True Star (Myanmar Translatio...

By JuNoXiang

1.4M 140K 4.4K

လတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်... More

Ch.1: ပြန်လည်မွေးဖွားခြင်း
Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း
Ch.3 ကို့ယို့ကားယား အိပ်မက်တစ်ခု
Ch.4 တကယ်ကို ကို့ယို့ကားယား နိုင်တာပဲ
Ch. 5 အပေးအယူအသစ် (Part 1)
Ch. 6 အပေးအယူအသစ် (Part - 2)
Ch.7 Charles ( Part 1 )
Ch.8 Charles (Part 2)
Ch.9 Charles (Part 3)
Ch.10 Lu Tian Chen (Part 1)
Ch.11 Lu Tian Chen (Part 2)
Ch.12 Ge Chen
Ch.13 Gamble
Ch.15
Ch. 16
Ch. 17
Ch.18
Ch. 19
Ch. 20
Ch. 21
Ch. 22
Ch.23 Truly Angelic
Ch. 24 Laying Your Cards
Ch.25 Auditions ( Part 1)
Ch.26 Auditions ( Part 2)
Ch.27 Meeting an " Old Friend "
Ch.28 Kissing Test ( Part 1)
Ch. 29 Kissing Test (Part 2)
Ch.30 Who Would Want To Ride With U ( Part 1)
Ch.31 Who Would Want To Ride With U ( Part 2)
Ch.32 Disaster Of Three
Ch.33 Dream Lover ( Part 1 )
Ch.34 Dream Lover (Part 2)
Ch.35 Not Kindhearted (Part.1)
Ch.36 Not Kindhearted ( Part.2)
Ch.37 Honest Thoughts (Part.1)
Ch.38 Honest Thoughts (Part.2)
Ch.39 Chen Ming Xu
Ch.40 Emotionally Moved
Ch.41 The First Scene (Part.1)
Ch.42 The First Scene (Part.2)
Ch.43 The First Scene (Part.3)
Ch.44 : Hello , President Lu ( Part.1 )
Ch.45 : Hello, President Lu ( Part.2)
Ch.46 : Hello, President Lu ( Part.3)
Ch.47 : Kai's Invitation
Ch.48 : Eat You Up ( Part.1 )
Ch.49 : Eat You Up ( Part.2)
Ch.50 : Eat You Up ( Part.3 )
Ch.51 : Envy ( Part.1 )
Ch.52 : Envy ( Part.2 )
Ch.53 : Checking in at the Lu's House ( Part.1)
Ch.54 : Checking in at the Lu's house ( Part.2 )
Ch.55 : Applying Medicine ( Part.1 )
Ch.56 : Applying Medicine ( Part.2 )
Ch.57 : New Flame
Ch.58 : Going to work with The President
Ch.59: A Table for Four ( Part.1 )
Ch.60 : A Table for Four ( Part.2 )
Ch.61 : Curses and Harsh Words
Ch.62: The Trees Long For Peace , But The Wind Will Never Cease ( Part.1 )
Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )
Ch.64 : True Star Training Class
Ch.65 : Calling a True Star ( Part.1 )
Ch.66 : Calling a True Star ( Part.2 )
Ch.67 : Making Headlines
Ch.68: He and Him in the Dance Studio ( 1 )
Ch.69 : He and Him in the Dance Studio ( 2 )
Ch.70 : The Acting Class's Exam Question
Ch.71 : Dream Lover ( 3 )
Ch.72 : Dream Lover ( 4 )
Ch.73 : Dream Lover ( 5 )
Ch.74 : An Unexpected Choice
Ch.75 : Only the Beginning
Not new chapter....
Ch.76 : Heated discussion
Ch.77 : Music Lesson (Part.1)
Ch.78 : Music Lesson (Part 2)
Ch.79: Falling Off a horse
Ch.80: Smeared Image
Ch.81: Kiss Kiss (Part-1)
Ch:82 Kiss Kiss (Part-2)
Ch.83: Suspicions
Ch.84 : Remember to Line Up (Part-1)
Ch.85: Remember to line up (Part 2+3)
Ch.87: Heading to America
Ch.88 : He Was Back
Ch.89 : I Paid the Bill
Ch.90 : Collaboration
Ch.91 : Chatting over Coffee (1)
Ch.92 : Chatting over Coffee (2)
Ch.93 : Albert (1)

Ch.14 Getting Along

16.9K 1.8K 19
By JuNoXiang

" True Star Training Class "

