Part-3

5.9K 502 22
                                    

"သားနာမည်က?"

"Park Chanyeol ပါ :) "

"အသက်ကကော"

"22နှစ်ပါခင်ဗျ "

"Awww...FanFanထက် နှစ်နှစ်ငယ်
တာပေါ့ "

"ဟုတ်ကဲ့ :) "

Yi Fan အား အိပ်ဆေးထိုးပေးထား၍
Mrs.Wu နှင့် Chanyeol ထိုင်စကား
ပြောနေခြင်းဖြစ်သည်။

"အန်တီတို့ မှာ ဒီသားတစ်ယောက်တည်း
ပဲရှိတာ ... သူ့ အဖေ ကုမ္ပဏီကို ဆက်ခံရမဲ့သူက ...... ဟင့် ......... "

တစ်ဦးတည်းသောသားဖြစ်သူအပေါ် ဝမ်းနည်းသည့်စိတ် နှင့်အတူ အမွေဆက်ခံ မည့် သားအဖြစ်အတွက် ယူကြုံးမရသည့်
စိတ်ဖြင့် Mrs.Wu ငိုလေတော့ Chanyeol လည်းစိတ်မကောင်း။

"အန်တီရယ် ... အရမ်းလည်းစိတ်မညစ်
နေပါနဲ့ ဗျာ။ ဆရာဝန်ကခွဲစိတ်လို့ ရတယ်
လို့ ပြောထားတာပဲ။ ဒီကြားထဲဆရာဝန် ပြောတဲ့အတိုင်း လုပ်သွားကြတာပေါ့။ အန်င်္တီကအဲ့လိုဖြစ်နေရင် သားဖြစ်သူက
ပိုပြီးစိတ်ထိခိုက်မှာပေါ့ဗျာ ...... "

Chanyeol ပြောမှ Mrs.Wu အငိုရပ်
လိုက်ပြီး-

"အန်တီတို့ သားလေးကို အနီးကပ်ပြုစုရ
မဲ့ မင်းလက်ထဲအပ်ပါရစေကွယ်။ အန်တီ အခုတောင်ခွင့်ယူထားတာ သဘက်ခါ ဆို ရုံးပြန်သွားရမယ် သူ့ အဖေက တရုတ်ရုံး
ချုပ်ရောက်နေတော့ သားဆီမလာနိုင်ရှာ
ဘူး ......"

"Nae...... ကျနော် အစွမ်းကုန် အကောင်းဆုံး တာဝန်ယူပါ့မယ် "

"အေးကွယ် ... ဒါနဲ့  သားအတွက်အခန်း
ကသီးသန့် လုပ်ပေးရမလား? အန်တီကတော့ သားအဆင်ပြေမယ်ဆိုရင်
မင်းအကိုလေးနဲ့ အတူနေစေချင်တယ်။ အဆင်ပြေမှပါ "

အကိုလေးတဲ့လား? အင်းလေ ဟုတ်သား
ပဲ။ သူက အလုပ်လာလုပ်တာလေ အလုပ်သမားပေါ့ အလုပ်သမားဆိုတော့
လည်း အကိုလေးပေါ့ hkhk...! ဘာရယ်မဟုတ် Chanyeol ကိုယ့်ကိုယ်
ကို လှောင်ကာတွေးလိုက်သည်။ တစ်ခန်း
တည်းနေစေချင်သည်ဆိုတော့လည်း နေပေးရုံသာရှိမည်။ အများဆုံးလစာကို
ပေးထားသည့် Mrs.Wu အား သီးသန့် တစ်ခန်းနေရန်ပြောဆိုဖို့ က အားနာစရာပင်။

ပျော်တော်ဆက် 😄 -KRISYEOL[Completed] ( Unicode only )Where stories live. Discover now