Come And Find Me

By DeerbaoziChenlay997

549K 47.4K 2K

Come and Find me ! SEXIU More

>> O N E <<I n t r o >>
>>T H R E E <<
>> F O U R <<
>> F I V E <<
>> S I X <<
>> S E V E N <<
>> E I G H T <<
>> N I N E <<
>> T E N <<
>> E N E V E N<<
>> T W E L V E <<
>> T H I R T E E N <<
Please !Read
>> T H I R T E E N <<
>> F O U R T E E N <<
>> F I F T E E N <<
>> S I X T E E N <<
>> S E V E N T E E N <<
>> E I G H T E E N <<
>> N I N E T E E N <<
>>N I N E T E E N<<part2>>
>>T W E N T Y <<
>>TWENTY-ONE<<
>>TWENTY-TWO<<
>>TWENTY-THREE<<
>>TWENTY-FOUR<<
>> TWENTY-FIVE<<
>>TWENTY-SIX<<
>>TWENTY-SEVEN<<
>>TWENTY-EIGHT<<
>>TWENTY-NINE<<
>>T H I R T Y <<
>>THIRTY-ONE<<
ရှင်းတမ်း
>>THIRTY-TWO<<
>>THIRTY-THREE<<
>>THIRTY-FOUR<<
>>THIRTY-FIVE<<
>>THIRTY-SIX<<
>>THIRTY-SEVEN<<
>>THIRTY-EIGHT<<
>>THIRTY-NINE<<
>> FOURTHY <<
>>FOURTHY-ONE<<
>> FOURTHY-TWO<<
>>FOURTHY-THREE<<
>>FOURTHY-FOUR<<
>> F I N A L <<
❣❣

>> T W O <<

14.4K 1.2K 13
By DeerbaoziChenlay997

Come_And_Find_Me

Hey Baby!

မင်းဘက်​က ​ထောင်​​သောင်းများစွာ​သော ဆန္ဒ​တွေကို
ကိုယ့်​ကို​ပြောပြလိုက်​ရုံနဲ့ ကိုယ်​အားလုံး ဖြည့်​ဆည်း​ပေး
နိုင်​တယ်​ !! တခုပဲ ကိုယ်​လိုချင်​တာက မင်း ပဲ ။

Only You ✔

__________________________________

မ​နေ့က မက်​သည့်​အိမ်​မက်​ဆိုး​ကြောင့်​ ကျွန်​​တော်
တ​ယောက်​ အိပ်​​ရေးပျက်​ကာ မျက်​ကွင်းညိုနှင့်
ဝက်​ဝံတစ်​​ကောင်​လို ဖြစ်​​နေသည်​ ။ ​နှေး​ကွေး​သော
ခြေလှမ်း​တွေနှင့်​ တက္ကသိုလ်​ဝင်းထဲ ​ခြေချမိ​လေ​တော့
အ​ရောင်​စုံ​နေသည့်​ အကြည့်​တွေက ​ကြောက်​ခမန်း
လိလိ ဝင်​ပစ်​လာခဲ့​ချေသည်​။

မဟုတ်​မှ ! ကျွန်​​တော့်​မက်​ခဲ့သည့်​ အိမ်​မက်​​ဆိုးကို
သူတို့လဲ မက်​ခဲ့ကြသည်​ထင်​ပါ့ ။

မုဆိုး​တွေကြား မျက်​စိသူငယ်​နားသူငယ်​ဖြစ်​​နေသည့်
သား​ကောင်​တ​ကောင်​လို ကျွန်​​တော်​ ဖြစ်​​နေရသည်​။

အိမ်​မက်​ဆိုးက အကျိုးဆက်​ရလဒ်​​တွေပင်​ဖြစ်​သည်​။

"​ဆော့​လေး ! မ​နေ့က မင်း အိုဆယ်​ဟွန်း
ဆယ့်​တစ်​​ယောက်​​မြောက်​ရည်းစားဖြစ်​သွားပြီဆို "

ဖတ်​!ဆို ပုခုံး​ပေါ် ​ရောက်​လာတဲ့ အထိအ​တွေ့​ကြောင့်
အသက်​ရှူ​တွေရပ်​ကာ လူက ​ကျောက်​ရုပ်​တစ်​ရုပ်​လို
တောင့်​သွား​ချေသည်​ ။နောက်​မှ ပတ်​ဂျင်​ဝူး ဆို​သော
မိမိ၏ ရှားပါးသူငယ်​ချင်းလူသား ဆိုတဲ့အသိ​ကြောင့်
သက်​ပြင်းချနိုင်​သည်​ ။

