part 1

1K 61 0
                                    

၂၀၀၄ ၁၂ ၂၄
ဒီနေ့က X-Mas Eve ဖြစ်သည်
အမေနဲ့အဖေဖို့သူစုထားတဲ့မုန့်ဖိုးနှင့် လက်ဆောင်တစ်ချို့ဝယ်လာခဲ့သည်
အမေကြိုက်တဲ့ ကိတ်မုန့်ဝယ်ရန် ကိတ်မုန့်ဆိုင်ထဲကို သူဝင်ရန်ပြင်လိုက်သည်
သို့သော် အရှိန်အဟုန်နဲ့ တစ်စုံတစ်ယောက်ရဲ့ဝင်တိုက်ခြင်းကိုခံလိုက်ရပြီးနောက်
CM : အား နာ လိုက်တာ ကျွတ်စ်
လဲကျသွားခြင်းနှင့်အတူ သူ နာကျင်စွာ ညည်းမိသည်
သူနဲ့တိုက်မိသောကောင်လေးက
လဲကျရာမှထလိုက်ပြီး သူ့ကို လက်ကမ်းပေးသည်
Y.H: ဆောရီး နာသွားလား ငါအလျင်လိုနေလို့ဝင်တိုက်မိတာ တကယ် တောင်းပန်ပါတယ်
အဲ့ဒီကောင်လေး ကမ်းတဲ့လက်ကိုသူလှမ်းမကိုင်ခဲ့ပေ သူ့ဟာသူ မတ်တပ်ရပ်ဖို့ကြိုးစားရင်း ထိုကောင်လေးပိုလှမ်းကြည့်မိသည်
အပြုံးတစ်ခု နူးညံ့နွေးထွေးတဲ့အပြုံးတစ်ခု
ဆောင်းတွင်းရဲ့ အေးစက်ခြင်းတွေကို အံ့တုနိုင်တဲ့အပြုံးမျိုး ထိုကောင်လေးဆီက သူရလိုက်တယ်
Y.H : မင်းဘာမှမဖြစ်ဘူးဆို ငါသွားတော့မယ်
စကား မဆုံးခင်မှာပင် အလျင်စလိုပြေးထွက်သွားသော ကောင်လေးရဲ့နောက်ကျော ပြင်ကို သူငေးကြည့်မိသည်
အဲ့ဒီခဏမှာပင် ၂၀၀၄ ခုနှစ်ဆောင်းရဲ့ ပထမဆုံးသောနှင်းတွေကျလာခဲ့တော့သည်
သူအဲ့ဒီနေရာမှာ ငေး၍ကျန်ခဲ့သည် အမျိုးအမည် မသိသောခံစားမှုတစ်ခုနဲ့အတူ သူ့နှလုံးသားဟာနွေးထွေးနေခဲ့သည်

