BF was BF (Ongoing)

By iamcow_28

7.3K 320 11

Boy Friend was Best Friend More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈ (A)
အပိုင်း ၈ B (unicode)
အပိုင်း ၈ B (Zawgyi)
အပိုင်း ၉ (unicode)
အပိုင်း ၉ (Zawgyi)
အပိုင်း ၁၀ Unicode
အပိုင်း ၁၀ Zawgyi
အပိုင်း ၁၁ Unicode
အပိုင်း ၁၁ Zawgyi
အပိုင်း ၁၂ Unicode
အပိုင်း ၁၂ Zawgyi
အပိုင်း ၁၃ Unicode
အပိုင်း ၁၃ Zawgyi
အပိုင်း ၁၄ Unicode
အပိုင်း ၁၄ Zawgyi
အပိုင်း ၁၅ Unicode
အပိုင်း ၁၅ Zawgyi
အပိုင်း ၁၆ Unicode
အပိုင်း ၁၆ Zawgyi
အပိုင်း ၁၇ Unicode
အပိုင်း ၁၇ Zawgyi
အပိုင်း ၁၈ A Zawgyi
အပိုင်း ၁၈ B unicode
အပိုင်း ၁၈ B zawgyi
အပိုင်း ၁၉ unicode
အပိုင်း ၁၉ zawgyi
အပိုင်း ၂၀ unicode
အပိုင်း ၂၀ Zawgyi
အပိုင်း ၂၁ unicode
အပိုင်း ၂၁ zawgyi
အပိုင်း ၂၂ A unicode
အပိုင်း ၂၂ A zawgyi
အပိုင်း ၂၂ B unicode
အပိုင်း ၂၂ B zawgyi
အပိုင်း ၂၃ unicode
အပိုင်း ၂၃ zawgyi
အပိုင်း ၂၄ unicode
အပိုင်း ၂၄ zawgyi
အပိုင်း ၂၅ uničode
အပိုင်း ၂၅ Zawgyi
အပိုင်း ၂၆ unicode
အပိုင်း ၂၆ zawgyi
အပိုင်း ၂၇ unicode
အပိူင်း ၂၇ zawgyi
အပိုင်း ၂၈ unicode
အပိုင်း ၂၈ zawgyi

အပိုင်း ၁၈ A Unicođe

114 8 0
By iamcow_28


18

ထွန်းလင်းဦးက အကျင့်သာ မကောင်းတာ။ လက်ရာကတော့ ရှယ်ကောင်းသည်။
ဟင်းအမယ်တွေကိုလည်း ကိုက်အောင် စီစဉ်ထား၍ သူတို့တွေ ဗိုက်ခွေးနမ်းတဲ့အထိ စားခဲ့ကြပါသေးသည်။

အဲယားကွန်းမလို။ သစ်ပင်ရိပ်တွေကြောင့် လေတဖြူးဖြူးနှင့် နေလို့ကောင်းပါသည်။
သူတို့လည်း စားပိုးနင့်အောင် စားပြီး အိပ်ကြသေးသည်။
မနက် က စောစောထ တာရော ဒီရောက်တော့လည်း ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ပင်ပန်းသဖြင့် အကုန် အိပ်ပျော်သွားကြသည် ။
အခု ဘုန်းမြတ်ကသာ အိမ်အောက်က ကြိုးပုခက်ထဲတွင် အိပ်ပျော်နေသော သူအား အပေါ်သို့ ရွှေ့ရန် ဆင်းလာခဲ့ခြင်းပင်။

"ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ။ ဒီကောင်ကွာ"

ရင်ဘတ်ပေါ် တင်ထားသော ဖုန်းကို ဘုန်းမြတ် ဘောင်းဘီအိတ်ထဲ ထည့်ကာ အိပ်ပျော်နေသူ မနိုးအောင် အသာလေး မလိုက်သည်။
ခန္ဓာကိုယ်မှာ 6 packတွေ မရှိပေမဲ့ ဘောလုံးလက်ရွေးစင်ဖြစ်သောကြောင့် ဝမ်းဗိုက်ဟာ အဆီပိုမရှိပဲ ကျစ်ကျစ်လျစ်လျစ် ရှိသဖြင့် ရစ်သန်လို ပိန်ပိန်လေးကိုတော့ အသာလေး မနိူင်ပါသည်။