အိမ်​မက်​ဆိုးသည်​ ပတ်​ဂျင်​ဝူး​ကြောင့်​ လက်​​တွေ့အဖြစ်
မှန်​ဆိုတာ လက်​ခံလိုက်​ရသည်​ ။

"​ဆော့​လေး ! မှန်းစမ်း ​ဟော်​ ~~
ကြောက်​စရာဖြစ်​​နေပြီ ဟိ "

သူ ဘယ်​​လောက်​ထိ စိတ်​ပျက်​​နေလိမ့်​မည်​လဲဆိုတာ
ရှားပါးသူငယ်​ချင်းက သိလျက်​နှင့်​ ကြည့်​ရယ်​​နေပြန်
သည်​ ။ ပတ်​ဂျင်​ဝူးသည်​ကား သူ၏ဆံပင်​​တွေကို
ခါကာ ခါကာနှင့်​ ကိုယ်​ကိုယမ်းကာ တဟိဟိလုပ်​​နေ
သေးသည်​ ။

"ဂျင်း​လေးရာ !! ငါ သူနဲ့ တွဲဖို့ အမိန့်​​ပေး
ခံရတာပါကွာ ၊ တက္ကသိုလ်​ဝင်းထဲက မိန်းမ
တွေကို ငါ​ကြောက်​တယ်​ ဂျင်း​လေးရ "

ရှားပါးသူငယ်​ချင်းသည်​ ကျွန်​​တော့်​ပါးနှစ်​ဖက်​ကို
လက်​နှစ်​ဖက်​စလုံးနှင့်​ ညှစ်​ကာ သွားဖြီးပြ​နေသည်​ ။

"ပြုံးစမ်းပါ ​ဆော့​လေးရာ ! မ​ကြောက်​ပါနဲ့
မင်းရည်းစားက သာမန်​လူမဟုတ်​ဘူး​လေ
အိုဆယ်​ဟွန်း ကွ "

ကြည့်​ရတာ ကျွန်​​တော်​၏ရှားပါးသူငယ်​ချင်းသည်
အိုဆယ်​ဟွန်း ကိုအထင်​ကြီး​နေပုံရသည်​ ။ ကျွန်​​တော်
က​တော့ အမည်​နာမ ကြားရုံနှင့်​ ​ကျောချမ်းမိသည်​။
သူ ကျွန်​​တော့်​ကို ဟာသလုပ်​ဖို့ ဆယ့်​တ​ယောက်
မြောက်​ရည်းစားဖြစ်​ခိုင်း​နေသည်​ကို ဂျင်း​လေးကလွဲ
လို့တက္ကသိုလ်​ဝင်းထဲက လူအကုန်​သိ​နေသည်​ ။

" ဟာ ​_ဆော့​လေး​ရေ !​​နောက်​မှ
မင်းရဲ့ အို​ဆယ်​ဟွန်း ကြီး ဟ "

ရှားပါးသူငယ်​ချင်းဂျင်း​လေးက သူ့လက်​နှစ်​ဖက်​ကို
အလျင်​အမြန်​ရုတ်​သိမ်းကာ ​အ​နောက်​ကို​မေး​ငေါ့ပြ
လေ​တော့ လှည့်​ကြည့်​မိ၏ ။ အိုဆယ်​ဟွန်း ကိုမြင်
လိုက်​သည့်​တခဏ အသက်​ရှူရပ်​မိပြန်​သည်​ ။
မ​နေ့ကမှ ကျွန်​​တော်​က သူ့အပိုင်​ပါဟု ​ကြေငြာ​မောင်း
ခတ်​ခဲ့​လေ​သော အိုဆယ်​ဟွန်း သည်​ နတ်​သား
တစ်​ပါးလို ကျွန်​​တော့်​ဆီလှမ်းလာ​နေသည်​ ။
အလယ်​ခွဲ ခွဲထားတဲ့​ငွေ​မင်​ရောင်​​ဆံပင်​​တွေသည်​သူနှင့်
မှ အလွန်​လိုက်​ဖက်​သည်​ ။ အဖြူ​ရောင်​ရှပ်​အင်္ကျီဖြူ
သည်​ ရှင်းသန့်​​နေသည်​ ။ ဒူးပြဲဂျင်းအနက်​​ရောင်​နှင့်
သူသည်​ ကြည့်​​ကောင်းလွန်းသည်​ ။ ရိုးရိုးရှင်းရှင်း​လေး
ဝတ်​ထား​သော်​ငြားသည်​ အိုဆယ်​ဟွန်း သည်
အများကြားထဲတွင်​ ထင်း​နေသည်​ ။ အရယ်​အပြုံးမရှိ
သော မျက်​နှာနှင့်​ဖြစ်​လင့်​​သော်​လည်း ၊ခပ်​တင်းတင်း
မျက်​နှာဖြစ်​​နေ​သော်​လည်း မိန်းက​လေးတိုင်း​ငေး
ုကြည့်​​နေရသူဖြစ်​သည်​ ။

