(17)
"အမလေး လာကြစမ်းပါကွာ"
"မြန်မြန်"
ခရီးသွားရတာကို အရမ်းကြို က် ကြသော ဟန်စိုးနဲ့ ထွန်းလင်းဦးသည် တအားတွေ ပျာယာခတ်နေကြသည်။
ဘုန်းမြတ်သည် သူ့လက်ထဲတွင် ကိုင်ထားသော သူ့အိတ်နှင့် ရစ်သန့်အိတ်အား နောက်ခန်းထဲတွင် သွားထားကာ
မုန့်ထုပ်ကိုတော့ ကားထဲပဲ ဆွဲလာခဲ့သည်။
"ပျာယာခတ်နေတာပဲ။ အဲ့ကြောင့်မို့ မင်းတို့တွေ နဲ့ ဘယ်မှ မသွားချင်တာ"
"ထွန်းလင်းဦး ဘေးဆုံးသွား "
"ဟာ။။မသွားချင်ပါဘူး။ အလယ်ပဲ ထိုင်ချင်တာ"
ရဲထက်လွင်က ကားမောင်းမှာ ဖြစ်ပြီး ဟန်စိုးကလည်း ကားရှေ့ခန်းမှာပင်။
အခုနောက်ခန်းမှာ ခုံ 3ခုံ ရှိတာကို ထွန်းလင်းဦးက အလယ်မှာ ကတ်သီးကတ်သက် ဝင်ထိုင်နေသောကြောငါ့
ဖယ်ခိုင်းသော်လည်း ဇွတ်အတင်း ပေကပ်နေလေသည်။
လက်ထဲ ဆွဲလာသော မုန့်အိတ်အကြီးကြီးကို ထိုကောင့် မျက်နှာပေါ် ပစ်လိုက်မှ နေရာ ဖယ်ပေးလေသည်။
"ရစ်သန် အိပ်လေ။ ဖုန်းမကိုင်နဲ့တော့။ မင်းပဲ အိပ်ရေးမဝဘူးဆို "
ဘုန်းမြတ်သည် ရစ်သန့် ဖုန်းကို လက်ထဲမှာ ဆွဲယူလိုက်သည်။
ရစ်သန်က သူ့ကို မကြည်သလို တစ်ချက်ကြည့်ပြီး ကားမှန်ကို မှီရင်း အိပ်နေလေသည်။
"ခေါင်းတွေ နာမှာပါ့"
ရွှေအိုရောင် ဆံသားနုနုလေးများနဲ့ ခေါင်းလေးကို နိုးမသွားအောင် အသာလေးမကာ ဘုန်းမြတ် သူပုခုံးပေါ် တင်လိုက်သည်။
အိပ်ပျော်နေသူက တစ်ချက်လှုပ်ကာ ပြီးကျ ပြန်ငြိမ်သွားကာ အိပ်ပျော်သွားလေသည်။
"တို့ မင်းနဲ့ နီးချင်ပြီ။ မင်းအချစ်ရချင်ပြီ ရင်မှာ.. .. အ့ "
"မအော်စမ်းနဲ့ ထွန်းလင်းဦးရာ။ ဒီမှာ ရစ်သန် အိပ်နေတယ်။ မင်းကြောင့်နိုးသွားမယ်"
"အံ့ဩပါ့။ ကိုယ့်ဘာသာ ဆိုတာတောင် မဆိုရ။
အမေ အမေ့သား အဖြစ် လာကြည့်ပါအုံး။ အနိုင်ကျင့်နေကြတယ် သူများသားလေးကို"
"ဟာ ဒီကောင် ပြောလေ ဆိုး လေ"
လေရှည်နေသည့် အကောင် ခြေထောက်ကို ဘုန်းမြတ် လှမ်းကန်တော့ သူကလည်း ကိုယ့်ခြေထောက်ကိုလည်း ပြန်ကန်လေသည်။
"ဂိမ်းပဲ ဆော့တော့မယ်။ ကျက်သရေကို မရှိဘူး"
ထွန်းလင်းဦးက ပွစိပွစိပြောကာ ဖုန်းထုတ်ပြီး ဂိမ်းဆော့နေလေသည်။
ဘုန်းမြတ်သူ့အား မှီပြီး အိပ်နေသူကို စောင်းကြည့်လိုက်တော့
ရစ်သန် မျက်နှာလေးက စုပ်ဖွားဖွားလေးနှင့်။
