Part-1

13.7K 552 15
                                    

#T...T......T"

Phone မှ alarm မြည်သံကြောင့် သူ အိပ်ယာမှထရင်း alarm ပိတ်လိုက်သည်။

"Good Morning ,my works :) "

တစ်နေ့ တာသူ လုပ်ရမည့်အလုပ်တွေကို
အပြုံးလေးတစ်ခုနှင့်နှုတ်ဆက်လိုက်သည်။
သူဆိုတာက "Park Chan Yeol "
သူ့ အကြောင်းကသိပ်မရှိ။ တစ်ကောင်ကြွက် ... ကျရာအလုပ် လုပ်စားသည်။ ဆိုလိုချင်သည်က သူ့ ကို
မည်သည့်လူမျိုးကမည်သည့်အလုပ်ကို ခိုင်းခိုင်း ပိုက်ဆံရရင်အကုန်လုပ်သည်။
လူမှန်းသိတတ်စအရွယ်ကတည်းက မိဘမဲ့ကျောင်းကနေ ထွက်လာခဲ့ပြီး ကြုံရာ
ကျပန်းလုပ်ရင်းကြီးပြင်းလာခဲ့သူတစ်
ယောက်။ သူငယ်ချင်းဟူ၍ မူးလို့ ရှူစရာ
တောင်မရှိ။ သို့ ပေမဲ့... Park Chan Yeol ဆိုသည့်သူကိုတော့ မသိတဲ့သူရှား
သည်လေ။ သူ့ ကိုဆို Happyvirus လို့ 
တောင်ခေါ်ကြတာ။ ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါးဖြစ်နေပါစေ အမြဲတမ်းပြုံးရယ်နေတတ်သူမို့  ဖြစ်သည်။
ထို့ အပြင် လူတိုင်းကိုလည်း သူကူညီနိုင်
တာအကုန်ကူညီသည်။ ထို့ ကြောင့် Chanyeol ဆိုသောသူ့ အတွက် နေစရာ စားစရာမရှားပေ။

"Chanyeol.... ဒီနေ့ ဘာအလုပ်ရှိလဲ
ကွ။အစောကြီးရှိသေးတယ်"

အတူနေသောငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေ
သူ arjussi က ငါးမျှားကိရိယာပစ္စည်း ထည့်ရင်း လှမ်းမေးသည်။

"...Jiho hyung က သူ့  ယဉ်နောက်လိုက် ဘူဆန်ပြန်သွားလို့  သုံးလေးရက်လောက် လာလုပ်ပေးပါဆို လို့  :) "

"Aww...အေးကွာ ။ ဂရုစိုက်သွားဦး"

"Nae arjussi လည်းငါးတွေအများကြီး
ရပါစေဗျာ ကျနော်သွားပြီနော် :) "

Chanyeol အင်ချွန်းကားဂိတ်သို့ သွား
၍ တစ်နေ့ တာလုံးယာဉ်နောက်လိုက် လုပ်ပေးရင်း ကားပိတ်နေသည့်အချိန်တွင်း
မှာလည်း ခရီးသည်များကို ဟာသတွေ ပြောပြနေသေးသည်။

တစ်ချိန်တည်းမှာပင် Seoul ဓာတုဗေဒ တက္ကသိုလ် ဓာတ်ခွဲခန်း၌ -

"အခု Pitolin ကိုစမ်းသပ်ရမယ်။ မျက်စိကို အထူးဂရုပြုကြနော် ။ အငွေ့ တွေ ထွက်လာရင် အနောက်ကို သုံးပေ လောက်ဆုတ်ကြ။ "

ပျော်တော်ဆက် 😄 -KRISYEOL[Completed] ( Unicode only )जहाँ कहानियाँ रहती हैं। अभी खोजें