အခန်းထဲ တွင် သွားထားရာ ထွန်းလင်းဦးက ခုတင်ပေါ်တွင် ကိုးရိုးကားယား အိပ်နေသဖြင့် ခြေထောက်ကို ဆောင့်ကန်လိုက်သည်။
ပြီးတော့မှ လွတ်သွားသော နေရာတွင် ရစ်သန်ကို အသာလေး ချလိုက်သည်။
ဆောင့်ကန်တာကိုလည်း သိပုံမရသည့် ထွန်းလင်းဦးက ပါးစပ်က သရေတွေပင် စီးကျနေလေသည်။
ဘုန်းမြတ်လိုပဲ နိုးနေသည့် ရဲထက်လွင်က သူတိုကို ရယ်လျက် ကြည့်နေပြီး ဟန်စိုးကို ချည်ထည်စောင်လေး ခြုံပေးနေလေသည်။

              *                   *                     *

"ဝါး ဒါမျိုးကမှ perfectပဲ"

ထွန်းလင်းဦးက ဘီယာလေးကို တစ်ကျိုက် မော့သောက်ရင်း ပြောလေသည်။
ထွန်းလင်းဦးက ဟန်စိုးနှင့် ရဲ ထက်လွင်တို့ကြားမှာ ထိုင်ကာ အားရပါးရ ပြောနေလေသည်။
ဟိုကောင်တွေ အတူတူ ထိုင်ပုံ မရသောကြောင့် ရန်ဖြစ်ထားပုံရသည်။
အလိုလိုမှ အေးအေးလူလူနေတတ်တဲ့ ရဲထက်လွင်က အခုလိုမျိုး ခပ်တည်တည်ကြီး ဖြစ် လျှင်တော့ ဟန်စိုးနဲ့ ရန်ဖြစ်ထားသည်က လွှဲ၍ ကျန်တာ မဖြစ်နိူင်။

သူတို့တွေက အခု အိမ်အောက်ထပ်က ရေကန် အသေးလေးတွင် ရေစိမ်နေကြခြင်းပင်။
ရစ်သန်နှင့် က လွှဲ၍ အကုန် အကျႌချွတ်တွေနဲ့ ဖြစ်သည်။

ရစ်သန်ကိုက ဘုန်းမြတ် တမင်တကာ အကျႌမချွတ်ခိုင်းခြင်းပင်။ ထွန်းလင်းဦးက ကင်မရာ တကားကားနှင့်။
မတော်လို့ ရစ်သန်ရဲ့ အတွင်းပိုင်း ဖွေးဖွေးလေးတွေကို ရိုက်မိသွားမှ ။ဟင်း... ဟင်း ။ မလွယ်ဘူး။

အခုလည်း ကင်မရာကြီးနှင့် အကုန်ရိုက်နေလေသည်။
အထူးသဖြင့် ဆူပုတ်နေသော နှစ်ယောက်ကို အနီးကပ် သွားရိုက်တာ ဟိုက ပိတ်ရိုက်သဖြင့် ငြိမ်သွားလေသည်။

အထက်တန်းကတည်းက  ဘီယာ ဆေးလိပ် သူတို့ စသောက်ခဲ့ တာ ဖြစ် သည်။
အခုလည်း ရစ်သန်ကလွှဲ ၍ အကုန် 2ဗူးလောက်တော့ ကုန်နေပြီဖြစ်သည်။

"မင်းတို့ကို ငါပို့ထားတယ်နော် ဖတ်ပြီးပြီလား"

"ဘာကိုလဲ"

