ဒီရက္ပိုင္း တ No တည္း Noေနရတာ ဟို
ေက်းဇူးရွင္ေႀကာင့္ပဲ။
ျဖိဳးႀကီးတို႕ ေမေလးတို႔ သင္တန္းဆင္း ဘာသြား
စားရေအာင္ ဆိုလည္း NO
Junction မ်ိဳးစံုပတ္ရေအာင္ ဆိုလည္း NO
ဟိုေန႔ကလည္း ရံုတင္တဲ့ကား ႀကည့္ခ်င္တာ
တစ္ပိုင္းေသေနျပီ...ကိုယ့္စရိတ္ကိုယ္စိုက္ရမယ္
လည္း ေျပာေရာ တစ္ခါတည္း အျပတ္ႏိုးေကာင္း
လို႔ ဟိုႏွစ္ေယာက္ေကာက္သြားတာေတာင္
အခ်ဥ္ေပါင္းတစ္ထုပ္နဲ႔ေတာင္ ျပန္မေခ်ာ့ႏိုင္ဘူး။
တစ္ေန႔တစ္ေန႔ ေမေမေပးတဲ့ မုန္႔ဖိုး တစ္ရြက္က
ေန ႏွစ္ရြက္ပြတ္ျပီး စာအုပ္ႀကားထဲ ညွပ္စုထား
ရတာ။ ဟိုBro ဆိုင္ႀကီးႀကီးမားမားေတြေလွ်ာက္
ေျပာရင္ မဂြမ္းေအာင္။ ဒီရက္ပိုင္းလိုင္းေပၚမွာ
လည္းမေတြ႔ျဖစ္ႀက သလို က်ေတာ္လည္းေဆးရံု
မသြားျဖစ္။ မနက္ျဖန္ေတာ့သြားရမည္။
က်ေတာ္ေဆးရံုလာမည့္အေႀကာင္း message
ပို႕ေတာ့ replyက ခ်က္ခ်င္း။
"ကိုယ္ေနေကာင္းသြားျပီ ကေလး"တဲ့
>>>>>NO<<<<<
"ႏိုးေဝ..."
က်ေတာ္ပါမက အစ္မေတြပါ လွည့္ႀကည့္ႀကေတာ့
ေအာင္မယ္...ရွက္သလိုလို ဘာလိုလို မ်က္ႏွာထားနဲ႔။
"Dr ဘာကိစၥလဲမသိ?"
အမတစ္ေယာက္၏ အေမးကို ႏႈတ္ျဖင့္ မေျဖပဲ
ကေလးတစ္ေယာက္ေျခေထာက္ကို ကိုင္လက္စ
နဲ႔ သူ႕လွည့္ႀကည့္ေနေသာ က်ေတာ့္အား
လက္ညွိဳးထိုးျပသည္။
ဘာလုပ္ေနတာလဲ ခင္ဗ်ား...ဂါးးး
ဒီတစ္ခါ ရွက္သလိုလိုမဟုတ္ဘူး တကယ္ႀကီး
ရွက္သလို ခံစားလာရတာ က်ေတာ္။
"ႏိုး ကို လာေခၚတာလား? ႏိုး ျပန္ေတာ့မွာမလား
တစ္ခါတည္း ျပန္လိုက္ေတာ့ေလ။ အမ ဆက္
လုပ္ေပးလိုက္မယ္။ ထားခဲ့ ေမာင္ေလးရတယ္"
"မျပီးေသးလည္း ေနပါေစ။ ႏိုးေဝ...ကို အျပင္မွာ
ေစာင့္ေနမယ္"
အမေတြေရာ...ေမေလးန႔ဲ ျဖိဳးႀကီးပါ ပါးစပ္
္အေဟာင္းသားနဲ႔ က်ေတာ့္ကို ႀကည့္ေနသည္ကို
မ်က္ႏွာလႊဲရင္း ကေလးကိုသာ ေလ့က်င့္ခန္း
ဆက္လုပ္ေပးေနလိုက္သည္။
ကို တဲ့လား။ ကိုတဲ့လား ဂါးးးးးး
"ဟဲ့ နင္နဲ႕ Danielက ဘယ္လိုျဖစ္ျပီး ဒီေလာက္ထိ ရင္းႏွီးသြား?"
"ခုေရာ ဘယ္ကိုသြားဖို႔ လာေခၚေနတာလဲ?ဟဲ့
ႏိုး ေျပာေလ။ ငါတို႔ လြတ္ေနတာေတြအမ်ားႀကီး
ေနာ္"
လက္ေမာင္းကို တျဖတ္ျဖတ္လာရိုက္ျပီး ဘယ္ညာညွပ္ကာ ေမးေနေသာ ႏွစ္ေယာက္ကို
စိတ္မရွည္ေတာ့။
"ေယာက်ာ္းေလးတစ္ေယာက္
က ေယာက်ာ္းေလးတစ္ေယာက္ကို လာေခၚတာ
ဘာေတြမ်ား ထူးဆန္းေနလို႕လဲ။ ျပီးေတာ့...
သူက ငါ့အစ္ကို သူငယ္ခ်င္း ငါငယ္ငယ္တည္းက
သူနဲ႔ သိတယ္"
"ေအးေလ...အခု ငါတို႕ကေရာ ဘာေျပာေနလို႕
လဲ? ခု ဘယ္သြားမွာလဲ? ဘာလုပ္မွာလဲ ေမးတာ
ေလ။"
ျဖိဳးႀကီးပံုစံသည္ အမ တစ္ေယာက္က အျပင္ထြက္ခါနီးေမာင္ျဖစ္သူအား ေပ်ာက္ရင္ဘယ္နားလာရွာရမလဲ
ေသခ်ာသိေအာင္ေမးေနသည့္ပံု။
"ႏိုး...ငါလည္း လိုက္ခ်င္တယ္..."
တတ္လည္းတတ္ႏိုင္တဲ့ ေကာင္မေလးေတြ။
တစ္ေယာက္က အစ္မ ပံုစံ တစ္ေယာက္က ခုမွ
၁၀ႏွစ္သမီးေလး အစ္ကိုနဲ႔အတူ လည္လည္
ေလွ်ာက္သြားခ်င္တဲ့ ပံုစံနဲ႔ က်ေတာ့္ အက်ီ ၤစကို
ဆြဲကာ ပူဆာသမႈျပဳသည္။
"ဟူးးး ငါေျပာမယ္၊ဟိုတေလာက ငါလက္ေဆာင္
ရတယ္ဆိုတဲ့ Boardက အဲ့ အစ္ကို မွာေပး
တာ။ အဲ့ဒါ အခုငါက ေက်းဇူးတင္တဲ့ အေနနဲ႔
မုန္႔လိုက္ဝယ္ေကြ်းမလို႕...ကဲ သိျပီလား?ငါတို႔
ေယာက်ာ္းေလးႏွစ္ေယာက္သြားတာ ကန္႔လန္႔
တိုက္ျပီး လိုက္ခ်င္မေနနဲ႔။ ေနာက္မွ နင္ ေျမာင္း
တူးလို႕ ရေအာင္ ငါ လမ္းေႀကာင္းေပးမယ္"
"ဘယ္သူက ႀကိဳက္တယ္ေျပာမိလို႕လဲ?"
