အပိုင်း ၄

192 10 0
                                    

Unicode/Zawgyi

Uni

ည6နာရီ

ရစ်သန်အခုလေးတင် အိပ်ယာနိုးလာသည်။
နေ့ခင်းနဲ့ ညနဲ့မှား နေသည့်အလား မနက်5 နာရီလောက်ထိ မျက်လုံးပြူးကာ ဟိုဟာကြည့် ဒီဟာကြည့် လုပ်နေတတ်သည့်မျက်လုံးသည် အခုလို နေ့အချိန်မှ အိပ်နေသဖြင့် ညနေ6နာရီမှ နိုးလာခြင်းပင်။

မနက်8:30လောက်က မနက်စာစားပြီးကတည်းက အိပ်တာမလို့ ဗိုက်ကလည်းအတော်ဆာနေပါပီ။
ထို့ကြောင့် နိုးနေပီဖြစ်သော်လည်း ဇွတ်ပေကပ်ပိတ်ထားသော မျက်စိကို ဇွတ်ဖွင့်ကာ ရေချိုးခန်းထဲသို့ ထွက်လာလိုက်သည်။
ရေအေးအေးလေးနဲ့ ရေချိုးလိုက်တော့ အတော်လန်းသွားသည်။

ထို့နောက် t-shirt အပွ တစ်ထည်နဲ့ ဘောင်းဘီရှည်တစ်ထည်ကို ထုတ်ကာ ဝတ်လိုက်သည်။
airconကို နံပါတ်အမြင့်ဆုံးနားကပ်၍ ဖွင့်ထားသောကြောင့် ရေချိုးပီးစ ရစ်သန်တစ်ယောက် နည်းနည်းချမ်းလာသလိုပင်။
ရေအနည်းငယ်သာ သုတ်ထားပြီး မခြောက်သေးသော ကောက်ကွေးနေသော ဆံပင် ရွေအိုရောင်လေးသည် နဖူးပေါ်တွင် ရေအနည်းငယ်ကျနေလေသည်။

နဖူးပေါ်တွင် ဝဲကျနေသော ရွေအိုရောင်ဆံနွယ်များမှာ ဟိုတစ်စ ဒီတစ်စ။
ကိုင်း အမဲရောင်နှင့် ပါဝါ အနည်းငယ်သာပါသည့် လေးထောင့်မျက်မှန်သည် သူ့မျက်နှာတွ င် အံဝင်ခွင်ကျ။

ဖုန်းအားသွင်းထားတာကို မဖြုတ်ပဲ အောက်ထပ်ကို ဆင်းလာခဲ့တော့ ညစာပြင်နေသည့် မယ့်နဲ့ဆုံသည်။
ရှမ်း ကပြား ခွန်ဆက်ဆိုင်ခေါ် ရစ်သန်သည် မိခင်ဖြစ်သူကို မယ့်ဟုသာခေါ်သည်။

ငယ်ငယ်ကတည်းက အရစ်သန်သောကြောင့် ရစ်သန်ဟုခေါ်လာရာက ပါးစပ်စွဲသွားသောကြောင့် သူငယ်ချင်းတွေ မိသားစုတွေအကုန်ရစ်သန်ဟုသာခေါ်သည်။ ထို့ကြောင့် သူ့နာမည် ခွန်ဆက်ဆိုင်သည် ဖွားစာရင်းထဲမှာသာ ရှိမည်ထင်သည်။

"ကျေးဇူးရှင်ကြီး နိုးပီလား"

ဝင်ဝင်ချင်း ခနဲ့သံ။

ရစ်သန်သည် ထိုင်ခုံပေါ်သာ အမြန်ဆုံးဝင်ထိုင်ရင်း အခုလေးတင် ကြော်ထားပုံရသည့် အာလူးကြော်ကို နှိုက်စားလိုက်သည်။

BF was BF (Ongoing)Where stories live. Discover now