True Star (Myanmar Translatio...
By JuNoXiang
1.4M 140K 4.4K
လတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်... More
Ch.1: ပြန်လည်မွေးဖွားခြင်း
Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း
Ch.3 ကို့ယို့ကားယား အိပ်မက်တစ်ခု
Ch.4 တကယ်ကို ကို့ယို့ကားယား နိုင်တာပဲ
Ch. 5 အပေးအယူအသစ် (Part 1)
Ch. 6 အပေးအယူအသစ် (Part - 2)
Ch.7 Charles ( Part 1 )
Ch.9 Charles (Part 3)
Ch.10 Lu Tian Chen (Part 1)
Ch.11 Lu Tian Chen (Part 2)
Ch.12 Ge Chen
Ch.13 Gamble
Ch.14 Getting Along
Ch.15
Ch. 16
Ch. 17
Ch.18
Ch. 19
Ch. 20
Ch. 21
Ch. 22
Ch.23 Truly Angelic
Ch. 24 Laying Your Cards
Ch.25 Auditions ( Part 1)
Ch.26 Auditions ( Part 2)
Ch.27 Meeting an " Old Friend "
Ch.28 Kissing Test ( Part 1)
Ch. 29 Kissing Test (Part 2)
Ch.30 Who Would Want To Ride With U ( Part 1)
Ch.31 Who Would Want To Ride With U ( Part 2)
Ch.32 Disaster Of Three
Ch.33 Dream Lover ( Part 1 )
Ch.34 Dream Lover (Part 2)
Ch.35 Not Kindhearted (Part.1)
Ch.36 Not Kindhearted ( Part.2)
Ch.37 Honest Thoughts (Part.1)
Ch.38 Honest Thoughts (Part.2)
Ch.39 Chen Ming Xu
Ch.40 Emotionally Moved
Ch.41 The First Scene (Part.1)
Ch.42 The First Scene (Part.2)
Ch.43 The First Scene (Part.3)
Ch.44 : Hello , President Lu ( Part.1 )
Ch.45 : Hello, President Lu ( Part.2)
Ch.46 : Hello, President Lu ( Part.3)
Ch.47 : Kai's Invitation
Ch.48 : Eat You Up ( Part.1 )
Ch.49 : Eat You Up ( Part.2)
Ch.50 : Eat You Up ( Part.3 )
Ch.51 : Envy ( Part.1 )
Ch.52 : Envy ( Part.2 )
Ch.53 : Checking in at the Lu's House ( Part.1)
Ch.54 : Checking in at the Lu's house ( Part.2 )
Ch.55 : Applying Medicine ( Part.1 )
Ch.56 : Applying Medicine ( Part.2 )
Ch.57 : New Flame
Ch.58 : Going to work with The President
Ch.59: A Table for Four ( Part.1 )
Ch.60 : A Table for Four ( Part.2 )
Ch.61 : Curses and Harsh Words
Ch.62: The Trees Long For Peace , But The Wind Will Never Cease ( Part.1 )
Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )
Ch.64 : True Star Training Class
Ch.65 : Calling a True Star ( Part.1 )
Ch.66 : Calling a True Star ( Part.2 )
Ch.67 : Making Headlines
Ch.68: He and Him in the Dance Studio ( 1 )
Ch.69 : He and Him in the Dance Studio ( 2 )
Ch.70 : The Acting Class's Exam Question
Ch.71 : Dream Lover ( 3 )
Ch.72 : Dream Lover ( 4 )
Ch.73 : Dream Lover ( 5 )
Ch.74 : An Unexpected Choice
Ch.75 : Only the Beginning
Not new chapter....