ေမေလး ဆူပြပြနဲ႔ ေနာက္ဆုတ္သည္။ ျဖိဳးႀကီးက
ဘာမွ မေျပာေတာ့။
"ငါ သြားျပီေနာ္။ ဘာမွာအံုးမလဲ Mgou တို႔ဘာ
တို႕က လမ္းႀကံဳရင္ဝယ္လာေပးမယ္"
"ေနပါ။ နင္ treatမယ္ဆုိ ပိုက္ပိုက္ အလံုအ
ေလာက္ ထည့္သြားလား??ငါ့မွာ ပါတယ္။ လိုလို
ပိုပို ယူသြားအံုးမလား?"
"ေန...ေန ရတယ္။ ဟိုေန႔ေတြက ငါစုထားတယ္။
သြားျပီေနာ္။ မွာခ်င္တာ ေခါင္းထဲေပၚလာရင္
ဖုန္းလွမ္းဆက္လိုက္"
ေက်ာပိုးအိတ္အနက္ေရာင္ေလးလြယ္ကာ ေက်ာ
ခိုင္းထြက္သြားေသာ သူတို႕၏ သူငယ္ခ်င္းေလး။
ပုဆိုးနက္ျပာေရာင္ေအာက္က လွမ္းလိုက္တိုင္း
ေပၚလာေသာေသြးေႀကာစိမ္းေတြနဲ႔ ေဖြးဥေနေသာေျခေထာက္ေလးေတြ...
တကယ္ ႏုႏုနယ္နယ္နဲ႔ ျဖဴျဖဴစင္စင္ေလးရယ္။
"ဇြတ္က်ားျပေနတယ္ ေျပာရေအာင္လည္း...
အျမင္ကတ္ရက္စရာ တစ္ကြက္မေတြ႔ေတာ့ ခက္တယ္"
ေမေလးတိုးတိုးေလး ျငီးသံနဲ႔ ကာရန္လိုက္သက္
္ျပင္းရႈိက္သံတိုးတိုးကလည္း ကပ္လိုက္သည္။
"တစ္ဖက္သူက မေကာင္းတာတစ္ကြက္ေလာက္
ရွိရင္ေတာင္ ခါးခါးသီးသီး ျငင္းႀက တားႀကလို႕
ရေသးတယ္။ ခုဟာက...အစစ္မ ငါတို႕ေတာင္
စိတ္ကူးယဥ္ရတဲ့ လူမ်ိဳးနဲ႔ ဆိုေတာ့လည္း..."
စကားဆံုးေတာ့ ျဖိဳးႀကီးသက္ျပင္းထပ္ခ်ရျပန္
သည္။
"သူ႕ဟာသူေတာင္ ဘာျဖစ္လို႕ ျဖစ္ေနမွန္းေတာင္
သိမွာ မဟုတ္ဘူး။ သိရင္လည္း Straight
တစ္ေယာက္အေနနဲ႔...ဟူးးး ခက္တယ္ဟာ"
"ႀသ...အစစ္မဘဝကလည္း မရွရင္ေတာင္ အိုးက
မပူ စေလာင္းက ပူေပးေနရတဲ့ ဘဝေတြပါလား"
ေမေလး အေျပာေႀကာင့္ စိတ္ႏံုးေနသည့္ႀကားမွ
သူငယ္ခ်င္းႏွစ္ေယာက္ ရယ္မိျပန္သည္။
>>>>>NO<<<<<
ထိုင္ခံုေပၚထိုင္ေနရမွ ဆက္ခနဲ ထရပ္ျပီး လႈိက္
လႈိက္လွဲလွဲျပံဳးျပသည္။ မ်က္မွန္ေအာက္က
မ်က္ကြင္းေတြ ပိုခ်ိဳင့္ကာေန ေနသည္မွ အပ ႀကည့္ရတာ လန္းလန္းဆန္းဆန္းပင္။
"ကို ေနေကာင္းသြားျပီေနာ္"
"ဟုတ္လို႕လား?"
"စမ္းေပးႀကည့္"
ခါးအနည္းငယ္ကိုင္းကာ ေခါင္းငံု႔ေပးေတာ့ လက္က အလိုလို သူ႕ႏွဖူးေပၚတင္မိသြားသည္။
ပံုမွန္အတိုင္းေႏြးေနေသာ ကိုယ္ေငြ႔ကလြဲ၍
အဖ်ားေငြ႔ ကင္းေနေသာ ႏွဖူးျပင္ေျပေျပသည္
သာမာန္ကိုယ္ေငြ႔ျဖင့္သာ ေႏြးေန၏။
လက္ဖဝါးႏုႏုေလးေတြသည္ က်ေတာ့္ႏွဖူးေပၚမွ
ဖြဖြေလး။ စူးစမ္းသလို ေမာ့ႀကည့္ေနေသာ မ်က္လံုးအိမ္ႀကည္ႀကည္ေလးေတြထဲမွ က်ေတာ့္
ပံုကို ျပန္ျမင္ေနရသည့္ ဤကာလအပိုင္းအျခား
ကို ရပ္တန္႔ခ်င္သည္။
ေဆးရံုဝင္းထဲမွာဆိုတာ ေမ့ေလာက္သည္အထိ
က်ေတာ့္အေပၚ ႀကင္နာစိုးရိမ္ေနေပးေသာ
ကေလးငယ္။ ရိုးသားစြာနဲ႔ပင္ ရင္ခုန္သံက်ယ္
က်ယ္ တီးျမည္မိသည္အထိ။
"မရွိေတာ့ဘူး။ Broဘာစားခ်င္လဲ?"
"ေျမအိုးျမီ္းရွည္"
မဆိုင္းမဆြျပန္ေျဖေသာ စကားေႀကာင့္ က်ေတာ့္
မ်က္ႏွာေပၚ အျပံဳးမိႈပြင့္ႀကီး ပြင့္အာလာသည္ထင္။
"တကယ္လား...သား အဲ က်ေတာ္သိတယ္
ေျမအိုးျမီးရွည္ေကာင္းတဲ့ေနရာ...လာ"
Bus Stopတြင္ေစာင့္ေနဆဲ Broက အားနာ
သလိုလုိ ေတာင္းပန္သလိုလို အႀကည့္မ်ိဳးေတြနဲ႔
လွမ္းလွမ္းႀကည့္ေနတတ္သည္။ ေနျပင္းျပင္း
ေအာက္ Busစီးသြားရမည့္ ကိစၥအေပၚ သူအားနာေနဟန္ရွိသည္။ က်ေတာ္လည္း သူ႕စိတ္ကိုသိသာသိတယ္ ေျဖသိမ့္စကားလံုး
မရွာေဖြတတ္။
"ကေလး...ဒီကေန Taxiပဲ ငွားႀကမလား?"
