Fall in love with my sister's...

By YellowieSwan734

181K 12.9K 324

'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါ... More

Fall in L💜ve with my sister's crush!!!!
Fall in L💜ve with my sister's crush!!!!
Fall in L💜ve with my sister's crush!!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in l💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
to my dear readers....
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
ch-10

Fall in L💜ve with my sister's crush!!!

3.8K 282 3
By YellowieSwan734

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-20


မသိရင်ပဲ…ဟို…

ပြန်မတွေးပါဘူးဆိုမှ

''Kit…''

''ဟင်!!''

''လာ…ခဏ လာထိုင်ဦး''

ဘာဖြစ်တာပါလိမ့်…
အသံက ခပ်တည်တည်နဲ့…

ဘာဖြစ်လို့ပါလိမ့်

ကဲ…ထိုင်ဆိုတော့လည်း ထိုင်တာပေါ့

''ဒီနေ့ နင်ဘယ်သွားတာလဲ''

ထိုင်ရုံပဲရှိသေး…



''မငယ်ပဲ သွားဆို ''


''ဟို…''


''ဟင်…''

သေပြီထင်ပါတယ်


''အာ…မဟုတ်ပါဘူး''


အထဲမှာက vedioတစ်ခု…
''ဒါက ဘာကြီး…''


ဘာဖြစ်သွားတာပါလိမ့်…

ဘာကြီးလဲဆိုနေ…

ဟင်…နေပါဦး
မွေးနေ့တဲ့…


အင်…သေပြီလေ…




''မဟုတ်…''

''ဘာကို မဟုတ်တာလဲ''

လန့်လိုက်တာ…

ဖြစ်အောင်လုပ်လဲ''

သူတင်မကပါဘူး…


မငယ်တော့နော်…
စွတ်ဟောက်တော့တာပဲ

ဘာမှလာငြင်းမနေနဲ့…''

သြ…

ငါက ဘာလို့ပါလာရတာလဲ''



''ဘယ်…captionလဲဟင်''


''မကောင်းဘူး''
နားကန်းတော့မယ်








ဟင်!!



''အမ်!!''





''အေး…ငါက တကယ်တိုင်မှာ''

မနည်းကို ညှိယူရပါတယ်



***************

ဆိုင်တကာလှည့်…
သူဝယ်တာထိုင်စောင့်…
မပြီးသေးဘူး…


ဒီလိုတွေလုပ်နေရတာလဲ
တကယ်ဆိုရင်လေ…
ထင်တာလေ…


လာကြိုက်ရတယ်လို့
အကြောင်းပြချက်တောင်
ပါလိုက်သေးတယ်


မရ…ရအောင်ကြံ

ကျေးဇူးတင်ရဦးမယ်
မသက်သာလောက်ဘူး

''P'…''
ကြားနေကြအသံတစ်ခု…

ဟိုကောင်လေး…






''ဗျာ…''

ဟူး…
ဒါပေမယ့်လည်းပေါ့လေ…

ရမလား''


မတတ်နိုင်ဘူးလေ…
ရမယ်မဟုတ်လား

♡♡♡♡♡♡♡♡♡♡♡
***************

by  SWAN

<Unicode>

Fall in L💜ve with my sister's crush!!!
~MingKit    ch-20

အိမ်ထဲဝင်လာတော့ မငယ်က ထိုင်ခုံမှာကြိုထိုင် စောင့်နေတာ လှမ်းမြင်လိုက်ရတယ်…

အခုတလော ကိုယ့်အမကိုယ် ရဲရဲမကြည့်ရဲဘူးဆို
မသိရင်ပဲ…ဟို…
ကျွန်တော်ကပဲ ဟို…ဖြတ်ခုတ်သလိုလို…
ပြန်တွေးတိုင်းလည်း စိတ်ညစ်ပါတယ်

သူ့အပြစ်…ဆိုပြီးတော့ပဲ မပြောချင်တော့ဘူး…
ကျွန်တော်က…ကျွတ် ဘာလို့များ တစ်ခါတည်း မငြင်းနိုင်ခဲ့ရတာလဲ
ပြီးတော့လည်း ခုဏတုန်းက…အား…
ပြန်မတွေးပါဘူးဆိုမှ

''Kit…''

''ဟင်!!''

