BF was BF (Ongoing)

By iamcow_28

7.3K 320 11

Boy Friend was Best Friend More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈ (A)
အပိုင်း ၈ B (unicode)
အပိုင်း ၈ B (Zawgyi)
အပိုင်း ၉ (unicode)
အပိုင်း ၉ (Zawgyi)
အပိုင်း ၁၀ Unicode
အပိုင်း ၁၀ Zawgyi
အပိုင်း ၁၁ Unicode
အပိုင်း ၁၁ Zawgyi
အပိုင်း ၁၂ Unicode
အပိုင်း ၁၂ Zawgyi
အပိုင်း ၁၃ Unicode
အပိုင်း ၁၃ Zawgyi
အပိုင်း ၁၄ Unicode
အပိုင်း ၁၄ Zawgyi
အပိုင်း ၁၅ Unicode
အပိုင်း ၁၅ Zawgyi
အပိုင်း ၁၆ Unicode
အပိုင်း ၁၆ Zawgyi
အပိုင်း ၁၇ Unicode
အပိုင်း ၁၇ Zawgyi
အပိုင်း ၁၈ A Unicođe
အပိုင်း ၁၈ A Zawgyi
အပိုင်း ၁၈ B zawgyi
အပိုင်း ၁၉ unicode
အပိုင်း ၁၉ zawgyi
အပိုင်း ၂၀ unicode
အပိုင်း ၂၀ Zawgyi
အပိုင်း ၂၁ unicode
အပိုင်း ၂၁ zawgyi
အပိုင်း ၂၂ A unicode
အပိုင်း ၂၂ A zawgyi
အပိုင်း ၂၂ B unicode
အပိုင်း ၂၂ B zawgyi
အပိုင်း ၂၃ unicode
အပိုင်း ၂၃ zawgyi
အပိုင်း ၂၄ unicode
အပိုင်း ၂၄ zawgyi
အပိုင်း ၂၅ uničode
အပိုင်း ၂၅ Zawgyi
အပိုင်း ၂၆ unicode
အပိုင်း ၂၆ zawgyi
အပိုင်း ၂၇ unicode
အပိူင်း ၂၇ zawgyi
အပိုင်း ၂၈ unicode
အပိုင်း ၂၈ zawgyi

အပိုင်း ၁၈ B unicode

115 8 0
By iamcow_28


ရေထဲတွင် သူ့ကို အနိူင်ကျင့်ပါသည်ဆိုကာ ကောက်နေသော ထွန်းလင်းဦးကြောင့် ကျန် 4ယောက်မှာ သူလိုချင်နေသော
စိန် အရေအတွက်ကို ဝယ်ပေးလိုက်ရပါသည်။

ဒီမှသာ ဟီးဟီးဟားဟား ပြန်ဖြစ်သွားတာ။
အလကားကောင် လိုချင်တာရှိလို့ ဟန်ဆောင်နေတာ။

သူတို့တွေ အဲ့မှာ တစ်ည အိပ်ပြီး မနက်ကျမှ ပြန်လာကြသည်။
အပြန် တော့ ဘုန်းမြတ်က ကားမောင်းသည်။

ထို့ကြောင့် ဘုန်းမြတ်နဲ့ ရစ်သန်က ရှေ့ခန်းမှာ ဖြစ်ပြီး ကျန်သုံးကောင်က နောက်ထဲမှာပင်။

"ဟေ့ရောင် ပုံတွေ ပို့ပေးအုန်း"

ရေထဲမှာနှင့် လျှောက်သွားကာ ရိုက်ထားသော ပုံများက
ဘုန်းမြတ် ဖုန်းထဲမှာဖြစ်သောကြောင့် ရစ်သန် တောင်းလိုက်ခြင်းပင်။

"ရော့ မင်းပဲ တစ်ခါတည်း ပို့လိုက်တော့"

