[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီး...

By Juliexin__

230K 37.2K 1.8K

I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just t... More

*199* ခင်ဗျားလှည့်စားတာ
*200* မယုံနိုင်စရာဘဲ
*201* ပထမဆုံးအတွင်းကျကျရင်းနှီးမှု
*202* မင်းကိုယ့်ကိုစချင်နေရုံပါ
*203* မင်းကျင့်ကြံဖော်ပြောင်းလိုက်တာလား
*204* ခင်ဗျားအရမ်းကြမ်းပြီးအထိန်းအကွပ်မရှိတော့ရင်ကျွန်တော်ခံနိုင်မှာမဟုတ်ဘူး
*205* အရက်မူးပြီးနောက်
*206* သုံးစားမရတော့ဘူး
*207* သားရဲဖော်ထုတ်မှန်
*208* ချိုမြိန်တဲ့မိသားစုအချိန်လေး
*209* သန့်စင်ယင်ခန္ဓာကိုယ်
*210* ဖာသာ
*211* ငါလှည့်ဖျားခံနေရပြီ
*212* အဖေ့ကိုဖေဖေဘဲနိုင်တာ
*213* မိုးကြိုးစမ်းသပ်မှု
*214* အရူးအမူးမိုးကြိုးပစ်ချခြင်း
*215* သေးနဲ့ရေချိုးခြင်း
*216* တစ်ခြားရုန်ယိထပ်ပေါ်လာခြင်း
*217* လက်ထပ်ပွဲရွှေ့ဆိုင်းခြင်း
*218* အရမ်းချစ်ဖို့ကောင်းကြတာဘဲ
*219* သဝန်တိုနေတာလား
*220* တွေ့ဆုံရမဲ့ရေစက်ရှိပေမဲ့အတူနေရမဲ့ကံကြမ္မာမရှိဘူး
*221* ကိုယ်မစောင့်နိုင်တော့လို့
*222* သခင်ကြီးထပ်ပြီးငယ်ရွယ်သွားပြီ
*223* ငါတို့ပူးပေါင်းလို့ရတယ်
*224* နောက်တစ်ကြိမ်ဆိုတာမရှိဘူး
*225* ချီလန်ဆီမှလက်ဆောင်
*226* သူဒဏ်ရာရသွားတယ်
*227* နေ့ခင်းဘက်မှာမကောင်းတာလေးလုပ်ရအောင်
*228* ဒါတစ်ကယ်ဘဲငါလား
*229* ဖိတ်ကြားလွှာ
*230* ငါ့လူကအရမ်းချမ်းသာတာဘဲ
*231*
*232* သူ့အသက်နဲ့ဆိုသူကမှမင်းကိုဖေဖေလို့ခေါ်ရမှာ
*233* ဆေးလုံးကိုပြန်အနိုင်ရပြီ
*234* ယောင်အာ့ဖေဖေနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ
*235* ရတနာမြေပုံ
*236* အခုငါဘယ်လောက်စွမ်းအားကြီးမှန်းသိသွားပြီမလား
*237* ကိုရင်လေး
*238* ဘယ်သူကအစစ်လဲ
*239* မေ့ဖို့ခက်တယ်
*240* စားစရာလေးပျံပြေးသွားပြီ
Not Update Just Notice
*241* ကံဆိုးတာပါ
*242* မထိန်းနိုင်တော့ဘူး
*243* ဖျက်လိုဖျက်ဆီးလုပ်ခံရခြင်း
*244* အီး..ရွံစရာကြီး
*245* မိုးကောင်ကင်ရဲ့အကူအညီ
*246* ကိုယ်မင်းကိုချစ်တယ်
*247* နောက်တစ်ကြိမ်ဆိုတာမရှိဘူး
*248* သွေးခွဲခြင်း
*249* နဂါးဟိန်းသံ
*250* အထင်သေးတာလေ
*251* မင်းကဒီနေရာနဲ့မသက်ဆိုင်ဘူး
*253* ချန်ထားရစ်ခဲ့ခြင်း(၁)
*254* ချန်ထားရစ်ခဲ့ခြင်း(၂)
*255* ချန်ထားရစ်ခဲ့ခြင်း(၃)
*256* ချန်ထားရစ်ခဲ့ခြင်း(၄)
*257* ချန်ထားရစ်ခဲ့ခြင်း(၅)
*258* ချန်ထားရစ်ခဲ့ခြင်း(၆)
*259* ချန်ထားရစ်ခဲ့ခြင်း(၇)

*252* ကျွန်တော့်လူကအရမ်းချစ်ဖို့ကောင်းတာဘဲ

1.3K 268 13
By Juliexin__

*252* ကျွန်တော့်လူကအရမ်းချစ်ဖို့ကောင်းတာဘဲ

နောက်တစ်နေ့မနက်ခင်းမှာ ယင်ကျင်းရဲ့နှင့် ချီလန်တို့ မင်ဖင်းယိုကိုခေါ်ပြီး ပြန်ရောက်လာကြသည်။

​ထို့နောက် အစေခံတွေက မနေ့က ပိုင်ယွမ်ချန်ရဲ့ကိစ္စကို ချက်ချင်း ပြန်တင်ပြလိုက်ကြသည်။

ရုန်ယိနဲ့ပိုင်ယွမ်ချန်တို့ တိုက်ခိုက်တာတွေ ဘာတွေမဖြစ်ခဲ့ဘူးဆိုတာ ကြားပြီးနောက် ယင်ကျင်းရဲ့ မင်ဖင်းယိုကို သူနေတဲ့ခြံဝန်းထဲ အရင်ဆုံး ပြန်ခေါ်သွားပေးလိုက်သည်။

ယင်သခင်မအပါအဝင်လူတိုင်း မင်ဖင်းယို တစ်ကိုယ်လုံးအကောင်းအတိုင်းပြန်ရောက်လာတာ တွေ့ရမှသာ စိတ်သက်သာရာရသွားကြတော့သည်။

"ယိုအာ... အဆင်ပြေရဲ့လား"
ယွမ်ယင်းယင်းမှာ လျှောက်လာပြီး မင်ဖင်းယိုရဲ့လက်ကိုကိုင်ရင်း မေးလာသည်။

မင်ဖင်းယိုက ခေါင်းခါပြလာသည်။
"အမေ... ကျွန်တော် အဆင်ပြေပါတယ်"

ယင်သခင်မက ယင်ကျင်းရဲ့ကို မေးလိုက်သည်။
"ရဲ့အာ... ဘာတွေဖြစ်သွားလို့လဲ... မင်းတို့တွေ တစ်ညလုံး ဘာလို့အပြင်ရောက်နေကြတာလဲ"

"ဖင်းယို ယင်ဟော့ယောင်လူတွေရဲ့ စိတ်ညှို့ထားတာ ခံလိုက်ရတာ.. ပြီးတော့ သူတို့က ဖင်းယိုကနေတဆင့် စန်စန်ကိုခေါ်ထုတ်ပြီး သူ့ရဲ့ သက်တံ့ရောင်ဝိညာဥ်သွေးကြောကို ထုတ်ယူကြမလို့"

အမှန်တော့ သူ သတိလျှော့ချထားဟန်ဆောင်ကာ ယင်ဟော့ယောင်တို့ကို အခွင့်အရေးပေးလိုက်ခြင်းပင်။ ဒါမှ ခြေရာခံပြီးသူတို့ကိုရှာဖွေနိုင်မှာဖြစ်တာကြောင့် သူ့လူတွေက အမှောင်ထဲမှနေကာ မင်ဖင်းယိုရဲ့လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေကြပြီး သူ အခြေအနေကို သတင်းပို့ဖို့ထွက်သွားတဲ့အချိန် မင်ဖင်းယိုနောက်ကနေ လိုက်သွားကြတာဖြစ်သည်။

ယင်သခင်မတို့တွေမှာ အကုန်လုံး ပင့်သက်ရှိုက်လိုက်မိကြသည်။

ယင်သခင်မက ရေရွတ်သလိုပြောလာ၏။
"သူသိသွားပြီ... နောက်ဆုံးတော့ သူသိသွားပြီ.. ငါသိသားဘဲ.. သူမင်းတို့ကို အလွယ်တကူ လက်လွှတ်ပေးမှာမဟုတ်ဘူးဆိုတာ"

"ခွေးမသား!!.. ကိုယ့်သားအရင်းနဲ့ မြေးအရင်းကိုတောင်မှ အလွတ်မပေးနိုင်ဘူးလား"
မင်သခင်ကြီးကလည်း ဒေါသတကြီး ဆဲရေးလာသည်။

ယင်သခင်မက သူ့ကိုပြောလာသည်။
"ဒါဆို မင်းတို့မနေ့က အပြင်ထွက်သွားတာက..."