"အာ...ဘာလို႕ စီးမွာလဲ??ဘာကားစီးရမလဲ
သိေနတာကို ပုိက္ဆံအပိုကုန္တယ္။ YBS ပဲ
စီးမယ္။ Air conနဲ႔ ၂၀၀ပဲကုန္တယ္"
သူတို႕ေဆးရံုေဘးေဆးရံုသစ္ႀကီးမွထြက္ထြက္လာေသာ modelျမင့္ ကားေရာင္စံုကို ႀကည့္ေန
ေသာ သူ႕မ်က္ဝန္းတြင္ က်ေတာ္မသိေသာ
အရိပ္တစ္ခ်ိဳ႕။ ဘာလဲ အခုက်ေတာ့္ကို ကိုယ္ပိုင္
ကားနဲ႔ မေခၚသြားႏိုင္လို႕ စိတ္မေကာင္းျဖစ္ေန
တာလား? ေဆးရံုဝင္းထဲမွာတုန္းက ျပံဳးေပ်ာ္
ေနတဲ့ သူ႕မ်က္ႏွာသည္ ဝင္းထဲကထြက္ ကားစီး
ရမယ္ဆိုတည္းက မေကာင္းေတာ့တာ။
"လာ Bro...ခု လာေနတဲ့ Busစီးရင္ ေရာက္တယ္"
ျဖတ္ခနဲေျပးတက္ရင္း က်ေတာ့္အက်ီ ၤလက္စ
ေလးကိုပါ ဆြဲသည္။ ေရွ႕ကတက္သည့္သူ႕
အတြက္ပါ အလိုက္တသိ အေႀကြထည့္ေပးရ
သည္။ ကေလး က ေက်ာင္းျပီးတည္းကBus
ပဲစီးေနလို႕လားမသိ တကယ္ကြ်မ္းက်င္ေနျပီ။
အရင္က ဘယ္သြားသြား အိမ္က အပို႕အႀကိဳ
လုပ္ေပးေန၍ မစီးတတ္ေသးဘူး ထင္တာ။
ခုေတာ့ ကိုယ့္ထက္ေတာင္သြက္ေနေသး။
"ႏိုးေဝ ျပီးရင္ ဘယ္သြားစရာရွိေသးလဲ?"
"မရွိဘူး။ Broကို မုန္႔ေကြ်းျပီးတာနဲ႔ အိမ္ျပန္မွာ"
က်ေတာ္သတိထားမိတာ တစ္ခုရွိသည္။ သူသည္
လူအမ်ားႀကားဆို က်ေတာ့္ကို ႏိုးေဝ လို႕သာေခၚ
တတ္၏။ခုလည္း ႏိုးေဝပင္။ အဲ့လိုေခၚတာလဲ တစ္ခုေကာင္းပါတယ္။ က်ေတာ္တို႕ႏွစ္ေယာက္ရဲ႕
အခုလို ေနပံုထိုင္ပံုကအမ်ားအျမင္မွာ ထူးဆန္းမေနေတာ့ဘူးေလ။
လမ္းတေလွ်ာက္ေဆးရံုက အေႀကာင္းေတြေျပာ
ျဖစ္ႀကတယ္။ ေနာက္ျပီး Mscေျဖမယ့္အေႀကာင္း
ေတြ...
"Broက ကုသေရးဖက္ အားသန္လား
ေဆးရံုမွာပဲေနမွာလား? ကိုႀကီးကေတာ့ မေျဖခ်င္
ေသးဘူးတဲ့"
"ကို ကကုသေရးပဲ ပိုအားသန္တာ။ သူငယ္ခ်င္း
ေတြကေတာ့ ေက်ာင္းတုန္းက စာရွင္းျပတာ
ေကာင္းတယ္...မင္း သင္ႀကားေရးဖက္လည္း
လုပ္ႀကည့္ပါလား ေျပာေနတာ။ ဟိုေန႔ကေတာင္
3rd MB ကေလးေတြကိုGuide
ျပန္လုပ္မလားဆုိျပီး အစ္မ တစ္ေယာက္က
ေမးေနေသးတယ္။"
"Broက စိတ္ရွည္တာပဲ...လုပ္ေပါ့"
"ဟားဟား ကိုက ႏိုးေဝကို စာမသင္ဖူးပဲနဲ႔
ကိုယ္စိတ္ရွည္လား မရွည္လား ဘယ္လိုသိတာ
လဲ"
"က်ေတာ့္ကို သည္းခံႏိုင္တာကိုက Broက
စိတ္ရွည္တဲ့ လူစားမိုု႕ေပါ့"
"ဒါကေတာ့ မတူဘူးေလ ကေလးရဲ႕..."
ခပ္တိုးတိုးေလးေပမယ့္ က်ေတာ္တို႕ေဘး
မတ္တပ္ရပ္ေနေသာ ေကာင္မေလးသည္ မသိမသာ သူ႔ကိုခိုးႀကည့္ေန၏။
ကားေပၚတက္တည္းက သတိထားမိသည္။
အကုန္မဟုတ္ေပမယ့္ မိန္းကေလးေတာ္ေတာ္
မ်ားမ်ားသူ႔ကို မသိမသာလွမ္းႀကည့္ေနႀကသည္။
ေျပာေနေသာ စကားမ်ားအရ သူ႕ကို ဆရာဝန္
တစ္ေယာက္မွန္းခန္႔မွန္းမိပါလိမ့္မည္။
ရွပ္အျဖဴစင္းမွိန္ေဖ်ာ့ေဖ်ာ့shirtနဲ႔ ကခ်င္ပုဆိုး
အကြက္ရိုးရိုးကိုသာဝတ္ဆင္ထားေပမယ့္...
Broပံုစံကိုက ဂုဏ္တစ္ခုခုကိန္းေနမွန္းသိသာ
ေနေစသည္မွာ တည္ျငိမ္ေအးေဆးေသာ ဟန္ေတြ ေႀကာင့္ရယ္မ်ားလား။
ဂမုန္းပြင့္ထဲေရာက္ေတာ့လည္း ထိုအတိုင္းပင္။
ခ်ာတိတ္မေလးေတြက သူ႔ကိုဆို ကြက္ႀကည့္
ကြက္ႀကည့္နဲ႔။
"လာ Bro, အေပၚထပ္တက္မယ္"
"ဘယ္ဆိုင္မွာ စားမွာလဲ ကေလး"
"ငွက္ဦးေလးဆိုင္"
"ဟမ္?"
ခပ္တည္တည္ေလးေျပာျပီး အေရွ႔မွေန၍ ဆရာ
ႀကီးစတိုင္နဲ႔ ဦးေဆာင္ျပီးေခၚသြားတာမ်ား...
