Snow Flake

By Eaindra1011Ella

10.2K 810 40

More

Intro
part 1
part 2
part 3
part4
part 5
part 6
part 7
Part 8
part 9
part 10
part 11
Part 13
Part 14
Final

Part 12

522 45 8
By Eaindra1011Ella

Yunho အိမ်ကိုပြန်လာတဲ့နေကစလို့သူတို့နှစ်ယောက်အချစ်ခရီးလေးစတင်လာခဲ့တယ် changmin အတွက်တော့ဘဝရဲ့အသာယာဆုံးအချိန်တွေပေါ့ ကိုယ်ချစ်တဲ့သူဆီကကိုယ်နဲ့ထပ်တူကျတဲ့အချစ်တွေပိုင်ဆိုင်ရရှိခွင့်တွေနဲ့ပေါ့
yunho က သူ့ထက်အသက်ပိုကြီးတယ်ဆိုပေမယ့် ကလေးပိုဆန်တယ် ပြီးတော့ သူထက်ပိုချစ်ပြတတ်တယ် သူတို့နှစ်ယောက် ချစ်သူဖြစ်တာတစ်လပြည့်တဲ့နေ့မှာ changmin ကသူကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ လက်ပတ်လေးကို ဆင်တူဝတ်ကြတယ်
လက်ပတ်မှာတွဲလွဲကျနေတဲ့ Snow Flake လေးမှာ ထိုးထားတဲ့နာမည် အတိုကောက်နဲ့ date လေးကိုတွေးတော့ yunho က
Y.H: ဒီ date က ဘာလဲ ဟင် minnie ကိုယ်မသိဘူး

C.M: hyung ကိုစတွေ့တဲ့နေ့လေ X-Mas eve လေ hyung နဲ့ဝင်တိုက်မိတာလေ hyung ကတော့ hyung အသည်းကျော်နောက်ကိုအပြေးအလွှားပြေးလိုက်သွားတာလေ
သေချာကြီးတောင်မှတ်မိနေသေးတယ်

yunho ဘာမှမပြောပေ စကားဆုံးတာနဲ့ changmin နှုတ်ခမ်းကို နမ်းလိုက်တယ် ချစ်သူဖြစ်တဲ့တစ်လအတွင်းအကြိမ်ကြိမ်အနမ်းချွေ ခဲ့ကြပေမယ့် yunho နမ်းရင် changmin ရင်တွေခုန်နေတုန်း

C.M: ဘာဖြစ်တာလဲရုတ်တရက်ကြီး

Y.H: ပို ချစ်လာလို့ ကြာလေ ပိုချစ်လာလေပဲ ဟိုအရင်က minnie ကိုယ့်ကိုဘယ်လိုချစ်ခဲ့တာလို့တွေးမိတိုင်း minnie ကိုပိုချစ်လာလို့
ကိုယ်က ငတုံးလိုပဲ နော် မင်းချစ်နေတာကိုတောင်မရိပ်မိပဲ ကိုယ့်ခံစားချက်ကိုတောင် ဖုံးကွယ်နေချင်သေးတာ ကိုယ်လိုငတုံးကို အမြဲချစ်နေပေးတာကို ကျေးဇူးလည်းတင်တယ် အရမ်းလည်းချစ်တယ်

yunho က စကားတွေတတွတ်တွတ်ပြောရင်း changmin ကိုသိုင်းဖက်လိုက်သည် ပြီးတော့ changmin ပခုံးကို နမ်းရှိုက်လိုက်သည်

Y.H: ဆေးလိပ်တွေသောက်ထားပြန်ပြီ ဆေးလိပ်နံ့ရနေတယ်

C.M: ဘာလို့လဲ hyung မကြိုက်ဘူးလား hyung မကြိုက်ရင် နောက်ကိုမသောက်တော့ဘူး

Y.H: မကြိုက်တာတော့မ ဟုတ်ပါဘူး မင်းကျန်းမာရေးအတွက်စိုးရိမ်လို့ပါ အမှန်အတိုင်းပြောရရင် ကိုယ်က မင်းဆေးလိပ်သောက်တိုင်း ခိုးကြည့်နေကြ minnie ဆေးလိပ်သောက်တဲ့ပုံက အရမ်းမိုက်တယ် အဲ့ဒါကြောင့် ကိုယ်မင်းအနားက တစ်စက္ကန့်တောင်မခွာချင်တာ တခြားဘယ်သူများကိုယ့်လိုဆွဲဆောင်မှုအောက်ရောက်သွားမလဲလို့

