"ဟုတ္တယ္။ ငါ မင္းညီ ကို ခ်စ္ေနတယ္"
ျခံထဲမွ ငွက္ေတြ၏ အသံ။ တစ္ဖက္စီမွ ဖုန္းသံ
အားလံုး အားလံုး တိတ္ဆိတ္ ျငိမ္က်သြား၏။
တာရာအနည္းငယ္ေတာ့ စိတ္ခုသြားမယ္ဆိုတာ
သိတယ္။ သို႕ေသာ္လည္း မတတ္ႏိုင္ေတာ့။
ေျပာမွသိျပီး အထိနာမယ္ဆိုလည္း က်ေတာ့္
အျပစ္သာ။
"မင္းကို ပရိတ္ႀကိဳးပတ္ေပးခဲ့တဲ့ ကေလးကိုေရာ
ျပန္မရွာေတာ့ဘူးလား?"
"တာရာ မင္းကို ငါ ေနာက္ထပ္ ေတာင္းပန္ခ်င္
တယ္။ အဲ့ဒီကေလးက မင္းညီေလးပဲ..."
"ဘယ္ ဘယ္လိုလုပ္ျပီး..."
"ငါလည္း Part2ေရာက္မွ သိတာ။ မင္း
Fb accကို addရင္းနဲ႔ မင္းညီေလးကိုပါေတြ႔
တာ။ မင္းညီေလးလည္း ငါ့ကိုမွတ္မိတယ္။
ဒါ ငါႀကိဳတင္ေျပာျပသင့္တာ သိတယ္။ရည္ရြယ္
ခ်က္ရွိရွိ ဖံုးကြယ္ခဲ့တာ မဟုတ္ဘူးဆိုတာေတာ့
ယံုေပးပါကြာ"
တာရာ့ဆီမွ သက္ျပင္းခ်သံ တိုးတိုးထြက္လာ
သည္။ က်ေတာ္လည္း အားနာရင္း အေနခက္
၏။
"ငါ့ညီကေရာ မင္း သူ႔ကို ႀကိဳက္ေနတာသိလား?
မင္း တို႔ ဘယ္အေျခအေနထိ ေရာက္ေန
ျပီလဲ?"
"ကေလး က ဘာမွမသိပါဘူး။ ငါကသာ..."
"ဟူးးးးး ကိုခန္႔ရာ မင္းနဲ႔ ဒီလိုေတြ ေျပာေနရတာ
ငါလည္း မ်က္ႏွာေတြပူတယ္။ မင္း ဒီကေလး
အေပၚ ဘယ္ေလာက္စြဲလမ္းလည္း သိေနေတာ့
ငါလည္း မကန္႔ကြက္ခ်င္ဘူး။ မကန္႔ကြက္တာက
လက္ခံတာ ေတာ့မဟုတ္ဘူးေနာ္ ကိုခန္႔"
"ငါသိတယ္"
"ဒီေတာ့?"
"လက္ခံလာတဲ့ ထိ ႀကိဳးစားမွာေပါ့"
"ကိုခန္႕...ငါတို႔အရြယ္န႔ဲ စိတ္ကစားတယ္လို႕လဲ
ေျပာလို႕မရေတာ့ဘူး။ ဒါေပမယ့္ ငါ့ညီေလးက
ငယ္ေသးတယ္။ ဘြဲ႕သာရေတာ့မယ္ သူ႔ကိုယ္သူ
ကေလးလို႔ ထင္ေနတုန္း။ ငါတို႕ တစ္အိမ္လံုးက
လည္းသူ႕ကုိ ကေလးတစ္ေယာက္လိုပဲ အလိုလိုက္ေပးထားႀကတာ..."
"ငါ ဒါေတြအကုန္ လက္ခံႏိုင္တယ္။ ကေလးကို
ဘယ္သူ႔မွ မခ်စ္ႏိုင္တဲ့ အခ်စ္မ်ိဳးနဲ႔ ငါခ်စ္ခဲ့တာ...
ကေလး ငါ့ကို စိတ္ကစားတယ္ဆိုရင္ ရတယ္။
စိတ္ေတာင္ကစားေသးတာပဲ...တကယ္ခ်စ္လာ
ေအာင္လည္း လုပ္လို႔ရတာပဲ..."
"ကိုခန္႔ရာ...မႊန္ေနျပီလို႕ ေျပာရင္လည္း ငါ့ဖက္
ကပဲ နာရဦးမွာ"
"ကေလးက ငါ့ကို ဘာမွ ေသြးေဆာင္မေနဘူး
တာရာ!"
"ေအး ေအးပါကြာ။ ငါသိပါတယ္။ ငါေျပာခ်င္တာ
မင္း အမ်ားႀကီးမေမွ်ာ္လင့္နဲ႔လို႕ ေျပာခ်င္တာ။
ႏွစ္ဖက္မိဘေတြနဲ႔ ငါ့ကို ဖယ္ထားဦး။ ငါ့ညီက
မင္းကို လက္မခံဘူး။ ဒါငါေသခ်ာသိတယ္။သူက
ငေႀကာက္ေလးကြ။ မိန္းကေလးေတြေတာင္ အေမဆူမွာေတြ ဘာေတြ ေလွ်ာက္ေတြးျပီး မတြဲတာ။ မင္း ဆိုပိုဆိုးမွာေပါ့။ ျပီးေတာ့...ငါသိ
တယ္။ ငါ့ညီက straight"
"ငါသိပါတယ္~~"
"ဒါဆို ခု ေရွ႔ဆက္မတိုးပါနဲ႔လား ကိုခန္႔ရာ..."
"ငါ အားနာတယ္ တာရာ။ ငါ ကေလးကို တစ္ဘဝ
တာ အတြက္ ရည္ရြယ္ျပီး ႏွစ္ခ်ီေစာင့္ျပီး
ခ်စ္ခဲ့တာ"
"မင္း စိတ္ကို ငါနားလည္တယ္။ ငါ့ညီသာ လက္ခံရင္ ငါ မကန္႔ကြက္ဘူး။ ျပီးေတာ့...
