part4

592 52 0
                                    

ဒီနေ့သူ yoona နဲ့စေ့စပ်လိုက်တယ်
သူတို့စေ့စပ်ပွဲလေးအပြီးမှာ သု့သငယ်ချင်းဟောင်းတွေ yoona သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲလေးတစ်ခုကျင်းပကြတယ်
မဆုံတာကြာတဲ့သူငယ်ချင်းတွေဆိုတော့ သူတကယ်ပျော်နေခဲ့တယ်
ပွဲပြီးတော့ yoona ကို အိမ်ပြန်ပို့ရင်း yoona နဲ့သူ့အတွက် အခြေချမယ့်နေရာအဖြစ်ဝယ်ထားတဲ့တိုက်ခန်းကိုပြန်ခဲ့တယ်

အခန်းတံခါးကိုသူဖွင့်လိုက်တဲ့အရာ
မရင်းနှီးသေးတဲ့အငွေ့အသက်ကိုသူရတယ်
ပင်ပန်းမှုတွေပြေပျောက်အောင်သူရေချိုးနေခဲ့တယ်
အဲ့ဒီအချိန်မှာတံခါးကို တစ်ယောက်ယောက်တိုက်မိသံကြားရတယ် သူအကျီင်္အလျင်အမြန်ဝတ်ရင်းနဲ့ အခန်းအပြင်ကိုထွက်လိုက်တယ်
တံခါးကရုတ်တရက်ဖွင့်မရပေ တစ်ခုခုခံနေသလိုပင် သူ အားထည့်ကာတွန်းတော့မှတံခါးကပွင့်သွားခဲ့တယ်

သူ့မျက်လုံးကို ထပ်ကာပြန်ပွတ်ပြီးကြည့်မိတဟ် ဟုတ်ပ်တယ် လူတစ်ယောက် သူ့တံခါးဝမှာ လဲနေလေရဲ့
သူထိတ်လန့်တကြားသေချာကြည့်မိတော့
Yunho သူ့နှုတ်မှ ရေရွတ်မိတယ်
အံ့သြခြင်း ဝေခွဲမရခြင်း ထိတ်လန့်ခြင်းများစွာနဲ့ သူ yunho ကိုကြည့်နေမိတယ် yunho ဘာလို့ဒီလို ဖြစ်နေရတာလဲ မမှတ်မိနိုင်လောက်အောင် ဖရိုဖရဲဖြစ်နေတယ် မျက်နှာမှာလည်း မရိတ်ထားတဲ့မုတ်ဆိပ်မွှေးတွေ မညှပ်ဖြစ်တဲ့ဆံပင်တွေကြောင့် ညှင်းသိုးသိုးဖြစ်နေမှုရယ် အဝေးကပင်ရနိုင်တဲ့အရက်နံ့တွေရယ်
သူကြောင်ပြီးငေးကြည့်နေမိတယ်

မင်သက်မိရာမှ သူသတိပြန်ဝင်လာတော့ သူဘာလုပ်ရမလဲလို့စဉ်းစားတယ်
အချိန်က အလွန်နောက်ကျနေပြီဖြစ်တယ် သူYunho ကို အိမ်ထဲခေါ်လိုက်ဖို့ကလွဲပြီးသူအခြားမတွေးတတ်ပေ အပြင်မှမသိချင်ယောင်ဆောင်ပြီးတံခါးပိတ်အထဲဝင်ရအောင်လို့ သူ့မှာအင်အားမရှိ

yunhoကို မြင်လိုက်ရရုံနှင့်ပင် သူမေ့ထားဖျောက်ထားခဲ့တဲ့ရင်ခုန်သံတွေ အရင်လိုအသက်ဝင်နေသည် သူ့ကိုယ်သူရင့်ကျက်ပြီလို့ သူထင်ခဲ့သည် ဒါပေမယ့် yunho ကိုတွေ့တိုင်းဆောက်တည်ရာမရဖြစ်တတ်သောသူ့စိတ်ကတော့ မရင့်နိုင်သေးဘူးဟုသူထင်သည်

Snow FlakeWhere stories live. Discover now