Part-11
5.2K 418 45
Chanyeol အိမ်ထဲဝင်ရန်မဝံ့မရဲဖြစ်နေ
သည်။တိကျစွာမမှတ်မိသောဝိုးတစ်ဝါး
မှတ်ဥာဏ်များကြောင့် နံနက်အိပ်ယာထ
ရာတွင်Hotel၌ဖြစ်နေရခြင်း ကို ဆင်ခြေ
မပြောမဆိုဖြင့်ပျောက်သွားခြင်းဖြစ်၍ Yi Fan နှင့်အတူ Seok Jin နှင့် Taeyang ပါ
စိတ်ပူနေလိမ့်မည်မှာပြေးကြည့်စရာပင်မ
လိုချေ။
"အော် ...ဘယ်သူများလဲလို့  ။ မောင့် အ
လုပ်သမားလေးဖြစ်နေတာကိုး ။"
ကျောနောက်မှခနဲ့ သံလွင်လွင်ကြောင့် Chanyeol လှည့်ကြည့်လိုက်သည်။
"Annyeongasayo ..."
လူမှုရေးအရ Chanyeol နှုတ်ဆက်လိုက်
ရသည်။
"ငါကတော့နင့်ကိုမြင်ကတည်းကမင်္ဂလာမ
ရှိတော့ဘူး။"
သူမ ကပြောရင်းနှင့် အိမ်တံခါးဖွင့်ပြီးဝင်
သွားသည်။ Chanyeol သက်ပြင်းယဲ့ယဲ့ချ
၍အနောက်မှလိုက်သွားဖြစ်သည်။
"Chanyeol ..."
အိမ်ထဲဝင်သွားသည်နှင့်ဧည့်ခန်း၌ ထိုင်နေသော Yi Fan , Taeyang, Seok Jin တို့ အပြင် ...Arjissi နှင့် Luhan...!
"Hyung "
Luhan , Chanyeol ထံသို့ ပြေး၍ဖက်
လိုက်ပြီး။
"Hyung ကို စိတ်ပူနေတာ ။ "
Chanyeol ပြုံးလိုက်ပြီး Luhan အား ပြန်ဖက်လိုက်ရင်း စိတ်ပူစွာထိုင်နေကြ
သောYi Fanတို့ ထံသို့ လှမ်းကြည့်ကာ။
"ကျနော့်ကိုစိတ်ပူနေရလို့ တောင်းပန်ပါ
တယ် ။ "
Yi Fan မတ်တပ်ရပ်ရန်ပြင်၍ Chanyeol,
Luhanကို လွှတ်၍ အပြေးကလေးသွား
တွဲသည်။
"Hyung ...miyanae"
Yi Fan သူ့ လက်မောင်းအားတွဲထားသည့်
Chanyeolလက်လေးအားဆုပ်ကိုင်၍
"အခုပြန်လာပြီပဲမဟုတ်လား ။ Hyung ကိုအခန်းထဲလိုက်ပို့ ပေးဦး။ "
"ဟုတ်ကဲ့ hyung "
သူမကိုဖုတ်လေသည့်ငပိရှိဟန်ပင်မထင်
သည့် Yi Fan နှင့် Chanyeol အား Eun Hae ဒေါသဖြင့်ကြည့်ရင်း အိမ်ထဲမှထွက်
သွားသည်။
"Wu Yi Fanရှင်အမြင်အာရုံပြန်ကောင်း
တဲ့နေ့  Park Chanyeolလည်း ပျောက်
ကွယ်သွားရစေမယ် "
ပျော်တော်ဆက် 😄 -KRISYEOL[Completed] ( Unicode only )Where stories live. Discover now