NO

Da HsuChiKo365

4.4M 369K 14.1K

(Zawgyi and Unicode) Trust me,you are my one in millions Romance,Funny, Sweet & Pure BL Cover design by Su M... Altro

About Story
ခန္႔ေသာ္ဇင္
ႏိုး
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း (၆)
အပိုင္း(၇)
အပိုင္​း(၈)
အပိုင္း(၈-၁)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၂)
အပိုင္​း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
အပိုင္း(၂၃)
ႏိုးႏိုး
အပိုင္း(၂၄)
အပိုင္​း (၂၅)
အပိုင္း(၂၆)
အပိုင္း ၂၇
အပိုင္း(၂၈)
အပိုင္း ၂၉
အပိုင္း(၃၀)
အပိုင္း(၃၁)
အပိုင္း ( ၃၂ )
အပိုင္း(၃၃)
အပိုင္း (၃၄)
A/N
အပိုင္း(၃၅)
အပိုင္း ၃၆
Ending Part 1
Genophobia
Ending
Extra
Extra
Extra
Extra
ေက်းဇူးတင္လႊာ
NO
အလင္းအိမ္
Pay-Day Dating
X'mas Trip

အပိုင္း(၁၁)

75.1K 7.4K 181
Da HsuChiKo365

ေက်ာင္းမုခ္ဦးဝကို ကားလမ္းတစ္ဖက္မွေငးရင္း
လည္တဆန္႔ဆန္႔္။ ဒီေန႔ ကေလးတို႕စာေမးပြဲ
ေနာက္ဆံုးေန႔။ စာေမးပြဲတြင္း ညစဥ္ မုန္႔ဆက္သ
ရေသာ ေမာင္ခန္႔ေလး လုပ္ေနရတာ။
မုန္႕ေတြသာ ပို႕ေနရတာ ကေလးကိုေတြ႔ဖို႕မဆို
ထား Messangerကေနပင္ စကားမေျပာရ။
ရုပ္မျမင္ အသံမႀကားထက္ ခု ကေလး
လက္ကေလးေတြနဲ႔ တေတာက္ေတာက္ရိုက္ထား
တဲ့ Typing စာလံုးေလးေတြကိုပင္ မျမင္ရ။

ေလလံုအိတ္ထဲထည့္လာခဲ့ေသာ ဖန္Bio Bottleကိုလည္း ထုတ္ႀကည့္ရေသး။ ေတာ္ေသး
တယ္။ အေအးဓာတ္မျပယ္ေသးလို႕။ စာေမးပြဲခန္း
ထဲ သံုးနာရီလံုးလံုးလက္ရံုးရည္ေရာ ႏွလံုးရည္ပါ
သံုးျပီးေျဖထားရတာ။ ေရေသာက္ဖို႕လည္း သတိ
ရခ်င္မွ ရမွာ။ ထြက္ထြက္လာခ်င္း လတ္လတ္
္ဆက္ဆက္ေဖ်ာ္ထားတဲ့ Fruit Juiceေလးေတာ့ တိုက္ခ်င္မိတာ
ေမာင္ခန္႔ စိတ္ရင္းအမွန္။

မႀကာဘူး မုခ္ဦးကေနအုပ္စုလိုက္ အသီးသီး
ထြက္လာႀကေသာ စာေမးပြဲဝင္စစ္သူႀကီးေတြ...

ေတြ႔လိုက္ပါျပီ။ က်ေတာ့္ရဲ႕ လူႀကီးပံုဖမ္းေနေသာ
ကေလးေလး။ ကခ်င္ပုဆိုး နက္ျပာ
ကြက္စိတ္ေလးနဲ႔ရွပ္အျဖဴေလး ဝတ္ထားေသာ ကေလးေလးသည္ ေန႔မြန္းတည့္ခ်ိန္
ပူေလာင္ေလာင္ႀကားတြင္ပင္
ရင္ကို ျငိမ္းေအးသြားေစႏိုင္သည္။
ေဘးနားအသင့္ေခၚထားေသာ ပန္းေရာင္းသည့္
ေကာင္ေလးအား

"ထြက္လာျပီ။ ထြက္လာျပီ"

"ဘယ္သူလဲ ကိုႀကီး"

ဒီေန႔မွ ပို႕ေပးေနက် ကေလးမလာ၍ ေခၚထားေသာ ေကာင္ေလးအား ကေလးကို ျပရ
ေသး၏။

"ဟိုမွာေတြ႔လား သံုးေယာက္တြဲထြက္လာႀကတဲ့
အဖြဲ႕ ျမင္လား?"

"ဟုတ္??ဘယ္ဖက္က အမႀကီးကို ေပးရမွာလား
ညာဖက္က အမႀကီးကို ေပးရမွာလား?"

