ပျော်တော်ဆက် 😄 -KRISYEOL[Com...
נכתב על ידי Steven_Cheng
95.6K 7.3K 407
"ကျနော်က Hyung အတွက်မှန်တစ်ချပ် လို့ပြောတယ်နော်။ Arnyiya....... ကျနော်က အသက်ဝင်ပန်းချီကားတစ်ချပ် ပါ hyung ရယ်... עוד
Part-1
Part-2
Part-3
Part-4
Part-5
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part - 18 (ဇာတ်သိမ်း)
Part-6
5.2K 452 12
נכתב על ידי Steven_Cheng
"Channie..."
သောYi Fan...
"Hyung ... waeyo? "
သွားကာမေးလိုက်သည်။
"အိပ်နေတာလား?"
ထဲမှာ ဆေးဘူးရှိတယ် "
"ဟုတ် ဟုတ် "
သည်။
လေ "
လို့  ထင်တယ်။ "
"အင်း"
heex :D "
"အော်။ ငါအိပ်လို့ မရတော့ဘူး။ မင်းအိပ်တော့မှာလား?"
လို့ ကောင်းတယ်"
"Nae hyung :) "
"နေပါစေ မယူနဲ့ တော့။ ငါနေ နေ ကျ။"
သို့ ပြန်လာခဲ့သည်။
"Hyung ... ဝတ်ရအောင်"
Yi Fanပြောသာပြောသည်။ ကိုယ်ပေါ်
"အင်း"
"Hk...ထင်လို့ ပါ "
"တကယ်ပြောတာပါ..."
သက်ဆင်းလာခဲ့သည်။
"Hyung......"
လား?"
"Channie..."
"ပြောပါ hyung "
"ဘာလို့ လဲ"
သည်။
"အင်းပါ"
"တကယ်လား"
"Arasaw...... ရယ်ကြတာပေါ့။ အရူးလေး..."
"ဟားးးဟားးးဟားးးး"
"ခွီးခွီးခွီး"
"ခွီးခွီးခွီး"
_________Part-6 end_______
Unicode :
"Channie..."အိပ်နေရင်းရုတ်တရက်လှုပ်နှိုးခြင်းခံရခြင်းကြောင့် Chanyeol လန့် ပြီးနိုးလာသည်။ အသံလာရာသို့ လှမ်းကြည့်မိသည့်အခါ အနည်းငယ်လှမ်းသောအိပ်ယာထပ်တွင် သူ့အားခေါ်နေသောYi Fan..."Hyung ... waeyo? "Chanyeol, Yi Fan အနားသို့ ပြေးသွားကာမေးလိုက်သည်။"အိပ်နေတာလား?""မအိပ်ပါဘူး Hyung...ဘာဖြစ်လို့လဲဟင်?""ငါဗိုက်ထဲကအောင့်နေတယ် ""ဟင်? အရမ်းအောင့်နေလား hyung ?ကျနော်ဆရာဝန်ကိုဖုန်းဆက်...""ရတယ် မခေါ်နဲ့။ ဆေးရှိတယ်။ ငါ့စာကြည့်စားပွဲက ဒုတိယမြောက်အံဆွဲထဲမှာ ဆေးဘူးရှိတယ် ""ဟုတ် ဟုတ် "Chanyeolအိပ်ချင်စိတ်များ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကာ ဆေးဘူးကို အလျင်အမြန်ရှာပြီး ရေခွက်ထဲရေထည့်ကာ Yi Fan အားပေးလိုက်သည်။"Hyung... အဆင်ပြေရဲ့လား? မသက်သာရင်ဆရာဝန်ခေါ်လိုက်မယ်လေ ""ရပါတယ်ဆို။ ငါဒီလိုပဲအောင့်နေကျ။ အစာအိမ်ဖြစ်တာလေ။ ဆေးဘူးအမြဲဆောင်ထားရတယ်။ ""အော်...ညနေက အများကြီးစားလိုက်လို့ ထင်တယ်။ ""အင်း""အခုကော သက်သာသွားပြီလားဟင်?""ပထမကထက်တော့ တော်တော်လေးသက်သာပါတယ်။ ဒါနဲ့ မင်းအိပ်နေတာထင်တယ်။ ဘယ်အချိန်ရှိပြီလဲ""2:00 amပါ ကျနော်တစ်ရေးနိုးနေတာheex :D ""အော်။ ငါအိပ်လို့မရတော့ဘူး။ မင်းအိပ်တော့မှာလား?""မအိပ်ချင်တော့ဘူး။ hyung ဘာလုပ်ချင်လို့လဲ?"" လသာဆောင်သွားရအောင် ဒီအချိန်ဆို အဲ့နေရာက လေပြည်အေးလေးတွေ ခံစားလို့ကောင်းတယ်""Nae hyung :) "Chanyeol, Yi Fan ကို တွဲကာ လသာဆောင်သို့ ခေါ်သွားပြီးမှ ဆောင်းတွင်းလေမို့အတော်လေးအေးကြောင်းသိလိုက်ရသည်။ထို့ကြောင့် Yi Fan အား ထိုင်ခုံတွင် ထိုင်စေပြီး-"Hyung ခဏလေးနော်။ ကျနော် အနွေးထည်သွားယူပေးမယ်""နေပါစေ မယူနဲ့တော့။ ငါနေ နေ ကျ။""မရပါဘူး။ အရင်ကနေပေမဲ့ အခုကျနော် ရှိနေလို့ မနေရဘူး။ "Chanyeol အခန်းထဲပြန်ကာ အနွေးထည်ခပ်ထူထူယူပြီး လသာဆောင်သို့ပြန်လာခဲ့သည်။"Hyung ... ဝတ်ရအောင်""မင်းကတော့လေ ... တော်တော် ပြောမနိုင်ဆိုမနိုင်..."Yi Fanပြောသာပြောသည်။ ကိုယ်ပေါ်တွင်တော့ Chanyeol ဝတ်ပေးသော အနွေးထည်ဝတ်ဆင်ပြီးလျက်။"ကျနော်က hyung ကို စိတ်ပူလို့ပါ""အင်း"Chanyeol, Yi Fan ဘေးတွင် ထိုင်လိုက်ပြီး ကောင်းကင်သို့မော့ကြည့်လိုက်သည်။ ဝိုင်းစက်လှပဖြူစင်သော လမင်းကြီးကို ငေးကြည့်ရင်း-"Hyung က လမင်းကြီးနဲ့တူတယ်။အရမ်းကိုပြီးပြည့်စုံလွန်းတယ်။""Hk...ထင်လို့ပါ ""တကယ်ပြောတာပါ..."မျက်လုံးလေးမှိက်ကာ တိုက်ခတ်နေသောလေပြည်လေးများမျက်နှာပြင်ကို ဖြတ်သန်းသည်ကို ခံစားနေသော Yi Fan အားChanyeol လှည့်ကြည့်၍ ပြောလက်စ စကားကိုဆက်၍-"သူမတူအောင်ချောမောခန့်ညားတဲ့ ရုပ်ရည် hyung ပိုင်ဆိုင်ထားတယ်။ သူမတူအောင်ချမ်းသာကြွယ်ဝမှုတွေ hyung ပိုင်ဆိုင်ထားတယ်။ သူမတူအောင် hyung ကို ဂရုစိုက်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို hyung ပိုင်ဆိုင်ထားတယ်။ လမင်းကြီးလည်း အဲ့လိုပဲ။ သူမတူတဲ့ဖြူစင်ခြင်းတွေပိုင်ဆိုင်ထားတယ်။ သူမတူတဲ့ နေရာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ သူ့ကို အမြဲခစားနေရတဲ့ ကြယ် များစွာကို သူပိုင်ဆိုင်ထားတယ်။ လမင်းနဲ့ hyungက ပြည့်စုံခြင်းထက်ပိုတဲ့ပြည့်စုံမှုတွေ ပိုင်ဆိုင်ကြတယ် "Chanyeol စကားအဆုံးမှာ Yi Fan ပါးပြင်ထက်မှမျက်ရည်တစ်စင်းကြွေကျသက်ဆင်းလာခဲ့သည်။"Hyung......""Channie...မင်းမြင်နေတာတွေက ငါ့အတွက်အပေါ်ယံတွေဆိုတာ မင်းသိရဲ့လား?""...ကျနော် မြင်နေတာတွေက အပေါ်ယံတွေဆိုရင် ကျနော်မမြင်နိုင်တာတွေကို ပြောပြလေ။ကျနော်က hyung ရဲ့ကိုယ်ပွားဆိုရင် ကျနော်က Wu Channie လို့ သတ်မှတ်တယ်ဆိုရင်ကျနော်ကhyungအတွက်မှန်တစ်ချပ်လို့သတ်မှတ်တယ်ဆိုရင် hyung ရင်ထဲမှာ ခံစားနေရတာ နာကျင်နေရတာ ပျော်ရွှင်နေရတာ ဘာမဆို ကျနော်ပါထပ်တူထပ်မျှ ခံစားချင်တယ်။ နာကျင်ချင်တယ်။ပျော်ရွှင်ချင်တယ်။ ""Channie...""ပြောပါ hyung ""ငါအသက်ဆယ်နှစ်မှာ PaPa ကို တစ်စုံတစ်ယောက်လက်ချက်ကြောင့် ဆုံးရှုံးခဲ့ရတယ်..."အတိတ်ကိုပြန်လည်အမှတ်ရနေဟန် Yi Fan မျက်ဝန်းထဲမှဝမ်းနည်းကြေကွဲခြင်း အရိပ်အယောင်များကို Chanyeol မြင်နေရသည်။"...PaPa က ငါ့အတွက် အရမ်းလေးစားရဆုံးလူတစ်ယောက်။ ပြီးတော့ အချစ်ရဆုံးလူတစ်ယောက်။ ဒါပေမဲ့ MaMa အတွက်တော့ မဟုတ်ခဲ့ဘူး။ MaMa အတွက် ငွေကသာ အချစ်ရဆုံးအရာဖြစ်ခဲ့တာ။ ဒါကြောင့်...PaPa ဆုံးပြီးခြောက်လအကြာမှာ Wu မျိုးနွယ်ထဲကပဲ Wu Zi Chang ဆို တဲ့လူနဲ့ လက်ထပ်လိုက်တယ်။ PaPa နေရာမှာဘယ်သူ့ကိုမှအစားကိုမှငါအစားမထိုးနိုင်ဘူး။ဒါကို MaMa နားမလည်ဘူး။ Wu Zi Chang ဆိုတဲ့ လူက PaPa နဲ့လည်း ညီအကိုအရင်းလို နေလာခဲ့တဲ့သူ။ သူPaPa နေရာယူပြီး နောက်ပိုင်း ဇာတ်လမ်းတွေထပ်ရှုပ်လာတယ်။ MaMa နဲ့လည်း ပြဿနာဖြစ်လိုက်ပြန်တည့်လိုက်နဲ့ပဲ...... "Yi Fan မောသွားဟန် ခဏနားလိုက်သည်။ ထို့နောက်ဆက်၍"...ဒါပေမဲ့ အဲ့ဒီလူက ပြဿနာတစ်ခုကို ငါမတောင်းဆိုပဲနဲ့ ပေးခဲ့တယ်...... အပျော်မယ်တစ်ယောက်နဲ့ မှားပြီး အဲ့ဒီအပျော်မယ် ကိုယ်ဝန်ရသွားတော့လူသိရှင်ကြား ဒီကိစ္စက ငါနဲ့ ဖြစ်တာဆိုပြီးတာဝန်ယူခိုင်းတယ်။ ဘယ်လိုဖြေရှင်းဖြေရှင်းမရဘူး။နောက်ဆုံးအဲ့အပျော်မယ်ကိုပဲ Seok Jin နဲ့ Taeyang အကျပ်ကိုင်ပြီး မေးတော့မှ အမှန်တရားပေါ်သွားတယ်။ အဲ့ခါကျမှ ကိစ္စတွေလည်းရှင်းသွားတယ်။ အဲ့ကတည်းက MaMa နဲ့ ငါအဆင်မပြေတော့ဘူး။...""ဘာလို့လဲ""MaMaက အဲ့လူကငွေတွင်းမှန်းသိလို့ သူဘာမှားမှား ခွင့်လွှတ်ပြီး ပေါင်းနေတာလေ။ MaMa နဲ့ မတွေ့ရတာကြာပြီ။ ငါ 17နှစ်ကတည်းကMaMaက အဲ့လူနဲ့ တရုတ်မှာသွားနေတာ။ ငါမတော်တဆဖြစ်လို့သာ မတတ်သာလို့ပြန်လာတာ... PaPa မရှိတော့ကတည်းက MaMa ဆီကမိဘမေတ္တာရဖို့ဆိုတာ ဘယ်တော့မှမဖြစ်နိုင်တော့တာပဲ။"Chanyeol အသံမထွက်အောင်ငိုနေမိသည်။//Hyung အသက်ငယ်ငယ်လေး မှာအရမ်းကိုနာကျင်ခဲ့ရမှာ။ အရမ်းကို ခံစားခဲ့ရမှာ...//"အခု အဲ့လူက ကာစီနိုဝိုင်းနဲ့ club ကလွဲရင် အိမ်မှာတောင်မနေတော့ဘူးတဲ့လေ။ Hk... MaMa မှာရှိသမျှလည်း အဲ့လူပဲထိုင်ဖြုန်းနေတာ ငါသိပ်မုန်းတယ်""စိတ်ညစ်စရာတွေကို မေ့လိုက်ပါတော့ Hyung ရယ်။ ဖြစ်ပြီးသမျှတွေ ကို နာကျည်းနေလည်း hyung ပဲနာကျင်နေရမှာပေါ့။ Hyung သူ့ ကိုမုန်းရင် မေတ္တာပဲပို့နေလိုက်။ ကိုယ့် မေတ္တာသူ့ဆီရောင်ပြန်လိမ့်မယ်""အင်းပါ""ကျနော်ဆို တစ်ခုခုစိတ်ရှုပ်ရင် ထိုင်သာရယ်နေလိုက်တယ်။ ရယ်မောတာက စိတ်ပင်ပန်းမှုတွေကို လျော့ချစေတယ်လေ""တကယ်လား""ကျနော်မလိမ်ပါဘူး။ဒါကြောင့် hyung စိတ်ထဲတစ်ခုခုခံစားလာရရင် ကျနော့် ကို မဖုံးကွယ်ပဲပြောပြပါ။ ပြီးရင် အတူတူရယ်ကြမယ်လေ :D :D""Arasaw...... ရယ်ကြတာပေါ့။ အရူးလေး...""ကဲ...အခု ရယ်ဖို့ အချိန်ရောက်ပြီ ဟားးဟားးဟားးး ......""ဟားးးဟားးးဟားးးး""Hee heee heee ဘာလို့ ကျနော့် လိုလိုက်ရယ်တာလဲ""မင်းကငါ့မှန်ပါဆို မင်းရယ်သလို သလို လိုက်ရယ်တာလေ hee heee heee ""ခွီးခွီးခွီး""ခွီးခွီးခွီး"ပထမတော့ လုပ်ရယ်ဖြင်းဖြစ်သော်လည်းတစ်ဖြေးဖြေး စိတ်ပါလာပြီး အားရပါးရ ရယ်မောရင်းနှင့်သာ မိုးလင်းသွားတော့သည်။လမင်းကြီးရယ်ပိုင်ဆိုင်ခွင့်ရဖို့အထိ မမျော်လင့်ပါဘူး။ရပ်တန့်ငေးမောခွင့်ရရုံ နဲ့တင်ကျေနပ်ပါတယ်။သူရယ်တော့ ကျနော်ရယ် ၊ သူငိုတော့ ကျနော်ပြုံး ၊ ကျနော့်အပြုံးကြောင့် သူရယ်... ကျနော်ဆိုတာ သူ့ အတွက် သူပျော်စေရန် ... အငိုမျက်လုံး အပြုံးမျက်နှာဖြင့် တင်ဆက်ရသော ပျော်တော်ဆက်တစ်ယောက်သာ။_________Part-6 end_______Tbc.........
המשך קריאה
You'll Also Like
7.1K 1K 31
ဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး ဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင...
1.2M 64.7K 51
81.7K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်