မင္းႀကိဳးစားတာေတာ့ ငါမတားပါဘူး။ဒါ မင္းအခြင့္
အေရးေလ...အစ္ကိုတစ္ေယာက္အေနနဲ႔
ငါ တစ္ခုပဲ ေတာင္းဆိုခ်င္တယ္။ငါ့ညီေလးရဲ႕ ေယာက်ာ္းသိကၡာကို ထည့္တြက္ေပးပါ"
"စိတ္ခ်ပါ။ ငါ့ကိုယ္ငါထက္ ကေလးကို ပိုေလးစား
တယ္"
"ေက်းဇူးပဲကြာ။ မင္းလည္းနားေတာ့...စိတ္မပူနဲ႔
အဲ့ေကာင္ေလး ဘာမွမျဖစ္ဘူး"
"အင္း အင္း ေက်းဇူးပဲ တာရာ"
"ေဟ့ေကာင္ ငါ့ေက်းဇူးလာမတင္ေနနဲ႔။ မင္းဟာ
မင္း ေန"
"ေအးပါကြာ"
မကန္႔ကြက္တာ လက္ခံတာ မဟုတ္ဘူးေနာ္ ဆို
သည့္ စကား။ ပညာတတ္ပီပီ စကားလွလွသံုး
သြားတာပင္။
မတတ္ႏိုင္ေတာ့ဘူး ကေလးရယ္။ လြယ္လြယ္ခ်စ္
ခဲ့ရတာ မဟုတ္သလို လြယ္လြယ္ပိုင္ဆိုင္ရ
လိမ့္မယ္လို႕လည္း မေတြးခဲ့ရိုးအမွန္ပါ။
>>>>>NO<<<<<
မနက္ေစာေစာ ဖုန္း call ရတာနဲ႔ ေလဆိပ္ကို
ေျပး။ ပို႕လိုက္တဲ့ ပစၥည္းကိုေရြး၊ အခြန္ ေဆာင္
လိုက္ရတာေတြ ဘာေတြ ေပါင္းရင္ က်ေတာ့္
လစာ၏ ဘယ္ႏွစ္ဆမွန္းပင္ မသိေတာ့။ သို႔ေသာ္
က်ေတာ္ေပ်ာ္တယ္။ Night Duty ထြက္သည့္
ေန႔မို႕ အိမ္တြင္ပင္ ပစၥည္းသစ္ ဖြင့္ေဖာက္ကာ
ေလ့လာရသည္။
10"×6.5" ပတ္လည္ Tablet အမဲ ေလးသည္ ကေလးနဲ႔ အံကိုက္ျဖစ္ေလာက္သည္။ ကေလး
ေျပာတဲ့ webtoonဆိုတာမ်ိဳးကို ကိုယ္လည္း
ရင္းႏွီးကြ်မ္းဝင္မႈ မရွိ၍ ထံုးစံအတိုင္း Google
ေခါက္ရေတာ့၏။ ထိုအခါမွ သူတို႕အသံုးျပဳတတ္
တဲ့ Digital Drawing Boardေတြကို စသိ
တာ။ ျမင္ကတည္းက သိတယ္။
Feactureအစံုအလင္၊ ေကာင္းကြက္ေတြ
တစ္သီတစ္တန္းနဲ႔ အရြယ္အစားမ်ိဳးစံု Tablet
ေတြကို ကေလးဆိုလည္းဘယ္ေလာက္ သေဘာ
က်လိုက္မလဲ?
Mscက ေျဖရေတာ့မယ္။ ကိုယ့္စာ ကိုယ္မႀကည့္
ႏိုင္။ သံုးေလးရက္ေလာက္ Tabletေတြကို ေလ့
လာရသည္။ အသံုးျပဳဖူးသူေတြရဲ႕ feedback
ေတြကို လုိက္ဖတ္ရသည္။ ေနာက္ဆံုး Beginnerေတြအတြက္ေရာ Pro ေတြ
အတြက္ပါ အဆင္ေျပတဲ့ Huion H610 Pro
ဆိုတာကို ေရြးျပီး S'poreက သူငယ္ခ်င္းထံ
အကူအညီလွမ္းေတာင္းရသည္။
Utubeမွာ ရွာႀကည့္တုန္းက ေတြ႔တဲ့ Board
ႀကီးဝယ္ေပးခ်င္ေသာ္လည္း ကေလးအခန္းက်ဥ္း
နဲ႔က အဆင္မေျပေလာက္ဘူး။ ဒီကို သယ္ဖို႕ပို႕
ဖို႕ လည္း ခက္တယ္။ ခုဟာေလးကေတာ့ အဆင္
ေျပတယ္။ Screenလည္း အရမ္းမေသးဘူး
Penကလည္း Rechargeableဆိုေတာ့
အစ္ကိုေလး ဓာတ္ခဲေတြ ဘာေတြလည္း တကူး
တက လိုက္ရွာစရာမလိုေတာ့ဘူးေပါ့။ Install
လုပ္တာေတြေတာ့ ခုေခတ္ကေလးပဲ Guide
Book ဖတ္ျပီး လုပ္ရင္ရသြားမွာပဲ။
လူဆိုးေလးပါဗ်ာ။ လူမွာ စီမံခ်က္ေတြသြား။ စာ
က်က္။ ေဆးရံုေျပး ေနရတာ ညပိုင္းခဏေလး
စကားေျပာခ်င္တာ မေျပာရဘူး။ Acc Deထား
တယ္။ ျပန္ဖြင့္လာေတာ့လည္း စကားေကာင္း
မေျပာဘူး။
"Bro တို႔ စာေမးပြဲနီးျပီမလား??အေလမလိုက္
နဲ႔ေလ Bro"
ဆိုတာမ်ိဳးေတြ နဲ႔ ရိုက္ေပါက္ကလုပ္လိုက္ေသး။
"သား တို႕က စာေမးပြဲျပီးေတာ့ ေအးေဆးပဲ ။
စာသာႀကိဳးစားပါ Broရာ..." တဲ့
"အင္း...ကေလး အတြက္ကလည္း ရွိေသးေတာ့
ကိုယ္ ႀကိဳးစားရမွာေပါ့"
"သား အိပ္ျပီ" ဟူ၍ ခ်က္ခ်င္းလိုင္းoutေျပးဆင္း
တတ္ေနျပီ။
ခု ကေလး အေတြးထဲ ဘာေတြရွိေနမလဲက်ေတာ္
မသိပဲ ေနမလား??
စကားလံုးဝ မေျပာပဲလဲမေနဘူး။ က်ေတာ္ေျပာ
ရင္ ျပန္ေျပာတယ္။ ခုလို က်ေတာ့္ခံစားခ်က္
အစြန္းတစေဖာ္ထုတ္ရင္ ခ်က္ခ်င္းဆိုသလို လိုင္း
ေပၚမွ ဆင္းေျပးတတ္တာေတြ...
ကိုယ္တို႔ တျဖည္းျဖည္း နီးေနျပီ မဟုတ္လား ကေလး??
