NO

By HsuChiKo365

4.4M 369K 14.1K

(Zawgyi and Unicode) Trust me,you are my one in millions Romance,Funny, Sweet & Pure BL Cover design by Su M... More

About Story
ခန္႔ေသာ္ဇင္
ႏိုး
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း (၆)
အပိုင္း(၇)
အပိုင္​း(၈)
အပိုင္း(၈-၁)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္​း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
အပိုင္း(၂၃)
ႏိုးႏိုး
အပိုင္း(၂၄)
အပိုင္​း (၂၅)
အပိုင္း(၂၆)
အပိုင္း ၂၇
အပိုင္း(၂၈)
အပိုင္း ၂၉
အပိုင္း(၃၀)
အပိုင္း(၃၁)
အပိုင္း ( ၃၂ )
အပိုင္း(၃၃)
အပိုင္း (၃၄)
A/N
အပိုင္း(၃၅)
အပိုင္း ၃၆
Ending Part 1
Genophobia
Ending
Extra
Extra
Extra
Extra
ေက်းဇူးတင္လႊာ
NO
အလင္းအိမ္
Pay-Day Dating
X'mas Trip

အပိုင္း(၁၅)

70K 7.1K 217
By HsuChiKo365

"ဟင္ ကိုခန္႕...Night Dutyထြက္ထားတာ
မဟုတ္ဘူးလား?"

"အင္...အင္း ဟုတ္တယ္"

"အယ္? ဒါဆို ဘာလို႕?"

"အစ္မ ဟို လုပ္အားေပးလာဆင္းတဲ့ ကေလး
ေတြက ဘယ္အေဆာင္မွာလဲ မသိ?"

"ေဘးဖက္ အေဆာင္မွာေလ...ဘာလုပ္မလို႕..."

"ဟုတ္ ေက်းဇူးပဲ အစ္မ"

အေဆာင္ေဟာင္းဘက္ေျပးရျပန္သည္။ အေဆာင္ထဲမွာ တျခားေကာင္မေလးေတြ သံုးေလးေယာက္ေတြ႔၏။
ကေလးန႔ဲ တူတာဆိုလို႕ ေယာက်ာ္္ေလး
ပင္မရွိ။ ကေလးနဲ႔ အတူတူတြဲရိုက္ထားတဲ့
ေကာင္မေလးႏွစ္ေယာက္ေတာ့ ေတြ႔တယ္။
သြားေမးသင့္ မေမးသင့္ ခ်ီတံုခ်တံုနဲ႔။

ေနပါဦး။ လိုင္းေပၚတက္ႀကည့္လိုက္ဦးမယ္

ဟင္! ခုနက တင္ထားတဲ့ postမရွိေတာ့။ ဖ်က္
လိုက္တာမ်ားလား??
ကေလး လိုင္းေပၚမွာလည္းမရွိ။ မ်က္စိေရွ႔မွလည္း
မေတြ႕နဲ႔...အိပ္ေရးေတြပ်က္ထားတာမ်ားေနျပီ
ီျဖစ္တဲ့က်ေတာ္ ကေယာင္ေခ်ာက္ျခားျဖစ္ေန
သည္လား?

ဘာလုပ္ရမလဲ??ခဏရပ္စဥ္းစားျပီးမွ အက်ီ ၤေတြ
ဘာေတြ ျပန္႔ေနေအာင္ေသခ်ာျပန္ဆြဲခ်။
ေဆးရံုမွာရွိေနရင္ ျဖစ္ေနတတ္ေသာ မ်က္ႏွာ
အမူအရာႏွင့္ပင္ ေကာင္မေလးေတြနားေလွ်ာက္
သြားလိုက္ေတာ့ အားလံုးက ဆရာဝန္မွန္းရိပ္မိ
သည္ထင္

"မဂၤလာ Dr" ဟူ၍ ႏႈတ္ဆက္ႀကသည္။

"လုပ္အားေပးလာႀကတာလား?"

ရွိေနေသာ Nurse က

"ဟုတ္ကဲ့ Dr...ေဆးဖက္ဆိုင္ရာနည္းပညာက
လာႀကတာ"

"ဟုတ္လား?Physiotherapist ေတြလား"

ကေလးေဘးမွာ အျမဲေတြ႔ေနရတတ္ေသာ ေကာင္
မေလးႏွစ္ေယာက္ထဲမွ တစ္ေယာက္က

"ျဖိဳးတို႕က အခုမွ Finalေျဖထားတာပါ Dr"

ဟူ၍ ရယ္ရယ္ေမာေမာနဲ႔ သြက္လက္စြာျပန္ေျဖ
သည္။ က်ေတာ္အားတက္သြားေလျပီ။

"ဟုတ္လား?ဘယ္ႏွစ္ေယာက္ေလာက္လာႀက
တာလဲ? ေယာက်ာ္းေလးေတြေကာ မပါဘူးလား"

"စုစုေပါင္း ၆ေယာက္ပါ။ ေယာက်ာ္းေလး ၂ေယာက္ပါတယ္။ သူတို႕က ျပန္ႏွင့္ျပီ ေနာက္
ေန႔မွ လူခ်ိန္းျပီး လာႀကလိမ့္မယ္"

"အင္း အင္း အလုပ္ခြင္မဝင္ခင္ လုပ္အားလာေပး
ထားေတာ့ Experienceရတာေပါ့။ လိုတာရွိ
ရင္ ဒီက ဆရာမေတြကို ေျပာလို႕ရတယ္။ ပင္မ
ေဆာင္ဖက္လည္း လာေလ့လာလို႕ရတယ္"