C.M: hyung ကတော်တော်ကဲနေ ဘယ်သူမှ ကျတော့ကိုမကြိုက်ဘူး ပြီးတော့ ကျတော်ကလည်းဘယ်သူ့ကိုမှမကြိုက်ဘူး သိရဲ့လား

changmin က yunho နှာခေါင်းလေးကို ဖွဖွလေး လှမ်းဆွဲလိုက်သည်

Y.H: ကိုယ်ဝမ်းသာစရာပြောရဦးမယ် ကိုယ့်မေမေ မနေ့က ဖုန်းဆက်တယ် အိမ်ကိုတစ်ခေါက်လောက်ပြန်လာပါတဲ့ ဖေဖေလည်းစိတ်ဆိုးပြေလောက်ပြီတဲ့ကိုယ်လည်းတစ်ကယ်တော့ အိမ်ကိုအရမ်းလွမ်းနေတာ အဖေနဲ့စိတ်ဆိုးနေလို့ အိမ်နဲ့အဆက်အသွယ်ဖြတ်ထားတယ်

C.M: အဲ့ဒီလိုကြားရတာဝမ်းသာပါတယ် ဘာပဲဖြစ်ဖြစ်မိသားစုနဲ့အဆင်ပြေတော့ကောင်းတာပေါ့ မိသားစုနဲ့အဆင်မပြေရင် ဘဝတစ်ခုဟာဘယ်လိုပဲအောင်မြင်ပါစေ မပြည့်စုံဘူးလေ

Y.H: အင်း ဟုတ်တယ် ကိုယ်အိမ်ပြန်တဲ့နေ့မင်းပါလိုက်ခဲ့လေ ကိုယ့်မိသားစုနဲ့လည်းမင်းကိုရင်းနှီးစေချင်တယ်

changmin ငိုင်သွားသည် နှစ်ယောက်တည်းလည်းဘဝဟာပြည့်စုံပါတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ သူတို့နှစ်ယောက်ရင်ဆိုင်ရမှာက အများကြီးပါလား

Y.H: ဘာလို့ငြိမ်နေတာလဲ ဘာအရေးမပါတာတွေစဉ်းစားနေပြန်ပြီလဲ ဘာကိစ္စပဲရှိရှိ လျှို့ဝှက်မထားကြေးနော် မင်းနဲ့ကိုယ်ကြားမှာ ဘာတံတိုင်းမှမကာနဲ့ ကိုယ်တို့နှစ်ယောက်ဒီလိုချစ်လာဖို့ဆိုတာ လွယ်ကူခဲ့တာမဟုတ်ဘူး မင်းသိထားဖို့က ကိုယ်ခုချိန်ရောက်မှနောက်မဆုတ်ဘူး

C.M: အင်းပါ နားလည်ပါတယ်

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ပြုံးပြလိုက်ရင်း လက်တွေကလည်းခိုင်မာစွာတွဲထားပါတော့တယ်
xxxxxxxxxxxxxxx
Yunho တို့အိမ်က ခမ်းနားလွန်းသည် Changmin ကြားထားတဲ့သတင်းတွေအတိုင်းပင် အတိုင်းမသိကြွယ်ဝမှုနဲ့အတူ အတ်ုင်းမသိသော ဂုဏ်အရှိန်အဝါရှိသည် ...... Changmin အိမ်ထဲဝင်ဖို့အနည်းငယ်မဝံ့မရဲဖြစ်သွားသည် ......... သူနဲ့ Yunho နဲ့အချစ်ကိုဘယ်သူက နားလည်ပေးမှာလဲ ...အထူးသဖြင့် Yunho တို့လို မိသားစု မျိုးနဲ့ရိုးနဲ့ဂုဏ်သိက္ခာ ကို အလေးထားတဲ့မိသားစုကြားမှာ ကောင်လေးနှစ်ယောက်ကြားက အချစ်ကိုဘယ်လိုနားလည်ပေးနိုင်မလဲ ......... အားလုံးက သူတို့နှစ်ယောက်အကြောင်းသိသွားတဲ့အခါ Yunho အနေနဲ့ သူနဲ့ မိသားစုကြားမှာ ရွေးချယ်ရဦးမည် ...... အဲ့ဒီအချိန်ကြရင်ရော သူ့အနေနဲ့ yunho ကိုစွန့်လွှတ်နိုင်ပါ့မလား......... မသေချာပါဘူး ......... အရင်ကဆို လက်လွှတ်အလျော့ပေးလိုက်မယ်တွေးပေမယ့် အခုလို yunho အချစ်တွေသူပိုင်ဆိုင်ထားတဲ့အခါ ပိုပြီးတော့ yunho ကိုသူမစွန့်လွှတ်ချင်ဘူး .........

"လာလေ Minnie အိမ်ထဲဝင်ရအောင် "

"Hyung Changmin လို့ပဲခေါ်ပါ ...... သူတို့သိသွားလို့မဖြစ်ဖူး ......"

"အင်းပါ ကိုယ်နားလည်ပါတယ် ......... ဟူးး...... ဒါပေမယ့် ဘယ်လိုလုပ်ရပါ့မလဲ ......... ကိုယ်နဲ့မင်း သူငယ်ချင်းလိုမျိုးအကြာကြီး ဟန်ဆောင်ဖို့ကတော့ ကိုယ့်စိတ်ကိုယ်တကယ် မနိုင်ဘူး ......... မေမေနဲ့တွေ့ပြီးတာနဲ့ အိမ်ပြန်ကြမယ် နော် "

"အင်း......"

Yunho အမေက Yunho ကိုတွေ့တာနဲ့ပွေ့ဖက်ထားခဲ့တယ် ......အမေတစ်ယောက်ကသားတစ်ယောက်အပေါ်ထားတဲ့မေတ္တာကိုChangminခံစားမိနေတယ် ......... သူ့အတွက်တော့ မေတ္တာ ငတ်နေတာကြာပြီ ဦးလေး အဒေါ်တွေဘယ်လိုပဲဂရုစိုက်စိုက် ...... မိဘနဲ့တော့ ဘယ်လိုမှမတူဘူးလေ ...

"Omma ......... သားမိတ်ဆက်ပေးရဦးမယ် ...... ဒါသားသူငယ်ချင်းလေ အခန်းဖော်လည်ုးဟုတ်တယ် ကျေးဇူးရှင်လည်းဟုတ်တယ် ချစ်......"

"HYUNG အဲ့လောက်ကြီး မိတ်မဆက်လည်းရပါတယ် "

YUNHO စကားသံက ချစ်သူတွေလို့ပြောမိဖို့သီသီကလေးပဲလိုလိုက်သည် ...... changmin ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားသည် ...... Yunho အမေကတော့ သူနဲ့ yunho ကြားကအနေအထားကိုအကဲခတ်နေသည် ...... Yunho ကတော့ ပြုံးရွှင်ရယ်မောပြီး ဘာမှမသိပေမဲ့ ...... Changmin ကတော့ Yunho အမေရဲ့ သံသယမျက်ဝန်းတွေကို ခံစားမိနေသည်
Yunho ကလည်း Yunho သူ့အမေကို သူ့ဘဝနေထိုင်မှုအကြောင်းပြောပြတဲ့စကားတိုင်းမှာ Changmin အကြောင်းကအမြဲပါနေသည် ...... အလေးထားပြီးနားမထောင်တဲ့သူတောင် Yunho စိတ်မှာ Changmin ဘ်ာလောက်အရေးပါတယ်ဆိုတာကို ခံစားမိလောက်သည် .........အထူးသဖြင့် Yunho အမေလို ထက်မြက်သည့် အမျိုးသမီးဟာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုတစ်စွန်းတစ်စသတိပြုမိလောက်ပြီဖြစ်သည် ............
ထမင်းစားတော့လည်း Yunho အမေက Yunho ပန်းကန်ထဲကို Yunho ကြိုက်တဲ့ဟင်းတွေထည့်ပေးနေချိန်မှာ Yunho ကတော့ Changmin ကြိုက်တတ်တဲ့ ဟင်းတွေကို ပန်းကန်ထဲထည့်ပေးနေခဲ့သည် .........
Changmin ကတော့ အမည်မသိသော စိုးရွံ့မှုကိုခံစားနေရသည် ......... အချစ်ဟာ အပြစ်မရှိဘူး လို့သူအမြဲတွေးထင်ခဲ့သည် ဒါပေမဲ့ Yunho အမေမျက်ဝန်းတွေနဲ့ဆုံတိုင်း သူဟာ yunho ကိုချောက်ထဲဆွဲခေါ်မိတဲ့လူတစ်ယောက်လိုခံစားနေရသည် ...... Yunho ကထမင်းစားပြီးတာနဲ့ ပြန်ဖို့နှုတ်ဆက်လို့သာတော်တော့သည် ......... ဒါမှမဟုတ်ရင် Changmin yunho အမေအကြည့်တွေကြားမှာပဲ အရည်ပျော်ကြဖို့အခြေအနေရှိနေသည် ......