ယင်ကျင်းရဲ့ ရှင်းပြလိုက်သည်။
"ကျွန်တော်တို့က ဖင်းယိုကနေတဆင့် ယင်ဟော့ယောင်ကို ဖမ်းမလို့စီစဥ်ထားတာ.. ဒါပေမဲ့ သူက ဉာဏ်များလွန်းပြီး လူကိုယ်တိုင်ထွက်မလာဘဲ တစ်ခြားတစ်ယောက်ကိုဘဲလွှတ်ပြီး ဖင်းယိုကို အခြေအနေအကြာင်းမေးခိုင်းလိုက်တယ်.. ဒါကြောင့် ကျွန်တော်တို့လည်း သူ့လက်အောက်ငယ်သားတစ်ယောက်ကိုဘဲ ဖမ်းမိလိုက်တယ်"

သူတို့ ထိုလူ့ကို တမင်သက်သက်ထွက်ပြေးခွင့်ပေးလိုက်ပေမဲ့ လမ်းတစ်ဝက်မှာဘဲ ထိုသူက ပေါက်ကွဲသွားတော့သည်။ သိသာလှစွာဘဲ ယင်ဟော့ယောင်က သူတို့ သူ့ကိုရှာတွေ့သွားမှာမျိုးမလိုချင်ပေ။

ယင်သခင်မမှာ သက်ပြင်းသာချလိုက်မိသည်။

မင်လျန်ယင် မေးလာ၏။
"မင်းတို့ ယိုအာအပေါ်က စိတ်ညှို့အတတ်ကို​ ဖယ်ပစ်လိုက်ပြီးပြီလား"

"ပြီးပြီ"

ထိုသို့ကြားမှပင် ယွမ်ယင်းယင်းမှာ လုံးလုံး စိတ်လျှော့ချလိုက်နိုင်တော့သည်။

ချီလန်က အေးစက်စွာနှာခေါင်းရှုံ့လျက်
"ငါမင်းကိုပြောပါတယ်... ယင်စန်စန်အဖြစ် ရုပ်ဖျက်ဖို့ ကလေးတစ်ယောက်လိုပါတယ်လို့.. ဒီတော့မှ အဲ့မြေခွေးအိုကြီးက လူကိုယ်တိုင်ထွက်လာမှာ"

ယင်သခင်မက ခေါင်းခါကာဆိုလာသည်။
"သူက ကိစ္စတစ်ခုလုပ်တဲ့အချိန် သတိအရမ်းကြီးတယ်..ပြီးတော့ သူ့ကိုယ်ပိုင်အသက်ကို တစ်ခြားဘယ်အရာထက်မဆို တန်ဖိုးထားတယ်.. မင်းတို့နဲ့အတူ ကလေးတစ်ယောက်ခေါ်သွားခဲ့ရင်တောင်မှ သူကိုယ်တိုင်ထွက်လာမှာ မဟုတ်ဘူး.. ဒါ့အပြင် သူ့နားမှာ နိမိတ်ဖတ်နိုင်တဲ့ စစ်ကျဲ့လည်းရှိသေးပြီး သူ့ကို ကံဆိုးမှုကို ကံကောင်းမှုအဖြစ်ပြောင်းလဲနိုင်အောင်လည်း ကူညီပေးနိုင်သေးတယ်.. ဒီကိစ္စက ဒီလောက်မလွယ်ဘူး"

ချီလန် - "ဒါဆို ကျွန်တော်တို့ သူ့ကိုဘယ်လိုရှာကြမလဲ"

"..."
သူ့မေးခွန်းကို ယင်သခင်မလည်း ပြန်မဖြေပေးတတ်ချေ။

"ယင်ဟော့ယောင်ရဲ့စိတ်အရဆို သူ့တစ်သက်လုံးတော့ ပုန်းမနေနိုင်ဘူး.. အနှေးနဲ့အမြန် ငါတို့သူ့ကို ဖမ်းနိုင်မှာဘဲ.. ငါ ရှောင်ယိကို အရင်သွားကြည့်လိုက်ဦးမယ်"
ယင်ကျင်းရဲ့ လှည့်ထွက်လာခဲ့လိုက်သည်။

"ငါ.."
ချီလန်လည်း သူနဲ့အတူသွားကာ ရုန်ယိရဲ့အမြင်ကိုမေးချင်ပေမဲ့ သူ့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမယ်မှန်းလဲ မသိတာကြောင့် ထိုအတွေးတွေကို ပယ်ချလိုက်တော့သည်။

ယင်သခင်မက သူ့ကို စိုးရိမ်တကြီး မေးလာသည်။
"မင်းလူတွေကိုရော ကောင်းကောင်းစီစဥ်ပေးပြီးပြီလား"

"ကျွန်တော်သူတို့ကို ဘုရားကျောင်းအသစ်ထဲ ထားထားတယ်"
ချီလန် ပြန်ဖြေလိုက်၏။

ယင်သခင်မက သက်ပြင်းချလိုက်ကာ
"ပေပနယ်မြေမှာ ရတနာရှိတယ်ဆိုတဲ့သတင်းကို တစ်ယောက်ယောက်ကဖြန့်လိုက်ကတည်းက ငါအမြဲတမ်း ရင်ထဲ စိုးရိမ်နေမိသလို ခံစားနေရတာ.. အကုန်လုံး အဆင်ပြေသွားပါစေဘဲ ဆုတောင်းတယ်"

ချီလန် "..."

ယင်ကျင်းရဲ့ ရုန်ယိကိုတွေ့တဲ့အချိန် ရုန်ယိက ကလေးတွေနဲ့ဆော့ကစားနေကာ လက်ထဲ ကင်မရာတစ်လုံးကိုင်ပြီး ကလေးတွေရဲ့ပုံတွေကိုလိုက်ရိုက်နေတာဖြစ်၏။

မျက်လုံးထောင့်မှ ယင်ကျင်းရဲ့ကိုတွေ့လိုက်တာကြောင့် ရုန်ယိ ဖောရှင်းကို မေးလိုက်သည်။
"ငါ့အပြုံးက အဆင်ပြေရဲ့လား.. မင်းအထင် အရမ်းလုပ်ယူထားသလိုကြီးများ ဖြစ်နေလား"

သူသာ ဒီမှာဆက်နေရင် သူ့ဘေးကလူတွေ ထိခိုက်လိမ့်မယ်ဆိုတဲ့ ဖောရှင်းရဲ့စကားကိုကြားလိုက်ရတုန်းက သူအတော်လေး ဝမ်းနည်းခဲ့ရသည်။ ထိုအခိုက်အတန့်လေး၌ သူဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ နာကျင်မှုမျိုးကို ခံစားလိုက်ရ၏။ သူတစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားကာ လုပ်ပြုံးလေးတစ်ခုတောင် ပြုံးဖို့ အားမရှိတော့။

ဒါပေမဲ့လည်း တစ်ခြားသူတွေ သူ့ထူးဆန်းနေမှုတွေကို မတွေ့စေရန် သူ့ကိုယ်သူ တွန်းအားပေးကာ ကလေးတွေနဲ့ ညစာအတူစားပေးပြီးတာနဲ့ အခန်းထဲကအပြင်မထွက်တော့။ ကံကောင်းထောက်မစွာနဲ့ဘဲ မနေ့ညက ယင်ကျင်းရဲ့က ပြန်ရောက်မလာခဲ့ပေ။ မဟုတ်ရင်တော့ ယင်ကျင်းရဲ့ကို ဘယ်လိုစိတ်အခြေအနေနဲ့ မျက်နှာချင်းဆိုင်ရမှန်း သူတစ်ကယ်ကိုမသိတော့။

တစ်ညတာ နာကျင်စွာရုန်းကန်မှုတွေ ဝမ်းနည်းအားနာမှုတွေကို ဖြတ်ကျော်ပြီးနောက် ယင်ကျင်းရဲ့နဲ့ကျန်သူတွေ အသက်ဆက်ရှင်နိုင်ရန်အတွက် သူထွက်သွားတော့ဖို့ရန် ရွေးချယ်ခဲ့သည်။ အခုလိုမျိုး အချိန်က အကန့်အသတ်ဘဲကျန်တော့တဲ့အချိန်မှာ လူတိုင်း ဝမ်းနည်းနေကြမှာမျိုး သူမဖြစ်စေလိုပေ။

ဖောရှင်းက သူ့ရဲ့တောက်ပနေတဲ့အပြုံးကိုကြည့်လိုက်ကာ
"မဖြစ်ဘူး... အရမ်းကောင်းပါတယ်"

ပြီးမှသာ ရုန်ယိ ယင်ကျင်းရဲ့ကို လှည့်ကြည့်လိုက်သည်။
"ကလေးတွေအဖေ.. ခင်ဗျား မနေ့ညက ဘယ်တွေသွားနေတာလဲ"

ယင်ကျင်းရဲ့က သူ့ဘေးနားဝင်ထိုင်ကာ မင်ဖင်းယိုအကြောင်းတွေ ပြောပြလိုက်သည်။

ရုန်ယိ စိုးရိမ်စွာပြောလိုက်၏။
"ယင်ဟော့ယောင်က မင်ဖင်းယိုကို စိတ်လှည့်စားအတတ်သုံးပြီး စန်စန်လေးရဲ့ သက်တံ့ရောင်ဝိညာဥ်သွေးကြောကို ယူဖို့လုပ်တာလား... သောက်လခွီးတဲ့မှဘဲ!... အခု ဖင်းယိုရော အဆင်ပြေရဲ့လား "