"ဟာ gpထဲ လင့်ပို့ထားတယ်လေ"
ထွန်းလင်းဦးသည် စာကလွဲ၍ အကု န် စိတ်ဝင်စားသည်။
အခုလည်း အရင် အပတ်က သူပို့ထားသော +ရုပ်ပြ အကြောင်း ပြောနေခြင်းပင်။

"ပြီးသွားပြီ။  ကောင်မလေးက ရှယ်ကြီးနော်'"

ဟန်စိုးက ရဲထက်လွင်ကို တစ်ချက် ကြည့်ကာ ပြောလေသည်။
အလိုလိုမှ ဆူပုတ်နေသော ရဲထက်လွင် မျက်နှာသည် ပို၍ ကြောက်စရာကောင်းလာလေသည်။
ဒါကို မြင်သော ဟန်စိုးက တစ်ချက် ပြုံးလေသည်။

"ပြောသားပဲ။ အဲ့ဟာက ပိုက်ဆံပေးရတာနော်။ အလကားမဟုတ်ဘူး "

ထွန်းလင်းဦးက စပ်ဖြဲဖြဲ ပြောလေသည်။

အမှန်တော့ ဟန်စိုးလဲ မကြည့်ပါဘူး။
တစ်ခါတစ်လေ စိတ်ပါမှသာ ကြည့်သော်လည်း အခုက တမင်တကာကို ရွဲ့ပြောလိုက်ခြင်း ဖြစ်ပါသည်။

"ရှိရင် ထပ်ပို့ပေးအုန်း"

ဟန်စိုး၏ စကားအဆုံး ရဲထက်လွင်၏ ဘီယာဗူးခွံကို တိန်ခနဲ လွှင့်ပစ်လိုက်သောအသံ။

"အသာ လုပ်စမ်း ပါကွာ။ မင်းကလည်း လန့်တာ"

ထွန်းလင်းဦး အပြောကို ရဲထက်လွင်က ဘာမှ ပြန်မပြောပဲ ဘီယာ နောက်တစ်ဗူးယူကာ သောက်နေလေသည်။

"ပြီးတော့လေ ဟန်စိုး။ ဟိုကောင်မလေးနဲ့ မင်းနဲ့ အခြေအနေ။ "

"ဒီလိုပါပဲ"

ဟန်စိုးက အေးအေးလေး ပြန်ပြောလေသည်။

"ဟင် မင်းကသာ ဒီလိုပါပဲ ပြောနေ။ အရင်နေ့က oceanမှာ သူ့သူငယ်ချင်းတွေကို ဒါက ကိုကို့သူငယ်ချင်းလေ ဆိုပြီး ငါ့ကို သု့အဖော်တွေနဲ့ မိတ်ဆက်ပြီး စကားကြော ရှည်နေလို့ ဇွတ် ထွက်လာခဲ့ရတာ အ့"

အရိပ်မကြည့် အခြေအနေမသိတဲ့ ထွန်းလင်းဦး ခေါင်းကို ပိတ်ရိုက်လိုက်တော့မှ

"ဘာလို့ ငါ့ကို ရိုက်နေတာလဲ ဘုန်းမြတ်ခွေးသားရ"

ရောက်လာကတည်းက စကားတစ်ခွန်းမျှ မပြော ပဲ တစ်ဗူးပြီး တစ်ဗူး သောက်နေသော ရဲထက်လွင်အား မေ့ငေါ့ပြလိုက်ရသည်။

ဒါတောင် ထွန်းလင်းဦး အူကြောင်ကြောင်နဲ့ "ဘာလဲ"လုပ်နေသေးတာ။
အသံတိတ် ဆဲလိုက်မှ ငနဲက အဲ့ဒီ့အကြောင်း ပြောတာ ရပ်သွားတာ။
ပြီးတော့ သူတို့နားလေးမှ စိတ်ဆိုးပြီး ထသွားလေသည်။

*                   *                  *

ဘုန်းမြတ်သည် ခေါင်းထဲ တွင်ပေါ်လာသော အကြံကို ရေဆော့နေသော
ရစ်သန်အား တိုးတိုးလေး လှမ်းပြောလိုက်သည်။