"ဟုတ္ကဲ့ရွင့္။ ဒါနဲ႔ Dr နာမည္"

"ကို႕ နာမည္ ခန္႔ေသာ္ဇင္ပါ"

"ဟုတ္"

ကေလးေတြ အားလံုးက ရည္ရည္မြန္မြန္နဲ႔
သြက္သြက္လက္လက္ေလးေတြ။

"ကို သြားမယ္ေနာ္"

"ဟုတ္ကဲ့"

ေအာင္ျမင္စြာေနာက္ေႀကာင္းျပန္လွည့္ႏိုင္လိုက္
ျပီ။ ကေလးဆိုးကြာ။ ခ်က္ခ်င္းျပန္သြားရလား
ဒီမွာ Busကားစီးရင္ ႀကာမွာဆိုးလို႕ Taxi
ေတာင္ေစ်းႀကီးေပးျပီး ငွားလာရတာ။

ခင္ဗ်ားေလး အဲ့လိုေတြ ဆိုးေနရင္ ခင္ဗ်ားေလး
ကို တင္ေတာင္းဖို႕ေတြ ေလ်ာ့ကုန္မွာေနာ္။
ဘာရယ္မဟုတ္။ အူျမဴးျမဴးနဲ႔ ေတြးျပီးမွ တစ္ေယာက္တည္း တျပံဳးျပံဳးျဖစ္မေနေစရန္
မ်က္ႏွာပိုးျပန္သတ္ထားရသည္။
ကေလးကို လက္ထပ္ဖို႔ထိ ရည္ရြယ္ေနပါလား
ဆိုျပီး အေတြးဝင္လာေတာ့လည္း တစ္ဆက္တည္း ခုန္လာတဲ့ ရင္ခုန္သံက
ေႀကာက္စရာ။

ဘာပဲေျပာေျပာ။ ကေလးလည္း က်ေတာ့္ကို
ေရွာင္ေနတာမ်ိဳးမဟုတ္သည့္အျပင္ က်ေတာ္ရွိ
ရာ ေနရာသို႕ပါ ဆိုက္ဆိုက္ျမိဳက္ျမိဳက္ေရာက္လာ
ခဲ့ျပီ။

ကိုယ္တို႕ေတြ နီးလာတယ္လို႕ မဆိုသာေပမယ့္
ေဝးသြားတာေတာ့ မဟုတ္ဘူးေနာ္။

             >>>>>NO<<<<<

သင္တန္းေရာက္တဲ့ထိ Volunteerကတ္ျပား
က ဆြဲထားမိတုန္း။

"Don't let me,don't let me down"

"ေအး ေျပာ ျဖိဳးႀကီး"

"ႏိုးႏိုးေရ...ငါတို႕ သူ႔ကို ျပန္ေတြ႔ျပီဟ"

ေမေလး၏ ဝမ္းသာလံုးဆို႕သံႀကီးက ဟိန္းထြက္
လာသည္။ သိလိုက္ျပီ ဒီေလာက္ဆို။ ဒိန္းခနဲ
ေဆာင့္တက္ခုန္သြားေသာ ရင္ကို ဟန္ေခ်ာင္း
တစ္ခုန႔ဲ ဖံုးဖိရသည္။

"အဟမ္း။ဘယ္သူလဲဟ"

"Danielေလဟာ...ဟိုတစ္ခါ ငါတို႕ သန္လ်င္
သြားတုန္းက အရိုးပြ ေရာဂါအေႀကာင္းေဟာေျပာ
သြားတဲ့ Dr ေလဟာ။ ငါတို႕ကို လာႏႈတ္ဆက္တာဟ။ သိလား?ရွင္းသန္႔ျပီး
စကားေျပာလည္း ျငင္သာလိုက္တာဟယ္"

ေတာ္ရံုတန္ရံု ခ်ီးက်ဴးခဲေသာ ျဖိဳးႀကီးဆီမွႀကား
ရေသာ ခ်ီးက်ဴးစကားသည္ က်ေတာ့္ကိုခ်ီးက်ဴး
ေျပာဆိုေနတာ မဟုတ္ပါပဲ ေကာ္လံေတြပါေတြ
ေထာင္မိသည္။ဒါေပမယ့္လည္းဣေျႏၵဆယ္လ်က္

"ဟုတ္လား~~~ေအး ေအး။နင္တို႔အဆင္ေျပ
တယ္မလား?"

"အင္း ေျပတယ္။ ေနာက္ေန႔ေတြလာေနာ္ ႏိုး"

"ေအး ေအး။ ဆရာလာေတာ့မွာမို႔ ဖုန္းခ်ေတာ့
မယ္"

"အြင္း ဒါပဲ"

သက္ျပင္းပူပူတစ္ခုနဲ႔ ေခါင္းတခါခါရမ္းမိသည္။
ခင္ဗ်ားတစ္ေယာက္နဲ႔ေတာ့ ခက္တယ္။
ဘာလို႕ ဒီေလာက္ထိ အသည္းအသန္ သိသာ
ေနရတာလဲ??

                 >>>>>NO<<<<<
"ကေလး..."

"ေျပာ..."

"ကိုတို႕ေဆးရံုမွာ Volunteerလုပ္ေနတာလား ကေလး?"

"မဟုတ္ပါဘူး"

"ကေလးတို႔ Unitထဲလာလည္လို႕ရမလား?
ကေလး ဘယ္ေန႔ေတြ လာမွာလဲ"

"မဟုတ္ပါဘူးဆိုဗ်ာ..."

"ကေလးရာ..."