Ch.76 : Heated discussion
Ch.77 : Music Lesson (Part.1)
Ch.78 : Music Lesson (Part 2)
Ch.79: Falling Off a horse
Ch.80: Smeared Image
Ch.81: Kiss Kiss (Part-1)
Ch:82 Kiss Kiss (Part-2)
Ch.83: Suspicions
Ch.84 : Remember to Line Up (Part-1)
Ch.85: Remember to line up (Part 2+3)
Ch.87: Heading to America
Ch.88 : He Was Back
Ch.89 : I Paid the Bill
Ch.90 : Collaboration
Ch.91 : Chatting over Coffee (1)
Ch.92 : Chatting over Coffee (2)
Ch.93 : Albert (1)
Ch.8 Charles (Part 2)
18.5K 1.7K 3
By JuNoXiang
အနက်ရောင် အရောင်အသွေးရှိတဲ့ ကားတွေဟာ အခုလိုမျိုး  ဂုဏ်သိက္ခာကြီးမားတဲ့ ခံစားချက်ကို ဖော်ထုတ်ပြသနိုင်တယ် ။ ကားမောင်းသမားဟာ သူတို့ နှစ်ဦးစလုံးအတွက် ကားတံခါးကို ဖွင့်ပေးတယ် ။ ဒါပေမယ် Charles ဟာ အထဲကို မဝင်သေးဘူး ။ Tang Fang ကို အရင်ဦးဆုံး ထိုင်စေပြီး ၊ နောက်မှ လိုက်ဝင်ထိုင်တယ် ။
" ကျွန်တော့်ကို ဒီနေ့ ဘာတွေ လုပ်ခိုင်းမလို့လဲ ? "
Tang Fang ကားနောက်ခုံမှာ ငြိမ်ငြိမ်လေးထိုင်ပြီး စဉ်းစားနေမိတယ် ။ Charles ဟာ တဏှာရာဂကြီးတဲ့ ကစားပွဲမျိုးကို စိတ်ဝင်စားတဲ့ လူမျိုးတော့ မဟုတ်လောက်ဘူး ။ ဒါပေမယ့် ဘယ်သူက သေချာသိနိုင်မှာလဲ ? ရုံးခန်းထဲကို ဆွဲခေါ်ပြီး ပေါက်ကရတွေ လုပ်ချင်လည်း လုပ်နိုင်တယ်လေ ။ Tang Fang ဟာ အခုချိန်ကတည်းက အဲ့ဒီလို အခြေနေမျိုးနဲ့ ကြုံဆုံလာရင် ငြင်းဆန်နိုင်ဖို့ စိတ်ကို အသင့်ပြင်ထားတယ် ။
" ငါ့ဘေးမှာ ဒီတိုင်းပဲ နေနေပေး ။ "
Charles ဟာ နူးညံ့စွာပြုံးပြီး သူ့လက်ဖဝါးကို အသာအယာ ကိုင်ထားတယ် ။ အဲ့ဒါထပ် ဘာမှ ပိုမလုပ်ဘူး ။
" Mr.Charles က ဘယ်လို လုပ်ငန်းမျိုးနဲ့  အသက်မွေးဝမ်းကြောင်း လုပ်လဲဆိုတာ ကျွန်တော် သိခွင့်ရမလား ? "
" စီးပွားရေးနဲ့ ဆိုင်တဲ့ အလုပ်မျိုးတွေပါပဲ ။ အများစုက အိမ်ခြံမြေနဲ့ ဘဏ္ဍာရေး အလုပ်မျိုးတွေ ။ လုပ်ငန်းအများစုက Europe ဘက်မှာ ရှိတယ် ။ အခုက တရုတ်ပြည်မှာ ရုပ်ရှင်လုပ်ငန်းထဲ ရင်းနှီးမြုတ်နှံဖို့ ပြင်ဆင်နေတယ် ။ "
Tang Fang အတိတ်မေ့နေတဲ့ အဖြစ်ကို သတိရလို့ Charles က ဆက်ပြောတယ် ။
" Lu Tain Chen နဲ့ ငါနဲ့က ကျောင်းနေဘက် သူငယ်ချင်းတွေ ။ ဒီမှာ လုပ်ငန်းတွေ လုပ်ဖြစ်တာလည်း သူ့ကြောင့်ပဲ ။ အခုလည်း သူနဲ့တွဲပြီး အလုပ်တစ်ချို့ လုပ်နေတယ် ။ "