လူႀကီးေလးက်ေနေရာ။
ဆိုင္နာမည္ေတြ႔မွ က်ေတာ္ဟက္ဟက္ပက္ပက္
ရယ္မိသည္။
ငွက္ဦးေလး ဆိုေတာ့ ဘယ္ဆိုင္မ်ားလဲဆိုျပီး
စဥ္းစားလာရတာ UNCLE BIRDဆိုတဲ့
ဆိုင္းဘုတ္ေတြ႔မွ သေဘာေပါက္တယ္။
ေတာ္ေတာ္ တတ္တဲ့ ေကာင္ေလး။ ေျမအိုးျမီးရွည္
နဲ႔ တျခား သူႀကိဳက္တဲ့ အေအးေတြဘာေတြ
မွာေနတဲ့ ပံုကို ႀကည့္ျပီးအသည္းယားလာတာနဲ႔
အေနာက္ကေန ေခါင္းေလးကို လက္သီးဆုပ္နဲ႔
ဖြဖြေလးထုမိလိုက္ေတာ့... ဘာလဲဗ်ာ ဟူေသာပံုႏွင့္ ဘုႀကည့္ျပန္ေမာ့ႀကည့္သည္။
ဒီလိုေလးသာ Datingေန႔တိုင္းလုပ္ျဖစ္ရင္
က်ေတာ္ေတာ့ ခက္ခ်ည္ေသးရဲ႕
"Bro...စားလိုက္ရင္ အခိုးေတြပါ ပြင့္သြားလိမ့္
မယ္"
ပင္လယ္စာ ေျမအိုးျမီးရွည္နဲ႕ စေတာ္ဘယ္ရီ
Milk shakeက အစပ္အဟပ္တည့္ရဲ႕လား
က်ေတာ္မသိ။ စားလည္းမစားဖူးဘူး။ ကေလး
ႀကိဳက္တတ္မွန္းသိလို႔သာ စားမယ္ေျပာလိုက္တာ။
ပံုစံျမင္ရံုနဲ႔ စပ္မွန္းသိသာေန၍ က်ေတာ္နည္းနည္း
တြန္႔သည္။ ကေလးကေတာ့ တူနဲ႔ေမႊလိုက္
ႏႈတ္ခမ္းေလးဆူေထာ္လာျပီး တဖူးဖူးမႈတ္လိုက္နဲ႔
အလုပ္ေတြရႈပ္ေန၏။
က်ေတာ့္ပန္းကန္ထဲမွ ပုစြန္ေကြးေတြကို ဆယ္ျပီး
သူ႔ ပန္းကန္ထဲ ထည့္ေပးေတာ့ စားေနလတ္စႏွင့္
"Bro...စားပါဗ်။" ဟူ၍ ျပန္ထည့္ေပးေနေသး၏
က်ေတာ့္အေပၚေစတနာတကယ္ရွိပါလားဆိုတဲ့
အေတြးနဲ႔တင္ က်ေတာ္တိမ္ေပၚအလြတ္ခုန္တက္
လို႔ရေနျပီ။
"ကေလးပဲ...စားပါဗ်ာ...။ ငံုးဥေကာ စားအံုးမလား"
"က်ေတာ့္ထဲ အေကာင္းေတြခ်ည္းအကုန္ထည့္
ေပးေတာ့ Bro ဟာ အရသာဘယ္ရွိေတာ့မလဲ"
"ရတယ္။ ကိုယ္က ဒီအတုိင္းလည္းႀကိဳက္တယ္"
ယံုေအာင္ တစ္ဇြန္းခပ္ေသာက္လိုက္တာ။
တကယ္ပြင့္တာ။ ပူခနဲနဲ႔ စပ္ပူေနေသာ အရသာက က်ေတာ့္လွ်ာထိပ္ဖ်ားပိုင္းမွတစ္ဆင့္
လည္ေခ်ာင္းထဲထိ ေရာက္သည္။ သို႕ေသာ္
မ်က္ႏွာမပ်က္ရဲ။
ကေလးကေတာ့ စူးစမ္းသလို မ်က္လံုးဝိုင္းမ်ားျဖင့္
ေငးေနဆဲ
"ေကာင္းလား Bro...ဒီဆိုင္ကဟာ ေတာ္ေတာ္
ေကာင္းလို႕ ေခၚေကြ်းတာ"
ဟူ၍ပင္ ဝမ္းသာအားရေျပာေနေသးေတာ့ ဒီေကာင္က ရုပ္ေသးဆရာလက္ထဲက မင္းသား
ရုပ္လို ေခါင္းတညိတ္ညိတ္ေပါ့။
"အင္း ေကာင္းတယ္"
"ေကာင္းရင္ စားစား...ဖူးးး"
ကိုယ္ေတာ္ေလးကေတာ့ တကယ္ႀကီးႀကိဳက္တာ
သူ႕လို အားပါးတရ လိုက္မစားႏိုင္။ တကယ္စပ္
ေနတာ။ဒီကေလး ေယာက်ာ္းေလးျဖစ္ျပီးဘာလို႕
ဒီလိုခ်ဥ္ခ်ဥ္စပ္စပ္ေတြႀကိဳက္ရတာလဲ?ဒါေတြဒီေလာက္စားလည္း မ်က္ႏွာေလးက
ရွင္းလင္း ဝင္းမြတ္ေနတာ ဘယ္ဘဝက ဆုေတာင္းေကာင္းေတြလဲပဲ...
"ဟားးး မိုက္တယ္"
အရည္ ဖင္ကပ္ပင္မက်န္ေတာ့ေအာင္ေသာက္
ျပီးမွ ထြက္လာေသာ အသံ။
"ဟင္! Bro~~"
တစ္ဝက္က်ိဳးေနေသာ ေျမအိုးျမီးရွည္ ပန္းကန္။ မ်က္ႏွာတစ္ခုလံုးနီေရာင္ေျပးေနလ်က္ထြက္ေန
ေသာ ေခြ်းေစးေတြ...
"ေတာ္ျပီ...ေတာ္ျပီ။ Broဆက္မစားနဲ႔ေတာ့"
ဘယ့္ႏွယ္ဗ်ာ။ မစားႏိုင္တာႀကီးကို စြတ္စားေန
မွန္း ျမင္တာနဲ႔ သိလိုက္ျပီ။
"ေရာ့ ေခြ်းေတြသုတ္။ အေအးေသာက္"
Tissueထုတ္ေပး။ အေရွ႔မွ ပန္းကန္ကိုဆြဲသိမ္း။
အေအးခြက္တိုးေပးနဲ႔ ဇယ္ဆက္သလို လႈပ္ရွား
လိုက္ရသည္။
ခပ္အိအိ ႏႈတ္ခမ္းတစ္ခုလံုး ရဲတြက္ေနတာ ခ်ယ္ရီ
သီး မွည့္လိုပဲ။ ရယ္လည္းရယ္ခ်င္ သနားလည္း
သနားတယ္။
"မစားႏိုင္ပဲနဲ႔ ဘာလို႔မွာလဲ Broရာ"
"ကေလး ႀကိဳက္မွန္းသိလို႔...ကေလး ဘာလို႕
ႀကိဳက္လဲ သိခ်င္လို႕"
"ေသပါေရာဗ်ာ...က်ေတာ္ေကာင္မေလးတစ္
ေယာက္ကို ႀကိဳက္မိရင္ေရာ Broခုလိုပဲလိုက္
ႀကိဳက္ႀကည့္မွာလား ေျပာ?"
"ကေလး စကားက..."
"Sorry sorry။ Broကို မႀကည့္မိပဲ ္အစားငမ္းမိတာတဲ့ က်ေတာ့္အမွား"
"အဲ့လိုေတာ့ မဟုတ္ပါဘူး ကေလးရာ..."
တရွဴးရွဴးျဖစ္ေနေသးသည္ကို အတင္းဖံုးဖိေန
ေသာ သူ႔ကို ႀကည့္ျပီး သက္ျပင္းခ်ရလြန္းလို႕
က်ေတာ့္အသက္ပဲပိုတိုလာေတာ့မယ္။
"ထ Bro...က်ေတာ္ႀကိဳက္တာ ေနာက္တစ္
ခုလိုက္ေကြ်းမယ္"
ဆိုင္ေလးက ေသးေသးေလးေပမယ့္ ခ်စ္စရာ
ေတာ့ေကာင္းတယ္။ Doodleရုပ္ပံုမ်ားႏွင့္
အလွဆင္ထားေသာ Ice-creamဆိုင္ေလး။
မွန္ပံုးထဲမွာရွိေနေသာ
"ဘယ္လိုစားမွာလဲ Bro...အဆင့္ဆင့္ကိုယ္
စားခ်င္တာေရြး"
Menuတြင္ ice-cream flavourေတြမ်ိဳးစံု
တြင္ ကေလးေထာက္ခဲ့ေသာ flavourေဘးက
flavourကိုသာ ေရြးမိသည္။
က်န္တဲ့ အေရာေတြ ေဝဖာေတြ ကေလးထိုးျပခဲ့
သမွ် ေဘးကဟာေတြပဲ ဆက္တိုက္ထိုးျပလိုက္
ေတာ့...
