Part-4

5.2K 477 12
                                    

#အာ့ ...#

နံဘေးမှအော်သံကြောင့် Chanyeol အိပ်နေရာမှဆတ်ခနဲ ထထိုင်ပြီး ကြည့်
တော့ Yi Fan ကုတင်ပေါ်မှမမြင်မစမ်း
ထနေသည်ကိုတွေ့ သောကြောင့်-

"အကိုလေး ... ဘယ်နားထိသွားတာလဲ?
ဘာလုပ်ချင်လို့ လဲကျနော်လုပ်ပေးမယ်"

Yi Fan သူ့ ကို လာတွဲသော Chanyeol လက်တွေကို ဖယ်ချကာ-

"ဖယ်စမ်းပါ"

"တောင်းပန်ပါတယ်"

Yi Fan ဘာမှပြန်မပြောတော့ပဲ ကုတင်ပေါ်ထိုင်ချမှ Chanyeol သေချာမြင်လိုက် ပါပြီ။ ဖန်ခွက်အကွဲအစများနှင့် သွေးဟု ထင်ရသောအစက်များ...

"အကိုလေး ခြေထောက်ထိသွားတယ်?
ခဏလေး ကျနော် ဆေးသေတ္တာသွားယူ
လိုက်ဦးမယ်"

ခဏနေတော့ Chanyeol ပြန်ရောက်လာပြီး Yi Fanရှေ့ တွင် ဒူးထောက်ထိုင်ချလိုက်သည်။

"နည်းနည်းတော့စပ်လိမ့်မယ်အကိုလေး။"

ပြောရင်း Yi Fan ခြေဖဝါးနုနုကို ကိုင်
ကာ ဖန်ခွက်အကွဲဖြင့် ရှပြီးသွေးချင်းချင်း
ရဲနေသောကြောင့် Chanyeol မျက်ရည်ပင်ဝဲလာသည်။

"အကိုလေး တော်တော်လေးစပ်နေမှာ အရက်ပျံထည့်ရင် "

"မထည့်နဲ့  "

"မထည့်လို့ တော့မဖြစ်ဘူး။ ပိုးဝင်သွားလိမ့်မယ် အကိုလေး။ အရမ်းစပ်ရင်လေ အောင့်မခံနဲ့ နော် ကျနော့်ဆံပင်
တွေဆွဲချင်ဆွဲထားလို့ ရတယ် "

Chanyeol , Yi Fan ရဲ့ လက်ကို သူ့ ခေါင်းပေါ်တင်ပေးလိုက်ပြီး ဂွမ်းစတွင် အရက်ပျံဆွတ်ကာ အနာကို သုတ်လိုက်သည်။

"အာ့ ...... "

Yi Fan ဒဏ်ရာမှစပ်ဖျင်းစွာခံစားရသည် ကြောင့် Chanyeol ဆံပင်ကို ဆုပ်ဆွဲ လိုက်မိသည်။

Chanyeol လည်း ဆံပင်အဆွဲခံရ၍ နာကျင်တာကြောင့် မအော်မိအောင် အောက်နှုတ်ခမ်းအားကိုက်ထားမိသည်။
ထို့ နောက် ဆေးကို အနာပေါ်ခပ်ဖွဖွဖြင့် စိမ့်ဝင်အောင်လိမ်းပေးရင်း လေဖြင့် မှုတ်ပေးကာ ပတ်တီးလေးစီးပေးလိုက်
သည်။

ပျော်တော်ဆက် 😄 -KRISYEOL[Completed] ( Unicode only )Nơi câu chuyện tồn tại. Hãy khám phá bây giờ