True Star (Myanmar Translatio...

De JuNoXiang

1.4M 140K 4.4K

လတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်... Mais

Ch.1: ပြန်လည်မွေးဖွားခြင်း
Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း
Ch.3 ကို့ယို့ကားယား အိပ်မက်တစ်ခု
Ch.4 တကယ်ကို ကို့ယို့ကားယား နိုင်တာပဲ
Ch. 5 အပေးအယူအသစ် (Part 1)
Ch.7 Charles ( Part 1 )
Ch.8 Charles (Part 2)
Ch.9 Charles (Part 3)
Ch.10 Lu Tian Chen (Part 1)
Ch.11 Lu Tian Chen (Part 2)
Ch.12 Ge Chen
Ch.13 Gamble
Ch.14 Getting Along
Ch.15
Ch. 16
Ch. 17
Ch.18
Ch. 19
Ch. 20
Ch. 21
Ch. 22
Ch.23 Truly Angelic
Ch. 24 Laying Your Cards
Ch.25 Auditions ( Part 1)
Ch.26 Auditions ( Part 2)
Ch.27 Meeting an " Old Friend "
Ch.28 Kissing Test ( Part 1)
Ch. 29 Kissing Test (Part 2)
Ch.30 Who Would Want To Ride With U ( Part 1)
Ch.31 Who Would Want To Ride With U ( Part 2)
Ch.32 Disaster Of Three
Ch.33 Dream Lover ( Part 1 )
Ch.34 Dream Lover (Part 2)
Ch.35 Not Kindhearted (Part.1)
Ch.36 Not Kindhearted ( Part.2)
Ch.37 Honest Thoughts (Part.1)
Ch.38 Honest Thoughts (Part.2)
Ch.39 Chen Ming Xu
Ch.40 Emotionally Moved
Ch.41 The First Scene (Part.1)
Ch.42 The First Scene (Part.2)
Ch.43 The First Scene (Part.3)
Ch.44 : Hello , President Lu ( Part.1 )
Ch.45 : Hello, President Lu ( Part.2)
Ch.46 : Hello, President Lu ( Part.3)
Ch.47 : Kai's Invitation
Ch.48 : Eat You Up ( Part.1 )
Ch.49 : Eat You Up ( Part.2)
Ch.50 : Eat You Up ( Part.3 )
Ch.51 : Envy ( Part.1 )
Ch.52 : Envy ( Part.2 )
Ch.53 : Checking in at the Lu's House ( Part.1)
Ch.54 : Checking in at the Lu's house ( Part.2 )
Ch.55 : Applying Medicine ( Part.1 )
Ch.56 : Applying Medicine ( Part.2 )
Ch.57 : New Flame
Ch.58 : Going to work with The President
Ch.59: A Table for Four ( Part.1 )
Ch.60 : A Table for Four ( Part.2 )
Ch.61 : Curses and Harsh Words
Ch.62: The Trees Long For Peace , But The Wind Will Never Cease ( Part.1 )
Ch.63 : The Trees Long For Peace , But The Wind Will Never Cease ( Part.2 )
Ch.64 : True Star Training Class
Ch.65 : Calling a True Star ( Part.1 )
Ch.66 : Calling a True Star ( Part.2 )
Ch.67 : Making Headlines
Ch.68: He and Him in the Dance Studio ( 1 )
Ch.69 : He and Him in the Dance Studio ( 2 )
Ch.70 : The Acting Class's Exam Question
Ch.71 : Dream Lover ( 3 )
Ch.72 : Dream Lover ( 4 )
Ch.73 : Dream Lover ( 5 )
Ch.74 : An Unexpected Choice
Ch.75 : Only the Beginning
Not new chapter....
Ch.76 : Heated discussion
Ch.77 : Music Lesson (Part.1)
Ch.78 : Music Lesson (Part 2)
Ch.79: Falling Off a horse
Ch.80: Smeared Image
Ch.81: Kiss Kiss (Part-1)
Ch:82 Kiss Kiss (Part-2)
Ch.83: Suspicions
Ch.84 : Remember to Line Up (Part-1)
Ch.85: Remember to line up (Part 2+3)
Ch.87: Heading to America
Ch.88 : He Was Back
Ch.89 : I Paid the Bill
Ch.90 : Collaboration
Ch.91 : Chatting over Coffee (1)
Ch.92 : Chatting over Coffee (2)
Ch.93 : Albert (1)

Ch. 6 အပေးအယူအသစ် (Part - 2)

19K 1.8K 4
De JuNoXiang

" ငါ မင်းကို ဒါရိုက်တာ Li နဲ့ မိတ်ဆက်ပေးဖို့က ဘာပြသနာမှ မရှိဘူး ။ ဒါပေမယ့် မင်းသိထားရမှာက အဲ့ဒါရိုက်တာက စပွန်ဆာပေးမယ့်လူ မိတ်ဆက်ပေးတာနဲ့ လွယ်လွယ်ကူကူ လက်ခံပေးလိုက်မယ့် လူမျိုးမဟုတ်ဘူး ။ "

Charles ဟာ အရှေ့မှာ ထိုင်နေတဲ့ ရုပ်ရည်ချောမောတာအပြင် ဘာမှမရှိတဲ့ ကောင်လေးမျိုးကို နာမည်ကြီး ဒါရိုက်တာက အသိအမှတ်ပြုပေးလိမ့်မယ်လို့ ထင်ကိုမထင်ထားဘူး ။ ပထမဆုံးအကြိမ် တစ်ကိုယ်တော် Debut လုပ်လိုက်တာနဲ့ တန်းကျရူံးသွားတဲ့ Tang Fang လို လူစားမျိုးဟာ ပရိသတ် အတင်းအဖျင်းပြောစရာ Idol ဟောင်းတစ်ယောက်ထက် ဘာမှမပိုဘူး ။

ဒါပေမယ့် အခုလက်ရှိ Tang Fang ဟာ အရင်နဲ့ မတူ၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပြည့်နှက်နေတဲ့ အနေအထားဟာ ဘေးနားမှာ ရှိနေတဲ့ လူတွေအားလုံး သူ့အပေါ် ယုံကြည်စိတ် တိုးပွားအောင် လုပ်နိုင်နေတယ် ။ တစ်ချိန်က သူသိထားတဲ့ ကလေးဆန်တဲ့ Tang Fang နဲ့ အခုပုံစံဟာ လုံးဝ တခြားစီပဲ ။

ချက်ချင်းဆိုသလိုပဲ Charles ဟာ ဘာကြောင့်မို့လို ဒီလို သာမည အနုပညာရှင် ကောင်လေး တစ်ယောက်နဲ့ လိုလိုလားလား လက်ခံ စကားပြောချင်စိတ် ပေါ်လာတာကို သဘောပေါက်သွားတယ် ။ ဒီကောင်လေးကို အရင်ကထက် ပိုလိုချင်လာတယ် ။

ဘာလို့များ Lu Tain Chen ဟာ Tai Fang ကို အသုံးမဝင် ၊ စိတ်ရူပ်စရာ အမိူက်တစ်စလို့ သဘောထားခဲ့ရတာလဲ မသိဘူး ? Tai Fang ဟာ လူတစ်ဖက်သားရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ပြီး ၊ သူ့အပေါ် ယုံကြည်မူတွေ တိုးပွားလာအောင် လုပ်နိုင်တဲ့ လူမျိုး တစ်ယောက်ပဲ ။

" အနုပညာလောကဆိုတာ ရုပ်ရည်ချောတာလေးတစ်ခုလောက်နဲ့က ဘာမှ အသုံးမဝင်ဘူး ။ ဒါပေမယ့် မင်းအတွက်ငါ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပါတယ် ။ "

Charles က ရေအောက်ထဲမှာ ရှိနေတဲ့ Tai Fang ရဲ့ ခြေချင်းဝတ်ကို အသာကိုင်လိုက်တယ် ။ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးမျိုးနဲ့ ပထမဆုံး အခိုက်အတန့်ကို ဆေးသုံးပြီး လုပ်ခဲ့ရတာ ပြန်တွေးမိရင် ရှက်တော့ရှက်စရာပဲ ။

ခြေထောက်ကို နောက်ပြန်ရုတ်လိုက်ပြီး Tang Fang ဟာ Charles ကို ဝေဖန် အကဲခတ်တဲ့ မျက်ဝန်းနဲ့ စိုက်ကြည့်လိုက်တယ် ။

ရယ်ချင်လာတဲ့စိတ်ကို မချုပ်တည်းနိုင်တော့လို့....

" ခင်ဗျားက ဘာလဲ... ကျွန်တော့်ကို အပိုင်ဝယ်ပစ်ဖို့ လုပ်နေတာလား ? "

" မင်းကကော.... ငါဝယ်မယ်ဆိုရင် လက်ခံမှာလား?"

Tang Fang ရဲ့ ပွင့်ပွင့်လင်းလင်း ပြောတက်တဲ့ပုံစံဟာ Charles ရဲ့စိတ်ထဲ အကောင်းမြင်နေတဲ့ စိတ်ကို ပိုမြင့်တင်ပေးလိုက်တယ် ။ Charles ဟာ အရင်တုန်းကလည်း celebrity များစွာနဲ့ ဇယားဖြစ်ဖူးတယ် ။ အများစုက အရမ်း ရိုးစင်းလွန်းတယ် ။ သူ့အပေါ် အရမ်းရိုကျိုးပြရင်ပြ ၊ ဒါမှမဟုတ် အလျော့ပေးလွန်းရင်းပေးနဲ့ စိတ်ဝင်စားဖို့ မဖြစ်လာပဲ ကြာလာလေ ငြီးငွေ့လာလေ ဖြစ်ခဲ့ရတယ် ။

" ခင်ဗျားရဲ့ လေသံကတော့ အထက်စီးကပဲ ။ ဒါပေမယ့် ကျွန်တော်က ကိုယ့်ကိုယ်ကို ရုပ်ရည်လေး တစ်ခုကို ဗန်းပြပြီး လုပ်စားတဲ့လူလို့ မသတ်မှတ်ထားဘူး ။ ဝယ်တယ် ဆိုတဲ့ စကားလုံးကိုလည်း ကျွန်တော် မကြိုက်ဘူး ။ "

ဒီလိုပြောလာလို့လည်း Charles စိတ်ဆိုးသွားတာ မဖြစ်ဘူး ။ တစ်ဖက်လူက ခုလို ငြင်းပယ်မယ်ဆိုတာ အစောကတည်းက မျှော်လင့်ထားပြီးသား ။ ခုလို ငြင်းလိုက်လည်း အချိန်တစ်လတိတိ သူ့ဘေးမှာ ရှိနေရဦးမယ်ဆိုတော့ ကံကောင်းသေးတယ် ပြောရမှာပဲ ။

Charles က ပြုံးပြပြီးတော့....

" ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း နားလည်ဖို့ အချိန်က တစ်လတောင် ရှိသေးတာပဲ ။ "

" ဒီ အပေးအယူကို ဖျက်လို့မရမှတော့ နည်းနည်းလောက် ပြင်ပေးလို့မရဘူးလား ? ကျွန်တော့်ကို Director Li နဲ့ တွေ့ခွင့်ရအောင် လုပ်ပေးပါ ။ အကောင်းဆုံး ကြိုးစားပြီး ကျွန်တော့်ကို လက်ခံလာအောင် စည်းရုံးပါမယ် ။ ပြီးတော့ မနက်ပိုင်း အချိန်တွေမှာ ကျွန်တော် အေးအေးဆေးဆေး ၊ လွတ်လွတ်လပ်လပ် နေချင်တယ် ။ ဘယ်လိုလဲ.... သဘောတူမလား ? "

သေသေချာချာ ချင့်ချိန် စဉ်းစားပြီးမှ Tang Fang ဟာ ဒီ အပေးအယူကနေ သူ့ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ရနိုင်သလောက် အရယူဖို့ ဆုံးဖြတ်လိုက်တယ် ။

အသားစားကျားနဲ့ တူတဲ့ Charles လို လူမျိုးနဲ့ အစကတည်းက ဒီလို ပြင်ဆင်ထားတာက အကောင်းဆုံး အကြံဉာဏ်ပဲ ။ အကြောက်အကန် ငြင်းဆန်နေတာတို့ ၊ ဘာမှလက်မခံပဲ နေလိုက်တာတို့ဆိုရင် တစ်ဖက်လူက စိတ်ပျက်သွားနိုင်တယ် ။ အခန့်မသင့်ရင် သူမသိတဲ့ ဒီနေရာမှာ အသတ်တောင် ခံရနိုင်သေးတယ် ။ အနုပညာလောကကို ပြန်ဝင်ပြီး အောင်မြင်အောင် လုပ်ဖို့ ကိစ္စတွေက ရှိနေသေးတယ် ။ ဒါကြောင့် အရာရာကို အဆင်ပြေအောင် နေတက်ရမယ် ။

အဖြစ်ချင်ဆုံး ဆန္ဒကတော့ ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံ အသုံးချပြီး အကောင်းဆုံး လုပ်နိုင်ဖို့ပဲ ။

အရင် Tang Fang က ကုမ္ပဏီ CEO မျက်မုန်းကျိုးအောင် တော်တော် လုပ်ခဲ့တယ် ထင်တယ် ။ မဟုတ်ရင် ဘာလို့ ဘာလို့ အသုံးမကျတဲ့ မန်နေဂျာမျိုးနဲ့ လွှတ်ထားရမှာလဲ ။ အခု Tang Fang ကတော့ အရင်လူရဲ့ အတိတ်ဆိုးကို ခွာချရမယ့်အပြင် ၊ နောက်ကနေ အကောင်းဆုံး ထောက်ပံပေးနိုင်မယ့် လူမျိုးကို ရှာဖွေထားရမယ် ။ အဲ့လိုလူဆိုတာက အရှေ့မှာရှိနေတဲ့ Charles လို လူမျိုးပဲ ။

အချိန်နည်းနည်း ကြာအောင် ဘာမှ မပြောပဲနေပြီးတော့ ၊ Charles ဟာ ခေါင်းငြိမ့်လိုက်တယ် ။ Tang Fang အတွက် ခိုင်မာတဲ့ အဖြေတစ်ခု ပေးလိုက်တယ် ။

" OK လေ... မင်းစိတ်ကြိုက် အတိုင်းပေါ့ ။ ငါကတော့ မင်းကို ပိုပို သဘောကျလာပြီ ။ "

" ကျွန်တော်လည်း သဘောကျပါတယ် ။ "

Tang Fang က လည်း အလိုက်သင့် ပြန်ပြောတယ် ။ ထပ်ပြီး ပြောလိုက်တာက....

" ဒါပေမယ့်.... နောက်တစ်ခါဆိုရင် ကျွန်တော့်ကို ဆေးမခပ်နဲ့ ။ လူက မူးနေပြီး နေလို့ထိုင်လို့ အခုထိ မကောင်းသေးဘူး ။ "

" နောက်တစ်ချီ ထပ်စချင် နေပြီလား ? "

Charles အရှေ့ကို တိုးလာတယ် ။ သူ့တစ်ကိုယ်လုံးနဲ့ Tang Fang ရဲ့ အပေါ်ကနေ အုပ်မိုးပြီး ခေါင်းကိုငုံ့ကာ Tang Fang ရဲ့ နဖူးကို ခပ်ဖွဖွလေး နမ်းလိုက်တယ် ။ ဒါပေမယ့် အနမ်းတွေက တဖြည်းဖြည်း အရှိန်တက်လာတော့တယ် ။

" ဆေးရုံ ဆင်းလာတာ မကြာသေးလို့ ခုထိ အားတွေက မရှိသေးဘူး ။ ချမ်းသာပေးပါ ဒီတစ်ခါတော့.. ။ "

" အင်းလေ.. ငါ မင်းကို ပထမဆုံး စတွေ့တုန်းကလို ထပ်မထိတ်လန့်စေချင်ပါဘူး ။ အနမ်းပဲ ပေးမယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ ? "

Tang Fang ဟာ လက်တွေနဲ့ Charles ရဲ့ ပုခုံးပြင်ကျယ်ကို ရစ်ဖက်လိုက်ပြီး ၊ ညင်သာစွာ နမ်းလိုက်တယ် ။ ဒီတစ်ခါ အနမ်းမှာ ပြင်းပြတဲ့ လိင်စိတ်ဆန္ဒတွေ မပါဝင်ပဲ ၊ နူးညံ့ပြီး ချိုမြိန်မူ အပြည့်နဲ့ နွေးထွေးနေတာပဲ ။ ဒီလို ရင်ခုန်စရာ အနမ်းမျိုးကို Charles အရမ်း သဘောကျ နှစ်သက်မိတယ် ။

    ...........................................................

Continue lendo

Você também vai gostar

313K 7.6K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
245K 13.2K 33
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......