"Broရာ...ဒါႀကီးက မလိုက္ဘူးေလ။ ဒါေလး
နဲ႕စား Chocoကို chococakeနဲ႔ပဲစား...ဒီ
candyေတြ မထည့္နဲ႔။"
ေနာက္ဆံုးေတာ့ ကေလးေရြးခ်ယ္မႈေဘးက
ကပ္လိုက္တာ မဟုတ္ပဲ ကေလးေရြးခ်ယ္မႈကို
လက္ခံလိုက္ရေတာ့သည္။
"ခ်ိဳလား?? အစပ္ေပ်ာက္ျပီလား?"
"အြင္း...စားႀကည့္အံုးမလား?"
တစ္ဇြန္းခပ္ကာ ကိုင္ထားလ်က္ေစာင့္ေနစဥ္
ဇြန္းကို လက္ေျပာင္းယူမယ္ ထင္ထားေပမယ့္...
ကိုယ္ေလးကိုင္းကာ စားလိုက္ေသာ ကေလး...
ဘုရားေရ...က်ေတာ္ခြံေကြ်းသလိုျဖစ္သြားတာ
လား?
လူက ကတုန္ကယင္နဲ႔ ျဖစ္ေနေပမယ့္...ကိုယ္
ေတာ္ေလးက ေတာ့ ေအးစက္ေနမည့္ ေအာက္
ႏႈတ္ခမ္းေလးကို လွ်ာနဲ႔သပ္လိုက္ေသး...
စပ္ျပီးပူထူေနတဲ့ ေရာဂါကမွ ခုျဖစ္ေနတဲ့
ေရာဂါထက္ အမ်ားႀကီးေတာ္အံုးမယ္...
Thank You All
(Unicode version)
/
/
/
ဒီရက်ပိုင်း တ No တည်း Noနေရတာ ဟို
ကျေးဇူးရှင်ကြောင့်ပဲ။
ဖြိုးကြီးတို့ မေလေးတို့ သင်တန်းဆင်း ဘာသွား
စားရအောင် ဆိုလည်း NO
Junction မျိုးစုံပတ်ရအောင် ဆိုလည်း NO
ဟိုနေ့ကလည်း ရုံတင်တဲ့ကား ကြည့်ချင်တာ
တစ်ပိုင်းသေနေပြီ...ကိုယ့်စရိတ်ကိုယ်စိုက်ရမယ်
လည်း ပြောရော တစ်ခါတည်း အပြတ်နိုးကောင်း
လို့ ဟိုနှစ်ယောက်ကောက်သွားတာတောင်
အချဉ်ပေါင်းတစ်ထုပ်နဲ့တောင် ပြန်မချော့နိုင်ဘူး။
တစ်နေ့တစ်နေ့ မေမေပေးတဲ့ မုန့်ဖိုး တစ်ရွက်က
နေ နှစ်ရွက်ပွတ်ပြီး စာအုပ်ကြားထဲ ညှပ်စုထား
ရတာ။ ဟိုBro ဆိုင်ကြီးကြီးမားမားတွေလျှောက်
ပြောရင် မဂွမ်းအောင်။ ဒီရက်ပိုင်းလိုင်းပေါ်မှာ
လည်းမတွေ့ဖြစ်ကြ သလို ကျတော်လည်းဆေးရုံ
မသွားဖြစ်။ မနက်ဖြန်တော့သွားရမည်။
ကျတော်ဆေးရုံလာမည့်အကြောင်း message
ပို့တော့ replyက ချက်ချင်း။
"ကိုယ်နေကောင်းသွားပြီ ကလေး"တဲ့
>>>>>NO<<<<<
"နိုးဝေ..."
ကျတော်ပါမက အစ်မတွေပါ လှည့်ကြည့်ကြတော့
အောင်မယ်...ရှက်သလိုလို ဘာလိုလို မျက်နှာထားနဲ့။
"Dr ဘာကိစ္စလဲမသိ?"
အမတစ်ယောက်၏ အမေးကို နှုတ်ဖြင့် မဖြေပဲ
ကလေးတစ်ယောက်ခြေထောက်ကို ကိုင်လက်စ
နဲ့ သူ့လှည့်ကြည့်နေသော ကျတော့်အား
လက်ညှိုးထိုးပြသည်။
ဘာလုပ်နေတာလဲ ခင်ဗျား...ဂါးးး
ဒီတစ်ခါ ရှက်သလိုလိုမဟုတ်ဘူး တကယ်ကြီး
ရှက်သလို ခံစားလာရတာ ကျတော်။
"နိုး ကို လာခေါ်တာလား? နိုး ပြန်တော့မှာမလား
တစ်ခါတည်း ပြန်လိုက်တော့လေ။ အမ ဆက်
လုပ်ပေးလိုက်မယ်။ ထားခဲ့ မောင်လေးရတယ်"
"မပြီးသေးလည်း နေပါစေ။ နိုးဝေ...ကို အပြင်မှာ
စောင့်နေမယ်"
အမတွေရော...မေလေးနဲ့ ဖြိုးကြီးပါ ပါးစပ်
်အဟောင်းသားနဲ့ ကျတော့်ကို ကြည့်နေသည်ကို
မျက်နှာလွှဲရင်း ကလေးကိုသာ လေ့ကျင့်ခန်း
ဆက်လုပ်ပေးနေလိုက်သည်။
ကို တဲ့လား။ ကိုတဲ့လား ဂါးးးးးး
"ဟဲ့ နင်နဲ့ Danielက ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ ရင်းနှီးသွား?"
"ခုရော ဘယ်ကိုသွားဖို့ လာခေါ်နေတာလဲ?ဟဲ့
နိုး ပြောလေ။ ငါတို့ လွတ်နေတာတွေအများကြီး
နော်"
လက်မောင်းကို တဖြတ်ဖြတ်လာရိုက်ပြီး ဘယ်ညာညှပ်ကာ မေးနေသော နှစ်ယောက်ကို
စိတ်မရှည်တော့။
"ယောကျာ်းလေးတစ်ယောက်
က ယောကျာ်းလေးတစ်ယောက်ကို လာခေါ်တာ
ဘာတွေများ ထူးဆန်းနေလို့လဲ။ ပြီးတော့...
သူက ငါ့အစ်ကို သူငယ်ချင်း ငါငယ်ငယ်တည်းက
သူနဲ့ သိတယ်"
"အေးလေ...အခု ငါတို့ကရော ဘာပြောနေလို့
လဲ? ခု ဘယ်သွားမှာလဲ? ဘာလုပ်မှာလဲ မေးတာ
လေ။"
ဖြိုးကြီးပုံစံသည် အမ တစ်ယောက်က အပြင်ထွက်ခါနီးမောင်ဖြစ်သူအား ပျောက်ရင်ဘယ်နားလာရှာရမလဲ
သေချာသိအောင်မေးနေသည့်ပုံ။
"နိုး...ငါလည်း လိုက်ချင်တယ်..."
တတ်လည်းတတ်နိုင်တဲ့ ကောင်မလေးတွေ။
တစ်ယောက်က အစ်မ ပုံစံ တစ်ယောက်က ခုမှ
၁၀နှစ်သမီးလေး အစ်ကိုနဲ့အတူ လည်လည်
လျှောက်သွားချင်တဲ့ ပုံစံနဲ့ ကျတော့် အကျီ ၤစကို
ဆွဲကာ ပူဆာသမှုပြုသည်။
"ဟူးးး ငါပြောမယ်၊ဟိုတလောက ငါလက်ဆောင်
ရတယ်ဆိုတဲ့ Boardက အဲ့ အစ်ကို မှာပေး
တာ။ အဲ့ဒါ အခုငါက ကျေးဇူးတင်တဲ့ အနေနဲ့
မုန့်လိုက်ဝယ်ကျွေးမလို့...ကဲ သိပြီလား?ငါတို့
ယောကျာ်းလေးနှစ်ယောက်သွားတာ ကန့်လန့်
တိုက်ပြီး လိုက်ချင်မနေနဲ့။ နောက်မှ နင် မြောင်း
တူးလို့ ရအောင် ငါ လမ်းကြောင်းပေးမယ်"
"ဘယ်သူက ကြိုက်တယ်ပြောမိလို့လဲ?"