"မဟုတ္ဘူး။ အလယ္က ခပ္ေခ်ာေခ်ာအစ္ကို
ႀကီးကို သြာေပးလိုက္။ သြား သြား ညီေလး။
သူ ကားေပၚမတက္ခင္"

ကတိေပးထားသည့္အတိုင္း မုန္႔ဖိုးတစ္ေထာင္ပါ
လက္ထဲ ထည့္ေပးရင္း ေကာင္ေလးကို တစ္ဖက္
ကမ္းကို အေျပးႏွင္ေစရသည္။ ေရဗူးေလးတစ္ဗူးကိုင္ျပီးကားလမ္းတစ္ဖက္ ေျပးကူးရံုနဲ႔ တစ္ေထာင္ရသည္မို႕ ကေလးပီပီ
ဘာဘာညာညာမေမးေတာ့ပဲ အေရးေတာ္အား
ေပ်ာ္ေပ်ာ္ႀကီး ထမ္းေဆာင္ေပးသည္။

ေတာင္ငူဘုရင္နတ္သွ်င္ေနာင္သည္ ခ်စ္ျခင္းေမတၱာကို ေက်းေစရတုျဖင့္ ဖြင့္ဆိုခဲ့ပါေသာ္
က်ေတာ္သည္လည္း Furit ေစJuiceျဖင့္
ေဖာ္ျပခ်င္မိသည္။

ေရာင္စံုကိုယ္ပိုင္ကားမ်ား၏ ေနာက္မွေန၍ မသိမသာေခ်ာင္းေျမာင္းရင္း ရင္ေတြ
တလ်ပ္လ်ပ္နဲ႔...ခုမွ ပိုးပန္းဖူးတဲ့ လူပ်ိဳေပါက္ေလး
လို ျဖစ္ေနေသာ ကိုယ့္အျဖစ္ကို ရယ္လည္းရယ္
ခ်င္မိသည္။
ကေလးလက္ထဲ Bio ဖန္ပုလင္းေလး ေရာက္သြားသည္ႏွင့္ ရင္ထဲဒိန္းခနဲ။ မ်က္မွန္ေအာက္မွ မ်က္လံုးဝိုင္းေလးေတြ ကားလမ္းတစ္ဖက္စီ ျဖတ္ခနဲ ေရာက္လာေတာ့
က်ေတာ္လည္း ကားေတြေနာက္ လ်စ္ခနဲ ကြယ္ကာ ပုန္းရေတာ့သည္။ ခုန္ေနေသာ ရင္အစံု
ကို ထိန္းရင္း တိုးလ်လ်ရယ္ရျပန္သည္။

အခ်စ္ဆိုတာ ျပန္မရခင္တည္းက ဒီလိုလွေစသည္
တဲ့လား???
ကေလးတို႕ Ferryကားထြက္သည္အထိေစာင့္
ႀကည့္ခ်င္ပါေသာ္လည္း အခ်ိန္မရ။ Dutyကျပန္
ဝင္ရဦးမည္။

ကားတန္းမ်ားႀကားေကြ႔ကာပတ္ကာနဲ႔ လာလမ္း
အတိုင္း ျပန္လွည့္ရသည္။ ဗူးေလးကိုဖြင့္ကာ
ေမာ့ေသာက္ေနေသာ ကေလးပံုရိပ္သည္ ေနထီး
ေခါင္ျပင္တြင္ျပင္ ႏွင္းမိုးေစြသြားသလို ေအးျမ
သြားေစတယ္ဆို က်ေတာ္ သိပ္ပိုေနျပီမလား??

ဟုတ္တယ္ ကေလးနဲ႔ ပတ္သတ္ရင္ ဦးဆံုးမို႕
က်ေတာ္ အျပည့္အဝရူးခ်င္တယ္။

               >>>>>NO<<<<<

စာေမးပြဲျပီး EEC(Exam Ending Ceremony)ေတာင္ မလုပ္ရ။ Ferryျဖင့္သာ
အိမ္အေရာက္ျပန္လာရသည္။

ပင္ပန္းလိုက္တာ...ကုတင္ေပၚပစ္လွဲမယ္လုပ္ျပီးမွ
အိတ္ထဲမွ မေဆးရေသးေသာBio Bottleကို
အျမန္ထုတ္။ ထမင္းစားခန္းနဲ႔တြဲလ်က္ မီးခိုခန္း
တြင္ ေမေမ့အရိပ္အေယာင္ေခ်ာင္းရေသး။ မရွိဘူး
ဆိုတာ ေသခ်ာမွ ေဘစင္ဆီ အေျပးတစ္ပိုင္းသြား
ကာ ေဆးေႀကာရသည္။

"ဘာေတြေဆးေနတာလဲ ႏိုးႏိုး။ အိပ္တာမဟုတ္ဘူး။ပင္ပန္းေနတာကို"

"အဲ"

ေမေမသည္ စူးစမ္းရွာေဖြ My Ladyပင္။
လက္ထဲမွ ဖန္ပုလင္းေလးကို ခ်က္ခ်င္းျမင္သည္။

"အိမ္မွာ အဲ့ပုလင္းေတြ မ်ားေနျပီ။ အဲ့ပုလင္းေတြ
က ေစ်းႀကီးတယ္။ ေဖ်ာ္ရည္ထက္သူထည့္ေပးလိုက္တဲ့
ပုလင္းေတြက ေစ်းမ်ားေနတာ အဲ့ ကေလးမ မသိဘူးလား။ ခက္တယ္ ခုေခတ္ကေလးေတြ"