ဘုန်းမြတ် လှမ်းပေးလာသော ဖုန်းကို ရစ်သန် ယူလိုက်သည်။
ထို့နောက် ရစ်သန့်လက်ဗွေရာနဲ့ ပင် ဖွင့်လိုက်သည်။
ဘုန်းမြတ်အကျင့်က ငယ်ငယ်လေးကတည်းက
သူ့ဖုန်းတွေမှာ ရစ်သန့် လက်ဗွေရာ ထည့်ထားတာပင်။

Tg ကနေဝင်ပြီး ကိုယ့်အကောင့်ထဲကို ပုံတွေ ပို့လိုက်သည်။
ထိုအချိန် မြင်လိုက်ရသော contact လေးကြောင့်
ရစ်သန် တစ်ဖက်လှည့်ကာ ပြုံးမိပါသေးသည်။
အလကား... .......ဘယ်သူက ကိုကို ကလေးလေးလဲ.....

"အကုန်လုံး အကျီစိုက်နေကြ။ ငါ့ကို ပစ်ထားကြ ပစ်ထား"

နောက်တန်းက ထွန်းလင်းဦး၏ အသံကျယ်ကြီး ထွက်လာလေသည်။

ဟန်စိုးကလဲ ရဲထက်လွင်ကို မှီကာ ဖုန်းကြည့်နေသည်။
အကုန်လုံးက မကြားချင်ယောင်ဆောင်နေပြန်တော့
ထွန်းလင်းဦး ၏ ငါကိုင်တုတ်ပြီး ဆဲသံက
သူတို့ကားလေးထဲမှာ မိုး မွှန်နေလေသည်။

           *                      *                    *

ထွန်းလင်းဦးသည် Oceanထဲတွင် အမေ ဖွင့်ထားသော
ဆိုင်အား အမေကို လာကြိုတာဖြစ်သည်။ အမေက ခဏလေးဟု ပြောလာသည်ကြောင့် တစ်ခုခုစား ရန် ထွက်လာခဲ့လိုက်သည်။

ထိုစဉ် မတ်တပ်ရပ်လျက် စကားပြောနေကြသော ဘုန်းမြတ်လင်းထွန်းဆိုသော အကောင်နှင့် ကောင်မလေးတစ်ယောက်။

ထွန်းလင်းဦးသည် လူယုတ်မာ အပြုံးကို ဟန်ပါပါ
ပြုံးကာ ဓာတ်ပုံ အမိအရ ရိုက်လိုက်သည်။
ထို့နောက် Active now ဖြစ်နေသော ရစ်သန်၏ အကောင့်အား ထိုပုံများကို သွားပို့လိုက်သည်။

ဟီးဟီး ....သူများအတွဲ ကတောက်ကဆ
ဖြစ်အောင်လုပ်ရတာ အလွန်ပျော်စရာကောင်းသည်။
ငါ့ကို အနိူင်ကျင့်ထားတဲ့ ကောင်တွေ မှတ်ကြစမ်း....။

           *                      *                    *

ထွန်းလင်းဦး tagတွဲ ကာ တင်ထားသော ရစ်သန်တို့ ခရီးသွားသော blog လေးသည် reactများစွာနှင့် commentပေါင်း ထောင်ချီ ရှိနေလေသည်။
သူငယ်ချင်းပီပီ love react ပေးတာ ရှားသော်လည်း
ဒီတစ်ခါတော့ ပုံတွေအားလုံးကို ရစ်သန် love reactပေးလိုက်ပါသည်။

ထိုစဉ်ဝင်လာသော ထွန်းလင်းဦးဆီက ပုံ ။

ကြည့်နေသော စိတ်သည် ရုတ်ချည်း နောက်ကျိသွားသည်။

ဘုန်းမြတ်လင်းထွန်း အကောင့်ကို ချက်ချင်းစာပို့လိုက်သည်။

"မင်း ဘယ်မှာလဲ"

