" ခင္ဗ်ားမေကာင္းဘူး"
ဘယ္ေလာက္ၾကာၾကာေစာင့္ေနႏိုင္မွာလဲ?? အကဲမစမ္းရဲ။ အခန္းတံခါးအသံမထြက္ေအာင္ဖြင့္ မီးမဖြင့္ထားတဲ့ အိမ္ေရွ႕ခန္းကိုျဖတ္ကာ ညအေမွာင္ထဲငိုက္ျမည္းေနျပီျဖစ္ေသာလမ္းမ
ထက္ စတင္ေျခခ်သည္ႏွင့္ ေဆာင္းေလက
ေဝွ႕ဝဲႀကိဳဆို၏။
ကြ်န္ေတာ္တို႕ ဆိတ္ျငိမ္ရပ္ကြက္ငယ္တြင္ ေတာင္ေတာင္အီအီေလွ်ာက္သြားေနေသာ ေခြးေလေခြးလြင့္ တစ္ေကာင္ႏွစ္ေကာင္သည္သာ သက္ရွိအျဖစ္ရပ္တည္ေနသည္။
ေယာက်ာ္းေလးျဖစ္လင့္ကစား ထိုသို႔အခိ်န္မေတာ္ ကြ်န္ေတာ္အျပင္မထြက္ခဲ့ဖူး
ဘူး။အိမ္စီးဖိနပ္ကို ျဖစ္သလိုစြပ္၍ ခပ္ေမွာင္ေမွာင္လူသူျပတ္လမ္းသြယ္ေတြထဲ ဖိနပ္ေျခသံ တျဖပ္ျဖပ္ျမည္ေအာင္ေျပးလႊားေနမိ
သည္။ တဒိတ္ဒိတ္တုန္ယင္ေနေသာ ရင္အစံု
သည္ ေမာဟိုက္မႈနဲ႔ လႈိက္ခုန္ေနေတာ့...
ကြ်န္ေတာ့္ဒူးေတြပါတဆက္ဆက္ျဖစ္လ်က္ေျခ
လွမ္းတို႕ကအႏိုင္ႏိိုင္။ ေမွာင္ရိပ္ထဲမွေန၍ တဇြတ္ထိုးေျပးလာေသာ ကြ်န္ေတာ့္အား
မည္းမည္းျမင္ရာထိုးေဟာင္တတ္ေသာ ေခြးေတြ
လိုက္ဆြဲမွာလည္း မေႀကာက္ႏိုင္။
တဆက္ဆက္တုန္ယင္ခုန္ျမည္ေနေသာရင္ခုန္သံ၊ ကြ်န္ေတာ္ဟာ ေယာက်ာ္းတစ္ေယာက္၊
ကိုယ့္အေပါင္းအသင္းမဟုတ္ေသာ ေယာက်ာ္း
တစ္ေယာက္ အထူးသျဖင့္ ကြ်န္ေတာ့္ကို
လြမ္းတယ္ ဟူ၍ ဖြင့္ဟလာသူတစ္ေယာက္
အတြက္အိမ္ကမသိေအာင္ပင္ ခိုးထြက္ရဲ
ေနျပီတဲ့လား။
လွမ္းေခၚခ်င္ပါေသာ္လည္း ေမာဟုိက္လြန္းလွ၍
အသံထြက္မလာ။ လမ္းမီးဓာတ္တိုင္အလင္းမွိန္
မွိန္ျဖာက်ေနေသာ လမ္းထိပ္အုတ္ခံုတြင္ ျငိမ္သက္စြာ ထိုင္ေနေသာ Bro... ေခါင္းေတြငံု႔
ထားေသာ သူ႕ပံုစံကိုေငးရင္း ဝဲဘက္ရင္အံု
ဆစ္ခနဲေအာင့္တက္လာရသည္။
ကားရွင္းေနေသာ လမ္းကို ဝဲညာတစ္ခ်က္ႀကည့္
၍ သူရွိရာသို႕ ထပ္မံေျပးရျပန္သည္။
"Bro~~"
မေမွ်ာ္လင့္ထားဘူးလား? လဲ့ကနဲျဖစ္သြားေသာ
သူ႔မ်က္ဝန္းေတြ ျဖတ္ခနဲတြန္႔ေကြးတက္သြား
ေသာ ႏႈတ္ခမ္းသားေတြ။ ေသခ်ာျပီ။
သူ ကြ်န္ေတာ့္ကို တကယ္မေမွ်ာ္လင့္ထားဘူးပဲ...
ႏြမ္းလ်လ်နဲ႔ေငးငိုင္ေနေသာသူ႕ေဘးဝင္ထိုင္တဲ့ ကြ်န္ေတာ့္ကို ငဲ့ႀကည့္သည္။ တခဏသာျဖစ္မည္ဟု
ထင္ခဲ့ေပမယ့္...အံ့ဖြယ္တစ္ပါးကို ေငးႀကည့္ေန
ဟန္ရွိေသာ အႀကည့္ေတြသည္ မိနစ္ေတြကို
လြယ္လြယ္ကူကူပင္ တိုက္စားပစ္လိုက္သည္။
ကြ်န္ေတာ္ ဘာစကားေျပာ၍ ဘယ္လိုျပန္လႊတ္
သင့္သည္ မဆံုးျဖတ္ႏိုင္ခင္ သူ႔အႀကည့္ေတြ
ကို ေခါက္သိမ္းသြားခဲ့ျပီ။
ဆို႔နင့္လာသည္။ တင္းျပည့္မြန္းက်ပ္သည္။ ခုခ်ိန္
တစ္ခုခုကို ေပါက္ကြဲေအာ္ဟစ္ပစ္လိုက္ခ်င္သည္။
"ဘာလို႕လဲ??မနက္ျဖန္ စာေမးပြဲေလ။ စာေမးပြဲ
ရွိတာကို ဒီမွာ ဘာထိုင္လုပ္ေနတာလဲ?"