အဝါရောင် လက်ရှည်လေးကို ဝတ်ထားသည့် ရွှေအိုဆံပင်ရောင်များပိုင်ရှင်က အလွန် ချစ်စရာကောင်းလှပါသည်။
အခု သူတို့သွားနေတာကတော့
ထွန်းလင်းဦး ကောင်းမှု အကြောင်းပြုပြီးပါ။
ခရီးသွားရတာ အရမ်း ဝါသနာပါသည့် ထွန်းလင်းဦးသည် ပိတ်ရက်တွင် အိမ်မှာ လုံးဝမနေ။
အခုလည်းပွဲ တစ်ခုရှိသောကြောင့် ကျောင်း 3ရက်ပိတ်သည်ကို ဇွတ် ခရီး ထွက်သည်။
တက္ကသိုလ် first yearနှစ် finalနီးနေပြီ ဖြစ်သော်လည်း သူတို့တွေကတော့ ပျော်မြဲပါပဲ။
သူတို့အဖွဲ့ထဲမှာ ရစ်သန်နှင့် ရဲထက်လွင်က လွှဲလျှင် ကျန်သည့် သုံးယောက်မှာ
စာမေးပွဲများ နီးမှ လုပ်လည်း ရသားလို့ တွေးထားသူတွေ လည်း ဖြစ်သည်။ ဖြေနိုင်တာ မဖြေနိုင်တာ အသားထားပေါ့။...
သိပ်ပြီး မဝေးသော်လည်း ခရီးပန်းမှာဆိုး၍ သူတို့ အဲ့မှာ တစ်ညအိမ်မည်ဖြစ်ပါသည်။
ထွန်းလင်းဦးကတော့ ကောင်းကြောင်းတွေ အရမ်းညွှန်းထားလေသည်။
အဲ့ကောင်က တစ်နေရာရာ သွားချင်လျှင် လုံးဝမရ။ သူနဲ့ အတူ မလိုက်ရင်လည်း လေတွေ တရစပ်ပြစ်တတ်သည်။
သူငယ်ချင်းတွေမှာ သူ့လေတွေကို ခံနိုင်စွမ်းမရှိ၍ သူဘယ်သွားမယ် ပြောပြော ခေါင်းငြိမ့်ရတာပင်ဖြစ်သည်။
"ဟာ ဟိုး... ခဏ ကားရပ် "
ထွန်းလင်းဦးသည် ကားရပ်သည်နှင့် ဘေးဘက်က နေကြာပင်တွေရှိရာသို့ ပြေးထွက်သွားလေသည်။
သူတို့လဲ နောက်က လိုက်ခဲ့ကြသည်။
နေကြာပင်တွေ တော်တော်များပါသည်။
လျှောက်လမ်းလေးတွေ လုပ်ပေးထား၍ တော်တော်လေး သပ်ရပ်သည်။
စားသောက်ဆိုင်တွဲဖွင့်ထား၍ သူတို့ အဲ့ဆိုင်မှာပဲ မနက်စာ စားလိုက်ပါသည်။
စားပြီးသွားသောအခါ နေကြာပင်တွေနဲ့ လမ်းလျှောက်ချင်တယ်ဆိုကာ ပူဆာသည့် ထွန်းလင်းဦးကြောင့် သူတို့တွေ မပွင့်
့်သေးသော နေကြာခင်းကြီးထဲ ဟိုဟိုဒီဒီ လျှောက်ပတ်သွားခဲ့ရပါသေးသည်။
ကားပေါ် ပြန်တက်ပြီး ထပ်ထွက်တော့
"ဟိုး ခဏ ရပ်"
"ကျွီ ဘာဖြစ်ပြန်ပြီလဲကွာ"
ကားမောင်းတဲ့ ရဲထက်လွင်အစား ဘေးက ဘုန်းမြတ်က မေးလေသည်။
"ငါရှုး ရှုး ပေါက်ချင်လို့ သွားလိုက်အုန်းမယ်"
ကဲ သူတို့အဖွဲ့ ခရီးသွားတာ ဘယ်လောက် ဂယက်ထလဲ
အဲ့ဒါသာ ကြည့်ပါ။
* * *
သူတို့ တည်းမည့်နေရာကို ရောက်တော့ 8နာရီပဲ ရှိသေးသည်။ ကားက 2နာရီလောက် မောင်းရသော်လည်း 6နာရီမထိုးခင်ကတည်းက ထွက်လာကြတာဖြစ်၍ ရောက်တာ နောက်မကျ။