"စာက်က္Bro...အိပ္ေတာ့"

ကဲႀကည့္။ လိမ္ေနတယ္။ ခါခ်ဥ္ေကာင္ေလးကို
မေတာ္တဆသတ္မိလိုက္လို႕ ငရဲႀကီးမွာေႀကာက္
ေနတဲ့ ကေလးက ခုေတာ့ လိမ္တတ္ေနျပီ။

ခင္ဗ်ားေလး ေျပးပါ။ ေတြ႔ရင္ေတာ့...

                 >>>>>NO<<<<<

က်ီးလန္႔စားစားျဖစ္ေနတဲ့ ဘဝ။ Broရွိေနတဲ့
Unit 1ကိုလည္း မ်က္ေစာင္းေတာင္လွည့္မထိုး
ရဲပဲ ကိုယ့္Unitေလးထဲ ႀကြက္ကေလးလို
တကုတ္ကုတ္နဲ႔မို႔ သင္ေပးေနတဲ့ အစ္မေတြကပါ
ႀကြက္ျဖဴေလးနဲ႔ တူတယ္ဆိုျပီးေျပာလာျပီ။

စိတ္မဝင္စားဘူးဆိုေပမယ့္ လူနာေတြကိုေတြ႕
ေတာ့လည္း ျမန္ျမန္သက္သာေစခ်င္စိတ္က ေပၚ
လာျမဲပဲ။ စစခ်င္းရက္ေတြက လူနာကိုမကိုင္ရဲ
ေပမယ့္ စီနီယာအမေတြက ဂရုတစိုက္သင္ေပး
ႀကေတာ့ နည္းနည္းစီ ေလ့က်င့္ေပးရဲလာသည္။
အမ်ိဳးသားလူနာေတြအတြက္ဆို က်ေတာ္တို႔နဲ႔က
ပိုအဆင္ေျပတယ္။ ကိုယ္တစ္ျခမ္းေလျဖတ္ထား
တဲ့ အမ်ိဳးသား လူနာေတြဆို မိန္းကေလးအားနဲ႔
ဘယ္လိုမွ သယ္မ ေလ့က်င့္ေပးလို႕အဆင္မေျပ
ဘူး။

ရယ္စရာတစ္ခုကလည္း ရွိေသး။ ေဆးဖက္ဆိုင္ရာနည္းပညာတတ္တဲ့ ေယာက်ာ္း
ေလးေတြက ေပ်ာ့တီးေပ်ာ့ဖတ္နဲ႔ဆိုတဲ့ စကား။
တကယ့္ ေလ့က်င့္ေရးဆင္းေပးေနရတဲ့ အခ်ိန္ကိုမွ မျမင္ဖူးႀကတာ။ ကိုယ့္ႏွစ္ဆေလာက္
ရွိတဲ့ လူနာကိုလည္း ထူပိုးသင့္ပိုး ေျခလက္ေတြ
ေျမွာက္ပံုေျမွာက္နည္းက အစ နည္းစနစ္မမွန္
္မခ်င္း ကိုယ္ကပဲ သယ္ေပး ထိန္းေပးရတာ။
ျပန္လာရင္ ကိုယ္တစ္ကိုယ္လံုးကိုက္ေနေရာ။

"ႏိုးႏိုးက မထင္ရဘူးကြာ။ လူေလးကသာ ပါးလ်လ်နဲ႔ ေတာ္ေတာ္စြမ္းတယ္"

"ဟား ဟား"

Unitထဲက အစ္မေတြနဲ႔ အဖြဲ႕က်ေနေတာ့၏။ သြက္သြက္လက္လက္နဲ႔ ေယာက်ာ္းေလးလုပ္မွ သင့္ေတာ္မယ့္ေနရာေတြဆိုလည္း
"အမ ဖယ္ဖယ္။ က်ေတာ္လုပ္ေပးလိုက္မယ္" ဆိုတာေတြကိုအမ ေတြက သေဘာက်
ေနႀကတာ။

"ႏိုးႏိုးကေနာ္ Bio Bottleနဲ႔ပဲ ေရထည့္လာ
တာလား??ႀကီးက်ယ္ေလး"

"အာ...လက္ေဆာင္ရထားလို႕ပါဗ်"

"အမယ္။ ရွင္ေလးက လိုင္စင္ရွိေနျပီသားလား"

"ဟား အထင္ေတြႀကီးေနျပီ"

"ႏိုးႏိုးေရ Mainဖက္သြားမယ္လိုက္မလား?
ဆရာႀကီးလာမယ္တဲ့။ လိုက္ခ်င္လား?"

"ဗ်ာ! မ ...မလိုက္ဘူး အစ္မ"

"အယ္...ဘယ္ႏွယ့္ေႀကာင့္ Main
ဖက္သြားမယ္ဆိုတိုင္းေႀကာက္အားလန္႕
အား ျငင္းေနတာတုန္း ေကာင္ေလးရဲ႕"

"မ...မဟုတ္ပါဘူး"

"ဟားဟား ဆရာႀကီးကို ေႀကာက္လို႕ေတာ့ မျဖစ္
ႏိုင္ဘူး။ ေျပာစမ္း!! တို႕ ေဆးရံုက ဘယ္မမေတြနဲ႔
ဇာတ္လမ္းေတြရွိလို႔လဲ ေျပာစမ္း"

"အာ မဟုတ္ပါဘူးဆို...ဟိုေခ်ာ္လဲက်တဲ့
အဘြားဆီ သြားဦးမယ္"