ဆက္မေျပာႏိုင္ေတာ့ေလာက္တဲ့ထိ ကြ်န္ေတာ့္
ႏႈတ္ခမ္းေတြ တဆက္ဆက္နဲ႔တုန္ယင္လာ၍
သြားမ်ားႏွင့္ကိုက္ကာ ထိန္းထားရသည္။
သူေခါင္းကိုငံု႔ထားဆဲ။အျပစ္သားတစ္ေယာက္၏
မည္သည့္ျပစ္ဒဏ္လာလာ လည္စင္းခံေနေပးမည္
ဟူေသာ ဟန္ပန္။မတုန္မလႈပ္နဲ႔ရွိေနေသာ သူ႕ကို အားမလိုအားမရျဖစ္လာရသည္။
"ျပန္ပါေတာ့..."
မ်က္ႏွာလႊဲရင္း ႏွင္ေတာ့လည္း သူမလႈပ္မယွက္
ျငိမ္သက္ေနဆဲ။
"ခင္ဗ်ားကို ျပန္ေတာ့လို႕ ေျပာေနတယ္ေလ။
ေက်ာက္ရုပ္လိုထိုင္ေနေတာ့မွာလား?"
ငံု႕ထားေသာ သူ႕မ်က္ႏွာထက္မွ အရည္ႀကည္
တစ္စက္သည္ တင္းတင္းဆုပ္ေျခထားေသာ
သူ႕ လက္ေတြေပၚက်ဆင္း၏။အသံတစ္ခ်က္
မထြက္ပဲ မ်က္ရည္က်လာဖို႕ ဘယ္ေလာက္ထိ
ေတာင့္ခံျမိဳသိပ္ထားရမလဲ?
"Bro...ကြ်န္ေတာ္ေျပာေနတယ္ေလ။ ျပန္ပါ
ေတာ့။ ဘာလို႕ ဒုကၡေတြလာေပးေနရတာလဲ"
ပိုးပိုးေပါက္ေပါက္နဲ႔ က်ဆင္းလာေသာ မ်က္ရည္
ေတြအား အျငိဳးႀကီးႀကီးနဲ႔ ဖယ္ရွားပစ္ရသည္။
သို႔ေပမယ့္ စိတ္ပ်က္စရာေကာင္းစြာ ထိုမ်က္ရည္
မ်ားကို သူဖမ္းမိသြား၏။
ေတာက္ ေခါက္မိသည္အထိ ကိုဟ့္ကိုကိုယ္ေဒါ
ကန္သည္။
"ေတာင္းပန္ပါတယ္...ကို ေတာင္းပန္
ပါတယ္။ ကေလးကို စိတ္ဆင္းရဲေအာင္လုပ္္မိ
တဲ့ အတြက္ ေတာင္းပန္ပါတယ္။မငိုပါနဲ႔။
ကို ေတာင္းပန္ပါတယ္"
မ်က္မွန္ေအာက္မွ က်ဆင္းခုန္ခ်လာေသာ မ်က္ရည္မ်ားကို သုတ္ေပးရင္း ကြ်န္ေတာ့္ကိုတင္း
တင္းႀကပ္ႀကပ္ ေပြ႔ဖက္လာ၏။ ကြ်န္ေတာ္
မရုန္းကန္ျဖစ္။ သူ႕ ပုခံုးေပၚ ေမးတင္လ်က္
ေဒါသတႀကီး ငိုေနေသာ ကြ်န္ေတာ့္ကို
ေက်ာမွ ခပ္ဖြဖြ သပ္ခ်ေပးရင္း ေခ်ာ့ေနေသး၏။
"ေတာင္းပန္ပါတယ္။ ကို လြမ္းလာလို႕ပါ။ ဒီလို
ေတြ မလုပ္သင့္မွန္းသိေပမယ့္ ကို မင္း ကိုလြမ္း
လို႕ပါ"
သူ၏ ေခ်ာ့ေမာ့မႈေတြထဲ ဦးညႊတ္ေပ်ာ့မက်သြား
ခ်င္တဲ့ စိတ္နဲ႔ သူ႕လက္ေတြႀကားမွ ရုန္းထြက္မိ
သည္။
"ဘယ္သူက လြမ္းခိုင္းလို႕လဲ? ခင္ဗ်ားနဲ႔ ကြ်န္ေတာ္က ဘာဆိုင္လို႔ လြမ္းရမွာလဲ? သြား!
ျပန္ဗ်ာ"
ကြ်န္ေတာ္ေအာ္လည္းေအာ္ဟစ္၊ ခႏၶာကိုယ္တစ္ခု
လံုးတုန္ယင္ေလာက္ေအာင္ ထြက္ေနေသာေဒါသ
ေတြကို ျမိဳခ်ျပီး ထရပ္မိသည္။ ဒီလူေရွ႔မွ ထပ္ငို
မိျပန္ျပီ။ အားနည္းတဲ့ ပံုစံကို ထပ္ျပမိျပန္ျပီ။
"ခ်စ္လို႕..."
လွမ္းလက္စေျခလွမ္းတို႕ကို ကြ်န္ေတာ့္ပုခံုးမ်ားမွ
တစ္ဆင့္ ရပ္တန္႔ေအာင္သူစြမ္းႏိုင္သည္။
သို႕ေပမယ့္ ခုန္လက္စ ႏွလံုးသားႏွစ္စံုကိုေတာ့
သူရပ္တန္႔မထားႏိုင္။
ေက်ာျပင္တစ္ခုလံုး သူ႕ရင္ခြင္နဲ႔ ကပ္မိလ်က္
သူ႔ရင္ခုန္သံသည္ ကြ်န္ေတာ့္ေက်ာျပင္ေပၚ
အတိုင္းသားခုန္ေန၏။
အေနာက္မွသိုင္းကာေထြးပိုက္ထားရာတြင္
အရပ္ကြာဟမႈေႀကာင့္ သူ၏ ေမးဖ်ားက
ကြ်န္ေတာ့္ေခါင္းေပၚမွာ...
