သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘ...

由 UGLY_joker

77.2K 11.8K 238

His Son Has a Richest Billionaires Dad Unicode: နှစ်တစ်ဝက်စာလောက် ခြိုးချန်ချွေတာပြီးတဲ့နောက်မှာတော့ ချန်ယန်တ... 更多

Part 1(1/3)
Part 1(2/3)
Part 1(3/3)
Part- 2
Part- 3
Part 4 (1/2)
Part- 4(2/2)
Part - 5
Part 6 (1/2)
Part 6 (2/2)
Part- 7
Part 8 (1/2)
Part 8 (2/2)
Part 9 (1/2)
Part 9 (2/2)
Part 10 (1/2)
Part 10(2/2)
Part 11(1/2)
Part 11(2/2)
Part 12
Part 13
Part 14
Part 15(1/2)
Part 15 (2/2)
Part 16
Part- 17
Part- 18
Part - 19
Part- 20(1/2)
Part 20(2/2)
Part 21 (1/2)
Part 21.2
Part 22.1
Part 22.2
Part 22.3
Part-22.4
Part 23.1
Part 23.2
Nine Son of Dragon
Part 24.1
Part - 24.2
Part 25.1
Part 25.2
Part 26.1
Part 26.2
Part 27.1
Part 27.2
Part 28.1
Part 28.2
Part 29.1
Part 29.2
Part 30.1
Part 30.2
Part 31.1
Part 31.2
Part 32.1
Part 32.2
Part 33.1
Part 33.2
Part 34.1
Part 34.2
Part 35.1
Part 35.2
Part 35.3
Part 36.1
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41.1
Part 41.2
Part 42.1
Part 42.2
Part 43.1
Part 43.2

Part 36.2

651 142 2
由 UGLY_joker

 အခန်း ၃၆ (အပိုင်း ၂)

ဇီဒန်းရဲ့သူငယ်ချင်းတွေက ထိုင်ခုံနေရာ ယူထားပြီးသား ဖြစ်နေတယ်။ သူတို့သုံးယောက် အတူတကွ ရောက်သွားချိန်မှာ အထူးသဖြင့် ချန်ယန်နဲ့ ရှဲ့ရန်ကို တွေ့တဲ့အချိန်မှာ အားလုံးရဲ့မျက်လုံးတွေက အံ့အားသင့်နေပုံရတယ်။

တကယ်တော့ ဒီလိုစုံတွဲပေါင်းစည်းမျိုးကို တွေ့ရဖို့က ရှားပါးလွန်းတယ်လေ။ လူနှစ်ယောက်ထဲက ဘယ်တစ်ယောက်ကိုပဲ ကြည့်ကြည့် လူကိုသေစေနိုင်လောက်အောင် ချောမောလွန်းတယ်။

ရှဲ့ရန်နဲ့ချန်ယန် ဝင်ထိုင်ပြီးတာနဲ့ သူတို့ဘေးက တစ်ယောက်က ရှဲ့ရန်ကို စီးကရက်တစ်လိပ် လှမ်းပေးလိုက်တယ်။ ရှဲ့ရန်က ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်တယ်။ "ငါ ဆေးလိပ်ဖြတ်ထားတယ်"

ထို့နောက် အဲ့လူက ချန်ယန်ကို ဆေးလိပ်သောက်တက်လားလို့ မေးလာပြန်တယ်။

ချန်ယန်ကလည်း ခေါင်းခါလိုက်တယ် "အိမ်မှာ ကလေးတစ်ယောက်ရှိတယ်၊ အဲ့တာကြောင့် ဆေးလိပ်မသောက်ဘူး"

တကယ်တော့ ချန်ယန်က ဆေးလိပ်သောက်တတ်တဲ့ အလေ့အထ မရှိဘူး။

"မင်းမှာ ကလေးရှိတာလား? ဘယ်လို ပုံလေးလဲ၊ မင်းမှာ ဓာတ်ပုံတွေ ရှိလား"

ထိုလူက စီးကရက်ကို ပြန်ယူပြီး မီးညှိနေရင်း ပေါ့ပေါ့ပါးပါး မေးလိုက်တယ်။

"အင်း" ချန်ယန်က သူ့ဖုန်းကို ထုတ်လိုက်ပြီး ကလေးရဲ့ဓာတ်ပုံကို ဖွင့်လိုက်ပြီး ဇီဒန်းရဲ့ သူငယ်ချင်းလို့ ယူဆနိုင်တဲ့လူကို သူ့ဖုန်း လှမ်းပေးလိုက်တယ်။ ထိုလူနဲ့ သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အခြားသူတွေက ဓာတ်ပုံကို ငုံ့ကြည့်နေကြတယ်။

"သူက ချစ်စရာကောင်းလွန်းတယ်"

"နောက်တစ်ခါဆိုရင် အတူတူကစားဖို့ ခေါ်လာပါလား"

ဓါတ်ပုံတွေကို ကြည့်ပြီးတဲ့နောက်မှာ တစ်ဖက်က ဖုန်းကို ချန်ယန်ဆီကို ပြန်ပေးလိုက်တယ်။ ချန်ယန် ဖုန်းကို လှမ်းမယူရသေးခင်မှာ ဇီဒန်းက သူ့ဖုန်းကို လှမ်းယူလိုက်တယ်။

"ငါ့ကို ကြည့်ခွင့်ပေးဦး"

ကောင်လေးရဲ့ဓာတ်ပုံတွေကို ကြည့်ပြီးတဲ့နောက်မှာ ဇီဒန်းက ချန်ယန်ဆီကို ဖုန်းပြန်ပေးလိုက်တယ်။

ဒီစားသောက်ဆိုင်က ဘူဖေးတစ်ပိုင်း ဝန်ဆောင်မှုဖြစ်တာကြောင့် လူတိုင်းက သူတို့နှစ်သက်တဲ့ စားစရာကို ရဖို့ ထိုင်ခုံကနေ တစ်ယောက်ပြီးတစ်ယောက် ထထွက်သွားကြတယ်။

ပထမတော့ ချန်ယန်လည်း ထဖို့ပြင်နေပေမယ့် ရှဲ့ရန်က သူ့ကို ပြန်ဆွဲထားလိုက်တယ်။ ရှဲ့ရန်က ချန်ယန်ကို သူ စားစရာ သွားယူနေတုန်း ငြိမ်ငြိမ်လေးထိုင်နေဖို့ အချက်ပြလိုက်တယ်။ ရှဲ့ရန် ထွက်သွားတာနဲ့တပြိုင်နက် ဇီဒန်းက ချန်ယန်ရဲ့အနားကို ရောက်လာပြီး မျက်ခုံးပင့်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

"မင်းတို့ရဲ့ဆက်ဆံရေးက တကယ်ကောင်းတာပဲ"

ချန်ယန်ရဲ့မျက်လုံးလေးတွေက အပြုံးတွေနဲ့ ပြည့်နှက်နေတယ်။

သူတို့ စားသောက်နေကြတဲ့အချိန်အတွင်းမှာ ဇီဒန်းနဲ့အခြားသူတွေက သူတို့ ကားမောင်းလာခဲ့တဲ့ ခရီးသွားစဉ်မှာ တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတွေကို ပြန်ပြောပြခဲ့ကြတယ်။ ဟိုးအရင်တုန်းက ရိုးရာဓလေ့ထုံးစံတွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ နေရာကိုတောင် သွားခဲ့ကြတယ်လို ပြောပြကြတယ်။

အဲ့တုန်းက သူတို့ ပြန်ထွက်ပြေးဖို့ မရနိုင်သလောက်ဖြစ်ခဲ့တာလေ။

"ဘာလို့ ပြန်ထွက်လို့ မရတာလဲ" ချန်ယန်က ဟင်းရည်ပူပူကို တစ်ငုံသောက်ရင်း မေးလိုက်တယ်။

ဇီဒန်းက ချက်ချင်း ပြောပြလာတယ်။ သူတို့နဲ့အတူသွားခဲ့တဲ့ အဖွဲ့ထဲက လူတစ်ဦးကို သဘောကျပြီး အဲ့လူကို သူမသားမက်အဖြစ် ဆက်နေဖို့ အတင်းအကြပ် ခိုင်းစေခဲ့တဲ့ ဒေသခံအမျိုးသမီးတစ်ဦး ရှိခဲ့ဖူးတာကို သိလိုက်ရတယ်။

"မင်း မသိဘူး၊ အဲ့တုန်းက ငါတို့ ညဘက်ကြီး ပြတင်းပေါက်ကနေ ခုန်ဆင်းပြီး အဲ့အဆောက်အဦးကနေ ထွက်ပြေးခဲ့ကြတာ"

အတင်းအဖျင်း ချစ်စိတ်ကြောင့် ချန်ယန်ရဲ့မျက်လုံးတွေက တောက်ပနေပြီး ဇီဒန်းကို စိုက်ကြည့်နေတယ်။

"အဲဒီလူက မင်းတော့ မဟုတ်ဘူးမလား" ဇီဒန်းရဲ့လေသံကို နားထောင်ရင်း ချန်ယန်က ဇီဒန်းဖြစ်မယ်လို့ တိုက်ရိုက်ခန့်မှန်းလိုက်တယ်။

ဇီဒန်းက သူ့လက်ကို စိမ်ပြေနပြေ ဝှေ့ယမ်းလိုက်နေပြီး "အဲဒါက ငါမဟုတ်ဘူး၊ တဖက်လူက ငါကို ပိန်လွန်းတယ်လို့ သတ်မှတ်တယ်။ အဲဒါက ဟိုမှာထိုင်နေတဲ့ တစ်ယောက်" ဇီဒန်းက သူ့လက်မောင်းကို လျှော့ပြီး သူ့ထက်အများကြီး ပိုထွားကျိုင်းတဲ့ သူ့မျက်စောင်းထိုးမှာ ထိုင်နေတဲ့ သူ့သူငယ်ချင်းကို ညွှန်ပြလိုက်တယ်။

စားပွဲမှာရှိနေတဲ့ လူတိုင်းရဲ့ မျက်လုံးတွေက အဲ့လူကို စူးစူးစိုက်စိုက်ကြည့်နေကြတယ်။

သူကိုယ်တိုင်က သန်မာပေမယ့် သူက နူးညံ့သိမ်မွေ့တဲ့မိန်းကလေးတွေကို နှစ်သက်တဲ့သူမျိုးပါ။ အဲ့အချိန်တုန်းက သူတွေ့ခဲ့တဲ့ လူမျိုးစုက ခက်ထန်တဲ့အမျိုးသမီးက သူ့ထက် ဆယ်နှစ်ကျော် ပိုကြီးပြီး ကွာရှင်းပြတ်စဲထားတဲ့အပြင် ကလေးကလည်း ရှိနေသေးတယ်။

