part 7

502 42 0
                                    

yoona နဲ့တွေ့ပြီသူ အိမ်ပြန်လာခဲ့သည် အခန်းက မှောင်မိုက်နေသညိ yunho အခန်းအတွင်းမှာမရှိပေ heater မဖွင့်ထားသောကြောင့် အခန်းက အေးစက်နေ သည် သူဝါရံတာ ဘက်ထွက်ကာစီးကရက် တလိပ်ကိုရှိုက်လိုက်သည် ဆေး လိပ်အငွေ့သည် ဝါရံတာကတဆင့် ပြင်ပလေထဲသို့ပြန့်နှံ့သွားသည် သူခေါင်း အတွင်းမှာ အတွေးတွေရှင်းလင်းအောင်သူကြိုးစားနေမိသည် သူ သူ့ပတ်ဝန်းကျင်တိုင်းက အသေးစိတ်ကိုခံစားသည်
ဒီတစ်ည yoo ဘယ်လောက်ငိုနေမလဲသူမတွေးမိအောင် ထိန်းချုပ်နေသည် ဘာကိုမှမစဉ်းစားမိအောင် သူထိန်းချုပ်နေရက်နှင့်တစ်ခါတစ်ခါ စိတ်တို့သည် yoo အပေါ်သူ့အပြုအမူတွေက အရမ်းမှားနေတာလားလို့သူတွေးမိသည်
ဆေးလိပ်တစ်လိပ် ပြီးတော့ နောက်တစ်လိပ် ပြီးတော့ သုံးလိပ်မြောက် ဆေးလိပ်ကိုထုတ်ယူပြီး ချိန်တွင် yoo အကြောင်း ခေါင်းထဲရောက်လာပြန်ပြီ yoo က သူဆေးလိပ်သောက်တာလုံးဝမကြိုက်ဒါပေမယ့် သူသောက်မြဲအတိုင်း ဆက်သောက်သည်
yoo ကို သူ အားနာတယ် ပြီးတော့ သံယောဇဉ်လည်းရှိတယ် ဒါပေမယ့် yunho yunho ကိုသူချစ်တယ် သံးလိပ်မြောက်ဆေးလိပ် အပြီးသတ်လိုက်ချိန်မှာ နာရီလက်တံက ည ၁၂ နာရီရှိပြီ yunho ပြန်မရောက်သေးဘူးလား သူဖုန်းဆက်ရန်ပြင် လိုက်သည် ပြီးတော့ သူမဆက်ဖို့ဆုံးဖြတ်လိုက်သည် yunho အတွက်သူအနှောက်အယှက်မဖြစ်ချင်ပေ အခန်းအတွင်းကတော့ အေးစက်ဆဲပင်ဖြစ်သည် heater လည်းသူမဖွင့်ချင် yunho ပြန်အလာကို သူစောင့်နေမိသည် မှောင်မိုက်နေတဲ့ အခန်းက ဝါရံတာဘေးမှာ သူ yunho ပြန်အလာကိုစောင့်နေမိသည် ဖြစ်နိုင်ရင် yunho ကို သူ အခုပင်တွေ့ချင်သည် yunho ကိုမြင်ရင် သူ့ဆုံးဖြတ်ချက်မှန်ကန်တယ်ဆိုတာ သူပိုယုံကြည်မိမည် ခုတော့ သူ အပြစ်သားတစ်ယောက်လို ခံစားနေရသည် သူ yoo ကို နာကျင်စေခဲ့သည်
သူ တိုးတိုးလေး ရေရွတ်နေမိသည်
C.M: yunho အမြန်ပြန်လာပါ နှစ်သိမ့်ပေးပါ ငါမမှားဘူးလို့ပြောပေးပါ

yunho အိမ်ပြန်ရောက်လာတော့ မနက်ရှစ်နာရီ ညက တစ်ညလုံး အသံသွင်းနေရသည် အိမ်ပြန်ရောက်တာနှင့် အေးအေးဆေးဆေး အိပ်မည်လို့သူတွေးထားတယ်
yunho အခန်းတံခါးကိုဖွင့်လိုက်တဲ့အခါ အခန်းက နွေးမနေပါ အပြင်နဲ့ထပ်တူအေးစက်နေသည်
changmin လည်း ညက ပြန်မလာဘူးလားဟုသူတွေးပြီးအိမ်ခန်းထဲဝင်လိုက်ရင်ပဲ ဝါရံတာဘေးမှာ ခွေလျက်ပုံလဲနေသည့်ချမ်းမင်ကိုတွေ့လိုက်ရသည်
yunho အထိတ်တလန့်နှင့် changmin ကိုလှုပ်နှိုးမိသည် changmin ကိုယ်တွေပူနေသည်
yunho စိတ်ပူတကြီးနဲ့ changmin ကို အိပ်ရာပေါ်တင်ပြီး နဖူးပေါ်ရေပတ်အုပ် heater အမြန်ဖွင့် အသည်းအသန်ပြုစုနေမိသည်
အဲ့ဒီနောက် မလုပ်တတ်မကိုင်တတ်နှင့်ပင် ဆန်ပြုတ်ပြုတ်ပြန်သည်
တကယ်တော့ သူသေချာမလုပ်တတ်ပေ ဒါပေမယ့် changmin အတွက်သူကြိုးစားလုပ်ပေးနေမိသည် changmin က သူ့အတွက်ကျေးဇူးရှင်ဆိုလည်းဟုတ်သည် သူငယ်ချင်းဆိုလည်းဟုတ်သည် ဆွေမျိုးတစ်ယောက်ဆိုလည်းဟုတ်သည် တစ်ခါတစ်ခါတော့ မိန်းမနဲ့ပင်တူသေးသည် သူ့ကိုချက်ပြုတ်ကျွေးမွေးသည် တစ်ခါတစ်လေ သူ့အကျီင်္တွေလျော်ဖွတ်ပေးလို့ အားနာခဲ့ရတာအကြိမ်ကြိမ်
yunho နဲ့ changmin မိတ်ဆွေဖြစ်တာ ၁ နှစ်သာရှိပေမယ့် တစ်နှစ်တာအတွင်း changmin နဲ့ yunho ကြားမှာဖြစ်တည်လာတဲ့ သံယောဇဉ်ထုထည်ကတော့ မိတ်ဆွေပင်မကပေ တစ်ခါတစ်လေ yunho စိတ်ထဲတွင် changmin ကို မိန်းကလေးတစ်ယောက်တောင်ဖြစ်စေချင်မိသည် သူ့အပေါ်နားလည် ပေး ဂရုစိုက်ပေး အားပေးတတ်လွန်းသော changmin သဘ် မိန်းကလေးသာဆို မလွဲမသွေ လက်ထပ်ဖြစ်မယ်လို့သူတွေးမိသည် အဲ့လိုတွေးမိတိုင်းလည်း သူ သူ့ကိုယ်သူ ရယ်မိပြန်သည် ပေါက်တတ်ကရတွေတွေးနေပြန်ပြီလို့သူကိုယ်သူ ဆုံးမပြန်သည်
changmin ကိုယ်ပူနည်းနည်းကျလာတော့ yunho စိတ်သက်သာရာရ သွားသည်
ခဏနေတော့ changmin နိုးလာသည်

Snow FlakeWhere stories live. Discover now