ကေလးမ မဟုတ္ဘူး!!!ဟူေသာ အသံသည္
ရင္ထဲမွာပင္ ဟိန္းကာ ပဲ့တင္ထြက္၏။
တစ္ဖက္လူႀကီး၏ ေစတနာနဲ႔ ကတိကို က်ေတာ္
ႀသခ်ယူရသည္။ စာေမးပြဲရက္ တစ္ေလွ်ာက္လံုး
ေျဖျပီးလို႕ ျပန္ထြက္လာတာနဲ႔ ကေလးတစ္ေယာက္က လက္ထဲ အဆင္သင့္လာ
ေပးျပီ။ အရင္ဆို စာေမးပြဲေျဖျပီးတာနဲ႔ Energy
Drinkေတြ ေသာက္ေနက်။ ဒါေတြမ်ားမ်ား
ေသာက္ရင္ မေကာင္းဘူးဆိုတာသိေပမယ့္ အလြယ္တကူ ဝယ္ယူ၍ ရတာကလည္း ဒါေတြပဲ
ရွိသည္မို႕။ ခုေနာက္ဆံုးႏွစ္ ေနာက္ဆံုးစာေမးပြဲ
ေန႔ရက္မ်ားသည္ တကယ္ဆန္းႀကယ္လြန္းသည္။

သူငယ္ခ်င္းႏွစ္ေယာက္သည္လည္း ရင္ေအး
(အေအးဗူးလာေပးသူအား သူတို႕၂ေယာက္ေပး
ေပးထားေသာ နာမည္ဝွက္) ကို လိုက္စံုစမ္းရတာ
အေမာ။ လာပို႕ေပးတဲ့ ကေလးကလည္း ႏႈတ္လံု
သည္။ ငါးေထာင္ေပးမယ္ဆိုတာေတာင္ မေျပာ
ဘူးဗ်ာ။ မေမးလည္း ဘယ္သူဆိုတာ က်ေတာ္
သိေနတာပဲ။ အဓိက က ဟို၂ေယာက္သိမွာကို
ိုသာ စိုးရိမ္ေနတာ။

အိပ္ရာေပၚလွဲရင္း ခ်က္ခ်င္းလိုင္းမဖြင့္မိေသး
Messageေဟာင္းမ်ားကို ျပန္လွန္ဖတ္ေနမိ
သည္။

က်ေတာ္ အရြယ္ေရာက္ေနခဲ့ျပီေလ။ ေနာက္ထပ္
ဘယ္ေလာက္မွ မလိုေတာ့ေသာ ကာလတြင္
က်ေတာ္ ဘြဲ႕ရတစ္ေယာက္ျဖစ္ေတာ့မည္။
ဒါကိုေတာင္ သူနဲ႔ စေတြ႔ ခ်ိန္ကလို ကေလးလို႕ပဲ
သူထင္ေနေသးသည္လား?

အစက အပ်င္းေျပ လာစကားေျပာတယ္ ထင္ခဲ့
မိတာ။ ခုေတာ့...အဲ့လိုေတြးလို႕ မရေတာ့ေလာက္
ေအာင္... သူမတူ ေသာ ဂရုစိုက္ေပးမႈေတြ။
အေဝးကေန ျဖည့္ဆည္းေပးေနမႈေတြ။
ဘယ္လိုလုပ္ျပီး...က်ေတာ့္လို ဘာမွ မက္စရာ
မရွိတဲ့ ငခြ်တ္ေလးတစ္ေယာက္ကို။ မိန္းကေလး
လည္း မဟုတ္ပဲ...

ဆက္မေတြးခ်င္ေတာ့ က်ေတာ္ပင္ပန္းေနျပီ။
အိပ္ေရးပ်က္ခဲ့ရေသာ ညေပါင္းမ်ားစြာကို ျဖတ္
ေက်ာ္ခဲ့ေသာ က်ေတာ့္ မ်က္လံုးေတြ၊က်ေတာ့္
ဦးေဏွာက္ေတြ အနားယူခ်င္ေနရွာျပီ။

စာအုပ္စင္၏ လြတ္ေနေသာ အေပၚဆံုး
ထစ္တြင္ တန္းစီေနေသာ Bio Bottleေတြ...
ဟုတ္သား...တကယ္အမ်ားႀကီးပဲ...

"ခင္ဗ်ားနဲ႔ေတာ့ ခက္တယ္ လူႀကီးရာ..."

ဘယ္ေလာက္ထိအိပ္ေမာက်လဲ မေမးနဲ႔။ေန႔လယ္စာ၊ ညစာပါ လြတ္သြားေလာက္တဲ့ထိ
အိပ္ေပ်ာ္သြားတာ။ ေမေမကလည္း မႏႈိး။
တစ္ေရးႏိုးလာေတာ့ ည ၁၁နာရီေက်ာ္ေနျပီ။
ဗိုက္ဆာလိုက္တာ...အခန္းျပင္လည္း မထြက္ခ်င္
ေတာ့။ A4 ကတ္ထူပံုးထဲမွာ မုန္႔ေတြရွိေနျပီးသား

မုန္႔ဆိုလို႕ ဒီညေတာ့ မုန္႔လာမပို႕ေတာ့ဘူးေပါ့
ဟုတ္သားပဲ က်ေတာ္စာေမးပြဲမွ မရွိေတာ့တာ။
ထုတ္ျပီးသား Feto ထုပ္ကို ပံုးထဲျပန္ထည့္ျပီး
ျပန္လွဲအိပ္မိသည္။

ဒီအတိုင္း ေယာက်ာ္းကတိတည္ျပခဲ့တာေနမွာပါ။
က်ေတာ္လို ေကာင္ေလးတစ္ေယာက္စားႏိုင္တဲ့
မုန္႔က သူ႕ လစာရဲ႕ သံုးပံုတစ္ပံုေတာင္မရွိတာ
ကတိတည္ႏိုင္တာေပါ့။

နရံေပၚမွ က်ေတာ့္ဇာတ္ေကာင္ Danielက
ေတာ့ ခပ္မိုက္မိုက္အထာနဲ႔  စတိုင္က်ေနဆဲ။

"Hi ငါတို႕ ျပန္ေတြ႔ႀကေတာ့မယ္ Dan..."

