အပိုင်း ၂၇ unicode

190 6 2
                                    


27

သို့သော် တော်သေးတာကသူတို့ကားက အပြင်ကနေ
ကြည့်ရင် ဘာမှ မမြင်ရအောင် စတစ်ကာ အမဲတွေ ကပ်ထားလို့ ဖြစ်သည်။

"ဟဲ့ ဘုန်းမြတ်လား သား ထွက်လာလေ။ "

"အဲ ဟုတ်"

သူတို့နှစ်ယောက် ကားထဲမှ ထွက်ကာ မယ့်ရှေ့သွားရပ်လိုက်သည်။

"ကားက ရပ်ထားတာ ကြာပြီး အထဲ ထဲက ထွက်မလာကြလို့ မယ့်လာကြည့်တာ"

"ဟီး ဟီး မယ့်ကလည်း သားတို့ စကားပြောနေလို့"

ဘုန်းမြတ်သည် သူ့ ယောက္ခ မ ကြီးအား ဖက်ကာ ပြောလိုက်သည်။

"ဟယ် ရစ်သန် သား နှုတ်ခမ်းတွေ နီရဲပြီး အကြီးကြီးပဲ ဘာဖြစ်တာလဲ"

"အဲ ... ဟို ပျားတုတ်သွားတာ"

ပါးစပ်ထဲရှိရာ ရစ်သန် ပြောပြစ် လိုက်သည်။

"ရန်ဖြစ်နေတာတော့ မဟုတ်ဘူး မလား"

"မဟုတ်ပါဘူး မယ့်ရာ။ ရန်ဖြစ်ဖို့နေနေသာ သာ
သားမှာ မယ့်သားကို ချစ်လို့ကို မဝဘူး"

ရှေ့မကြည့် နောက်မကြည့် ပြောလိုက်သော ဘုန်းမြတ်စကားကြောင့် ရစ်သန်ရော မယ့်ပါ ပါးစပ်အဟောင်းသား။

ကျစ်... လူကြီးရှေ့မှာ ဘယ်လိုတွေ ပြောနေတာလဲ။

ရစ်သန် ဘုန်းမြတ်အား မျက်မှောင်ကုတ်ကြည့်လိုက်တော့

"ဟဲ ဟဲ သားတို့က ငယ်ငယ်ကတည်းက ညီအကိုတွေလို နေတာလေ အဲ့ကြောင့် ချစ်လို့ မဝဘူးလို့ "

"အေးပါတော် အေး ပါ လာလာ အိမ်ထဲ သွားမယ်။ လာကြ"

"ဟုတ် "

ရှေ့မှ မယ့်နဲ့အတူ အိမ်ထဲ ကော့ကော့ ကော့ကော့နှင့်
ဝင်သွားသ ူနောက်ကို ရစ်သန်အမှီလိုက်ရပါသည်။
မဟုတ်ရင် ဘာတွေ လျှောက်ပြောနေအုန်းမလဲ မသိ... .

*                     *                       *

ဘုန်းမြတ်သည် သူများ အိမ်တွင် ညစာ အားရပါးရစားပြီးသည့်အပြင်
ရေခဲသေတ္တာထဲမှ့ အသီးပေါင်းစုံနှင့် မုန့်မျိုးစုံကိုလည်း စားသောက်ပြီးပြီ။ ဒီပုံစံ အတိုင်းဆို ညဒီမှာ အိပ်တော့မည်ထင်ပါသည်။

BF was BF (Ongoing)Where stories live. Discover now