ထိုသူက ကျွန်​​တော်​၏ ရည်းစားဦး ဆိုသည်​က
အိမ်​မက်​ဆန်​သည်​ ။

သူသည်​ ကျွန်​​တော့်​ဆီ ​ဦးတည်​လာ​နေချိန်​ ​ဘေးပတ်
လည်​မှာ ကျွန်​​တော်​တို့နှစ်​ဦးကိုစိတ်​ဝင်​တစားကြည့်
နေသူ​တွေလဲ ရှိ​နေသည်​ ။ မ​နေ့ကမှ အသစ်​စက်​စက်
တွဲသည့်​ ဆယ့်​တစ်​​ယောက်​​မြောက်​ရည်းစားနဲ့
အိုဆယ်​ဟွန်း ရဲ့​တွေ့ဆုံမှုအ​ပေါ်သိပ်​စိတ်​ဝင်​စား
နေပုံရသည်​ ။

အိုဆယ်​ဟွန်း ၏ ဆယ့်​တစ်​​ယောက်​​မြောက်​ရည်းစား
သည်​ တက္ကသိုလ်​ဝင်းထဲက အလှဘုရင်​မတစ်​ဦး
မဟုတ်​နေသည့်​အတွက်​ ပိုစိတ်​ဝင်​စား​နေကြသည်​။

သူ ကျွန်​​တော့်​မျက်​နှာချင်းဆိုင်​မှာ လမ်း​လျှောက်​လာ
နေ​ပေမဲ့ သူ ကျွန်​​တော့်​ကိုကြည့်​မ​နေပါ ။ ကျွန်​​တော်
သိ​နေသည်​ ။ သူ့မျက်​လုံး၏ အကြည့်​​တွေက ကျွန်​​တော်
၏ ညာ ဘက်​ ၊ ဘယ်​ ဘက်​ကိုသာ​ရောက်​လာတတ်
ပေမဲ့ ကျွန်​​တော့်​ဆီကို​တော့ဦးတည်​မလာပါ ။


အိုဆယ်​ဟွန်း သည်​ ကျွန်​​တော်​ဆီ ဦးတည်​လာ​နေခြင်း
မဟုတ်​ ။ သူ ကျွန်​​တော့်​​ဘေးက ဖြတ်​​လျှောက်​သွား
ချေသည်​ ။

ဘေးက ဖြတ်​အ​လျှောက်​မှာ အိုဆယ်​ဟွန်း ဆီက
အကြည့်​တချက်​ ​ရောက်​လာ​လေသည်​ ။သို့​သော်
ထိုအကြည့်​တို့မှာ သာမန်​ပင်​ မ​တော်​တဆကြည့်​မိ
သလို၊ အမှတ်​မထင်​ကြည့်​မိသလို အကြည့်​မျိုးဖြစ်
နေသည်​ ။ သူ ကျွန်​​တော့်​ကို ပြုံးပြဖို့မဆိုထားနှင့်
အ​လေးအနက်​ထား​သောအကြည့်​​တွေနှင့်​လဲမကြည့်
သွားပါ ။

ကျွန်​​တော်​ ​မေ့​လျော့သွားခဲ့ခြင်းဖြစ်​သည်​ ။
သူသည်​ အိုဆယ်​ဟွန်း ဆိုသည်​ကို ။

"​ဆော့​လေး !! ​ဆော့​လေး​ရေ "

