Fall in love with my sister's...
By YellowieSwan734
181K 12.9K 324
'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါ... More
Fall in L💜ve with my sister's crush!!!!
Fall in L💜ve with my sister's crush!!!!
Fall in L💜ve with my sister's crush!!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in l💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
to my dear readers....
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
Fall in L💜ve with my sister's crush!!!
ch-10
Fall in L💜ve with my sister's crush!!!
4.1K 338 0
By YellowieSwan734
<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit    ch-8
Beamဖိတ်တာလေ
မငယ်ကတော့မပါဘူး…
နေရတော့မယ်
ဒါနဲ့…စတိုခန်းတဲ့
မှာ တံခါးတစ်ခု…
ဖွင့်ကြည့်လိုက်တော့…
ဟုတ်တယ်…စတိုခန်း…
ဟုတ်နေပြီ
လန့်လိုက်တာဆိုတာ…
ဘယ်သူကမှာလဲလို့…
ဟိုစောင်ကလေး…Mingလေ
သူကကော partyလာတာလား??
အံမယ်…
သူ့ပဲကြောက်ရဦးမယ်
ရှောင်နေလို့ပဲ…
မလား
သြ…
ပါလား…
''မလိုဘူး…''
ထွက်မယ်လုပ်တော့…
''ကျွန်တော် ကူသယ်ပေး…''
'ဂျိမ်း…'ခနဲ…
သေပြီ…
**************
မရ…
''မင်းဆီမှာ ဖုန်းပါလား''
''ဘာ!!!!''
''မင်းက စိတ်မပူဘူးလား''
ဟုတ်တာပေါ့…
ရှိနေတာကို
ဟူး…ဒါလည်းရေစက်ပဲ
ချင်လာပြီ
''စားဦးမလား P' ''
နာမည်က Kitkatတဲ့
''မစားဘူး…''
စားစရာလားလို့…
တကယ်ပါပဲဗျာ…
အလင်းရောင်ခပ်မှိန်မှိန်စတိုခန်းထဲမှာ ကိုယ့်နာမည်နဲ့ချောကလက်ကို အားရပါးရထိုင်စား
ကြာလာတေြာ့ ကက်သီးထလို့ ကျွန်တော် သည်းမခံနိုင်တော့…
ဘာလို့…ပြောလိုက်တယ်??
''ဘာကိုလဲ P' ''
''ဘာကြောင့်လို့ ထင်လဲ P' ''
♡♡♡♡♡♡♡♡♡♡♡♡
***************
by   SWAN
<Unicode>
Fall in L💜ve with my sister's crush!!!
~MingKit    ch-8
''Kitkat…စတိုခန်းထဲမှာ ဘီယာကတ်တွေကျန်ခဲ့တယ်။သွားယူပေးဦး…''
''ဒီမှာလည်း အများကြီးရှိနေတာပဲဟာကို…
မင်းတို့ဟာက များနေဦးမယ်''
''မများပါဘူး…နောက်လည်းလိုဦးမှာ…