ဟုတ္တယ္။ က်ေတာ့္ပံုကိုက စြံေနတဲ့ပံုေပါက္ေန
လို႕လား တကယ္မလြယ္ဘူး။

ဒါေတာင္အေနာက္ကေန "ဒီကေလးေတာ့ ဟုတ္
ေနျပီ" ဆိုျပီး လွမ္းေနာက္ျဖစ္ေအာင္ ေနာက္ႀက
ေသး၏။

လူနာေတြနဲ႔ပဲ ေနရတာပဲ အဆင္ေျပတယ္။ က်ေတာ့္ကို ျဖဴျဖဴေဖြးေဖြးေလးနဲ႔ ခ်စ္စရာေလး
စသည္ျဖင့္ ခ်ီးက်ဴးစကားေတြ ႀကားပါမ်ားလြန္းလို႕မ်က္ႏွာ
ပူတာက လြဲရင္ က်န္တာအဆင္ေျပတယ္။

"ႏိုးႏိုးတို႕ေရ...ေဆးရံုအုပ္ႀကီးက ေတြ႔ခ်င္လို႕
သူတို႕ Unitကို  လာခဲ့ပါဦးတဲ့"

ဟာ...မသြားခ်င္ဘူး။ ဘာကိစၥေခၚတာလဲဗ်ာ
ေဆးရံုအုပ္ဆိုတာနဲ႔ အားလံုးက အားႀကိဳးမာန္
္တက္နဲ႔ ေဆာင္ေတာ္ကူးႀကေသာ္လည္း က်ေတာ့္
မွာ ထရမလို ထရမလိုန႔ဲ တစ္ေယာက္တည္းက်န္
ေနခဲ့၏။

"ဟယ္ ကေလး သြားေလ။ ေဆးရံုအုပ္က ကေလးေတြကို J'donut ေကြ်းမလို႔တဲ့"

J'donut!! ေရာင္စံုယိုေလးေတြနဲ႔ဒိုးနပ္ေတြ
ေျမပဲကပ္ေခ်ာကလက္ကိတ္ေတြသည္ ေႀကျငာ
ထဲကလို အာရံုထဲဝဲတက္လာသည္။

"သြားေလ ႏိုးႏိုးရဲ႕။ ေခၚတာေတာင္ မသြားရင္..."

"ဟုတ္ ဟုတ္ သြားလိုက္မယ္...အစ္မ"

မေတြ႔ေလာက္ပါဘူး။ ဟုတ္တယ္ ေတြ႔လည္းဘာ
ျဖစ္လဲ??သူ႕သြားေတြ႔တာမွ မဟုတ္တာ။
္ င့ါ J'donut ငါလာစားတာ။

သူတိုု႔အေဆာင္က လူေတြေတာ့မ်ားသား။ လူနာ
ေတြနဲ႔ လူနာေစာင့္ေတြ။ က်ေတာ္ဝင္လာသည္
ကိုေတာင္ တစ္ခ်က္လွည့္မႀကည့္ႏိုင္ႀကေသာ
Nurseေတြ။ ဆရာႀကီး အခန္းက အေပၚထပ္မွာ
ေလွကားက အေနာက္ဖက္ေထာင့္မွာ အဲ့ေနရာက
နည္းနည္းေတာ့ လူရွင္းသည္။
ေနာက္က်ရင္ မေကာင္းျဖစ္မွာမို႕ ခပ္သြက္သြက္
ေလွ်ာက္လာမိခါမွ...

"ေဟ့ ေခါင္းေမာ့ေလွ်ာက္ပါကြ"

ဝင္တိုးမိေတာ့မည့္ ဆဲဆဲ က်ေတာ့္ေခါင္းကို အုပ္
ကိုင္ထားေသာ လက္ဖဝါးက်ယ္က်ယ္သည္
သူ႕ရင္ခြင္ထဲ မေရာက္ေအာင္ လွမ္းတာထား
သည့္ပံု။

"ဟင္?"
ျဖဴေဖြးေနေသာ ေျခဖမိုးမွ တစ္ဆင့္ေမာ့ႀကည့္
စဥ္ ရႊင္ျပံဳးေနေသာ မ်က္ႏွာတစ္ခုတြင္
က်ေတာ္ဆြံအသြားရေတာ့သည္။

"လက္ဖယ္ဗ်"

ခ်က္ခ်င္းဖယ္ေပးလ်က္...

"ဘယ္လာတာလဲ? ႏိုးေဝ"

ဘာပဲေျပာေျပာ ကေလးလို႔မေခၚတာပဲေက်းဇူး
တင္ရမည္။ Broလို႕ေခၚေနက် က်ေတာ္ကေရာ
ဘယ္လို ျပန္ေခၚျပီး ဘာစကားကိုေျပာရမည္လဲ
သူက အရွင္လက္လက္ေတြ႔ေတာ့ ရယ္ခ်င္သလို
Lineေပၚမွာ ေျပာခဲ့ဖူးေသာ အေခ်စကားမ်ား
ေႀကာင့္ အားနာသလိုလို ဘာလိုလုိႀကီးမွန္းကို
မသိတာ။

"မုန္႔သြားစားမလို႕"

"ႀသ...Volunteerကေလးေတြကိုဆရာႀကီး
ဝယ္ေကြ်းတယ္လို႕ႀကားတယ္။ ျမန္ျမန္သြားေလ
ေတာ္ႀကာကုန္သြားမွ..."