ဂျင်​ဝူးက လက်​​မောင်းကိုဆွဲကိုင်​လှုပ်​လာ​တော့မှ
အိုဆယ်​ဟွန်း အားလိုက်​ကြည့်​​နေခြင်းကို ဘရိတ်​အုပ်
လိုက်​ရသည်​ ။ထို့​နောက်​ မိန်းမ​တွေ၏ ​အ​ပြောင်​အပျက်
အ​လှောင်​အရယ်​စကား​တွေက မတိုးမကျယ်​ထွက်
လာ​တော့သည်​ ။

အိုဆယ်​ဟွန်း ၏ ဆယ့်​တစ်​​ယောက်​​မြောက်​ရည်းစား
အမည်​ခံကျွန်​​တော်​သည်​ လှလှပပ အ​လှောင်​အ​ပြောင်
ခံ​နေရပြီဖြစ်​သည်​ ။

နာမည်​ကြီး ထမင်းငတ်​ဆိုသည်​မှာ ဒါမျိုးကို​ဆိုလိုခြင်း
ဖြစ်​မည်​ထင်​သည်​ ။

"အိုဆယ်​ဟွန်းရဲ့ ဆယ့်​တစ်​​ယောက်​ရည်းစားတဲ့
ဟိုက လှည့်​​တောင်​မကြည့်​ဘူးကွ ဟား ~~"

န​ဘေးဝန်းကျင်​က ပွဲကြည့်​ပရိသတ်​​တြွေုကား ကျွန်​​​တော့်​ကို​လှောင်​ရယ်​သူက ကိုယ်​ထင်​ပြသည့်​နှယ်
ဗိုက်​နှိပ်​ရယ်​ကာ ထွက်​လာ​လေသည်​ ။ လူ​ရှေ့ထွက်
ကာ ဟာသစကားနှင့်​ ကျွန်​​တော့်​အား ​လှောင်​​ပြောင်
ခြင်းပြတ်​လုံး​တွေ စတင်​ထုတ်​ကာ ပြဇာတ်​လုပ်​သည်​။

"အိုဆယ်​ဟွန်းက မင်းကိုမ​ပြောနဲ့ ယူဆိုရီကို
တောင်​ အဖတ်​လုပ်​ဂရုမစိုက်​ဘူးကွ "

လူ​ရှေ့ထွက်​ကာ ဟာသ သရုပ်​​​ဆောင်​လုပ်​သူ
ဂျွန်​မင်း သည်​ ကျွန်​​တော့်​​ခေါင်းကို လက်​နဲ့တချက်
ရိုက်​လာ​တော့သည်​ ။

ဒီ​နေ့မှာ ​ခေါင်းကိုလက်​နဲ့ပုတ်​ချအရိုက်​ခံရလျှင်​​နောက်
နေ့​တွေဆို ဒီထက်​ပိုဆိုးနိုင်​​ချေသည်​ ။ ဤကား
အိုဆယ်​ဟွန်း နှင့်​ ပတ်​သတ်​မိခြင်းရလဒ်​ဖြစ်​သည်​။

ကျွန်​​တော်​မ​ကျေနပ်​သည့်​အချက်​က ​ခေါင်းကိုအရိုက်
ခံရခြင်းဖြစ်​သည်​ ။ ဂျင်း​လေး ကျွန်​​တော့်​​ခေါင်းကို
လာပုတ်​စရင်​​တောင်​ ကျွန်​​တော်​တားမြစ်​တတ်​သည်​။
အခုသည်​က ​ခေါင်းကို လက်​နဲ့ အရိုက်​ခံလိုက်​ရခြင်း
ဖြစ်​သည်​။

" ဘာလဲ !! ​ဟော မ​ကျေနပ်​လို့ မင်းက
မိုက်​ကြည့်​ လာကြည့်​​နေတာလား _မ​ကျေနပ်​ရင်
အိုဆယ်​ဟွန်း ကို လှမ်း​ခေါ်လိုက်​​လေ ကြည့်​ပါဦး
အိုဆယ်​ဟွန်း က မင်းကိုနဲနဲ​လေး​တောင်​လှည့်​မကြည့်
ဘူးကွ __​ဟောဟိုးမှာ ​တွေ့လား "