"စိတ်ညှို့အတတ်ကို ဖယ်ရှားပေးပြီး သူ့ကိုစစ်ဆေးကြည့်ပေးပြီးပြီ.. သူအဆင်ပြေတယ်.. ကိုယ်ကြားတာ ပိုင်ယွမ်ချန် ရောက်လာတယ်ဆို.. ဘာအတွက်တဲ့လဲ"

ရုန်ယိက ဆင်​ခြေတစ်ခုရှာထားပြီးပြီဖြစ်တာကြောင့် ပြောလိုက်သည်။
"ဒီတိုင်း လာကြည့်ရုံပါ.. သူပြောတာတော့ စစ်ကျဲ့အတွက် သန့်စင်ယင်ခန္ဓာကိုယ်ကို အပိုင်ရနိုင်ဖို့က မလွယ်ဘူးတဲ့"

"သူက မင်းကို ဒီကမ္ဘာဆီခေါ်လာတဲ့သူ ဟုတ်မဟုတ်ရော မေးကြည့်လိုက်သေးလား"

"မေးတယ်.. သူကလည်း ဟုတ်တယ် အဲ့တာသူတဲ့... ဒါပေမဲ့ ကျွန်တော့်ကို ဘာအကြောင်းပြချက်ဆိုတာ မပြောဘဲ ထွက်သွားတယ်လေ"

ယင်ကျင်းရဲ့ မျက်လုံးတွေမှေးစင်းသွား၏။
"သူ မင်းကို ဒီကို ခေါ်ခဲ့တာ သေချာပေါက် အကြောင်းပြချက်ရှိတယ်.. နောက်တစ်ကြိမ် သူ့ကိုထပ်တွေ့ရင် သူနဲ့ဝေးဝေးနေ... သူမင်းကို အသုံးမချစေနဲ့"

"အကယ်၍ သူကျွန်တော့်ကို အသုံးချချင်တယ်ဆိုရင်တောင်မှ ဒါက ကျွန်တော် သဘောတူမတူဆိုတာပေါ် မူတည်သေးတယ်လေ"
ရုန်ယိ သူ့လက်ထဲက ကင်မရာကိုငုံ့ကြည့်ရင်း သူ့မျက်ဝန်းတွေထဲက ခံစားချက်အစစ်တွေကို ဖုန်းကွယ်ဖို့ ကြိုးစားလိုက်သည်။

ယင်ကျင်းရဲ့ သူ့လက်ထဲက ကင်မရာကိုကြည့်လိုက်ပြီး
"ဒါ မင်းအရင်တစ်ခေါက်က ပြောဖူးတဲ့ ကင်မရာဆိုတာလား"

"ဟုတ်တယ်.. ကျွန်တော် ဒီနေ့ ကလေးတွေအတွက် ပုံတွေအများကြီးရိုက်ပေးထားတာ"
ရုန်ယိ သူ့စကားအတိုင်းလိုက်ကာ ခေါင်းစဥ်ပြောင်းလိုက်ပြီး ယင်ကျင်းရဲ့ကို ပုံတွေပြလိုက်သည်။
"ကလေးတွေအဖေ.. ခင်ဗျားရော ပုံနည်းနည်းလောက် ရိုက်မလား"

ယင်ကျင်းရဲ့မှာ မျက်ခုံးပင့်လိုက်မိသည်။

ထို့နောက် ရုန်ယိက ကင်မရာကို ယင်ကျင်းရဲ့ဆီချိန်ပြီး နှိပ်ချလိုက်သည်။
"​ရပြီ"

"တစ်ကယ်လား"
ယင်ကျင်းရဲ့မှာ အံ့သြသွား၏။
"ဒီလောက်တောင်မြန်လား"

သူထင်ခဲ့တာက ပုံရိုက်ရန် တစ်ခြားဟာတွေပါလုပ်စရာလိုသေးဦးမည်ဟု။

ရုန်ယိ သူ့ကို ပြလိုက်၏။
"ဒါပေါ့.. ဒါလေးကိုနှိပ်လိုက်တာနဲ့ရပြီလေ.. ဟားဟား... ခင်ဗျားရဲ့ဒီပုံက ကြည့်ရတာ နည်းနည်းပျင်းစရာကြီး.. ကျွန်တော် နည်းနည်းထပ်ရိုက်ပေးမယ်... လာ.. ကျွန်တော့်ကိုပြုံးပြ"

ယင်ကျင်းရဲ့မှာ ထိုထူးထူးဆန်းဆန်းပစ္စည်းကြီးကို ပြုံးပြရန်က ကြောင်တောင်တောင်နိုင်လှသည်ဟု ခံစားနေရတာကြောင့် ပြုံးမပြနိုင်။

သူ့ရဲ့ ကင်မရာအရှေ့မှာ အရမ်းတောင့်တင်းနေပုံကြောင့် ရုန်ယိ သူ့ကို နှုတ်ခမ်းဆူပြလိုက်သည်။
"လာလာ.. ကျွန်တော့်ကို အနမ်းလေးပေး.. အနမ်းပေး... အနမ်းလေး.."

ထိုပုံစံလေးက အတော်လေးရယ်ရတာကြောင့် ယင်ကျင်းရဲ့ ပြုံးသွားသည်။

ရုန်ယိ ကင်မရာကိုအမြန်ဆွဲကာ ထိုမြင်ကွင်းကို ရိုက်ယူထားလိုက်၏။
"ကလေးတွေအဖေ... ခင်ဗျား ပြုံးလိုက်ရင် အရမ်းဆွဲဆောင်မှုရှိတာ သိလား"

သူ ကင်မရာထဲကသူကို နမ်းလိုက်၏။

ယင်ကျင်းရဲ့ သူ့ကိုပြောလာသည်။
"ကိုယ့်ကိုပြကြည့်"

ရုန်ယိ သူ့ဆီ ကင်မရာကို ကမ်းပေးလိုက်လေသည်။
"ဘယ်လိုလဲ.. အဆင်ပြေတယ်မလား"

ယင်ကျင်းရဲ့ ကင်မရာထက်က ခန့်ညားတောက်ပလွန်းတဲ့အပြုံးနဲ့အမျိုးသားကို ကြည့်ပြီး အံ့သြသွား၏။
"ဒါ တစ်ကယ်ဘဲ ကိုယ်လား"

သူ့ကိုယ်သူ ပြုံးရတာသဘောမကျမှန်း တစ်ခြားသူတွေနဲ့ စကားအများကြီးပြောရတာ သဘောမကျမှန်း သူသိသည်။ ဒါကြောင့် သူ့အပြုံးက ဒီလောက် နွေးထွေးလွန်းမယ်လို့ သူမထင်ထားမိခဲ့။

"ကျွန်တော့်လူက အရမ်းချစ်ဖို့ကောင်းတာဘဲ"
ရုန်ယိပြုံးရင်း ကင်မရာကို ဖောရှင်းဆီပေးကာ
"ငါတို့နှစ်ယောက်ကို ပုံနည်းနည်းလောက် ရိုက်ပေးပါဦး"

ဖောရှင်းမှာ နှုတ်ခမ်းတွေလှုပ်သွားပေမဲ့ သူ့ရင်ထဲကစကားတွေကို ထွက်ကျမလာအောင် ထိန်းချုပ်ထားလိုက်နိုင်ပြီး တစ်ခုသာ ပြန်မေးလိုက်သည်။
"ဒီကိုနှိပ်လိုက်ရမှာလား"

"ဟုတ်တယ်"

ရုန်ယိ ယင်ကျင်းရဲ့နဲ့အတူရပ်ရင်း တစ်ပုံရိုက်သည်။ သူ့ကိုဖက်ထားရင်း နောက်တစ်ပုံရိုက်လိုက်ပြီး နောက်ဆုံး ရိုက်တဲ့အချိန် ယင်ကျင်းရဲ့ကို သူ့မျက်နှာကို နမ်းခိုင်းလိုက်သည်။

"ရပြီ.. ​ရိုက်ပြီးပြီ"
ဖောရှင်းက ရုန်ယိဆီ ကင်မရာပြန်ပေးလာ၏။

ရုန်ယိ ပျော်မြူးစွာနဲ့ ပုံတွေကို စစ်ကြည့်နေလိုက်သည်။

ယင်ကျင်းရဲ့ ဘေးကနေ ကြည့်နေရင်း မေးလာသည်။
"ဘာလို့ ရုတ်တရက်ကြီး ပုံရိုက်ဖို့ တွေးမိသွားတာလဲ"