"ဟုတ္ကဲ့"

" အင္း အင္း သြားသြား။ ေလွကားရဲ႕
ညာဖက္ေထာင့္အခန္းမွာ...ေနာက္ေန႔ေတြလည္း
CME(continuing medical education) ရွိတယ္။ လာနားေထာင္ခ်င္
နားေထာင္ေပါ့"

"ဟုတ္ကဲ့"

"ကို သြားျပီေနာ္"

တစ္ခ်က္ပင္ျပန္ငဲ့မႀကည့္ပဲ ေျခလွမ္းမွန္မွန္နဲ႔
ေက်ာခိုင္းထြက္သြားေသာ ေက်ာျပင္။
စိတ္ထဲအလိုလို ဝမ္းနည္းလာသလိုႀကီးျဖစ္လာ
ျပန္သည္။

ႏိုးေဝ တဲ့လား??က်ေတာ့္ကို  ကေလး လို႕
ေခၚတတ္တဲ့ လူက ေနာက္တစ္ေယာက္ေလာက္
မ်ားလား?

ေလွကားထစ္ေတြသည္ အဓိပၸါယ္မဲ့ေနသလိုပဲ။
ေနာက္ေႀကာင္းျပန္လွည့္ရင္း ကိုယ့္Unitထဲ
ကိုယ္ျပန္လာခဲ့မိသည္။

ဒီအတိုင္း အပ်င္းေျပပါ။ ပ်င္းေနလို႔သာ စကား
လာလာေျပာတာပါ။ မိန္းကေလးေတြနဲ႔ သြားေရာ
ရင္က်မယ့္ သိကၡာေတြထက္ က်ေတာ့္လို
ေကာင္ေလးနဲ႔ ေျပာရတာသူ႕အတြက္ပိုSafe
ျဖစ္လို႕ေပါ့။

Thank You All

Long Time No See

(Unicode version)

/

/

/

"ဟင် ကိုခန့်...Night Dutyထွက်ထားတာ
မဟုတ်ဘူးလား?"

"အင်...အင်း ဟုတ်တယ်"

"အယ်? ဒါဆို ဘာလို့?"

"အစ်မ ဟို လုပ်အားပေးလာဆင်းတဲ့ ကလေး
တွေက ဘယ်အဆောင်မှာလဲ မသိ?"

"ဘေးဖက် အဆောင်မှာလေ...ဘာလုပ်မလို့..."

"ဟုတ် ကျေးဇူးပဲ အစ်မ"

အဆောင်ဟောင်းဘက်ပြေးရပြန်သည်။ အဆောင်ထဲမှာ တခြားကောင်မလေးတွေ သုံးလေးယောက်တွေ့၏။
ကလေးနဲ့ တူတာဆိုလို့ ယောကျာ်လေး
ပင်မရှိ။ ကလေးနဲ့ အတူတူတွဲရိုက်ထားတဲ့
ကောင်မလေးနှစ်ယောက်တော့ တွေ့တယ်။
သွားမေးသင့် မမေးသင့် ချီတုံချတုံနဲ့။

နေပါဦး။ လိုင်းပေါ်တက်ကြည့်လိုက်ဦးမယ်

ဟင်! ခုနက တင်ထားတဲ့ postမရှိတော့။ ဖျက်
လိုက်တာများလား??
ကလေး လိုင်းပေါ်မှာလည်းမရှိ။ မျက်စိရှေ့မှလည်း
မတွေ့နဲ့...အိပ်ရေးတွေပျက်ထားတာများနေပြီ
ီဖြစ်တဲ့ကျတော် ကယောင်ချောက်ခြားဖြစ်နေ
သည်လား?

ဘာလုပ်ရမလဲ??ခဏရပ်စဉ်းစားပြီးမှ အကျီ ၤတွေ
ဘာတွေ ပြန့်နေအောင်သေချာပြန်ဆွဲချ။
ဆေးရုံမှာရှိနေရင် ဖြစ်နေတတ်သော မျက်နှာ
အမူအရာနှင့်ပင် ကောင်မလေးတွေနားလျှောက်
သွားလိုက်တော့ အားလုံးက ဆရာဝန်မှန်းရိပ်မိ
သည်ထင်

"မင်္ဂလာ Dr" ဟူ၍ နှုတ်ဆက်ကြသည်။

"လုပ်အားပေးလာကြတာလား?"

ရှိနေသော Nurse က

"ဟုတ်ကဲ့ Dr...ဆေးဖက်ဆိုင်ရာနည်းပညာက
လာကြတာ"

"ဟုတ်လား?Physiotherapist တွေလား"

ကလေးဘေးမှာ အမြဲတွေ့နေရတတ်သော ကောင်
မလေးနှစ်ယောက်ထဲမှ တစ်ယောက်က

"ဖြိုးတို့က အခုမှ Finalဖြေထားတာပါ Dr"

ဟူ၍ ရယ်ရယ်မောမောနဲ့ သွက်လက်စွာပြန်ဖြေ
သည်။ ကျတော်အားတက်သွားလေပြီ။

"ဟုတ်လား?ဘယ်နှစ်ယောက်လောက်လာကြ
တာလဲ? ယောကျာ်းလေးတွေကော မပါဘူးလား"

"စုစုပေါင်း ၆ယောက်ပါ။ ယောကျာ်းလေး ၂ယောက်ပါတယ်။ သူတို့က ပြန်နှင့်ပြီ နောက်
နေ့မှ လူချိန်းပြီး လာကြလိမ့်မယ်"

"အင်း အင်း အလုပ်ခွင်မဝင်ခင် လုပ်အားလာပေး
ထားတော့ Experienceရတာပေါ့။ လိုတာရှိ
ရင် ဒီက ဆရာမတွေကို ပြောလို့ရတယ်။ ပင်မ
ဆောင်ဖက်လည်း လာလေ့လာလို့ရတယ်"