ဒီ ရူးကြောင်ကြောင် နာမည်ကို Tang Feng ကြားလိုက်ရတဲ့ အခိုက်အတန့်မှာ ၊ ရုတ်တရက် ထရယ်မိတော့မလို ဖြစ်သွားရတယ် ။ ကုမ္ပဏီက လုပ်ကြံဖန်တီးထားတဲ့ ဒီလို သင်တန်းမျိုးဟာ ဘယ်လိုနည်းနဲ့မှ စစ်မှန်တဲ့ အနုပညာတွေ ဖြစ်ထွန်းမလာနိုင်ဘူးလို့ သေချာပေါက် ပြောရဲတယ် ။ အနုပညာရှင်တွေကို ဒီလိုမျိုး သင်တန်းပို့ချလို့ အောင်မြင်ကြေးဆိုရင် ၊ ဒီကမ္ဘာမှာ Superstars ဆိုတာတွေ ရိုက်သတ်လို့ ကုန်မှာ မဟုတ်တော့ဘူး ။

သူ ကြိုခန့်မှန်းထားသလိုပါပဲ ။ ဒီသင်တန်းဟာ ကုမ္ပဏီ နှစ်ခု ပူးပေါင်းပြီး ဖန်တီးထားတဲ့ ထုတ်ကုန်တစ်ခု သာသာပါပဲ ။ ဒီသင်တန်းထဲမှာ မြောက်များစွာသော ကြော်ငြာအင်အား ၊ ငွေကြေးရင်းနှီးမြုတ်နှံမူ ၊ လူအင်အားတွေ စိုက်ထည့်ထားလေတော့ သင်ဟာ ဒီလို သင်တန်းမှာ တက်ရောက်ဖို့ အခွင့်အရေးသာ သေချာပိုင်နိုင်စွာ ရှိနေပါစေ ၊ နာမည်မသိသေးတဲ့ အနုပညာလောကကို ခြေချစပြုတဲ့ လူသစ်တစ်ယောက်ဖြစ်နေနေ ၊ Tang Feng လို ခေတ်မမီတော့တဲ့ ကြယ်ပွင့်ဟောင်းပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ၊ ဒီသင်တန်းဆီကနေ ရွှေရောင် အနာဂတ်တစ်ခုကို ဖမ်းဆုတ်နိုင်မှာ အသေအချာပဲ ။

အဲ့ဒီနေ့ရဲ့ ညနေခင်းလေးမှာပဲ Tang Feng နဲ့ Charles ဟာ စားသောက်ဆိုင်တစ်ခုမှာ ညနေစာကို အတူတူ စားသုံးကြလေတယ် ။

ကစားပွဲရဲ့ အဆုံးသတ်ချိန်မှာတော့ အားလုံးဟာ ကိုယ်စီ လမ်းခွဲသွားကြတယ် ။ Tang Feng အတွက်ကတော့ အနည်းငယ် အလိုမကျ ဖြစ်ခဲ့ရတယ် ။ Lu Tian Chen ကို သူနဲ့ ယှဉ်ကစားပြီး ၊ ချွေးပြန်အောင် လုပ်ခွင့် မရလိုက်ဘူးလေ ။ ထားလိုက်ပါလေ ။ အနာဂတ်မှာ သူ အနိုင်ယူခွင့်ရမယ့် အချိန်တွေ သေချာပေါက် ရောက်လာဦးမှာပဲ ။ Tang Feng ရရှိထားတဲ့ ခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က အရင်အချိန်တုန်းက Lu Tian Chen အပေါ် ဘယ်လိုပဲ ပြုမူခဲ့ပြုမူခဲ့ ၊ လက်ရှိကာလမှာ Lu Tian Chen ရဲ့ မတူမတန်သလို အထင်အမြင်သေး နှိမ့်ချဆက်ဆံတာ ခံနေရခြင်းကို Tang Feng လုံးဝ လက်မခံနိုင်ဘူး ။

ကိုယ့်အပေါ် အနိုင့်ကျင့်တဲ့သူကို ခေါင်းငုံ့မခံပဲ ပြန်လည် လက်တုံ့ပြန်တက်ခြင်းဟာ Tang Feng ရဲ့ လက်ဆွဲ ဆောင်ပုဒ်ပဲ ။

ကိုယ့်အပေါ် အနိုင်ကျင့်လာသမျှကို ခေါင်းငုံ့ ငြိမ်ခံနေခဲ့မယ်ဆိုရင် သင့်ကို ရှေ့လျှောက် ဆက်အနိုင်ကျင့်နေဦးမှာပဲ ။ တစ်ခါတစ်ရံမှာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ အဲ့ဒီလူရဲ့ ကံကြမ္မာကို ပြဌာန်းနိုင်တယ် ။ လူတစ်ချို့ဟာ သနားစရာသတ္တဝါတစ်ကောင်လို အနိုင်ကျင်ခံနေရတဲ့ လူတွေကို နေရင်းထိုင်ရင်း အကြောင်းမဲ့ အမြင်ကတ် ၊ မုန်းတီးနေတက်ကြတာ မဟုတ်ဘူး ။ လူတော်တော်များများဟာ ကိုယ်ရည်ကိုယ်သွေး ယုတ်လျော့ အားနည်း မှေးမှိန်ပြီး ၊ လူစွမ်းလူစညံ့တဲ့ သူတွေကို မနှစ်မြို့ကျလေဘူး ။