ရုတ်ယိမျက်ဝန်းထဲ ခါးသီးတဲ့ခံစားချက်အချို့ ဖြတ်ပြေးသွား၏။ သို့ပေမဲ့ ဝမ်းနည်းနေမှုတွေကို ဖိနှိပ်ကာ အပြုံးတစ်ခုပေါ်လာအောင် အားထုတ်လိုက်လေသည်။
"ဒီမနက်က.. စန်စန်လေးတို့တွေ အရပ်ရှည်လာကြတာ ရုတ်တရက် သတိထားမိသွားလို့လေ..ဒါကြောင့် ပုံတွေရိုက်ပြီး သူတို့လေးတွေကို မှတ်တမ်းတင်ထားချင်တာ.. သူတို့ကြီးပြင်းသွားတဲ့အချိန်ကျရင် သူတို့လေးတွေငယ်ငယ်က ဘယ်လိုဆိုတာ သိနိုင်တာပေါ့.. ပြီးတော့ ကျွန်တော်တို့ အသက်တွေကြီးသွားတဲ့အချိန်.. ကျွန်တော်တို့ ဘယ်လောက်နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ကြတယ်ဆိုတာ ဒီပုံတွေကနေတဆင့် ပြန်မြင်နိုင်တာပေါ့"

ယင်ကျင်းရဲ့ သူ့စကားကြောင့် ရယ်ချင်သွားရကာ မေးလိုက်သည်။
"ဘာလဲ.. ကိုယ်တို့အသက်တွေကြီးသွားတဲ့အချိန်ကျရင် အခုလို တစ်ယောက်နဲ့တစ်ယောက် မချစ်ကြတော့ဘူးလို့ ဆိုလိုတာလား"

"ဒါကပြောဖို့ခက်တယ်လေ.. ဒါပေမဲ့ ကျွန်တော့်အတွက်သေချာတဲ့အရာတစ်ခုက ခင်ဗျား တစ်ကိုယ်လုံး အရေတွေတွန့်ပြီး သွားတွေမရှိတော့ရင်တောင်မှ ကျွန်တော်က အခုလိုမျိုး ချစ်ပေးနေမှာဘဲ"
ရုန်ယိ သူ ဒီလူနဲ့အတူရှိမနေနိုင်တော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှ သူ့ကိုယ်သူ ဒီယောက်ျားကိုဘယ်လောက်တောင် ချစ်မိနေလဲဆိုတာ သိလိုက်ရသည်။ သူချစ်ရတဲ့သူနဲ့ ခွဲခွာရတော့မယ်လို့ စဥ်းစားလိုက်မိတဲ့အချိန်တိုင်း ငိုချပစ်လိုက်ချင်သည်။

အကယ်၍ ဒီကိုမကူးပြောင်းလာခင်ကသူသာဆိုရင် တစ်နေ့နေ့မှာ သူယောက်ျားတစ်ယောက်အတွက် ငိုလိမ့်မယ်ဆိုတာ ဘယ်လိုမှ ယုံကြည်နိုင်မှာမဟုတ်။

"ကိုယ့်မျက်နှာတစ်ခုလုံး အရေတွေတွန့်သွားတာလား.. ပြီးတော့ သွားတွေလည်း အကုန်မရှိတော့ဘူးပေါ့"
ယင်ကျင်းရဲ့မှာ ရုန်ယိအသက်ကြီးသွားတဲ့အချိန် ဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာ မနေနိုင်ဘဲ ပုံဖော်ကြည့်လိုက်မိသည်။
"မင်း အသက်ကြီးသွားရင်ရော ဘယ်လိုပုံစံဖြစ်သွားမလဲ.. ရှေ့သွားနှစ်ချောင်းကျိုးသွားမလား.. ပြီးတော့ စကားပြောတိုင်း လေတွေထွက်နေမှာလား"

"အဟင်း"
သူပြောတဲ့အတိုင်းဖြစ်လာမဲ့ ရုန်ယိပုံစံကိုတွေးကြည့်လိုက်မိတဲ့အခါ မရယ်ဘဲမနေနိုင်တော့။

ဖောရှင်းလည်း မနေနိုင်ဘဲ အသံထွက်ရယ်လိုက်မိသည်။

"ဟေးး.."
ရုန်ယိ သူ့ကိုစိုက်ကြည့်လိုက်သည်။

ယင်ကျင်းရဲ့ ရုန်ယိကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ ပြောလာ၏။
"အကယ်၍ သေမျိုးလောကမှာဆိုရင်တော့ ကိုယ်တို့တွေ အခုပြောသလိုပုံစံမျိုး ပြောင်းသွားနိုင်တယ်.. ဒါပေမဲ့ ဒါက ကျင့်ကြံရေးလောကလေ.. အဲ့နေ့က ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး.."

သို့သော်လည်း ရုန်ယိရဲ့ ရှေ့သွားနှစ်ချောင်းကျိုးနေတဲ့ပုံကို ​မြင်ယောင်မိတဲ့အခါ မထိန်းနိုင်ဘဲ ထပ်ရယ်လိုက်မိပြန်သည်။

ထိုအခါ ရုန်ယိက ကင်မရာကောက်ကိုင်ပြီးခလုတ်ကိုအရူးအမူးနဲ့ ဆက်တိုက်နှိပ်ချတော့သည်။
"ရယ်.. ရယ်နေလိုက်.. ဒါမှ ကျွန်တော် ပုံများများရိုက်လို့ရမှာ"

သူ့မှာ ဒီအခွင့်အရေးကိုသာအရယူပြီး သူ့ပုံတွေပိုများများ ရိုက်ထားနိုင်လေသည်။  ပြန်သွားပြီးနောက် ဒီလူကိုသတိရလွမ်းမိတဲ့အချိန်တိုင်း ဒီပုံတွေကနေတဆင့် သူတို့ရဲ့ သာယာလှပတဲ့အမှတ်တရတွေကို ပြန်တွေးကြည့်နိုင်၏။

ယင်ကျင်းရဲ့ သူ့ကို ရယ်ပြနေရင်းနဲ့
"ကောင်းပြီလေ.. များများသာ ရိုက်ထားလိုက်"

သူ့ကိုငေးကြည့်နေတဲ့ ယင်ကျင်းရဲ့မျက်ဝန်းတွေထဲက နူးညံ့ညင်သာမှုတွေကို ကြည့်ရင်း ရုန်ယိမှာ ရင်ထဲတင်းကြပ်လာရတော့သည်။
"ကလေးတွေအဖေ.. ကျွန်တော်..."

ဒီနောက် သူ့ပါးစပ်သူ အမြန်ပိတ်လိုက်ရသည်။

နည်းနည်းလေးဘဲ လိုတော့သည်....

ယင်ကျင်းရဲ့ မျက်ခုံးတွေ ပင့်သွားကာ မေးလာသည်။
"ဘာလို့လဲ"

"ခဏနေ နေ့လည်စာစားရင် ကျွန်တော်တို့ တစ်မိသားစုလုံးရဲ့ပုံပါ ရိုက်ချင်လို့"

"ကောင်းပြီလေ"
ယင်ကျင်းရဲ့က ပြုံးရင်း ပြန်ပြောလာသည်။
"ကိုယ်တို့ လက်ထပ်တဲ့အချိန်ကျရင်လည်း ရှို့ကျို့တို့ကို မနက်ကနေညအထိ ပုံတွေရိုက်ခိုင်းပြီး လက်ထပ်ပွဲနေ့တစ်နေ့လုံးကို အသေးစိတ်မှတ်တမ်းတင်ထားကြမယ်.. ပြီးတော့ ကိုယ်တို့နှစ်ယောက်လုံး ရှေ့သွားတွေမရှိတော့တဲ့အချိန်ကျရင် ဒီပုံတွေပြန်ကြည့်ပြီး ကိုယ်တို့ရဲ့သာယာချိုမြိန်ခဲ့တဲ့အချိန်လေးတွေကို ပြန်တွေးကြည့်ကြလို့ရတာပေါ့"

ထိုစကားတွေကြားလိုက်ရတဲ့အချိန် ရုန်ယိမှာ မျက်လုံးတွေချက်ချင်းရဲတက်လာပြီး မျက်ရည်ကျလုနီးနီးပင်။ ကံကောင်းစွာနဲ့ဘဲ သူ့မျက်လုံးရှေ့မှာ ကင်မရာကွယ်နေတာကြောင့် ယင်ကျင်းရဲ့ကတော့ မမြင်သွားခဲ့။

ဖောရှင်းမှာလည်း သက်ပြင်းတစ်ချက်ခိုးချလိုက်မိပြီး ဒီမြင်ကွင်းကို ဆက်မကြည့်ရက်တော့တာကြောင့် ကလေးတွေနဲ့ဆော့ကစားရန်အတွက် လှည့်ထွက်သွားတော့သည်။

နေ့လည်စာစားချိန်ရောက်တဲ့အခါ ယင်ကျင်းရဲ့က အရင်ဦးဆုံး လူတိုင်းကို စားပွဲရှေ့နေရာတကျထိုင်စေကာ မိသားစုပုံရိုက်စေပြီးမှသာ အစေခံတွေကို ဟင်းပွဲတွေချခိုင်းလိုက်သည်။

လူတိုင်းရဲ့အာရုံက ကင်မရာပေါ်မှာသာရောက်နေကြတာကြောင့် ရုန်ယိရဲ့ဝမ်းနည်းနေတဲ့အမူအယာကို သတိထားမိသူ ဘယ်သူမှမရှိခဲ့ချေ။