ကျွန်​​တော်​၏ ​နောက်​​ကျောမလှမ်းမကန်းမှာ အိုဆယ်​ဟွန်း ရှိ​နေသည်​ ။ ဒါ​ပေမဲ့ သူ ကျွန်​​တော်​ရှိ
ရာကိုတချက်​က​လေး​တောင်​လှည့်​မကြည့်​​နေပါ ။
တ​ရွေ့​ရွေ့သွား​နေသည့်​ သူ့​ကျောပြင်​ကိုသာကြည့်
နေမိသည်​ ။ သူ ကြား​နေရလျက်​နှင့်​ မသိသလို
ကျောခိုင်းသွား​နေသည်​ ။

" ​ဆော့​လေး !! လာ ဂရုစိုက်​မ​နေနဲ့
အတန်းထဲသွားမယ်​ _ လာ "

ဂျင်း​လေး ဆွဲ​ခေါ်ရာ​နောက်​ အသက်​မဲ့​နေသည့်​လူနှယ်
ကျွန်​​တော်​ ပါသွား​ချေသည်​ ။ အတန်းထဲ ဝင်​သွား​​တော့
ကျွန်​​တော့်​အား ဝိုင်းကြည့်​လာသည့်​ မျက်​လုံး​တွေနဲ့
တန်းတိုး​လေပြန်​သည်​ ။

အရင်​​နေ့​တွေက ကျွန်​​တော်​ ဝင်​လာရင်​ ရှိသည်​လို့
တောင်​ဂရုမစိုက်​ကြသည့်​သူ​တွေမှ ဒီ​နေ့​တော့
မျက်​လုံး​တွေ၏ အကြည့်​​တွေနှင့်​ ဆီးကြို​နေသည်​။
မေး​ငေါ့ကာတမျိုး ၊ မျက်​စပစ်​ပြကာတဖုံ နှင့်​ ကျွန်​​တော်
၏ အ​ကြောင်းကို ​လှောင်​ရယ်​​နေကြသည်​ ။ လက်​ညိုး
ငေါက်​​ငေါက်​ထိုးကာ ဝိုင်း​အော်​ဟစ်​မရယ်​ကြသည်​က
တော်​ခါကျဦးမည်​ဟူ ထင်​မိသည်​ ။

နေ့တွင်းညတွင်းချင်း ကျွန်​​တော်​သည်​ တက္ကသိုလ်
ဝန်းထဲက မိန်းမ၊​ယောင်္ကျား​တွေကြား နာမည်​ကြီး
ရေပန်းစားလာခဲ့သည်​ ။

စောင့်​ကြည့်​ခံရဆုံးပုဂ္ဂိုလ်​ဖြစ်​လာခဲ့သည်​ကို ဂုဏ်​ယူ
ရမလိုပင်​ဖြစ်​သည်​ ။

ဆရာ/ဆရာမ​တွေ တ​ယောက်​ချင်းစီ ဝင်​ကာ အလှည့်
ကျစာသင်​သွား​သော်​ငြားလည်း ကျွန်​​တော်​ စာတလုံး
မှ မစု​ဆောင်းမိနိုင်​ပါ ။

အတန်းချိန်​ပြီးလို့ အခန်းထဲကထွက်​လျှင်​ ​ခြေထိုးခံ
ကာ ​လှောင်​​ပြောင်​တတ်​ကြ​သေးတာမို့ ဟပ်​ထိုးလဲ
မတတ်​ဖြစ်​​သေးသည်​ ။ ​​နောက်​က​နေ အတွန်းခံရ
သေးသည်​ ။ လုံး​ခြေထား​သော စက္ကူလုံး​တွေက
ကျွန်​​တော့်​ဆီပျံဝဲလာတတ်​​သေးသည်​ ။

"အိုဆယ်​ဟွန်း ! "

"နာမည်​​​တောင်​မကြားချင်​ဘူး ဂျင်​​လေး "

တက္ကသိုလ်​ဝင်းထဲက ထွက်​ဖို့​ ဂျင်​​လေးနဲ့အတူ လမ်း
လျှောက်​လာ​နေတုန်း အိုဆယ်​ဟွန်း ​ဆို​သောအမည်
ကြောင့်​ လက်​ပြတားမြစ်​မိသည်​ ။

"လာ​နေပြီ မင်းဆီကို ​ဆော့​လေးရ "

အလျင်​အမြန်​ လှည့်​ကြည့်​လိုက်​​တော့ အနှီးလူသား
အိုဆယ်​ဟွန်း သည်​ကျွန်​​တော့်​အနားကိုပင်​​ရောက်
နေနှင့်​​နေပြီးဖြစ်​သည်​ ။