"ဟုတ်ကဲ့ရှင့်။ ဒါနဲ့ Dr နာမည်"

"ကို့ နာမည် ခန့်သော်ဇင်ပါ"

"ဟုတ်"

ကလေးတွေ အားလုံးက ရည်ရည်မွန်မွန်နဲ့
သွက်သွက်လက်လက်လေးတွေ။

"ကို သွားမယ်နော်"

"ဟုတ်ကဲ့"

အောင်မြင်စွာနောက်ကြောင်းပြန်လှည့်နိုင်လိုက်
ပြီ။ ကလေးဆိုးကွာ။ ချက်ချင်းပြန်သွားရလား
ဒီမှာ Busကားစီးရင် ကြာမှာဆိုးလို့ Taxi
တောင်ဈေးကြီးပေးပြီး ငှားလာရတာ။

ခင်ဗျားလေး အဲ့လိုတွေ ဆိုးနေရင် ခင်ဗျားလေး
ကို တင်တောင်းဖို့တွေ လျော့ကုန်မှာနော်။
ဘာရယ်မဟုတ်။ အူမြူးမြူးနဲ့ တွေးပြီးမှ တစ်ယောက်တည်း တပြုံးပြုံးဖြစ်မနေစေရန်
မျက်နှာပိုးပြန်သတ်ထားရသည်။
ကလေးကို လက်ထပ်ဖို့ထိ ရည်ရွယ်နေပါလား
ဆိုပြီး အတွေးဝင်လာတော့လည်း တစ်ဆက်တည်း ခုန်လာတဲ့ ရင်ခုန်သံက
ကြောက်စရာ။

ဘာပဲပြောပြော။ ကလေးလည်း ကျတော့်ကို
ရှောင်နေတာမျိုးမဟုတ်သည့်အပြင် ကျတော်ရှိ
ရာ နေရာသို့ပါ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ
ခဲ့ပြီ။

ကိုယ်တို့တွေ နီးလာတယ်လို့ မဆိုသာပေမယ့်
ဝေးသွားတာတော့ မဟုတ်ဘူးနော်။

>>>>>NO<<<<<

သင်တန်းရောက်တဲ့ထိ Volunteerကတ်ပြား
က ဆွဲထားမိတုန်း။

"Don't let me,don't let me down"

"အေး ပြော ဖြိုးကြီး"

"နိုးနိုးရေ...ငါတို့ သူ့ကို ပြန်တွေ့ပြီဟ"

မေလေး၏ ဝမ်းသာလုံးဆို့သံကြီးက ဟိန်းထွက်
လာသည်။ သိလိုက်ပြီ ဒီလောက်ဆို။ ဒိန်းခနဲ
ဆောင့်တက်ခုန်သွားသော ရင်ကို ဟန်ချောင်း
တစ်ခုနဲ့ ဖုံးဖိရသည်။

"အဟမ်း။ဘယ်သူလဲဟ"

"Danielလေဟာ...ဟိုတစ်ခါ ငါတို့ သန်လျင်
သွားတုန်းက အရိုးပွ ရောဂါအကြောင်းဟောပြော
သွားတဲ့ Dr လေဟာ။ ငါတို့ကို လာနှုတ်ဆက်တာဟ။ သိလား?ရှင်းသန့်ပြီး
စကားပြောလည်း ငြင်သာလိုက်တာဟယ်"

တော်ရုံတန်ရုံ ချီးကျူးခဲသော ဖြိုးကြီးဆီမှကြား
ရသော ချီးကျူးစကားသည် ကျတော့်ကိုချီးကျူး
ပြောဆိုနေတာ မဟုတ်ပါပဲ ကော်လံတွေပါတွေ
ထောင်မိသည်။ဒါပေမယ့်လည်းဣန္ဒြေဆယ်လျက်

"ဟုတ်လား~~~အေး အေး။နင်တို့အဆင်ပြေ
တယ်မလား?"

"အင်း ပြေတယ်။ နောက်နေ့တွေလာနော် နိုး"

"အေး အေး။ ဆရာလာတော့မှာမို့ ဖုန်းချတော့
မယ်"

"အွင်း ဒါပဲ"

သက်ပြင်းပူပူတစ်ခုနဲ့ ခေါင်းတခါခါရမ်းမိသည်။
ခင်ဗျားတစ်ယောက်နဲ့တော့ ခက်တယ်။
ဘာလို့ ဒီလောက်ထိ အသည်းအသန် သိသာ
နေရတာလဲ??

>>>>>NO<<<<<
"ကလေး..."

"ပြော..."

"ကိုတို့ဆေးရုံမှာ Volunteerလုပ်နေတာလား ကလေး?"

"မဟုတ်ပါဘူး"

"ကလေးတို့ Unitထဲလာလည်လို့ရမလား?
ကလေး ဘယ်နေ့တွေ လာမှာလဲ"

"မဟုတ်ပါဘူးဆိုဗျာ..."

"ကလေးရာ..."

"စာကျက်Bro...အိပ်တော့"

ကဲကြည့်။ လိမ်နေတယ်။ ခါချဉ်ကောင်လေးကို
မတော်တဆသတ်မိလိုက်လို့ ငရဲကြီးမှာကြောက်
နေတဲ့ ကလေးက ခုတော့ လိမ်တတ်နေပြီ။

ခင်ဗျားလေး ပြေးပါ။ တွေ့ရင်တော့...