မိနစ်အနည်းငယ်ကြာမှ seenပြသည်။ ထို့နောက် rpချက်ချင်း ရောက်လာသည်။

"oceanမှာလေ။ ဘာမှာ မလဲ။ လာပို့မယ်"

"တစ်ယောက်တည်းလား"

ဒီတစ်ခါတော့ မစောင့်ရ။ ဘုန်းမြတ်က ချက်ချင်း seenပြသည်။
သို့သော် ဘာမှမဖြေ။

ရစ်သန် ထပ်မေးလိုက်သည်။

"ဘယ်သူနဲ့လဲ"

ဒီတစ်ခေါက် တစ်ဖက်က ဖြေလာမည့် အဖြေကို ရစ်သန် မျှော်နေမိသည်။

"တစ်ယောက်တည်းလေ"

"အော်.......
ရော့ အဲ့မှာ တစ်ယောက်တည်းလား။
ဘာလဲ နှစ်ကိုယ့်တစ်စိတ်မို့ တစ်ယောက်တည်းလို့ ပြောတာလား"

ထွန်းလင်းဦး ပို့ပေးထားသော
ပုံကို ပို့လိုက်သည်။

ထို့နောက် ရစ်သန်သည် သူ့အကောင့်ကို block လိုက်သည်။ ဖုန်းကိုင်ချင်စိတ်လည်း ရှိမနေတော့။

အလကားကောင်။
နှစ်ယောက်တွေ့တာကို တစ်ယောက်တည်းတဲ့။ အမှန်အတိုင်းပြောရင် ဘာမှ မဖြစ်တာကို အခုလို လိမ်ပြောတော့ လူက မခံစားနိူင်။
အထူးသဖြင့် ကောင်မလေး တစ်ယောက်နဲ့ အတူ ရှိနေတာကိုလေ။

တောက်... နောက်ဆုံးကျ ရစ်သန်ပဲ အရူးကျနေတာပဲ။
အေးလေ .......
ဘုန်းမြတ်လင်းထွန်းလို play boyက သူ့ကို ချစ်တယ်ပြောတာကို သူက ယုံမိတာကိုး။

သူငယ်ချင်းလိုမျိုုး နေဖို့ ကြိုးစားကြည့်ပေမဲ့လည်း
ဘုန်းမြတ်လင်းထွန်းဆိုတဲ့ကောင်က သူ့ရင်ဘတ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှိနေလေသည်။

မယုံသင့်တဲ့ လူကိုမှလေ.....
ဒါပေမဲ့ ဒါကို သိသွားတဲ့ အချိန်မှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။
သူရဲ့ စိတ်ထဲမှာ ဘုန်းမြတ်ကို ကောင်မလေးတစ်ယောက်နဲ့ တွဲတွေ့ရတာကို မကြိုက်။

သူ့ကို ချစ်တယ်လို့ ပြောတဲ့လူက
အခုတော့....
တောက်.... စောက်ရေးမပါတာ။
ဒါပေမဲ့ ဒီလိုမြင်ရတာကို သူက ဘာလို့ အဲ့လောက်
ခံစားစရာ လို လို့လား။

ဂိမ်းဆော့ချင်စိတ်လဲ မရှိ။
ဖုန်းကိုင်ရင်ကို ကိုင်ပေါက်ချင်တဲ့အထိ ဒေါသထွက်သည်။

ထို့ကြောင့် အိပ်ပျော်ရန်သာ ကြိုးစားလိုက်သည်။
သူဘာ မှ မတွေးချင်တော့.. ။

             *                   *                      *

"မယ့် ရစ်သန် ထမင်းစားပြီးပြီလား။ "

"နေ့ခင်းက သွားခေါ်တာ မစားချင်ဘူးတဲ့။အခုတော့ အိပ်နေလား မသိပါဘူး သားရယ်"

"ဟုတ်လား။ အဲ့ဆို သား သွားလိုက်အုန်းမယ်။ဒါက သားဝယ်လာတာ "