မေလေး ဆူပွပွနဲ့ နောက်ဆုတ်သည်။ ဖြိုးကြီးက
ဘာမှ မပြောတော့။
"ငါ သွားပြီနော်။ ဘာမှာအုံးမလဲ Mgou တို့ဘာ
တို့က လမ်းကြုံရင်ဝယ်လာပေးမယ်"
"နေပါ။ နင် treatမယ်ဆို ပိုက်ပိုက် အလုံအ
လောက် ထည့်သွားလား??ငါ့မှာ ပါတယ်။ လိုလို
ပိုပို ယူသွားအုံးမလား?"
"နေ...နေ ရတယ်။ ဟိုနေ့တွေက ငါစုထားတယ်။
သွားပြီနော်။ မှာချင်တာ ခေါင်းထဲပေါ်လာရင်
ဖုန်းလှမ်းဆက်လိုက်"
ကျောပိုးအိတ်အနက်ရောင်လေးလွယ်ကာ ကျော
ခိုင်းထွက်သွားသော သူတို့၏ သူငယ်ချင်းလေး။
ပုဆိုးနက်ပြာရောင်အောက်က လှမ်းလိုက်တိုင်း
ပေါ်လာသောသွေးကြောစိမ်းတွေနဲ့ ဖွေးဥနေသောခြေထောက်လေးတွေ...
တကယ် နုနုနယ်နယ်နဲ့ ဖြူဖြူစင်စင်လေးရယ်။
"ဇွတ်ကျားပြနေတယ် ပြောရအောင်လည်း...
အမြင်ကတ်ရက်စရာ တစ်ကွက်မတွေ့တော့ ခက်တယ်"
မေလေးတိုးတိုးလေး ငြီးသံနဲ့ ကာရန်လိုက်သက်
်ပြင်းရှိုက်သံတိုးတိုးကလည်း ကပ်လိုက်သည်။
"တစ်ဖက်သူက မကောင်းတာတစ်ကွက်လောက်
ရှိရင်တောင် ခါးခါးသီးသီး ငြင်းကြ တားကြလို့
ရသေးတယ်။ ခုဟာက...အစစ်မ ငါတို့တောင်
စိတ်ကူးယဉ်ရတဲ့ လူမျိုးနဲ့ ဆိုတော့လည်း..."
စကားဆုံးတော့ ဖြိုးကြီးသက်ပြင်းထပ်ချရပြန်
သည်။
"သူ့ဟာသူတောင် ဘာဖြစ်လို့ ဖြစ်နေမှန်းတောင်
သိမှာ မဟုတ်ဘူး။ သိရင်လည်း Straight
တစ်ယောက်အနေနဲ့...ဟူးးး ခက်တယ်ဟာ"
"သြ...အစစ်မဘဝကလည်း မရှရင်တောင် အိုးက
မပူ စလောင်းက ပူပေးနေရတဲ့ ဘဝတွေပါလား"
မေလေး အပြောကြောင့် စိတ်နုံးနေသည့်ကြားမှ
သူငယ်ချင်းနှစ်ယောက် ရယ်မိပြန်သည်။
>>>>>NO<<<<<
ထိုင်ခုံပေါ်ထိုင်နေရမှ ဆက်ခနဲ ထရပ်ပြီး လှိုက်
လှိုက်လှဲလှဲပြုံးပြသည်။ မျက်မှန်အောက်က
မျက်ကွင်းတွေ ပိုချိုင့်ကာနေ နေသည်မှ အပ ကြည့်ရတာ လန်းလန်းဆန်းဆန်းပင်။
"ကို နေကောင်းသွားပြီနော်"
"ဟုတ်လို့လား?"
"စမ်းပေးကြည့်"
ခါးအနည်းငယ်ကိုင်းကာ ခေါင်းငုံ့ပေးတော့ လက်က အလိုလို သူ့နှဖူးပေါ်တင်မိသွားသည်။
ပုံမှန်အတိုင်းနွေးနေသော ကိုယ်ငွေ့ကလွဲ၍
အဖျားငွေ့ ကင်းနေသော နှဖူးပြင်ပြေပြေသည်
သာမာန်ကိုယ်ငွေ့ဖြင့်သာ နွေးနေ၏။
လက်ဖဝါးနုနုလေးတွေသည် ကျတော့်နှဖူးပေါ်မှ
ဖွဖွလေး။ စူးစမ်းသလို မော့ကြည့်နေသော မျက်လုံးအိမ်ကြည်ကြည်လေးတွေထဲမှ ကျတော့်
ပုံကို ပြန်မြင်နေရသည့် ဤကာလအပိုင်းအခြား
ကို ရပ်တန့်ချင်သည်။
ဆေးရုံဝင်းထဲမှာဆိုတာ မေ့လောက်သည်အထိ
ကျတော့်အပေါ် ကြင်နာစိုးရိမ်နေပေးသော
ကလေးငယ်။ ရိုးသားစွာနဲ့ပင် ရင်ခုန်သံကျယ်
ကျယ် တီးမြည်မိသည်အထိ။
"မရှိတော့ဘူး။ Broဘာစားချင်လဲ?"
"မြေအိုးမြီ်းရှည်"
မဆိုင်းမဆွပြန်ဖြေသော စကားကြောင့် ကျတော့်
မျက်နှာပေါ် အပြုံးမှိုပွင့်ကြီး ပွင့်အာလာသည်ထင်။
"တကယ်လား...သား အဲ ကျတော်သိတယ်
မြေအိုးမြီးရှည်ကောင်းတဲ့နေရာ...လာ"
Bus Stopတွင်စောင့်နေဆဲ Broက အားနာ
သလိုလို တောင်းပန်သလိုလို အကြည့်မျိုးတွေနဲ့
လှမ်းလှမ်းကြည့်နေတတ်သည်။ နေပြင်းပြင်း
အောက် Busစီးသွားရမည့် ကိစ္စအပေါ် သူအားနာနေဟန်ရှိသည်။ ကျတော်လည်း သူ့စိတ်ကိုသိသာသိတယ် ဖြေသိမ့်စကားလုံး
မရှာဖွေတတ်။
"ကလေး...ဒီကနေ Taxiပဲ ငှားကြမလား?"