ခုလည္း လက္ေဆာင္ပို႕ေပးမယ့္အေႀကာင္း သံေတာ္ဦးတင္မလို႕ ႀကည့္ေတာ့ လိုင္းေပၚတြင္
မရွိ။ ရွဥ့္ေကာင္ေပါက္ေလးေတြလိုပဲ ဖမ္းရခက္
တယ္။
ဖုန္းနံပါတ္ေတာ့ လိုခ်င္တယ္ ကေလးရာ...
ခုက ကိုယ္တို႕ႏွစ္ေယာက္က Onlineေပၚ
အပ်င္းေျပ စကားေျပာတဲ့ လူေတြေလာက္ပဲျဖစ္
ေနတယ္။
Tabletဗူးကို ႀကည့္ရင္း ပီတိေတြနဲ႔ ရင္ထဲ
ျငိမ့္ေညာင္းလိုက္တာ။ ေနာက္ဆို ကေလးလိုခ်င္
တာေတြ ဒီထက္ပိုဝယ္ေပးခြင့္ရရင္ ဘယ္ေလာက္
ေကာင္းသလဲ??
မ်က္လံုးဝိုင္းေလးေတြနဲ႔ ႏႈတ္ခမ္းပိက်ိေလး ခြ်န္
ျပီး
"Bro...သားဘာလိုခ်င္တယ္။ဘာစားခ်င္တယ္"
ဆိုျပီး ေဘးကေန တတြတ္တြတ္ပူဆာေနမယ့္
ကေလး ။ အားးးးစိတ္ကူးနဲ႔တင္ ခ်စ္ဖို႔ေကာင္း
လြန္းေနျပီ။
လိုခ်င္တာ လက္ထဲအေရာက္ပို႕ႀကည့္ သြားညွိ
စက္ စြမ္းအားနဲ႔ ညီညာေနတဲ့ သြားတန္းျဖဴျဖဴ
ေလးေတြ အကုန္ေပၚတဲ့ အထိ စပ္ျဖီးျဖီးေလး
လုပ္ျပဦးမွာ။ ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းတဲ့
ကေလးရယ္လဲေလ...
ေျပာရင္း လြမ္းလာတာနဲ႔ လိုင္းေကာက္ဖြင့္ျပီး
wallတက္ႀကည့္ေတာ့...သူတင္ထားတာေတာ့
မဟုတ္။ သူ႔ကို Tagထားေသာ New Post
ဟိုက္!!
သူနဲ႔တြဲေတြ႔ေနက် ေကာင္မေလး ႏွစ္ေယာက္
ႀကား မ်က္ႏွာပင့္နဲ႔ လူႀကီးလုပ္ေနတဲ့ ကေလး
ပံုစံက ေတာင္ညွာစံေျမာက္ညွာစံေတြနဲ႔ တိုင္းခန္း
လွည့္လည္လာေနတဲ့ ဘုရင္ေပါက္စဒီဇိုင္းနဲ႔။
ေနပါဦး ဒီအုတ္နံရံ အေရာင္ ငါနဲ႔ရင္းႏွီးေနပါ
တယ္။ ေနာက္တစ္ပံုတြင္ေတာ့...က်ေတာ္ ကုတင္ေပၚမွ ေငါက္ခနဲ ထထိုင္မိသည္။
မ်က္ႏွာပင့္ေနာက္က အုတ္နံရံအျပာေပၚတြင္
"ႀကည့္ျမင္တိုင္ အရိုးအထူးကုေဆးရံုႀကီး"
ဟူေသာ စာတန္းႀကီးက ခန္႔ခန္႔ညားညား။
အခု...ကေလး က်ေတာ္တို႕ေဆးရံုကိုေရာက္ေန
တာလား??
လည္ပင္းတြင္ဆြဲထားေသာ Volunteer ကတ္ျပားေလးက လြင့္ေန၏။ ပုဆိုး အျပာကြက္ႏု
ႏုေလးနဲ႔ လည္ကတံုးရွပ္အျဖဴေရာင္ေလး တြဲဝတ္
ထားေသာ လုပ္အားေပးေလး။
လိုင္းေပၚမွာ ထြက္ထြက္ေျပးတတ္တဲ့ ကေလး
အျပင္မွာေကာ ကို႔ ကို ပတ္ေျပးဦးမွာလား သိ
ခ်င္တယ္။
Night Duty ထြက္တာေတြ ဘာေတြေမ့။
အိတ္ေကာက္လြယ္ျပီး ခ်က္ခ်င္းေဆးရံုကို
ေျပးရေအာင္လုပ္ႏိုင္တဲ့ ခင္ဗ်ားေလးက ေဆးရံု
အုပ္ထက္ အာဏာျပင္းတယ္။
လြန္ခဲ့ေသာ(၂)ရက္ခန္႕...
"ႏိုးႏိုး...သင္တန္္းမရွိတဲ့ ရက္ေတြမပ်င္းဘူး
လား?"
Juiceကို တစ္ငံုစုတ္ေသာက္ျပီးမွ
"ပ်င္းတာေပါ့..." ဟူေသာ စကားလံုးကို ပ်င္းတြဲ
တြဲေျပာရသည္။
"သင္တန္းမရွိတဲ့ရက္ေတြဆိုအိမ္မွာတစ္ေယာက္တည္း။ ေမေမကလည္း သူ႕
အလုပ္ရံုနဲ႔ သူရႈပ္ေနတာ။ အလုပ္ရံုထဲ သြားကူ
မယ္ဆိုေတာ့လည္း ေမေမက ဟိုမွာ
မိန္ကေလးေတြ ခ်ည္းပဲ ဆိုျပီး သူ႕အလုပ္ရံုထဲမလာခိုင္းဘူး။ ေကာင္မေလး
ေတြကလည္း ငါသြားရင္ ျပံဳးတံု႔တံု႔ လုပ္ေန
တာေတြ ရွိေတာ့ ေမေမက မႀကိဳက္ဘူး"
"ေျပာခ်င္တာ စြံတယ္ေပါ့"
ေမေလး၏ ခနဲ႔တဲ့တဲ့အေျပာ။ ျဖိဳးႀကီးကေတာ့
ဆန္႔က်င္ဖက္ပဲ
"နင္ ေနာ္ ငါကလြဲျပီး တျခားမိန္းမ စိတ္မဝင္စား
ပါဘူး လို႕ နင္ပဲေျပာခဲ့တာေနာ္ ႏိုးႏိုး"
ဟူ၍ ဇာတ္လမ္းေတြ သူ႕ဘာသာသူေကာက္ေရး
သည္။
"ႏိုးႏိုး...ငါကို လိုက္တုန္းကေျပာခဲ့တဲ့ စကားေတြကို အငယ္အေႏွာင္းေတြ ကို
မေျပာစမ္းပါနဲ႔ဟာ..."
အတည္ေပါက္ႀကီးနဲ႔ ေမေလးက ထခြပ္သည္။
လွည္းတန္းice berryအေပၚထပ္မွာ ခပ္တည္
တည္နဲ႔ ဗရုတ္က်ေနေသာ ႏွစ္ေကာင္ကို ေဘး
ဝိုင္းက ေကာင္မေလးေတြက လွည့္ႀကည့္ႀက၏။
က်ေတာ္ရွက္လာ၍ ေခါင္းသာငံု႔ထားရေတာ့
သည္။
ဒီသူငယ္ခ်င္းမႏွစ္ေယာက္ကို က်ေတာ္
ဘယ္ေတာ့မွ မႏိုင္။ တြဲစကဆိုရင္အသားယူတယ္ ထင္မွာဆိုး၍ က်ေတာ္က ေဘးခ်င္းတြဲပင္ မေလွ်ာက္ေသာ္လည္း သူတို႕ကေတာ့ ပုခံုးဖက္ လက္ခ်ိတ္နဲ႔က်ေတာ့္ကို ဒိုင္းကာအျဖစ္
ခဏခဏအသံုးခ်ႀကသည္။
ခုလည္းႀကည့္
"ငါတို႔ ေဆးရံုမွာ Volunteerသြားလုပ္မလို႔
နင္ လိုက္ခဲ့ပါလား?" ဟူ၍ မဲဆြယ္သည္။
ေဆးရံုဆို စိတ္ကုန္ေနတာ သူတို႕မသိတာလည္း
မဟုတ္။
"ငါ မလိုက္ခ်င္ဘူး"
ႏွစ္ေကာင္လံုး မ်က္ႏွာေလးေတြ ညွိဳးက်သြား
သည္မွာ ထိကရုန္းေလးေတြလိုပဲ။ တကယ္လုပ္
လည္း လုပ္တတ္ႀကတယ္။ က်ေတာ္က သူတို႔
ႏွစ္ေယာက္လံုးထက္ လပိုင္းႀကီးတာရယ္ေႀကာင့္
လား မသိ တစ္ခါတေလ အဲ့ႏွစ္ေကာင္က
ညီမေလးေတြလို ခ်စ္ဖို႕ေကာင္းႀကတယ္။
"ငါတို႕မွာ ေယာက်ာ္းသားပါမွ အျမင္တင့္မွာေပါ့
ဟ။ မသိတဲ့ တစ္စိမ္းနယ္ေျမထဲ ငါတို႔ႏွစ္ေယာက္
ကို နင္ ဒီအတိုင္း မ်က္ႏွာလြဲခဲပစ္ လုပ္ရက္တယ္
ေပါ့"
"ေအးေလ...ငါတို႔မွာ လူပံုအလယ္မွာ ေရနည္း
ငါးေလးေတြလို..."
"ေတာ္ပါေတာ့...လိုက္မယ္ဟာ..."
"ေဟး...ဒါေတြေႀကာင့္ ခ်စ္လိုက္ရတာ ရင္ကြဲ
မတတ္"
"တိုးတိုးသက္သာလုပ္ပါ ေမေလးရယ္..."
"ေသခ်ာရင္ ငါ Formတင္လိုက္ေတာ့မယ္ေနာ္"
"အင္း အင္း...ငါသင္တန္းခ်ိန္လြတ္မွ လာမွာေနာ္"
"Ok ခ..."
ေမေလးနဲ႔ ျဖိဳးႀကီးသည္ အာဆီယံ
ခ်စ္ႀကည္ေရး သံတမန္ေတြလိုပင္။ ခုလည္း
ထိုင္း၊တရုတ္၊ကိုရီးယား မေတာက္တေခါက္မ်ိဳးစံု
ရသည္။
က်ေတာ္ေဆးရံုကို မႀကိဳက္ေပမယ့္ ေဆးဖိုး
မတတ္ႏိုင္ Nurseမငွားႏိုင္တဲ့ လူေတြကိုေတာ့
သနားတယ္။ ဝါသနာမပါေပမယ့္...သင္ထားတဲ့
ပညာရပ္ကိုေတာ့ လိုအပ္ေနတဲ့ ေနရာမွာ
အက်ိဳးရွိရွိအသံုးခ်ရမည္။ က်ေတာ္ဝါသနာမပါဘူး ဆိုတာက Career တစ္ခုအေနနဲ႔ ပိုက္ဆံရဖို႕
ဝါသနာမပါတာ။
ေတာ္ေသးတာေပါ့။ က်ေတာ္ယူထားတာဘာသာ
က အခုလိုအသံုးက်လို႕။
>>>>>NO<<<<<
"ဘာ!!!"
ဒါ ေနာက္တစ္ေန႔ မနက္ခင္း English Class
အတြင္း အတန္းမစခင္ ထြက္ေပၚလာေသာ
က်ေတာ့္၏ ေအာင္ျမင္ခန္႔ညားလွပါေသာ
ဝမ္းေခါင္းသံ
"အရိုးေဆးရံုႀကီးမွာလား?"
"ေအးေလ အဲ့မွာ လုပ္အားေပးလိုေနတာ"
"ဆည္းဆာရိပ္တို႕ ဘာတို႕..."
"တိတ္စမ္း ႏိုးႏိုး...အရိုးမွာ ငါ့အသိအမေတြရွိ
တယ္"
ျဖိဳးႀကီးစတင္ ပါဝါျပေနျပီ။
"နင့္အစ္မေတြရွိရင္ ငါ့ အားကိုးမလိုေတာ့ဘူး
ဘု ဘု"
ေျပာလက္စ ပါးစပ္အား ႏွစ္ေယာက္အားနဲ႔ ဝိုင္း
ပိတ္လ်က္ ျငင္းပယ္ခြင့္မရေတာ့သည့္အဆံုး
"နင္ တို႔ သြားတာ ဟုတ္ျပီ။ နင္ တို႔ ဒီမွာ လုပ္အား
ေပး လုပ္ေနပါတယ္ေတြ ဘာေတြ Facebook
ေပၚတင္ရင္ ငါ့ကို လာမTagနဲ႔..."
"ေနပါဦး ။ အရိုးေဆးရံုသြားမွာကို ဘာလို႕
ေသြးရူးတန္းရူးေတြ ျငင္း။ တိတ္တိတ္ပုန္းေတြ
လုပ္နဲ႔ ...ဟင္း ဟင္း ငႏိုး နင္ ဘာမဟုတ္တာ
ေတြ လုပ္ေနလဲ?"
ငႏိုး ေတြ ဘာေတြနဲ႔ အႀကီးကို လာရိုင္းေနေသာ
ျဖိဳးႀကီး အား တစ္ခ်က္ေစာင္းႀကည့္လိုက္မွ
တဟီဟီ လုပ္ေနေသာ ႏွစ္ေကာင္ ျငိမ္ကုတ္
သြားသည္။
ဒါေပမယ့္ ျပန္မေျပာနားမေထာင္လုပ္လိုက္
ေႀကာင္း က်ေတာ့္ကို tagထားေသာ Postေအာက္က Love reactတစ္ခုက
သက္ေသပင္...
Thank You All
A/N ကေလး လက္ေဆာင္ရေသာ Huion H610 Pro ကို Mediaမွာေဖာ္ျပထားပါတယ္
(Unicode version)
/
/
/
"ဟုတ်တယ်။ ငါ မင်းညီ ကို ချစ်နေတယ်"
ခြံထဲမှ ငှက်တွေ၏ အသံ။ တစ်ဖက်စီမှ ဖုန်းသံ
အားလုံး အားလုံး တိတ်ဆိတ် ငြိမ်ကျသွား၏။
တာရာအနည်းငယ်တော့ စိတ်ခုသွားမယ်ဆိုတာ
သိတယ်။ သို့သော်လည်း မတတ်နိုင်တော့။
ပြောမှသိပြီး အထိနာမယ်ဆိုလည်း ကျတော့်
အပြစ်သာ။
"မင်းကို ပရိတ်ကြိုးပတ်ပေးခဲ့တဲ့ ကလေးကိုရော
ပြန်မရှာတော့ဘူးလား?"
"တာရာ မင်းကို ငါ နောက်ထပ် တောင်းပန်ချင်
တယ်။ အဲ့ဒီကလေးက မင်းညီလေးပဲ..."
"ဘယ် ဘယ်လိုလုပ်ပြီး..."
"ငါလည်း Part2ရောက်မှ သိတာ။ မင်း
Fb accကို addရင်းနဲ့ မင်းညီလေးကိုပါတွေ့
တာ။ မင်းညီလေးလည်း ငါ့ကိုမှတ်မိတယ်။
ဒါ ငါကြိုတင်ပြောပြသင့်တာ သိတယ်။ရည်ရွယ်
ချက်ရှိရှိ ဖုံးကွယ်ခဲ့တာ မဟုတ်ဘူးဆိုတာတော့
ယုံပေးပါကွာ"
တာရာ့ဆီမှ သက်ပြင်းချသံ တိုးတိုးထွက်လာ
သည်။ ကျတော်လည်း အားနာရင်း အနေခက်
၏။
"ငါ့ညီကရော မင်း သူ့ကို ကြိုက်နေတာသိလား?
မင်း တို့ ဘယ်အခြေအနေထိ ရောက်နေ
ပြီလဲ?"
"ကလေး က ဘာမှမသိပါဘူး။ ငါကသာ..."
"ဟူးးးးး ကိုခန့်ရာ မင်းနဲ့ ဒီလိုတွေ ပြောနေရတာ
ငါလည်း မျက်နှာတွေပူတယ်။ မင်း ဒီကလေး
အပေါ် ဘယ်လောက်စွဲလမ်းလည်း သိနေတော့
ငါလည်း မကန့်ကွက်ချင်ဘူး။ မကန့်ကွက်တာက
လက်ခံတာ တော့မဟုတ်ဘူးနော် ကိုခန့်"
"ငါသိတယ်"
"ဒီတော့?"
"လက်ခံလာတဲ့ ထိ ကြိုးစားမှာပေါ့"
"ကိုခန့်...ငါတို့အရွယ်နဲ့ စိတ်ကစားတယ်လို့လဲ
ပြောလို့မရတော့ဘူး။ ဒါပေမယ့် ငါ့ညီလေးက
ငယ်သေးတယ်။ ဘွဲ့သာရတော့မယ် သူ့ကိုယ်သူ
ကလေးလို့ ထင်နေတုန်း။ ငါတို့ တစ်အိမ်လုံးက
လည်းသူ့ကို ကလေးတစ်ယောက်လိုပဲ အလိုလိုက်ပေးထားကြတာ..."
"ငါ ဒါတွေအကုန် လက်ခံနိုင်တယ်။ ကလေးကို
ဘယ်သူ့မှ မချစ်နိုင်တဲ့ အချစ်မျိုးနဲ့ ငါချစ်ခဲ့တာ...
ကလေး ငါ့ကို စိတ်ကစားတယ်ဆိုရင် ရတယ်။
စိတ်တောင်ကစားသေးတာပဲ...တကယ်ချစ်လာ
အောင်လည်း လုပ်လို့ရတာပဲ..."
"ကိုခန့်ရာ...မွှန်နေပြီလို့ ပြောရင်လည်း ငါ့ဖက်
ကပဲ နာရဦးမှာ"
"ကလေးက ငါ့ကို ဘာမှ သွေးဆောင်မနေဘူး
တာရာ!"
"အေး အေးပါကွာ။ ငါသိပါတယ်။ ငါပြောချင်တာ
မင်း အများကြီးမမျှော်လင့်နဲ့လို့ ပြောချင်တာ။
နှစ်ဖက်မိဘတွေနဲ့ ငါ့ကို ဖယ်ထားဦး။ ငါ့ညီက
မင်းကို လက်မခံဘူး။ ဒါငါသေချာသိတယ်။သူက
ငကြောက်လေးကွ။ မိန်းကလေးတွေတောင် အမေဆူမှာတွေ ဘာတွေ လျှောက်တွေးပြီး မတွဲတာ။ မင်း ဆိုပိုဆိုးမှာပေါ့။ ပြီးတော့...ငါသိ
တယ်။ ငါ့ညီက straight"
"ငါသိပါတယ်~~"
"ဒါဆို ခု ရှေ့ဆက်မတိုးပါနဲ့လား ကိုခန့်ရာ..."
"ငါ အားနာတယ် တာရာ။ ငါ ကလေးကို တစ်ဘဝ
တာ အတွက် ရည်ရွယ်ပြီး နှစ်ချီစောင့်ပြီး
ချစ်ခဲ့တာ"
"မင်း စိတ်ကို ငါနားလည်တယ်။ ငါ့ညီသာ လက်ခံရင် ငါ မကန့်ကွက်ဘူး။ ပြီးတော့...
မင်းကြိုးစားတာတော့ ငါမတားပါဘူး။ဒါ မင်းအခွင့်
အရေးလေ...အစ်ကိုတစ်ယောက်အနေနဲ့
ငါ တစ်ခုပဲ တောင်းဆိုချင်တယ်။ငါ့ညီလေးရဲ့ ယောကျာ်းသိက္ခာကို ထည့်တွက်ပေးပါ"
"စိတ်ချပါ။ ငါ့ကိုယ်ငါထက် ကလေးကို ပိုလေးစား
တယ်"
"ကျေးဇူးပဲကွာ။ မင်းလည်းနားတော့...စိတ်မပူနဲ့
အဲ့ကောင်လေး ဘာမှမဖြစ်ဘူး"
"အင်း အင်း ကျေးဇူးပဲ တာရာ"
"ဟေ့ကောင် ငါ့ကျေးဇူးလာမတင်နေနဲ့။ မင်းဟာ
မင်း နေ"
"အေးပါကွာ"
မကန့်ကွက်တာ လက်ခံတာ မဟုတ်ဘူးနော် ဆို
သည့် စကား။ ပညာတတ်ပီပီ စကားလှလှသုံး
သွားတာပင်။
မတတ်နိုင်တော့ဘူး ကလေးရယ်။ လွယ်လွယ်ချစ်
ခဲ့ရတာ မဟုတ်သလို လွယ်လွယ်ပိုင်ဆိုင်ရ
လိမ့်မယ်လို့လည်း မတွေးခဲ့ရိုးအမှန်ပါ။
>>>>>NO<<<<<
မနက်စောစော ဖုန်း call ရတာနဲ့ လေဆိပ်ကို
ပြေး။ ပို့လိုက်တဲ့ ပစ္စည်းကိုရွေး၊ အခွန် ဆောင်
လိုက်ရတာတွေ ဘာတွေ ပေါင်းရင် ကျတော့်
လစာ၏ ဘယ်နှစ်ဆမှန်းပင် မသိတော့။ သို့သော်
ကျတော်ပျော်တယ်။ Night Duty ထွက်သည့်
နေ့မို့ အိမ်တွင်ပင် ပစ္စည်းသစ် ဖွင့်ဖောက်ကာ
လေ့လာရသည်။
10"×6.5" ပတ်လည် Tablet အမဲ လေးသည် ကလေးနဲ့ အံကိုက်ဖြစ်လောက်သည်။ ကလေး
ပြောတဲ့ webtoonဆိုတာမျိုးကို ကိုယ်လည်း
ရင်းနှီးကျွမ်းဝင်မှု မရှိ၍ ထုံးစံအတိုင်း Google
ခေါက်ရတော့၏။ ထိုအခါမှ သူတို့အသုံးပြုတတ်
တဲ့ Digital Drawing Boardတွေကို စသိ
တာ။ မြင်ကတည်းက သိတယ်။
Feactureအစုံအလင်၊ ကောင်းကွက်တွေ
တစ်သီတစ်တန်းနဲ့ အရွယ်အစားမျိုးစုံ Tablet
တွေကို ကလေးဆိုလည်းဘယ်လောက် သဘော
ကျလိုက်မလဲ?
Mscက ဖြေရတော့မယ်။ ကိုယ့်စာ ကိုယ်မကြည့်
နိုင်။ သုံးလေးရက်လောက် Tabletတွေကို လေ့
လာရသည်။ အသုံးပြုဖူးသူတွေရဲ့ feedback
တွေကို လိုက်ဖတ်ရသည်။ နောက်ဆုံး Beginnerတွေအတွက်ရော Pro တွေ
အတွက်ပါ အဆင်ပြေတဲ့ Huion H610 Pro
ဆိုတာကို ရွေးပြီး S'poreက သူငယ်ချင်းထံ
အကူအညီလှမ်းတောင်းရသည်။
Utubeမှာ ရှာကြည့်တုန်းက တွေ့တဲ့ Board
ကြီးဝယ်ပေးချင်သော်လည်း ကလေးအခန်းကျဉ်း
နဲ့က အဆင်မပြေလောက်ဘူး။ ဒီကို သယ်ဖို့ပို့
ဖို့ လည်း ခက်တယ်။ ခုဟာလေးကတော့ အဆင်
ပြေတယ်။ Screenလည်း အရမ်းမသေးဘူး
Penကလည်း Rechargeableဆိုတော့
အစ်ကိုလေး ဓာတ်ခဲတွေ ဘာတွေလည်း တကူး
တက လိုက်ရှာစရာမလိုတော့ဘူးပေါ့။ Install
လုပ်တာတွေတော့ ခုခေတ်ကလေးပဲ Guide
Book ဖတ်ပြီး လုပ်ရင်ရသွားမှာပဲ။
လူဆိုးလေးပါဗျာ။ လူမှာ စီမံချက်တွေသွား။ စာ
ကျက်။ ဆေးရုံပြေး နေရတာ ညပိုင်းခဏလေး
စကားပြောချင်တာ မပြောရဘူး။ Acc Deထား
တယ်။ ပြန်ဖွင့်လာတော့လည်း စကားကောင်း
မပြောဘူး။
"Bro တို့ စာမေးပွဲနီးပြီမလား??အလေမလိုက်
နဲ့လေ Bro"
ဆိုတာမျိုးတွေ နဲ့ ရိုက်ပေါက်ကလုပ်လိုက်သေး။
"သား တို့က စာမေးပွဲပြီးတော့ အေးဆေးပဲ ။
စာသာကြိုးစားပါ Broရာ..." တဲ့
"အင်း...ကလေး အတွက်ကလည်း ရှိသေးတော့
ကိုယ် ကြိုးစားရမှာပေါ့"
"သား အိပ်ပြီ" ဟူ၍ ချက်ချင်းလိုင်းoutပြေးဆင်း
တတ်နေပြီ။
ခု ကလေး အတွေးထဲ ဘာတွေရှိနေမလဲကျတော်
မသိပဲ နေမလား??
စကားလုံးဝ မပြောပဲလဲမနေဘူး။ ကျတော်ပြော
ရင် ပြန်ပြောတယ်။ ခုလို ကျတော့်ခံစားချက်
အစွန်းတစဖော်ထုတ်ရင် ချက်ချင်းဆိုသလို လိုင်း
ပေါ်မှ ဆင်းပြေးတတ်တာတွေ...
ကိုယ်တို့ တဖြည်းဖြည်း နီးနေပြီ မဟုတ်လား ကလေး??
ခုလည်း လက်ဆောင်ပို့ပေးမယ့်အကြောင်း သံတော်ဦးတင်မလို့ ကြည့်တော့ လိုင်းပေါ်တွင်
မရှိ။ ရှဉ့်ကောင်ပေါက်လေးတွေလိုပဲ ဖမ်းရခက်
တယ်။
ဖုန်းနံပါတ်တော့ လိုချင်တယ် ကလေးရာ...
ခုက ကိုယ်တို့နှစ်ယောက်က Onlineပေါ်
အပျင်းပြေ စကားပြောတဲ့ လူတွေလောက်ပဲဖြစ်
နေတယ်။
Tabletဗူးကို ကြည့်ရင်း ပီတိတွေနဲ့ ရင်ထဲ
ငြိမ့်ညောင်းလိုက်တာ။ နောက်ဆို ကလေးလိုချင်
တာတွေ ဒီထက်ပိုဝယ်ပေးခွင့်ရရင် ဘယ်လောက်
ကောင်းသလဲ??
မျက်လုံးဝိုင်းလေးတွေနဲ့ နှုတ်ခမ်းပိကျိလေး ချွန်
ပြီး
"Bro...သားဘာလိုချင်တယ်။ဘာစားချင်တယ်"
ဆိုပြီး ဘေးကနေ တတွတ်တွတ်ပူဆာနေမယ့်
ကလေး ။ အားးးးစိတ်ကူးနဲ့တင် ချစ်ဖို့ကောင်း
လွန်းနေပြီ။
လိုချင်တာ လက်ထဲအရောက်ပို့ကြည့် သွားညှိ
စက် စွမ်းအားနဲ့ ညီညာနေတဲ့ သွားတန်းဖြူဖြူ
လေးတွေ အကုန်ပေါ်တဲ့ အထိ စပ်ဖြီးဖြီးလေး
လုပ်ပြဦးမှာ။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့
ကလေးရယ်လဲလေ...
ပြောရင်း လွမ်းလာတာနဲ့ လိုင်းကောက်ဖွင့်ပြီး
wallတက်ကြည့်တော့...သူတင်ထားတာတော့
မဟုတ်။ သူ့ကို Tagထားသော New Post
ဟိုက်!!
သူနဲ့တွဲတွေ့နေကျ ကောင်မလေး နှစ်ယောက်
ကြား မျက်နှာပင့်နဲ့ လူကြီးလုပ်နေတဲ့ ကလေး
ပုံစံက တောင်ညှာစံမြောက်ညှာစံတွေနဲ့ တိုင်းခန်း
လှည့်လည်လာနေတဲ့ ဘုရင်ပေါက်စဒီဇိုင်းနဲ့။
နေပါဦး ဒီအုတ်နံရံ အရောင် ငါနဲ့ရင်းနှီးနေပါ
တယ်။ နောက်တစ်ပုံတွင်တော့...ကျတော် ကုတင်ပေါ်မှ ငေါက်ခနဲ ထထိုင်မိသည်။
မျက်နှာပင့်နောက်က အုတ်နံရံအပြာပေါ်တွင်
"ကြည့်မြင်တိုင် အရိုးအထူးကုဆေးရုံကြီး"
ဟူသော စာတန်းကြီးက ခန့်ခန့်ညားညား။
အခု...ကလေး ကျတော်တို့ဆေးရုံကိုရောက်နေ
တာလား??
လည်ပင်းတွင်ဆွဲထားသော Volunteer ကတ်ပြားလေးက လွင့်နေ၏။ ပုဆိုး အပြာကွက်နု
နုလေးနဲ့ လည်ကတုံးရှပ်အဖြူရောင်လေး တွဲဝတ်
ထားသော လုပ်အားပေးလေး။
လိုင်းပေါ်မှာ ထွက်ထွက်ပြေးတတ်တဲ့ ကလေး
အပြင်မှာကော ကို့ ကို ပတ်ပြေးဦးမှာလား သိ
ချင်တယ်။
Night Duty ထွက်တာတွေ ဘာတွေမေ့။
အိတ်ကောက်လွယ်ပြီး ချက်ချင်းဆေးရုံကို
ပြေးရအောင်လုပ်နိုင်တဲ့ ခင်ဗျားလေးက ဆေးရုံ
အုပ်ထက် အာဏာပြင်းတယ်။
လွန်ခဲ့သော(၂)ရက်ခန့်...
"နိုးနိုး...သင်တန်းမရှိတဲ့ ရက်တွေမပျင်းဘူး
လား?"
Juiceကို တစ်ငုံစုတ်သောက်ပြီးမှ
"ပျင်းတာပေါ့..." ဟူသော စကားလုံးကို ပျင်းတွဲ
တွဲပြောရသည်။
"သင်တန်းမရှိတဲ့ရက်တွေဆိုအိမ်မှာတစ်ယောက်တည်း။ မေမေကလည်း သူ့
အလုပ်ရုံနဲ့ သူရှုပ်နေတာ။ အလုပ်ရုံထဲ သွားကူ
မယ်ဆိုတော့လည်း မေမေက ဟိုမှာ
မိန်ကလေးတွေ ချည်းပဲ ဆိုပြီး သူ့အလုပ်ရုံထဲမလာခိုင်းဘူး။ ကောင်မလေး
တွေကလည်း ငါသွားရင် ပြုံးတုံ့တုံ့ လုပ်နေ
တာတွေ ရှိတော့ မေမေက မကြိုက်ဘူး"
"ပြောချင်တာ စွံတယ်ပေါ့"
မေလေး၏ ခနဲ့တဲ့တဲ့အပြော။ ဖြိုးကြီးကတော့
ဆန့်ကျင်ဖက်ပဲ
"နင် နော် ငါကလွဲပြီး တခြားမိန်းမ စိတ်မဝင်စား
ပါဘူး လို့ နင်ပဲပြောခဲ့တာနော် နိုးနိုး"
ဟူ၍ ဇာတ်လမ်းတွေ သူ့ဘာသာသူကောက်ရေး
သည်။
"နိုးနိုး...ငါကို လိုက်တုန်းကပြောခဲ့တဲ့ စကားတွေကို အငယ်အနှောင်းတွေ ကို
မပြောစမ်းပါနဲ့ဟာ..."
အတည်ပေါက်ကြီးနဲ့ မေလေးက ထခွပ်သည်။
လှည်းတန်းice berryအပေါ်ထပ်မှာ ခပ်တည်
တည်နဲ့ ဗရုတ်ကျနေသော နှစ်ကောင်ကို ဘေး
ဝိုင်းက ကောင်မလေးတွေက လှည့်ကြည့်ကြ၏။
ကျတော်ရှက်လာ၍ ခေါင်းသာငုံ့ထားရတော့
သည်။
ဒီသူငယ်ချင်းမနှစ်ယောက်ကို ကျတော်
ဘယ်တော့မှ မနိုင်။ တွဲစကဆိုရင်အသားယူတယ် ထင်မှာဆိုး၍ ကျတော်က ဘေးချင်းတွဲပင် မလျှောက်သော်လည်း သူတို့ကတော့ ပုခုံးဖက် လက်ချိတ်နဲ့ကျတော့်ကို ဒိုင်းကာအဖြစ်
ခဏခဏအသုံးချကြသည်။
ခုလည်းကြည့်
"ငါတို့ ဆေးရုံမှာ Volunteerသွားလုပ်မလို့
နင် လိုက်ခဲ့ပါလား?" ဟူ၍ မဲဆွယ်သည်။
ဆေးရုံဆို စိတ်ကုန်နေတာ သူတို့မသိတာလည်း
မဟုတ်။
"ငါ မလိုက်ချင်ဘူး"
နှစ်ကောင်လုံး မျက်နှာလေးတွေ ညှိုးကျသွား
သည်မှာ ထိကရုန်းလေးတွေလိုပဲ။ တကယ်လုပ်
လည်း လုပ်တတ်ကြတယ်။ ကျတော်က သူတို့
နှစ်ယောက်လုံးထက် လပိုင်းကြီးတာရယ်ကြောင့်
လား မသိ တစ်ခါတလေ အဲ့နှစ်ကောင်က
ညီမလေးတွေလို ချစ်ဖို့ကောင်းကြတယ်။
"ငါတို့မှာ ယောကျာ်းသားပါမှ အမြင်တင့်မှာပေါ့
ဟ။ မသိတဲ့ တစ်စိမ်းနယ်မြေထဲ ငါတို့နှစ်ယောက်
ကို နင် ဒီအတိုင်း မျက်နှာလွဲခဲပစ် လုပ်ရက်တယ်
ပေါ့"
"အေးလေ...ငါတို့မှာ လူပုံအလယ်မှာ ရေနည်း
ငါးလေးတွေလို..."
"တော်ပါတော့...လိုက်မယ်ဟာ..."
"ဟေး...ဒါတွေကြောင့် ချစ်လိုက်ရတာ ရင်ကွဲ
မတတ်"
"တိုးတိုးသက်သာလုပ်ပါ မေလေးရယ်..."
"သေချာရင် ငါ Formတင်လိုက်တော့မယ်နော်"
"အင်း အင်း...ငါသင်တန်းချိန်လွတ်မှ လာမှာနော်"
"Ok ခ..."
မေလေးနဲ့ ဖြိုးကြီးသည် အာဆီယံ
ချစ်ကြည်ရေး သံတမန်တွေလိုပင်။ ခုလည်း
ထိုင်း၊တရုတ်၊ကိုရီးယား မတောက်တခေါက်မျိုးစုံ
ရသည်။
ကျတော်ဆေးရုံကို မကြိုက်ပေမယ့် ဆေးဖိုး
မတတ်နိုင် Nurseမငှားနိုင်တဲ့ လူတွေကိုတော့
သနားတယ်။ ဝါသနာမပါပေမယ့်...သင်ထားတဲ့
ပညာရပ်ကိုတော့ လိုအပ်နေတဲ့ နေရာမှာ
အကျိုးရှိရှိအသုံးချရမည်။ ကျတော်ဝါသနာမပါဘူး ဆိုတာက Career တစ်ခုအနေနဲ့ ပိုက်ဆံရဖို့
ဝါသနာမပါတာ။
တော်သေးတာပေါ့။ ကျတော်ယူထားတာဘာသာ
က အခုလိုအသုံးကျလို့။
>>>>>NO<<<<<
"ဘာ!!!"
ဒါ နောက်တစ်နေ့ မနက်ခင်း English Class
အတွင်း အတန်းမစခင် ထွက်ပေါ်လာသော
ကျတော့်၏ အောင်မြင်ခန့်ညားလှပါသော
ဝမ်းခေါင်းသံ
"အရိုးဆေးရုံကြီးမှာလား?"
"အေးလေ အဲ့မှာ လုပ်အားပေးလိုနေတာ"
"ဆည်းဆာရိပ်တို့ ဘာတို့..."
"တိတ်စမ်း နိုးနိုး...အရိုးမှာ ငါ့အသိအမတွေရှိ
တယ်"
ဖြိုးကြီးစတင် ပါဝါပြနေပြီ။
"နင့်အစ်မတွေရှိရင် ငါ့ အားကိုးမလိုတော့ဘူး
ဘု ဘု"
ပြောလက်စ ပါးစပ်အား နှစ်ယောက်အားနဲ့ ဝိုင်း
ပိတ်လျက် ငြင်းပယ်ခွင့်မရတော့သည့်အဆုံး
"နင် တို့ သွားတာ ဟုတ်ပြီ။ နင် တို့ ဒီမှာ လုပ်အား
ပေး လုပ်နေပါတယ်တွေ ဘာတွေ Facebook
ပေါ်တင်ရင် ငါ့ကို လာမTagနဲ့..."
"နေပါဦး ။ အရိုးဆေးရုံသွားမှာကို ဘာလို့
သွေးရူးတန်းရူးတွေ ငြင်း။ တိတ်တိတ်ပုန်းတွေ
လုပ်နဲ့ ...ဟင်း ဟင်း ငနိုး နင် ဘာမဟုတ်တာ
တွေ လုပ်နေလဲ?"
ငနိုး တွေ ဘာတွေနဲ့ အကြီးကို လာရိုင်းနေသော
ဖြိုးကြီး အား တစ်ချက်စောင်းကြည့်လိုက်မှ
တဟီဟီ လုပ်နေသော နှစ်ကောင် ငြိမ်ကုတ်
သွားသည်။
ဒါပေမယ့် ပြန်မပြောနားမထောင်လုပ်လိုက်
ကြောင်း ကျတော့်ကို tagထားသော Postအောက်က Love reactတစ်ခုက
သက်သေပင်...
Thank You All
A/N ကလေး လက်ဆောင်ရသော Huion H610 Pro ကို Mediaမှာဖော်ပြထားပါတယ်