အိမ်အပြန်မှာ Changmin တိတ်ဆိတ်နေမိသည် ...... အကယ်၍ သူ Yunho နဲ့ခွဲရပါလျှင်လို့တွေးမိရုံနဲ့ သူ့နှလုံးသားက မွန်းကြပ်လာသည်

"ဘာလို့ တိတ်နေတာလဲ Minnie ......ကိုယ့် မေမေကို သဘောမကျလို့လား ......"

"အဲ့ဒီလိုတော့မဟုတ်ပါဘူး ...... ဒါပေမဲ့ Hyung အမေရှေ့မှာ ကျွန်တော် တရားခံတစ်ယောက်လိုခံစားနေရတယ် "

Yunho က Changmin မျက်ဝန်းက မျက်ရည်စအချို့ကိုသတိပြုမိသွားတာကြောင့် ကားကိုလမ်းဘေးချရပ်လိုက်သည်

"ဘာလို့လဲ Minnie ......"

"ကျွန်တော် Hyung ကိုဖျက်ဆီးမိသလိုပဲ ......... Hyung အမေမျက်ဝန်းထဲမှာ ကျွန်တော်ကျွန်တော် အရမ်းသိမ်ငယ်တယ် ...... ကျွန်တော် Hyung ကိုလက်လွှတ်ရမှာကြောက်တယ် ......"

အမြဲ ဆွေးရိပ်ထင်နေတဲ့ Changmin မျက်ဝန်းတွေဟာ အခုအချိန်မှာတော့ နာကျင်ကြေကွဲခြင်းစိုးရွံ့ခြင်းတွေပါရောစွတ်နေတယ်
Yunho Changmin ဘက်ကိုလှည့်ပြီး Changmin ကိုသိုင်းဖက်လိုက်တယ်

"မင်းကိုယ့်ကိုလက်လွှတ်ခဲ့ရင်တောင် ကိုယ်က မင်းကိုလက်လွှတ်မှာမဟုတ်ဘူး Minnie ...... မင်းကိုယ့်ကိုထားခဲ့ရင်တောင် ကိုယ်က မင်းကိုထားခဲ့ခွင့်မပေးဘူး ......... ဘာကြောင့် မင်းက ကိုယ့်ကိုလက်လွှတ်ရမှာလဲ ......... ဘယ်အရာနဲ့ပဲယှဉ်ယှဉ် ကိုယ်က မင်းနဲ့ ဝေးဖို့ကိုတော့ မလုပ်နိုင်ဘူး ............ မင်း ကိုယ့်ကိုသိပ်ချစ်သလို ......... ကိုယ်လည်း မင်းကိုသိပ်ချစ်တယ် ......... ကိုယ်တို့အချစ်တွေ မပျက်စီးနိုင်ပါဘူး ......... "

Yunho စကားသံကြောင့် Changmin ပြုံးမိသည် အမြဲတမ်းအတွက် သူ yunho ကိုချစ်သည် အချစ်ဦးအနေနဲ့ရော နောက်ဆုံးအချစ်အနေနဲ့ပါ ချစ်ခဲ့သည် ...... သူပေးခဲ့တဲ့အချစ်တွေလိုပဲထပ်တူကျတဲ့ အချစ်တွေသူ Yunho ဆီက ပိုင်ဆိုင်ရရှိပြီးပြီ...... ဒါနဲ့များ သူဘာကိုကြောက်နေမိပါသလဲ ......
Changmin မျက်ဝန်းတွေမှိတ်လိုက်တဲ့အချိန်မှာ ...... မျက်ရည်ကျမိသည် ......... လူတစ်ယောက်ကိုချစ်လွန်းလို့ မျက်ရည်ကျမိသည် ...... လူတစ်ယောက်ရဲ့အချစ်ကို ခံစားမိလို့ မျက်ရည်ကျမိသည် အချစ်စစ်လွန်းလို့ မျက်ရည်ကျမိသည်

ဟုတ်ပါတယ် ...... Changmin yunho ကိုမျက်ရည်ကျအောင်ချစ်မိသည်
xxxxxxxxxxxx

long time no update ပါလို့ ဖတ်တဲ့သူတွေကောရှိပါသေးရဲ့လား ......ဖတ်နေသေးတဲ့သူတွေရှိသေးရင်တော့ ဒီ fic ကိုဆက် update တော့မှာပါလို့ သတင်းပေးပါတယ်လို့

Continue Reading

You'll Also Like

350K 70.4K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
5.1M 563K 55
၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေး...
217K 13.5K 39
My priority /property/privacy
10.1M 595K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...