"အာ...ဘာလို့ စီးမှာလဲ??ဘာကားစီးရမလဲ
သိနေတာကို ပိုက်ဆံအပိုကုန်တယ်။ YBS ပဲ
စီးမယ်။ Air conနဲ့ ၂၀၀ပဲကုန်တယ်"
သူတို့ဆေးရုံဘေးဆေးရုံသစ်ကြီးမှထွက်ထွက်လာသော modelမြင့် ကားရောင်စုံကို ကြည့်နေ
သော သူ့မျက်ဝန်းတွင် ကျတော်မသိသော
အရိပ်တစ်ချို့။ ဘာလဲ အခုကျတော့်ကို ကိုယ်ပိုင်
ကားနဲ့ မခေါ်သွားနိုင်လို့ စိတ်မကောင်းဖြစ်နေ
တာလား? ဆေးရုံဝင်းထဲမှာတုန်းက ပြုံးပျော်
နေတဲ့ သူ့မျက်နှာသည် ဝင်းထဲကထွက် ကားစီး
ရမယ်ဆိုတည်းက မကောင်းတော့တာ။
"လာ Bro...ခု လာနေတဲ့ Busစီးရင် ရောက်တယ်"
ဖြတ်ခနဲပြေးတက်ရင်း ကျတော့်အကျီ ၤလက်စ
လေးကိုပါ ဆွဲသည်။ ရှေ့ကတက်သည့်သူ့
အတွက်ပါ အလိုက်တသိ အကြွေထည့်ပေးရ
သည်။ ကလေး က ကျောင်းပြီးတည်းကBus
ပဲစီးနေလို့လားမသိ တကယ်ကျွမ်းကျင်နေပြီ။
အရင်က ဘယ်သွားသွား အိမ်က အပို့အကြို
လုပ်ပေးနေ၍ မစီးတတ်သေးဘူး ထင်တာ။
ခုတော့ ကိုယ့်ထက်တောင်သွက်နေသေး။
"နိုးဝေ ပြီးရင် ဘယ်သွားစရာရှိသေးလဲ?"
"မရှိဘူး။ Broကို မုန့်ကျွေးပြီးတာနဲ့ အိမ်ပြန်မှာ"
ကျတော်သတိထားမိတာ တစ်ခုရှိသည်။ သူသည်
လူအများကြားဆို ကျတော့်ကို နိုးဝေ လို့သာခေါ်
တတ်၏။ခုလည်း နိုးဝေပင်။ အဲ့လိုခေါ်တာလဲ တစ်ခုကောင်းပါတယ်။ ကျတော်တို့နှစ်ယောက်ရဲ့
အခုလို နေပုံထိုင်ပုံကအများအမြင်မှာ ထူးဆန်းမနေတော့ဘူးလေ။
လမ်းတလျှောက်ဆေးရုံက အကြောင်းတွေပြော
ဖြစ်ကြတယ်။ နောက်ပြီး Mscဖြေမယ့်အကြောင်း
တွေ...
"Broက ကုသရေးဖက် အားသန်လား
ဆေးရုံမှာပဲနေမှာလား? ကိုကြီးကတော့ မဖြေချင်
သေးဘူးတဲ့"
"ကို ကကုသရေးပဲ ပိုအားသန်တာ။ သူငယ်ချင်း
တွေကတော့ ကျောင်းတုန်းက စာရှင်းပြတာ
ကောင်းတယ်...မင်း သင်ကြားရေးဖက်လည်း
လုပ်ကြည့်ပါလား ပြောနေတာ။ ဟိုနေ့ကတောင်
3rd MB ကလေးတွေကိုGuide
ပြန်လုပ်မလားဆိုပြီး အစ်မ တစ်ယောက်က
မေးနေသေးတယ်။"
"Broက စိတ်ရှည်တာပဲ...လုပ်ပေါ့"
"ဟားဟား ကိုက နိုးဝေကို စာမသင်ဖူးပဲနဲ့
ကိုယ်စိတ်ရှည်လား မရှည်လား ဘယ်လိုသိတာ
လဲ"
"ကျတော့်ကို သည်းခံနိုင်တာကိုက Broက
စိတ်ရှည်တဲ့ လူစားမို့ပေါ့"
"ဒါကတော့ မတူဘူးလေ ကလေးရဲ့..."
ခပ်တိုးတိုးလေးပေမယ့် ကျတော်တို့ဘေး
မတ်တပ်ရပ်နေသော ကောင်မလေးသည် မသိမသာ သူ့ကိုခိုးကြည့်နေ၏။
ကားပေါ်တက်တည်းက သတိထားမိသည်။
အကုန်မဟုတ်ပေမယ့် မိန်းကလေးတော်တော်
များများသူ့ကို မသိမသာလှမ်းကြည့်နေကြသည်။
ပြောနေသော စကားများအရ သူ့ကို ဆရာဝန်
တစ်ယောက်မှန်းခန့်မှန်းမိပါလိမ့်မည်။
ရှပ်အဖြူစင်းမှိန်ဖျော့ဖျော့shirtနဲ့ ကချင်ပုဆိုး
အကွက်ရိုးရိုးကိုသာဝတ်ဆင်ထားပေမယ့်...
Broပုံစံကိုက ဂုဏ်တစ်ခုခုကိန်းနေမှန်းသိသာ
နေစေသည်မှာ တည်ငြိမ်အေးဆေးသော ဟန်တွေ ကြောင့်ရယ်များလား။
ဂမုန်းပွင့်ထဲရောက်တော့လည်း ထိုအတိုင်းပင်။
ချာတိတ်မလေးတွေက သူ့ကိုဆို ကွက်ကြည့်
ကွက်ကြည့်နဲ့။
"လာ Bro, အပေါ်ထပ်တက်မယ်"
"ဘယ်ဆိုင်မှာ စားမှာလဲ ကလေး"
"ငှက်ဦးလေးဆိုင်"
"ဟမ်?"
ခပ်တည်တည်လေးပြောပြီး အရှေ့မှနေ၍ ဆရာ
ကြီးစတိုင်နဲ့ ဦးဆောင်ပြီးခေါ်သွားတာများ...
လူကြီးလေးကျနေရော။
ဆိုင်နာမည်တွေ့မှ ကျတော်ဟက်ဟက်ပက်ပက်
ရယ်မိသည်။
ငှက်ဦးလေး ဆိုတော့ ဘယ်ဆိုင်များလဲဆိုပြီး
စဉ်းစားလာရတာ UNCLE BIRDဆိုတဲ့
ဆိုင်းဘုတ်တွေ့မှ သဘောပေါက်တယ်။
တော်တော် တတ်တဲ့ ကောင်လေး။ မြေအိုးမြီးရှည်
နဲ့ တခြား သူကြိုက်တဲ့ အအေးတွေဘာတွေ
မှာနေတဲ့ ပုံကို ကြည့်ပြီးအသည်းယားလာတာနဲ့
အနောက်ကနေ ခေါင်းလေးကို လက်သီးဆုပ်နဲ့
ဖွဖွလေးထုမိလိုက်တော့... ဘာလဲဗျာ ဟူသောပုံနှင့် ဘုကြည့်ပြန်မော့ကြည့်သည်။
ဒီလိုလေးသာ Datingနေ့တိုင်းလုပ်ဖြစ်ရင်
ကျတော်တော့ ခက်ချည်သေးရဲ့
"Bro...စားလိုက်ရင် အခိုးတွေပါ ပွင့်သွားလိမ့်
မယ်"
ပင်လယ်စာ မြေအိုးမြီးရှည်နဲ့ စတော်ဘယ်ရီ
Milk shakeက အစပ်အဟပ်တည့်ရဲ့လား
ကျတော်မသိ။ စားလည်းမစားဖူးဘူး။ ကလေး
ကြိုက်တတ်မှန်းသိလို့သာ စားမယ်ပြောလိုက်တာ။
ပုံစံမြင်ရုံနဲ့ စပ်မှန်းသိသာနေ၍ ကျတော်နည်းနည်း
တွန့်သည်။ ကလေးကတော့ တူနဲ့မွှေလိုက်
