Part-9

5K 393 11
                                    

...တင်းတောင်...

"Chanyeol ပြန်လာပြီထင်တယ်"

Yi Fan စကားကြောင့် Seok Jin တံခါး
သွားဖွင့်လိုက်သည်။

"Eun Hae"

"Omo...နင်တို့ ရောက်နေတာလား?"

"အင်း။ မင်းက ဒီအချိန်ကြီးဘာကိစ္စလဲ"

"ဘာဒီအချိန်ကြီးလဲ ညနေ6:00ပဲရှိသေးတယ်။ပြီးတော့ ဘာကိစ္စရမှာလဲမောင့်ဆီလာတာပေါ့"

"Seok Jin...ဘယ်သူရောက်...ဟင် Eun Hae..."

"နင်တို့ ကလည်း ငါ့မြင်တာသရဲသဘက် မြင်တာကျနေတာပဲ။ မောင် အခန်းထဲမှာ
လား?"

"အင်း ...အင်း"

Seok Jin နှင့် Taeyang တစ်ယောက် ကိုတစ်ယောက်ကြည့်ကာ Eun Hae နောက်မှလိုက်သွားကြသည်။

"မောင်"

ပျစ်ချွဲချွဲအသံဖြင့်ခေါ်သံကြောင့် Yi Fan
အလိုမကျစွာမျက်မှောင်ကြုံ့ လိုက်ပြီး-

"မင်းဘာလာလုပ်ပြန်တာလဲ?"

"မောင်ကလည်း မောင့်ကိုစိတ်ပူလို့ လာ
တာပေါ့။ "

"Hkkk..."

"ဒါနဲ့  ဟိုအလုပ်သမားကော? မတွေ့ ပါ
လား?"

"သူ့ အိမ်ခဏပြန်သွားတယ်"

Eun Hae အမေးကို Seok Jin ဝင်ဖြေ
လိုက်သည်။

"အော်။ နင်တို့ လည်းပြန်တော့လေ။ မောင့်ကိုငါစောင့်ပေးမယ်"

"ပြန်စရာမလိုဘူး။ပြန်သင့်တာ မင်းပဲ Eun Hae...ငါမင်းကိုမကြိုဆိုဘူး။"

ခပ်ပြတ်ပြတ်ပြောလိုက်သော Yi Fan စကားများကြောင့် Eun Hae မျက်နှာပျက်သွားသည်။

"Eun Hae...မင်းပြန်လိုက်ပါလား။ အဲ့ဒါ ပိုကောင်းမယ်ထင်တယ်"

Taeyang ပြော၍ Eun Hae မျက်နှာ
ပျက်သွားပြီး အိမ်ထဲမှထွက်သွားသည်။

"Yi Fan'a...Eun Hae ကို အရမ်းလဲ မာမာထန်ထန်မဆက်ဆံပါနဲ့ ကွာ။ စေ့စပ်
ထားတဲ့သူချင်းကို မိန်းကလေးတန်မဲ့မင်း
ဆီလာလာနေရတာ။"

Seok Jin ပြောသည့်စကားမှာမှန်သော်
လည်း Yi Fan လက်မခံချင်မိ။

ပျော်တော်ဆက် 😄 -KRISYEOL[Completed] ( Unicode only )Where stories live. Discover now