''လာ…ခဏ လာထိုင်ဦး''

ဘာဖြစ်တာပါလိမ့်…
အသံက ခပ်တည်တည်နဲ့…
သူ့သွားမကြိုမိလို့များလား…ကားပျက်နေတာ သူလည်းအသိပဲဟာကို

အိမ်ထဲဝင်လာကတည်းက စာအုပ်မဖတ်ပဲနဲ့ ဒီအတိုင်းကြီးလာကြည့်နေကတည်းက တစ်ခုခုတော့ထင်သား…ဘာတစ်ခုခုမှန်းတော့မသိ…
ထိုင်ကြည့်နေပြီး ခုမှထခေါ်တော့ ခပ်လန့်လန့်ပဲ
ဘာဖြစ်လို့ပါလိမ့်

ကဲ…ထိုုင်ဆိုတော့လည်း ထိုင်တာပေါ့

''ဒီနေ့ နင်ဘယ်သွားတာလဲ''

ထိုင်ရုံပဲရှိသေး…
မျက်နှာထားကြီးနဲ့မေးလာတော့

''ဟို…မွေးနေ့လေ မငယ်လည်း မနေ့က သိတယ်မဟုတ်လား''

''နင်ပြောတော့ မသွားဘူးဆို''

''မငယ်ပဲ သွားဆို ''

''အဲ့တော့ ဘယ်လိုသွားလဲ… ကားပျက်နေတာ ဆိုတော့''

''ဟို…''

''Ming လာခေါ်တယ်ပေါ့…အဲ့လိုလား''

''ဟင်…''
ကျွန်တော် မျက်လုံးပါပြူးသွားရတယ်
ဘယ်လိုလုပ်ပြီး သိတာလဲ…
အဒေါ်ကြီးပြောပြလိုက်တာလား…

အိ…အဲ့ဒါဆိုရင် အဲ့ဒီတုန်းက ချီထားတာ…အိ…
သေပြီထင်ပါတယ်
ပြဿနာတော့အကြီးကြီးတက်ပါပြီ

''နင်နဲ့Mingက တွဲနေတာလား''

''အာ…မဟုတ်ပါဘူး''

''သြ…မဟုတ်ဘူးလား…အင်း အဲ့ဒါဆိုရင်လည်း ဒါလေးကိုကြည့်ပါဦး''
ပြောရင်းနဲ့ ကျွန်တော့်မျက်နှာရှေ့ဖုန်းကြီး လာထိုးပြတယ်…

အထဲမှာက vedioတစ်ခု…
ကောင်လေးတစ်ယောက်က သူ့ချစ်သူအတွက် ဘယ်မှာရှိနေကြောင်း ယုံအောင်ပြောဖို့ ပွဲတစ်ခုမှာ ကိုယ့်ဖာသာ ရိုက်ထားတာလိုမျိုး…
အဲ့တာနဲ့ဘာဆိုင်လို့လဲ???
''ဒါက ဘာကြီး…''

''ဆက်ကြည့်…ရော့ ကိုယ့်ဖာသာကိုယ် ကိုင်ကြည့်''
ဆိုပြီး ဖုန်းကြီးထိုးပေးတော့ ယူလိုက်ရသေးတယ်

ဘာဖြစ်သွားတာပါလိမ့်…
သိသွားတာနဲ့ပဲ ဘာလို့ဒါကြီး လာပြနေတာလဲလို့

ဒါပေမယ့်လည်း ဆက်မကြည့်ပဲနဲ့က မနေရဲတော့ ဆက်ကြည့်ရသေးတယ်
vedioထဲမှာပါတာက အဲ့တစ်ယောက်ရဲ့ မျက်နှာကြီးရယ်…သူ သူ့ကောင်မလေးကို ဘယ်လောက်ချစ်ကြောင်း…သူငယ်ချင်းရဲ့ မွေးနေ့မို့သာ မသွားချင်ပဲသွားရကြောင်း…
သူ့ကို စိတ်မဆိုးစေချင်ကြောင်း…
ဘာကြီးလဲဆိုနေ…

ဟင်…နေပါဦး
မွေးနေ့တဲ့…

အခုမှ သေချာနားထောင်မိတယ်
အနောက်က ဆူညံနေတဲ့အသံတွေက…
'ငါ့ထက် အသက်ကြီးရမယ်…ဝိုး…'
ဟိုကောင်လေးရဲ့အသံတွေ…

နောက် 'ကျွီ'ခနဲ ခုံရွေ့သံနဲ့ အဲ့တစ်ယောက်မျက်နှာကြီးက နောက်ကိုလှည့်ကြည့်ရင်း ဖယ်သွားတော့ ပေါ်လာတာကမနက်တုန်းကမွေးနေ့ရဲ့ စကားဝိုင်း…
ပြီးတော့ ထထွက်သွားတာက ကျွန်တော်…
အနောက်က လိုက်သွားတာက ဟိုကောင်လေး
အင်…သေပြီလေ…
vedioက တစ်စွန်းတစ်စလေး ကွက်ရိုက်ထားသလိုဖြစ်နေတော့ မရှင်း၊မရှင်းနဲ့

မသိရင်ပဲ ကျွန်တော်တို့နှစ်ယောက်က…????

ဘာပြောရမလဲမသိပဲ ဖုန်းကြည့်နေရာကနေ မငယ်ကို မော့ကြည့်မိတော့…

''မြင်ပြီလား…ကဲ ပြော… vedioကြီးတစ်ခုလုံးရှိနေတဲ့ကိစ္စကို ဘာပြောမှာလဲ''

''မဟုတ်…''

''ဘာကို မဟုတ်တာလဲ''

လန့်လိုက်တာ…
ရုတ်တရက်ကြီး ထအော်တယ်လို့…ကျွန်တော့်မှာ ထိုင်နေရာကနေ တုန်တောင်တုန်သွားရတယ်

''ဟင်…အစကတည်းက နင်ကြိုက်နေတယ်ဆိုလည်း
ပြောပါလား…ဘာကိစ္စ ငါ့ကို ယုန်ထင်ကြောင်ထင်
ဖြစ်အောင်လုပ်လဲ''

''အာ…မငယ်ကလည်းဗျာ…မကြိုက်ပါဘူးဆိုနေ''
သူတင်မကပါဘူး…
ကျွန်တော်လည်း အစက သူ့ကြိုက်တယ်ထင်ခဲ့တာပါ…နောက်မှ ဟိုစောင်ကလေးက ကျွန်တော့်ကိုဆိုတာ သိရတာလေ…
ကျွန်တော်ကပဲ ကြိုက်နေတာဖြစ်ရသေးတယ်လို့

''အံမယ်…မကြိုက်ဘူးဆိုရင် ငါမရှိတုန်း အိမ်မှာဘာလုပ်နေကြလဲ…''

''ဘာလုပ်နေကြလို့လဲဗျာ…မငယ်ကလည်း''
မငယ်တော့နော်…
စွတ်ဟောက်တော့တာပဲ
ဘာလုပ်နေကြတာကို ပြောတာလဲလို့

''အဒေါ်ကြီးပြန်ပြောလို့ငါသိပြီးပြီ…
ဘာမှလာငြင်းမနေနဲ့…''

သြ…
အဒေါ်ကြီးက ဘာပြောလိုက်လို့ ဘာသိတာလဲဆိုနေ…
ရှင်းလို့ကိုမရတော့ဘူး

''နင်ကြိုက်တယ်ဆိုလည်း နဂိုကတည်းက ပြောပါလား…ငါနဲ့တောင် လာတိုပြနေသေးတယ်
နင့်တို့ဖာသာနင်တို့ ပွင့်ပွင့်လင်းလင်း ကြိုက်ကြပါလား
ငါက ဘာလို့ပါလာရတာလဲ''

ကျွန်တော်က ပါလာရတာပါဗျာ…
နဂိုကတည်းက ခပ်ကင်းကင်းနေပါတယ်ဆိုမှ…
ကျွန်တော်က အရှင်းကြီးကို
သူတို့နှစ်ယောက်ပဲ မရှင်း၊မရှင်း ဖြစ်နေကြပြီးတော့

''ငါ့သူငယ်ချင်းရဲ့ရည်းစားက အခုvedioကို ဘယ်captionနဲ့ ပို့တယ်ထင်လဲ''

ဘုရား…ဘယ်captionနဲ့တောင်မို့လို့လဲ
''ဘယ်…captionလဲဟင်''

''Mingက နင့်သူငယ်ချင်းကို ချိန်နေတာမဟုတ်ဘူး…
သေချာဖျောင်းဖျပေးလိုက်ဦးတဲ့…
အခု အဲ့ဒီလိုဆိုတော့ ကောင်းလား''

''မကောင်းဘူး''
ဘယ်ကောင်းပါ့မလဲ…နားညည်းတယ်လို့…ရှေ့မှာထိုင်ပြီးအော်နေတာ
သူကမမောဘူးလားမသိ…ကျွန်တော်ကတော့
နားကန်းတော့မယ်

''အေး…မကောင်းမှန်းသိရင် နင်ဘာလို့ ဒီလိုလုပ်လဲလို့''

''ဘာလုပ်လို့လဲဗျာ…တကယ်ပါပဲ''

''နင်Mingနဲ့ ကြိုက်နေတာလေ…''

''မကြိုက်ပါဘူးဆိုနေ…ကျွန်တော့်ကို သူလာကြိုက်တာလေ''

''မကြိုက်လို့ပဲ ဒီနေ့လေးတင် အိမ်ထဲဝင်ပြီး နင့်ကိုချီသွားတာကိုဘာပြောမလဲ''

''ဟာ…အဲ့တာလည်း သူလာချီတာပါဆို''

''ဟင်…သူချီတိုင်းသာဖြစ်ကြေးဆိုရင် သူသာ နင့်ကို…အင်း ငါမပြောချင်ဘူးနော် Kit''

ဟင်!!
ကျွန်တော်ကကော ကြားချင်တယ်ထင်နေလို့လား
စိတ်တွေလည်း ညစ်လာပါပြီ

''အခု မငယ်က ဘာလုပ်ချင်နေတာလဲ''
ကျွန်တော်မေးလိုက်မိပြီ…
ဘယ့်နှယ့်…လွန်လွန်းလာပြီ
ကျွန်တော်ကကော အဲ့ကောင်လေးနဲ့ ဘာဟုတ်သေးတာမို့လို့လဲ…
ပြီးတော့ ကျွန်တော်ကြိုက်ချင်လို့ကော ကြိုက်တာလား

''အဖေတို့နဲ့တိုင်ချင်တာ''

''အမ်!!''
ကျွန်တော် သေမှာပေါ့လို့…

ပြောပြောဆိုဆို လက်ထဲကဖုန်းလာလုတော့ ကျွန်တော့်မှာ မမှီအောင် မြှောက်ထားရသေးတယ်

''မတိုင်နဲ့လေ…မငယ်ကလည်း''

''ငါ့တုန်းက နင် တိုင်မယ်လုပ်တယ်လေ''

''အာ…အဲ့တာ တကယ်မတိုင်ဘူးလေ''

''အေး…ငါက တကယ်တိုင်မှာ''

''အာ…မငယ်ကလည်းဗျာ…ကြိုက်မနေပါဘူးဆို''
မနည်းကို ညှိယူရပါတယ်

အာပေါက်မတတ်လည်း ရှင်းရပါတယ်…

အဲ့လိုနဲ့နောက်ဆုံးမှာတော့…

***************

မနက် shoppingထွက်တာလိုက်ပို့…
ဆိုင်တကာလှည့်…
သူဝယ်တာထိုင်စောင့်…
သူ့သူငယ်ချင်းအိမ်လိုက်ပို့…
မပြီးသေးဘူး…
ညနေကြရင်တစ်ခေါက်သွားပြန်ကြိုရဦးမှာ

သင်တန်းတစ်ခါတည်းဆက်သွားမလို့ဟာကို အိမ်မှာစာအုပ်တွေကျန်ခဲ့တယ်ဆိုပြီး တစ်ခေါက်ပြန်လာရတာo
ပြီးရင်ကျွန်တော်က သူ့ဝင်ခေါ်ပြီး သင်တန်းပြန်သွား…
သေမှာ…နေတိုင်းသာဆိုရင် ကျွန်တော်သေမှာ

ဘာလို့ကျွန်တော်က အတိုင်ပြောမခံရအောင်
ဒီလိုတွေလုပ်နေရတာလဲ
တကယ်ဆိုရင်လေ…
ကျွန်တော့်ဖာသာနေတာလေ…အဲ့ကောင်လေးက လာကြိုက်တာလေ…
မငယ်က ကိုယ့်ဖာသာကိုယ် သူ့ကြိုက်တယ်
ထင်တာလေ…
ကျွန်တော်က ရိုးရိုးသားသားလေး တိုမိတာကို

အဲ့တာကျွန်တော်နဲ့ဘာဆိုင်လို့ ခုလိုတွေဖြစ်နေရတာလဲ

ဟိုစောင်ကလေးဆိုတာလည်း အလကားနေရင်း
လာကြိုက်ရတယ်လို့
ပါးမှာ ပါးချိုင့်ပါတာကြောင့်ဆိုတဲ့
အကြောင်းပြချက်တောင်
ပါလိုက်သေးတယ်
အဲ့တာကျွန်တော်နဲ့ဘာဆိုင်လဲလို့
အမေမွေးကတည်းက ပါလာတာကိုး…
ဟင်းနော်…ဒီလိုတွေဖြစ်နေရတာ သူ့ကြောင့်

သူကအတင်းလည်းလာကြိုက်သေးတယ်
အခု ပြဿနာတတ်တော့ ကျွန်တော်…
စိတ်ညစ်ရတော့လည်းကျွန်တော်…
အပြောခံရတော့လည်း ကျွန်တော်…

မသိရင်ပဲ မငယ်ပြောပုံက အဲ့ကောင်လေးကို ကျွန်တော်ကကြိုက်၊ ကျွန်တော့်ကို မကြိုက်…ကြိုက်အောင်ရော၊သူ့င်္ဆီက ဖြတ်ခုတ်…
မရ…ရအောင်ကြံ
ကျွန်တော့်မှာလည်း ရစရာကို မရှိတော့ဘူး
အတော်လည်း စုတ်နေပါပြီ…ဟူး

ဒါတောင် ကားကို မနေ့ညနေကတည်းက အိမ်လာပြီးပြင်ပေးထားတဲ့ဝပ်ရှော့ခ်ဆရာကို
ကျေးဇူးတင်ရဦးမယ်
မဟုတ်ရင် မငယ်ကို လိုက်ပို့လိုက်ကြိုရတာက
Taxiနဲ့ဆိုရင် တစ်ခါပြီးတစ်ခါ ငှါးနေရတာနဲ့တင်
မသက်သာလောက်ဘူး

အိမ်ရှေ့ရောက်လို့ကားပေါ်ကဆင်းပြီး lockချနေတုန်းရှိသေးတယ်
''P'…''
ကြားနေကြအသံတစ်ခု…

လှည့်ကြည့်လိုက်တော့ ထင်မိတဲ့အတိုင်းပါပဲ…
ဟိုကောင်လေး…
ခါတိုင်းမြင်နေရသလို ပြုံးစိစိနဲ့

သူ့ကို အခုလောလောဆယ် မမြင်ချင်သေးပေမယ့်
သူ့ကိုတွေ့ရလို့လည်း အမြင်ကပ်မနေပါဘူး
ပြီးတော့ အခြားဘာမှလည်း မခံစားရဘူး…

''ကျွန်တော်က P' သင်တန်းသွားရင် လိုက်ပို့မလို့ပါပဲ
ဒါပေမယ့် အခုP'ရဲ့ကားက ပြန်ကောင်းသွားပြီ
ဆိုတော့ ကျွန်တော် လိုက်ပို့လို့မရတော့ဘူးပေါ့''

အမှန်အတိုင်းပြောရရင် စိတ်ထဲဘာမှဖြစ်မနေ…
သူနဲ့ပတ်သတ်ပြီး ဘာမှရှိမနေခဲ့သလိုမျိုးပဲ
ဟုတ်တယ်…ဘာရှိရမှာမို့လို့လဲ

''ဒီလိုဆိုတော့ P'ရဲ့ကား ပြန်ကောင်းသွားတာကိုပဲ
ကျွန်တော် စိတ်မကောင်းဖြစ်ရတော့မလို ဖြစ်…''

''မင်း ဒီလောက်နဲ့ရပ်လိုက်လို့ရမလား''

''ဗျာ…''

နားမလည်သလိုဖြစ်သွားတဲ့ သူ့မျက်နှာ
ဟူး…
ဒီစကားကို ထပ်ပြောဖို့ ထင်သလောက်မလွယ်ပါလား
ဒါပေမယ့်လည်းပေါ့လေ…

''ငါ့ကိုချစ်နေတယ်ဆိုတာကို ဒီလောက်နဲ့ရပ်လိုက်လို့
ရမလား''

မယုံနိုင်သလို ငေးနေတဲ့သူ့မျက်နှာက ကျွန်တော့်စကားကို မမျှော်လင့်ထားသလို…

မတတ်နိုင်ဘူးလေ…
ဘယ်လိုပဲဖြစ်ဖြစ် ဘာမှမစခင်မှာ အဆုံးသတ်ထား
ရမယ်မဟုတ်လား

♡♡♡♡♡♡♡♡♡♡♡
***************

by  SWAN

Continue Reading

You'll Also Like

7.5K 1K 17
ငါ့ရဲ့နောက်ဆုံးဆုတောင်းက မင်း ဆိုတဲ့ လူတစ်ယောက်ပါပဲ ~•
503K 7.6K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
182K 5.3K 68
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
1.8K 242 5
I've love you till' my last breath darling 𝘸𝘳𝘪𝘵𝘵𝘦𝘯 𝘪𝘯 𝘣𝘶𝘳𝘮𝘦𝘴𝘦 Start - 24.5.2023 End - 9.6.2023