ရစ်သန်ကြိုက်သော
ဝက်နံရိုးကင်နှင့် မာလာခေါက်ဆွဲကြော်ကို
မယ့်လက်ထဲ ပေးခဲ့ကာ စိတ်ကောက်နေသော သခင်လေးအခန်းဆီသို့ တက်လာလိုက်သည်။

အခန်းကို ဖွင့်ကြည့်တော့ လော့ချ မထား။
ထို့ကြောင့် မခေါက်ပဲ ဝင်လာခဲ့လိုက်တော့
စားပွဲမှာ ထိုင်ကာ စာလုပ်နေသော ရစ်သန်။
အိပ်မနေဖူးပဲ........

အခန်းထဲ ဝင်လာတဲ့ ဘုန်းမြတ်ကို မြင်မြင်ချင်း မျက်နှာမှာ  ဆူပုတ်သွားကာ မျက်ခုံးတွေ တွန့်ချိုးသွားလေသည်။

"ဘာလာလုပ်တာလဲ"

အေးစက်စက်ထွက်လာသော စကား သံ သည်
အလိုမကျမှုတို့ ပြည့်နှက်နေလေသည်။

"ရစ်သန်ရာ မင်းထင်သလို လုံးဝမဟုတ်ဘူး။
ငါ နဲ့သူက ရုတ်တရက် တွေ့တာ။ငါ တကယ် တစ်ယောက်ထဲ အဲ့ကို သွားတာ"

"အဲ့ဆို ငါ့ကို ပြောလေ "

"ဟာ ....... မင်း ကို ပြောမလို့ပါပဲ။
ဒါပေမဲ့ မင်းက အဲ့ဓာတ်ပုံကို ဘယ်က ရမှန်းမှ မသိတာ"

"ဘာလဲ
မင်းက နောက်ကွယ်မှာ တွေ့ချင်တဲ့ လူနဲ့ တွေ့တာကို ငါသိလို့ ဝမ်းနည်းသွားတာလား"

"ခွန်ဆက်ဆိုင် ငါ့ကို အဲ့လိုစကား မပြောနဲ့။ ငါမင်းကို ဖွင့်ပြောပြီးကတည်းက ဘာဇယားမှ မရှိတော့ဘူးနော်။ အခုကလည်း မတော်တဆ တွေ့ လို့ သူက နှုတ်ဆက်လို့။
ငါက ဒီအတိုင်း ပြန်နှုတ်ဆက်လိုက်ရုံပဲ။ "

တွေ့တယ်ဆိုတာ လုံးဝကို ရုတ်တရက်ပါပဲ။

"ငါ့ကို လာမအော် နဲ့နော် ဘုန်းမြတ်လင်းထွန်း။
။မင်းပဲ ငါ့ကို ချစ်တယ် လို့ စပြောတာလေ။
မင်းပဲ ငါသဘောကျလာအောင် အကုန်လုပ်ခဲ့တာလေ။ အခုကျတော့ ကောင်မလေး တစ်ယောက်အတွက်န
ဲ့ မင်း ငါ့ကို အော်တာနော် "

15.3.24

Continue Reading

You'll Also Like

80.8K 2.6K 126
The night he crossed over, he was told that his "wife" was having a baby. Upon entering the delivery room, he discovered his "wife" is actually a man...
2.8K 157 8
•When you're immortal time seems to pass by in a blur, and the people you cherish, pass with it. Alnirŕ stands still against the passing of time, the...
333K 8.5K 17
အမှောင်ကြောက်သောသူများနှင့်အချိုမကြိုက်သောသူများမဖတ်သင့်ပါ ကောင်လေး လေးယောက်ရဲ့တတူညီတဲ့ဇရိုက်နဲ့မတူညီတဲ့ချစ်ချင်းများအကြောင်းကိုရေးသားထားခြင်းပါ🍑🍑�...
936K 71.5K 46
သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ်ဖို့သာ ပြင်ထားတော့ ဝမ်ရီလျှို့ ~~ရှောင်...