Part-16
3.8K 343 45
"FanFan... "
တရုတ်သို့ ပြန်လာသည့်နေ့ မှစ၍ Yi Fan
ယခင်ကထက်ပို၍ လန်းလန်းဆန်းဆန်းရှိလာ
သည့်ပုံသဏ္ဌာန်ပြသော်ငြား Mrs.Wu သိနေ
သည်မှာ ဤပုံစံသည် အစစ်အမှန်မဟုတ်။
Fan ထံသွားကာ ခေါ်ဆိုတော့ လှည့်ကြည့်
လာကာ -
"သြော် Ma ... "
တို့ စကားပြောရအောင်။"
Yi Fan ခေါင်းငြိမ့်၍သာ Mrs.Wu အနောက်
သို့ လိုက်ခဲ့သည်။
ခြံတွင်းရှိ   အပန်းဖြေစားပွဲလေး၌ နှစ်ယောက်
သားထိုင်လိုက်ကြသည်။
နိဒါန်းဦးပျိုးသူ မိခင်ကို Yi Fan တစ်ချက်ပြုံး
ယောင်သန်းသွားကာ -
"ကောင်းကောင်းမြင်ရပါတယ်။"
"ကိုရီးယားမှာ ......ဘာတွေဖြစ်ခဲ့တာလဲ။"                                                                                           ပြုံးတော့မယောင်Yi Fanမျက်နှာသည် ချက်
ချင်းတည်သွားခဲ့သည်။
" ...ဘာမှမဖြစ်ခဲ့ဘူး။ "
Mrs.Wu ထံမှ သက်ပြင်းချသံနှင့်အတူ လက်
ကိုလာရောက်ဆုပ်ကိုင်လာသောအထိအ
သည်။
"...သားဘဝတစ်လျှောက်လုံးမှာMaက Ma
အလိုကျပဲလုပ်ခဲ့တာ"
Yi Fan အကြည့်မလွှဲဖြစ်သေး။
" အဲ့ဒီနေ့ ကတည်းက ...Ma နောင်တရခဲ့တာ
သား...။ အခု .........သား ဘာဖြစ်ချင်လဲ။
Ma အတတ်နိုင်ဆုံးဖြည့်စည်းပေးဖို့ အသင့်
ပဲ။ သား Park Chanyeol ကို ပြန်ရှာတွေ့
ချင်တယ်မဟုတ်လား? "
"Ma......"
Yi Fan အံ့အားသင့်သည်ထက်ကျော်လွန်
သွားရသည် ။
လဲကိုမြင်ကတည်းက Ma , Seokjinကို လှမ်း
မေးပြီးပြီ။ "
Yi Fan ခပ်ယဲ့ယဲ့အပြုံးဖြင့် အကြည့်လွှဲကာ
သည်။
အဲ့ဒီအစား ...ကျွန်တော့်သတင်းတွေကို
သူသိနေစေချင်တယ် ။ သူဖြစ်စေချင်သလို
ကျွန်တော်ကောင်းကောင်းမွန်မွန်နေနေတယ်
ဆိုတာ မြင်နေစေချင်တယ်။ "
ပျော်တော်ဆက် 😄 -KRISYEOL[Completed] ( Unicode only )Where stories live. Discover now