>>>>>NO<<<<<

ကျီးလန့်စားစားဖြစ်နေတဲ့ ဘဝ။ Broရှိနေတဲ့
Unit 1ကိုလည်း မျက်စောင်းတောင်လှည့်မထိုး
ရဲပဲ ကိုယ့်Unitလေးထဲ ကြွက်ကလေးလို
တကုတ်ကုတ်နဲ့မို့ သင်ပေးနေတဲ့ အစ်မတွေကပါ
ကြွက်ဖြူလေးနဲ့ တူတယ်ဆိုပြီးပြောလာပြီ။

စိတ်မဝင်စားဘူးဆိုပေမယ့် လူနာတွေကိုတွေ့
တော့လည်း မြန်မြန်သက်သာစေချင်စိတ်က ပေါ်
လာမြဲပဲ။ စစချင်းရက်တွေက လူနာကိုမကိုင်ရဲ
ပေမယ့် စီနီယာအမတွေက ဂရုတစိုက်သင်ပေး
ကြတော့ နည်းနည်းစီ လေ့ကျင့်ပေးရဲလာသည်။
အမျိုးသားလူနာတွေအတွက်ဆို ကျတော်တို့နဲ့က
ပိုအဆင်ပြေတယ်။ ကိုယ်တစ်ခြမ်းလေဖြတ်ထား
တဲ့ အမျိုးသား လူနာတွေဆို မိန်းကလေးအားနဲ့
ဘယ်လိုမှ သယ်မ လေ့ကျင့်ပေးလို့အဆင်မပြေ
ဘူး။

ရယ်စရာတစ်ခုကလည်း ရှိသေး။ ဆေးဖက်ဆိုင်ရာနည်းပညာတတ်တဲ့ ယောကျာ်း
လေးတွေက ပျော့တီးပျော့ဖတ်နဲ့ဆိုတဲ့ စကား။
တကယ့် လေ့ကျင့်ရေးဆင်းပေးနေရတဲ့ အချိန်ကိုမှ မမြင်ဖူးကြတာ။ ကိုယ့်နှစ်ဆလောက်
ရှိတဲ့ လူနာကိုလည်း ထူပိုးသင့်ပိုး ခြေလက်တွေ
မြှောက်ပုံမြှောက်နည်းက အစ နည်းစနစ်မမှန်
်မချင်း ကိုယ်ကပဲ သယ်ပေး ထိန်းပေးရတာ။
ပြန်လာရင် ကိုယ်တစ်ကိုယ်လုံးကိုက်နေရော။

"နိုးနိုးက မထင်ရဘူးကွာ။ လူလေးကသာ ပါးလျလျနဲ့ တော်တော်စွမ်းတယ်"

"ဟား ဟား"

Unitထဲက အစ်မတွေနဲ့ အဖွဲ့ကျနေတော့၏။ သွက်သွက်လက်လက်နဲ့ ယောကျာ်းလေးလုပ်မှ သင့်တော်မယ့်နေရာတွေဆိုလည်း
"အမ ဖယ်ဖယ်။ ကျတော်လုပ်ပေးလိုက်မယ်" ဆိုတာတွေကိုအမ တွေက သဘောကျ
နေကြတာ။

"နိုးနိုးကနော် Bio Bottleနဲ့ပဲ ရေထည့်လာ
တာလား??ကြီးကျယ်လေး"

"အာ...လက်ဆောင်ရထားလို့ပါဗျ"

"အမယ်။ ရှင်လေးက လိုင်စင်ရှိနေပြီသားလား"

"ဟား အထင်တွေကြီးနေပြီ"

"နိုးနိုးရေ Mainဖက်သွားမယ်လိုက်မလား?
ဆရာကြီးလာမယ်တဲ့။ လိုက်ချင်လား?"

"ဗျာ! မ ...မလိုက်ဘူး အစ်မ"

"အယ်...ဘယ်နှယ့်ကြောင့် Main
ဖက်သွားမယ်ဆိုတိုင်းကြောက်အားလန့်
အား ငြင်းနေတာတုန်း ကောင်လေးရဲ့"

"မ...မဟုတ်ပါဘူး"

"ဟားဟား ဆရာကြီးကို ကြောက်လို့တော့ မဖြစ်
နိုင်ဘူး။ ပြောစမ်း!! တို့ ဆေးရုံက ဘယ်မမတွေနဲ့
ဇာတ်လမ်းတွေရှိလို့လဲ ပြောစမ်း"

"အာ မဟုတ်ပါဘူးဆို...ဟိုချော်လဲကျတဲ့
အဘွားဆီ သွားဦးမယ်"

ဟုတ်တယ်။ ကျတော့်ပုံကိုက စွံနေတဲ့ပုံပေါက်နေ
လို့လား တကယ်မလွယ်ဘူး။

ဒါတောင်အနောက်ကနေ "ဒီကလေးတော့ ဟုတ်
နေပြီ" ဆိုပြီး လှမ်းနောက်ဖြစ်အောင် နောက်ကြ
သေး၏။

လူနာတွေနဲ့ပဲ နေရတာပဲ အဆင်ပြေတယ်။ ကျတော့်ကို ဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်စရာလေး
စသည်ဖြင့် ချီးကျူးစကားတွေ ကြားပါများလွန်းလို့မျက်နှာ
ပူတာက လွဲရင် ကျန်တာအဆင်ပြေတယ်။

"နိုးနိုးတို့ရေ...ဆေးရုံအုပ်ကြီးက တွေ့ချင်လို့
သူတို့ Unitကို လာခဲ့ပါဦးတဲ့"