*******

Zawgyi


*252* ကြၽန္ေတာ့္လူကအရမ္းခ်စ္ဖို႔ေကာင္းတာဘဲ

ေနာက္တစ္ေန႕မနက္ခင္းမွာ ယင္က်င္းရဲ႕ႏွင့္ ခ်ီလန္တို႔ မင္ဖင္းယိုကိုေခၚၿပီး ျပန္ေရာက္လာၾကသည္။

ထို႔ေနာက္ အေစခံေတြက မေန႕က ပိုင္ယြမ္ခ်န္ရဲ႕ကိစၥကို ခ်က္ခ်င္း ျပန္တင္ျပလိုက္ၾကသည္။

႐ုန္ယိနဲ႕ပိုင္ယြမ္ခ်န္တို႔ တိုက္ခိုက္တာေတြ ဘာေတြမျဖစ္ခဲ့ဘူးဆိုတာ ၾကားၿပီးေနာက္ ယင္က်င္းရဲ႕ မင္ဖင္းယိုကို သူေနတဲ့ၿခံဝန္းထဲ အရင္ဆုံး ျပန္ေခၚသြားေပးလိုက္သည္။

ယင္သခင္မအပါအဝင္လူတိုင္း မင္ဖင္းယို တစ္ကိုယ္လုံးအေကာင္းအတိုင္းျပန္ေရာက္လာတာ ေတြ႕ရမွသာ စိတ္သက္သာရာရသြားၾကေတာ့သည္။

"ယိုအာ... အဆင္ေျပရဲ႕လား"
ယြမ္ယင္းယင္းမွာ ေလွ်ာက္လာၿပီး မင္ဖင္းယိုရဲ႕လက္ကိုကိုင္ရင္း ေမးလာသည္။

မင္ဖင္းယိုက ေခါင္းခါျပလာသည္။
"အေမ... ကြၽန္ေတာ္ အဆင္ေျပပါတယ္"

ယင္သခင္မက ယင္က်င္းရဲ႕ကို ေမးလိုက္သည္။
"ရဲ႕အာ... ဘာေတြျဖစ္သြားလို႔လဲ... မင္းတို႔ေတြ တစ္ညလုံး ဘာလို႔အျပင္ေရာက္ေနၾကတာလဲ"

"ဖင္းယို ယင္ေဟာ့ေယာင္လူေတြရဲ႕ စိတ္ညွို႔ထားတာ ခံလိုက္ရတာ.. ၿပီးေတာ့ သူတို႔က ဖင္းယိုကေနတဆင့္ စန္စန္ကိုေခၚထုတ္ၿပီး သူ႕ရဲ႕ သက္တံ့ေရာင္ဝိညာဥ္ေသြးေၾကာကို ထုတ္ယူၾကမလို႔"

အမွန္ေတာ့ သူ သတိေလွ်ာ့ခ်ထားဟန္ေဆာင္ကာ ယင္ေဟာ့ေယာင္တို႔ကို အခြင့္အေရးေပးလိုက္ျခင္းပင္။ ဒါမွ ေျခရာခံၿပီးသူတို႔ကိုရွာေဖြနိုင္မွာျဖစ္တာေၾကာင့္ သူ႕လူေတြက အေမွာင္ထဲမွေနကာ မင္ဖင္းယိုရဲ႕လႈပ္ရွားမႈမွန္သမွ်ကို ေစာင့္ၾကည့္ေနၾကၿပီး သူ အေျခအေနကို သတင္းပို႔ဖို႔ထြက္သြားတဲ့အခ်ိန္ မင္ဖင္းယိုေနာက္ကေန လိုက္သြားၾကတာျဖစ္သည္။

ယင္သခင္မတို႔ေတြမွာ အကုန္လုံး ပင့္သက္ရွိုက္လိုက္မိၾကသည္။

ယင္သခင္မက ေရ႐ြတ္သလိုေျပာလာ၏။
"သူသိသြားၿပီ... ေနာက္ဆုံးေတာ့ သူသိသြားၿပီ.. ငါသိသားဘဲ.. သူမင္းတို႔ကို အလြယ္တကူ လက္လႊတ္ေပးမွာမဟုတ္ဘူးဆိုတာ"

"ေခြးမသား!!.. ကိုယ့္သားအရင္းနဲ႕ ေျမးအရင္းကိုေတာင္မွ အလြတ္မေပးနိုင္ဘူးလား"
မင္သခင္ႀကီးကလည္း ေဒါသတႀကီး ဆဲေရးလာသည္။

ယင္သခင္မက သူ႕ကိုေျပာလာသည္။
"ဒါဆို မင္းတို႔မေန႕က အျပင္ထြက္သြားတာက..."

ယင္က်င္းရဲ႕ ရွင္းျပလိုက္သည္။
"ကြၽန္ေတာ္တို႔က ဖင္းယိုကေနတဆင့္ ယင္ေဟာ့ေယာင္ကို ဖမ္းမလို႔စီစဥ္ထားတာ.. ဒါေပမဲ့ သူက ဉာဏ္မ်ားလြန္းၿပီး လူကိုယ္တိုင္ထြက္မလာဘဲ တစ္ျခားတစ္ေယာက္ကိုဘဲလႊတ္ၿပီး ဖင္းယိုကို အေျခအေနအၾကာင္းေမးခိုင္းလိုက္တယ္.. ဒါေၾကာင့္ ကြၽန္ေတာ္တို႔လည္း သူ႕လက္ေအာက္ငယ္သားတစ္ေယာက္ကိုဘဲ ဖမ္းမိလိုက္တယ္"

သူတို႔ ထိုလူ႕ကို တမင္သက္သက္ထြက္ေျပးခြင့္ေပးလိုက္ေပမဲ့ လမ္းတစ္ဝက္မွာဘဲ ထိုသူက ေပါက္ကြဲသြားေတာ့သည္။ သိသာလွစြာဘဲ ယင္ေဟာ့ေယာင္က သူတို႔ သူ႕ကိုရွာေတြ႕သြားမွာမ်ိဳးမလိုခ်င္ေပ။

ယင္သခင္မမွာ သက္ျပင္းသာခ်လိဳက္မိသည္။

မင္လ်န္ယင္ ေမးလာ၏။
"မင္းတို႔ ယိုအာအေပၚက စိတ္ညွို႔အတတ္ကို ဖယ္ပစ္လိုက္ၿပီးၿပီလား"

"ၿပီးၿပီ"

ထိုသို႔ၾကားမွပင္ ယြမ္ယင္းယင္းမွာ လုံးလုံး စိတ္ေလွ်ာ့ခ်လိဳက္နိုင္ေတာ့သည္။

ခ်ီလန္က ေအးစက္စြာႏွာေခါင္းရႈံ႕လ်က္
"ငါမင္းကိုေျပာပါတယ္... ယင္စန္စန္အျဖစ္ ႐ုပ္ဖ်က္ဖို႔ ကေလးတစ္ေယာက္လိုပါတယ္လို႔.. ဒီေတာ့မွ အဲ့ေျမေခြးအိုႀကီးက လူကိုယ္တိုင္ထြက္လာမွာ"

ယင္သခင္မက ေခါင္းခါကာဆိုလာသည္။
"သူက ကိစၥတစ္ခုလုပ္တဲ့အခ်ိန္ သတိအရမ္းႀကီးတယ္..ၿပီးေတာ့ သူ႕ကိုယ္ပိုင္အသက္ကို တစ္ျခားဘယ္အရာထက္မဆို တန္ဖိုးထားတယ္.. မင္းတို႔နဲ႕အတူ ကေလးတစ္ေယာက္ေခၚသြားခဲ့ရင္ေတာင္မွ သူကိုယ္တိုင္ထြက္လာမွာ မဟုတ္ဘူး.. ဒါ့အျပင္ သူ႕နားမွာ နိမိတ္ဖတ္နိုင္တဲ့ စစ္က်ဲ့လည္းရွိေသးၿပီး သူ႕ကို ကံဆိုးမႈကို ကံေကာင္းမႈအျဖစ္ေျပာင္းလဲနိုင္ေအာင္လည္း ကူညီေပးနိုင္ေသးတယ္.. ဒီကိစၥက ဒီေလာက္မလြယ္ဘူး"

ခ်ီလန္ - "ဒါဆို ကြၽန္ေတာ္တို႔ သူ႕ကိုဘယ္လိုရွာၾကမလဲ"

"..."
သူ႕ေမးခြန္းကို ယင္သခင္မလည္း ျပန္မေျဖေပးတတ္ေခ်။

"ယင္ေဟာ့ေယာင္ရဲ႕စိတ္အရဆို သူ႕တစ္သက္လုံးေတာ့ ပုန္းမေနနိုင္ဘူး.. အႏွေးနဲ႕အျမန္ ငါတို႔သူ႕ကို ဖမ္းနိုင္မွာဘဲ.. ငါ ေရွာင္ယိကို အရင္သြားၾကည့္လိုက္ဦးမယ္"
ယင္က်င္းရဲ႕ လွည့္ထြက္လာခဲ့လိုက္သည္။