" မင်း သူ့ကို လုံးဝ မမှတ်မိဘူးလား ? "
Charles ဟာ တကယ်ဟုတ်မဟုတ် သိချင်လို့ သေချာ မေးကြည့်တယ် ။
" မမှတ်မိဘူး ။ ဒါပေမယ် ဆေးရုံတက်နေတဲ့ အချိန်တုန်းကတော့ သူနဲ့ ကျွန်တော်ရဲ့ ကြားထဲမှာ အခြေအနေတစ်ခု ရှိနေတယ်လို့တော့ ပြောသံ ကြားဖူးတယ် ။
Charles ရဲ့ အကြည့်တွေကနေ တဆင့် ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်ဟာ Lu Tain Chen ကို တစ်ဖက်သတ် ကြိုက်နေတဲ့ အကြောင်း ၊ Charles သိနေတယ်ဆိုတာကို Tang Fang ရိပ်စားမိတယ် ။ ကံကောင်းသွားတာက Charles ဟာ ဒီအကြောင်းကို ကြားဖူးယုံသာ ကြားဖူးပြီး ကြားမှာဖြစ်ပျက်ထားတဲ့ ကိစ္စတွေကို မသိသေးတာကိုပဲ ။
Tang Fang လည်း စဉ်းစားရလွန်းလို့ ခေါင်းတွေကိုက်ချင်လာပြီ ။ အတိတ်မေ့နေတာပါ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ Lu Tain Chen ကို အမြဲလှည့်စားနေလို့လည်း အဆင်မပြေလောက်ဘူး ။ ဒါပေမယ့် တစ်ဖက်က ပြန်စဉ်းစားလိုက်တော့  အဲ့ဒီလောက်အထိ တွေးပူနေစရာ မလိုဘူး ။ ဟုတ်တယ်မလား ? Lu Tain Chen တကယ်တန်း ကြိုက်နေတာက Ge Chan ၊ သူ့ကိုက မုန်းနေတာ ။ ဒါကြောင့် သူတို့ တစ်ယောက်နဲ့တစ်ယောက် ပုဂ္ဂိုလ်ရေး ကိစ္စနဲ့  ဆုံဖို့ အကြောင်းက မဖြစ်နိုင်ဘူး ။ အလုပ်နဲ့ ကြည့်မယ်ဆိုရင်လည်း ကုမ္ပဏီရဲ့ CEO က ကုမ္ပဏီပိုင် အနုပညာရှင်နဲ့ နေ့တိုင်းအမြဲ တွေ့နေ့ဖို့က မလိုအပ်ဘူးလေ ။
ကားစီးနေရင်း စကားစမြည်ပြောကြတာ တဖြည်းဖြည်းနဲ့ အကြောင်းအရာက အားကစားဘက် ရောက်သွားကြတယ် ။ အရင်ဘဝမှာတုန်းက သူ့ခန္ဓာကိုယ်ဟာ ပင်ပန်းတဲ့ အားကစားမျိုးကို လက်မခံနိုင်တဲ့အတွက်မို့ Tang Fang ဟာ ဘိလိယက်ကိုပဲ စွဲစွဲမြဲမြဲ ကစားဖြစ်ခဲ့တယ် ။ တိုက်ဆိုင်မူအနေနဲ့ Charles ကလည်း အဲ့ဒီကစားနည်းမှာ ထူးချွန်သူ တစ်ယောက် ဖြစ်နေလေတယ် ။ ဒါနဲ့ပဲ Charles ဟာ  သူတို့နှစ်ယောက် နေ့လည်မှာ လက်ရည်စမ်းဖို့ ချိန်းလိုက်တယ် ။ Tang Fang ကလည်း ကျေနပ်စွာ လက်ခံလိုက်တယ် ။
ကားဟာ မြို့လယ်မှာရှိတဲ့ မိုးမျှော်တိုက် တစ်ခုရဲ့ အရှေ့မှာ ရပ်တန့်လိုက်တယ် ။ တိုက်ရဲ့ အရှေ့မှာတော့ ကြီးမားလှတဲ့ မာဘယ်လ်ကျောက်ပြား တစ်ချပ် ရှိနေပြီး ၊ ကျောက်ပြားထက်မှာတော့ " The Tain Chen Group " ဆိုတဲ့ စာလုံးတွေကို လှပစွာ ရေးထိုးထားတာကို မြင်ရတယ် ။