"ခ်စ္တယ္။ ကေလးကို ဆိုင္ရဖို႕ ပိုင္ရဖို႕ထက္
ကို ကေလးကို ခ်စ္တယ္။ ကေလးလည္း သိတယ္
မလား?ကို ကေလး ငယ္ငယ္ေလးတည္းက
ခ်စ္လာရတာကိုေလ..."
ကြ်န္ေတာ္ျပန္မေျဖျဖစ္။ ယိုင္ေနေသာ ဒူးေတြ
ေခြမက်သြားေအာင္သာ ထိန္းထားရသည္။
ကြ်န္ေတာ့္ကို သိုင္းဖက္ထားေသာ သူ႕လက္ဖ်ံ
ေပၚမွ ပရိတ္ႀကိဳးနီနီကိုသာေတြေငးေနမိသည္။
"လႊတ္ပါ"
တိုးညွင္းတုန္ယင္ေနေသာ ကြ်န္ေတာ့္စကားသည္
ႏူးညံ့ေသာအာဏာတစ္ခုအျဖစ္ရပ္တည္ခြင့္ျပဳ
သည္။
ျပန္ငံု႕ႀကည့္လာေသာ သူ႕မ်က္ႏွာကို ကြ်န္ေတာ္
ေမာ့ႀကည့္ေတာ့ ကြ်န္ေတာ့္မ်က္လံုးေတြကိုသာ
သူေငးစိုက္ႀကည့္ရင္း အေျဖတစ္ခုခုကိုရွာေဖြေန
၏။
"ကေလး စဥ္းစားပါ။ ဒါ ကေလးအတြက္ ထူးဆန္း..."
"မထူးဆန္းပါဘူး။ Bro ကြ်န္ေတာ့္ကို ခ်စ္တယ္။
ဒါ ကြ်န္ေတာ္သိတယ္။ သိတာလည္း အခုမွ မဟုတ္ဘူး။ ကြ်န္ေတာ္မသိတာက အခု ကြ်န္ေတာ့္စိတ္ထဲ ရွိေနတာက Broနဲ႔ထပ္တူ
က်လား မက်လားဆိုတာပဲ ကြ်န္ေတာ္မသိတာ"
ကြ်န္ေတာ္စကားစျဖတ္ရင္း သူ႔ကို႔ျပန္ႀကည့္ရ
သည္။ ကြ်န္ေတာ္ေျပာသမ်ွကို အေလးအနက္
နားေထာင္ေနတာေတြ႔ရေတာ့ လူက အိုက္စပ္စပ္
ႀကီးျဖစ္လာသလိုပဲ။ မ်က္ႏွာမထားတတ္စြာ
ေခါင္းငံု႕ရင္း ဆက္ေျပာရမွာက ကြ်န္ေတာ့္
တာဝန္ပဲ
"ကြ်န္ေတာ့္ Bro ကိုေတြ႔ရရင္ေပ်ာ္တယ္။ Bro
နဲ႔ တတြဲတြဲျဖစ္ေနတာကိုလည္း ကြ်န္ေတာ္
ရွက္မေနဘူး။ Bro ကြ်န္ေတာ့္ကို ဂရုစိုက္ရင္
ကြ်န္ေတာ္ ေက်နပ္တယ္။ Bro ေနမေကာင္း
ျဖစ္မွာ စိုးရိမ္တယ္။ Bro နားမွာမိန္းကေလးေတြ
ဝိုင္းေနတာကို မႀကိဳက္ဘူး။ သူတို႕ကို ျပန္ျပံဳးျပ
ျပီး Bro မ်က္ႏွာႀကီး တဟီးဟီးျဖစ္ေနရင္
ကြ်န္ေတာ္ေဒါသေတြပိုထြက္တယ္။ Bro ငိုေန
ရင္ ကြ်န္ေတာ္ စိတ္တိုတယ္။ ကြ်န္ေတာ့္ေႀကာင့္
ဆိုရင္ ကြ်န္ေတာ့္ကို ကြ်န္ေတာ္စိတ္တုိတယ္။
Bro အခုလို ပံုစံျဖစ္ေနေတာ့ ကြ်န္ေတာ္ပိုျပီး..."
"ေက်းဇူးပါ ကေလးရယ္။ ရပါတယ္ ကိုယ္သိ
တယ္။ ကေလး ကို နားလည္တယ္"
ကြ်န္ေတာ့္ကို ေနာက္တစ္ႀကိမ္ထပ္ကာ သိုင္းဖက္
ျပန္သည္။ ဒီတစ္ခါေတာ့ မင္သက္မေနေတာ့။
သူ႔လက္ေမာင္းေတြ ႀကားမွ အတင္းရုန္းထြက္ျပီး
"နားလည္ရင္ အိမ္ျပန္။စာက်က္။"
ဟူ၍ မ်က္ႏွာထားတည္တည္ထားကာ ဆူပူရ
သည္။
ျပံဳးရင္းႀကည့္ေနေပမယ့္ သူ႔မ်က္ဝန္းထဲတြင္
အရည္ႀကည္ေတြ ရစ္သိုင္းေန၏။ဒါ ႀကာနီကန္
ဆရာေတာ္ ေျပာဖူးတဲ့ အငိုမ်က္လံုးအျပံဳးမ်က္ႏွာ
ဆိုတာမ်ားလား?
