အပိုင်း ၁၈ B unicode

100 7 0
                                    


ရေထဲတွင် သူ့ကို အနိူင်ကျင့်ပါသည်ဆိုကာ ကောက်နေသော ထွန်းလင်းဦးကြောင့် ကျန် 4ယောက်မှာ သူလိုချင်နေသော
စိန် အရေအတွက်ကို ဝယ်ပေးလိုက်ရပါသည်။

ဒီမှသာ ဟီးဟီးဟားဟား ပြန်ဖြစ်သွားတာ။
အလကားကောင် လိုချင်တာရှိလို့ ဟန်ဆောင်နေတာ။

သူတို့တွေ အဲ့မှာ တစ်ည အိပ်ပြီး မနက်ကျမှ ပြန်လာကြသည်။
အပြန် တော့ ဘုန်းမြတ်က ကားမောင်းသည်။

ထို့ကြောင့် ဘုန်းမြတ်နဲ့ ရစ်သန်က ရှေ့ခန်းမှာ ဖြစ်ပြီး ကျန်သုံးကောင်က နောက်ထဲမှာပင်။

"ဟေ့ရောင် ပုံတွေ ပို့ပေးအုန်း"

ရေထဲမှာနှင့် လျှောက်သွားကာ ရိုက်ထားသော ပုံများက
ဘုန်းမြတ် ဖုန်းထဲမှာဖြစ်သောကြောင့် ရစ်သန် တောင်းလိုက်ခြင်းပင်။

"ရော့ မင်းပဲ တစ်ခါတည်း ပို့လိုက်တော့"

ဘုန်းမြတ် လှမ်းပေးလာသော ဖုန်းကို ရစ်သန် ယူလိုက်သည်။
ထို့နောက် ရစ်သန့်လက်ဗွေရာနဲ့ ပင် ဖွင့်လိုက်သည်။
ဘုန်းမြတ်အကျင့်က ငယ်ငယ်လေးကတည်းက
သူ့ဖုန်းတွေမှာ ရစ်သန့် လက်ဗွေရာ ထည့်ထားတာပင်။

Tg ကနေဝင်ပြီး ကိုယ့်အကောင့်ထဲကို ပုံတွေ ပို့လိုက်သည်။
ထိုအချိန် မြင်လိုက်ရသော contact လေးကြောင့်
ရစ်သန် တစ်ဖက်လှည့်ကာ ပြုံးမိပါသေးသည်။
အလကား... .......ဘယ်သူက ကိုကို ကလေးလေးလဲ.....

"အကုန်လုံး အကျီစိုက်နေကြ။ ငါ့ကို ပစ်ထားကြ ပစ်ထား"

နောက်တန်းက ထွန်းလင်းဦး၏ အသံကျယ်ကြီး ထွက်လာလေသည်။

ဟန်စိုးကလဲ ရဲထက်လွင်ကို မှီကာ ဖုန်းကြည့်နေသည်။
အကုန်လုံးက မကြားချင်ယောင်ဆောင်နေပြန်တော့
ထွန်းလင်းဦး ၏ ငါကိုင်တုတ်ပြီး ဆဲသံက
သူတို့ကားလေးထဲမှာ မိုး မွှန်နေလေသည်။

           *                      *                    *

ထွန်းလင်းဦးသည် Oceanထဲတွင် အမေ ဖွင့်ထားသော
ဆိုင်အား အမေကို လာကြိုတာဖြစ်သည်။ အမေက ခဏလေးဟု ပြောလာသည်ကြောင့် တစ်ခုခုစား ရန် ထွက်လာခဲ့လိုက်သည်။

BF was BF (Ongoing)Where stories live. Discover now