နှုတ်ခမ်းလေးဆူထော်လာပြီး တဖူးဖူးမှုတ်လိုက်နဲ့
အလုပ်တွေရှုပ်နေ၏။
ကျတော့်ပန်းကန်ထဲမှ ပုစွန်ကွေးတွေကို ဆယ်ပြီး
သူ့ ပန်းကန်ထဲ ထည့်ပေးတော့ စားနေလတ်စနှင့်
"Bro...စားပါဗျ။" ဟူ၍ ပြန်ထည့်ပေးနေသေး၏
ကျတော့်အပေါ်စေတနာတကယ်ရှိပါလားဆိုတဲ့
အတွေးနဲ့တင် ကျတော်တိမ်ပေါ်အလွတ်ခုန်တက်
လို့ရနေပြီ။
"ကလေးပဲ...စားပါဗျာ...။ ငုံးဥကော စားအုံးမလား"
"ကျတော့်ထဲ အကောင်းတွေချည်းအကုန်ထည့်
ပေးတော့ Bro ဟာ အရသာဘယ်ရှိတော့မလဲ"
"ရတယ်။ ကိုယ်က ဒီအတိုင်းလည်းကြိုက်တယ်"
ယုံအောင် တစ်ဇွန်းခပ်သောက်လိုက်တာ။
တကယ်ပွင့်တာ။ ပူခနဲနဲ့ စပ်ပူနေသော အရသာက ကျတော့်လျှာထိပ်ဖျားပိုင်းမှတစ်ဆင့်
လည်ချောင်းထဲထိ ရောက်သည်။ သို့သော်
မျက်နှာမပျက်ရဲ။
ကလေးကတော့ စူးစမ်းသလို မျက်လုံးဝိုင်းများဖြင့်
ငေးနေဆဲ
"ကောင်းလား Bro...ဒီဆိုင်ကဟာ တော်တော်
ကောင်းလို့ ခေါ်ကျွေးတာ"
ဟူ၍ပင် ဝမ်းသာအားရပြောနေသေးတော့ ဒီကောင်က ရုပ်သေးဆရာလက်ထဲက မင်းသား
ရုပ်လို ခေါင်းတညိတ်ညိတ်ပေါ့။
"အင်း ကောင်းတယ်"
"ကောင်းရင် စားစား...ဖူးးး"
ကိုယ်တော်လေးကတော့ တကယ်ကြီးကြိုက်တာ
သူ့လို အားပါးတရ လိုက်မစားနိုင်။ တကယ်စပ်
နေတာ။ဒီကလေး ယောကျာ်းလေးဖြစ်ပြီးဘာလို့
ဒီလိုချဉ်ချဉ်စပ်စပ်တွေကြိုက်ရတာလဲ?ဒါတွေဒီလောက်စားလည်း မျက်နှာလေးက
ရှင်းလင်း ဝင်းမွတ်နေတာ ဘယ်ဘဝက ဆုတောင်းကောင်းတွေလဲပဲ...
"ဟားးး မိုက်တယ်"
အရည် ဖင်ကပ်ပင်မကျန်တော့အောင်သောက်
ပြီးမှ ထွက်လာသော အသံ။
"ဟင်! Bro~~"
တစ်ဝက်ကျိုးနေသော မြေအိုးမြီးရှည် ပန်းကန်။ မျက်နှာတစ်ခုလုံးနီရောင်ပြေးနေလျက်ထွက်နေ
သော ချွေးစေးတွေ...
"တော်ပြီ...တော်ပြီ။ Broဆက်မစားနဲ့တော့"
ဘယ့်နှယ်ဗျာ။ မစားနိုင်တာကြီးကို စွတ်စားနေ
မှန်း မြင်တာနဲ့ သိလိုက်ပြီ။
"ရော့ ချွေးတွေသုတ်။ အအေးသောက်"
Tissueထုတ်ပေး။ အရှေ့မှ ပန်းကန်ကိုဆွဲသိမ်း။
အအေးခွက်တိုးပေးနဲ့ ဇယ်ဆက်သလို လှုပ်ရှား
လိုက်ရသည်။
ခပ်အိအိ နှုတ်ခမ်းတစ်ခုလုံး ရဲတွက်နေတာ ချယ်ရီ
သီး မှည့်လိုပဲ။ ရယ်လည်းရယ်ချင် သနားလည်း
သနားတယ်။
"မစားနိုင်ပဲနဲ့ ဘာလို့မှာလဲ Broရာ"
"ကလေး ကြိုက်မှန်းသိလို့...ကလေး ဘာလို့
ကြိုက်လဲ သိချင်လို့"
"သေပါရောဗျာ...ကျတော်ကောင်မလေးတစ်
ယောက်ကို ကြိုက်မိရင်ရော Broခုလိုပဲလိုက်
ကြိုက်ကြည့်မှာလား ပြော?"
"ကလေး စကားက..."
"Sorry sorry။ Broကို မကြည့်မိပဲ ်အစားငမ်းမိတာတဲ့ ကျတော့်အမှား"
"အဲ့လိုတော့ မဟုတ်ပါဘူး ကလေးရာ..."
တရှူးရှူးဖြစ်နေသေးသည်ကို အတင်းဖုံးဖိနေ
သော သူ့ကို ကြည့်ပြီး သက်ပြင်းချရလွန်းလို့
ကျတော့်အသက်ပဲပိုတိုလာတော့မယ်။
"ထ Bro...ကျတော်ကြိုက်တာ နောက်တစ်
ခုလိုက်ကျွေးမယ်"
ဆိုင်လေးက သေးသေးလေးပေမယ့် ချစ်စရာ
တော့ကောင်းတယ်။ Doodleရုပ်ပုံများနှင့်
အလှဆင်ထားသော Ice-creamဆိုင်လေး။
မှန်ပုံးထဲမှာရှိနေသော
"ဘယ်လိုစားမှာလဲ Bro...အဆင့်ဆင့်ကိုယ်
စားချင်တာရွေး"
Menuတွင် ice-cream flavourတွေမျိုးစုံ
တွင် ကလေးထောက်ခဲ့သော flavourဘေးက
flavourကိုသာ ရွေးမိသည်။
ကျန်တဲ့ အရောတွေ ဝေဖာတွေ ကလေးထိုးပြခဲ့
သမျှ ဘေးကဟာတွေပဲ ဆက်တိုက်ထိုးပြလိုက်
တော့...
"Broရာ...ဒါကြီးက မလိုက်ဘူးလေ။ ဒါလေး
နဲ့စား Chocoကို chococakeနဲ့ပဲစား...ဒီ
candyတွေ မထည့်နဲ့။"
နောက်ဆုံးတော့ ကလေးရွေးချယ်မှုဘေးက
ကပ်လိုက်တာ မဟုတ်ပဲ ကလေးရွေးချယ်မှုကို
လက်ခံလိုက်ရတော့သည်။
"ချိုလား?? အစပ်ပျောက်ပြီလား?"
"အွင်း...စားကြည့်အုံးမလား?"
တစ်ဇွန်းခပ်ကာ ကိုင်ထားလျက်စောင့်နေစဉ်
ဇွန်းကို လက်ပြောင်းယူမယ် ထင်ထားပေမယ့်...
ကိုယ်လေးကိုင်းကာ စားလိုက်သော ကလေး...
ဘုရားရေ...ကျတော်ခွံကျွေးသလိုဖြစ်သွားတာ
လား?
လူက ကတုန်ကယင်နဲ့ ဖြစ်နေပေမယ့်...ကိုယ်
တော်လေးက တော့ အေးစက်နေမည့် အောက်
နှုတ်ခမ်းလေးကို လျှာနဲ့သပ်လိုက်သေး...
စပ်ပြီးပူထူနေတဲ့ ရောဂါကမှ ခုဖြစ်နေတဲ့
ရောဂါထက် အများကြီးတော်အုံးမယ်...
Thank You All