part 9

507 43 0
                                    

X-mas က တဖြည်းဖြည်းနီးကပ်လာသည် yunho တသ်ယောက်အသံသွင်း အကကျင့် သီချင်းရေးမှုတွေအပြင် အနုပညာလောက ကို အစကပြန်စနေရတာမျိုးမို့ပိုပင်ပန်းနေသည် variety show တွေလည်းသွားနေရတော့ changmin ကိုပင် သိပ်အချိန်မပေးနိုင်
ဒါပေမယ့် မနက် နေ့လည် ညနေ တစ်နေ့သုံးကြိမ်တော့ ဖုန်းဆက်ဖြစ်ကြသည်
သူတို့နှစ်ယောက်စကားပြောနေတာကို yunho ရဲ့ မိတ်ကပ်ဆရာက မြင်တော့ သူနဲ့changmin ကို ချစ်သူတွေလားဟုမေးသည်
yunho က မဟုတ်ပါဘူးလို့ဖြေလိုက်တယ် ဒါပေမယ့် သူ အခုတလော changmin အပေါ်ခံစားမိနေတဲ့ခံစားချက်တွေကို သူပြန်လန့်နေတယ်
သူ့ကိုယ်သူ သေချာချင်လို့ရည်းစားထားဖို့ကြိုးစားပေမယ့် အလုပ်ရှုပ်တာကတစ်ကြောင်း ပြီးတော့ အယုံအကြည်မရှိတော့တာကတစ်ကြောင်း နောက်ဆုံးတစ်ချက်အနေနဲ့ ကြုံလာသမျှကို သူ changmin နဲ့နှိုင်းယှဉ်မိတာကတစ်ကြောင်း အကြောင်းကြောင်းနဲ့ သူ ရည်းစားမထားဖြစ်တော့ပေ

X-Mas eve မှာ changmin တစ်ယောက်တည်း x-mas သစ်ပင်အလှဆင်နေရင်း အလုပ်ရှုပ်နေတယ် yunho ကတော့ အိမ်ပြန်မရောက်သေးပေ ပြန်လာဖို့တောင်အားရဲ့လားဆိုတာ changmin မသေချာ ဘာပဲဖြစ်ဖြစ် x-mas မှာ သူyunho နဲ့အတူရှိချင်မိတယ်
ပြီးတော့ သူ yunho အတွက်လက်ဆောင်ပြင်ဆင်ထားတယ် yunho ရဲ့ ဘယ်ဘက်နားပေါက်လေးအတွက် သူကိုယ်တိုင် ဒီဇိုင်းဆွဲပြီးအပ်ထားတဲ့ နားကပ်ကလေး နားကပ်မှာ အပြာရောင် နီလာတစ်လုံးကိုပါထည့်အသုံးပြုထားသေးတယ် yunho ကြိုက်မယ်လို့သူမျှော်လင့်တယ် ဒါပေမယ့် yunho ကတော့ သူ့ဖို့ X-mas လက်ဆောင် မပြင်ဆင်ထားနိုင်လောက်ဘူးလို့သူတွေးမိလိုက်သေးတယ် ဘာပဲဖြစ်ဖြစ် yunho X-mas မှာ သူနဲ့အတူရှိတာကပင် သူ့အတွက် ကံကောင်းမှုဖြစ်တယ်
ညကနက်သည်ထက် နက်လာတယ် သူမှေးခနဲ အိပ်ပျော်သွားချိန်မှာ ပေါ့ သူ့ဆံပင်ပေါ်ကိုနူးနူးညံ့ညံ့ပွတ်သပ်ပေးမှုကိုခံစားလိုက်ရတယ် သူမသဲမကွဲနဲ့ ပဲ ခေါင်းမော့ကြည့်လိုက်တယ်

Y.H: ဘာလို့အိပ်ရာမှာမအိပ်တာလဲ ဖျားနေဦးမယ်

C.M: အာ yunho ရောက်လာပြီလား
ငါ ခဏအိပ်ပျော်သွားတာ

Y.H: X-mas သစ်ပင်က မင်း အလှဆင်ထားတာလား သိပ်လှတယ် ငါမကူညီပေးလိုက်နိုင်ဘူး sorry ပဲကွာ ငါ အလုပ်တွေအရမ်းရှုပ်နေလို့

Snow FlakeWhere stories live. Discover now