Part 8

520 43 3
                                    

changmin နေမကောင်းဖြစ်ပြီးနောက်ပိုင်း yunho ဘယ်လောက်ပင်နောက်ကျပါစေ အိမ်ပြန်လာသည် သူအိမ်ပြန်လာတိုင်း changmin က အိမ်ရှေ့ဧည့်ခန်းမှာသူ့ကိုစောင့်နေလေ့ရှိသည်
စနေ တနင်္ဂနွေတွေမှာလည်း နှစ်ယောက်သား အိမ်မှာပင်နေဖြစ်သည် တစ်ခုခုလုပ်စားကြသည် ပြီးလျင် yunho က သီချင်းရေး changmin က ဒီဇိုင်းဆွဲ တစ်ခါတစ်လေ နှစ်ယောက်သား အိမ်ရှင်း သူတို့နှစ်ယောက်ဆက်ဆံရေးသည် အရင်ကထက်ပိုနွေးထွေးလာသည် သူငယ်ချင်းဆွေမျိုး ဆိုတာတွေထက်ပိုချင်လာသည်
changmin က အလုပ်မှ break time ဆိုလျှင် yunho ဆီဖုန်းဆက်တတ်သည် yunho က လည်း ဖုန်းမျှော်တတ်သည် changmin ဖုန်းဆက်တာနောက်ကျရုံနဲ့ပင် မနေတတ်မထိုင်တတ်ဖြစ်နေတတ်ပြန်သည်
ဒီအတောအတွင်း changmin yoona နဲ့ပတ်သတ်ပြီး အားနာမှုရော စိတ်မကောင်းဖြစ်တာရောမရှိတော့ပေ
တစ်ရက်တော့ yoona အိမ်ကိုမလာသည်ကို yunho သတိထားမိသွားသည်

Y.H: yoona လည်း အိမ်မလာပါလား ဘာလည်း ခရီးထွက်သွားပြန်ပြီလား အဲ့ဒါကြောင့် မင်း ငါ့ကို အချိန်တွေအရမ်းပေးနေတာ ဘယ်သွားသွဘာလုပ်လုပ် အနောက်ကနေ ကပ်ပါးလို ပါနေတဲ့ မင်းကောင်မလေးမရှိလို့ မင်းလွတ်လပ်နေတယ်ပေါ့

CM: yoona နဲ့ငါ လမ်းခွဲလိုက်ပြီ ၁ လလောက်တော့ရှိပြီ အတိအလင်းတော့စေ့စပ်ပွဲ မဖျက်သိမ်းရသေးဘူး

Y.H: ဘာ ဟာ ဘယ်လိုဖြစ်တာလဲ yoona နဲ့မင်းနဲ့ တွဲလာတာကြာပြီ ငါသိသလောက်မင်းတို့ရန်ဖြစ်စကားများတာတောင်မရှိဖူးဘူး

C.M: အင်း

changmin က အေးစက်စွာပြန်ဖြေသည်

Y.H: သူ့မှာ အသစ်ရှိနေလို့လား

changmin ခေါင်းကိုလေးတွဲစွာ ခါရမ်းလိုက်သည် သူဘာဖြေရမှန်းမသိပေ လမ်းခွဲခဲ့ရတာက yunho ကို changmin ချစ်နေလို့ဆိုတာကို changmin ဘယ်လိုပြောရမလဲ ပြောလို့မဖြစ်တဲ့အမှန်တရားအတွက် changmin နှုတ်ဆိတ်နေမိတယ်

Y.H: အေးပါထားပါတော့ သူများအတွဲကိစ္စ စပ်စုတာမကောင်းပါဘူး ဘာပဲဖြစ်ဖြစ် မင်းရည်းစားမရှိတော့ ငါ့အတွက်ပိုတောင်ကောင်းသေးတယ် တစ်ခါတစ်လေ သူက အိမ်လာတိုင်း မင်းငါ့ကို အကုန်လိုက်လုပ်ပေးနေတာကြိုက်တာမဟုတ်ဘူး မပြောသာလို့သာ သူနေနေတာ သူငါဒီမှာနေတာ သဘောကျပုံမရဘူး ဒါကလည်း သူ့အပြစ်တော့ မဟုတ်ပါဘူး မင်းကိုက လွန်လွန်းတာ ဘာလို့ငါ့ကို အဲ့လောက် ဂရုစိုက်နေလဲ

Snow FlakeWhere stories live. Discover now