"ကေလး စိတ္ဆင္းရဲေအာင္ ကို မဆိုးေတာ့
ပါဘူး။အခုစာေမးပြဲ တစ္ခါတည္းနဲ႔ေအာင္ေအာင္
ေျဖပါ့မယ္ ေနာ္"
"ဒါဆို ျပန္ေတာ့..."
ခပ္တိုးတိုးရယ္ရင္း
"စာေမးပြဲရွိသူကို ႀကင္နာပါဗ်ာ...ဆုေႀကးဒဏ္
ေႀကး ေလးနဲ႔ပဲ ျဖစ္ျဖစ္motivateလုပ္ေပးပါ"
"ကေလးလား?"
"ကေလးေတာ့ မဟုတ္ဘူး။ ကေလးရဲ႕..."
"စာေမးပြဲျပီးရင္ အစီအစဥ္ေျပာျပမယ္။ ေအာင္
ေအာင္ပဲ ေျဖပါဦး"
"ဟုတ္ပါျပီဗ်ာ"
"ျပန္ေတာ့ဆိုဗ်ာ"
သူ လမ္းႀကားထဲ တစ္ခ်က္လွမ္းေမွ်ာ္ႀကည့္ျပီး
"ကို ကေလးတို႕ အိမ္ေရွ႔ထိ လိုက္ပို႕မယ္"
"မလိုဘူး။ ရတယ္"
"ဒီ ဖိနပ္အျပတ္နဲ႔လား?"
ဟာ...သူေျပာမွ ငံု႕ႀကည့္မိသည္။ ကြၽန္ေတာ္
ဘယ္တစ္ဖက္ ညာတစ္ဖက္ စြပ္လာတာပဲ။
တစ္ဖက္က ေဖေဖအိမ္ေနရင္းစီး ဆင္ႀကယ္ ဖိနပ္
ျဖစ္ျပီး ေနာက္တစ္ဖက္က မေတာ္မတရားစြပ္ခံ
လိုက္ရ၍ သဲႀကိဳးတစ္ဖက္ျပတ္သြားေသာ ေမေမ့
၏ ကတၱီပါဖိနပ္။
ရွက္လိုက္တာ။
"လာ ကိုယ့္ဖိနပ္စီး။"
ဒူးေထာက္ထိုင္ခ်လ်က္ ဖိနပ္ကို အတင္းခြ်တ္ျပန္
၏။
"ဟာ...ရတယ္။ မဝတ္"
"မဝတ္ရင္ အိမ္အထိ ကုန္းပိုးေခၚမွာေနာ္။ မႏိုင္
ဘူးထင္ရင္..."
ႀသ...တတ္လည္းတတ္ႏိုင္တဲ့ Bro။ ခုနက
မ်က္ရည္ပိုးေပါက္ က်ခဲ့တာ သူမဟုတ္သလိုကို
ခုမ်ားေတာ့ ျပံဳးခ်ိဳေနတာ။ ဖိုးျပံဳးခ်ိဳ ဝင္စားထား
သလား ထင္ရသည္။
"ဇြတ္ပဲဗ်ာ..."
"အဲ့ဖိနပ္ေတြ အမႈိက္ပံုးထဲထည့္ျပီးလက္စေဖ်ာက္
္ခဲ့...မဟုတ္ရင္ ကေလးဆူခံထိမယ္"
"ဆူခံထိေအာင္ လုပ္တာ ဘယ္သူလဲ?"
"ကို ေတာင္းပန္ပါတယ္။ ကေလး စိတ္ပူရမယ့္
အလုပ္မ်ိဳးေတြ ေနာက္ မလုပ္ေတာ့ပါဘူး"
"ေယာေက်ာ္းကတိတည္ပါေစ"
လမ္းႀကားထဲ တစ္ခါျပန္ဝင္ရျပန္သည္။ တစ္ေယာက္တည္းေျပးလာတုန္းက မေႀကာက္
သေလာက္ အခု ေဘးနားကေန ေျခဗလာနဲ႔
တိတ္တိတ္ဆိတ္ဆိတ္လိုက္လာေပးတဲ့ လူနား
မွာ ရွိမွ ႀကက္သီးေတြထ လာရေသး။
ကြ်န္ေတာ္ႀကိဳတင္စိုးရိမ္တာလား ေမ်ွာ္လင့္တာ
လား မသဲကြဲေသာ အျပဳအမူမ်ိဳးေတြ သူမလုပ္ခဲ့
ပါဘူး။ အိမ္ေရွ႕ ျခံဝထိသာ လိုက္ပို႕ျပီး အိမ္ထဲ
မဝင္ေသးေသာ ကြ်န္ေတာ့္ကို ျပံဳးရင္းသာ
ေငးေန၍ ကြ်န္ေတာ္မေနတတ္ေတာ့စြာ ျခံထဲ
အျမန္ဝင္ခဲ့ရသည္။
အခုကြ်န္ေတာ္တို႕ႏွစ္ေယာက္က ဘာေတြျဖစ္
သြားႀကျပီလဲ? ထူးေတာ့ထူးဆန္းတယ္မလား?
ေယာက်ာ္းေလးျဖစ္တဲ့ Broက သူ႕ေဘးနားက
ဆရာဝန္မမလွလွေတြ သူေဌးသမီးေတြ ကိုေက်ာ္
ျပီး ကြ်န္ေတာ့္ကို ခ်စ္တယ္ေျပာတာ။
ကြ်န္ေတာ္မုန္႔မေကြ်းခ်င္လို႕ ပတ္ေပးခဲ့တဲ့ ပရိတ္
ႀကိဳးကို ခုခ်ိန္ထိ ပတ္ထားတဲ့ထိ အစြဲအလမ္းႀကီး
တဲ့ Bro ကို ကြ်န္ေတာ့္ေႀကာင့္ စိတ္ဆင္းရဲ
ကိုယ္ဆင္းရဲ မျဖစ္ေစခ်င္ေတာ့...
