အပိုင်း ၁၈ A Unicođe

99 7 0
                                    


18

ထွန်းလင်းဦးက အကျင့်သာ မကောင်းတာ။ လက်ရာကတော့ ရှယ်ကောင်းသည်။
ဟင်းအမယ်တွေကိုလည်း ကိုက်အောင် စီစဉ်ထား၍ သူတို့တွေ ဗိုက်ခွေးနမ်းတဲ့အထိ စားခဲ့ကြပါသေးသည်။

အဲယားကွန်းမလို။ သစ်ပင်ရိပ်တွေကြောင့် လေတဖြူးဖြူးနှင့် နေလို့ကောင်းပါသည်။
သူတို့လည်း စားပိုးနင့်အောင် စားပြီး အိပ်ကြသေးသည်။
မနက် က စောစောထ တာရော ဒီရောက်တော့လည်း ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ပင်ပန်းသဖြင့် အကုန် အိပ်ပျော်သွားကြသည် ။
အခု ဘုန်းမြတ်ကသာ အိမ်အောက်က ကြိုးပုခက်ထဲတွင် အိပ်ပျော်နေသော သူအား အပေါ်သို့ ရွှေ့ရန် ဆင်းလာခဲ့ခြင်းပင်။

"ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ။ ဒီကောင်ကွာ"

ရင်ဘတ်ပေါ် တင်ထားသော ဖုန်းကို ဘုန်းမြတ် ဘောင်းဘီအိတ်ထဲ ထည့်ကာ အိပ်ပျော်နေသူ မနိုးအောင် အသာလေး မလိုက်သည်။
ခန္ဓာကိုယ်မှာ 6 packတွေ မရှိပေမဲ့ ဘောလုံးလက်ရွေးစင်ဖြစ်သောကြောင့် ဝမ်းဗိုက်ဟာ အဆီပိုမရှိပဲ ကျစ်ကျစ်လျစ်လျစ် ရှိသဖြင့် ရစ်သန်လို ပိန်ပိန်လေးကိုတော့ အသာလေး မနိူင်ပါသည်။

အခန်းထဲ တွင် သွားထားရာ ထွန်းလင်းဦးက ခုတင်ပေါ်တွင် ကိုးရိုးကားယား အိပ်နေသဖြင့် ခြေထောက်ကို ဆောင့်ကန်လိုက်သည်။
ပြီးတော့မှ လွတ်သွားသော နေရာတွင် ရစ်သန်ကို အသာလေး ချလိုက်သည်။
ဆောင့်ကန်တာကိုလည်း သိပုံမရသည့် ထွန်းလင်းဦးက ပါးစပ်က သရေတွေပင် စီးကျနေလေသည်။
ဘုန်းမြတ်လိုပဲ နိုးနေသည့် ရဲထက်လွင်က သူတိုကို ရယ်လျက် ကြည့်နေပြီး ဟန်စိုးကို ချည်ထည်စောင်လေး ခြုံပေးနေလေသည်။

              *                   *                     *

"ဝါး ဒါမျိုးကမှ perfectပဲ"

ထွန်းလင်းဦးက ဘီယာလေးကို တစ်ကျိုက် မော့သောက်ရင်း ပြောလေသည်။
ထွန်းလင်းဦးက ဟန်စိုးနှင့် ရဲ ထက်လွင်တို့ကြားမှာ ထိုင်ကာ အားရပါးရ ပြောနေလေသည်။
ဟိုကောင်တွေ အတူတူ ထိုင်ပုံ မရသောကြောင့် ရန်ဖြစ်ထားပုံရသည်။
အလိုလိုမှ အေးအေးလူလူနေတတ်တဲ့ ရဲထက်လွင်က အခုလိုမျိုး ခပ်တည်တည်ကြီး ဖြစ် လျှင်တော့ ဟန်စိုးနဲ့ ရန်ဖြစ်ထားသည်က လွှဲ၍ ကျန်တာ မဖြစ်နိူင်။

BF was BF (Ongoing)Where stories live. Discover now