဒီအလုပ်တွေကို လက်ခံရမယ် ။ အဲ့လိုလုပ်တာဟာ အနည်းဆုံးတော့ လက်ထဲ ဝင်ငွေ တစ်ခု ရစေနိုင်တယ်လေ ။

" Show ပွဲတွေကို ဘယ်ချိန်စ ရိုက်ကြမှာလဲ ? "

" ရုပ်ရှင်ရိုက်တာ လဝက်လောက်ကြာရင် show တွေ စလိမ့်မယ်ထင်တယ် ။ အသေးစိတ်အချက်အလက်တွေနဲ့ ဇာတ်ညွှန်းတွေကို ကြိုလေ့လာနိုင်အောင် ကျွန်မ ပြင်ဆင်ပေးထားပါမယ် ။ "

" ဒီလိုဆို မဆိုးပါဘူး ။ နောက်အပတ်ထဲမှာ ငါ အင်တာဗျူး တစ်ခု ဖြေစရာရှိတယ် ။ မင်း ငါနဲ့အတူ လိုက်ခဲ့ရမယ် ။ "

Tang Feng ဟာ စားပွဲကနေ မတ်တပ်ထရပ်ပြီး ပြုံးပြလိုက်တယ် ။

" ဒီနေ့လည်မှာ မင်း ဘာလုပ်စရာ ရှိသေးလဲ ? "

" ဟို...ကျွန်မ.... ကျွန်မ ဘာမှ လုပ်စရာ မရှိပါဘူး ။ "

Xiao Yu လည်း ထိုင်နေရာကနေ ချက်ချင်း မတ်တပ် ထရပ်လိုက်တယ် ။

" ဥက္ကဌ Lu က ကျွန်မကို ရှင့်တစ်ယောက်တည်းအတွက် မန်နေဂျာလုပ်ပေးဖို့ တာဝန်ပေးထားတာပါ ။ တခြားလုပ်စရာ ဘာအလုပ်မှ မရှိပါဘူး ။ "

" ဒီလိုဆိုရင် ခဏနေရင် ငါနဲ့အတူ အဝတ်အစားတချို့ဝယ်ဖို့ Shopping ထွက်ကြရအောင် ။ အခုအချိန်က ငါရဲ့ အရင်က Image ကို ပြောင်းလဲပစ်ဖို့ အချိန်ပဲ ။ "

အဲ့လို့ပြောရင်း Tang Feng ဟာ ခေါင်းကို လက်နဲ့ တစ်ချက် ကုတ်လိုက်တယ် ။ ဆံပင်တွေဟာ ရူပ်ထွေး လိမ်ကောက်ပြီး ပျက်စီးနေလေတယ် ။ ဘယ်လောက်တောင် ကြည့်ရဆိုးလိုက်လဲ ။

                    ..............................

ရေးကောင်းကောင်းနဲ့ နာရီမကြည့်ပဲ ထိုင်ရေးနေတာ အချိန်က တစ်နာရီတောင်ခွဲသွားပြီ ။ ဆက်ရေးချင်ပေမယ့် energy က down နေပြီမို့ အိပ်လိုက်ဦးမယ် ။ အာ့မှ မနက်ကျ ဆက်ရေးနိုင်မှာ   ^^

Continue Reading

You'll Also Like

2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
228K 34.7K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest