"ကေလး"
"ဟုတ္ကဲ့..."
"မနက္ျဖန္ ေဆးရံုလာမွာလား?"
"လာေတာ့ Broက ဘာလုပ္မလို႕လဲ?😯"
ခ်စ္စရာေကာင္းေအာင္ ျပန္ဘုေတာလာမွပဲ က်ေတာ္အသက္ရႈေျဖာင့္ေတာ့တယ္။ ႀသ...
ကိုယ့္အျဖစ္ အေခ်ခံရမွ စားလို႕ေသာက္လို႕ဝင္
တဲ့ ပံုျဖစ္ေနျပီ။
" ကေလး ကို မုန္႔လိုက္ေကြ်းမလို႔...လာခဲ့မလား
ကေလး"
စာရိုက္တဲ့ သေကၤတလႈိုင္းေလးေတြ ေပၚမလာပဲ
ခဏတာ ျငိမ္သက္သြားေတာ့ ဒီလူ ႏွလံုးခုန္ႏႈန္း
မမွန္ေတာ့။ စားပြဲေပၚအသင့္တင္ထုပ္ပိုးထားတဲ့
Tabletဗူးကိုႀကည့္ရင္း အသက္ပင္ရဲရဲမရႈႏိုင္ပဲ
replyကိုေစာင့္ေနမိတယ္။
"မနက္ျဖန္လာမွာေတာ့ ဟုတ္တယ္။ လိုက္စား
ဖို႕ မစားဖို႕က သားစဥ္းစားဦးမယ္။ ဒါနဲ႔Bro
က တကယ္ေကြ်းမွာလား?"
"ေကြ်းမွာေပါ့ ကေလးရ"
"တစ္နပ္စာအလကားစားရလည္း နည္းေတာ့
မနည္းဘူးဆိုေတာ့...😐😐"
စဥ္းစားေနတဲ့ emojiေလးအတိုင္းျဖစ္ေနမယ့္
မ်က္ႏွာေလး ေတြးရင္း ဖ်စ္ညႇစ္ခ်င္လာသည္။
"ကေလးသာ စားမယ္ဆို တစ္နပ္မဟုတ္ပါဘူး။
တစ္သက္လံုးလည္း ေကြ်းထားႏိုင္ပါတယ္"
ဟာေမာင္ခန္႔...မင္း တယ္သြက္လာပါလား။
ကိုယ့္ skill ကိုယ္ခ်ီးက်ဳးရင္း ေက်းဇူးရွင္ေလး
ဘာျပန္ေျပာမလဲ လည္း ေစာင့္ရေသး။
"ဘယ္မွာ စားမွာလဲဲ?"
ဟားးးးးထခုန္မိမတတ္။ ဒီေလာက္ေတာင္လား
ေနာက္ဆံုးေတာ့ ကေလးကို ေတြ႔ခြင့္ရျပီ။
"ဘယ္မွာဆိုကေလး အဆင္ေျပလဲ?"
"လွည္းတန္းက Ice berry...okလား Bro"
"ဟုတ္ျပီ။ ကိုယ္ ေစာင့္ေနမယ္။ ဒါမွမဟုတ္...
ကိုယ္ လာေခၚရမလား?"
အမွန္ေတာ့ မနက္ျဖန္ဆို Night dutyထြက္ရ
မွာ...က်ေတာ္အိပ္ဖို႕လိုေနတာ ႀကာေနျပီျဖစ္
ေပမယ့္ က်ေတာ္ သြားေခၚခ်င္တယ္။ သူတို႔
အေဆာင္ဆီသို႕ ဒါဟာ က်ေတာ့္ကေလးဆိုတာ
ကို အတည္ျပဳ အသိေပးခ်င္တယ္။
သို႕ေသာ္...
"ရတယ္ Bro...သားဘာသာပဲ လာမယ္"
"ok ကိုယ္ဆက္ဆက္ေစာင့္ေနမွာေနာ္ ကေလး"
"ဟုတ္"
ဘာမွဆက္မေျပာေတာ့ပဲ လိုင္းoutသြားခဲ့ျပီ။
ကေလးရာ...
>>>>>NO<<<<<
နာရီတႀကည့္ႀကည့္နဲ႔ျဖစ္ေနေသာ က်ေတာ့္အား
seniorအစ္မႏွစ္ေယာက္က
"ဘာလဲ ေကာင္ေလး...ဒီေန႔ေနာ္ နာရီတႀကည့္
ႀကည့္နဲ႕"
"အဲ...မ မဟုတ္ပါဘူး အစ္မရ"
"ဟြန္း ဟုတ္ပါတယ္ေနာ္။ ရွင္ေလး ေသခ်ာ
ဆံပင္ေတြဘာေတြ ျဖီးသင္ထားလို႔"
"အာ မဟုတ္တာ"
တစ္မနက္လံုး ဇြတ္ျငင္းခဲ့သမ်ွ ထမင္းစားခ်ိန္မွ
ဂြမ္းေတာ့တာပဲ။
"ႏိုးေရ ဒီေန႔ အစ္မတို႕အျပင္မွာစားမလို႕ လိုက္ခဲ့
ပါလား?"
"အဲ မလိုက္ေတာ့ဘူး"
"ဘာလဲဟ ငါတို႔ေတာင္ လိုက္မွာကို"
ေမေလး၏ အေဖာ္ညွိမႈ။
"ေအးေလ နင္ ထမင္းခ်ိဳင့္လည္း မပါပဲနဲ႕..."
ျီဖိဳးႀကီး၏ သံသယ မီးေမႊးေသာစကား။
"ရတယ္။ ငါသြားစရာ႐ွိလို႔ သြားၿပီ"
ျမန္ျမန္စကားျဖတ္ ေဆးရံုဝင္းထဲမွ အျမန္ထြက္
ရသည္။ ေက်ာပိုးအိတ္ႀကိဳးကို ဆုပ္ကိုင္ထားတဲ့
လက္ေတြမွာေခြၽးေစးေတြ ျပန္ေနသည္။
ေမေလးနဲ႔ ၿဖိဳးႀကီးကို ပထမဆံုး တစ္ပတ္႐ိုက္ခဲ့
ျခင္းပင္။ ေက်ာင္းတက္တည္းက သူတို႔တစ္ခုခု
စားဖို႔ အေဖာ္ညႇိတိုင္း က်ေတာ္မျငင္းခဲ့တာ။
ခုလို အေၾကာင္းရင္းမေျပာပဲ ထားခဲ့ရေတာ့လည္း
စိတ္ထဲ မေကာင္းဘူး။
ပ်ားတုပ္ေနေသာ ပန္းခင္းႀကီးတြင္ေန႔လည္ဖက္
မြန္းတည့္ခ်ိန္ေတာင္ အားလံုး႐ႈပ္ယွက္ခတ္ၿပီး
တဝီဝီနဲ႔။ မ်က္မွန္သမားမို႔ မ်က္မွန္မ်ားလူတိုက္မိ
ရင္ နာရေသး။ ကိုင္းက်ိဳးမွာလည္း စိုးရိမ္ရ၏။
ဟုိ Broကေတာ့ ဘယ္လိုေနလဲမသိ။
Ice berryေ႐ွ႕ရပ္ရင္း တံု႔ဆိုင္းဆိုင္းနဲ႔။ တကယ္ပဲ လာမွာလား? က်ေတာ့္ကို ေနာက္တာ
ဆိုရင္...ညက်ရင္ ကေလးသြားခဲ့လားဆိုၿပီးမ်ား
အ႐ူးလုပ္မလား?
ဟုတ္သား က်ေတာ္က ဘာကိုယံုၿပီးမ်ား သူငယ္ခ်င္းေတြပါ လိမ္ၿပီးဒီအထိေရာက္လာပါသလဲ?
ျပန္ရေကာင္းမလား? ေျခလွမ္းေတြေနာက္ျပန္
လွည့္လာၿပီးမွ ဦးထြန္းလင္းျခံေ႐ွ႕ ကားမွတ္တိုင္
တြင္ေတြကာရပ္ေနမိျပန္ေရာ။ နာရီကိုငံု႔ၾကည့္ေတာ့ ခ်ိန္းထားခ်ိန္ထက္ နာရီဝက္နီးပါးေနာက္က်ေနၿပီ။ YBSကားေတြတစ္စီးၿပီးတစ္စီးျဖတ္သြားေသာ္လည္း က်ေတာ္မတက္ျဖစ္။
ဗိုက္က ဆာေလာင္မႈက ပိုသိသာလာသည္။
က်ေတာ္အလိမ္ခံရၿပီး ဟားခံရမွာေၾကာက္တယ္
အဲ့လိုဆို ႐ွက္ဖို႔ေကာင္းတယ္လို႔လည္းထင္သည္။
က်ေတာ္ ဘာလုပ္သင့္လဲ? ဒီနားက က်ေတာ္
သင္တန္းတက္သည့္ေနရာ။ က်ေတာ့္ကိုသိေန
သူတစ္ေယာက္ေယာက္မ်ားေတြ႔သြားရင္...
ဘုရားေရ က်ေတာ္ဘာေတြအေတြးမ်ားေနတာလဲ
က်ေတာ္လွည္းတန္းကို ခ်ိန္းထားလို႔လာတယ္။
ခ်ိန္းထားတဲ့လူမ႐ွိလည္း ဘာမွမျဖစ္ဘူး။က်ေတာ္
ေန႔လယ္စာ ဝင္စားလိုက္လို႔ရတာပဲ။ ေမးလာလည္း ဟုတ္တယ္ သြားၿပီးမုန္႔စားလိုက္တယ္။ တကူးတကလာတာမဟုတ္ပဲ လမ္းၾကံဳလို႔
သြားလိုက္တယ္ ဆိုေသာ မာနကို ကာကြယ္ဖို႔
မုသားတစ္ခ်ိဳ႕တေလေတာ့ ဆိုရဖြယ္႐ွိတာေပါ့။
ဒါဆိုလည္း သူနဲ႔က်ေတာ္ ဇာတ္လမ္းျပတ္ၿပီေလ
က်ေတာ္ေ႐ွ႕ဆက္အ႐ူးလုပ္ခံစရာမလိုပဲ သူ႔ကို
အဆက္အဆံ မလုပ္ေတာ့ရံုေပါ့။
သြက္လက္ေသာေျခလွမ္းတို႔နဲ႔ ေနာက္ျပန္လွည့္
သည္။ Ice berryဆိုင္ထဲ ခပ္တည္တည္ဝင္
လိုက္သည္။ေအာက္ထပ္ကိုေဝ့ဝဲၾကည့္ေတာ့
က်ေတာ့္ကိုေစာင့္ေနသူမ႐ွိ။ လူျပည့္ေနေသာ ခံုအသီးသီးတြင္ အားလံုးက သူတို႔အာရံုနဲ႔သူတို႔။
အေပၚထပ္မွာသာ လူျပည့္ေနရင္ က်ေတာ္အိမ္
ျပန္ေတာ့မည္။ လိုင္းလည္းမသံုးေတာ့ဘူး။ ဟိုလူ
ကိုလည္း Blockမယ္။ က်ေတာ္ေၾကာက္တယ္။
က်ေတာ့္ကိုေစာင့္ေနမယ့္လူမ႐ွိမွာကို။
အေပၚထပ္သို႔ေျခခ်မိစဥ္ ေျခလွမ္းထိပ္မွာပင္ ရပ္
တန္႔ေနဆဲ။ ဘယ္သူမွလည္း က်ေတာ့္ကိုလွည့္မ
ၾကည့္။ ညာဖက္ေထာင့္ Sofaထိုင္ခံုေတြ႐ွိသည့္
ဖက္ကို ငဲ့ၾကည့္စဥ္
"ကေလး..."
ႏူးညံ့ေသာအသံဓာတ္ျဖင့္ က်ေတာ့္လက္တစ္ဖက္
ကိုဆြဲကာ လႈိက္လွဲစြာျပံဳးရင္းႀကိဳဆိုလာသူ။
ထိုအခ်ိန္ျဖစ္သြားတဲ့ ခံစားခ်က္။ က်ေတာ္မေျပာျပတတ္ဘူး။ ေသခ်ာတာ ဒီလိုတစ္ခါမွမျဖစ္
ဖူးတာပဲ။ တစ္ခုခုကေန သက္သာရာအႀကီး
အက်ယ္ရသြားသလိုမ်ိဳး။
"လာ ကေလး။ ကို စိတ္ပူေနတာ။ ကားေတြမ်ား
ပိတ္ေနတာလား ဆိုၿပီး...ဖုန္းဆက္ေပးဖို႔လည္း
ဖုန္းနံပါတ္မသိတာနဲ႔...လာ ကို ဟိုမွာထိုင္ေနတာ"
က်ေတာ္ေၾကာင္အေနသည္ဆို ပိုမွန္မည္။ က်ေတာ့္လက္ကိုဆြဲကာ ထိုင္ခံု႐ွိရာသို႔ေခၚေဆာင္ေပးသည္။
လြန္ခဲ့ေသာ ႏွစ္ေတြဆီက က်ေတာ့္ကို ကုန္းပိုးခဲ့
ေသာေက်ာျပင္ကို ေငးၾကည့္ေနမိသည္။
"ဘာစားမလဲ ကေလး"
ဗိုက္ဆာေနတာေတာ့အမွန္ပဲ။ သူ႕ေ႐ွ႕က်ေတာ္
ဟန္မေဆာင္ခ်င္ေတာ့...မလိုေတာ့ဘူးလို႕
ို႔လည္းထင္တယ္။ ခုခ်ိန္က်ေတာ္ဘာေျပာေျပာ သူဝယ္ေကြၽးမယ္ဆိုတာ ေသခ်ာေနၿပီေလ။
"႐ွမ္းေခါက္ဆြဲ။ chocolate cake ၿပီးေတာ့
စေတာ္ဘယ္ရီေဖ်ာ္ရည္။ ဟို ေရခဲေတြနဲ႔မဟုတ္ဘူးေနာ္ အသီးေဖ်ာ္ထားတာ။ ေနာက္ၿပီး ပိုက္ဆံ
ပိုလို႔ ျပန္မအမ္းႏိုင္ရင္ ပူတင္းကြတ္ကီးေလးေတြ
ေပးရင္ ယူလာခဲ့ေနာ္"
"အင္း ထိုင္ေနေနာ္။ ကို သြားမွာေပးမယ္"
Wallet ေလးကိုင္ကာ ေအာက္ဆင္းသြားေသာ
သူ။ ဟိုက္ ခုမွသတိထားမိတယ္။ ကိုယ့္ကိုကိုယ္
ငံု႔ၾကည့္ရသည္။ Shirt အျဖဴနဲ႔ အမည္းအစိမ္း
လိုင္းေဖာက္ထားေသာ ပုဆိုးနဲ႔။ ဆင္းသြားေသာ
သူလည္း ထိုအေရာင္ပင္။ အကြက္ဆင္ခ်င္းသာ
မတူတာ။
ဆူညံေနေသာ ဆိုင္အေပၚထပ္တြင္ က်ေတာ္
အေနက်ံဳေနသလိုပဲ။ဒါေပမယ့္ သူျပန္ေရာက္
လာေတာ့ ဘာလို႔မွန္းမသိ သက္ေတာင့္သက္သာ
ျပန္ျဖစ္သြားသည္။
ေဖ်ာ္ရည္နဲ႔ cakeအရင္ရလာသည္။ က်ေတာ္
ဟန္ပင္မေဆာင္ႏိုင္။ ေဖ်ာ္ရည္ေသာက္လိုက္
ကိတ္ကို ထစ္ထစ္ဖဲ့စားလိုက္နဲ႔ သူ႔လည္းစကား
မေျပာႏိုင္။ ေနာက္ ကိတ္မကုန္ခင္ ႐ွမ္းေခါက္ဆြဲ
လာခ်ေပးသည္။ ဘာမွစဥ္းစားမေန။ ဆက္ဆြဲ
သည္။ ေနာက္က်တဲ့ လက္ သစၥာေဖာက္ပဲ...
"ျဖည္းျဖည္းစားပါ ကေလးရဲ႕..."
ထိုသို႕ေျပာမွ သတိျပန္ဝင္လာျပီး ရွက္လိုက္တာ
ဗ်ာ။ ရုတ္တရက္ဘာလုပ္ရမွန္းမိသိတာနဲ႔ ေခါင္း
ကုတ္ျပီးသာ ရယ္ျပလိုက္ရသည္။
"ဗိုက္ေတာ္ေတာ္ဆာေနရွာတာကိုး။ ကားေတြပိတ္လို႕ေနာက္က်ေနတာလား?"
"မဟုတ္...အဲ ဟိုဟာ"
"ဘာလဲ ကေလး။ ေဆးရံုက ျပန္မလႊတ္လို႔လား"
"မဟုတ္ဘူး။ သား...အဲ...က်ေတာ္ ဟို ကားဂိတ္
မွာရပ္ေနမိတာ။ Bro မလာဘူး...ထင္လို႔"
သူ႔မ်က္ႏွာတစ္ခုလံုး အိုက်သြားျပီးမွ...
"ကေလးရာ...မေန႔ညတည္းက ကိုလာမယ္ေျပာ
တာပဲ။ ကို လာေခၚလိုက္ရမွာ။ ဘာလို႔မလာဘူး
ထင္တာလဲ?" ဟူေသာ အသံတြင္ဝမ္းနည္းမႈေတြ
က ဟန္ေဆာင္ထည့္သြင္းထားတာမဟုတ္။
တကယ္ အခက္ေတြ႔ျပီ။ ဒီအခ်ိန္တြင္ မယံုဘူးလို႔
လည္း မေျပာခ်င္။ ေျပာမထြက္ေတာ့ဆို ပိုမွန္
မည္။ ထိုစကားက သူ႕ကို ဝမ္းနည္းသြားေစမည္
ဆိုတာ က်ေတာ္သိေန၍... မေျဖခ်င္ေတာ့။
"ဖုန္းဆက္လိုက္ေပါ့ ေနာက္တစ္ခါဆို။ကို ကိုင္
ပါ့မယ္။ ကေလးဖုန္းနံပါတ္ေပးေလ"
က်ေတာ္ေတြေနရင္းမွ ျပံဳးလ်က္ ေအးေအးသက္
သာေျပာေနေသာ သူ႔ကို က်ေတာ္ယံုတယ္။
Onlineေပၚတြင္စကားေတြ အထာပါပါေျပာ
တတ္သေလာက္အျပင္တြင္ တကယ္ေလးေလး
နက္နက္ေျပာေနေသာ သူ႕ကို က်ေတာ္ယံုတယ္။
က်ေတာ့္အသက္၁၃ႏွစ္ကကဲ့သို႔ျပံဳးျပဆဲ။
ေလသံေအးေအးနဲ႔ စကားေျပာေနဆဲမို႔
က်ေတာ့္ဖုန္းကိုထုတ္ရင္း...
"Bro ဖုန္းနံပါတ္ေျပာ။ က်ေတာ္ miss call
ေပးလိုက္မယ္" ဟုေျပာရံုနဲ႔တင္
ျပံဳးေပ်ာ္သြားေသာ မ်က္ႏွာတြင္ အသက္အရြယ္နဲ႔
မလိုက္ဖက္ေသာ လူငယ္ဆန္မႈတစ္ခုကို ေတြ႔လိုက္ရသည္။ ဆယ္ေက်ာ္သက္ေလးတစ္
ေယာက္လို ရယ္ရႊင္ျမဴးေနေတာ့ သူေျပာေသာ
နံပါတ္ေတြကို ႏွိပ္ရင္း က်ေတာ္ျပံဳးမိသည္။
Iphone ၏ Original Ringtoneသံနဲ႔
ဖုန္းျမည္သံကတင္ သူ၏ အသက္အရြယ္အပိုင္း
အျခားကို လ်စ္လ်ပ္ျပသေနသလိုပင္။
"ေနာက္မွ ကေလး အတြက္ ringtoneသီးသန္႔
ထားမယ္။ ဒါမွ ဖုန္းလာတာနဲ႔သိမွာ"
ေျပာရင္း svaeလိုက္ေသာ contactတြင္
ကေလး ဟူေသာ နာမည္။
"က်ေတာ္ ကေလး မဟုတ္ေတာ့ဘူး Bro"
သူမွတ္ထားေသာ contactကို တစ္ခ်က္ငံု႔
ႀကည့္ျပီး
"ကိုယ့္ အတြက္က ကေလးက ခုထိ ကိုယ္စေတြ႔
တုန္းကလိုမေျပာင္းလဲေသးတဲ့ ကေလးပဲ...
ခုထိ ျဖဴစင္ေနတုန္းပဲ"
မ်က္ႏွာေတြပဲရဲသြားလား??lေျခဖ်ားေတြပဲေအး
သြားလား?နားရြက္ဖ်ားေတြပဲ ပူလာလား?
ေရာဂါလကၡာအေျဖရွာမရခင္...
"ကေလး အိမ္ပဲျပန္မွာလား?"
"ဟုတ္ကဲ့"
"ကို လိုက္ပို႕ေပးမယ္"
"ရတယ္...က်ေတာ့္ဘာသာ လိုင္းကားပဲစီး..."
"ကေလး ကို ေပးစရာလည္းရွိလို႔...ကိုယ္ကား
ေပၚမွာ ထားခဲ့တယ္။ အဲ့ဒါလည္းေပးရင္း ကို
လိုက္ပို႕ေပးမယ္ေလ"
"ဟာ မယူပါဘူး"
"ယူပါ။ ကိုယ္ဝယ္ထားတာ ႀကာျပီ။ ကေလးကို
လူခ်င္းေတြ႔ျပီးေပးခ်င္လို႕"
"အားနာစရာေတြဗ်ာ...က်ေတာ္လာေတြ႔တာ
လာယူေနသလိုျဖစ္ေနျပီ"
"မဟုတ္တာ ကေလးရာ...အသံုးဝင္မယ့္ပစၥည္း
ပါ။ ေက်ာင္းျပီးတဲ့ အထိမ္းအမွတ္လက္ေဆာင္
ေပးခ်င္လို႕"
အင္း...အသံုးဝင္မယ့္ ေက်ာင္းျပီးလက္ေဆာင္
ဆိုေတာ့ Stetho တို႕ ဘာတို႕ေနမွာေပါ့။
ဒါမွမဟုတ္ cartoonဆြဲတယ္ဆိုတာ သိေန
ေတာ့...ေရာင္စံုခဲတံဗူးေတြဘာေတြေနမွာေပါ့။
"အင္း လိုက္ခဲ့မယ္။ ကားခသက္သာလည္း
နည္းတာမဟုတ္"
က်ေတာ့္စကားက သူ႕ကို အသံထြက္ရယ္ေမာ
ေစသည္ကို ျမင္ရေတာ့ စိတ္ထဲေက်နပ္သလိုလို။
Fit အျဖဴေရာင္ထဲဝင္လိုက္သည္ႏွင့္
safety baltကို ဂရုတစိုက္ဆြဲကာသိုင္းပတ္
ေပးေနေသးေတာ့...ဒီအတိုင္းသာျငိမ္ေနမိေတာ့
သည္။ မသိေတာ့ဘူး။ အခု က်ေတာ့္ပံုက သူ႔ကို
အားကိုးေနတဲ့ ပံုမ်ားျဖစ္ေနျပီလား??သူမ်က္လံုး
ထဲ သူအငိုတိတ္ေအာင္ေခ်ာ့ခဲ့ရေသာ ၁၃ႏွစ္အရြယ္ေလးလို႕ပဲ ျမင္ေနေသးတာလား?
"ဒီမွာ ကေလး မသံုးတတ္ေသးလဲ Guide
bookႀကည့္ျပီးျဖည္းျဖည္းခ်င္းေလ့က်င့္ႀကည့္
ေပါ့"
"Oh My God!!"
ေပါင္ေပၚေရာက္လာေသာ ဗူးေႀကာင့္ မထင္မွတ္
ပဲ အာေမဋိတ္သံပါ ထြက္ရသည္အထိ။
ဒါက အိပ္မက္လား?က်ေတာ္လိုခ်င္လြန္းခဲ့
ေသာ္လည္း မရႏိုင္ေလာက္ေသာ...အလုပ္ရရင္
ေတာင္ ဝယ္ဖို႕မလြယ္ကူေလာက္ေသာ Drawing Boardကို
"ဒါ...ဒါႀကီး ဘယ္ေလာက္ေစ်းႀကီးလဲ...ဒီေလာက္ႀကီးထိ ေပးရလား?"
"ကေလးလိုအပ္ေနတာ သိလို႔ ကို႔ သူငယ္ခ်င္း
ကို လွမ္းမွာလိုက္တာ။ ႀကိဳက္ရဲ႕လား ကေလး"
"ဟားးး က်ေတာ္အိပ္မက္မက္ေနတာလား?
ဒါကို မယူသင့္ဘူးလို႕ သိေနတာေတာင္ က်ေတာ္
မျငင္းႏိုင္ဘူး ျဖစ္ေနတယ္။ ဟာဗ်ာ..."
စိတ္လႈပ္ရွားလြန္း၍ စကားေတြ အဆက္မျပတ္
ေျပာရင္း ဗူးကို ပြတ္သတ္ႀကည့္ေနေသာ ကေလး
ကို ႀကည့္ရင္း က်ေတာ္ပါဝမ္းသာလြန္း၍ မ်က္ရည္ဝဲလာရသည္။
မာနႀကီးစြာ မယူဘူးလို႕ ျငင္းေလမလား ဟူ၍
စိုးထိတ္ခဲ့ရေသာ္လည္း ခုခါတြင္ေတာ့ ဟန္ေဆာင္ျခင္း ကင္းစြာ ေပ်ာ္ျမဴးေနေသာ ကေလး။ တကယ္ပါ ကေလးက ကိုယ့္အတြက္
ကေလးေလးပဲ။
"ဘာလို႕ မယူသင့္ဘူးလို႕ထင္တာလဲ ကေလး"
"မဟုတ္ဘူးေလ။ Broနဲ႔ က်ေတာ္က သိတာ
ဘယ္ေလာက္မွ မႀကာေသးပဲ..."
"၇ႏွစ္ေက်ာ္ႀကာေအာင္ သိလာတာ မႀကာေသး
ဘူးလား ကေလး"
"မဟုတ္...ဘယ္လိုေျပာရမလဲ?က်ေတာ့္ကို
ဒီေလာက္ တန္ဖိုးႀကီးတာ ေပးဖို႕ေလာက္ထိ
က်ေတာ္တို႕ မရင္းႏွီးေသးဘူးေလ"
"ရပါတယ္။ ကိုတို႕ ခုကစျပီး ရင္းႏွီးေအာင္ေန
ႀကတာေပါ့"
လႊတ္ခနဲထြက္ျပီးမွ ဝိုင္းစက္သြားေသာ မ်က္လံုး
ဝိုင္းေလးေတြေႀကာင့္ ကားေလးထဲ အသံေတြ
တိတ္သြားသလို Airconေလသည္လည္း
ပိုေအးလာသလိုပဲ။
"ကို ေျပာခ်င္တာ..."
"Bro ကို က်ေတာ္ခင္ပါတယ္"
ဟူေသာ တည္ျငိမ္ေသာ အေျပာေလးနဲ႔အတူ
ပံုမွန္အေျခအေနကို ျပန္ဆြဲေခၚယူေပးေသာ
ကေလးသည္ အမွန္တကယ္ဆို အရြယ္နဲ႔သင့္
ေတာ္ေသာ ရင့္က်က္မႈေလးေတြရွိေနျပီပဲ။
လမ္းတစ္ေလွ်ာက္လည္း ေအးတိေအးစက္န႔ဲ
အေနခက္မႈမ်ိဳးေတြမရွိေတာ့။ Resultေတြ
အေႀကာင္း၊ထိထားေသာ ဘာသာမ်ားကို ေက်ာင္းျပန္တက္ျပီးေျဖရမယ့္ အေႀကာင္းမ်ား
အေစာႀကီးResultထြက္ႀကေသာ္လည္း ထိုသို႕
ေသာ အေႀကာင္းမ်ားေႀကာင့္ တျခားေက်ာင္းေတြ
နဲ႔ အတူ ဘြဲ႕ႏွင္းသဘင္က်င္းပခ်ိန္အတူတူျပန္
ျဖစ္သြားေႀကာင္းေတြ။ လက္ရွိေဆးေလာက၏
ယႏၱရားလည္ပတ္ပံုေတြ ေျပာျဖစ္ႀကသည္။
ဝါသနာမပါဘူးဆိုေပမယ့္ ခုလိုက်ေတာ့လည္း
လူႀကီးေလးတစ္ေယာက္လိုေဆြးေႏြးႏိုင္သည္။
လက္ရွိ ႏိုင္ငံေရးအေျခအေန လူမႈေရးစတာေတြ
လည္း ကေလးက သိေနေသး၏။ မႈခင္းနဲ႔ ပတ္
သတ္တာေတြဆို က်ေတာ့္ထက္ပင္ ပိုသိေသး၏
"က်ေတာ္က အဲ့ဖက္ပိုင္းကို webtoonဆြဲ
ခ်င္တာ။ Seriesတြဲေတြနဲ႔ေပါ့။ Daniel
အျပင္ေနာက္ထပ္ဇာတ္ေကာင္သစ္လည္း ေမြး
ခ်င္ေသးတယ္။ ဘယ္Fieldကို ေလ့လာရမလဲ
စဥ္းစားေနလို႕...ႏိုင္ငံေရးဆိုရင္ေကာ Bro"
"အင္း...ဘာေတြပဲ ရိုးသြားသြား ႏိုင္ငံေရးကေတာ့
ႏိုင္ငံေတြ ရွိေနသေရြ႕ ရွိေနမွာပဲေလ။ ကေလးက
လက္ရွိက်င့္သံုးေနတဲ့ ႏိုင္ငံေရးေတြထဲက
ဘယ္လို ႏိုင္ငံေရးကို အေျခခံေရးခ်င္တာလဲ?"
"ခုထိျဗိတိန္လက္ေအာက္ခံျဖစ္ေနတဲ့ ႏိုင္ငံ
ေတြထဲက စည္းမ်ဥ္းခံဘုရင္စနစ္ကို ဆန္႔က်င္
ျပီး ကိုယ္ပိုင္ ဒီမိုကေရစီ အုပ္ခ်ဳပ္ေရးရဖို႕ ႀကိဳး
စားေနတဲ့ လူငယ္ေတြအေႀကာင္းေရးမလားလို႕
ဒါေခတ္သစ္ ႏိုင္ငံလြတ္လပ္ေရးႀကိဳးစားပံုဆို
ေတာ့...ေနာက္ျပီး အေနာက္တိုင္းက လူငယ္
ေတြရဲ႕ ပံုစံေတြ အေရွ႔တိုင္းက လူငယ္ေတြ
ႏႈိင္းယွဥ္ျဖစ္ေအာင္..."
"ကေလး စိတ္ပါရင္လုပ္ပါ။ စိတ္ပါတာကို တကယ္ႀကိဳးႀကိဳးစားစားနဲ႔လုပ္ရင္ ဘယ္သူမွ အဲ့လူကို လ်စ္လ်ဴရႈျပီးမေနႏိုင္ႀကေတာ့ဘူး"
ျပံဳးေယာင္ေယာင္ႏႈတ္ခမ္းေလးေတြနဲ႔ ရွိေနေသာ
ကေလး။ ဒီလိုေလး တစ္သက္လံုး ကေလးေဘးနားကေန ကေလးလုပ္သမွ်ေတြကို
အားေပးခ်င္တယ္။ အႀကံဥာဏ္ေတြေပးခ်င္တယ္
စိတ္ဓာတ္က်လာခ်ိန္ေတြဆိုရင္လည္း ကိုယ့္ရင္ခြင္ထဲ ထည့္ျပီး အားေပးစကားေတြ
ေျပာေပးခ်င္တယ္။
အိမ္ဝင္းထဲ တိတ္ဆိတ္ေနေသာေႀကာင့္...
"ကေလးတစ္ေယာက္တည္းလား?"
ဟုေမးေတာ့ ခပ္ပါးပါးေလးျပံဳးရင္းေခါင္းညိတ္ျပ
ေတာ့ က်ေတာ့္ရင္ထဲ လႈိုက္ခနဲျဖစ္သြားသည္
အထိ စိတ္မေကာင္းျဖစ္ရသည္။ ဒီအိမ္ထဲ ကေလးတစ္ေယာက္တည္းရွိေနခ်ိန္ဆို ပ်င္းေန
မွာေပါ့။ ဒါေႀကာင့္ စာေမးပြဲျပီးတာကို မနားပဲ
သင္တန္းေတြတက္ေနတာကိုး။
"ဘယ္မွာ ထားမွာလဲ ကေလး"
"က်ေတာ့္ အခန္းထဲပဲထားမယ္ေလ။ Computer ကလည္း အခန္းထဲမွာဆိုေတာ့"
ဘယ္သူမွ မရွိခ်ိန္ ကေလးအခန္းထဲထိ လိုက္
သြားရေကာင္းမေကာင္းေတြေဝေနခ်ိန္ ကေလး
ကေတာ့ ပံုမွန္လိုပင္
"လာေလ Bro...က်ေတာ္က ခုမွ အဲ့board
ျမင္ဖူးေတာ့ ဘယ္လိုinstallလုပ္ရမလဲမသိ
ဘူး"
အခန္းေလးထဲ ေမွာင္ေတာ့မေန။ လိုက္ကာေတြ
ဆြဲဖြင့္ေတာ့ ျခံတြင္းမွ ေနေရာင္က ရွင္းလင္းစြာ
ဝင္ေရာက္လာသည္။
ေက်ာပိုးအိတ္ေလး ကုတင္ေပၚတင္လ်က္ စာေရး
စားပြဲခံုဆီ သြက္သြက္လက္လက္ပဲသြားသည္။
အခန္းထဲတြင္ ဟိုတစ္ခါလာတုန္းကလို စာရြက္
ေတြ ရွိမေန။ ျပန္မ်ားခြာထားတာလား?
"အရင္ကေတာ့ ဆြဲျပီးသားေတြ နံရံေပၚကပ္
ထားတတ္တယ္။ ေမေမက အခန္းထဲဝင္ရွင္း
တိုင္းေအာ္ေနတာနဲ႔ မကပ္ေတာ့တာ။ ခုေတာ့
ေအးေဆးပဲ ျဖစ္သြားျပီ"
ရႊင္ျမဴးေနေသာ မ်က္ႏွာေလးနဲ႔ Tabletကိုဗူး
ထဲမွ ထုတ္ကာComputerနဲ႔Joinသည္။
မျမင္ဖူးဘူးသာဆိုသည္ ခုလုပ္ေနတာႀကည့္
ေတာ့လည္း သူကိုင္ဖူးသလိုလိုပဲ ကြ်မ္းကြ်မ္း
က်င္က်င္နဲ႔...က်ေတာ္ရွိေနသည္ကိုပင္ ေမ့ေနဟန္။ နက္ျပာေရာင္ အိပ္ရာခင္းေလး
ခင္းထားေသာ ကုတင္ေထာင့္စြန္းေလးမွာသာ
ထိုင္ရင္း ကေလးလုပ္သမွ် ထိုင္ေငးေနမိသည္။
"ရျပီထင္တယ္"
အားလံုးျပီးသည္ႏွင့္ ကုလားထိုင္ေလး ဆြဲယူ
ထိုင္ကာ Standေထာက္ထားေသာ Tablet
မွ Penကို ကိုင္ကာ programေတြကို စမ္း
သပ္ႀကည့္ရႈသည္။
"Wow express key က ၈ခုေတာင္ပါတာ
လား??မိုက္လိုက္တာ။ ဒါဘာလဲ colour chartေတြ wow အေရာင္စပ္တဲ့ Function
က ျမင့္လာခ်ည္လား?sensitivityလည္း
သြက္တယ္။ မိုက္တယ္ မိုက္တယ္"
Penေလးကို ပတ္လည္လွည့္ႀကည့္လိုက္
Functionေတြကို Guide bookမွႀကည့္
လိုက္ နဲ႔ ျမဴးတူးေနေသာ ကေလး ။ စိတ္မ်ား
ပါလာလို႕လား မသိ။ ကုလားထိုင္ေပၚ ဒူးတစ္ဖက္
တင္ေထာင္လ်က္ Tablet screenနဲ႔ မ်က္ႏွာေလးကပ္လုမတတ္ကပ္ကာေရးျခစ္ေန
ေသာ ကေလး။ေထာင္ထားေသာ ေျခေထာက္
ေအာက္မွ ပုဆိုးလြတ္သြားေသာေနရာမွျမင္
ေနရေသာ ေျခေထာက္ျဖဴဥဥေလးေတြ။
"သေဘာက်ရဲ႕လား? ကေလး"
"အဲ..."
က်ေတာ္ေမးမွ သတိျပန္ဝင္လာဟန္ျဖင့္ အေန
မတတ္ေတာ့ဟန္ မ်က္ႏွာေလးျဖင့္ ေျခေထာက္
ကိုျပန္ခ်လ်က္ က်ေတာ့္ကို လွည့္ႀကည့္သည္။
"Bro ပ်င္းေနျပီ"
"ရပါတယ္။ အဆင္ေျပျပီဆို...ကေလး ဆက္လုပ္ခ်င္လုပ္ေနေတာ့ေလ။ ကို ျပန္ေတာ့မယ္"
"အဲ အိမ္လိုက္လာတာ ဘာမွလည္း မေကြ်းလိုက္
ရဘူး။ Coffeeျဖစ္ျဖစ္ ေသာက္"
ခုမွ လူႀကီးေလးတစ္ေယာက္လို ေလာကဝတ္ျပဳ
ေနေသာ ကေလးက အသည္းယားစရာေလး။
"ရပါတယ္ဗ်ာ။ ေစာနကပဲေသာက္လာျပီးတဲ့ဟာ"
"အားေတာ့နာတယ္ Broကို...က်ေတာ္အလုပ္
ရ ရင္ Bro ကိုလည္း တစ္ခုခုျပန္ေပးပါ့မယ္။
ခုခ်ိန္ ဒါကို ျငင္းလိုက္ရင္လည္း က်ေတာ့္အတြက္
အခြင့္အလမ္းေတြေနာက္က်သြားမယ္။ Bro
အတြက္လည္း အသံုးမဝင္ပဲ ဒါႀကီးေသာင္တင္
ေနမွာမို႕ ယူလိုက္တာ။ စိတ္ခ်ပါ က်ေတာ္လည္း
Bro လိုအပ္တာ တစ္ခုခုျပန္ေပးႏိုင္..."
"ကို လိုတာ ေျပာရင္ တကယ္ေပးမွာလား?"
"ခင္ဗ်ာ..."
ႏွစ္ႏွစ္ျခိဳက္ျခိဳက္ျပံဳးေနေသာ ႏႈတ္ခမ္းတို႔နဲ႔
ေငးစိုက္ႀကည့္ေနေသာ သူ႕မ်က္ႏွာကို က်ေတာ္
ဆက္မႀကည့္ရဲေတာ့၍ ေခါင္းငံု႔ရျခင္းအေပၚ
ဒီပစၥည္းကို ယူလိုက္မိတာ မွားျပီလားဆိုေသာ
အေတြး မဆံုးခင္...
"ကို လိုခ်င္တာ... ကေလးအိပ္မက္ေတြ
ျဖစ္လာေအာင္ ႀကိဳးႀကိဳးစားစားနဲ႔ အေကာင္
အထည္ေဖာ္ပါ။ကေလး ေနခ်င္တဲ့ဘဝမွာ
ေအာင္ျမင္ေနတာ ျမင္ခ်င္တယ္။ ႀကည့္ေနခ်င္
တယ္။ ေနာက္ျပီး ကို ေျပာမယ္။ ဒီဟာကိုလက္ခံ
လိုက္လို႕ ကို႔ အေပၚ အားနာတာေတြ အေနခက္
ေနတာေတြ မျဖစ္နဲ႔...တစ္ခုပဲ...ကို႔ ကို ဟန္မေဆာင္ပဲ ကေလးစိတ္ထဲမွာရွိတဲ့ အတုိင္း
အရွိကို အရွိအတုိင္း ဆက္ဆံေပး။ ကိုေျပာတာ
သေဘာေပါက္လား?ကတိေပးႏိုင္မလား?ကို႔
ကို ဟန္မေဆာင္ဖို႕..."
အရွိကို အရွိအတုိင္း။ ဘာမဆိုကိုလား??ဒါလြယ္
ကူတယ္ ထင္ရေပမယ့္ က်ေတာ့္အတြက္ေလးနက္ေနေသာ အရာတစ္ခု။
ဘာပဲျဖစ္ျဖစ္ သူ႕ေရွ႔ဟန္မေဆာင္ဖို႕ဆိုတာ...
ေရွ႔ဆက္ဘာျဖစ္လာမယ္ဆိုတာသိေနတာေတာင္
မွေလ...
အေျဖကိုေစာင့္ေနသူအား ဒီထက္ပိုျပီးအခ်ိန္ဆြဲ
မေနေတာ့...တိက်ေသာ ေယာက်ာ္းတစ္ေယာက္
၏ ႏႈတ္ထြက္စကားကို ေျပာရေတာ့မည္။
"က်ေတာ္ ကတိေပးတယ္"
"ေက်းဇူးပါ။ ကိုျပန္ျပီ။ လိုက္မပို႕နဲ႔ေတာ့..."
လိုက္မပို႕နဲ႔ေျပာေပမယ့္ ျခံထဲထိ ေနာက္ျပီး
သူ႕ ကားျဖဴေလး ျခံထဲမွ ထြက္သြားသည္အထိ
က်ေတာ္ရပ္ေငးေနမိသည္။
က်ေတာ္ ဘယ္ေသာအခါမွ လိမ္ေျပာဖို႕မလြယ္ကူ
ခဲ့သလို ဟန္လည္းမေဆာင္ႏိုင္ခဲ့ပါဘူး။
သို႕ေသာ္...ခုက အရွိကို အရွိအတိုင္းေနဖို႕
ေျပာဖို႕ ဟန္မေဆာင္ဖို႕ကို က်ေတာ္ဘာေႀကာင့္
စိုးရြံေနမိပါသနည္း။
Thank You All
(Unicode version)
/
/
/
"ကလေး"
"ဟုတ်ကဲ့..."
"မနက်ဖြန် ဆေးရုံလာမှာလား?"
"လာတော့ Broက ဘာလုပ်မလို့လဲ?😯"
ချစ်စရာကောင်းအောင် ပြန်ဘုတောလာမှပဲ ကျတော်အသက်ရှုဖြောင့်တော့တယ်။ သြ...
ကိုယ့်အဖြစ် အချေခံရမှ စားလို့သောက်လို့ဝင်
တဲ့ ပုံဖြစ်နေပြီ။
" ကလေး ကို မုန့်လိုက်ကျွေးမလို့...လာခဲ့မလား
ကလေး"
စာရိုက်တဲ့ သင်္ကေတလှိုင်းလေးတွေ ပေါ်မလာပဲ
ခဏတာ ငြိမ်သက်သွားတော့ ဒီလူ နှလုံးခုန်နှုန်း
မမှန်တော့။ စားပွဲပေါ်အသင့်တင်ထုပ်ပိုးထားတဲ့
Tabletဗူးကိုကြည့်ရင်း အသက်ပင်ရဲရဲမရှုနိုင်ပဲ
replyကိုစောင့်နေမိတယ်။
"မနက်ဖြန်လာမှာတော့ ဟုတ်တယ်။ လိုက်စား
ဖို့ မစားဖို့က သားစဉ်းစားဦးမယ်။ ဒါနဲ့Bro
က တကယ်ကျွေးမှာလား?"
"ကျွေးမှာပေါ့ ကလေးရ"
"တစ်နပ်စာအလကားစားရလည်း နည်းတော့
မနည်းဘူးဆိုတော့...😐😐"
စဉ်းစားနေတဲ့ emojiလေးအတိုင်းဖြစ်နေမယ့်
မျက်နှာလေး တွေးရင်း ဖျစ်ညှစ်ချင်လာသည်။
"ကလေးသာ စားမယ်ဆို တစ်နပ်မဟုတ်ပါဘူး။
တစ်သက်လုံးလည်း ကျွေးထားနိုင်ပါတယ်"
ဟာမောင်ခန့်...မင်း တယ်သွက်လာပါလား။
ကိုယ့် skill ကိုယ်ချီးကျုးရင်း ကျေးဇူးရှင်လေး
ဘာပြန်ပြောမလဲ လည်း စောင့်ရသေး။
"ဘယ်မှာ စားမှာလဲ?"
ဟားးးးးထခုန်မိမတတ်။ ဒီလောက်တောင်လား
နောက်ဆုံးတော့ ကလေးကို တွေ့ခွင့်ရပြီ။
"ဘယ်မှာဆိုကလေး အဆင်ပြေလဲ?"
"လှည်းတန်းက Ice berry...okလား Bro"
"ဟုတ်ပြီ။ ကိုယ် စောင့်နေမယ်။ ဒါမှမဟုတ်...
ကိုယ် လာခေါ်ရမလား?"
အမှန်တော့ မနက်ဖြန်ဆို Night dutyထွက်ရ
မှာ...ကျတော်အိပ်ဖို့လိုနေတာ ကြာနေပြီဖြစ်
ပေမယ့် ကျတော် သွားခေါ်ချင်တယ်။ သူတို့
အဆောင်ဆီသို့ ဒါဟာ ကျတော့်ကလေးဆိုတာ
ကို အတည်ပြု အသိပေးချင်တယ်။
သို့သော်...
"ရတယ် Bro...သားဘာသာပဲ လာမယ်"
"ok ကိုယ်ဆက်ဆက်စောင့်နေမှာနော် ကလေး"
"ဟုတ်"
ဘာမှဆက်မပြောတော့ပဲ လိုင်းoutသွားခဲ့ပြီ။
ကလေးရာ...
>>>>>NO<<<<<
နာရီတကြည့်ကြည့်နဲ့ဖြစ်နေသော ကျတော့်အား
seniorအစ်မနှစ်ယောက်က
"ဘာလဲ ကောင်လေး...ဒီနေ့နော် နာရီတကြည့်
ကြည့်နဲ့"
"အဲ...မ မဟုတ်ပါဘူး အစ်မရ"
"ဟွန်း ဟုတ်ပါတယ်နော်။ ရှင်လေး သေချာ
ဆံပင်တွေဘာတွေ ဖြီးသင်ထားလို့"
"အာ မဟုတ်တာ"
တစ်မနက်လုံး ဇွတ်ငြင်းခဲ့သမျှ ထမင်းစားချိန်မှ
ဂွမ်းတော့တာပဲ။
"နိုးရေ ဒီနေ့ အစ်မတို့အပြင်မှာစားမလို့ လိုက်ခဲ့
ပါလား?"
"အဲ မလိုက်တော့ဘူး"
"ဘာလဲဟ ငါတို့တောင် လိုက်မှာကို"
မေလေး၏ အဖော်ညှိမှု။
"အေးလေ နင် ထမင်းချိုင့်လည်း မပါပဲနဲ့..."
ြီဖိုးကြီး၏ သံသယ မီးမွှေးသောစကား။
"ရတယ်။ ငါသွားစရာရှိလို့ သွားပြီ"
မြန်မြန်စကားဖြတ် ဆေးရုံဝင်းထဲမှ အမြန်ထွက်
ရသည်။ ကျောပိုးအိတ်ကြိုးကို ဆုပ်ကိုင်ထားတဲ့
လက်တွေမှာချွေးစေးတွေ ပြန်နေသည်။
မေလေးနဲ့ ဖြိုးကြီးကို ပထမဆုံး တစ်ပတ်ရိုက်ခဲ့
ခြင်းပင်။ ကျောင်းတက်တည်းက သူတို့တစ်ခုခု
စားဖို့ အဖော်ညှိတိုင်း ကျတော်မငြင်းခဲ့တာ။
ခုလို အကြောင်းရင်းမပြောပဲ ထားခဲ့ရတော့လည်း
စိတ်ထဲ မကောင်းဘူး။
ပျားတုပ်နေသော ပန်းခင်းကြီးတွင်နေ့လည်ဖက်
မွန်းတည့်ချိန်တောင် အားလုံးရှုပ်ယှက်ခတ်ပြီး
တဝီဝီနဲ့။ မျက်မှန်သမားမို့ မျက်မှန်များလူတိုက်မိ
ရင် နာရသေး။ ကိုင်းကျိုးမှာလည်း စိုးရိမ်ရ၏။
ဟို Broကတော့ ဘယ်လိုနေလဲမသိ။
Ice berryရှေ့ရပ်ရင်း တုံ့ဆိုင်းဆိုင်းနဲ့။ တကယ်ပဲ လာမှာလား? ကျတော့်ကို နောက်တာ
ဆိုရင်...ညကျရင် ကလေးသွားခဲ့လားဆိုပြီးများ
အရူးလုပ်မလား?
ဟုတ်သား ကျတော်က ဘာကိုယုံပြီးများ သူငယ်ချင်းတွေပါ လိမ်ပြီးဒီအထိရောက်လာပါသလဲ?
ပြန်ရကောင်းမလား? ခြေလှမ်းတွေနောက်ပြန်
လှည့်လာပြီးမှ ဦးထွန်းလင်းခြံရှေ့ ကားမှတ်တိုင်
တွင်တွေကာရပ်နေမိပြန်ရော။ နာရီကိုငုံ့ကြည့်တော့ ချိန်းထားချိန်ထက် နာရီဝက်နီးပါးနောက်ကျနေပြီ။ YBSကားတွေတစ်စီးပြီးတစ်စီးဖြတ်သွားသော်လည်း ကျတော်မတက်ဖြစ်။
ဗိုက်က ဆာလောင်မှုက ပိုသိသာလာသည်။
ကျတော်အလိမ်ခံရပြီး ဟားခံရမှာကြောက်တယ်
အဲ့လိုဆို ရှက်ဖို့ကောင်းတယ်လို့လည်းထင်သည်။
ကျတော် ဘာလုပ်သင့်လဲ? ဒီနားက ကျတော်
သင်တန်းတက်သည့်နေရာ။ ကျတော့်ကိုသိနေ
သူတစ်ယောက်ယောက်များတွေ့သွားရင်...
ဘုရားရေ ကျတော်ဘာတွေအတွေးများနေတာလဲ
ကျတော်လှည်းတန်းကို ချိန်းထားလို့လာတယ်။
ချိန်းထားတဲ့လူမရှိလည်း ဘာမှမဖြစ်ဘူး။ကျတော်
နေ့လယ်စာ ဝင်စားလိုက်လို့ရတာပဲ။ မေးလာလည်း ဟုတ်တယ် သွားပြီးမုန့်စားလိုက်တယ်။ တကူးတကလာတာမဟုတ်ပဲ လမ်းကြုံလို့
သွားလိုက်တယ် ဆိုသော မာနကို ကာကွယ်ဖို့
မုသားတစ်ချို့တလေတော့ ဆိုရဖွယ်ရှိတာပေါ့။
ဒါဆိုလည်း သူနဲ့ကျတော် ဇာတ်လမ်းပြတ်ပြီလေ
ကျတော်ရှေ့ဆက်အရူးလုပ်ခံစရာမလိုပဲ သူ့ကို
အဆက်အဆံ မလုပ်တော့ရုံပေါ့။
သွက်လက်သောခြေလှမ်းတို့နဲ့ နောက်ပြန်လှည့်
သည်။ Ice berryဆိုင်ထဲ ခပ်တည်တည်ဝင်
လိုက်သည်။အောက်ထပ်ကိုဝေ့ဝဲကြည့်တော့
ကျတော့်ကိုစောင့်နေသူမရှိ။ လူပြည့်နေသော ခုံအသီးသီးတွင် အားလုံးက သူတို့အာရုံနဲ့သူတို့။
အပေါ်ထပ်မှာသာ လူပြည့်နေရင် ကျတော်အိမ်
ပြန်တော့မည်။ လိုင်းလည်းမသုံးတော့ဘူး။ ဟိုလူ
ကိုလည်း Blockမယ်။ ကျတော်ကြောက်တယ်။
ကျတော့်ကိုစောင့်နေမယ့်လူမရှိမှာကို။
အပေါ်ထပ်သို့ခြေချမိစဉ် ခြေလှမ်းထိပ်မှာပင် ရပ်
တန့်နေဆဲ။ ဘယ်သူမှလည်း ကျတော့်ကိုလှည့်မ
ကြည့်။ ညာဖက်ထောင့် Sofaထိုင်ခုံတွေရှိသည့်
ဖက်ကို ငဲ့ကြည့်စဉ်
"ကလေး..."
နူးညံ့သောအသံဓာတ်ဖြင့် ကျတော့်လက်တစ်ဖက်
ကိုဆွဲကာ လှိုက်လှဲစွာပြုံးရင်းကြိုဆိုလာသူ။
ထိုအချိန်ဖြစ်သွားတဲ့ ခံစားချက်။ ကျတော်မပြောပြတတ်ဘူး။ သေချာတာ ဒီလိုတစ်ခါမှမဖြစ်
ဖူးတာပဲ။ တစ်ခုခုကနေ သက်သာရာအကြီး
အကျယ်ရသွားသလိုမျိုး။
"လာ ကလေး။ ကို စိတ်ပူနေတာ။ ကားတွေများ
ပိတ်နေတာလား ဆိုပြီး...ဖုန်းဆက်ပေးဖို့လည်း
ဖုန်းနံပါတ်မသိတာနဲ့...လာ ကို ဟိုမှာထိုင်နေတာ"
ကျတော်ကြောင်အနေသည်ဆို ပိုမှန်မည်။ ကျတော့်လက်ကိုဆွဲကာ ထိုင်ခုံရှိရာသို့ခေါ်ဆောင်ပေးသည်။
လွန်ခဲ့သော နှစ်တွေဆီက ကျတော့်ကို ကုန်းပိုးခဲ့
သောကျောပြင်ကို ငေးကြည့်နေမိသည်။
"ဘာစားမလဲ ကလေး"
ဗိုက်ဆာနေတာတော့အမှန်ပဲ။ သူ့ရှေ့ကျတော်
ဟန်မဆောင်ချင်တော့...မလိုတော့ဘူးလို့
ို့လည်းထင်တယ်။ ခုချိန်ကျတော်ဘာပြောပြော သူဝယ်ကျွေးမယ်ဆိုတာ သေချာနေပြီလေ။
"ရှမ်းခေါက်ဆွဲ။ chocolate cake ပြီးတော့
စတော်ဘယ်ရီဖျော်ရည်။ ဟို ရေခဲတွေနဲ့မဟုတ်ဘူးနော် အသီးဖျော်ထားတာ။ နောက်ပြီး ပိုက်ဆံ
ပိုလို့ ပြန်မအမ်းနိုင်ရင် ပူတင်းကွတ်ကီးလေးတွေ
ပေးရင် ယူလာခဲ့နော်"
"အင်း ထိုင်နေနော်။ ကို သွားမှာပေးမယ်"
Wallet လေးကိုင်ကာ အောက်ဆင်းသွားသော
သူ။ ဟိုက် ခုမှသတိထားမိတယ်။ ကိုယ့်ကိုကိုယ်
ငုံ့ကြည့်ရသည်။ Shirt အဖြူနဲ့ အမည်းအစိမ်း
လိုင်းဖောက်ထားသော ပုဆိုးနဲ့။ ဆင်းသွားသော
သူလည်း ထိုအရောင်ပင်။ အကွက်ဆင်ချင်းသာ
မတူတာ။
ဆူညံနေသော ဆိုင်အပေါ်ထပ်တွင် ကျတော်
အနေကျုံနေသလိုပဲ။ဒါပေမယ့် သူပြန်ရောက်
လာတော့ ဘာလို့မှန်းမသိ သက်တောင့်သက်သာ
ပြန်ဖြစ်သွားသည်။
ဖျော်ရည်နဲ့ cakeအရင်ရလာသည်။ ကျတော်
ဟန်ပင်မဆောင်နိုင်။ ဖျော်ရည်သောက်လိုက်
ကိတ်ကို ထစ်ထစ်ဖဲ့စားလိုက်နဲ့ သူ့လည်းစကား
မပြောနိုင်။ နောက် ကိတ်မကုန်ခင် ရှမ်းခေါက်ဆွဲ
လာချပေးသည်။ ဘာမှစဉ်းစားမနေ။ ဆက်ဆွဲ
သည်။ နောက်ကျတဲ့ လက် သစ္စာဖောက်ပဲ...
"ဖြည်းဖြည်းစားပါ ကလေးရဲ့..."
ထိုသို့ပြောမှ သတိပြန်ဝင်လာပြီး ရှက်လိုက်တာ
ဗျာ။ ရုတ်တရက်ဘာလုပ်ရမှန်းမိသိတာနဲ့ ခေါင်း
ကုတ်ပြီးသာ ရယ်ပြလိုက်ရသည်။
"ဗိုက်တော်တော်ဆာနေရှာတာကိုး။ ကားတွေပိတ်လို့နောက်ကျနေတာလား?"
"မဟုတ်...အဲ ဟိုဟာ"
"ဘာလဲ ကလေး။ ဆေးရုံက ပြန်မလွှတ်လို့လား"
"မဟုတ်ဘူး။ သား...အဲ...ကျတော် ဟို ကားဂိတ်
မှာရပ်နေမိတာ။ Bro မလာဘူး...ထင်လို့"
သူ့မျက်နှာတစ်ခုလုံး အိုကျသွားပြီးမှ...
"ကလေးရာ...မနေ့ညတည်းက ကိုလာမယ်ပြော
တာပဲ။ ကို လာခေါ်လိုက်ရမှာ။ ဘာလို့မလာဘူး
ထင်တာလဲ?" ဟူသော အသံတွင်ဝမ်းနည်းမှုတွေ
က ဟန်ဆောင်ထည့်သွင်းထားတာမဟုတ်။
တကယ် အခက်တွေ့ပြီ။ ဒီအချိန်တွင် မယုံဘူးလို့
လည်း မပြောချင်။ ပြောမထွက်တော့ဆို ပိုမှန်
မည်။ ထိုစကားက သူ့ကို ဝမ်းနည်းသွားစေမည်
ဆိုတာ ကျတော်သိနေ၍... မဖြေချင်တော့။
"ဖုန်းဆက်လိုက်ပေါ့ နောက်တစ်ခါဆို။ကို ကိုင်
ပါ့မယ်။ ကလေးဖုန်းနံပါတ်ပေးလေ"
ကျတော်တွေနေရင်းမှ ပြုံးလျက် အေးအေးသက်
သာပြောနေသော သူ့ကို ကျတော်ယုံတယ်။
Onlineပေါ်တွင်စကားတွေ အထာပါပါပြော
တတ်သလောက်အပြင်တွင် တကယ်လေးလေး
နက်နက်ပြောနေသော သူ့ကို ကျတော်ယုံတယ်။
ကျတော့်အသက်၁၃နှစ်ကကဲ့သို့ပြုံးပြဆဲ။
လေသံအေးအေးနဲ့ စကားပြောနေဆဲမို့
ကျတော့်ဖုန်းကိုထုတ်ရင်း...
"Bro ဖုန်းနံပါတ်ပြော။ ကျတော် miss call
ပေးလိုက်မယ်" ဟုပြောရုံနဲ့တင်
ပြုံးပျော်သွားသော မျက်နှာတွင် အသက်အရွယ်နဲ့
မလိုက်ဖက်သော လူငယ်ဆန်မှုတစ်ခုကို တွေ့လိုက်ရသည်။ ဆယ်ကျော်သက်လေးတစ်
ယောက်လို ရယ်ရွှင်မြူးနေတော့ သူပြောသော
နံပါတ်တွေကို နှိပ်ရင်း ကျတော်ပြုံးမိသည်။
Iphone ၏ Original Ringtoneသံနဲ့
ဖုန်းမြည်သံကတင် သူ၏ အသက်အရွယ်အပိုင်း
အခြားကို လျစ်လျပ်ပြသနေသလိုပင်။
"နောက်မှ ကလေး အတွက် ringtoneသီးသန့်
ထားမယ်။ ဒါမှ ဖုန်းလာတာနဲ့သိမှာ"
ပြောရင်း svaeလိုက်သော contactတွင်
ကလေး ဟူသော နာမည်။
"ကျတော် ကလေး မဟုတ်တော့ဘူး Bro"
သူမှတ်ထားသော contactကို တစ်ချက်ငုံ့
ကြည့်ပြီး
"ကိုယ့် အတွက်က ကလေးက ခုထိ ကိုယ်စတွေ့
တုန်းကလိုမပြောင်းလဲသေးတဲ့ ကလေးပဲ...
ခုထိ ဖြူစင်နေတုန်းပဲ"
မျက်နှာတွေပဲရဲသွားလား??lခြေဖျားတွေပဲအေး
သွားလား?နားရွက်ဖျားတွေပဲ ပူလာလား?
ရောဂါလက္ခာအဖြေရှာမရခင်...
"ကလေး အိမ်ပဲပြန်မှာလား?"
"ဟုတ်ကဲ့"
"ကို လိုက်ပို့ပေးမယ်"
"ရတယ်...ကျတော့်ဘာသာ လိုင်းကားပဲစီး..."
"ကလေး ကို ပေးစရာလည်းရှိလို့...ကိုယ်ကား
ပေါ်မှာ ထားခဲ့တယ်။ အဲ့ဒါလည်းပေးရင်း ကို
လိုက်ပို့ပေးမယ်လေ"
"ဟာ မယူပါဘူး"
"ယူပါ။ ကိုယ်ဝယ်ထားတာ ကြာပြီ။ ကလေးကို
လူချင်းတွေ့ပြီးပေးချင်လို့"
"အားနာစရာတွေဗျာ...ကျတော်လာတွေ့တာ
လာယူနေသလိုဖြစ်နေပြီ"
"မဟုတ်တာ ကလေးရာ...အသုံးဝင်မယ့်ပစ္စည်း
ပါ။ ကျောင်းပြီးတဲ့ အထိမ်းအမှတ်လက်ဆောင်
ပေးချင်လို့"
အင်း...အသုံးဝင်မယ့် ကျောင်းပြီးလက်ဆောင်
ဆိုတော့ Stetho တို့ ဘာတို့နေမှာပေါ့။
ဒါမှမဟုတ် cartoonဆွဲတယ်ဆိုတာ သိနေ
တော့...ရောင်စုံခဲတံဗူးတွေဘာတွေနေမှာပေါ့။
"အင်း လိုက်ခဲ့မယ်။ ကားခသက်သာလည်း
နည်းတာမဟုတ်"
ကျတော့်စကားက သူ့ကို အသံထွက်ရယ်မော
စေသည်ကို မြင်ရတော့ စိတ်ထဲကျေနပ်သလိုလို။
Fit အဖြူရောင်ထဲဝင်လိုက်သည်နှင့်
safety baltကို ဂရုတစိုက်ဆွဲကာသိုင်းပတ်
ပေးနေသေးတော့...ဒီအတိုင်းသာငြိမ်နေမိတော့
သည်။ မသိတော့ဘူး။ အခု ကျတော့်ပုံက သူ့ကို
အားကိုးနေတဲ့ ပုံများဖြစ်နေပြီလား??သူမျက်လုံး
ထဲ သူအငိုတိတ်အောင်ချော့ခဲ့ရသော ၁၃နှစ်အရွယ်လေးလို့ပဲ မြင်နေသေးတာလား?
"ဒီမှာ ကလေး မသုံးတတ်သေးလဲ Guide
bookကြည့်ပြီးဖြည်းဖြည်းချင်းလေ့ကျင့်ကြည့်
ပေါ့"
"Oh My God!!"
ပေါင်ပေါ်ရောက်လာသော ဗူးကြောင့် မထင်မှတ်
ပဲ အာမေဋိတ်သံပါ ထွက်ရသည်အထိ။
ဒါက အိပ်မက်လား?ကျတော်လိုချင်လွန်းခဲ့
သော်လည်း မရနိုင်လောက်သော...အလုပ်ရရင်
တောင် ဝယ်ဖို့မလွယ်ကူလောက်သော Drawing Boardကို
"ဒါ...ဒါကြီး ဘယ်လောက်ဈေးကြီးလဲ...ဒီလောက်ကြီးထိ ပေးရလား?"
"ကလေးလိုအပ်နေတာ သိလို့ ကို့ သူငယ်ချင်း
ကို လှမ်းမှာလိုက်တာ။ ကြိုက်ရဲ့လား ကလေး"
"ဟားးး ကျတော်အိပ်မက်မက်နေတာလား?
ဒါကို မယူသင့်ဘူးလို့ သိနေတာတောင် ကျတော်
မငြင်းနိုင်ဘူး ဖြစ်နေတယ်။ ဟာဗျာ..."
စိတ်လှုပ်ရှားလွန်း၍ စကားတွေ အဆက်မပြတ်
ပြောရင်း ဗူးကို ပွတ်သတ်ကြည့်နေသော ကလေး
ကို ကြည့်ရင်း ကျတော်ပါဝမ်းသာလွန်း၍ မျက်ရည်ဝဲလာရသည်။
မာနကြီးစွာ မယူဘူးလို့ ငြင်းလေမလား ဟူ၍
စိုးထိတ်ခဲ့ရသော်လည်း ခုခါတွင်တော့ ဟန်ဆောင်ခြင်း ကင်းစွာ ပျော်မြူးနေသော ကလေး။ တကယ်ပါ ကလေးက ကိုယ့်အတွက်
ကလေးလေးပဲ။
"ဘာလို့ မယူသင့်ဘူးလို့ထင်တာလဲ ကလေး"
"မဟုတ်ဘူးလေ။ Broနဲ့ ကျတော်က သိတာ
ဘယ်လောက်မှ မကြာသေးပဲ..."
"၇နှစ်ကျော်ကြာအောင် သိလာတာ မကြာသေး
ဘူးလား ကလေး"
"မဟုတ်...ဘယ်လိုပြောရမလဲ?ကျတော့်ကို
ဒီလောက် တန်ဖိုးကြီးတာ ပေးဖို့လောက်ထိ
ကျတော်တို့ မရင်းနှီးသေးဘူးလေ"
"ရပါတယ်။ ကိုတို့ ခုကစပြီး ရင်းနှီးအောင်နေ
ကြတာပေါ့"
လွှတ်ခနဲထွက်ပြီးမှ ဝိုင်းစက်သွားသော မျက်လုံး
ဝိုင်းလေးတွေကြောင့် ကားလေးထဲ အသံတွေ
တိတ်သွားသလို Airconလေသည်လည်း
ပိုအေးလာသလိုပဲ။
"ကို ပြောချင်တာ..."
"Bro ကို ကျတော်ခင်ပါတယ်"
ဟူသော တည်ငြိမ်သော အပြောလေးနဲ့အတူ
ပုံမှန်အခြေအနေကို ပြန်ဆွဲခေါ်ယူပေးသော
ကလေးသည် အမှန်တကယ်ဆို အရွယ်နဲ့သင့်
တော်သော ရင့်ကျက်မှုလေးတွေရှိနေပြီပဲ။
လမ်းတစ်လျှောက်လည်း အေးတိအေးစက်နဲ့
အနေခက်မှုမျိုးတွေမရှိတော့။ Resultတွေ
အကြောင်း၊ထိထားသော ဘာသာများကို ကျောင်းပြန်တက်ပြီးဖြေရမယ့် အကြောင်းများ
အစောကြီးResultထွက်ကြသော်လည်း ထိုသို့
သော အကြောင်းများကြောင့် တခြားကျောင်းတွေ
နဲ့ အတူ ဘွဲ့နှင်းသဘင်ကျင်းပချိန်အတူတူပြန်
ဖြစ်သွားကြောင်းတွေ။ လက်ရှိဆေးလောက၏
ယန္တရားလည်ပတ်ပုံတွေ ပြောဖြစ်ကြသည်။
ဝါသနာမပါဘူးဆိုပေမယ့် ခုလိုကျတော့လည်း
လူကြီးလေးတစ်ယောက်လိုဆွေးနွေးနိုင်သည်။
လက်ရှိ နိုင်ငံရေးအခြေအနေ လူမှုရေးစတာတွေ
လည်း ကလေးက သိနေသေး၏။ မှုခင်းနဲ့ ပတ်
သတ်တာတွေဆို ကျတော့်ထက်ပင် ပိုသိသေး၏
"ကျတော်က အဲ့ဖက်ပိုင်းကို webtoonဆွဲ
ချင်တာ။ Seriesတွဲတွေနဲ့ပေါ့။ Daniel
အပြင်နောက်ထပ်ဇာတ်ကောင်သစ်လည်း မွေး
ချင်သေးတယ်။ ဘယ်Fieldကို လေ့လာရမလဲ
စဉ်းစားနေလို့...နိုင်ငံရေးဆိုရင်ကော Bro"
"အင်း...ဘာတွေပဲ ရိုးသွားသွား နိုင်ငံရေးကတော့
နိုင်ငံတွေ ရှိနေသရွေ့ ရှိနေမှာပဲလေ။ ကလေးက
လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးတွေထဲက
ဘယ်လို နိုင်ငံရေးကို အခြေခံရေးချင်တာလဲ?"
"ခုထိဗြိတိန်လက်အောက်ခံဖြစ်နေတဲ့ နိုင်ငံ
တွေထဲက စည်းမျဉ်းခံဘုရင်စနစ်ကို ဆန့်ကျင်
ပြီး ကိုယ်ပိုင် ဒီမိုကရေစီ အုပ်ချုပ်ရေးရဖို့ ကြိုး
စားနေတဲ့ လူငယ်တွေအကြောင်းရေးမလားလို့
ဒါခေတ်သစ် နိုင်ငံလွတ်လပ်ရေးကြိုးစားပုံဆို
တော့...နောက်ပြီး အနောက်တိုင်းက လူငယ်
တွေရဲ့ ပုံစံတွေ အရှေ့တိုင်းက လူငယ်တွေ
နှိုင်းယှဉ်ဖြစ်အောင်..."
"ကလေး စိတ်ပါရင်လုပ်ပါ။ စိတ်ပါတာကို တကယ်ကြိုးကြိုးစားစားနဲ့လုပ်ရင် ဘယ်သူမှ အဲ့လူကို လျစ်လျူရှုပြီးမနေနိုင်ကြတော့ဘူး"
ပြုံးယောင်ယောင်နှုတ်ခမ်းလေးတွေနဲ့ ရှိနေသော
ကလေး။ ဒီလိုလေး တစ်သက်လုံး ကလေးဘေးနားကနေ ကလေးလုပ်သမျှတွေကို
အားပေးချင်တယ်။ အကြံဉာဏ်တွေပေးချင်တယ်
စိတ်ဓာတ်ကျလာချိန်တွေဆိုရင်လည်း ကိုယ့်ရင်ခွင်ထဲ ထည့်ပြီး အားပေးစကားတွေ
ပြောပေးချင်တယ်။
အိမ်ဝင်းထဲ တိတ်ဆိတ်နေသောကြောင့်...
"ကလေးတစ်ယောက်တည်းလား?"
ဟုမေးတော့ ခပ်ပါးပါးလေးပြုံးရင်းခေါင်းညိတ်ပြ
တော့ ကျတော့်ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်
အထိ စိတ်မကောင်းဖြစ်ရသည်။ ဒီအိမ်ထဲ ကလေးတစ်ယောက်တည်းရှိနေချိန်ဆို ပျင်းနေ
မှာပေါ့။ ဒါကြောင့် စာမေးပွဲပြီးတာကို မနားပဲ
သင်တန်းတွေတက်နေတာကိုး။
"ဘယ်မှာ ထားမှာလဲ ကလေး"
"ကျတော့် အခန်းထဲပဲထားမယ်လေ။ Computer ကလည်း အခန်းထဲမှာဆိုတော့"
ဘယ်သူမှ မရှိချိန် ကလေးအခန်းထဲထိ လိုက်
သွားရကောင်းမကောင်းတွေဝေနေချိန် ကလေး
ကတော့ ပုံမှန်လိုပင်
"လာလေ Bro...ကျတော်က ခုမှ အဲ့board
မြင်ဖူးတော့ ဘယ်လိုinstallလုပ်ရမလဲမသိ
ဘူး"
အခန်းလေးထဲ မှောင်တော့မနေ။ လိုက်ကာတွေ
ဆွဲဖွင့်တော့ ခြံတွင်းမှ နေရောင်က ရှင်းလင်းစွာ
ဝင်ရောက်လာသည်။
ကျောပိုးအိတ်လေး ကုတင်ပေါ်တင်လျက် စာရေး
စားပွဲခုံဆီ သွက်သွက်လက်လက်ပဲသွားသည်။
အခန်းထဲတွင် ဟိုတစ်ခါလာတုန်းကလို စာရွက်
တွေ ရှိမနေ။ ပြန်များခွာထားတာလား?
"အရင်ကတော့ ဆွဲပြီးသားတွေ နံရံပေါ်ကပ်
ထားတတ်တယ်။ မေမေက အခန်းထဲဝင်ရှင်း
တိုင်းအော်နေတာနဲ့ မကပ်တော့တာ။ ခုတော့
အေးဆေးပဲ ဖြစ်သွားပြီ"
ရွှင်မြူးနေသော မျက်နှာလေးနဲ့ Tabletကိုဗူး
ထဲမှ ထုတ်ကာComputerနဲ့Joinသည်။
မမြင်ဖူးဘူးသာဆိုသည် ခုလုပ်နေတာကြည့်
တော့လည်း သူကိုင်ဖူးသလိုလိုပဲ ကျွမ်းကျွမ်း
ကျင်ကျင်နဲ့...ကျတော်ရှိနေသည်ကိုပင် မေ့နေဟန်။ နက်ပြာရောင် အိပ်ရာခင်းလေး
ခင်းထားသော ကုတင်ထောင့်စွန်းလေးမှာသာ
ထိုင်ရင်း ကလေးလုပ်သမျှ ထိုင်ငေးနေမိသည်။
"ရပြီထင်တယ်"
အားလုံးပြီးသည်နှင့် ကုလားထိုင်လေး ဆွဲယူ
ထိုင်ကာ Standထောက်ထားသော Tablet
မှ Penကို ကိုင်ကာ programတွေကို စမ်း
သပ်ကြည့်ရှုသည်။
"Wow express key က ၈ခုတောင်ပါတာ
လား??မိုက်လိုက်တာ။ ဒါဘာလဲ colour chartတွေ wow အရောင်စပ်တဲ့ Function
က မြင့်လာချည်လား?sensitivityလည်း
သွက်တယ်။ မိုက်တယ် မိုက်တယ်"
Penလေးကို ပတ်လည်လှည့်ကြည့်လိုက်
Functionတွေကို Guide bookမှကြည့်
လိုက် နဲ့ မြူးတူးနေသော ကလေး ။ စိတ်များ
ပါလာလို့လား မသိ။ ကုလားထိုင်ပေါ် ဒူးတစ်ဖက်
တင်ထောင်လျက် Tablet screenနဲ့ မျက်နှာလေးကပ်လုမတတ်ကပ်ကာရေးခြစ်နေ
သော ကလေး။ထောင်ထားသော ခြေထောက်
အောက်မှ ပုဆိုးလွတ်သွားသောနေရာမှမြင်
နေရသော ခြေထောက်ဖြူဥဥလေးတွေ။
"သဘောကျရဲ့လား? ကလေး"
"အဲ..."
ကျတော်မေးမှ သတိပြန်ဝင်လာဟန်ဖြင့် အနေ
မတတ်တော့ဟန် မျက်နှာလေးဖြင့် ခြေထောက်
ကိုပြန်ချလျက် ကျတော့်ကို လှည့်ကြည့်သည်။
"Bro ပျင်းနေပြီ"
"ရပါတယ်။ အဆင်ပြေပြီဆို...ကလေး ဆက်လုပ်ချင်လုပ်နေတော့လေ။ ကို ပြန်တော့မယ်"
"အဲ အိမ်လိုက်လာတာ ဘာမှလည်း မကျွေးလိုက်
ရဘူး။ Coffeeဖြစ်ဖြစ် သောက်"
ခုမှ လူကြီးလေးတစ်ယောက်လို လောကဝတ်ပြု
နေသော ကလေးက အသည်းယားစရာလေး။
"ရပါတယ်ဗျာ။ စောနကပဲသောက်လာပြီးတဲ့ဟာ"
"အားတော့နာတယ် Broကို...ကျတော်အလုပ်
ရ ရင် Bro ကိုလည်း တစ်ခုခုပြန်ပေးပါ့မယ်။
ခုချိန် ဒါကို ငြင်းလိုက်ရင်လည်း ကျတော့်အတွက်
အခွင့်အလမ်းတွေနောက်ကျသွားမယ်။ Bro
အတွက်လည်း အသုံးမဝင်ပဲ ဒါကြီးသောင်တင်
နေမှာမို့ ယူလိုက်တာ။ စိတ်ချပါ ကျတော်လည်း
Bro လိုအပ်တာ တစ်ခုခုပြန်ပေးနိုင်..."
"ကို လိုတာ ပြောရင် တကယ်ပေးမှာလား?"
"ခင်ဗျာ..."
နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသော နှုတ်ခမ်းတို့နဲ့
ငေးစိုက်ကြည့်နေသော သူ့မျက်နှာကို ကျတော်
ဆက်မကြည့်ရဲတော့၍ ခေါင်းငုံ့ရခြင်းအပေါ်
ဒီပစ္စည်းကို ယူလိုက်မိတာ မှားပြီလားဆိုသော
အတွေး မဆုံးခင်...
"ကို လိုချင်တာ... ကလေးအိပ်မက်တွေ
ဖြစ်လာအောင် ကြိုးကြိုးစားစားနဲ့ အကောင်
အထည်ဖော်ပါ။ကလေး နေချင်တဲ့ဘဝမှာ
အောင်မြင်နေတာ မြင်ချင်တယ်။ ကြည့်နေချင်
တယ်။ နောက်ပြီး ကို ပြောမယ်။ ဒီဟာကိုလက်ခံ
လိုက်လို့ ကို့ အပေါ် အားနာတာတွေ အနေခက်
နေတာတွေ မဖြစ်နဲ့...တစ်ခုပဲ...ကို့ ကို ဟန်မဆောင်ပဲ ကလေးစိတ်ထဲမှာရှိတဲ့ အတိုင်း
အရှိကို အရှိအတိုင်း ဆက်ဆံပေး။ ကိုပြောတာ
သဘောပေါက်လား?ကတိပေးနိုင်မလား?ကို့
ကို ဟန်မဆောင်ဖို့..."
အရှိကို အရှိအတိုင်း။ ဘာမဆိုကိုလား??ဒါလွယ်
ကူတယ် ထင်ရပေမယ့် ကျတော့်အတွက်လေးနက်နေသော အရာတစ်ခု။
ဘာပဲဖြစ်ဖြစ် သူ့ရှေ့ဟန်မဆောင်ဖို့ဆိုတာ...
ရှေ့ဆက်ဘာဖြစ်လာမယ်ဆိုတာသိနေတာတောင်
မှလေ...
အဖြေကိုစောင့်နေသူအား ဒီထက်ပိုပြီးအချိန်ဆွဲ
မနေတော့...တိကျသော ယောကျာ်းတစ်ယောက်
၏ နှုတ်ထွက်စကားကို ပြောရတော့မည်။
"ကျတော် ကတိပေးတယ်"
"ကျေးဇူးပါ။ ကိုပြန်ပြီ။ လိုက်မပို့နဲ့တော့..."
လိုက်မပို့နဲ့ပြောပေမယ့် ခြံထဲထိ နောက်ပြီး
သူ့ ကားဖြူလေး ခြံထဲမှ ထွက်သွားသည်အထိ
ကျတော်ရပ်ငေးနေမိသည်။
ကျတော် ဘယ်သောအခါမှ လိမ်ပြောဖို့မလွယ်ကူ
ခဲ့သလို ဟန်လည်းမဆောင်နိုင်ခဲ့ပါဘူး။
သို့သော်...ခုက အရှိကို အရှိအတိုင်းနေဖို့
ပြောဖို့ ဟန်မဆောင်ဖို့ကို ကျတော်ဘာကြောင့်
စိုးရွံနေမိပါသနည်း။
Thank You All