ခုဆို ကြ်န္ေတာ့္ကို ျပံဳးႀကည့္ေနတဲ့ Bro ကို
ႀကည့္ျပီး ကြ်န္ေတာ္လည္းေပ်ာ္တာပဲေလ။
ဒါဆို လူႏွစ္ေယာက္ အတူူတူရွိေနဖို႕ အေႀကာင္း
လံုေလာက္ျပီပဲ မဟုတ္လား?
Bro၏ စိတ္မခ်သလိုလို လွည့္ႀကည့္လွည့္ႀကည့္
နဲ႔ ျပန္သြားတဲ့ ပံုစံရယ္...
"Good night ေနာ္ ကေလး" ဆိုတဲ့
ႏႈတ္ဆက္သံရယ္။
ဒါေတြက ေဆာင္းညဥ့္အိပ္မက္လွလွတစ္ခုထက္
ပို ရင္ခုန္ဆြတ္ပ်ံဖြယ္ေကာင္းတယ္။
Thank You All
ကဲ Offical အဆြိေတြ စပါေတာ့မည္။
(Unicode)
/
/
/
" ခင်ဗျားမကောင်းဘူး"
ဘယ်လောက်ကြာကြာစောင့်နေနိုင်မှာလဲ?? အကဲမစမ်းရဲ။ အခန်းတံခါးအသံမထွက်အောင်ဖွင့် မီးမဖွင့်ထားတဲ့ အိမ်ရှေ့ခန်းကိုဖြတ်ကာ ညအမှောင်ထဲငိုက်မြည်းနေပြီဖြစ်သောလမ်းမ
ထက် စတင်ခြေချသည်နှင့် ဆောင်းလေက
ဝှေ့ဝဲကြိုဆို၏။
ကျွန်တော်တို့ ဆိတ်ငြိမ်ရပ်ကွက်ငယ်တွင် တောင်တောင်အီအီလျှောက်သွားနေသော ခွေးလေခွေးလွင့် တစ်ကောင်နှစ်ကောင်သည်သာ သက်ရှိအဖြစ်ရပ်တည်နေသည်။
ယောကျာ်းလေးဖြစ်လင့်ကစား ထိုသို့အချိန်မတော် ကျွန်တော်အပြင်မထွက်ခဲ့ဖူး
ဘူး။အိမ်စီးဖိနပ်ကို ဖြစ်သလိုစွပ်၍ ခပ်မှောင်မှောင်လူသူပြတ်လမ်းသွယ်တွေထဲ ဖိနပ်ခြေသံ တဖြပ်ဖြပ်မြည်အောင်ပြေးလွှားနေမိ
သည်။ တဒိတ်ဒိတ်တုန်ယင်နေသော ရင်အစုံ
သည် မောဟိုက်မှုနဲ့ လှိုက်ခုန်နေတော့...
ကျွန်တော့်ဒူးတွေပါတဆက်ဆက်ဖြစ်လျက်ခြေ
လှမ်းတို့ကအနိုင်နိုင်။ မှောင်ရိပ်ထဲမှနေ၍ တဇွတ်ထိုးပြေးလာသော ကျွန်တော့်အား
မည်းမည်းမြင်ရာထိုးဟောင်တတ်သော ခွေးတွေ
လိုက်ဆွဲမှာလည်း မကြောက်နိုင်။
တဆက်ဆက်တုန်ယင်ခုန်မြည်နေသောရင်ခုန်သံ၊ ကျွန်တော်ဟာ ယောကျာ်းတစ်ယောက်၊
ကိုယ့်အပေါင်းအသင်းမဟုတ်သော ယောကျာ်း
တစ်ယောက် အထူးသဖြင့် ကျွန်တော့်ကို
လွမ်းတယ် ဟူ၍ ဖွင့်ဟလာသူတစ်ယောက်
အတွက်အိမ်ကမသိအောင်ပင် ခိုးထွက်ရဲ
နေပြီတဲ့လား။
လှမ်းခေါ်ချင်ပါသော်လည်း မောဟိုက်လွန်းလှ၍
အသံထွက်မလာ။ လမ်းမီးဓာတ်တိုင်အလင်းမှိန်
မှိန်ဖြာကျနေသော လမ်းထိပ်အုတ်ခုံတွင် ငြိမ်သက်စွာ ထိုင်နေသော Bro... ခေါင်းတွေငုံ့
ထားသော သူ့ပုံစံကိုငေးရင်း ဝဲဘက်ရင်အုံ
ဆစ်ခနဲအောင့်တက်လာရသည်။
ကားရှင်းနေသော လမ်းကို ဝဲညာတစ်ချက်ကြည့်
၍ သူရှိရာသို့ ထပ်မံပြေးရပြန်သည်။
"Bro~~"
မမျှော်လင့်ထားဘူးလား? လဲ့ကနဲဖြစ်သွားသော
သူ့မျက်ဝန်းတွေ ဖြတ်ခနဲတွန့်ကွေးတက်သွား
သော နှုတ်ခမ်းသားတွေ။ သေချာပြီ။
သူ ကျွန်တော့်ကို တကယ်မမျှော်လင့်ထားဘူးပဲ...