Tang Fang ဟာ Lu Tain Chen ရဲ့ အကြောင်းတချို့ကို ဆေးရုံတက်နေစဉ်မှာ magazine အချို့နဲ့ သူနာပြုဆရာမလေးတွေရဲ့ ပြောစကားတွေ မှတစ်ဆင့် သိခဲ့ရတယ် ။ Lu Tain Chen ဟာ Tain Chen Group ရဲ့ တည်ထောင်သူကော ၊ CEO ကောဖြစ်တယ် ။ ငယ်ရွယ်စဉ်ကတည်းက မိသားစုလုပ်ငန်းတွေကို ဦးဆောင်ခဲ့ပြီး ၊ ကိုယ်ပိုင်လုပ်ငန်းသစ်များကိုလည်း လုပ်ကိုင် အောင်မြင်နိုင်ခဲ့တယ် ။ လက်ရှိ ကုမ္ပဏီဟာ လုပ်ငန်း နယ်ပယ်များစွာကို ပိုင်ဆိုင်ထားတယ် ။ မော်တော်ကား ထုတ်လုပ်ခြင်းမှသည် ဘဏ္ဍာရေး လုပ်ငန်းများအထိ ၊ အခုဆို ရုပ်ရှင်လုပ်ငန်းများထိပါ အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့တယ် ။ လုပ်ငန်းတစ်ခုဟာ အကျိုးအမြတ် တစ်စုံတစ်ရာ ရမည်ဆိုတာနှင့် ထိုလုပ်ငန်းမှာ Lu Tain Chen ပါဝင်ပြီးသား ဖြစ်နေတယ် ။ ဒီမြို့တော်မှာတော့ Lu Tain Chen ဟာ အထင်ကရ ပုဂ္ဂိုလ် တစ်ဦးဆို မမှားဘူး ။
Tain Chen Group က ပြောရမယ်ဆိုရင် Lu Tain Chen ရဲ့ အမာခံ ခံတပ်တစ်ခု သဖွယ်ပဲ ။
Charles ဟာ Tang Fang နဲ့ Lu Tain Chen အကြားမှာရှိနေတဲ့ အမုန်းတရားကို ကောင်းကောင်းကြီး သိနေတယ် ။ Tang Fang ကတော့ ဘာကိုမှ မမှတ်မိဘူး ။ ဒါကိုတောင် ဒီလိုနေရာအထိ အတူခေါ်လာတယ်ဆိုတော့ Charles ရဲ့ အတွင်းစိတ်ထဲ ဘာတွေရှိမှန်း ဘယ်သူမှ မသိနိုင်ဘူး ။
Tang Fang ဟာ မိမိရှေ့မှာ လူကြီးလူကောင်းဆန်တဲ့ အပြုံးနဲ့ မတ်တပ်ရပ်နေတဲ့ Charles ကို သံသယမျက်ဝန်းနှင့် ကြည့်နေတယ် ။
" ငါ မင်းကို ပြောပြဖို့ မေ့နေတာ ။ တရုတ်ပြည်မှာ နေနေတဲ့ အတောအတွင်း ငါ ဒီနေရာမှာ အလုပ်လုပ်တယ် ။ မင်းက ဘာကိုမှ မမှတ်မိဘူးဆိုတော့ Lu Tain Chen နဲ့ ဆုံခဲ့ရင်တောင် ဘာပြသနာမှ တက်မယ်မထင်ဘူး ။ မင်းကလည်း ခုချိန်ထိ သူ့လက်အောက်က လူဆိုတော့ ဘာပြသနာမှ မတက်တော့တာ အကောင်းဆုံးပဲ ။ "
Charles ပြောပုံက မသိရင် သူကပဲ ကြားဝင်စေ့စပ်ရေး လုပ်ပေးတဲ့ သံတမန်လိုလို ၊ ဘာလိုလိုနဲ့....။
" ကျေးဇူးပါဗျာ "
တကယ်လိုများ Charles လည်း Lu Tain Chen နဲ့အတူ မြေမြုတ်ပစ်လို့သာရရင် သူပိုတောင် ပျော်နေမိဦးမှာ ။
             .............................................
Continue Reading
You'll Also Like
113K 11.3K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
1.2M 63.1K 50
1M 65.5K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်...
383K 35.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