"ဖုန်း​ပေး ~ကိုယ်​ မင်းဖုန်းနံပါတ်​မသိရ​သေးဘူး"

ကျွန်​​တော်​၏ ရည်းစားသည်​ ကျွန်​​တော့်​ဖုန်းနံပါတ်
မသိ​ချေ။ကျွန်​​တော့်​ အမည်​ကိုသိတာကိုပဲ ​ကျေးဇူး
တင်​ရမည်​ ။ သူက ကျွန်​​တော့်​ထုတ်​​ပေးလိုက်​တဲ့
ဖုန်းကို ဆတ်​ခနဲပင်​လှမ်းယူကာ ဖုန်းနံပါတ်​ကိုရိုက်
ထည့်​ကာ သူ့ဖုန်းကို​ခေါ်လိုက်​သည်​ ။ ကျွန်​​တော်​သည်
လဲ သူ့ကိုသာ ကြည့်​​နေမိသည်​ ။

"အို​ကေ _ရပြီ ကိုယ့်​ဖုန်းနံပါတ်​ကိုလဲ
မှတ်​ထားဦး _ သွားပြီ​နော်​ "

ဒါဟာ ဘယ်​လိုရည်းစား​တွေရဲ့ ဆက်​ဆံမှုလဲ ? ။
ကျွန်​​တော်​သည်​လဲ ​နေရာတကာကံဆိုးလွန်းသည်​။
ယုတ်​စွအဆုံး ရည်းစားရတာ​တောင်​ ကံဆိုးလွန်းသည်​။
သူပြန်​​ပေးခဲ့တဲ့ ကိုယ့်​ဖုန်းကို ကိုယ်​​သေချာလွယ်​အိတ်
ထဲထည့်​​နေတုန်း တဘုတ်​ဘုတ်​နဲ့ ​ပြေးလာတဲ့​ခြေသံ
တွေ​ကြောင့်​ ​ခေါင်း​မော့ကာ​ရှေ့ကိုလှမ်းကြည့်​လိုက်
မိ​သည်​ ။

"မင်​​ဆော့ __ မင်​​ဆော့ !!
တောင်းပန်​ပါတယ်​ ခွင့်​လွှတ်​​ပေးပါ မနက်​က
ငါမှားပါတယ်​ ​နောက်​ဆိုမလုပ်​​တော့ပါဘူး "

ရှေ့ တင်​ကိုအူယားဖားယားနှင့်​ အသက်​လုကာ​ပြေး
လာ​နေသည့်​ ဂျွန်​မင်းသည်​ မနက်​က ကျွန်​​တော့်​ကို
လှောင်​​ပြောင်​​နေတုန်းကရုပ်​နှင့်​လားလားမျှမတူ​တော့။
ကျွန်​​တော့်​​ရှေ့ကို ဒူး​ထောက်​ကာ ၊​ခြေ​ထောက်​ကိုမဖက်
ရုံတမယ်​ ​အော်​ဟစ်​​နေသည်​ ။ ဂျွန်​မင်းပုံစံက ​ကြောက်
ဖို့​ကောင်း​နေသည်​ ။ ရန်​ဖြစ်​ထားပုံရသည်​။ မျက်​ခုံးစပ်
မှာကွဲပြဲကာ ​သွေးစ​တွေနှင့်​​ယောင်​​ကိုင်း​နေသည်​က
မျက်​လုံးတဖက်​ကို ဖုံးလုမတတ်​ဖြစ်​​နေသည်​ ။နူတ်​ခမ်း
စပ်​မှာ စီးကျ​နေသည့်​​သွေးတို့က မ​ခြောက်​​သေး ။
ကျွန်​​တော်​ လန့်​ကာ ​ခြေတလှမ်းဆုတ်​မိလျက်​သား။
ဂျင်​​လေးသည်​လဲ မျက်​လုံးပြူးကာ ဘာလုပ်​ရမှန်းမသိ
ဖြစ်​​နေပုံရသည်​ ။

"ခွင့်​လွှတ်​​ပေးပါကွာ ​တောင်းပန်​ပါတယ်
မင်းခွင့်​လွှတ်​မယ်​ဆိုမှ ငါအသက်​ရှင်​မှာမို့ကွာ "

