Part 12

522 45 8
                                    

Yunho အိမ်ကိုပြန်လာတဲ့နေကစလို့သူတို့နှစ်ယောက်အချစ်ခရီးလေးစတင်လာခဲ့တယ် changmin အတွက်တော့ဘဝရဲ့အသာယာဆုံးအချိန်တွေပေါ့ ကိုယ်ချစ်တဲ့သူဆီကကိုယ်နဲ့ထပ်တူကျတဲ့အချစ်တွေပိုင်ဆိုင်ရရှိခွင့်တွေနဲ့ပေါ့
yunho က သူ့ထက်အသက်ပိုကြီးတယ်ဆိုပေမယ့် ကလေးပိုဆန်တယ် ပြီးတော့ သူထက်ပိုချစ်ပြတတ်တယ် သူတို့နှစ်ယောက် ချစ်သူဖြစ်တာတစ်လပြည့်တဲ့နေ့မှာ changmin ကသူကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ လက်ပတ်လေးကို ဆင်တူဝတ်ကြတယ်
လက်ပတ်မှာတွဲလွဲကျနေတဲ့ Snow Flake လေးမှာ ထိုးထားတဲ့နာမည် အတိုကောက်နဲ့ date လေးကိုတွေးတော့ yunho က
Y.H: ဒီ date က ဘာလဲ ဟင် minnie ကိုယ်မသိဘူး

C.M: hyung ကိုစတွေ့တဲ့နေ့လေ X-Mas eve လေ hyung နဲ့ဝင်တိုက်မိတာလေ hyung ကတော့ hyung အသည်းကျော်နောက်ကိုအပြေးအလွှားပြေးလိုက်သွားတာလေ
သေချာကြီးတောင်မှတ်မိနေသေးတယ်

yunho ဘာမှမပြောပေ စကားဆုံးတာနဲ့ changmin နှုတ်ခမ်းကို နမ်းလိုက်တယ် ချစ်သူဖြစ်တဲ့တစ်လအတွင်းအကြိမ်ကြိမ်အနမ်းချွေ ခဲ့ကြပေမယ့် yunho နမ်းရင် changmin ရင်တွေခုန်နေတုန်း

C.M: ဘာဖြစ်တာလဲရုတ်တရက်ကြီး

Y.H: ပို ချစ်လာလို့ ကြာလေ ပိုချစ်လာလေပဲ ဟိုအရင်က minnie ကိုယ့်ကိုဘယ်လိုချစ်ခဲ့တာလို့တွေးမိတိုင်း minnie ကိုပိုချစ်လာလို့
ကိုယ်က ငတုံးလိုပဲ နော် မင်းချစ်နေတာကိုတောင်မရိပ်မိပဲ ကိုယ့်ခံစားချက်ကိုတောင် ဖုံးကွယ်နေချင်သေးတာ ကိုယ်လိုငတုံးကို အမြဲချစ်နေပေးတာကို ကျေးဇူးလည်းတင်တယ် အရမ်းလည်းချစ်တယ်

yunho က စကားတွေတတွတ်တွတ်ပြောရင်း changmin ကိုသိုင်းဖက်လိုက်သည် ပြီးတော့ changmin ပခုံးကို နမ်းရှိုက်လိုက်သည်

Y.H: ဆေးလိပ်တွေသောက်ထားပြန်ပြီ ဆေးလိပ်နံ့ရနေတယ်

C.M: ဘာလို့လဲ hyung မကြိုက်ဘူးလား hyung မကြိုက်ရင် နောက်ကိုမသောက်တော့ဘူး

Y.H: မကြိုက်တာတော့မ ဟုတ်ပါဘူး မင်းကျန်းမာရေးအတွက်စိုးရိမ်လို့ပါ အမှန်အတိုင်းပြောရရင် ကိုယ်က မင်းဆေးလိပ်သောက်တိုင်း ခိုးကြည့်နေကြ minnie ဆေးလိပ်သောက်တဲ့ပုံက အရမ်းမိုက်တယ် အဲ့ဒါကြောင့် ကိုယ်မင်းအနားက တစ်စက္ကန့်တောင်မခွာချင်တာ တခြားဘယ်သူများကိုယ့်လိုဆွဲဆောင်မှုအောက်ရောက်သွားမလဲလို့

Snow FlakeWhere stories live. Discover now