နွမ်းလျလျနဲ့ငေးငိုင်နေသောသူ့ဘေးဝင်ထိုင်တဲ့ ကျွန်တော့်ကို ငဲ့ကြည့်သည်။ တခဏသာဖြစ်မည်ဟု
ထင်ခဲ့ပေမယ့်...အံ့ဖွယ်တစ်ပါးကို ငေးကြည့်နေ
ဟန်ရှိသော အကြည့်တွေသည် မိနစ်တွေကို
လွယ်လွယ်ကူကူပင် တိုက်စားပစ်လိုက်သည်။
ကျွန်တော် ဘာစကားပြော၍ ဘယ်လိုပြန်လွှတ်
သင့်သည် မဆုံးဖြတ်နိုင်ခင် သူ့အကြည့်တွေ
ကို ခေါက်သိမ်းသွားခဲ့ပြီ။
ဆို့နင့်လာသည်။ တင်းပြည့်မွန်းကျပ်သည်။ ခုချိန်
တစ်ခုခုကို ပေါက်ကွဲအော်ဟစ်ပစ်လိုက်ချင်သည်။
"ဘာလို့လဲ??မနက်ဖြန် စာမေးပွဲလေ။ စာမေးပွဲ
ရှိတာကို ဒီမှာ ဘာထိုင်လုပ်နေတာလဲ?"
ဆက်မပြောနိုင်တော့လောက်တဲ့ထိ ကျွန်တော့်
နှုတ်ခမ်းတွေ တဆက်ဆက်နဲ့တုန်ယင်လာ၍
သွားများနှင့်ကိုက်ကာ ထိန်းထားရသည်။
သူခေါင်းကိုငုံ့ထားဆဲ။အပြစ်သားတစ်ယောက်၏
မည်သည့်ပြစ်ဒဏ်လာလာ လည်စင်းခံနေပေးမည်
ဟူသော ဟန်ပန်။မတုန်မလှုပ်နဲ့ရှိနေသော သူ့ကို အားမလိုအားမရဖြစ်လာရသည်။
"ပြန်ပါတော့..."
မျက်နှာလွှဲရင်း နှင်တော့လည်း သူမလှုပ်မယှက်
ငြိမ်သက်နေဆဲ။
"ခင်ဗျားကို ပြန်တော့လို့ ပြောနေတယ်လေ။
ကျောက်ရုပ်လိုထိုင်နေတော့မှာလား?"
ငုံ့ထားသော သူ့မျက်နှာထက်မှ အရည်ကြည်
တစ်စက်သည် တင်းတင်းဆုပ်ခြေထားသော
သူ့ လက်တွေပေါ်ကျဆင်း၏။အသံတစ်ချက်
မထွက်ပဲ မျက်ရည်ကျလာဖို့ ဘယ်လောက်ထိ
တောင့်ခံမြိုသိပ်ထားရမလဲ?
"Bro...ကျွန်တော်ပြောနေတယ်လေ။ ပြန်ပါ
တော့။ ဘာလို့ ဒုက္ခတွေလာပေးနေရတာလဲ"
ပိုးပိုးပေါက်ပေါက်နဲ့ ကျဆင်းလာသော မျက်ရည်
တွေအား အငြိုးကြီးကြီးနဲ့ ဖယ်ရှားပစ်ရသည်။
သို့ပေမယ့် စိတ်ပျက်စရာကောင်းစွာ ထိုမျက်ရည်
များကို သူဖမ်းမိသွား၏။
တောက် ခေါက်မိသည်အထိ ကိုဟ့်ကိုကိုယ်ဒေါ
ကန်သည်။
"တောင်းပန်ပါတယ်...ကို တောင်းပန်
ပါတယ်။ ကလေးကို စိတ်ဆင်းရဲအောင်လုပ်မိ
တဲ့ အတွက် တောင်းပန်ပါတယ်။မငိုပါနဲ့။
ကို တောင်းပန်ပါတယ်"
မျက်မှန်အောက်မှ ကျဆင်းခုန်ချလာသော မျက်ရည်များကို သုတ်ပေးရင်း ကျွန်တော့်ကိုတင်း
တင်းကြပ်ကြပ် ပွေ့ဖက်လာ၏။ ကျွန်တော်
မရုန်းကန်ဖြစ်။ သူ့ ပုခုံးပေါ် မေးတင်လျက်
ဒေါသတကြီး ငိုနေသော ကျွန်တော့်ကို
ကျောမှ ခပ်ဖွဖွ သပ်ချပေးရင်း ချော့နေသေး၏။
"တောင်းပန်ပါတယ်။ ကို လွမ်းလာလို့ပါ။ ဒီလို
တွေ မလုပ်သင့်မှန်းသိပေမယ့် ကို မင်း ကိုလွမ်း
လို့ပါ"
သူ၏ ချော့မော့မှုတွေထဲ ဦးညွှတ်ပျော့မကျသွား
ချင်တဲ့ စိတ်နဲ့ သူ့လက်တွေကြားမှ ရုန်းထွက်မိ
သည်။
"ဘယ်သူက လွမ်းခိုင်းလို့လဲ? ခင်ဗျားနဲ့ ကျွန်တော်က ဘာဆိုင်လို့ လွမ်းရမှာလဲ? သွား!
ပြန်ဗျာ"
ကျွန်တော်အော်လည်းအော်ဟစ်၊ ခန္ဓာကိုယ်တစ်ခု
လုံးတုန်ယင်လောက်အောင် ထွက်နေသောဒေါသ
တွေကို မြိုချပြီး ထရပ်မိသည်။ ဒီလူရှေ့မှ ထပ်ငို
မိပြန်ပြီ။ အားနည်းတဲ့ ပုံစံကို ထပ်ပြမိပြန်ပြီ။
"ချစ်လို့..."
လှမ်းလက်စခြေလှမ်းတို့ကို ကျွန်တော့်ပုခုံးများမှ
တစ်ဆင့် ရပ်တန့်အောင်သူစွမ်းနိုင်သည်။
သို့ပေမယ့် ခုန်လက်စ နှလုံးသားနှစ်စုံကိုတော့
သူရပ်တန့်မထားနိုင်။
ကျောပြင်တစ်ခုလုံး သူ့ရင်ခွင်နဲ့ ကပ်မိလျက်
သူ့ရင်ခုန်သံသည် ကျွန်တော့်ကျောပြင်ပေါ်
အတိုင်းသားခုန်နေ၏။
အနောက်မှသိုင်းကာထွေးပိုက်ထားရာတွင်
အရပ်ကွာဟမှုကြောင့် သူ၏ မေးဖျားက
ကျွန်တော့်ခေါင်းပေါ်မှာ...