လုပ်ပါကွာ ဒီမှာငါတို့ခုံစီနေရလို့ပါ၊သြ…ဒါနဲ့ စတိုခန်းတံခါးက ပျက်နေတယ်နော်…ပိတ်သွားရင်
အပြင်က ဖွင့်မှရတာ…အထဲဝင်ရင် တံခါးဟခဲ့ ''
''အေး…အေး ဘယ်နားမှာလဲ စတိုခန်းက''
''အောက်ဆုံးထပ် လှေကားအောက်မှာ… မပိတ်မိစေနဲ့နော်''
''အေးပါကွာ…ငါက ကလေးမှမဟုတ်တာ''
အဆောင်မှာလုပ်တဲ့ partyပေါ့…
Beamဖိတ်တာလေ
အဆောင်တစ်ခုလုံးက ယောကျာ်းလေးတွေချည်းပဲ
ဆိုတော့ သောက်ပါသောက်ကြမှာပေါ့…
မငယ်ကတော့မပါဘူး…
ကျွန်တော်လည်း သူမပါမှပဲ အေးအေးဆေးဆေး
နေရတော့မယ်
ဘယ့်နှယ့်…သူနဲ့ပဲ တပူးတတွဲနေနေရတယ်လို့…
အဆောင်ဆိုတော့ မေဂျာအမျိုးမျိုး…အတန်းအမျိုးမျိုး…
ပျော်စရာတော့ ပိုကောင်းတာပေါ့
အဆောင်ပိုင်ရှင်ကို partyပေးလို့ရအောင် ဘယ်လိုများညှိလိုက်ကြလဲမသိ…
အတော် စည်းရုံးရေးကောင်းကြတာပဲ
ဒါမျိုးဆို တော်လိုက်ကြတာ…
ဒါနဲ့…စတိုခန်းတဲ့
အောက်ဆုံးထပ်မှာဆိုတော့ သုံးထပ်ကနေ ပြန်ဆင်းရဦးမယ်
partyက သုံးထပ်မြောက်မှာလေ
ဟိုရှာ…ဒီရှာနဲ့ အောက်ဆုံးအထပ် လှေကားထောင့်
မှာ တံခါးတစ်ခု…
ဖွင့်ကြည့်လိုက်တော့…
ဟုတ်တယ်…စတိုခန်း…
တံခါးကို အသာလေးဟ…အထဲဝင်…
ဟုတ်နေပြီ
စားပွဲပေါ်မှာတွေ့တဲ့ ဘီယာကတ်လေးမတော့…
''ကျွန်တော် သယ်ပေးရမလား P' ''
လန့်လိုက်တာဆိုတာ…
လူက တုန်တောင်တုန်သွားတယ်
ဘယ်သူကမှာလဲလို့…
ဟိုစောင်ကလေး…Mingလေ
ဘယ်လိုရောက်လာရပြန်တာလဲဗျာ…
သူကကော partyလာတာလား??
partyလာရင်လည်း partyမှာနေလေ…
ကျွန်တော့်နားလိုက်ကပ်နေပြန်ပါပြီ
''ကျွန်တော့်ကို ဘာလို့ဒီလောက်ထိ ကြောက်နေရတာလဲ P' ''
အံမယ်…
သူ့ပဲကြောက်ရဦးမယ်
ရုတ်တရက်မို့ လန့်သွားတာကိုများ…
''ငါက ဘာလို့ကြောက်ရမှာလဲ…''
''မသိဘူးလေ P'က ကျွန်တော့်ကိုဆို ရှောင်နေတာကို''
ရှောင်နေလို့ပဲ…
သူနဲ့ ဒီလောက်တွေ့နေရတာ
မရှောင်များ မရှောင်ကြည့်ပါလား… သူလိုက်ကပ်နေပုံနဲ့ကတော့ ခွါလို့တောင်ရပါတော့
မလား
''အခုကော…မင်းက ဘာလာလုပ်တာလဲ''
''P'Beamက P'ဒီသွားတယ်ဆိုလို့ ကျွန်တော်လိုက်လာတာ''
သြ…
ဘယ်သူများလဲလို့ Beamရဲ့ စနက်ကိုး…
ဘာကိစ္စ သူကပါ ပြောလိုက်ရတာလဲလို့?
အဲ့လောက်ချစ်ခင်နေရင်လည်း သူ့အမပေးလိုက်
ပါလား…
''မင်းက လိုက်လာပြီးတော့ ဘာလုပ်မလို့လဲ''
''P' နဲ့အတူတူ ကူသယ်ပေးဖို့လေ''
''မလိုဘူး…''
ဒီ ဘီယာကတ်လေးလောက်ကိုပဲ ကူသယ်ပေးဦးမယ်တဲ့…
ကျွန်တော်မသယ်နိုင်မှာကြနေတာပဲ
လွန်လာပြီ…ကျွန်တော့်နောက်လိုက်ကပ်နေတာ ဆိုတာ…
သည်းခံတာလည်း အတိုင်းအတာကျော်လာပြီ
ဘီယာကတ်တွေကို လက်နှစ်ဖက်နဲ့သယ်၊
ခပ်ပြတ်ပြတ်ပြောပြီး သူ့ကို ရှောင်ရင်းအခန်းပြင်
ထွက်မယ်လုပ်တော့…
''ကျွန်တော် ကူသယ်ပေး…''
''မလိုဘူးလို့ပြောနေတယ်မဟုတ်လား…''
လက်ထဲက အတင်းလုနေသလို လာဆွဲနေတာကို
ကျွန်တော် သည်းမခံနိုင်တော့ပဲထအော်လိုက်ရင်း
နောက်ဆုတ်လိုက်တော့ ခပ်ဟဟတံခါးကို သွားတိုက်မိပြီး…
'ဂျိမ်း…'ခနဲ…
သေပြီ…
တံခါးက နဂိုကတည်းက ပျက်နေတာ…
အခု ပိတ်သွားတယ်ဆိုတော့??
**************
ဘီယာကတ်တွေကို စားပွဲပေါ်ကမန်းကတမ်း ပြန်ချပြီး တံခါးကို ပြန်ဖွင့်ကြည့်သည်
မရ…
ဂျက်ချထားတဲ့အတိုင်းပဲ
ပျက်နေတာကလည်း ဒီလိုပျက်စရာလားလို့…
အခု အပြင်ထွက်လို့မရတော့…
''လူရှိလား…ဟေ့…အပြင်မှာ လူရှိလား''
တံခါးကို ထုရင်းအော်သာအော်ရတာ…
လူမရှိမှန်းအသိသာကြီး…အကုန်လုံးက partyရောက်နေမှာပေါ့
အဲ့တာဆိုရင်…ဖုန်းဆက်ခေါ်ရင်ကော!!
ဖုန်းက စားပွဲပေါ်မှာကျန်ခဲ့တယ်
''မင်းဆီမှာ ဖုန်းပါလား''
အနောက်မှာ လာရပ်နေတဲ့ဟိုကောင်လေးကို လှည့်မေးလိုက်တော့ သူက ရှိသမျှအိပ်ကပ်တွေကို ပုတ်ပြပြီး…
''ကျွန်တော်ဖုန်းမပါလာဘူး''
''ဘာ!!!!''
စိတ်လည်းအတော်ညစ်ပါသည်…
partyလေးတစ်ခါလာပါတယ်
စတိုခန်းထဲမှာ သူနဲ့အတူပိတ်မိနေရတယ်လို့
သူ့ကြည့်တော့ နံရံကိုမှီပြီး အေးအေးဆေးဆေး တောင်ထိုင်နေသေးတယ်
စိတ်မပူဘူးဆိုတဲ့ရုပ်နဲ့…
''မင်းက စိတ်မပူဘူးလား''
ကျွန်တော်မေးလိုက်တော့သူက ပခုံးတွန့်ပြပြီး
''ဘာကိုပူရမှာလဲ P'…ကျွန်တော်တို့ပိတ်မိလည်း
တစ်ညပေါ့၊ပြီးတော့လည်း ကျွန်တော်တစ်ယောက်
တည်းမှမဟုတ်တာ… P'လည်းရှိနေတာပဲကို''
ဟုတ်တာပေါ့…
သူ့မှာ ထိုင်ကလိစရာ ကျွန်တော်တစ်ယောက်လုံး
ရှိနေတာကို
ဟူး…ဒါလည်းရေစက်ပဲ
အဲ့လိုတွေးမိရင် ဘုရားကပန်းစည်းတောင် ပြန်စွန့်
ချင်လာပြီ
သက်ပြင်းတစ်ချက်ချပြီး စားပွဲပေါ်က ဘီယာတစ်ပုလင်းဖောက်သောက်ရင်း သူနဲ့မျက်နှာချင်းဆိုင်နံရံကို မှီပြီးထိုင်လိုက်တော့…
''စားဦးမလား P' ''
သူပြတာကို ကြည့်လိုက်တော့ ချောကလက်တစ်တောင့်…
နာမည်က Kitkatတဲ့
''မစားဘူး…''
စားစရာလားလို့…
ကျွန်တော့်နာမည်နဲ့ ချောကလက်ကြီးကို
မစားဘူးဆိုတော့လည်း ရှေ့ကြီးမှာထိုင်ပြီးတော့ကို
အားရပါးရကို စားပြနေတာ…
တကယ်ပါပဲဗျာ…
အလင်းရောင်ခပ်မှှိန်မှိန်စတိုခန်းထဲမှာ ကိုယ့်နာမည်နဲ့ချောကလက်ကို အားရပါးရထိုင်စား
နေတဲ့ လူတစ်ယောက်နဲ့ အတူပိတ်မိနေရတယ်လို့…
ကြာလာတော့ြ ကက်သီးထလို့ ကျွန်တော် သည်းမခံနိုင်တော့…
''မင်းက ချောကလက်အဲ့လောက်ကြိုက်လား…''
''ဟင့်အင်း…ကျွန်တော်က Kitkatကို ကြိုက်တာ''
ရန်တွေ့ခါနီးကျွန်တော့်ပါးစပ်တောင်ရပ်သွားရတယ်
ဘာလို့…ပြောလိုက်တယ်??
''စိတ်မပူပါနဲ့…ကျွန်တော်က ချောကလက်ပဲ
စားတာပါ၊P'ကို မစားပါဘူး''
မှိတ်ပြလိုက်တဲ့မျက်လုံးတစ်ဖက်…
ပြုံးလိုက်တဲ့ သူ့နှုတ်ခမ်းတွေ…ဒါ…
''မင်းက ဘာလို့ ဒီလိုမျိုးတွေလုပ်နေရတာလဲ''
ကျွန်တော် မေးလိုက်မိပြီ…
မေးသင့်နေပြီ မဟုတ်လား
''ဘာကိုလဲ P' ''
''ဘာလို့ ငါ့ကိုလိုက်ကပ်နေရတာလဲ''
သူ့ရဲ့ပုံစံက မငယ်ကိုကြိုက်လို့ကျွန်တော့်ကို
လိုက်ကပ်နေတာထက် ပိုနေပြီမဟုတ်လား…
ဘယ်လိုပဲ'ကျွန်တော်က မိန်းကလေးတွေကိုပဲ
ကြိုက်တယ်'လို့ပြောပေမယ့်လည်းလေ…
သူ ရုတ်တရက် ထရပ်လိုက်တယ်
ကျွန်တော်ပါ သူနဲ့အတူလိုက်ရပ်လိုက်မိတယ်
သူကျွန်တော့်ဆီလျှောက်လာရင်း သုံးလှမ်း…
မဟုတ်ဘူး…နှစ်လှမ်းလောက်အလိုမှာ ရပ်သွားတယ်
သူ့မျက်နှာက တည်နေတယ်လို့ထင်ရတာ ကျွန်တော်မော့ကြည့်နေရတာကြောင့်များလား…
''ဘာကြောင့်လို့ ထင်လဲ P' ''
သူက…ဘာလို့ကျွန်တော့်ကို ပြန်မေးရတာလဲ…
♡♡♡♡♡♡♡♡♡♡♡♡
ဇာတ်ကားထဲက*Kitkat ချောကလက်* ဇာတ်ဝင်ခန်းကို ထည့်ရေးထားပါတယ်နော်…
***************
by   SWAN
Continue Reading
You'll Also Like
115K 5K 27
墨香铜臭's 天官赐福 Heaven Official's Blessing [Manhua Myanmar Translation] - ရပ်နား - 19 Oct 2019 >> Official Manhua release 24 Mar 2020 >> Sadly dropped b...
1.2M 54.5K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
59K 1.1K 12
What if instead of kai's parents going missing he went missing! Find out to see what happens to the reactions of the ninja. And see them grow.
1M 39.9K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...