"ဟာ မင်းကလဲ ကောင်းပါ့မလား။ စိတ်ဆိုးသွားအုံးမယ်"

"ရပါတယ်ကွ။
အဲ့ကောင် ငါတို့ကို ဘယ်တုန်းက အကြာကြီး စိတ်ဆိုးဖူးလို့လဲ... မင်းကလဲ ကွာ နော်နော်"

ဘုန်းမြတ်လင်းထွန်းသည် သူ့ပုံစံကြီးကိုမှ အားမနာ
ချွဲနေသည်မှာ 5နှစ်သား အရှုံးပေးရသည်။

"အေးကွာ ပြီးတာပဲ"

မလုပ်မချင်း မပြီးမှာ ကြိုသိနေ၍
ရစ်သန်သည်
တစ်ယောက်တည်း စိတ်ကောက်ကာ ဘီယာသောက်နေသော ထွန်းလင်းဦးနားသွားလိုက်သည်။

ရောက်သည်ဆိုရုံနဲ့ ထွန်းလင်းဦး၏

"မင်းပဲ စဉ်းစားကြည့်ကွာ ရစ်သန်ရာ "

ဆိုပြီး အစချီသည့် ဇာတ်ထုတ်ကြီးကို နားထောင်ရင်း
ဘုန်းမြတ် ကို အချက်လှမ်းပြလိုက်သည်။

"ဝုန်း"

"ဟား ဟား"

ရစ်သန်သည် ထွန်းလင်းဦး၏ လက်နှစ်ဖက်ကို ချုပ်ကာ ဘုန်းမြတ်က သူ့ခေါင်းကို ရေထဲ ရောက်အောင် ဖိလို က်ခြင်းပင်။

"ဖူး"

ပါးစပ်ထဲမှ ရေတွေကို ဖူးခနဲ ထုတ်ပစ်လိုက်သည့်ထွန်းလင်းဦးက သူတို့ကို မျက်စောင်းထိုးလေသည်။

"မင်းတို့နှစ်ကောင် သေမယ်သာမှတ်"

"ဟာ ဟေ့ရောင်တွေ "

"ဟား ဟား ဟား"

ရေကန်အသေးစားလေးဖြစ်သောကြောင့် ပြေးစရာ နေရာ အများကြီး မရှိ၍ တွေ့ရာလူ ခေါင်းကိုသာ ရေထဲ နစ်ကြသည်။

ရေထဲခေါင်း နစ်တမ်း ဆော့ရင်း အဖွဲ့ကွဲသွားတာကတော့ ရစ်သန်နဲ့ ဘုန်းမြတ်က တစ်ဖက်။
ဟန်စိုးနဲ့ ရဲထက်လွင်က တစ်ဖက်ဖြစ်သည်။

ထို့ကြောင့် သူတို့က သူတို့အဖွဲ့က လူတွေကို အထိမခံပဲ အထူးသဖြင့် ရစ်သန်နဲ့ ဟန်စိုးကို ဟိုနှစ်ကောင်က ကာထားသဖြင့်
သူတို့ကို လုပ်လို့မရပဲ
ထွန်းလင်းဦးကသာ တစ်ယောက်တည်းဖြစ်နေပြီး နှစ်ဖွဲ့လုံး ၏ အနိူင်ကျင့်ခြင်းကို ခံရကာ ရေနစ်နေတဲ့ ကြွက်စုတ်လေးနဲ့ အလွန်တူပါသည်။

ထိုကဲ့သို့ အနိူင်ကျင့် ခံရပြီးတော့ ထွန်းလင်းဦး ဒီ4 ကောင်နဲ့ နောက်နောင် ဘယ်မှ မသွားတော့ဘူးဟု ဆုံးဖြတ်ချက် ချလိုက်ပါသည်။

           *                         *                     *

Continue Reading

You'll Also Like

2.2M 127K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.7M 238K 98
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.1M 28.9K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
580K 31.2K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...