"ငါ.."
ခ်ီလန္လည္း သူနဲ႕အတူသြားကာ ႐ုန္ယိရဲ႕အျမင္ကိုေမးခ်င္ေပမဲ့ သူ႕ကို ဘယ္လိုမ်က္ႏွာခ်င္းဆိုင္ရမယ္မွန္းလဲ မသိတာေၾကာင့္ ထိုအေတြးေတြကို ပယ္ခ်လိဳက္ေတာ့သည္။

ယင္သခင္မက သူ႕ကို စိုးရိမ္တႀကီး ေမးလာသည္။
"မင္းလူေတြကိုေရာ ေကာင္းေကာင္းစီစဥ္ေပးၿပီးၿပီလား"

"ကြၽန္ေတာ္သူတို႔ကို ဘုရားေက်ာင္းအသစ္ထဲ ထားထားတယ္"
ခ်ီလန္ ျပန္ေျဖလိုက္၏။

ယင္သခင္မက သက္ျပင္းခ်လိဳက္ကာ
"ေပပနယ္ေျမမွာ ရတနာရွိတယ္ဆိုတဲ့သတင္းကို တစ္ေယာက္ေယာက္ကျဖန့္လိုက္ကတည္းက ငါအၿမဲတမ္း ရင္ထဲ စိုးရိမ္ေနမိသလို ခံစားေနရတာ.. အကုန္လုံး အဆင္ေျပသြားပါေစဘဲ ဆုေတာင္းတယ္"

ခ်ီလန္ "..."

ယင္က်င္းရဲ႕ ႐ုန္ယိကိုေတြ႕တဲ့အခ်ိန္ ႐ုန္ယိက ကေလးေတြနဲ႕ေဆာ့ကစားေနကာ လက္ထဲ ကင္မရာတစ္လုံးကိုင္ၿပီး ကေလးေတြရဲ႕ပုံေတြကိုလိုက္ရိုက္ေနတာျဖစ္၏။

မ်က္လုံးေထာင့္မွ ယင္က်င္းရဲ႕ကိုေတြ႕လိုက္တာေၾကာင့္ ႐ုန္ယိ ေဖာရွင္းကို ေမးလိုက္သည္။
"ငါ့အၿပဳံးက အဆင္ေျပရဲ႕လား.. မင္းအထင္ အရမ္းလုပ္ယူထားသလိုႀကီးမ်ား ျဖစ္ေနလား"

သူသာ ဒီမွာဆက္ေနရင္ သူ႕ေဘးကလူေတြ ထိခိုက္လိမ့္မယ္ဆိုတဲ့ ေဖာရွင္းရဲ႕စကားကိုၾကားလိုက္ရတုန္းက သူအေတာ္ေလး ဝမ္းနည္းခဲ့ရသည္။ ထိုအခိုက္အတန့္ေလး၌ သူဘယ္တုန္းကမွ မခံစားခဲ့ဖူးတဲ့ နာက်င္မႈမ်ိဳးကို ခံစားလိုက္ရ၏။ သူတစ္ကိုယ္လုံး ေအးစက္ေတာင့္တင္းသြားကာ လုပ္ၿပဳံးေလးတစ္ခုေတာင္ ၿပဳံးဖို႔ အားမရွိေတာ့။

ဒါေပမဲ့လည္း တစ္ျခားသူေတြ သူ႕ထူးဆန္းေနမႈေတြကို မေတြ႕ေစရန္ သူ႕ကိုယ္သူ တြန္းအားေပးကာ ကေလးေတြနဲ႕ ညစာအတူစားေပးၿပီးတာနဲ႕ အခန္းထဲကအျပင္မထြက္ေတာ့။ ကံေကာင္းေထာက္မစြာနဲ႕ဘဲ မေန႕ညက ယင္က်င္းရဲ႕က ျပန္ေရာက္မလာခဲ့ေပ။ မဟုတ္ရင္ေတာ့ ယင္က်င္းရဲ႕ကို ဘယ္လိုစိတ္အေျခအေနနဲ႕ မ်က္ႏွာခ်င္းဆိုင္ရမွန္း သူတစ္ကယ္ကိုမသိေတာ့။

တစ္ညတာ နာက်င္စြာ႐ုန္းကန္မႈေတြ ဝမ္းနည္းအားနာမႈေတြကို ျဖတ္ေက်ာ္ၿပီးေနာက္ ယင္က်င္းရဲ႕နဲ႕က်န္သူေတြ အသက္ဆက္ရွင္နိုင္ရန္အတြက္ သူထြက္သြားေတာ့ဖို႔ရန္ ေ႐ြးခ်ယ္ခဲ့သည္။ အခုလိုမ်ိဳး အခ်ိန္က အကန့္အသတ္ဘဲက်န္ေတာ့တဲ့အခ်ိန္မွာ လူတိုင္း ဝမ္းနည္းေနၾကမွာမ်ိဳး သူမျဖစ္ေစလိုေပ။

ေဖာရွင္းက သူ႕ရဲ႕ေတာက္ပေနတဲ့အၿပဳံးကိုၾကည့္လိုက္ကာ
"မျဖစ္ဘူး... အရမ္းေကာင္းပါတယ္"

ၿပီးမွသာ ႐ုန္ယိ ယင္က်င္းရဲ႕ကို လွည့္ၾကည့္လိုက္သည္။
"ကေလးေတြအေဖ.. ခင္ဗ်ား မေန႕ညက ဘယ္ေတြသြားေနတာလဲ"

ယင္က်င္းရဲ႕က သူ႕ေဘးနားဝင္ထိုင္ကာ မင္ဖင္းယိုအေၾကာင္းေတြ ေျပာျပလိုက္သည္။

႐ုန္ယိ စိုးရိမ္စြာေျပာလိုက္၏။
"ယင္ေဟာ့ေယာင္က မင္ဖင္းယိုကို စိတ္လွည့္စားအတတ္သုံးၿပီး စန္စန္ေလးရဲ႕ သက္တံ့ေရာင္ဝိညာဥ္ေသြးေၾကာကို ယူဖို႔လုပ္တာလား... ေသာက္လခြီးတဲ့မွဘဲ!... အခု ဖင္းယိုေရာ အဆင္ေျပရဲ႕လား "

"စိတ္ညွို႔အတတ္ကို ဖယ္ရွားေပးၿပီး သူ႕ကိုစစ္ေဆးၾကည့္ေပးၿပီးၿပီ.. သူအဆင္ေျပတယ္.. ကိုယ္ၾကားတာ ပိုင္ယြမ္ခ်န္ ေရာက္လာတယ္ဆို.. ဘာအတြက္တဲ့လဲ"

႐ုန္ယိက ဆင္ေျခတစ္ခုရွာထားၿပီးၿပီျဖစ္တာေၾကာင့္ ေျပာလိုက္သည္။
"ဒီတိုင္း လာၾကည့္႐ုံပါ.. သူေျပာတာေတာ့ စစ္က်ဲ့အတြက္ သန့္စင္ယင္ခႏၶာကိုယ္ကို အပိုင္ရနိုင္ဖို႔က မလြယ္ဘူးတဲ့"

"သူက မင္းကို ဒီကမၻာဆီေခၚလာတဲ့သူ ဟုတ္မဟုတ္ေရာ ေမးၾကည့္လိုက္ေသးလား"

"ေမးတယ္.. သူကလည္း ဟုတ္တယ္ အဲ့တာသူတဲ့... ဒါေပမဲ့ ကြၽန္ေတာ့္ကို ဘာအေၾကာင္းျပခ်က္ဆိုတာ မေျပာဘဲ ထြက္သြားတယ္ေလ"

ယင္က်င္းရဲ႕ မ်က္လုံးေတြေမွးစင္းသြား၏။
"သူ မင္းကို ဒီကို ေခၚခဲ့တာ ေသခ်ာေပါက္ အေၾကာင္းျပခ်က္ရွိတယ္.. ေနာက္တစ္ႀကိမ္ သူ႕ကိုထပ္ေတြ႕ရင္ သူနဲ႕ေဝးေဝးေန... သူမင္းကို အသုံးမခ်ေစနဲ႕"

"အကယ္၍ သူကြၽန္ေတာ့္ကို အသုံးခ်ခ်င္တယ္ဆိုရင္ေတာင္မွ ဒါက ကြၽန္ေတာ္ သေဘာတူမတူဆိုတာေပၚ မူတည္ေသးတယ္ေလ"
႐ုန္ယိ သူ႕လက္ထဲက ကင္မရာကိုငုံ႕ၾကည့္ရင္း သူ႕မ်က္ဝန္းေတြထဲက ခံစားခ်က္အစစ္ေတြကို ဖုန္းကြယ္ဖို႔ ႀကိဳးစားလိုက္သည္။

ယင္က်င္းရဲ႕ သူ႕လက္ထဲက ကင္မရာကိုၾကည့္လိုက္ၿပီး
"ဒါ မင္းအရင္တစ္ေခါက္က ေျပာဖူးတဲ့ ကင္မရာဆိုတာလား"