"ချစ်တယ်။ ကလေးကို ဆိုင်ရဖို့ ပိုင်ရဖို့ထက်
ကို ကလေးကို ချစ်တယ်။ ကလေးလည်း သိတယ်
မလား?ကို ကလေး ငယ်ငယ်လေးတည်းက
ချစ်လာရတာကိုလေ..."
ကျွန်တော်ပြန်မဖြေဖြစ်။ ယိုင်နေသော ဒူးတွေ
ခွေမကျသွားအောင်သာ ထိန်းထားရသည်။
ကျွန်တော့်ကို သိုင်းဖက်ထားသော သူ့လက်ဖျံ
ပေါ်မှ ပရိတ်ကြိုးနီနီကိုသာတွေငေးနေမိသည်။
"လွှတ်ပါ"
တိုးညှင်းတုန်ယင်နေသော ကျွန်တော့်စကားသည်
နူးညံ့သောအာဏာတစ်ခုအဖြစ်ရပ်တည်ခွင့်ပြု
သည်။
ပြန်ငုံ့ကြည့်လာသော သူ့မျက်နှာကို ကျွန်တော်
မော့ကြည့်တော့ ကျွန်တော့်မျက်လုံးတွေကိုသာ
သူငေးစိုက်ကြည့်ရင်း အဖြေတစ်ခုခုကိုရှာဖွေနေ
၏။
"ကလေး စဉ်းစားပါ။ ဒါ ကလေးအတွက် ထူးဆန်း..."
"မထူးဆန်းပါဘူး။ Bro ကျွန်တော့်ကို ချစ်တယ်။
ဒါ ကျွန်တော်သိတယ်။ သိတာလည်း အခုမှ မဟုတ်ဘူး။ ကျွန်တော်မသိတာက အခု ကျွန်တော့်စိတ်ထဲ ရှိနေတာက Broနဲ့ထပ်တူ
ကျလား မကျလားဆိုတာပဲ ကျွန်တော်မသိတာ"
ကျွန်တော်စကားစဖြတ်ရင်း သူ့ကို့ပြန်ကြည့်ရ
သည်။ ကျွန်တော်ပြောသမျှကို အလေးအနက်
နားထောင်နေတာတွေ့ရတော့ လူက အိုက်စပ်စပ်
ကြီးဖြစ်လာသလိုပဲ။ မျက်နှာမထားတတ်စွာ
ခေါင်းငုံ့ရင်း ဆက်ပြောရမှာက ကျွန်တော့်
တာဝန်ပဲ
"ကျွန်တော့် Bro ကိုတွေ့ရရင်ပျော်တယ်။ Bro
နဲ့ တတွဲတွဲဖြစ်နေတာကိုလည်း ကျွန်တော်
ရှက်မနေဘူး။ Bro ကျွန်တော့်ကို ဂရုစိုက်ရင်
ကျွန်တော် ကျေနပ်တယ်။ Bro နေမကောင်း
ဖြစ်မှာ စိုးရိမ်တယ်။ Bro နားမှာမိန်းကလေးတွေ
ဝိုင်းနေတာကို မကြိုက်ဘူး။ သူတို့ကို ပြန်ပြုံးပြ
ပြီး Bro မျက်နှာကြီး တဟီးဟီးဖြစ်နေရင်
ကျွန်တော်ဒေါသတွေပိုထွက်တယ်။ Bro ငိုနေ
ရင် ကျွန်တော် စိတ်တိုတယ်။ ကျွန်တော့်ကြောင့်
ဆိုရင် ကျွန်တော့်ကို ကျွန်တော်စိတ်တိုတယ်။
Bro အခုလို ပုံစံဖြစ်နေတော့ ကျွန်တော်ပိုပြီး..."
"ကျေးဇူးပါ ကလေးရယ်။ ရပါတယ် ကိုယ်သိ
တယ်။ ကလေး ကို နားလည်တယ်"
ကျွန်တော့်ကို နောက်တစ်ကြိမ်ထပ်ကာ သိုင်းဖက်
ပြန်သည်။ ဒီတစ်ခါတော့ မင်သက်မနေတော့။
သူ့လက်မောင်းတွေ ကြားမှ အတင်းရုန်းထွက်ပြီး
"နားလည်ရင် အိမ်ပြန်။စာကျက်။"
ဟူ၍ မျက်နှာထားတည်တည်ထားကာ ဆူပူရ
သည်။
ပြုံးရင်းကြည့်နေပေမယ့် သူ့မျက်ဝန်းထဲတွင်
အရည်ကြည်တွေ ရစ်သိုင်းနေ၏။ဒါ ကြာနီကန်
ဆရာတော် ပြောဖူးတဲ့ အငိုမျက်လုံးအပြုံးမျက်နှာ
ဆိုတာများလား?
"ကလေး စိတ်ဆင်းရဲအောင် ကို မဆိုးတော့
ပါဘူး။အခုစာမေးပွဲ တစ်ခါတည်းနဲ့အောင်အောင်
ဖြေပါ့မယ် နော်"
"ဒါဆို ပြန်တော့..."
ခပ်တိုးတိုးရယ်ရင်း
"စာမေးပွဲရှိသူကို ကြင်နာပါဗျာ...ဆုကြေးဒဏ်
ကြေး လေးနဲ့ပဲ ဖြစ်ဖြစ်motivateလုပ်ပေးပါ"
"ကလေးလား?"
