အပိုင်း ၁

1.4K 35 1
                                    

Unicode/Zawgyi

အပိုင်း (1)

" ငါလိုး ချီပဲး လီးပဲ ကွာ "

ထိုအသံသည် သွင်မြတ်နိုး၏အခန်းထဲမှာ စူးစူးရှရှထွက်ပေါ်လာသောအသံဖြစ်သည်။
ခါတိုင်းလို အော်ရင် မာတာမိခင် ကျေးဇူးရှင် ကြားသွားရင် အမြဲဆူခံထိသော်လည်း ဒီတစ်ခေါက်တော့ အမေအိမ်မှာမရှိဘူးဆိုသည် အသိနဲ့တင် သူမက စိတ်လွတ်လပ်လွတ်အော်ခြင်းပင်

စူးစူးဝါးဝါးအော်ပြီးသည့်နောက် ဖုန်းကို ကုတင်ပေါ်ချကာ မျက်နှာပေါ်သို့ ခေါင်းအုံး အုပ်လိုက်ကာ ငြိမ်သက်သွားလေသည်။
သူမ ကြည့်ရသည်မှာ ယံယံလုပ်သောက်မလို့ ရေနွေးအိုးတည်နေစဉ် မီးပျက်သွားလို့ စိတ်ပျက်အားငယ်သွားသည့် မျက်နှာမျိုးပင်။

ကုတင်ပေါ်တွင် ချထားသော ဖုန်းမျက်နှာပြင်ပေါ်မှ စာတန်းသည် "Phone Myat Lin Tun is relationship with Nann Phoo Mon"
ဆိုသည့် ကောင်လေးတစ်ယောက် rsချိတ်ထားသည့် postပင်။
တင်ထားတာ ကြာသေးသည့်ပုံမပေါ်သည့် ထို postတွင် sad reactများက ရာနှင့်ချီ ရှိလေသည်။
ငိုနေသော commentများလည်း များစွာနှင့်။

ဒါကိုကြည့်ခြင်းအား ဖြင့် postပိုင်ရှင် ကောင်လေးမှာ celeဖြစ်ကြောင်း သိနိူင်သည်။

Idolမှ Post တင်ရင် ခါတိုင်းလို firstရပီး ကြူးမယ်လို့ စဉ်းစားထားသော်လည်း notiဝင်လာတော့ ကြည့်လိုက်တော့ rsချိတ်တာတဲ့လား။

သူမ အလွန်အမင်းစိတ်ပျက်ထားပါသည်။
သူအဲ့ဒီ့ကောင်လေးအဖွဲ့လိုက်ကြီးကို ကြိုက်နေတာ3လ ကျေ်ာ နေ ပီ ဖြဖစ်သည်။
အဖွဲ့ထဲက တစ်ယောက်နှစ်ယောက်စက ချောသည်လည်းမဟုတ်ပဲ တစ်ဖွဲ့လုံးက ကြည့်ကောင်းနေကာ အထူးသဖြင့် သူ့ရဲ ဘုန်းမြတ်လင်းထွန်းနှင့် ရဲထက်လွင်တို့သည် အလွန်ချောသောကြောင့် crushအရာ သွင်းလိုက်ခြင်းပင်။
ကျန်တဲ့3 ယောက်ကလည်း အရမ်းမချောသော်လည်း သူဟာနဲ့သူတော့ ကြည့်ကောင်းကာ အလွန်ချစ်စရာကောင်းလှပါသည်။

ဘုန်းမြတ်လင်းထွန်းကို အကုန်လုံးက ဘုန်းမြတ် ဟုသာ ခေါ်သည်။
ဘုန်းမြတ် ကို သွင်မြတ်နိုးအကြိုက်ဆုံးပင်။

ဆံပင်က အရမ်းကြီးမကောက်ပဲ အဖျားလေးတွေကောက်ကာ
အမြဲတမ်းရှုပ်ထွေးနေသော သူ့ဆံပင်သည် သွင်မြတ်နိုး မိခင် ဒေါ်ဝင်းဝင်းမာတို့ လူကြီးတွေ မကြိုက်သော ငှက်သိုက်ဆိုပီး စိတ်ရှုပ်သော လမ်းဘေးလူတွေပဲထားတာဆိုပြီး လူကြီးမျက်စိထဲ တော်တော်ရှုပ်ထွေးပွေလီလှသော ဆံပင်မျိုးဖြစ်သည်။

BF was BF (Ongoing)Where stories live. Discover now