အဆက္ျပတ္ေနတာ ႀကာျပီျဖစ္ေသာ Media
နဲ႔ ျပန္လည္ တြယ္ခ်ိတ္ရသည္။ က်ေတာ့္ရဲ႕
လာမည့္ အခန္းဆက္ေတြ အတြက္ ဖတ္စရာ မွတ္စရာေတြ၊ ခုလက္ရွိျဖစ္ေနတဲ့မႈခင္းcaseေတြ
ကို ပစ္ထားရတာ ႀကာျပီ။

Webေတြထဲ ေလွ်ာက္ႀကည့္ရင္း က်ေတာ္ဝင္
ႀကည့္ေနက် Webတစ္ခုထဲ မျဖစ္မေနဝင္ႀကည့္
မိျပန္သည္။

"မမွီတဲ့ ပန္းေတြကို မလွမ္းခ်င္စမ္းပါနဲ႔ ကြာ"

သတိေပးေပမယ့္လည္း က်ေတာ့္အႀကည့္တို႕
သည္ Modern No မ်ိဳးစံု။တျဖည္းျဖည္း မ်ားလာေသာ  Functionအညႊန္းေတြ။
Colour ေရာစပ္မႈအား လိုသလိုခ်ိန္ဆ၍
ကိုယ္လုိခ်င္ေသာ အေရာင္စပ္ေတြအားတိက်
စြာ ထုတ္ေပးႏိုင္ေနျပီ ဆိုသည့္ ဆြဲေဆာင္မႈေတြ
ေပါင္းမ်ားစြာနဲ႔ Digital Boardေတြ။

က်ေတာ္လိုခ်င္ေနခဲ့တာ။ ႏွစ္ရွည္လမ်ားအိပ္မက္
ထဲထိ ဆြဲေခၚထားရမိတဲ့ထိ လိုခ်င္ခဲ့တာ။

"Dan...မင္းသိလား?ဒီဟာေတြနဲ႔ ဆြဲလိုက္ရင္
မင္း ပိုမိုက္လာမွာ"

"ကေလး  တေရးႏိုးလာတာလား?"

ဟာာ ေသေရာ... Data Traffic Managementမွာ Messangerကို မပိတ္
ထားမိဘူးလား??

ဘာျပန္ေျပာရမလဲ မသိ၍ ေတာ္ေတာ္ႀကာ ေတြ
ေနမိသည္ကိုပင္

"လိုင္းဖြင့္ျပီး အိပ္ေပ်ာ္ေနတာမ်ားလား"

ခင္ဗ်ား တစ္ယာက္တည္းလည္း အဲ့လိုပဲထင္ရာ
ေတြ ေျပာေနတတ္တာပဲလား?အဘိုးႀကီးေပါက္စ

"တစ္ေရးႏိုးလာတာ"

ဘယ္အခ်ိန္တည္းက Replyျပန္ဖို႕ေစာင့္ေန
လည္းမသိ ခ်က္ခ်င္းဆိုသလို စာျပန္သည္။

"ဘာစားျပီးျပီလဲ ကေလး??ပန္ေရာက္တည္းက
အိပ္ေနတာမလား?"

"မစားခ်င္ေတာ့ဘူး ။ ဒါနဲ႔ Fruit Juiceေတြ
လာပို႕ေပးတာ Broလား?"

"အင္းးး ကေလး ႀကိဳက္တယ္မလား"

"NO ပါခင္ဗ်"

ေခ် တယ္ ဘာညာလည္း သိပံုမေပၚ သေဘာတက် ရယ္ေနေသာ Sticker
ေတြပို႕ေသး၏။

"စာေမးပြဲျပီးေတာ့ ေအးေဆးနားေပါ့"

"NO"

"ေရာ္ NOခ်ည္းပဲ ေျပာေနေတာ့တာပါပဲလား?
မနားပဲ ကေလးက ဘာလုပ္ခ်င္လို႕လဲ"

" Japanနဲ႔ Englishတက္မယ္"

"Scholarဆက္တက္ခ်င္လို႕လား?"

ဒီတစ္ခါေျပာလာမယ့္NO ကိုေတာ့ေမ်ွာ္လင့္သည္
ိ ကေလးနဲ႔ ေတြ႔တာမွ မႀကာေသးဘူး။ေနာက္ထပ္ ေရျခားေျမျခားခြဲမေနခ်င္ေတာ့...

"NOပါ Bro. သားဝါသနာပါတဲ့ အလုပ္အတြက္
အေထာက္အကူျဖစ္ေအာင္"

"ကေလး ဝါသနာပါတာ?ကာတြန္းဆြဲတာကို
ေျပာတာလား?"

က်ေတာ္လွဲအိပ္ေနရမွာ ေငါက္ခနဲထထိုင္ရသည္။
ငါ ငါ ကာတြန္းဆြဲတာလည္း သိေနတာပဲလား? ကိုႀကီးေျပာတာလား?

"ဟုတ္တယ္။ ကာတြန္းဆိုတာထက္ Webtoon
ဖက္ ေသခ်ာလုပ္ႀကည့္ခ်င္တာ"

Webtoonဆိုတာလည္း သိမယ့္ပံုမရပါဘူး။
ထင္တဲ့ အတိုင္းပဲ

"ကေလး က သင္တန္းေတြတက္မယ္ဆို ဘယ္
မွာတက္ခ်င္တာလဲ?"

"လွည္းတန္းမွာ တက္ခ်င္တယ္။ အဲ့မွာက
ပန္းခင္းႀကီးထဲ ေရာက္သြားသလို ပဲ ...အားလံုး
လွေနေရာ..."

ခ်က္ခ်င္းဆိုသလို Replyျပန္တတ္သူသည္ ခုခါ
တြင္ေတာ့ ေတာ္ေတာ္ႀကာ ျငိမ္က်သြားမွ...

"လွည္းတန္းနားက သင္တန္းေတြ ကိုယ္စံုစမ္းေပး
ထားမယ္။ ဒီရက္ပိုင္း ကေလး နားေပါ့။ Good
night ကေလး"

ေျပာေျပာျပီးခ်င္း outသြား၏။ ဒါ ဒါဘာလဲ?
ေျပာခဲ့ဖူးသမ်ွလံုး က်ေတာ္ကပဲ အရင္လိုင္းout
တာေလ...ခုက ဘာလဲ?က်ေတာ္ေျပာမယ့္
Bye Bro ကိုေတာင္ မေစာင့္ပဲ ခ်က္ခ်င္းout
သြားတာ...

ခင္ဗ်ား ဒါ ဘာလုပ္သြားတာလဲ?

Thank You All

(Unicode version)

/

/

/

ကျောင်းမုခ်ဦးဝကို ကားလမ်းတစ်ဖက်မှငေးရင်း
လည်တဆန့်ဆန့်။ ဒီနေ့ ကလေးတို့စာမေးပွဲ
နောက်ဆုံးနေ့။ စာမေးပွဲတွင်း ညစဉ် မုန့်ဆက်သ
ရသော မောင်ခန့်လေး လုပ်နေရတာ။
မုန့်တွေသာ ပို့နေရတာ ကလေးကိုတွေ့ဖို့မဆို
ထား Messangerကနေပင် စကားမပြောရ။
ရုပ်မမြင် အသံမကြားထက် ခု ကလေး
လက်ကလေးတွေနဲ့ တတောက်တောက်ရိုက်ထား
တဲ့ Typing စာလုံးလေးတွေကိုပင် မမြင်ရ။

လေလုံအိတ်ထဲထည့်လာခဲ့သော ဖန်Bio Bottleကိုလည်း ထုတ်ကြည့်ရသေး။ တော်သေး
တယ်။ အအေးဓာတ်မပြယ်သေးလို့။ စာမေးပွဲခန်း
ထဲ သုံးနာရီလုံးလုံးလက်ရုံးရည်ရော နှလုံးရည်ပါ
သုံးပြီးဖြေထားရတာ။ ရေသောက်ဖို့လည်း သတိ
ရချင်မှ ရမှာ။ ထွက်ထွက်လာချင်း လတ်လတ်
်ဆက်ဆက်ဖျော်ထားတဲ့ Fruit Juiceလေးတော့ တိုက်ချင်မိတာ
မောင်ခန့် စိတ်ရင်းအမှန်။

မကြာဘူး မုခ်ဦးကနေအုပ်စုလိုက် အသီးသီး
ထွက်လာကြသော စာမေးပွဲဝင်စစ်သူကြီးတွေ...

တွေ့လိုက်ပါပြီ။ ကျတော့်ရဲ့ လူကြီးပုံဖမ်းနေသော
ကလေးလေး။ ကချင်ပုဆိုး နက်ပြာ
ကွက်စိတ်လေးနဲ့ရှပ်အဖြူလေး ဝတ်ထားသော ကလေးလေးသည် နေ့မွန်းတည့်ချိန်
ပူလောင်လောင်ကြားတွင်ပင်
ရင်ကို ငြိမ်းအေးသွားစေနိုင်သည်။
ဘေးနားအသင့်ခေါ်ထားသော ပန်းရောင်းသည့်
ကောင်လေးအား

"ထွက်လာပြီ။ ထွက်လာပြီ"

"ဘယ်သူလဲ ကိုကြီး"

ဒီနေ့မှ ပို့ပေးနေကျ ကလေးမလာ၍ ခေါ်ထားသော ကောင်လေးအား ကလေးကို ပြရ
သေး၏။

"ဟိုမှာတွေ့လား သုံးယောက်တွဲထွက်လာကြတဲ့
အဖွဲ့ မြင်လား?"

"ဟုတ်??ဘယ်ဖက်က အမကြီးကို ပေးရမှာလား
ညာဖက်က အမကြီးကို ပေးရမှာလား?"

"မဟုတ်ဘူး။ အလယ်က ခပ်ချောချောအစ်ကို
ကြီးကို သွာပေးလိုက်။ သွား သွား ညီလေး။
သူ ကားပေါ်မတက်ခင်"

ကတိပေးထားသည့်အတိုင်း မုန့်ဖိုးတစ်ထောင်ပါ
လက်ထဲ ထည့်ပေးရင်း ကောင်လေးကို တစ်ဖက်
ကမ်းကို အပြေးနှင်စေရသည်။ ရေဗူးလေးတစ်ဗူးကိုင်ပြီးကားလမ်းတစ်ဖက် ပြေးကူးရုံနဲ့ တစ်ထောင်ရသည်မို့ ကလေးပီပီ
ဘာဘာညာညာမမေးတော့ပဲ အရေးတော်အား
ပျော်ပျော်ကြီး ထမ်းဆောင်ပေးသည်။

တောင်ငူဘုရင်နတ်သျှင်နောင်သည် ချစ်ခြင်းမေတ္တာကို ကျေးစေရတုဖြင့် ဖွင့်ဆိုခဲ့ပါသော်
ကျတော်သည်လည်း Furit စေJuiceဖြင့်
ဖော်ပြချင်မိသည်။

ရောင်စုံကိုယ်ပိုင်ကားများ၏ နောက်မှနေ၍ မသိမသာချောင်းမြောင်းရင်း ရင်တွေ
တလျပ်လျပ်နဲ့...ခုမှ ပိုးပန်းဖူးတဲ့ လူပျိုပေါက်လေး
လို ဖြစ်နေသော ကိုယ့်အဖြစ်ကို ရယ်လည်းရယ်
ချင်မိသည်။
ကလေးလက်ထဲ Bio ဖန်ပုလင်းလေး ရောက်သွားသည်နှင့် ရင်ထဲဒိန်းခနဲ။ မျက်မှန်အောက်မှ မျက်လုံးဝိုင်းလေးတွေ ကားလမ်းတစ်ဖက်စီ ဖြတ်ခနဲ ရောက်လာတော့
ကျတော်လည်း ကားတွေနောက် လျစ်ခနဲ ကွယ်ကာ ပုန်းရတော့သည်။ ခုန်နေသော ရင်အစုံ
ကို ထိန်းရင်း တိုးလျလျရယ်ရပြန်သည်။

အချစ်ဆိုတာ ပြန်မရခင်တည်းက ဒီလိုလှစေသည်
တဲ့လား???
ကလေးတို့ Ferryကားထွက်သည်အထိစောင့်
ကြည့်ချင်ပါသော်လည်း အချိန်မရ။ Dutyကပြန်
ဝင်ရဦးမည်။

ကားတန်းများကြားကွေ့ကာပတ်ကာနဲ့ လာလမ်း
အတိုင်း ပြန်လှည့်ရသည်။ ဗူးလေးကိုဖွင့်ကာ
မော့သောက်နေသော ကလေးပုံရိပ်သည် နေထီး
ခေါင်ပြင်တွင်ပြင် နှင်းမိုးစွေသွားသလို အေးမြ
သွားစေတယ်ဆို ကျတော် သိပ်ပိုနေပြီမလား??

ဟုတ်တယ် ကလေးနဲ့ ပတ်သတ်ရင် ဦးဆုံးမို့
ကျတော် အပြည့်အဝရူးချင်တယ်။

>>>>>NO<<<<<

စာမေးပွဲပြီး EEC(Exam Ending Ceremony)တောင် မလုပ်ရ။ Ferryဖြင့်သာ
အိမ်အရောက်ပြန်လာရသည်။

ပင်ပန်းလိုက်တာ...ကုတင်ပေါ်ပစ်လှဲမယ်လုပ်ပြီးမှ
အိတ်ထဲမှ မဆေးရသေးသောBio Bottleကို
အမြန်ထုတ်။ ထမင်းစားခန်းနဲ့တွဲလျက် မီးခိုခန်း
တွင် မေမေ့အရိပ်အယောင်ချောင်းရသေး။ မရှိဘူး
ဆိုတာ သေချာမှ ဘေစင်ဆီ အပြေးတစ်ပိုင်းသွား
ကာ ဆေးကြောရသည်။

"ဘာတွေဆေးနေတာလဲ နိုးနိုး။ အိပ်တာမဟုတ်ဘူး။ပင်ပန်းနေတာကို"

"အဲ"

မေမေသည် စူးစမ်းရှာဖွေ My Ladyပင်။
လက်ထဲမှ ဖန်ပုလင်းလေးကို ချက်ချင်းမြင်သည်။

"အိမ်မှာ အဲ့ပုလင်းတွေ များနေပြီ။ အဲ့ပုလင်းတွေ
က ဈေးကြီးတယ်။ ဖျော်ရည်ထက်သူထည့်ပေးလိုက်တဲ့
ပုလင်းတွေက ဈေးများနေတာ အဲ့ ကလေးမ မသိဘူးလား။ ခက်တယ် ခုခေတ်ကလေးတွေ"

ကလေးမ မဟုတ်ဘူး!!!ဟူသော အသံသည်
ရင်ထဲမှာပင် ဟိန်းကာ ပဲ့တင်ထွက်၏။
တစ်ဖက်လူကြီး၏ စေတနာနဲ့ ကတိကို ကျတော်
သြချယူရသည်။ စာမေးပွဲရက် တစ်လျှောက်လုံး
ဖြေပြီးလို့ ပြန်ထွက်လာတာနဲ့ ကလေးတစ်ယောက်က လက်ထဲ အဆင်သင့်လာ
ပေးပြီ။ အရင်ဆို စာမေးပွဲဖြေပြီးတာနဲ့ Energy
Drinkတွေ သောက်နေကျ။ ဒါတွေများများ
သောက်ရင် မကောင်းဘူးဆိုတာသိပေမယ့် အလွယ်တကူ ဝယ်ယူ၍ ရတာကလည်း ဒါတွေပဲ
ရှိသည်မို့။ ခုနောက်ဆုံးနှစ် နောက်ဆုံးစာမေးပွဲ
နေ့ရက်များသည် တကယ်ဆန်းကြယ်လွန်းသည်။

သူငယ်ချင်းနှစ်ယောက်သည်လည်း ရင်အေး
(အအေးဗူးလာပေးသူအား သူတို့၂ယောက်ပေး
ပေးထားသော နာမည်ဝှက်) ကို လိုက်စုံစမ်းရတာ
အမော။ လာပို့ပေးတဲ့ ကလေးကလည်း နှုတ်လုံ
သည်။ ငါးထောင်ပေးမယ်ဆိုတာတောင် မပြော
ဘူးဗျာ။ မမေးလည်း ဘယ်သူဆိုတာ ကျတော်
သိနေတာပဲ။ အဓိက က ဟို၂ယောက်သိမှာကို
ိုသာ စိုးရိမ်နေတာ။

အိပ်ရာပေါ်လှဲရင်း ချက်ချင်းလိုင်းမဖွင့်မိသေး
Messageဟောင်းများကို ပြန်လှန်ဖတ်နေမိ
သည်။

ကျတော် အရွယ်ရောက်နေခဲ့ပြီလေ။ နောက်ထပ်
ဘယ်လောက်မှ မလိုတော့သော ကာလတွင်
ကျတော် ဘွဲ့ရတစ်ယောက်ဖြစ်တော့မည်။
ဒါကိုတောင် သူနဲ့ စတွေ့ ချိန်ကလို ကလေးလို့ပဲ
သူထင်နေသေးသည်လား?

အစက အပျင်းပြေ လာစကားပြောတယ် ထင်ခဲ့
မိတာ။ ခုတော့...အဲ့လိုတွေးလို့ မရတော့လောက်
အောင်... သူမတူ သော ဂရုစိုက်ပေးမှုတွေ။
အဝေးကနေ ဖြည့်ဆည်းပေးနေမှုတွေ။
ဘယ်လိုလုပ်ပြီး...ကျတော့်လို ဘာမှ မက်စရာ
မရှိတဲ့ ငချွတ်လေးတစ်ယောက်ကို။ မိန်းကလေး
လည်း မဟုတ်ပဲ...

ဆက်မတွေးချင်တော့ ကျတော်ပင်ပန်းနေပြီ။
အိပ်ရေးပျက်ခဲ့ရသော ညပေါင်းများစွာကို ဖြတ်
ကျော်ခဲ့သော ကျတော့် မျက်လုံးတွေ၊ကျတော့်
ဦးဏှောက်တွေ အနားယူချင်နေရှာပြီ။

စာအုပ်စင်၏ လွတ်နေသော အပေါ်ဆုံး
ထစ်တွင် တန်းစီနေသော Bio Bottleတွေ...
ဟုတ်သား...တကယ်အများကြီးပဲ...

"ခင်ဗျားနဲ့တော့ ခက်တယ် လူကြီးရာ..."

ဘယ်လောက်ထိအိပ်မောကျလဲ မမေးနဲ့။နေ့လယ်စာ၊ ညစာပါ လွတ်သွားလောက်တဲ့ထိ
အိပ်ပျော်သွားတာ။ မေမေကလည်း မနှိုး။
တစ်ရေးနိုးလာတော့ ည ၁၁နာရီကျော်နေပြီ။
ဗိုက်ဆာလိုက်တာ...အခန်းပြင်လည်း မထွက်ချင်
တော့။ A4 ကတ်ထူပုံးထဲမှာ မုန့်တွေရှိနေပြီးသား

မုန့်ဆိုလို့ ဒီညတော့ မုန့်လာမပို့တော့ဘူးပေါ့
ဟုတ်သားပဲ ကျတော်စာမေးပွဲမှ မရှိတော့တာ။
ထုတ်ပြီးသား Feto ထုပ်ကို ပုံးထဲပြန်ထည့်ပြီး
ပြန်လှဲအိပ်မိသည်။

ဒီအတိုင်း ယောကျာ်းကတိတည်ပြခဲ့တာနေမှာပါ။
ကျတော်လို ကောင်လေးတစ်ယောက်စားနိုင်တဲ့
မုန့်က သူ့ လစာရဲ့ သုံးပုံတစ်ပုံတောင်မရှိတာ
ကတိတည်နိုင်တာပေါ့။

နရံပေါ်မှ ကျတော့်ဇာတ်ကောင် Danielက
တော့ ခပ်မိုက်မိုက်အထာနဲ့ စတိုင်ကျနေဆဲ။

"Hi ငါတို့ ပြန်တွေ့ကြတော့မယ် Dan..."

အဆက်ပြတ်နေတာ ကြာပြီဖြစ်သော Media
နဲ့ ပြန်လည် တွယ်ချိတ်ရသည်။ ကျတော့်ရဲ့
လာမည့် အခန်းဆက်တွေ အတွက် ဖတ်စရာ မှတ်စရာတွေ၊ ခုလက်ရှိဖြစ်နေတဲ့မှုခင်းcaseတွေ
ကို ပစ်ထားရတာ ကြာပြီ။

Webတွေထဲ လျှောက်ကြည့်ရင်း ကျတော်ဝင်
ကြည့်နေကျ Webတစ်ခုထဲ မဖြစ်မနေဝင်ကြည့်
မိပြန်သည်။

"မမှီတဲ့ ပန်းတွေကို မလှမ်းချင်စမ်းပါနဲ့ ကွာ"

သတိပေးပေမယ့်လည်း ကျတော့်အကြည့်တို့
သည် Modern No မျိုးစုံ။တဖြည်းဖြည်း များလာသော Functionအညွှန်းတွေ။
Colour ရောစပ်မှုအား လိုသလိုချိန်ဆ၍
ကိုယ်လိုချင်သော အရောင်စပ်တွေအားတိကျ
စွာ ထုတ်ပေးနိုင်နေပြီ ဆိုသည့် ဆွဲဆောင်မှုတွေ
ပေါင်းများစွာနဲ့ Digital Boardတွေ။

ကျတော်လိုချင်နေခဲ့တာ။ နှစ်ရှည်လများအိပ်မက်
ထဲထိ ဆွဲခေါ်ထားရမိတဲ့ထိ လိုချင်ခဲ့တာ။

"Dan...မင်းသိလား?ဒီဟာတွေနဲ့ ဆွဲလိုက်ရင်
မင်း ပိုမိုက်လာမှာ"

"ကလေး တရေးနိုးလာတာလား?"

ဟာာ သေရော... Data Traffic Managementမှာ Messangerကို မပိတ်
ထားမိဘူးလား??

ဘာပြန်ပြောရမလဲ မသိ၍ တော်တော်ကြာ တွေ
နေမိသည်ကိုပင်

"လိုင်းဖွင့်ပြီး အိပ်ပျော်နေတာများလား"

ခင်ဗျား တစ်ယာက်တည်းလည်း အဲ့လိုပဲထင်ရာ
တွေ ပြောနေတတ်တာပဲလား?အဘိုးကြီးပေါက်စ

"တစ်ရေးနိုးလာတာ"

ဘယ်အချိန်တည်းက Replyပြန်ဖို့စောင့်နေ
လည်းမသိ ချက်ချင်းဆိုသလို စာပြန်သည်။

"ဘာစားပြီးပြီလဲ ကလေး??ပန်ရောက်တည်းက
အိပ်နေတာမလား?"

"မစားချင်တော့ဘူး ။ ဒါနဲ့ Fruit Juiceတွေ
လာပို့ပေးတာ Broလား?"

"အင်းးး ကလေး ကြိုက်တယ်မလား"

"NO ပါခင်ဗျ"

ချေ တယ် ဘာညာလည်း သိပုံမပေါ် သဘောတကျ ရယ်နေသော Sticker
တွေပို့သေး၏။

"စာမေးပွဲပြီးတော့ အေးဆေးနားပေါ့"

"NO"

"ရော် NOချည်းပဲ ပြောနေတော့တာပါပဲလား?
မနားပဲ ကလေးက ဘာလုပ်ချင်လို့လဲ"

" Japanနဲ့ Englishတက်မယ်"

"Scholarဆက်တက်ချင်လို့လား?"

ဒီတစ်ခါပြောလာမယ့်NO ကိုတော့မျှော်လင့်သည်
ိ ကလေးနဲ့ တွေ့တာမှ မကြာသေးဘူး။နောက်ထပ် ရေခြားမြေခြားခွဲမနေချင်တော့...

"NOပါ Bro. သားဝါသနာပါတဲ့ အလုပ်အတွက်
အထောက်အကူဖြစ်အောင်"

"ကလေး ဝါသနာပါတာ?ကာတွန်းဆွဲတာကို
ပြောတာလား?"

ကျတော်လှဲအိပ်နေရမှာ ငေါက်ခနဲထထိုင်ရသည်။
ငါ ငါ ကာတွန်းဆွဲတာလည်း သိနေတာပဲလား? ကိုကြီးပြောတာလား?

"ဟုတ်တယ်။ ကာတွန်းဆိုတာထက် Webtoon
ဖက် သေချာလုပ်ကြည့်ချင်တာ"

Webtoonဆိုတာလည်း သိမယ့်ပုံမရပါဘူး။
ထင်တဲ့ အတိုင်းပဲ

"ကလေး က သင်တန်းတွေတက်မယ်ဆို ဘယ်
မှာတက်ချင်တာလဲ?"

"လှည်းတန်းမှာ တက်ချင်တယ်။ အဲ့မှာက
ပန်းခင်းကြီးထဲ ရောက်သွားသလို ပဲ ...အားလုံး
လှနေရော..."

ချက်ချင်းဆိုသလို Replyပြန်တတ်သူသည် ခုခါ
တွင်တော့ တော်တော်ကြာ ငြိမ်ကျသွားမှ...

"လှည်းတန်းနားက သင်တန်းတွေ ကိုယ်စုံစမ်းပေး
ထားမယ်။ ဒီရက်ပိုင်း ကလေး နားပေါ့။ Good
night ကလေး"

ပြောပြောပြီးချင်း outသွား၏။ ဒါ ဒါဘာလဲ?
ပြောခဲ့ဖူးသမျှလုံး ကျတော်ကပဲ အရင်လိုင်းout
တာလေ...ခုက ဘာလဲ?ကျတော်ပြောမယ့်
Bye Bro ကိုတောင် မစောင့်ပဲ ချက်ချင်းout
သွားတာ...

ခင်ဗျား ဒါ ဘာလုပ်သွားတာလဲ?

Thank You All

Continua a leggere

Ti piacerà anche

593K 74.4K 105
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引
218K 6.5K 74
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
312K 5.5K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
309K 33.4K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...