"မင်းပြောတဲ့သူကဒီမှာနေတာကောဟုတ်
ရဲ့ လား Seok Jin ရာ ""သေချာတယ် အင်ချွန်းမှာနေတာ"
လေးရက်မြောက်သည့်နေ့ တွင်Mrs.Wu ဆီမှ ခွင့်ပြုချက်ရပြီးကတည်း
က မနက်အစောကြီးအင်ချွန်းရောက်နေပြီး
ဘယ်ကနေဘယ်လိုစရှာလို့ ရှာရမှန်းမသိ။"Bus ကားဂိတ်မှာမေးကြည့်ရအောင်"
"အေး မေးမယ်လေ"
Seok Jin နှင့် Taeyang bus ကားဂိတ်သို့ လျှောက်လာပြီး သတင်းစာ
ရောင်းသည့် ကလေးတစ်ယောက်အား"ညီလေး..."
ထိုကောင်လေးကသူတို့ ကိုမော့ကြည့်ပြီး
"အကိုတို့  ဘာစာစောင်ယူမလဲ အစုံရှိတယ် ဘာသတင်းပါတာဖတ်ချင်လဲ အကုန်ရှိတယ် "
"မဟုတ်ဘူး ... ဟို မေးစရာရှိလို့  "
Taeyang မှဆက်၍
"Park Chanyeol ဆိုတဲ့ တစ်ယောက်
ကိုသိလား?""Chanyeol hyungnim လား ? သိပ်
သိတာပေါ့။ ခဏ အခုဘယ်အချိန်ရှိပြီလဲ"ကောင်လေးစကားကြောင့် Seok Jin ကြောင်တောင်တောင် ဖြင့် နာရီငုံ့ ကြည့် လိုက်ပြီး
"8:00 "
"အယ် ... 8:00 ဆို သူတို့ ကားထွက်သွား
ပြီဗျ ညနေ 6:00လောက် မှ ပြန်လာကြမှာ ""ဟင် ... Seok Jin မင်းပြောတဲ့တစ်ယောက်က ယာဉ်နောက် လိုက်လား? "
Taeyang မေးသည့်မေးခွန်းကို ပြန်ဖြေ
လိုက်သူက ကောင်လေး..."Chanyeol hyungnim က ယာဉ်နောက်လိုက်မဟုတ်ပါဘူး။ အခုက သူခဏလာကူညီပေးတာ။ Hyungnim
မလုပ်နိုင်တဲ့အလုပ်ကခပ်ရှားရှားဗျ။ ဘာတဲ့ နာမည်ပြောင်က အော်...... စွယ်စုံရတဲ့ :D "ကောင်လေး ကသူ့ ဟာသူပြောပြီး ရယ်နေသော်လည်း Seok Jin နှင့် Taeyang မှာ Chanyeol နှင့်တွေ့ ခွင့်
ရဖို့ အရေးကြီးနေသည်။"သူ့ အိမ်လိပ်စာသိလား?"
"အဲဒါတော့မသိဘူးဗျ ကျနော်က နယ်လှည့်ရောင်းနေတာ တစ်ခါတစ်လေမှ
တွေ့ ဖြစ်ပြီးသိတာ "
YOU ARE READING
ပျော်တော်ဆက် 😄 -KRISYEOL[Completed] ( Unicode only )
Romance"ကျနော်က Hyung အတွက်မှန်တစ်ချပ် လို့ပြောတယ်နော်။ Arnyiya....... ကျနော်က အသက်ဝင်ပန်းချီကားတစ်ချပ် ပါ hyung ရယ်နေရင် ကျနော် ပြုံးပြမယ်။ Hyung ဝမ်းနည်းနေရင်ကျနော့်အပြုံးလေး နဲ့ ဖြေဖျောက်ပေးမလို့ပြုံးပြနေမယ်။ Hyung ပျော်ရွှင်နေတဲ့အခါ ပြုံးပြနေမယ်။ အပြုံ...