သူ ဘယ်လိုမှ သည်းမခံနိုင်ဘူး။

"ဒါက နည်းနည်းတော့ စိတ်လှုပ်ရှားစရာပဲ" ချန်ယန်က တွေးကြည့်ရုံနဲ့ သက်ပျင်းချလိုက်မိတယ်။

"ငါတို့ ထွက်ပြေးတုန်းက ဖုန်းတောင် မယူနိုင်ခဲ့ဘူး" အဲ့မတော်တဆမှုဖြစ်ပြီးကတည်းက သူတို့ ကားမောင်းခရီးတွေ သွားတဲ့အခါ ဖုန်း နှစ်လုံးယူကြတော့တယ်၊ လူနဲ့အတူ တစ်လုံးသယ်ပြီး ကားပေါ်မှာတစ်လုံးချန်ခဲ့ကြတယ်။

ချန်ယန်က ဇီဒန်း ပြောနေတာကို မျက်လုံးလက်လက်လေးတွေနဲ့ စိတ်ဝင်တစား နားထောင်နေတယ်။ ရုတ်တရက် ဇီဒန်းက ချန်ယန်ဆီကို ခေါင်းစဉ်ပြောင်းလိုက်တယ်။

"တကယ်လို့ မင်းကားမောင်းသင်ပြီး ငါတို့နဲ့ ကားမောင်းခရီးတွေ လိုက်မယ်ဆိုရင်တော့ မင်းမျက်နှာကို အုပ်ထားဖို့ အကြံပေးချင်တယ်" ဇီဒန်းက ချန်ယန်ကို ကြည့်ရင်း ဟန်ဆောင်ပန်ဆောင် ပြောလိုက်တယ်။

"ဘာလို့ ငါ့မျက်နှာကို ဖုံးထားရမှာလဲ"

ချန်ယန်က သူ ဘာကိုဆိုလိုချင်တာလဲဆိုတာကို နားမလည်ဘူး။

"မင်းမျက်နှာကို မဖုံးကွယ်ထားရင် မင်းကို ခင်ပွန်းတော်ချင်တဲ့ မိန်းခလေးတွေတင်အပြင် မင်းကို ဇနီးအဖြစ်ထားချင်တဲ့ ယောက်ျားတွေလည်း အများကြီးရှိမယ် ထင်တယ်"

ဇီဒန်းက သူ့လက်တစ်ဖက်နဲ့ သူ့မေးစေ့ကို ကိုင်ထားရင်း နောက်ပြောင်နေတယ်။ ချန်ယန်က အဲ့စကားကို ဘာမှ မမှားဘူးလို့ ထင်ထားပေမယ့် သူ့ဘေးက ရှဲ့ရန်ကတော့ အဲ့ဒါကို ကြားလိုက်တာနဲ့ မျက်နှာကြီးမည်းသွားတယ်။

ရှဲ့ရန်က ချန်ယန်အပြင်ထွက်ပြီး အပြန်းဖြေတာကို မတားခဲ့ဘူး။ သူက သူ့အလုပ်တွေနဲ့ သူ အလုပ်ရှုပ်နေပြီး ချန်ယန်အတွက် အချိန်များများစားစား မပေးနိုင်ဘူး။ ချန်ယန် တစ်ခုခုလုပ်နေတာ ဒါမှမဟုတ် ချန်ယန်ပျော်နေတာကို မြင်ရရင် သူလည်း ပျော်တယ်။

ဒါပေမယ့် ဇီဒန်းရဲ့အပြောအရဆိုရင် အရင်တုန်းက ရှဲ့ရန်က ကိုယ်တိုင်ကားမောင်းနှင်တဲ့ ခရီးစဉ်တွေလိုမျိုးတွေက အရေးမကြီးဘူးလို့ ထင်ခဲ့ပေမဲ့ အခုတော့ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီ။

တကယ်လို့ ချန်ယန်သာ အဲ့လိုအဖြစ်မျိုး အမှန်တကယ်ကြုံတွေ့ခဲ့ရရင် သူ့ဇနီးလေးနဲ့ အရင်းနှီးဆုံးသူက သူပဲဖြစ်ရမယ်။

ပထမတော့ သူ ချန်ယန်ကို သဘောကျရတဲ့ အကြောင်းရင်းက ချန်ယန်ရဲ့ မျက်နှာကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး။ နောက်ပိုင်း သူတို့ သိလာတဲ့အချိန်မှာတော့ ချန်ယန်က ရုပ်ရည်ချောမောတဲ့အပြင် တခြားအရာတွေ အများကြီးမှာလည်း တောက်ပနေတာကို ငြင်းလို့ မရပါဘူး။ ဒီအရာတွေက သူ့ကို ပြီးပြည့်စုံတဲ့လူ ဖြစ်လာစေတယ်။

ရှဲ့ရန်က အခုနအထိ ဒီအကျပ်အတည်းကို သိပ်အာရုံမစိုက်ဘူး။ ချန်ယန်က သူ့အတွက် ကလေးမွေးထားပေးပြီးပြီဖြစ်တာကြောင့် သူတို့ရဲ့ဆက်ဆံရေးမှာ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။ ဒါပေမယ့် မတော်တဆမှုဆိုတာမျိုးက ဘယ်သူမှ အာမမခံနိုင်ဘူး။

အဲ့တာကြောင့် ရှဲ့ရန်က အဲ့တာကို စတင် တွေးတောနေပြီ၊ ဇီဒန်းလို့ခေါ်တဲ့ ဒီလူနဲ့ ချန်ယန်ကို ခပ်ဝေးဝေးနေခိုင်းရင် ပိုကောင်းလိမ့်မယ်။ အဲ့တာတွေအားလုံးက သူ့ရဲ့ခဏတာအတွေးတွေဖြစ်ပြီး ရှဲ့ရန်က အခြားသူတွေကို အပြည့်အဝ ဖော်ပြမှာမဟုတ်ဘူး။

ချန်ယန်က ခေါင်းကို လှည့်ပြီး ရှဲ့ရန်ကို စိုက်ကြည့်နေတယ်၊ ဇီဒန်းရဲ့စကားတွေက ရှဲ့ရန် မနှစ်သက်တဲ့အရာတွေ မဖြစ်ဖို့ သူ မျှော်လင့်နေမိတယ်။

ရှဲ့ရန်က သူ့ကို ဘယ်လောက်ထိ ပိုင်ဆိုင်ချင်ဆိုင်များတယ်ဆိုတာကို သူလည်း မသိနိုင်တော့ဘူး။ ချန်ယန်က စားပွဲအောက်ကနေ သူ့လက်ဖဝါးကို သူ့ယောက်ျားရဲ့ပေါင်ပေါ် အသာအယာ တင်လိုက်တယ်။

"ငါက အိမ်ထောင်ကျပြီး ကလေးယူထားပြီးပြီ။ ဘယ်သူက ဒီလောက် မျက်စိကန်းနိုင်မှာလဲ" ချန်ယန် အကြောင်းအရာကို တိုက်ရိုက် ညင်ညင်သာသာ ငြင်းပယ်လိုက်တယ်။

ဇီဒန်းက ရှဲ့ရန်ရဲ့အပြောင်းအလဲတွေကို သတိပြုမိသွားပြီး အဲ့အခြေအနေကို မြင်လိုက်တာနဲ့ သူ့စကားကို ရပ်လိုက်တယ်။

"ငါက နောက်နေတာပါ" ဇီဒန်းက သူ့အတွက် လွတ်လမ်းကို ပြန်ရှာလိုက်တယ်။

နောက်တော့ သူတို့က တခြားအကြောင်းတွေ ပြောကြတယ်။

အလယ်မှာ တင်ထားတဲ့ ဇီဒန်းရဲ့ဆဲလ်ဖုန်းက ရုတ်တရက် မြည်လာပြီး ဖုန်းကိုင်လိုက်တဲ့အခါမှာတော့ ကားပြင်ဆိုင်က ဖုန်းဆက်ပြီး ကားပြင်စရိတ်အကြောင်း ပြောလာတယ်။

ဖုန်းချပြီးတဲ့နောက်မှာ ဇီဒန်းက မတော်တဆမှုဖြစ်ပွားခဲ့တဲ့ သူ့သူငယ်ချင်းကို ကုန်ကျစရိတ် ပြောပြလိုက်တယ်။

တစ်ချိန်တည်းမှာပင် သူက ဒီကိုလာတဲ့လမ်းမှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုအကြောင်း ချန်ယန်တို့ကို အကျဉ်းချုံး ပြောပြနေတယ်။

"တခြားတစ်ဖက်ကရော အဆင်ပြေရဲ့လား" ကားတိုက်မှုလို့ ကြားတော့ ချန်ယန်က အမှတ်တမဲ့ မေးလိုက်တယ်။

ဇီဒန်းက သူ့လက်ကို ဝှေ့ယမ်းပြီး ကားနောက်ခြမ်း ခမ်နိမ့်နိမ့်နေရာကို တိုက်မိပြီး အရှေ့က ကားပေါ်ရှိ လူတွေ ထိခိုက်ဒဏ်ရာရမှု လုံးဝမရှိကြောင်း ရှင်းပြလိုက်တယ်။ အားလုံးအဆင်ပြေနေတာကြောင့် ချန်ယန်က ခေါင်းညိတ်လိုက်မိတယ်။ တစ်ခုခုဖြစ်ခဲ့ရင် နည်းနည်းတော့ ဒုက္ခများလိမ့်မယ်။

ညစာစားပြီးတဲ့အချိန်မှာတော့ အစောကြီးရှိနေသေးပြီး ဇီဒန်းနဲ့ တခြားသူတွေက တစ်ညလုံးနီးပါး မအိပ်တဲ့ ဇီးကွက်တွေ ဖြစ်နေတာကြောင့် ပြန်သွားပြီးအိပ်ရင်လည်း အိပ်ပျော်မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ အဲ့ဒါကြောင့် ဘားတစ်ခုရှာပြီး ဆက်ကစားမယ်လို့ ပြောကြတယ်။

တစ်ဖက်လူတွေက ဒီကို အလည်လာတာဖြစ်နေတာကြောင့် ချန်ယန်ကလည်း သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ့တို့နဲ့ ခဏလိုက်သွားရမယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက် တခြားသူတွေနောက်ကို လိုက်သွားပြီး အဲဒီဒေသမှာရှိတဲ့ အကျော်ကြားဆုံး ဘားတွေ ရှိတဲ့လမ်းကို မောင်းသွားကြတယ်။ အပြင်ဘက်ကနေကြည့်ရင် အတောက်ပဆုံး ရောင်စုံမီးတွေရှိတဲ့ ကလပ်ထဲကို ဝင်လိုက်ကြတယ်။