ဒုတိယ အကြိမ်

ဒီနေ့သူကျောင်းသွားရမည်ကိုစိတ်မပါလှပေ မိုးအနည်းငယ်ရွာနေခြင်းက သူ့ကိုပျင်းရိစေသည်
သူစီးလာသော bus က မှတ်တိုင်တစ်ခုတွင်ရပ်လိုက်သည် ကျောင်းသား ကျောင်းသူ အချို့ကားပေါ်တက်လာကြသည်
ထိုထဲကမှ သူရင်နှီးသောမျက်နှာတစ်ခုကိုတွေ့လိုက်သည်
X mas Eve က သူနဲ့ဝင်တိုက်မိသည့်ကောင်လေး ဖြစ်သည် နားကြပ် တပ်ထားကာ ဘယ်သူ့ကိုမှမကြည့်ပဲနောက်ဆုံးခုံတွင် ဝင်ထိုင်နေသည်
ကားက ခပ်ဖြည်းဖြည်းမောင်းနေသည် သည်းနေတဲ့မိုးက တစ်ဖြေးဖြေးစဲလာခဲ့သည် ထိုကောင်လေးက ဘေးဘက်က ကားတံခါးကိုဖွင့်လိုက်သည် အပြင်က လေပြေတို့က ထိုကောင်လေးမျက်နှာကို သွား၍ထိခတ်လေသည်
သူပတ်ဝန်းကျင်ကိုမေ့စွာ ထိုကောင်လေးကိုငေးကြည့်နေမိသည် ထိုစဉ် ထိုကောင်လေးနှင့်သူ မျက်ဝန်းချင်းဆုံမိသည် သူစိတ်လှုပ်ရှားစွာအကြည့်လွဲမိသည်
ဘာကြောင့်မှန်းမသိ သူရင်တုန်နေခဲ့သည်
သူကားမှတိတိုင်ရောက်ရောက်ခြင်း နောက်ကိုလှည့်မကြည့်ပဲ ခပ်မြန်မြန် ကျောင်းကိုလျှောက်လာမိသည် သူ့အပြုအမူနှင့် သူ့စိတ်ခံစားချက်ကို သူကိုယ်တိုင်ပင် လိုက်မမီတော့ပါ
ထိုနေ့က သူစာသင်ခန်းထဲတွင် စိတ်မပါခဲ့ သူ့အတွေးတို့သည် လေကဲ့သို့လွင့်မြောနေတော့သည်
ကျောင်းသူတစ်စုရဲ့တိုးပြောသံကသူ့နားထဲဝင်လာသည်
အဲ့ဒါလေ Yun Ho ဆိုတာ
ချောတယ်နော်
ချောရုံတင်မဟုတ်ဘူး ကတာလည်းအရမ်းတော်တာ DJ လည်းတီးတယ်လေ ညဘက် club တွေမှာဆို သူကစတားပဲ
ဟင်သူကကျောင်းသားပဲရှိသေးတာ ဟာသူကနှစ်ကျလေ အထက်တန်းပထမနှစ်မှာသောင်တင်နေတာ ၂ နှစ်လောက်ရှိပြီ
နင်ကဘယ်လိုသိလဲ
ငါအမပြောပြတာလေ သူနဲ့ငါ့အမကအသက်တူတူပဲအရင်ကဆိုတစ်ခန်းတည်းကပဲလေ
ချမ်းလည်းချမ်းသာတယ်ဆို
အင်းပြောသံတော့ကြားတယ် ဝါး ဘာလို့ဒီလောက်ပြည့်စုံတဲ့လူရှိရတာလဲ
ဟုတ်ပ သူ့ဘေးကမိန်းမကိုတောင်မနာလိုဘူး
အောင်မလေး သူကသူ့ရည်းစားကိုအရမ်းချစ်တာလေ တွဲတာ ၄ နှစ်လောက်ရှိပြီထင်တယ်
သူ့ရည်းစားကို ကျောင်းမှာမမြင်ဖူးပါဘူး
ဟာသူက မိန်းကလေးကျောင်းကလေ ချောလည်းချောတယ် မာနလည်ူကြီးတယ် စာလည်းတော်တယ်ဟ ဒါနဲ့သူနာမည်တောင် မေ့နေလို့ အာအာ သိပြီမှတ်မိပြီ Jessica တဲ့
အသံတစ်ချို့က သူ့ကိုအာရုံစူးစိုက်အောင်လုပ်နေ၍ ထိုမိန်းကလေးတစ်စုပြောနေတဲ့အတွဲကိုသူတစ်ချက်ငဲ့ကြည့်လိုက်သည်
ထိုကောင်လေး ဟုတ်ပါတယ် ထိုကောင်လေးပါ သူ first snow လို့နာမည်ပေးထားတဲ့ကောင်လေးပါ
သူ့နာမည်က yunho တဲ့လား ငါတို့ကျောင်းကတဲ့လား ငါဘာလို့သတိမထားမိရတာလဲ
ကိုယ့်ကိုကိုယ်ရန်တွေ့ရင်း yunho ဆိုသောကောင်လေးကိုငေးကြည့်လိုက်သည် ထိုကောင်လေးမှာတော့သူ့ဘေးကကောင်မလေးနဲ့အလုပ်ရှုပ်နေသည် ပြာပြာသလဲဖြစ်နေပုံကိုကြည့်ရင်း ရင်ဘက်ထဲမှာအောင့်သလိုဖြစ်နေမိတယ် ဒါဟာမဖြစ်သိမှန်းသူသိပေမယ့် ထိန်းချုပ်မရခဲ့
သူဆိုင်ထဲမှာထွက်ခဲ့လိုက်သည် ရှောင်ပြေးလာတဲသဘောတစ်ခုပါပဲ
သူဘာကိုရှောင်ပြေးလာလဲဆိုတာသူမသိပါ ဒါပေမယ့် သူ့စိတ်တွေရှုပ်ထွေးနေတာတော့အမှန်ပင်ဖြစ်သည်

Snow FlakeWhere stories live. Discover now