ဟာ...မသွားချင်ဘူး။ ဘာကိစ္စခေါ်တာလဲဗျာ
ဆေးရုံအုပ်ဆိုတာနဲ့ အားလုံးက အားကြိုးမာန်
်တက်နဲ့ ဆောင်တော်ကူးကြသော်လည်း ကျတော့်
မှာ ထရမလို ထရမလိုနဲ့ တစ်ယောက်တည်းကျန်
နေခဲ့၏။

"ဟယ် ကလေး သွားလေ။ ဆေးရုံအုပ်က ကလေးတွေကို J'donut ကျွေးမလို့တဲ့"

J'donut!! ရောင်စုံယိုလေးတွေနဲ့ဒိုးနပ်တွေ
မြေပဲကပ်ချောကလက်ကိတ်တွေသည် ကြေငြာ
ထဲကလို အာရုံထဲဝဲတက်လာသည်။

"သွားလေ နိုးနိုးရဲ့။ ခေါ်တာတောင် မသွားရင်..."

"ဟုတ် ဟုတ် သွားလိုက်မယ်...အစ်မ"

မတွေ့လောက်ပါဘူး။ ဟုတ်တယ် တွေ့လည်းဘာ
ဖြစ်လဲ??သူ့သွားတွေ့တာမှ မဟုတ်တာ။
် င့ါ J'donut ငါလာစားတာ။

သူတို့အဆောင်က လူတွေတော့များသား။ လူနာ
တွေနဲ့ လူနာစောင့်တွေ။ ကျတော်ဝင်လာသည်
ကိုတောင် တစ်ချက်လှည့်မကြည့်နိုင်ကြသော
Nurseတွေ။ ဆရာကြီး အခန်းက အပေါ်ထပ်မှာ
လှေကားက အနောက်ဖက်ထောင့်မှာ အဲ့နေရာက
နည်းနည်းတော့ လူရှင်းသည်။
နောက်ကျရင် မကောင်းဖြစ်မှာမို့ ခပ်သွက်သွက်
လျှောက်လာမိခါမှ...

"ဟေ့ ခေါင်းမော့လျှောက်ပါကွ"

ဝင်တိုးမိတော့မည့် ဆဲဆဲ ကျတော့်ခေါင်းကို အုပ်
ကိုင်ထားသော လက်ဖဝါးကျယ်ကျယ်သည်
သူ့ရင်ခွင်ထဲ မရောက်အောင် လှမ်းတာထား
သည့်ပုံ။

"ဟင်?"
ဖြူဖွေးနေသော ခြေဖမိုးမှ တစ်ဆင့်မော့ကြည့်
စဉ် ရွှင်ပြုံးနေသော မျက်နှာတစ်ခုတွင်
ကျတော်ဆွံအသွားရတော့သည်။

"လက်ဖယ်ဗျ"

ချက်ချင်းဖယ်ပေးလျက်...

"ဘယ်လာတာလဲ? နိုးဝေ"

ဘာပဲပြောပြော ကလေးလို့မခေါ်တာပဲကျေးဇူး
တင်ရမည်။ Broလို့ခေါ်နေကျ ကျတော်ကရော
ဘယ်လို ပြန်ခေါ်ပြီး ဘာစကားကိုပြောရမည်လဲ
သူက အရှင်လက်လက်တွေ့တော့ ရယ်ချင်သလို
Lineပေါ်မှာ ပြောခဲ့ဖူးသော အချေစကားများ
ကြောင့် အားနာသလိုလို ဘာလိုလိုကြီးမှန်းကို
မသိတာ။

"မုန့်သွားစားမလို့"

"သြ...Volunteerကလေးတွေကိုဆရာကြီး
ဝယ်ကျွေးတယ်လို့ကြားတယ်။ မြန်မြန်သွားလေ
တော်ကြာကုန်သွားမှ..."

"ဟုတ်ကဲ့"

" အင်း အင်း သွားသွား။ လှေကားရဲ့
ညာဖက်ထောင့်အခန်းမှာ...နောက်နေ့တွေလည်း
CME(continuing medical education) ရှိတယ်။ လာနားထောင်ချင်
နားထောင်ပေါ့"

"ဟုတ်ကဲ့"

"ကို သွားပြီနော်"

တစ်ချက်ပင်ပြန်ငဲ့မကြည့်ပဲ ခြေလှမ်းမှန်မှန်နဲ့
ကျောခိုင်းထွက်သွားသော ကျောပြင်။
စိတ်ထဲအလိုလို ဝမ်းနည်းလာသလိုကြီးဖြစ်လာ
ပြန်သည်။

နိုးဝေ တဲ့လား??ကျတော့်ကို ကလေး လို့
ခေါ်တတ်တဲ့ လူက နောက်တစ်ယောက်လောက်
များလား?

လှေကားထစ်တွေသည် အဓိပ္ပါယ်မဲ့နေသလိုပဲ။
နောက်ကြောင်းပြန်လှည့်ရင်း ကိုယ့်Unitထဲ
ကိုယ်ပြန်လာခဲ့မိသည်။

ဒီအတိုင်း အပျင်းပြေပါ။ ပျင်းနေလို့သာ စကား
လာလာပြောတာပါ။ မိန်းကလေးတွေနဲ့ သွားရော
ရင်ကျမယ့် သိက္ခာတွေထက် ကျတော့်လို
ကောင်လေးနဲ့ ပြောရတာသူ့အတွက်ပိုSafe
ဖြစ်လို့ပေါ့။

Thank You All

Long Time No See

Continue Reading

You'll Also Like

318K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
52.7K 8.5K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
400K 36.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.2M 63.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...