part 5

542 51 2
                                    

အိမ်ရှေ့နားပင်မရောက်မီ သူအခန်းရှေ့တွင် အိမ်ရှင် အဒေါ်ကြီးကိုတွေ့ရသည် သူ လမ်းထောင့်ချိုးတွင် အလျင်အမြန်ပုန်းလိုက်ရသည်
ဘဟ်လိုကံဆိုးမှုလဲဟုသူတွေးမိသည်
ခဏကြာတော့ သူ့အခန်းတံခါးပြန်ပွင့်လာသည်
ဟော သူ့လက်ဆွဲအိတ်တွေကို အကုန် အပြင်ထုတ်နေပြီ ဖြစ်သည်
မတတ်နိုင်တော့ သူ အပြေးအလွှားသွား၍ တောင်းပန်ရတော့သည်

Y.H: ajima ကျွန်တော့်ကိုသနားပါဦး ဒီလို အကုန် လွှင့်ပစ်နေတော့ ကျွန်တော်ဘယ်လိုလုပ်ရမလဲ ၁၀ ရက် ၁၀ ရက်ပဲ အချိန်ပေး ၁၀ရက်ပြီတာနဲ့ အိမ်လခအကုန် ဆပ်ပါ့မယ် အခုလိုတော့ မလုပ်ပါနဲ့ အဒေါ်ကြီးမှမသနားရင် ကျတော် သေရလိမ့်မယ်

A.M: ငါလည်းနင့်ကိုသနားတာပဲ နင့်ကိုသနားရုံနဲ့ရော မပြီးဘူးလေ ငါ့ကိုငါလည်း သနားရဦးမယ် ၃ လရှိပြီ အိမ်လခမပေးတာဒါက ဘယ်လိုနေရာလည်း တစ်လတစ်လ ငှားခ ဘယ်လောက်ကျလဲ ဆိုတာ နင်လည်းသိတာပဲ သုံးလဆိုရင်ပဲငါဘယ်လောက်နစ်နာပြီလဲ ငါလည်း အဲ့ဒီသုံးလခ မလိုချင်ပါဘူး နင် ပြောင်းပေးဖို့ပဲလိုချင်တာ ငါလည်းစီပွားရေးလုပ်ပါရစေဦး

အဒေါ်ကြီးရဲ့စကားအဆုံးမှာ သူဘာမှ မပြောဖြစ်တော့ပေ အဒေါ်ကြီးဘက်က ကြည့်တော့လည်းမှန်နေသည်ကိုး ဘာလုပ်ရမှန်းမသိတော့ပေ သူအခန်းရှေ့မှာ ငူငူငိုင်ငိုင်ရပ်နေမိသည် တစ်စုံတစ်ယောက်များရောက်လာလေမလားဟု သူ့မသိစိတ်ကမျော်လင့်နေမိသည်

Changmin ဒီနေ့ရုံးမှာဂနာမငြိမ်ပါ အလုပ်က လူတွေပင်ပေါ်တင်ပြောသည့် အထိ စိတ်က yunho ဆီကိုရောက်နေသည် yunho မနက်စာမှစားသွားပါ့မလား သူပေးတဲ့အနွေးထည်မှဝတ်သွားပါ့မလား အတွေးပေါင်းမြောက်များစွာ ခေါင်းထဲဝင်နေခဲ့သည် သူ အိမ်ကို အလျင်အမြန် ပြန်လာရင်း သူအခန်းရှေ့အရောက် ဘေးကပ်လျက်အခန်းရှေ့တွင် ငူငူငိုင်ငိုင်ရပ်နေသော Yunho ကိုတွေ့ရလေသည်

yunho စိတ်တွင်တစ်ယောက်ယောက်သူ့ကိုကြည့်နေသည်ဟုထင်မိသည်နှင့် လှည့်အကြည့်တွင် သူမနေ့က အိပ်ခဲ့သော အခန်းရှေ့တွင် ကောင်လေးတစ်ယောက်ကိုတွေ့သည် သူမြင်ခဲ့တဲ့ဓါတ်ပံထဲကကောင်လေးပါ ပိုပြီးရင့်ကျက်ပုံပေါက်နေပြီး ပိုချောသည် ပြီးတော့ နွေးထွေးတဲ့မျက်ဝန်းတွေရှိသည်

Snow FlakeWhere stories live. Discover now