"ဟုတ္တယ္.. ကြၽန္ေတာ္ ဒီေန႕ ကေလးေတြအတြက္ ပုံေတြအမ်ားႀကီးရိုက္ေပးထားတာ"
႐ုန္ယိ သူ႕စကားအတိုင္းလိုက္ကာ ေခါင္းစဥ္ေျပာင္းလိုက္ၿပီး ယင္က်င္းရဲ႕ကို ပုံေတြျပလိုက္သည္။
"ကေလးေတြအေဖ.. ခင္ဗ်ားေရာ ပုံနည္းနည္းေလာက္ ရိုက္မလား"

ယင္က်င္းရဲ႕မွာ မ်က္ခုံးပင့္လိုက္မိသည္။

ထို႔ေနာက္ ႐ုန္ယိက ကင္မရာကို ယင္က်င္းရဲ႕ဆီခ်ိန္ၿပီး ႏွိပ္ခ်လိဳက္သည္။
"ရၿပီ"

"တစ္ကယ္လား"
ယင္က်င္းရဲ႕မွာ အံ့ၾသသြား၏။
"ဒီေလာက္ေတာင္ျမန္လား"

သူထင္ခဲ့တာက ပုံရိုက္ရန္ တစ္ျခားဟာေတြပါလုပ္စရာလိုေသးဦးမည္ဟု။

႐ုန္ယိ သူ႕ကို ျပလိုက္၏။
"ဒါေပါ့.. ဒါေလးကိုႏွိပ္လိုက္တာနဲ႕ရၿပီေလ.. ဟားဟား... ခင္ဗ်ားရဲ႕ဒီပုံက ၾကည့္ရတာ နည္းနည္းပ်င္းစရာႀကီး.. ကြၽန္ေတာ္ နည္းနည္းထပ္ရိုက္ေပးမယ္... လာ.. ကြၽန္ေတာ့္ကိုၿပဳံးျပ"

ယင္က်င္းရဲ႕မွာ ထိုထူးထူးဆန္းဆန္းပစၥည္းႀကီးကို ၿပဳံးျပရန္က ေၾကာင္ေတာင္ေတာင္နိုင္လွသည္ဟု ခံစားေနရတာေၾကာင့္ ၿပဳံးမျပနိုင္။

သူ႕ရဲ႕ ကင္မရာအေရွ႕မွာ အရမ္းေတာင့္တင္းေနပုံေၾကာင့္ ႐ုန္ယိ သူ႕ကို ႏႈတ္ခမ္းဆူျပလိုက္သည္။
"လာလာ.. ကြၽန္ေတာ့္ကို အနမ္းေလးေပး.. အနမ္းေပး... အနမ္းေလး.."

ထိုပုံစံေလးက အေတာ္ေလးရယ္ရတာေၾကာင့္ ယင္က်င္းရဲ႕ ၿပဳံးသြားသည္။

႐ုန္ယိ ကင္မရာကိုအျမန္ဆြဲကာ ထိုျမင္ကြင္းကို ရိုက္ယူထားလိုက္၏။
"ကေလးေတြအေဖ... ခင္ဗ်ား ၿပဳံးလိုက္ရင္ အရမ္းဆြဲေဆာင္မႈရွိတာ သိလား"

သူ ကင္မရာထဲကသူကို နမ္းလိုက္၏။

ယင္က်င္းရဲ႕ သူ႕ကိုေျပာလာသည္။
"ကိုယ့္ကိုျပၾကည့္"

႐ုန္ယိ သူ႕ဆီ ကင္မရာကို ကမ္းေပးလိုက္ေလသည္။
"ဘယ္လိုလဲ.. အဆင္ေျပတယ္မလား"

ယင္က်င္းရဲ႕ ကင္မရာထက္က ခန့္ညားေတာက္ပလြန္းတဲ့အၿပဳံးနဲ႕အမ်ိဳးသားကို ၾကည့္ၿပီး အံ့ၾသသြား၏။
"ဒါ တစ္ကယ္ဘဲ ကိုယ္လား"

သူ႕ကိုယ္သူ ၿပဳံးရတာသေဘာမက်မွန္း တစ္ျခားသူေတြနဲ႕ စကားအမ်ားႀကီးေျပာရတာ သေဘာမက်မွန္း သူသိသည္။ ဒါေၾကာင့္ သူ႕အၿပဳံးက ဒီေလာက္ ႏြေးေထြးလြန္းမယ္လို႔ သူမထင္ထားမိခဲ့။

"ကြၽန္ေတာ့္လူက အရမ္းခ်စ္ဖို႔ေကာင္းတာဘဲ"
႐ုန္ယိၿပဳံးရင္း ကင္မရာကို ေဖာရွင္းဆီေပးကာ
"ငါတို႔ႏွစ္ေယာက္ကို ပုံနည္းနည္းေလာက္ ရိုက္ေပးပါဦး"

ေဖာရွင္းမွာ ႏႈတ္ခမ္းေတြလႈပ္သြားေပမဲ့ သူ႕ရင္ထဲကစကားေတြကို ထြက္က်မလာေအာင္ ထိန္းခ်ဳပ္ထားလိုက္နိုင္ၿပီး တစ္ခုသာ ျပန္ေမးလိုက္သည္။
"ဒီကိုႏွိပ္လိုက္ရမွာလား"

"ဟုတ္တယ္"

႐ုန္ယိ ယင္က်င္းရဲ႕နဲ႕အတူရပ္ရင္း တစ္ပုံရိုက္သည္။ သူ႕ကိုဖက္ထားရင္း ေနာက္တစ္ပုံရိုက္လိုက္ၿပီး ေနာက္ဆုံး ရိုက္တဲ့အခ်ိန္ ယင္က်င္းရဲ႕ကို သူ႕မ်က္ႏွာကို နမ္းခိုင္းလိုက္သည္။

"ရၿပီ.. ရိုက္ၿပီးၿပီ"
ေဖာရွင္းက ႐ုန္ယိဆီ ကင္မရာျပန္ေပးလာ၏။

႐ုန္ယိ ေပ်ာ္ျမဴးစြာနဲ႕ ပုံေတြကို စစ္ၾကည့္ေနလိုက္သည္။

ယင္က်င္းရဲ႕ ေဘးကေန ၾကည့္ေနရင္း ေမးလာသည္။
"ဘာလို႔ ႐ုတ္တရက္ႀကီး ပုံရိုက္ဖို႔ ေတြးမိသြားတာလဲ"

႐ုတ္ယိမ်က္ဝန္းထဲ ခါးသီးတဲ့ခံစားခ်က္အခ်ိဳ႕ ျဖတ္ေျပးသြား၏။ သို႔ေပမဲ့ ဝမ္းနည္းေနမႈေတြကို ဖိႏွိပ္ကာ အၿပဳံးတစ္ခုေပၚလာေအာင္ အားထုတ္လိုက္ေလသည္။
"ဒီမနက္က.. စန္စန္ေလးတို႔ေတြ အရပ္ရွည္လာၾကတာ ႐ုတ္တရက္ သတိထားမိသြားလို႔ေလ..ဒါေၾကာင့္ ပုံေတြရိုက္ၿပီး သူတို႔ေလးေတြကို မွတ္တမ္းတင္ထားခ်င္တာ.. သူတို႔ႀကီးျပင္းသြားတဲ့အခ်ိန္က်ရင္ သူတို႔ေလးေတြငယ္ငယ္က ဘယ္လိုဆိုတာ သိနိုင္တာေပါ့.. ၿပီးေတာ့ ကြၽန္ေတာ္တို႔ အသက္ေတြႀကီးသြားတဲ့အခ်ိန္.. ကြၽန္ေတာ္တို႔ ဘယ္ေလာက္နက္နက္ရွိုင္းရွိုင္းခ်စ္ခဲ့ၾကတယ္ဆိုတာ ဒီပုံေတြကေနတဆင့္ ျပန္ျမင္နိုင္တာေပါ့"

ယင္က်င္းရဲ႕ သူ႕စကားေၾကာင့္ ရယ္ခ်င္သြားရကာ ေမးလိုက္သည္။
"ဘာလဲ.. ကိုယ္တို႔အသက္ေတြႀကီးသြားတဲ့အခ်ိန္က်ရင္ အခုလို တစ္ေယာက္နဲ႕တစ္ေယာက္ မခ်စ္ၾကေတာ့ဘူးလို႔ ဆိုလိုတာလား"

"ဒါကေျပာဖို႔ခက္တယ္ေလ.. ဒါေပမဲ့ ကြၽန္ေတာ့္အတြက္ေသခ်ာတဲ့အရာတစ္ခုက ခင္ဗ်ား တစ္ကိုယ္လုံး အေရေတြတြန့္ၿပီး သြားေတြမရွိေတာ့ရင္ေတာင္မွ ကြၽန္ေတာ္က အခုလိုမ်ိဳး ခ်စ္ေပးေနမွာဘဲ"
႐ုန္ယိ သူ ဒီလူနဲ႕အတူရွိမေနနိုင္ေတာ့ဘူးဆိုတာ သိလိုက္ရတဲ့အခ်ိန္မွ သူ႕ကိုယ္သူ ဒီေယာက္်ားကိုဘယ္ေလာက္ေတာင္ ခ်စ္မိေနလဲဆိုတာ သိလိုက္ရသည္။ သူခ်စ္ရတဲ့သူနဲ႕ ခြဲခြာရေတာ့မယ္လို႔ စဥ္းစားလိုက္မိတဲ့အခ်ိန္တိုင္း ငိုခ်ပစ္လိုက္ခ်င္သည္။

အကယ္၍ ဒီကိုမကူးေျပာင္းလာခင္ကသူသာဆိုရင္ တစ္ေန႕ေန႕မွာ သူေယာက္်ားတစ္ေယာက္အတြက္ ငိုလိမ့္မယ္ဆိုတာ ဘယ္လိုမွ ယုံၾကည္နိုင္မွာမဟုတ္။

"ကိုယ့္မ်က္ႏွာတစ္ခုလုံး အေရေတြတြန့္သြားတာလား.. ၿပီးေတာ့ သြားေတြလည္း အကုန္မရွိေတာ့ဘူးေပါ့"
ယင္က်င္းရဲ႕မွာ ႐ုန္ယိအသက္ႀကီးသြားတဲ့အခ်ိန္ ဘယ္လိုပုံစံျဖစ္သြားမလဲဆိုတာ မေနနိုင္ဘဲ ပုံေဖာ္ၾကည့္လိုက္မိသည္။
"မင္း အသက္ႀကီးသြားရင္ေရာ ဘယ္လိုပုံစံျဖစ္သြားမလဲ.. ေရွ႕သြားႏွစ္ေခ်ာင္းက်ိဳးသြားမလား.. ၿပီးေတာ့ စကားေျပာတိုင္း ေလေတြထြက္ေနမွာလား"

"အဟင္း"
သူေျပာတဲ့အတိုင္းျဖစ္လာမဲ့ ႐ုန္ယိပုံစံကိုေတြးၾကည့္လိုက္မိတဲ့အခါ မရယ္ဘဲမေနနိုင္ေတာ့။

ေဖာရွင္းလည္း မေနနိုင္ဘဲ အသံထြက္ရယ္လိုက္မိသည္။

"ေဟးး.."
႐ုန္ယိ သူ႕ကိုစိုက္ၾကည့္လိုက္သည္။

ယင္က်င္းရဲ႕ ႐ုန္ယိကို သူ႕ရင္ခြင္ထဲဆြဲသြင္းလိုက္ကာ ေျပာလာ၏။
"အကယ္၍ ေသမ်ိဳးေလာကမွာဆိုရင္ေတာ့ ကိုယ္တို႔ေတြ အခုေျပာသလိုပုံစံမ်ိဳး ေျပာင္းသြားနိုင္တယ္.. ဒါေပမဲ့ ဒါက က်င့္ႀကံေရးေလာကေလ.. အဲ့ေန႕က ဘယ္ေတာ့မွ ေရာက္လာမွာမဟုတ္ဘူး.."

သို႔ေသာ္လည္း ႐ုန္ယိရဲ႕ ေရွ႕သြားႏွစ္ေခ်ာင္းက်ိဳးေနတဲ့ပုံကို ျမင္ေယာင္မိတဲ့အခါ မထိန္းနိုင္ဘဲ ထပ္ရယ္လိုက္မိျပန္သည္။

ထိုအခါ ႐ုန္ယိက ကင္မရာေကာက္ကိုင္ၿပီးခလုတ္ကိုအ႐ူးအမူးနဲ႕ ဆက္တိုက္ႏွိပ္ခ်ေတာ့သည္။
"ရယ္.. ရယ္ေနလိုက္.. ဒါမွ ကြၽန္ေတာ္ ပုံမ်ားမ်ားရိုက္လို႔ရမွာ"

သူ႕မွာ ဒီအခြင့္အေရးကိုသာအရယူၿပီး သူ႕ပုံေတြပိုမ်ားမ်ား ရိုက္ထားနိုင္ေလသည္။  ျပန္သြားၿပီးေနာက္ ဒီလူကိုသတိရလြမ္းမိတဲ့အခ်ိန္တိုင္း ဒီပုံေတြကေနတဆင့္ သူတို႔ရဲ႕ သာယာလွပတဲ့အမွတ္တရေတြကို ျပန္ေတြးၾကည့္နိုင္၏။

ယင္က်င္းရဲ႕ သူ႕ကို ရယ္ျပေနရင္းနဲ႕
"ေကာင္းၿပီေလ.. မ်ားမ်ားသာ ရိုက္ထားလိုက္"

သူ႕ကိုေငးၾကည့္ေနတဲ့ ယင္က်င္းရဲ႕မ်က္ဝန္းေတြထဲက ႏူးညံ့ညင္သာမႈေတြကို ၾကည့္ရင္း ႐ုန္ယိမွာ ရင္ထဲတင္းၾကပ္လာရေတာ့သည္။
"ကေလးေတြအေဖ.. ကြၽန္ေတာ္..."

ဒီေနာက္ သူ႕ပါးစပ္သူ အျမန္ပိတ္လိုက္ရသည္။

နည္းနည္းေလးဘဲ လိုေတာ့သည္....

ယင္က်င္းရဲ႕ မ်က္ခုံးေတြ ပင့္သြားကာ ေမးလာသည္။
"ဘာလို႔လဲ"

"ခဏေန ေန႕လည္စာစားရင္ ကြၽန္ေတာ္တို႔ တစ္မိသားစုလုံးရဲ႕ပုံပါ ရိုက္ခ်င္လို႔"

"ေကာင္းၿပီေလ"
ယင္က်င္းရဲ႕က ၿပဳံးရင္း ျပန္ေျပာလာသည္။
"ကိုယ္တို႔ လက္ထပ္တဲ့အခ်ိန္က်ရင္လည္း ရွို႔က်ိဳ႕တို႔ကို မနက္ကေနညအထိ ပုံေတြရိုက္ခိုင္းၿပီး လက္ထပ္ပြဲေန႕တစ္ေန႕လုံးကို အေသးစိတ္မွတ္တမ္းတင္ထားၾကမယ္.. ၿပီးေတာ့ ကိုယ္တို႔ႏွစ္ေယာက္လုံး ေရွ႕သြားေတြမရွိေတာ့တဲ့အခ်ိန္က်ရင္ ဒီပုံေတြျပန္ၾကည့္ၿပီး ကိုယ္တို႔ရဲ႕သာယာခ်ိဳၿမိန္ခဲ့တဲ့အခ်ိန္ေလးေတြကို ျပန္ေတြးၾကည့္ၾကလို႔ရတာေပါ့"

ထိုစကားေတြၾကားလိုက္ရတဲ့အခ်ိန္ ႐ုန္ယိမွာ မ်က္လုံးေတြခ်က္ခ်င္းရဲတက္လာၿပီး မ်က္ရည္က်လဳနီးနီးပင္။ ကံေကာင္းစြာနဲ႕ဘဲ သူ႕မ်က္လုံးေရွ႕မွာ ကင္မရာကြယ္ေနတာေၾကာင့္ ယင္က်င္းရဲ႕ကေတာ့ မျမင္သြားခဲ့။

ေဖာရွင္းမွာလည္း သက္ျပင္းတစ္ခ်က္ခိုးခ်လိဳက္မိၿပီး ဒီျမင္ကြင္းကို ဆက္မၾကည့္ရက္ေတာ့တာေၾကာင့္ ကေလးေတြနဲ႕ေဆာ့ကစားရန္အတြက္ လွည့္ထြက္သြားေတာ့သည္။

ေန႕လည္စာစားခ်ိန္ေရာက္တဲ့အခါ ယင္က်င္းရဲ႕က အရင္ဦးဆုံး လူတိုင္းကို စားပြဲေရွ႕ေနရာတက်ထိဳင္ေစကာ မိသားစုပုံရိုက္ေစၿပီးမွသာ အေစခံေတြကို ဟင္းပြဲေတြခ်ခိဳင္းလိုက္သည္။

လူတိုင္းရဲ႕အာ႐ုံက ကင္မရာေပၚမွာသာေရာက္ေနၾကတာေၾကာင့္ ႐ုန္ယိရဲ႕ဝမ္းနည္းေနတဲ့အမူအယာကို သတိထားမိသူ ဘယ္သူမွမရွိခဲ့ေခ်။

*******
16.4.2024

Continue Reading

You'll Also Like

154K 25.1K 115
Both Unicode and Zawgyi ကမ္ဘာကြီးကို ဂြိုလ်သားတွေရဲ့ကျူးကျော်တာခံရပြီးနောက်အစွမ်းတွေနိုးထ လာခဲ့ကြတယ်။အစွမ်းရှိတဲ့လူတွေက အစွမ်းရှိတဲ့တိရိစ္ဆာန်တွေနဲ့...
197K 22.8K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
116K 13.9K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
258K 44K 127
English name:The Zombie Emperor's Domesticated Cat Type : web novel Genre : Adventure, romance, supernatural, yaoi Status in COO:95 chapters+2 extra...