part 3

388 41 0
                                    

ဂျပန် တွင် သူနေသားကျခဲ့ပြီ ဖြစ်သည်
သူ့ညီမဝမ်းကွဲ Sunny ကတော့ သူ့ကို အရင်နဲ့မတူဘူး အရမ်းကိုအေးစက်စက်နိုင်တယ်ဟုပြောနေဆဲပင်ဖြစ်သည်
သူဝါသနာပါတဲ့ design ပညာရပ်ကိုပင်သူဆက်လက်သင်ယူနေခဲ့သည်
အရာအားလုံး သူစီစဉ်ထားသည့်အတိုင်းပင်လညိပတ်လျက်ရှိသည်

ဒါပေမယ့် တစ်ခု yunho ကိုသတိရတာတစ်ခုတော့ သူမထိန်းချုပ်နိုင်ပေ

သူyunho ပုံတူတွေအမြောက်အများကိုဆွဲမိသည်
yunho နဲ့ပတ်သတ်သမျှကိုသူသိအောင်မစုံစမ်းခဲ့ပေ
ဒါပေမယ့် yunho က Idol တစ်ယောက်ဖြစ်လာတဲ့အချိန်မှာ သူ yunho အကြောင်းမသိချင်ရင်တောင်သိနေရသည်
Sunny က yunho ကို အလွန်သဘောကျသည်

သူလည်း yunho ကိုသဘောကျသည်
ဒါပေမယ့် သူ့သဘောကျမှုက sunny နဲ့မတူပေ ဘယ်သူနဲ့မှ လည်ူမတူပေ
အချစ်လို့သူနာမည်မတပ်ချင်ပေ
ဒါဟာ မဖြစ်သင့်ဘူးလို့ သူ့ကိုယ်သူသိပြီးသားပင်ဖြစ်သည်

နွေဦး ရဲ့တစ်ရက်သောနေ့မှာ မိန်းကလေးတျောက်သူ့ဘဝထဲကိုဝင်ရောက်လာခဲ့သည်
yoona နာမည်ရော လူပါလှသောမိန်းကလေးတစ်ယောက်ဖြစ်သည်
sunny ရဲ့သူငယ်ချင်းလည်း ဖြစ်သည် yoona က fashion design ကျောင်းသူတစ်ယောက်ဖြစ်နေ၍ ကျွန်တော့် လို ဒီဇိုင်းကျောင်းသားတစ်ဦးနှင့် အတော် ပင် တွဲမိတယ်လို့ သူထင်မိတယ်

ဒါပေမယ့် တကယ့် လက်တွေ့မှာ yoona က သူ့ကိုချစ်နေခဲ့သည်
ထိုအကြောင်းကိုသူသိတဲ့အချိန်မှာ သူမငြင်းချင်ခဲ့ပါ
yoona မှာ ငြင်းစရာမရှိပေ
ပြီးတော့ သူyunho ကိုမေ့ချင်ခဲ့သည်

သူyoona ကို ချစ်သည်ဟုသူပြောခဲ့တယ် တကယ်တမ်းမှာလည်းသူ yoona အပေါ်ချစ်ခဲ့ပါသည်
သို့သော် ညီမလေးတစ်ယောက်ထက်မပိုသည်ကိုတော့ သူ့ကိုယ်သူသာအသိဆုံးဖြစ်သည်

သူ့ဦးလေးတို့မိသားစု ကိုရီးယားမှာ ပြန်ပြီး အခြေချခဲ့တယ် သူကတော့ကျောင်းမပြီးသေးသည်နှင့်ဂျပန်မှာပဲနေဖြစ်ခဲ့တယ်
နောက်တစ်နှစ်အကြာမှာ YOONA လည်း ကိုရီယား FASHION COMPANY တစ်ခုမှာ ပြန်၍အလုပ်လုပ်သည် ဒီတစ်ခေါက်မှာတော့သူလည်းကျောင်းပြီးပြီဖြစ်သည်နှင့်ကိုရီးယားသို့ Yoona နဲ့အတူ ပြန်လာခဲ့တယ်
သူ့မိသားစုပိုင်အိမ်ကိုတော့ဆက်လက်ငှားထားပြီး သူ့အဒေါ်တို့နဲ့သာ သူနေဖြစ်ခဲ့တယ် sunny ကတော့ yunho သီချင်းခွေတွေမထွက်တော့တဲ့အကြောင်းပြောပြတယ် ဒါပေမယ့် သူအမှတ်တမဲ့သာနေလိုက်တော့တယ် အမှတ်တရတွေမရှိချင်တော့ပေ
မရှိသင့်တဲ့အမှတ်တရကို သူဖျောင်ဖျက်ချင်ခဲ့တယ်

နောက်ပိုင်းမှာတော့ သူစိတ်ဝင်စားတဲ့ အလုပ်ဖြစ်တဲ့ လက်ဝတ်ရတနာဒီဇိုင်းပညာနဲ့ပဲ
နာမည်ကြီးCompany တစ်ခုမှာ အလုပ်ဝင်ခဲ့တယ်
ကိုရီးယား ကိုပြန်ရောက်ပြီး ၁ နှစ်အတွင်းမှာ သူ့ဘဝအခြေပြန်ကျခဲ့တယ်
နောက်ပိုင်းမှာ သူနဲ့ yoona နဲ့စေ့စပ်ခဲ့တယ်

ဒါပေမယ့် တစ်ချို့သောကံကြမ္မာတွေကရှောင်လွဲမရပေ တစ်ချို့သော အရာတွေဟာ ကြုံတွေ့ဖို့ဖြစ်လာခဲ့ပြီဆို ဘယ်လိုပင်ရှေင်လွဲပါစေ သေချာပေါက်ကြုံရမည်ဖြစ်သည် သူနဲ့Yunho ရဲ့ကံကြမ္မာဟာလည်း အကြောင်းမဲ့တိုက်ဆိုင်မှုတစ်ခုမဟုတ်ခဲ့သည်မှာသူ့အတွက် တော့ ကံကောင်းခြင်းတစ်ခု သို့မဟုတ်ကံဆိုးမှုတစ်ခုပင်ဖြစ်သည်

Snow FlakeWhere stories live. Discover now