"ကလေးတော့ မဟုတ်ဘူး။ ကလေးရဲ့..."
"စာမေးပွဲပြီးရင် အစီအစဉ်ပြောပြမယ်။ အောင်
အောင်ပဲ ဖြေပါဦး"
"ဟုတ်ပါပြီဗျာ"
"ပြန်တော့ဆိုဗျာ"
သူ လမ်းကြားထဲ တစ်ချက်လှမ်းမျှော်ကြည့်ပြီး
"ကို ကလေးတို့ အိမ်ရှေ့ထိ လိုက်ပို့မယ်"
"မလိုဘူး။ ရတယ်"
"ဒီ ဖိနပ်အပြတ်နဲ့လား?"
ဟာ...သူပြောမှ ငုံ့ကြည့်မိသည်။ ကျွန်တော်
ဘယ်တစ်ဖက် ညာတစ်ဖက် စွပ်လာတာပဲ။
တစ်ဖက်က ဖေဖေအိမ်နေရင်းစီး ဆင်ကြယ် ဖိနပ်
ဖြစ်ပြီး နောက်တစ်ဖက်က မတော်မတရားစွပ်ခံ
လိုက်ရ၍ သဲကြိုးတစ်ဖက်ပြတ်သွားသော မေမေ့
၏ ကတ္တီပါဖိနပ်။
ရှက်လိုက်တာ။
"လာ ကိုယ့်ဖိနပ်စီး။"
ဒူးထောက်ထိုင်ချလျက် ဖိနပ်ကို အတင်းချွတ်ပြန်
၏။
"ဟာ...ရတယ်။ မဝတ်"
"မဝတ်ရင် အိမ်အထိ ကုန်းပိုးခေါ်မှာနော်။ မနိုင်
ဘူးထင်ရင်..."
သြ...တတ်လည်းတတ်နိုင်တဲ့ Bro။ ခုနက
မျက်ရည်ပိုးပေါက် ကျခဲ့တာ သူမဟုတ်သလိုကို
ခုများတော့ ပြုံးချိုနေတာ။ ဖိုးပြုံးချို ဝင်စားထား
သလား ထင်ရသည်။
"ဇွတ်ပဲဗျာ..."
"အဲ့ဖိနပ်တွေ အမှိုက်ပုံးထဲထည့်ပြီးလက်စဖျောက်
်ခဲ့...မဟုတ်ရင် ကလေးဆူခံထိမယ်"
"ဆူခံထိအောင် လုပ်တာ ဘယ်သူလဲ?"
"ကို တောင်းပန်ပါတယ်။ ကလေး စိတ်ပူရမယ့်
အလုပ်မျိုးတွေ နောက် မလုပ်တော့ပါဘူး"
"ယောကျော်းကတိတည်ပါစေ"
လမ်းကြားထဲ တစ်ခါပြန်ဝင်ရပြန်သည်။ တစ်ယောက်တည်းပြေးလာတုန်းက မကြောက်
သလောက် အခု ဘေးနားကနေ ခြေဗလာနဲ့
တိတ်တိတ်ဆိတ်ဆိတ်လိုက်လာပေးတဲ့ လူနား
မှာ ရှိမှ ကြက်သီးတွေထ လာရသေး။
ကျွန်တော်ကြိုတင်စိုးရိမ်တာလား မျှော်လင့်တာ
လား မသဲကွဲသော အပြုအမူမျိုးတွေ သူမလုပ်ခဲ့
ပါဘူး။ အိမ်ရှေ့ ခြံဝထိသာ လိုက်ပို့ပြီး အိမ်ထဲ
မဝင်သေးသော ကျွန်တော့်ကို ပြုံးရင်းသာ
ငေးနေ၍ ကျွန်တော်မနေတတ်တော့စွာ ခြံထဲ
အမြန်ဝင်ခဲ့ရသည်။
အခုကျွန်တော်တို့နှစ်ယောက်က ဘာတွေဖြစ်
သွားကြပြီလဲ? ထူးတော့ထူးဆန်းတယ်မလား?
ယောကျာ်းလေးဖြစ်တဲ့ Broက သူ့ဘေးနားက
ဆရာဝန်မမလှလှတွေ သူဌေးသမီးတွေ ကိုကျော်
ပြီး ကျွန်တော့်ကို ချစ်တယ်ပြောတာ။
ကျွန်တော်မုန့်မကျွေးချင်လို့ ပတ်ပေးခဲ့တဲ့ ပရိတ်
ကြိုးကို ခုချိန်ထိ ပတ်ထားတဲ့ထိ အစွဲအလမ်းကြီး
တဲ့ Bro ကို ကျွန်တော့်ကြောင့် စိတ်ဆင်းရဲ
ကိုယ်ဆင်းရဲ မဖြစ်စေချင်တော့...
ခုဆို ကျွန်တော့်ကို ပြုံးကြည့်နေတဲ့ Bro ကို
ကြည့်ပြီး ကျွန်တော်လည်းပျော်တာပဲလေ။
ဒါဆို လူနှစ်ယောက် အတူူတူရှိနေဖို့ အကြောင်း
လုံလောက်ပြီပဲ မဟုတ်လား?
Bro၏ စိတ်မချသလိုလို လှည့်ကြည့်လှည့်ကြည့်
နဲ့ ပြန်သွားတဲ့ ပုံစံရယ်...
"Good night နော် ကလေး" ဆိုတဲ့
နှုတ်ဆက်သံရယ်။
ဒါတွေက ဆောင်းညဉ့်အိပ်မက်လှလှတစ်ခုထက်
ပို ရင်ခုန်ဆွတ်ပျံဖွယ်ကောင်းတယ်။
Thank You All
ကဲ Offical အဆွိတွေ စပါတော့မည်။