" ငါ သတင်းကြားမိတာက ရုပ်ရှင်ရိုက်ကွင်းမှာ မင်း Ge Chen နဲ့ ရန်ဖြစ်ပြီး နှစ်ယောက်လုံး ပင်လယ်ထဲ ပြုတ်ကျသွားကြတယ်ဆို ။ "

ရုတ်တရက် ချက်ချင်းကြီး Charles ဟာ မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြောင်းကိစ္စကို ပြောနေလေတယ် ။ မျက်ဝန်းအစုံက ဝိုင်အရှိန်နဲ့ ရီဝေယစ်မူးနေတယ် ။

" ခင်ဗျားကလည်း အဲ့ဒီကိစ္စကို ကျွန်တော့်အမှားပဲလို့ မြင်နေတာပဲလား ? "

Tang Feng က ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြန်မေးတယ် ။ လက်ထဲက ဝိုင်ခွက်ကို တစ်ငုံစာ ငုံလိုက်ပြီး ၊ ခပ်အေးအေး အမူအယာနဲ့ ဆက်ပြောလေတယ် ။

" အဲ့ဒီ ဖြစ်ရပ်အတွက် အပြစ်တင်ခံရမယ့်သူက ကျွန်တော်ပဲလို့ အားလုံးက သတ်မှတ်ကြတယ်ဆိုရင်လည်း နောက်ဆက်တွဲ  အကျိုးဆက်တွေကို ကျွန်တော် အခု ခံစားနေရတာပဲ မဟုတ်ဘူးလား ။ "

Charles ဟာ နူတ်ခမ်းပါးတွေကို ခပ်တင်းတင်းစေ့ကာ ပြုံးနေရင်းနဲ့ပဲ အရှေ့နားဆီမှာ ခန့်ညားကျော့ရှင်း တင့်တယ်စွာ ထိုင်နေတဲ့သူကို ငေးမောကြည့်နေတယ် ။

" ဒီလိုသာဆိုရင် မင်းရဲ့ အဖြစ်က အရမ်း သနားစရာ ကောင်းလွန်းနေပြီ ။ မင်းဘက်ကသာ Lu Tian Chen ကို ရူးရူးမူးမူး စွဲလန်းခဲ့ပေမယ့် ၊ သူ့ကတော့ တခြားပြိုင်ဘက်ကုမ္ပဏီက သရုပ်ဆောင်တစ်ယောက်ကို ပိုအခွင့်ရေးတွေ ပေးနေခဲ့တယ် ။ မင်းကိုကျတော့ လုံးဝ ချောင်ထိုးထားတယ် ။ "

" ဒီ အနုပညာလောကနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းကို စအခြေချတဲ့ အချိန်တုန်းက Lu Tian Chen ဟာ မင်းရဲ့ အမေဆီကနေ အကူအညီ ယူခဲ့ဖူးတယ် ။ ဒီ့အတွက် သူ့ဆီကနေ မင်း ပြန်တောင်းဆိုခွင့်ရှိတယ် ။ "

Charles ရဲ့လက်ထဲက ဝိုင်ခွက်ဟာ ခန်းမရဲ့ အလင်းရောင်တွေကြားမှာ သွေးအရောင်လို နီရဲရွှန်းစိုနေလေတယ် ။

Charles စကားတွေအရ Lu Tian Chen ဟာ ကျေးဇူးတရားကို နားမလည်တဲ့ လူစားမျိုး ဖြစ်နေတာလား ?

ဒါပေမယ့် ဒီီအကြောင်းရာတွေကို Charles က သူ့ကို ပြောပြရတဲ့ အဓိကအကြောင်းအရင်းက ဘာလဲ ။

" ကျွန်တော်က ခင်ဗျားတို့ နှစ်ယောက်က အရမ်းကို ရင်းနှီးကြတဲ့ သူငယ်ချင်းတွေလို့ ထင်ထားတာ ။ "

" သူက မင်း နင့်နင့်သီးသီး ချစ်ဖို့ရာ မထိုက်တန်တဲ့ လူမျိုးလေ ။ "

" ကျွန်တော် သူ့ကို ဆက်ပြီး မစွဲလန်းတော့ပါဘူး ။ "

ဒီစကားက လုံးဝ အမှန်တရား တစ်ခုပါ ။ Lu Tian Chen ရဲ့ သွင်ပြင်လက္ခဏာ ဟာ သူ့ရဲ့ အကြိုက် ဖြစ်ချင်ဖြစ်နေဦးတော့ ။ " ရူးသွပ်စွဲလန်းခြင်း " ဆိုတာ Tang Feng ရဲ့ ဘဝအဘိဓာန်ထဲမှာ မရှိတဲ့ စကားတစ်လုံးပဲ ။