"ခွင့်​ ခွင့်​လွှတ်​တယ်​ ငါ့ ငါ့ကိုလွှတ်​​တော့ "

ကျွန်​​တော့်​လက်​​တွေကို ဖမ်းဆုပ်​ကိုင်​ထားတဲ့ ဂျွန်​မင်း
လက်​ကြားထဲက ရုန်းကာပုတ်​ထုတ်​ပစ်​လိုက်​သည်​။
ကျွန်​​တော်​​တွေ့မိရသ​လောက်​ ဂျွန်​မင်း လက်​မှာ
ယောင်​ကိုင်းကာ အကြီးကြီးပင်​ဖြစ်​​နေသည်​ ။ ​သွေး
အလိမ်းလိမ်းနှင့်​ မကြည့်​ရက်​စရာဖြစ်​​နေ​တော့သည်​။

"​ကျေး ​ကျေးဇူးပါကွာ "

ဂျွန်​မင်းက ကယာကပြာလူးလထကာ ကျွန်​​တော့်​ကို
အကြိမ်​ကြိမ်​ခါးကိုင်းကာ ​ကျေးဇူးတင်​တယ်​ဆို​သော
စကားကိုတရစပ်​ရွတ်​​နေ​လေပြန်​သည်​။ ဂျွန်​မင်း
ပုံစံက အ​တော်​ပင်​​သွေးပျက်​​နေသည်​ ။

"ဘာဖြစ်​တာလဲ ? "

အ​နောက်​ကထွက်​လာတဲ့ အသံပိုင်​ရှင်​လူသား​ကြောင့်
ဂျင်​​လေးက ​ပြေးထွက်​သွားနှင့်​ပြီဖြစ်​​သော ဂျွန်​မင်း ကို
လက်​ညိုးထိုးပြကာ ထစ်​ထစ်​​ငေါ့​ငေါ့နှင့်​ ပြန်​တိုင်​ကြား
နေသည်​။

"ဂျွန်​ ဂျွန်​မင်း ရူး ရူးသွား တာလား
ဆော့​လေးကို ​အသိုင်းအဝိုင်းကြီးကလားတဲ့
အရူးလိုပဲ .ဒဏ်​ရာ​တွေနဲ့ "

"မင်​​ဆော့​ရော ~ဘာဖြစ်​သွား​သေးလဲ?"

အိုဆယ်​ဟွန်း သည်​ အထူးအဆန်းပင်​ ကျွန်​​တော့်​ကို
စိတ်​ပူဟန်​ပြသည်​ ။ မ​ကောင်းတတ်​လို့လား​တော့မသိ၊
ဒါမှမဟုတ်​ သူ၏ဆယ့်​တစ်​​ယောက်​​မြောက်​​သော
ရည်းစားကိုသက်​ဆိုးရှည်​​စေချင်​လို့​ပင်​ဖြစ်​ရမည်​ ။

"ဟင့်​အင်း _ဘာမှမဖြစ်​ဘူး "

"​တော်​​သေးတာ​ပေါ့ __အသံကြားလို့ပြန်​လာ
လိုက်​တာ _ပြန်​ပို့​ပေးရမလား "

"ရပါတယ်​ ဂျင်​​လေးနဲ့ပြန်​မှာ "

မ​ကောင်းတတ်​လို့ ဝတ္တရားအရ​မေးလာသည့်
အိုဆယ်​ဟွန်း ကိုငြင်းကာ ဂျင်း​လေးလက်​ကိုဆွဲကာ
ကျောခိုင်းထွက်​လာလိုက်​သည်​ ။

သူသည်​လဲ နှစ်​ခါထပ်​မ​ခေါ်ကာ ကျွန်​​တော့်​ကို​ကျော
ခိုင်းသွား​ချေသည်​ ။

ကျွန်​​တော်​၏ ရည်းစားဦး​သည်​ သိပ်​စိတ်​ပျက်​ဖို့​ကောင်း
သည်​။

>>ဆက်​ရန်

WeAreOne♥

Please vote and comment if you
enjoy this part.

Thank you all.

See you next part.

Continue Reading

You'll Also Like

286K 49.4K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
106K 18.2K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
180K 17.6K 27
Krisyeol boy x boy adapted to "Merlin"
40.3K 2.8K 72
ဖတ်ကြည့်နော်😉😉