ချန်ယန်က ​​ဒီလိုနေရာမျိုးတွေကို မကြာခဏ လာလေ့မရှိဘူး။ ရှဲ့ရန်ကတော့ သူ့လူတွေနဲ့ စကားပြောစရာရှိရင် သူ ရှယ်ယာဝင်ထားတဲ့ ကလပ်ကို သွားလေ့ရှိတယ်။

ဇီဒန်းနဲ့ တခြားသူတွေက သီးသန့်အခန်းကို မသွားဘဲ အပြင်ဘက်ထောင့်မှာ နေရာရှာ တွေ့သွားပြီး ဝင်ထိုင်လိုက်ကြတယ်၊ ပြီးတော့ ဝိုင်နှစ်ပုလင်း ယူလာပေးဖို့ ဆိုင်ဝန်ထမ်းကို တောင်းဆိုလိုက်ကြတယ်။

ဝန်ထမ်းလေးက သူ့တို့ဘေးနားမှာ ပုလင်းအဖုံးတွေကို ဖွင့်ပေးနေပြီး ဘားထဲမှာ သီချင်းသံတွေနဲ့ ဆူညံနေတယ်။ ​​အပေါ်က မီးရောင်တွေက အရောင်စုံနေပြီး နေရာတိုင်းမှာ လူအုပ်ကြီး ရှိနေတယ်။ နံရံရဲ့ အတွင်းနဲ့ အပြင်က မတူညီတဲ့ ကမ္ဘာနှစ်ခုလိုပါပဲ။ ၀တ်စုံလှလှလေးတွေနဲ့ ချစ်စရာကောင်းတဲ့ အမျိုးသားတွေ အမျိုးသမီးတွေ အများကြီးရှိနေတယ်။

ချန်ယန်နဲ့ ရှဲ့ရန်တို့က ထောင့်တစ်နေရာမှာ ထိုင်နေကြပြီး တစ်စုံတစ်ယောက်က သူ့အတွက် ဝိုင် ထည့်ပေးနေတယ်။ ချန်ယန်က အဲ့တာကို ယူလိုက်ပြီး သူ့လက်ထဲမှာ ကိုင်ထားရင်း တစ်ငုံသောက်လိုက်တယ်။ သူ့ရဲ့သောက်ချင်စိတ်က ပိုများလာတယ်၊ တကယ်ဆို သူ ဘားထဲမှာ သောက်လေ့မရှိဘူး။

ရှဲ့ရန်က ချန်ယန်ရဲ့အနောက်က ဆိုဖာပေါ်ကို လက်တစ်ဖက်ကို တင်ထားပြီး တစ်ချက်ကြည့်လိုက်တာနဲ့ ပိုင်းခြားသိမြင်နိုင်တဲ့ မျက်လုံးရှိတဲ့သူတိုင်း ချန်ယန်နဲ့ သူ့ရဲ့ဆက်ဆံရေးက ဘယ်လိုဆိုတာကို သိနိုင်တယ်။

ရှဲ့ရန်ကိုယ်တိုင်က ဒီလိုဆူညံတဲ့ နေရာတွေကို သိပ်မကြိုက်ပေမယ့် သူ့ဇနီးလေးနဲ့ အချိန်ဖြုန်းဖို့ဆိုရင် သူအတွက် ဒါတွေက ပြသနာသေးသေးလေးတွေပါပဲ။

လင်လင်နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်နေပြီး သူတို့ပတ်ဝန်းကျင်က ဘယ်သူကမှ သူတို့ကို အနှောင့်အယှက်မပေးခဲ့ဘူး။

တစ်ချို့လူတွေက ကခုန်ဖို့ အကကြမ်းပြင်ကို ပြေးသွားကြပြီး ဇီဒန်းနဲ့ သူ့ရဲ့ ထွားကျိုင်းတဲ့ သူငယ်ချင်းကတော့ ထိုင်နေတုန်းပါပဲ။

အဲ့အချိန်မှာ ချန်ယန်က နေ့ခင်းတုန်းက သူတွေ့ခဲ့တဲ့လူတစ်ဦးကို မထင်မှတ်ဘဲ ပြန်တွေးလိုက်မိတယ်။ သူက ရှဲ့ရန်ရဲ့နားနားကို ကပ်သွားလိုက်တယ်။ ဘားက ဂီတသံက ကျယ်လောင်လွန်းတာကြောင့် တစ်ဖက်လူရဲ့နားနားမှာ ကပ်ပြောမှပဲ စကားလုံးတွေကို ကြားနိုင်တယ်လေ။

ချန်ယန် နေ့လည်ခင်းက လူတစ်ယောက်နဲ့တွေ့ခဲ့တဲ့အကြောင်း ရှဲ့ရန်ကို ပြောပြလိုက်တယ်။ သူ့ရဲ့မျိုးရိုးအမည်က ဟုန်ဖြစ်ပြီး သူ့ရဲ့မျက်နှာကျက ဦးလေးဟုန်နဲ့ ခပ်ဆင်ဆင်တူတာကိုပါ ပြောပြလိုက်တယ်။ (T/N: အရင်တုန်းက ဦးလေးဟောင်လို့ သုံးခဲ့မိတယ်ထင်တယ်၊ ဦးလေးဟုန်လို့ ပြင်သုံးမယ်နော်)

ချန်ယန်က ရှဲ့ရန်ရဲ့ဖုန်းထဲမှာ ဦးလေးဟုန်ရဲ့သားအငယ်ဆုံးဓာတ်ပုံရှိလားလို့ ရှဲ့ရန်ကို မေးလိုက်တယ်။ အဲဒီလူက နေ့လည်ခင်းက သူတွေ့ခဲ့တဲ့လူဖြစ်နိုင်တယ်လို့ သူ သံသယရှိနေခဲ့တယ်။

ရှဲ့ရန်က သူ့ဖုန်းထဲမှာ ဟုန်ကျန့်ရဲ့ဓာတ်ပုံကို ရှာဖွေလိုက်ပြီး ချန်ယန်ကို ပြလိုက်တယ်။ တူညီတဲ့မျက်နှာကို မြင်လိုက်ရမှ ချန်ယန်က သက်ပြင်းချနိုင်တော့တယ်၊ ဒီကမ္ဘာကြီးက အမှန်တကယ်ကို သေးငယ်လွန်းတယ်။

ဟုန်ကျန့်အကြောင်း ပြောနေရင်း ရှဲ့ရန်ရဲ့အဖေအိမ်ကို သွားတဲ့နေ့ကို ချက်ချင်း ပြန်အမှတ်ရခဲ့တယ်။ ဦးလေးဟုန်က ချန်ယန်ကို သူ့သားအတွက် လူကြည့်ပေးဖို့ တောင်းဆိုထားတယ်။

ရှဲ့ရန်က ချန်ယန်ရဲ့ပခုံးတွေကို ကိုင်ထားပြီး သူ့ရဲ့ပူနွေးစိုစွတ်တဲ့ ထွက်သက်ဝင်သက်က ချန်ယန်ရဲ့နားရွက်ပေါ်ကို ကျဆင်းလာတယ်။ ချန်ယန်က တုန်လှုပ်သွားပြီး ရှဲ့ရန်က သူ့ကို ကြိုးဆွဲချင်နေတာလားလို့ မေးတာကို ကြားလိုက်တယ်။

"ဘာကြိုးလဲ" ချန်ယန်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။

သူ့မှာ အောင်သွယ်လုပ်ချင်တဲ့ ဝါသနာ မရှိဘူး။ ပြီးတော့ ဇီဒန်းနဲ့ သူ့ရဲ့သူငယ်ချင်းတွေကလည်း အရမ်းကို ဖြောင့်နေပုံရတယ်။

ချန်ယန်က ​​သူတို့ကို တစ်ယောက်ယောက်နဲ့ အောင်သွယ်ပေးဖို့ကလဲ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုက အဲ့‌လောက် မနီးစပ်သေးဘူး။

ချန်ယန့်ရဲ့အံ့အားသင့်နေတဲ့အကြည့်လေးက အရမ်း ချစ်ဖို့ ကောင်းနေတယ်၊ ကြက်သွေးရောင်နှုတ်ခမ်းလေးတွေက အနည်းငယ် ပွင့်နေပြီး နီမြန်းပြီး နူးညံ့တဲ့လျှာလေးက အတွင်းဘက်ကနေ ထွက်နေတာကြောင့် သွေးဆောင်ခံလိုက်ရတဲ့ ရှဲ့ရန်က အပေါ်ကနေ ငုံ့လာပြီး စောင်းကာ ချန်ယန်ကို တိုက်ရိုက်နမ်းလိုက်တယ်။

သူ့တို့ပတ်ဝန်းကျင်မှာ လူတွေ အများကြီးရှိနေတာကြောင့် ချန်ယန်က ရှဲ့ရန်ကို တွန်းထုတ်ဖို့ ကြိုးစားလိုက်ပေမယ့် နောက်အခိုက်အတန့်မှာ သူ့ရင်ဘတ်ကို ရောက်ရှိလာတဲ့ လက်တွေကို ရှဲ့ရန်က ဖမ်းမိသွားခဲ့တယ်။

ထိုလူရဲ့ နူးညံ့သတဲ့လျှာကြီးက ချန်ယန်ရဲ့ပါးစပ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ချန်ယန်ရဲ့လျှာဖျားလေးကို ချိတ်ဆက်ပြီး တဖြည်းဖြည်း နက်နက်ရှိုင်းရှိုင်း နမ်းနေတယ်။

ချန်ယန်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နမ်းနေကြတာကို တစ်ဖက်က ဆိုဖာပေါ်မှာ ထိုင်နေတဲ့ လူနှစ်ယောက်က မြင်လိုက်ကြတယ်။ ချန်ယန်တို့ နှစ်ယောက်လုံးက ထူးထူးခြားခြား ပုံပန်းသဏ္ဍာန်တွေ ရှိကြပြီး အတူတူ နမ်းနေတာက လှပတဲ့ ပန်းချီကားတစ်ချပ်လို မျက်စိကျစရာ ကောင်းနေတယ်။

ဇီဒန်းက ဆိုဖာကို မှီပြီး စိတ်ဝင်တစား ကြည့်နေခဲ့တယ်။

နှစ်ယောက်သား ဆယ်မိနစ်ကျော်လောက် တစ်ယောက်ကို တစ်ယောက် နမ်းပြီးတဲ့အချိန်မှာ ရှဲ့ရန်က နောက်ကို အနည်းငယ် ပြန်ဆုတ်လိုက်ပြီး သူတို့နှုတ်ခမ်းတွေကြားမှာ ငွေကြိုးတစ်ချောင်း ဆန့်ထွက်လာတယ်။ အလင်းရောင်က မှိန်နေပေမယ့် ချန်ယန်ကတော့ အဲ့ငွေကြိုးကို မြင်ပုံရတယ်။

ကြိုးပြတ်သွားတဲ့အချိန်အထိ ချန်ယန်ရဲ့ခေါင်းထဲမှာ တစ်ခုခုလည်း ကွဲသွားသလို ခံစားနေရတုန်းပဲ။

သူက တစ်ဖက်ကို ကြည့်ဖို့ မော့လိုက်တဲ့အချိန်မှာ ဇီဒန်းရဲ့ နောက်ပြောင်ချင်နေတဲ့ မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတာကြောင့် ချန်ယန်က သူ့ပါးပြင်တွေ ပိုပူလာသလို ခံစားလိုက်ရတယ်။ ခဏလောက်တော့ တစ်ကမ္ဘာလုံးက သူ့ကို စောင့်ကြည့်နေသလို ခံစားနေရတယ်။

ရှဲ့ရန်ရဲ့လက်တွေက ချန်ယန်ရဲ့ပခုံးကနေ ချန်ယန့်ခါးဆီကို ပြုတ်ကျလာပြီး သူက သူ့ချစ်သူရဲ့ခါးလေးကို ပွေ့ဖတ်ထားတယ်။ သူပုံစံက သူတို့က ရှုပ်ထွေးနေတဲ့ ပတ်ဝန်းကျင်မှာ ရှိနေပေမယ့် ဒီရှုပ်ပွနေတဲ့နေရာက သူတို့နဲ့ ဘာမှ မဆိုင်သလို ထင်နေရတယ်။

ချန်ယန်က ထသွားပြီး သန့်စင်ခန်းထဲ ဝင်သွားတယ်။ သူ ပြန်ထွက်လာတဲ့အချိန်မှာ အရက်မူးနေတဲ့လူနှစ်ယောက်နဲ့ တွေ့လိုက်ရပြီး အဲ့လူနှစ်ယောက်က ကျဉ်းမြောင်းတဲ့လမ်းကို ပိတ်ဆို့ထားးကြတယ်။ ချန်ယန်က သူတို့ကို ရှောင်ပြီး နံရံဘက်ကနေ ကပ်သွားလိုက်ပမေယ့် သူ ဝင်တိုက်ခံလိုက်ရတယ်။

ချန်ယန်ကို ဝင်တိုက်လိုက်တဲ့သူက မတောင်းပန်တဲ့အပြင် သူ့ကို လက်ညှိုးထိုးပြီး ကျိန်ဆဲနေသေးတယ်။ ချန်ယန်က ဘာမှပြန်မပြော‌ပေမယ့် တစ်ဖက်လူကို တစ်ချက်မော့ကြည့်လိုက်တယ်။ အဲဒီအကြည့်က ပေါ့ပါးပေမယ့် တစ်ဖက်က ချန်ယန် က သူတို့ကို နှိမ့်ချပြီး တမင် ရန်စနေတယ်လို့ပဲ တွေးလိုက်တယ်။

ချန်ယန်နဲ့ ပိုနီးတဲ့သူက လက်ကိုဆန့်ပြီး ချန်ယန်ကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်တယ်။ သူ့လက်ချောင်းက ချန်ယန်ရဲ့နှာခေါင်းကို ထိလုနီးပါးပါပဲ။ သူဆီကနေ အရက်နံ့ရနေပြီး သူက ချန်ယန်ကို ဘာကြည့်နေတာလဲလို့ မေးလာတယ်။

ချန်ယန်က သူ့မျက်လုံးတွေကို ပြန်ငုံ့လိုက်ပြီး သူ့ရဲ့အနေအထားကို သိသိသာသာ နောက်ပြန်ဆုတ်လိုက်တယ်။

တခြားတစ်ဖက်က ချန်ယန့်ကို လွှတ်ပေးလိုက်ပြီး ချန်ယန် ထွက်သွားတဲ့အထိ ဆက်ပြီး ဆဲဆိုနေတယ်။

ချန်ယန်က လမ်းလျှောက်လာရင်း သူ့အဝတ်အစားတွေကို ပြန်ဆွဲဆန့်လိုက်တယ်။ သူ့ရဲ့ နဂိုက ရှိနေတဲ့ ပျော်ရွှင်မှုလေးက အဲ့နှစ်ယောက်ကြောင့် ပျက်စီးသွားတယ်။ ဆိုဖာပေါ်ပြန်ထိုင်လိုက်တဲ့အချိန်မှာ ချန်ယန်ရဲ့မျက်နှာမှာ အပြုံးတွေ အများကြီး မရှိတော့ဘူး။

သူက ဝိုင်ခွက်ကို ကောက်ယူပြီး သူ့စိတ်ခံစားချက် ပြေလျော့အောင် သောက်နေလိုက်တယ်။ အဲ့နောက်မှာ လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာပြီး သူ့ဘေးနားက ရှဲ့ရန်က ဘာဖြစ်နေတာလဲလို့ မေးလာတယ်။

ချန်ယန်က ပေါ့ပေါ့ပါးပါး ပြန်ပြုံးပြလိုက်ပြီး ခေါင်းယမ်းပြလိုက်တယ်။

ချန်ယန်က သူ့ဖုန်းကို စစ်ကြည့်တော့ ဆယ့်တစ်နာရီ ထိုးခါနီးပြီ။ အိမ်မှာ ကလေးလေး အိပ်ပျော်နေလားလို့ တွေးနေမိတယ်။ နောက်ဆုံးတော့ ဇီဒန်းနဲ့ တခြားသူတွေကလည်း စိတ်ငြိမ်သွားပုံရတယ်။

ချန်ယန်က ဇီဒန်းဆီကို သွားပြီး သူ့နားရွက်ကို ကပ်ကာ ဆက်ကစားနေဖို့ ပြောပြီး သူနဲ့ ရှဲ့ရန်က အရင်ပြန်သွားမယ်လို့ ပြောလိုက်တယ်။

သူတို့ နှစ်ယောက်မှာက ကလေးရှိနေပြီဆိုတာ သိထားတာကြောင့် သူတို့နဲ့ အတူလိုက်လာတာကတောင် အရမ်းစိတ်ဝင်စားဖို့ကောင်းနေပြီ။ အဲ့တာကြောင့် ဇီဒန်းက သူတို့ကို နေဖို့ အတင်း မတိုက်တွန်းတော့ဘူး။

နှုတ်ဆက်ပြီးနောက် နှစ်ယောက်သား ဘာကနေ ထွက်လာခဲ့တယ်။

သူတို့ ထွက်လာပြီးပြီးချင်းမှာပဲ ချန်ယန်က ကလေးထိန်းကို ဖုန်းခေါ်လိုက်ပြီး ကလေးလေး နိုးနေသေးလားလို့ မေးလိုက်တယ်။ ကလေးက မအိပ်သေးဘဲ ချန်ယန်တို့ ပြန်လာမယ့်အချိန်ကို စောင့်မျှော်နေပြီး တံခါးဆီကို ရံဖန်ရံခါ လှမ်းကြည့်နေကြောင်း ကလေးထိန်းက အကြောင်းပြန်လာတယ်။

ဖုန်းချသွားပြီးတဲ့နောက်မှာ ချန်ယန်က သူ့အင်္ကျီကော်လာကို ပင့်တင်လိုက်တယ်။ ညဘက်မှာ အပူချိန်က ကျဆင်းလာပြီး ရှဲ့ရန်က ကားမောင်းသူကို ဆက်သွယ်နေတယ်။ နှစ်ယောက်လုံး အရက်သောက်ထားတာကြောင့် လုံခြုံရေးအရ ကားမောင်းဖို့ အဆင်မပြေဘူး။

သူတို့ ယာဉ်မောင်းကို စောင့်ဆိုင်းနေတဲ့အချိန်မှာ လူသုံးဦးက ဘားထဲကနေ ထွက်လာတယ်။ သူတို့အားလုံးက အရက်မူးနေပြီး ယိုင်ထိုးနေကြတယ်။

လမ်းက အရမ်းကျယ်ပေမယ့် သူတို့ နှစ်ယောက်က ချန်ယန်ကို မှတ်မိနေကြ တယ်။ အရက်သောက်ထားတဲ့အကြောင်းခံကြောင့် သူတို့က ဘာမှ မတွေးဘဲ ချန်ယန် ဆီကို လျှောက်လာကြတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ အမျိုးသားတစ်ဦးက ချန်ယန်ကို အတွင်းဘက်ကို တမင်တကာ ဝင်တိုက်လိုက်ပြီး ချန်ယန်က နောက်တစ်ယောက်ကို တိုက်မိသွားတယ်၊ အဲ့လူက ချန်ယန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပြီး တောင်းပန်ခိုင်းနေတယ်။

👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧💜💜💜ZAWGYI💜💜💜ZAWGYI👇👇👇


 အခန္း ၃၆ (အပိုင္း ၂)

ဇီဒန္းရဲ႕သူငယ္ခ်င္းေတြက ထိုင္ခုံေနရာ ယူထားၿပီးသား ျဖစ္ေနတယ္။ သူတို႔သုံးေယာက္ အတူတကြ ေရာက္သြားခ်ိန္မွာ အထူးသျဖင့္ ခ်န္ယန္နဲ႔ ရွဲ႕ရန္ကို ေတြ႕တဲ့အခ်ိန္မွာ အားလုံးရဲ႕မ်က္လုံးေတြက အံ့အားသင့္ေနပုံရတယ္။

တကယ္ေတာ့ ဒီလိုစုံတြဲေပါင္းစည္းမ်ိဳးကို ေတြ႕ရဖို႔က ရွားပါးလြန္းတယ္ေလ။ လူႏွစ္ေယာက္ထဲက ဘယ္တစ္ေယာက္ကိုပဲ ၾကည့္ၾကည့္ လူကိုေသေစႏိုင္ေလာက္ေအာင္ ေခ်ာေမာလြန္းတယ္။

ရွဲ႕ရန္နဲ႔ခ်န္ယန္ ဝင္ထိုင္ၿပီးတာနဲ႔ သူတို႔ေဘးက တစ္ေယာက္က ရွဲ႕ရန္ကို စီးကရက္တစ္လိပ္ လွမ္းေပးလိုက္တယ္။ ရွဲ႕ရန္က ယဥ္ယဥ္ေက်းေက်း ျငင္းဆိုလိုက္တယ္။ "ငါ ေဆးလိပ္ျဖတ္ထားတယ္"

ထို႔ေနာက္ အဲ့လူက ခ်န္ယန္ကို ေဆးလိပ္ေသာက္တက္လားလို႔ ေမးလာျပန္တယ္။

ခ်န္ယန္ကလည္း ေခါင္းခါလိုက္တယ္ "အိမ္မွာ ကေလးတစ္ေယာက္ရွိတယ္၊ အဲ့တာေၾကာင့္ ေဆးလိပ္မေသာက္ဘူး"

တကယ္ေတာ့ ခ်န္ယန္က ေဆးလိပ္ေသာက္တတ္တဲ့ အေလ့အထ မရွိဘူး။

"မင္းမွာ ကေလးရွိတာလား? ဘယ္လို ပုံေလးလဲ၊ မင္းမွာ ဓာတ္ပုံေတြ ရွိလား"

ထိုလူက စီးကရက္ကို ျပန္ယူၿပီး မီးညႇိေနရင္း ေပါ့ေပါ့ပါးပါး ေမးလိုက္တယ္။

"အင္း" ခ်န္ယန္က သူ႔ဖုန္းကို ထုတ္လိုက္ၿပီး ကေလးရဲ႕ဓာတ္ပုံကို ဖြင့္လိုက္ၿပီး ဇီဒန္းရဲ႕ သူငယ္ခ်င္းလို႔ ယူဆႏိုင္တဲ့လူကို သူ႔ဖုန္း လွမ္းေပးလိုက္တယ္။ ထိုလူနဲ႔ သူ႔ပတ္ဝန္းက်င္မွာ ရွိေနတဲ့ အျခားသူေတြက ဓာတ္ပုံကို ငုံ႔ၾကည့္ေနၾကတယ္။

"သူက ခ်စ္စရာေကာင္းလြန္းတယ္"

"ေနာက္တစ္ခါဆိုရင္ အတူတူကစားဖို႔ ေခၚလာပါလား"

ဓါတ္ပုံေတြကို ၾကည့္ၿပီးတဲ့ေနာက္မွာ တစ္ဖက္က ဖုန္းကို ခ်န္ယန္ဆီကို ျပန္ေပးလိုက္တယ္။ ခ်န္ယန္ ဖုန္းကို လွမ္းမယူရေသးခင္မွာ ဇီဒန္းက သူ႔ဖုန္းကို လွမ္းယူလိုက္တယ္။

"ငါ့ကို ၾကည့္ခြင့္ေပးဦး"

ေကာင္ေလးရဲ႕ဓာတ္ပုံေတြကို ၾကည့္ၿပီးတဲ့ေနာက္မွာ ဇီဒန္းက ခ်န္ယန္ဆီကို ဖုန္းျပန္ေပးလိုက္တယ္။

ဒီစားေသာက္ဆိုင္က ဘူေဖးတစ္ပိုင္း ဝန္ေဆာင္မႈျဖစ္တာေၾကာင့္ လူတိုင္းက သူတို႔ႏွစ္သက္တဲ့ စားစရာကို ရဖို႔ ထိုင္ခုံကေန တစ္ေယာက္ၿပီးတစ္ေယာက္ ထထြက္သြားၾကတယ္။

ပထမေတာ့ ခ်န္ယန္လည္း ထဖို႔ျပင္ေနေပမယ့္ ရွဲ႕ရန္က သူ႔ကို ျပန္ဆြဲထားလိုက္တယ္။ ရွဲ႕ရန္က ခ်န္ယန္ကို သူ စားစရာ သြားယူေနတုန္း ၿငိမ္ၿငိမ္ေလးထိုင္ေနဖို႔ အခ်က္ျပလိုက္တယ္။ ရွဲ႕ရန္ ထြက္သြားတာနဲ႔တၿပိဳင္နက္ ဇီဒန္းက ခ်န္ယန္ရဲ႕အနားကို ေရာက္လာၿပီး မ်က္ခုံးပင့္ၿပီး အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္။

"မင္းတို႔ရဲ႕ဆက္ဆံေရးက တကယ္ေကာင္းတာပဲ"

ခ်န္ယန္ရဲ႕မ်က္လုံးေလးေတြက အၿပဳံးေတြနဲ႔ ျပည့္ႏွက္ေနတယ္။

သူတို႔ စားေသာက္ေနၾကတဲ့အခ်ိန္အတြင္းမွာ ဇီဒန္းနဲ႔အျခားသူေတြက သူတို႔ ကားေမာင္းလာခဲ့တဲ့ ခရီးသြားစဥ္မွာ ေတြ႕ႀကဳံခဲ့ရတဲ့ အေၾကာင္းအရာေတြကို ျပန္ေျပာျပခဲ့ၾကတယ္။ ဟိုးအရင္တုန္းက ႐ိုးရာဓေလ့ထုံးစံေတြနဲ႔ ခက္ခဲၾကမ္းတမ္းတဲ့ ေနရာကိုေတာင္ သြားခဲ့ၾကတယ္လို ေျပာျပၾကတယ္။

အဲ့တုန္းက သူတို႔ ျပန္ထြက္ေျပးဖို႔ မရႏိုင္သေလာက္ျဖစ္ခဲ့တာေလ။

"ဘာလို႔ ျပန္ထြက္လို႔ မရတာလဲ" ခ်န္ယန္က ဟင္းရည္ပူပူကို တစ္ငုံေသာက္ရင္း ေမးလိုက္တယ္။

ဇီဒန္းက ခ်က္ခ်င္း ေျပာျပလာတယ္။ သူတို႔နဲ႔အတူသြားခဲ့တဲ့ အဖြဲ႕ထဲက လူတစ္ဦးကို သေဘာက်ၿပီး အဲ့လူကို သူမသားမက္အျဖစ္ ဆက္ေနဖို႔ အတင္းအၾကပ္ ခိုင္းေစခဲ့တဲ့ ေဒသခံအမ်ိဳးသမီးတစ္ဦး ရွိခဲ့ဖူးတာကို သိလိုက္ရတယ္။

"မင္း မသိဘူး၊ အဲ့တုန္းက ငါတို႔ ညဘက္ႀကီး ျပတင္းေပါက္ကေန ခုန္ဆင္းၿပီး အဲ့အေဆာက္အဦးကေန ထြက္ေျပးခဲ့ၾကတာ"

အတင္းအဖ်င္း ခ်စ္စိတ္ေၾကာင့္ ခ်န္ယန္ရဲ႕မ်က္လုံးေတြက ေတာက္ပေနၿပီး ဇီဒန္းကို စိုက္ၾကည့္ေနတယ္။

"အဲဒီလူက မင္းေတာ့ မဟုတ္ဘူးမလား" ဇီဒန္းရဲ႕ေလသံကို နားေထာင္ရင္း ခ်န္ယန္က ဇီဒန္းျဖစ္မယ္လို႔ တိုက္႐ိုက္ခန႔္မွန္းလိုက္တယ္။

ဇီဒန္းက သူ႔လက္ကို စိမ္ေျပနေျပ ေဝွ႔ယမ္းလိုက္ေနၿပီး "အဲဒါက ငါမဟုတ္ဘူး၊ တဖက္လူက ငါကို ပိန္လြန္းတယ္လို႔ သတ္မွတ္တယ္။ အဲဒါက ဟိုမွာထိုင္ေနတဲ့ တစ္ေယာက္" ဇီဒန္းက သူ႔လက္ေမာင္းကို ေလွ်ာ့ၿပီး သူ႔ထက္အမ်ားႀကီး ပိုထြားက်ိဳင္းတဲ့ သူ႔မ်က္ေစာင္းထိုးမွာ ထိုင္ေနတဲ့ သူ႔သူငယ္ခ်င္းကို ၫႊန္ျပလိုက္တယ္။

စားပြဲမွာရွိေနတဲ့ လူတိုင္းရဲ႕ မ်က္လုံးေတြက အဲ့လူကို စူးစူးစိုက္စိုက္ၾကည့္ေနၾကတယ္။

သူကိုယ္တိုင္က သန္မာေပမယ့္ သူက ႏူးညံ့သိမ္ေမြ႕တဲ့မိန္းကေလးေတြကို ႏွစ္သက္တဲ့သူမ်ိဳးပါ။ အဲ့အခ်ိန္တုန္းက သူေတြ႕ခဲ့တဲ့ လူမ်ိဳးစုက ခက္ထန္တဲ့အမ်ိဳးသမီးက သူ႔ထက္ ဆယ္ႏွစ္ေက်ာ္ ပိုႀကီးၿပီး ကြာရွင္းျပတ္စဲထားတဲ့အျပင္ ကေလးကလည္း ရွိေနေသးတယ္။

သူ ဘယ္လိုမွ သည္းမခံႏိုင္ဘူး။

"ဒါက နည္းနည္းေတာ့ စိတ္လႈပ္ရွားစရာပဲ" ခ်န္ယန္က ေတြးၾကည့္႐ုံနဲ႔ သက္ပ်င္းခ်လိုက္မိတယ္။

"ငါတို႔ ထြက္ေျပးတုန္းက ဖုန္းေတာင္ မယူႏိုင္ခဲ့ဘူး" အဲ့မေတာ္တဆမႈျဖစ္ၿပီးကတည္းက သူတို႔ ကားေမာင္းခရီးေတြ သြားတဲ့အခါ ဖုန္း ႏွစ္လုံးယူၾကေတာ့တယ္၊ လူနဲ႔အတူ တစ္လုံးသယ္ၿပီး ကားေပၚမွာတစ္လုံးခ်န္ခဲ့ၾကတယ္။

ခ်န္ယန္က ဇီဒန္း ေျပာေနတာကို မ်က္လုံးလက္လက္ေလးေတြနဲ႔ စိတ္ဝင္တစား နားေထာင္ေနတယ္။ ႐ုတ္တရက္ ဇီဒန္းက ခ်န္ယန္ဆီကို ေခါင္းစဥ္ေျပာင္းလိုက္တယ္။

"တကယ္လို႔ မင္းကားေမာင္းသင္ၿပီး ငါတို႔နဲ႔ ကားေမာင္းခရီးေတြ လိုက္မယ္ဆိုရင္ေတာ့ မင္းမ်က္ႏွာကို အုပ္ထားဖို႔ အႀကံေပးခ်င္တယ္" ဇီဒန္းက ခ်န္ယန္ကို ၾကည့္ရင္း ဟန္ေဆာင္ပန္ေဆာင္ ေျပာလိုက္တယ္။

"ဘာလို႔ ငါ့မ်က္ႏွာကို ဖုံးထားရမွာလဲ"

ခ်န္ယန္က သူ ဘာကိုဆိုလိုခ်င္တာလဲဆိုတာကို နားမလည္ဘူး။

"မင္းမ်က္ႏွာကို မဖုံးကြယ္ထားရင္ မင္းကို ခင္ပြန္းေတာ္ခ်င္တဲ့ မိန္းခေလးေတြတင္အျပင္ မင္းကို ဇနီးအျဖစ္ထားခ်င္တဲ့ ေယာက္်ားေတြလည္း အမ်ားႀကီးရွိမယ္ ထင္တယ္"

ဇီဒန္းက သူ႔လက္တစ္ဖက္နဲ႔ သူ႔ေမးေစ့ကို ကိုင္ထားရင္း ေနာက္ေျပာင္ေနတယ္။ ခ်န္ယန္က အဲ့စကားကို ဘာမွ မမွားဘူးလို႔ ထင္ထားေပမယ့္ သူ႔ေဘးက ရွဲ႕ရန္ကေတာ့ အဲ့ဒါကို ၾကားလိုက္တာနဲ႔ မ်က္ႏွာႀကီးမည္းသြားတယ္။

ရွဲ႕ရန္က ခ်န္ယန္အျပင္ထြက္ၿပီး အျပန္းေျဖတာကို မတားခဲ့ဘူး။ သူက သူ႔အလုပ္ေတြနဲ႔ သူ အလုပ္ရႈပ္ေနၿပီး ခ်န္ယန္အတြက္ အခ်ိန္မ်ားမ်ားစားစား မေပးႏိုင္ဘူး။ ခ်န္ယန္ တစ္ခုခုလုပ္ေနတာ ဒါမွမဟုတ္ ခ်န္ယန္ေပ်ာ္ေနတာကို ျမင္ရရင္ သူလည္း ေပ်ာ္တယ္။

ဒါေပမယ့္ ဇီဒန္းရဲ႕အေျပာအရဆိုရင္ အရင္တုန္းက ရွဲ႕ရန္က ကိုယ္တိုင္ကားေမာင္းႏွင္တဲ့ ခရီးစဥ္ေတြလိုမ်ိဳးေတြက အေရးမႀကီးဘူးလို႔ ထင္ခဲ့ေပမဲ့ အခုေတာ့ ျပန္လည္သုံးသပ္ဖို႔ လိုအပ္ေနၿပီ။

တကယ္လို႔ ခ်န္ယန္သာ အဲ့လိုအျဖစ္မ်ိဳး အမွန္တကယ္ႀကဳံေတြ႕ခဲ့ရရင္ သူ႔ဇနီးေလးနဲ႔ အရင္းႏွီးဆုံးသူက သူပဲျဖစ္ရမယ္။

ပထမေတာ့ သူ ခ်န္ယန္ကို သေဘာက်ရတဲ့ အေၾကာင္းရင္းက ခ်န္ယန္ရဲ႕ မ်က္ႏွာေၾကာင့္ဆိုတာ ျငင္းလို႔ မရပါဘူး။ ေနာက္ပိုင္း သူတို႔ သိလာတဲ့အခ်ိန္မွာေတာ့ ခ်န္ယန္က ႐ုပ္ရည္ေခ်ာေမာတဲ့အျပင္ တျခားအရာေတြ အမ်ားႀကီးမွာလည္း ေတာက္ပေနတာကို ျငင္းလို႔ မရပါဘူး။ ဒီအရာေတြက သူ႔ကို ၿပီးျပည့္စုံတဲ့လူ ျဖစ္လာေစတယ္။

ရွဲ႕ရန္က အခုနအထိ ဒီအက်ပ္အတည္းကို သိပ္အာ႐ုံမစိုက္ဘူး။ ခ်န္ယန္က သူ႔အတြက္ ကေလးေမြးထားေပးၿပီးၿပီျဖစ္တာေၾကာင့္ သူတို႔ရဲ႕ဆက္ဆံေရးမွာ ဘာျပႆနာမွ ရွိလာမွာ မဟုတ္ဘူး။ ဒါေပမယ့္ မေတာ္တဆမႈဆိုတာမ်ိဳးက ဘယ္သူမွ အာမမခံႏိုင္ဘူး။

အဲ့တာေၾကာင့္ ရွဲ႕ရန္က အဲ့တာကို စတင္ ေတြးေတာေနၿပီ၊ ဇီဒန္းလို႔ေခၚတဲ့ ဒီလူနဲ႔ ခ်န္ယန္ကို ခပ္ေဝးေဝးေနခိုင္းရင္ ပိုေကာင္းလိမ့္မယ္။ အဲ့တာေတြအားလုံးက သူ႔ရဲ႕ခဏတာအေတြးေတြျဖစ္ၿပီး ရွဲ႕ရန္က အျခားသူေတြကို အျပည့္အဝ ေဖာ္ျပမွာမဟုတ္ဘူး။

ခ်န္ယန္က ေခါင္းကို လွည့္ၿပီး ရွဲ႕ရန္ကို စိုက္ၾကည့္ေနတယ္၊ ဇီဒန္းရဲ႕စကားေတြက ရွဲ႕ရန္ မႏွစ္သက္တဲ့အရာေတြ မျဖစ္ဖို႔ သူ ေမွ်ာ္လင့္ေနမိတယ္။

ရွဲ႕ရန္က သူ႔ကို ဘယ္ေလာက္ထိ ပိုင္ဆိုင္ခ်င္ဆိုင္မ်ားတယ္ဆိုတာကို သူလည္း မသိႏိုင္ေတာ့ဘူး။ ခ်န္ယန္က စားပြဲေအာက္ကေန သူ႔လက္ဖဝါးကို သူ႔ေယာက္်ားရဲ႕ေပါင္ေပၚ အသာအယာ တင္လိုက္တယ္။

"ငါက အိမ္ေထာင္က်ၿပီး ကေလးယူထားၿပီးၿပီ။ ဘယ္သူက ဒီေလာက္ မ်က္စိကန္းႏိုင္မွာလဲ" ခ်န္ယန္ အေၾကာင္းအရာကို တိုက္႐ိုက္ ညင္ညင္သာသာ ျငင္းပယ္လိုက္တယ္။

ဇီဒန္းက ရွဲ႕ရန္ရဲ႕အေျပာင္းအလဲေတြကို သတိျပဳမိသြားၿပီး အဲ့အေျခအေနကို ျမင္လိုက္တာနဲ႔ သူ႔စကားကို ရပ္လိုက္တယ္။

"ငါက ေနာက္ေနတာပါ" ဇီဒန္းက သူ႔အတြက္ လြတ္လမ္းကို ျပန္ရွာလိုက္တယ္။

ေနာက္ေတာ့ သူတို႔က တျခားအေၾကာင္းေတြ ေျပာၾကတယ္။

အလယ္မွာ တင္ထားတဲ့ ဇီဒန္းရဲ႕ဆဲလ္ဖုန္းက ႐ုတ္တရက္ ျမည္လာၿပီး ဖုန္းကိုင္လိုက္တဲ့အခါမွာေတာ့ ကားျပင္ဆိုင္က ဖုန္းဆက္ၿပီး ကားျပင္စရိတ္အေၾကာင္း ေျပာလာတယ္။

ဖုန္းခ်ၿပီးတဲ့ေနာက္မွာ ဇီဒန္းက မေတာ္တဆမႈျဖစ္ပြားခဲ့တဲ့ သူ႔သူငယ္ခ်င္းကို ကုန္က်စရိတ္ ေျပာျပလိုက္တယ္။

တစ္ခ်ိန္တည္းမွာပင္ သူက ဒီကိုလာတဲ့လမ္းမွာ ျဖစ္ခဲ့တဲ့ မေတာ္တဆမႈအေၾကာင္း ခ်န္ယန္တို႔ကို အက်ဥ္းခ်ဳံး ေျပာျပေနတယ္။

"တျခားတစ္ဖက္ကေရာ အဆင္ေျပရဲ႕လား" ကားတိုက္မႈလို႔ ၾကားေတာ့ ခ်န္ယန္က အမွတ္တမဲ့ ေမးလိုက္တယ္။

ဇီဒန္းက သူ႔လက္ကို ေဝွ႔ယမ္းၿပီး ကားေနာက္ျခမ္း ခမ္နိမ့္နိမ့္ေနရာကို တိုက္မိၿပီး အေရွ႕က ကားေပၚရွိ လူေတြ ထိခိုက္ဒဏ္ရာရမႈ လုံးဝမရွိေၾကာင္း ရွင္းျပလိုက္တယ္။ အားလုံးအဆင္ေျပေနတာေၾကာင့္ ခ်န္ယန္က ေခါင္းညိတ္လိုက္မိတယ္။ တစ္ခုခုျဖစ္ခဲ့ရင္ နည္းနည္းေတာ့ ဒုကၡမ်ားလိမ့္မယ္။

ညစာစားၿပီးတဲ့အခ်ိန္မွာေတာ့ အေစာႀကီးရွိေနေသးၿပီး ဇီဒန္းနဲ႔ တျခားသူေတြက တစ္ညလုံးနီးပါး မအိပ္တဲ့ ဇီးကြက္ေတြ ျဖစ္ေနတာေၾကာင့္ ျပန္သြားၿပီးအိပ္ရင္လည္း အိပ္ေပ်ာ္မွာ မဟုတ္ဘူးလို႔ ေျပာၾကတယ္။ အဲ့ဒါေၾကာင့္ ဘားတစ္ခုရွာၿပီး ဆက္ကစားမယ္လို႔ ေျပာၾကတယ္။

တစ္ဖက္လူေတြက ဒီကို အလည္လာတာျဖစ္ေနတာေၾကာင့္ ခ်န္ယန္ကလည္း သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ သူ႔တို႔နဲ႔ ခဏလိုက္သြားရမယ္။ ေနာက္ဆုံးေတာ့ သူတို႔ႏွစ္ေယာက္ တျခားသူေတြေနာက္ကို လိုက္သြားၿပီး အဲဒီေဒသမွာရွိတဲ့ အေက်ာ္ၾကားဆုံး ဘားေတြ ရွိတဲ့လမ္းကို ေမာင္းသြားၾကတယ္။ အျပင္ဘက္ကေနၾကည့္ရင္ အေတာက္ပဆုံး ေရာင္စုံမီးေတြရွိတဲ့ ကလပ္ထဲကို ဝင္လိုက္ၾကတယ္။

ခ်န္ယန္က ​​ဒီလိုေနရာမ်ိဳးေတြကို မၾကာခဏ လာေလ့မရွိဘူး။ ရွဲ႕ရန္ကေတာ့ သူ႔လူေတြနဲ႔ စကားေျပာစရာရွိရင္ သူ ရွယ္ယာဝင္ထားတဲ့ ကလပ္ကို သြားေလ့ရွိတယ္။

ဇီဒန္းနဲ႔ တျခားသူေတြက သီးသန႔္အခန္းကို မသြားဘဲ အျပင္ဘက္ေထာင့္မွာ ေနရာရွာ ေတြ႕သြားၿပီး ဝင္ထိုင္လိုက္ၾကတယ္၊ ၿပီးေတာ့ ဝိုင္ႏွစ္ပုလင္း ယူလာေပးဖို႔ ဆိုင္ဝန္ထမ္းကို ေတာင္းဆိုလိုက္ၾကတယ္။

ဝန္ထမ္းေလးက သူ႔တို႔ေဘးနားမွာ ပုလင္းအဖုံးေတြကို ဖြင့္ေပးေနၿပီး ဘားထဲမွာ သီခ်င္းသံေတြနဲ႔ ဆူညံေနတယ္။ ​​အေပၚက မီးေရာင္ေတြက အေရာင္စုံေနၿပီး ေနရာတိုင္းမွာ လူအုပ္ႀကီး ရွိေနတယ္။ နံရံရဲ႕ အတြင္းနဲ႔ အျပင္က မတူညီတဲ့ ကမာၻႏွစ္ခုလိုပါပဲ။ ၀တ္စုံလွလွေလးေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ အမ်ိဳးသားေတြ အမ်ိဳးသမီးေတြ အမ်ားႀကီးရွိေနတယ္။

ခ်န္ယန္နဲ႔ ရွဲ႕ရန္တို႔က ေထာင့္တစ္ေနရာမွာ ထိုင္ေနၾကၿပီး တစ္စုံတစ္ေယာက္က သူ႔အတြက္ ဝိုင္ ထည့္ေပးေနတယ္။ ခ်န္ယန္က အဲ့တာကို ယူလိုက္ၿပီး သူ႔လက္ထဲမွာ ကိုင္ထားရင္း တစ္ငုံေသာက္လိုက္တယ္။ သူ႔ရဲ႕ေသာက္ခ်င္စိတ္က ပိုမ်ားလာတယ္၊ တကယ္ဆို သူ ဘားထဲမွာ ေသာက္ေလ့မရွိဘူး။

ရွဲ႕ရန္က ခ်န္ယန္ရဲ႕အေနာက္က ဆိုဖာေပၚကို လက္တစ္ဖက္ကို တင္ထားၿပီး တစ္ခ်က္ၾကည့္လိုက္တာနဲ႔ ပိုင္းျခားသိျမင္ႏိုင္တဲ့ မ်က္လုံးရွိတဲ့သူတိုင္း ခ်န္ယန္နဲ႔ သူ႔ရဲ႕ဆက္ဆံေရးက ဘယ္လိုဆိုတာကို သိႏိုင္တယ္။

ရွဲ႕ရန္ကိုယ္တိုင္က ဒီလိုဆူညံတဲ့ ေနရာေတြကို သိပ္မႀကိဳက္ေပမယ့္ သူ႔ဇနီးေလးနဲ႔ အခ်ိန္ျဖဳန္းဖို႔ဆိုရင္ သူအတြက္ ဒါေတြက ျပသနာေသးေသးေလးေတြပါပဲ။

လင္လင္ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းနီးကပ္ေနၿပီး သူတို႔ပတ္ဝန္းက်င္က ဘယ္သူကမွ သူတို႔ကို အေႏွာင့္အယွက္မေပးခဲ့ဘူး။

တစ္ခ်ိဳ႕လူေတြက ကခုန္ဖို႔ အကၾကမ္းျပင္ကို ေျပးသြားၾကၿပီး ဇီဒန္းနဲ႔ သူ႔ရဲ႕ ထြားက်ိဳင္းတဲ့ သူငယ္ခ်င္းကေတာ့ ထိုင္ေနတုန္းပါပဲ။

အဲ့အခ်ိန္မွာ ခ်န္ယန္က ေန႔ခင္းတုန္းက သူေတြ႕ခဲ့တဲ့လူတစ္ဦးကို မထင္မွတ္ဘဲ ျပန္ေတြးလိုက္မိတယ္။ သူက ရွဲ႕ရန္ရဲ႕နားနားကို ကပ္သြားလိုက္တယ္။ ဘားက ဂီတသံက က်ယ္ေလာင္လြန္းတာေၾကာင့္ တစ္ဖက္လူရဲ႕နားနားမွာ ကပ္ေျပာမွပဲ စကားလုံးေတြကို ၾကားႏိုင္တယ္ေလ။

ခ်န္ယန္ ေန႔လည္ခင္းက လူတစ္ေယာက္နဲ႔ေတြ႕ခဲ့တဲ့အေၾကာင္း ရွဲ႕ရန္ကို ေျပာျပလိုက္တယ္။ သူ႔ရဲ႕မ်ိဳး႐ိုးအမည္က ဟုန္ျဖစ္ၿပီး သူ႔ရဲ႕မ်က္ႏွာက်က ဦးေလးဟုန္နဲ႔ ခပ္ဆင္ဆင္တူတာကိုပါ ေျပာျပလိုက္တယ္။ (T/N: အရင္တုန္းက ဦးေလးေဟာင္လို႔ သုံးခဲ့မိတယ္ထင္တယ္၊ ဦးေလးဟုန္လို႔ ျပင္သုံးမယ္ေနာ္)

ခ်န္ယန္က ရွဲ႕ရန္ရဲ႕ဖုန္းထဲမွာ ဦးေလးဟုန္ရဲ႕သားအငယ္ဆုံးဓာတ္ပုံရွိလားလို႔ ရွဲ႕ရန္ကို ေမးလိုက္တယ္။ အဲဒီလူက ေန႔လည္ခင္းက သူေတြ႕ခဲ့တဲ့လူျဖစ္ႏိုင္တယ္လို႔ သူ သံသယရွိေနခဲ့တယ္။

ရွဲ႕ရန္က သူ႔ဖုန္းထဲမွာ ဟုန္က်န႔္ရဲ႕ဓာတ္ပုံကို ရွာေဖြလိုက္ၿပီး ခ်န္ယန္ကို ျပလိုက္တယ္။ တူညီတဲ့မ်က္ႏွာကို ျမင္လိုက္ရမွ ခ်န္ယန္က သက္ျပင္းခ်ႏိုင္ေတာ့တယ္၊ ဒီကမာၻႀကီးက အမွန္တကယ္ကို ေသးငယ္လြန္းတယ္။

ဟုန္က်န႔္အေၾကာင္း ေျပာေနရင္း ရွဲ႕ရန္ရဲ႕အေဖအိမ္ကို သြားတဲ့ေန႔ကို ခ်က္ခ်င္း ျပန္အမွတ္ရခဲ့တယ္။ ဦးေလးဟုန္က ခ်န္ယန္ကို သူ႔သားအတြက္ လူၾကည့္ေပးဖို႔ ေတာင္းဆိုထားတယ္။

ရွဲ႕ရန္က ခ်န္ယန္ရဲ႕ပခုံးေတြကို ကိုင္ထားၿပီး သူ႔ရဲ႕ပူေႏြးစိုစြတ္တဲ့ ထြက္သက္ဝင္သက္က ခ်န္ယန္ရဲ႕နား႐ြက္ေပၚကို က်ဆင္းလာတယ္။ ခ်န္ယန္က တုန္လႈပ္သြားၿပီး ရွဲ႕ရန္က သူ႔ကို ႀကိဳးဆြဲခ်င္ေနတာလားလို႔ ေမးတာကို ၾကားလိုက္တယ္။

"ဘာႀကိဳးလဲ" ခ်န္ယန္ရဲ႕မ်က္လုံးေတြက ျပဴးက်ယ္သြားတယ္။

သူ႔မွာ ေအာင္သြယ္လုပ္ခ်င္တဲ့ ဝါသနာ မရွိဘူး။ ၿပီးေတာ့ ဇီဒန္းနဲ႔ သူ႔ရဲ႕သူငယ္ခ်င္းေတြကလည္း အရမ္းကို ေျဖာင့္ေနပုံရတယ္။

ခ်န္ယန္က ​​သူတို႔ကို တစ္ေယာက္ေယာက္နဲ႔ ေအာင္သြယ္ေပးဖို႔ကလဲ သူတို႔ရဲ႕ ခင္မင္ရင္းႏွီးမႈက အဲ့‌ေလာက္ မနီးစပ္ေသးဘူး။

ခ်န္ယန႔္ရဲ႕အံ့အားသင့္ေနတဲ့အၾကည့္ေလးက အရမ္း ခ်စ္ဖို႔ ေကာင္းေနတယ္၊ ၾကက္ေသြးေရာင္ႏႈတ္ခမ္းေလးေတြက အနည္းငယ္ ပြင့္ေနၿပီး နီျမန္းၿပီး ႏူးညံ့တဲ့လွ်ာေလးက အတြင္းဘက္ကေန ထြက္ေနတာေၾကာင့္ ေသြးေဆာင္ခံလိုက္ရတဲ့ ရွဲ႕ရန္က အေပၚကေန ငုံ႔လာၿပီး ေစာင္းကာ ခ်န္ယန္ကို တိုက္႐ိုက္နမ္းလိုက္တယ္။

သူ႔တို႔ပတ္ဝန္းက်င္မွာ လူေတြ အမ်ားႀကီးရွိေနတာေၾကာင့္ ခ်န္ယန္က ရွဲ႕ရန္ကို တြန္းထုတ္ဖို႔ ႀကိဳးစားလိုက္ေပမယ့္ ေနာက္အခိုက္အတန႔္မွာ သူ႔ရင္ဘတ္ကို ေရာက္ရွိလာတဲ့ လက္ေတြကို ရွဲ႕ရန္က ဖမ္းမိသြားခဲ့တယ္။

ထိုလူရဲ႕ ႏူးညံ့သတဲ့လွ်ာႀကီးက ခ်န္ယန္ရဲ႕ပါးစပ္ထဲကို က်ဴးေက်ာ္ဝင္ေရာက္ၿပီး ခ်န္ယန္ရဲ႕လွ်ာဖ်ားေလးကို ခ်ိတ္ဆက္ၿပီး တျဖည္းျဖည္း နက္နက္ရႈိင္းရႈိင္း နမ္းေနတယ္။

ခ်န္ယန္တို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ နမ္းေနၾကတာကို တစ္ဖက္က ဆိုဖာေပၚမွာ ထိုင္ေနတဲ့ လူႏွစ္ေယာက္က ျမင္လိုက္ၾကတယ္။ ခ်န္ယန္တို႔ ႏွစ္ေယာက္လုံးက ထူးထူးျခားျခား ပုံပန္းသ႑ာန္ေတြ ရွိၾကၿပီး အတူတူ နမ္းေနတာက လွပတဲ့ ပန္းခ်ီကားတစ္ခ်ပ္လို မ်က္စိက်စရာ ေကာင္းေနတယ္။

ဇီဒန္းက ဆိုဖာကို မွီၿပီး စိတ္ဝင္တစား ၾကည့္ေနခဲ့တယ္။

ႏွစ္ေယာက္သား ဆယ္မိနစ္ေက်ာ္ေလာက္ တစ္ေယာက္ကို တစ္ေယာက္ နမ္းၿပီးတဲ့အခ်ိန္မွာ ရွဲ႕ရန္က ေနာက္ကို အနည္းငယ္ ျပန္ဆုတ္လိုက္ၿပီး သူတို႔ႏႈတ္ခမ္းေတြၾကားမွာ ေငြႀကိဳးတစ္ေခ်ာင္း ဆန႔္ထြက္လာတယ္။ အလင္းေရာင္က မွိန္ေနေပမယ့္ ခ်န္ယန္ကေတာ့ အဲ့ေငြႀကိဳးကို ျမင္ပုံရတယ္။

ႀကိဳးျပတ္သြားတဲ့အခ်ိန္အထိ ခ်န္ယန္ရဲ႕ေခါင္းထဲမွာ တစ္ခုခုလည္း ကြဲသြားသလို ခံစားေနရတုန္းပဲ။

သူက တစ္ဖက္ကို ၾကည့္ဖို႔ ေမာ့လိုက္တဲ့အခ်ိန္မွာ ဇီဒန္းရဲ႕ ေနာက္ေျပာင္ခ်င္ေနတဲ့ မ်က္လုံးေတြနဲ႔ ရင္ဆိုင္လိုက္ရတာေၾကာင့္ ခ်န္ယန္က သူ႔ပါးျပင္ေတြ ပိုပူလာသလို ခံစားလိုက္ရတယ္။ ခဏေလာက္ေတာ့ တစ္ကမာၻလုံးက သူ႔ကို ေစာင့္ၾကည့္ေနသလို ခံစားေနရတယ္။

ရွဲ႕ရန္ရဲ႕လက္ေတြက ခ်န္ယန္ရဲ႕ပခုံးကေန ခ်န္ယန္႔ခါးဆီကို ျပဳတ္က်လာၿပီး သူက သူ႔ခ်စ္သူရဲ႕ခါးေလးကို ေပြ႕ဖတ္ထားတယ္။ သူပုံစံက သူတို႔က ရႈပ္ေထြးေနတဲ့ ပတ္ဝန္းက်င္မွာ ရွိေနေပမယ့္ ဒီရႈပ္ပြေနတဲ့ေနရာက သူတို႔နဲ႔ ဘာမွ မဆိုင္သလို ထင္ေနရတယ္။

ခ်န္ယန္က ထသြားၿပီး သန႔္စင္ခန္းထဲ ဝင္သြားတယ္။ သူ ျပန္ထြက္လာတဲ့အခ်ိန္မွာ အရက္မူးေနတဲ့လူႏွစ္ေယာက္နဲ႔ ေတြ႕လိုက္ရၿပီး အဲ့လူႏွစ္ေယာက္က က်ဥ္းေျမာင္းတဲ့လမ္းကို ပိတ္ဆို႔ထားးၾကတယ္။ ခ်န္ယန္က သူတို႔ကို ေရွာင္ၿပီး နံရံဘက္ကေန ကပ္သြားလိုက္ပေမယ့္ သူ ဝင္တိုက္ခံလိုက္ရတယ္။

ခ်န္ယန္ကို ဝင္တိုက္လိုက္တဲ့သူက မေတာင္းပန္တဲ့အျပင္ သူ႔ကို လက္ညႇိဳးထိုးၿပီး က်ိန္ဆဲေနေသးတယ္။ ခ်န္ယန္က ဘာမွျပန္မေျပာ‌ေပမယ့္ တစ္ဖက္လူကို တစ္ခ်က္ေမာ့ၾကည့္လိုက္တယ္။ အဲဒီအၾကည့္က ေပါ့ပါးေပမယ့္ တစ္ဖက္က ခ်န္ယန္ က သူတို႔ကို ႏွိမ့္ခ်ၿပီး တမင္ ရန္စေနတယ္လို႔ပဲ ေတြးလိုက္တယ္။

ခ်န္ယန္နဲ႔ ပိုနီးတဲ့သူက လက္ကိုဆန႔္ၿပီး ခ်န္ယန္ကို ျပင္းျပင္းထန္ထန္ တြန္းထုတ္လိုက္တယ္။ သူ႔လက္ေခ်ာင္းက ခ်န္ယန္ရဲ႕ႏွာေခါင္းကို ထိလုနီးပါးပါပဲ။ သူဆီကေန အရက္နံ႔ရေနၿပီး သူက ခ်န္ယန္ကို ဘာၾကည့္ေနတာလဲလို႔ ေမးလာတယ္။

ခ်န္ယန္က သူ႔မ်က္လုံးေတြကို ျပန္ငုံ႔လိုက္ၿပီး သူ႔ရဲ႕အေနအထားကို သိသိသာသာ ေနာက္ျပန္ဆုတ္လိုက္တယ္။

တျခားတစ္ဖက္က ခ်န္ယန္႔ကို လႊတ္ေပးလိုက္ၿပီး ခ်န္ယန္ ထြက္သြားတဲ့အထိ ဆက္ၿပီး ဆဲဆိုေနတယ္။

ခ်န္ယန္က လမ္းေလွ်ာက္လာရင္း သူ႔အဝတ္အစားေတြကို ျပန္ဆြဲဆန႔္လိုက္တယ္။ သူ႔ရဲ႕ နဂိုက ရွိေနတဲ့ ေပ်ာ္႐ႊင္မႈေလးက အဲ့ႏွစ္ေယာက္ေၾကာင့္ ပ်က္စီးသြားတယ္။ ဆိုဖာေပၚျပန္ထိုင္လိုက္တဲ့အခ်ိန္မွာ ခ်န္ယန္ရဲ႕မ်က္ႏွာမွာ အၿပဳံးေတြ အမ်ားႀကီး မရွိေတာ့ဘူး။

သူက ဝိုင္ခြက္ကို ေကာက္ယူၿပီး သူ႔စိတ္ခံစားခ်က္ ေျပေလ်ာ့ေအာင္ ေသာက္ေနလိုက္တယ္။ အဲ့ေနာက္မွာ လက္တစ္ဖက္က သူ႔လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လာၿပီး သူ႔ေဘးနားက ရွဲ႕ရန္က ဘာျဖစ္ေနတာလဲလို႔ ေမးလာတယ္။

ခ်န္ယန္က ေပါ့ေပါ့ပါးပါး ျပန္ၿပဳံးျပလိုက္ၿပီး ေခါင္းယမ္းျပလိုက္တယ္။

ခ်န္ယန္က သူ႔ဖုန္းကို စစ္ၾကည့္ေတာ့ ဆယ့္တစ္နာရီ ထိုးခါနီးၿပီ။ အိမ္မွာ ကေလးေလး အိပ္ေပ်ာ္ေနလားလို႔ ေတြးေနမိတယ္။ ေနာက္ဆုံးေတာ့ ဇီဒန္းနဲ႔ တျခားသူေတြကလည္း စိတ္ၿငိမ္သြားပုံရတယ္။

ခ်န္ယန္က ဇီဒန္းဆီကို သြားၿပီး သူ႔နား႐ြက္ကို ကပ္ကာ ဆက္ကစားေနဖို႔ ေျပာၿပီး သူနဲ႔ ရွဲ႕ရန္က အရင္ျပန္သြားမယ္လို႔ ေျပာလိုက္တယ္။

သူတို႔ ႏွစ္ေယာက္မွာက ကေလးရွိေနၿပီဆိုတာ သိထားတာေၾကာင့္ သူတို႔နဲ႔ အတူလိုက္လာတာကေတာင္ အရမ္းစိတ္ဝင္စားဖို႔ေကာင္းေနၿပီ။ အဲ့တာေၾကာင့္ ဇီဒန္းက သူတို႔ကို ေနဖို႔ အတင္း မတိုက္တြန္းေတာ့ဘူး။

ႏႈတ္ဆက္ၿပီးေနာက္ ႏွစ္ေယာက္သား ဘာကေန ထြက္လာခဲ့တယ္။

သူတို႔ ထြက္လာၿပီးၿပီးခ်င္းမွာပဲ ခ်န္ယန္က ကေလးထိန္းကို ဖုန္းေခၚလိုက္ၿပီး ကေလးေလး ႏိုးေနေသးလားလို႔ ေမးလိုက္တယ္။ ကေလးက မအိပ္ေသးဘဲ ခ်န္ယန္တို႔ ျပန္လာမယ့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနၿပီး တံခါးဆီကို ရံဖန္ရံခါ လွမ္းၾကည့္ေနေၾကာင္း ကေလးထိန္းက အေၾကာင္းျပန္လာတယ္။

ဖုန္းခ်သြားၿပီးတဲ့ေနာက္မွာ ခ်န္ယန္က သူ႔အက်ႌေကာ္လာကို ပင့္တင္လိုက္တယ္။ ညဘက္မွာ အပူခ်ိန္က က်ဆင္းလာၿပီး ရွဲ႕ရန္က ကားေမာင္းသူကို ဆက္သြယ္ေနတယ္။ ႏွစ္ေယာက္လုံး အရက္ေသာက္ထားတာေၾကာင့္ လုံၿခဳံေရးအရ ကားေမာင္းဖို႔ အဆင္မေျပဘူး။

သူတို႔ ယာဥ္ေမာင္းကို ေစာင့္ဆိုင္းေနတဲ့အခ်ိန္မွာ လူသုံးဦးက ဘားထဲကေန ထြက္လာတယ္။ သူတို႔အားလုံးက အရက္မူးေနၿပီး ယိုင္ထိုးေနၾကတယ္။

လမ္းက အရမ္းက်ယ္ေပမယ့္ သူတို႔ ႏွစ္ေယာက္က ခ်န္ယန္ကို မွတ္မိေနၾက တယ္။ အရက္ေသာက္ထားတဲ့အေၾကာင္းခံေၾကာင့္ သူတို႔က ဘာမွ မေတြးဘဲ ခ်န္ယန္ ဆီကို ေလွ်ာက္လာၾကတယ္။

မ်က္ေတာင္တစ္ခတ္အတြင္းမွာပဲ အမ်ိဳးသားတစ္ဦးက ခ်န္ယန္ကို အတြင္းဘက္ကို တမင္တကာ ဝင္တိုက္လိုက္ၿပီး ခ်န္ယန္က ေနာက္တစ္ေယာက္ကို တိုက္မိသြားတယ္၊ အဲ့လူက ခ်န္ယန္ကို ျပင္းျပင္းထန္ထန္ စိုက္ၾကည့္ေနၿပီး ေတာင္းပန္ခိုင္းေနတယ္။

👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧👨‍👨‍👧

继续阅读

You'll Also Like

1.8M 113K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
46.8K 1.3K 32
Stiles Stilinski is having panic attacks, nightmares and flash backs over his possession from the Nogistune, while trying to get back to normal and...
3.1M 251K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
8.1K 764 36
Description ရာစုနှစ်များစွာ သင်္ချိုင်းဖောက်သူခိုးဖြစ်ခဲ့ကြသော မိသားစုလုပ်ငန်းကို အမွေဆက်ခံခဲ့သည့် ဝူရှဲ့ဟုအမည်ရသော လူငယ်လေး၏ စွန့်စားခန်းဝတ္ထုဇာတ်လမ...