ဒီ ကမ္ဘာလောကကြီးထဲမှာ ယောကျာ်း ၊ မိန်းမတွေဟာ မရေတွက်နိုင်လောက်အောင် ပေါများလွန်းလှတယ် ။ ဘယ့်အတွက်ကြောင့်များ ကိုယ့်အပေါ် အထင်မြင်သေး ၊ တန်ဖိုးထားရကောင်းမှန်း မသိတဲ့ လူတစ်ယောက် အပေါ် ကိုယ်စိတ်နှလုံး ပုံအပ်ထားရဦးမှာလဲ ။ ထိုက်တန်လို့လား ။

" ဒါဆိုရင် မင်းအခု ငါ့ကိုကော ချစ်နိုင်သေးရဲ့လား ? "

" ကျွန်တော်တို့ကြားမှာ သဘောတူစာချုပ် အသက်ဝင်နေသေးတဲ့ ကာလအတွင်းတော့ ကျွန်တော် ခင်ဗျားကို ချစ်နေဦးမှာပါ ။ "

ခုလက်ရှိ အခြေအနေဟာ ချောမောခန့်ညားတဲ့ ယောကျာ်းပျို တစ်ယောက်နဲ့ ဟန်းနီးမွန်း အချိန်ကာလကို ဖြတ်သန်းနေရတယ်လို့ Tang Feng စိတ်ထဲ ယူဆထားလိုက်တယ် ။ Tang Feng အနေနဲ့ Charles ရဲ့ စိတ်ထဲရှိသလို တဲ့တိုးပြောတက်တဲ့ အကျင့်စရိုက်ကိုကော ၊ ဂရိနတ်ဘုရား ရုပ်တုလို တောင့်တင်းခိုင်မာလှတဲ့ ခန္ဓာကိုယ် အချိုးအဆစ်ကိုရော   သဘောကျနှစ်သက်တယ်လေ ။

" ငါဟာ မင်းအတွက် အကောင်းမွန်ဆုံးနဲ့ အပြည့်စုံဆုံး ချစ်သူတစ်ယောက် ဖြစ်စေရမယ် ။ "

Charles ဆိုတာဟာ အမြဲ ပွင့်ပွင့်လင်းလင်း နေတက်ပြီး ၊ နှောင်တွယ်တက်တဲ့ လူစားမျိူး မဟုတ်ခဲ့ဘူး ။ ညအတူအိပ်ဖော် တစ်ယောက် အနေနဲ့လည်း ရုပ်ရည်က ပြောစရာမလိုလောက်အောင် ချောမောပြီး ၊ တစ်ဖက်သားကို စိတ်ဆန္ဒပြည့်ဝအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်း အပြည့်အဝရှိတယ် ။

" Lu Tian Chen ကို မင်းအတွက် မန်နေဂျာ အသစ်တစ်ယောက် ပြောင်းပေးဖို့ ပြောပြီးသွားပြီ ။ မနက်ဖြန်ကျရင် မင်းဆီကို ရောက်လာလိမ့်မယ် ။ အချင်းချင်းတွေ့ကြတဲ့အခါ စကားစမြည် ပြောကြည့်ကြပေါ့ ။ "

" ဒီလိုဆိုရင် ကျွန်တော် မနက်ဖြန် ခင်ဗျားနဲ့ အတူတူ နေပေးဖို့ မလိုတော့ဘူးပေါ့ ? "

ဒီနေ့အတွက် သတင်းကောင်း တစ်ခုကို နောက်ဆုံးတော့ ကြားလိုက်ရပြီ ။ Charles ရဲ့ အချိန်တိုတစ်ခုအတွင်းမှာ ပြသနာတစ်ခုကို ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ အရည်အချင်းကို Tang Feng နှစ်သက်မိတယ် ။

" ဒီည မင်း ငါနဲ့ အတူ ကောင်းကောင်း နေပေးဖို့ တစ်ခုပဲ လိုအပ်တယ် ။ "

                     ...........................

အရေးအသားနဲ့ ပတ်သတ်ပြီး ဖတ်ရတာ အဆင်မပြေတာပဲ ဖြစ်ဖြစ် ၊ စာဖတ်ရတာ ထောက်နေတာပဲ ဖြစ်ဖြစ် ၊ စိတ်ထဲ မကျေလည်တာများဖြစ်ခဲ့ရင် ဝေဖန် အကြုံပြုနိုင်ပါတယ်ဗျာ ။ comment များကို စောင့်မျှော်နေပါတယ် ။   ^_<

Continue Reading

You'll Also Like

205K 6.1K 70
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
241K 39.1K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .