Part-17

3.6K 326 40
                                    

"Hyung ဒီနေ့ ညနေ scheduleမရှိဘူးမလား?"

၆လဟူသောအချိန်ကာလကြာမြင့်ပြီးနောက်Chanyeol သည် သရုပ်ဆောင်အဆိုတော်ဟူသော နေရာ၌ နေရာတစ်ခုရလာခဲ့သည်။ယခုလည်းတစ်မနက်လုံးမျက်နှာသန့် ဆေးကြော်ငြာရိုက်ကူးပေး ခဲ့ပြီး အားလပ်နေစဉ်မန်နေဂျာKangအား မေးလိုက်ခြင်းဖြစ်သည်။

"...အလုပ်အနေနဲ့ မရှိပေမယ့် ပွဲတစ်ခုတော့တက်ရလိမ့်မယ် ။ WuFashion Groupရဲ့  ဒီဇိုင်းအသစ်မိတ်ဆက်ပွဲတဲ့ ..."

Chanyeol သောက်လက်စရေပင် နင်မလိုဖြစ်သွားရသည် ။

"Wu Fashion Group......"

အမြဲမမေ့ရက်နိုင်ခဲ့သော သူကိုပါတွဲလျက်မြင်မိသည့်အခါ Chanyeol ရင်ထဲကအလွမ်းတို့ က တစခန်းပြန်ထလာခဲ့သည် ။

"ဘယ်အချိန်လဲ hyung "

"နေ့ လည်နှစ်နာရီလို့ ပြောတယ် Chan...အဝတ်အစားသွားရွေးထားရအောင်။အချိန်သိပ်မရှိတော့
ဘူး။"

Chanခေါင်းငြိမ့်၍ အဝတ်လဲခန်းထဲဝင်ခဲ့သည် ။ လွန်ခဲ့သောတစ်နှစ်ခွဲခန့် က သူသည် အဝတ်အစား
ဟူ၍ သိပ်များများစားစားမရှိခဲ့။ အဟောင်းဆိုင်များမှသာဝယ်၍ ဝတ်ခဲ့ရသည် ။ သို့ သော်... ယခုအချိန်
တွင်တော့ ကိုယ်ပိုင်အဝတ်ခန်းအတွင်း များပြားလှသောbrandsတို့ ဧ။် အဝတ်အစားများစွာ နေရာယူထားပြီဖြစ်သည် ။ မန်နေဂျာ Kangကနက်ပြာရောင်suitကိုရွေးပေး၍ Chanyeol အဝတ်လဲခန်းအတွင်း လဲဝတ်လိုက်သည် ။ ကြက်သွေးရောင်နက်ခ်တိုင်ကိုချည်ကာ မှန်ထဲသို့ ကြည့်
လိုက်တော့ သန့် ပြန့် ချောမောနေသည့် အနုပညာရှင်Chanသည် ယခင်နှစ်တွေက Park Chanyeol နှင့်ကွဲပြားသွားခဲ့သည် ။

"Hyung ...... "

Chanyeol ကားပေါ်တက်ခါနီးတွင် ရင်တွေလှိုက်ကာခုန်နေခဲ့သည် ။ Wu Fashion Groupဖြစ်ရုံနဲ့  hyungနဲ့ ပြန်တွေ့ မည်မဟုတ်သည်ကိုတောင် သူ ရင်ခုန်နေမိသည် ။

"ပြောလေ Chan..."

"ဟို...ဟိုလေ Wu Fashion Groupကလေ...uhm...ဘာမှမဟုတ်တော့ပါဘူး။ သွားရအောင်။"

Chanyeol ကားထဲဝင်ထိုင်ကာ သက်ပြင်းပူမှုတ်ထုတ်လိုက်သည် ။
နာရီဝက်ကြာအောင်ကားစီးပြီးသည့်နောက် သတ်မှတ်ထားသည့်နေရာသို့ ရောက်လာခဲ့ကြသည်။

ပျော်တော်ဆက် 😄 -KRISYEOL[Completed] ( Unicode only )Where stories live. Discover now