ဦးလေး တစ်ယောက်က သူတို့ အထုတ်အပိုးတွေကို သူတို့နေမည့် အိမ်ဆီသို့ သယ်သွားလေသည်။
ထို့အပြင် လိုအပ်သည်များကို ပြောရန်လည်း တဖွဖွ မှာသည်။
တောအိမ်လိုမျိုး အေးအေးချမ်းချမ်းပုံစံမျိုး ဆောက်လုပ်ထားခြင်းပင်။
ဝန်းအကျယ်ကြီးက သစ်ပင်များနဲ့ အုပ်စိုင်းနေလေသည်။
တစ်အိမ်နဲ့ တစ်အိမ်ကိုလည်း တော်တော်လေး ကွာအောင် ဆောက်လုပ်ထားသည်။
တောထဲမှာ ကိုယ့်ဘာသာ လာနေသည့် ပုံစံမျိုးလေး။
ဝန်ထမ်းတွေ ရှိနေတာမျိုးမဟုတ်ပဲ လိုအပ်လို့ ခေါ်မှသာ ရောက်လာမည်ဖြစ်၍ လွတ်လွတ်လပ်လပ်နေနိုင်လေသည်။
လျှောက်လှမ်းကိုလည်း ကျောက်စရစ် ခဲ အဖြူ လေးတွေနှင့် လုပ်ထားတာ အလွန်ချစ်စရာကောင်းသည်။
ထွန်းလင်းဦးကတော့ ကင်မရာတစ်လုံးနှင့် အကုန်လျှောက်ရိုက်နေပါတော့သည်။
"သားတို့ တစ်ခုခု လိုအပ်ရင် ဖုန်းဆက်လိုက်။
ပြီးတော့ နောက်ဘက်က ရေကန် ထဲ လှေ သွားစီးလို့လည်း ရတယ်။
အသက်ကယ်အင်္ကျီတွေလည်း ထားပေးထာတးယ်။ လျှောက်ပတ်ပြီး အပင်တွေ ကြည့်ချင်လည်း ရတယ်။
နေ့လည်စာ လာပို့ခိုင်းလည်း ရတယ်။ ချက်စားလို့လည်း ရတယ်။ ရေခဲသေတ္တာထဲ အစုံထည့်ပေးထားတယ်"
"ဟုတ်ကဲ့ဗျ"
ကိုယ့်ဘာသာ သီးသန့်နေသည့်ပုံစံမျိုး ဖန်တီးထားခြင်းပင်။
ဘုန်းမြတ်တို့ နေမည့် အိမ်ကလည်း ဝါးနှင့် ဆောက်ထားလေသည်။
ဝါးကိုမှ အညိုရောင် သုတ်ထား၍ ကြည့်ရတာ အလွန်လှပါသည်။
ခြေတံရှည်အိမ်မျိုးလေးပင်။
အောက်တွင် ရေကူးကန် အသေးစားလေး ရှိသည်။
ထို့ပြင် ချက်ပြုတ်စားသောက်ရန် မီးဖိုခန်းလေးရှိသည်။
ရေကူးကန်က ရေတွေက ကြည်နေလေသည်။
အသန့်ကြိုက် ဟန်စိုးကပင် မဆိုးဘူးဟု ကောက်ချက်ချလေသည်။
ရေကူးကန်ဘေးတွင်လည်း ပုခက်လေးရှိသည်။
ဝါးပင်တွေ စိုက်ထား၍ လေတိုက်တိုင်း ဝါးရနံ့လေးရသည်။
Bloggerထွန်းလင်းဦးကတော့ ပြောမနေနှင့်။
တွေ့သမျှကို vdရိုက်နေလေသည်။
အပေါ်ထပ်တွင်တော့ ရေချိုးခန်းနှင့် အိမ်သာ တစ်ခန်းပါသည်။
ပြီးတော့ အိပ်ခန်းပါသည်။ အိပ်ခန်းတစ်ခန်းသာ ပါသော်လည်း အဆင်ပြေပါသည်။
ကုတင်မှာ ကျယ်သည့်အတွက်ကြောင့် သူတို့ 5ယောက် အေးဆေး အိပ်လို့ရပါသည်။
အဝတ်စားအိတ်တွေကို အပေါ်ထားခဲ့ကာ နေမပူခင် လှေစီရန် နောက်ဘက်က ရေကန် ဆီကိုသာ လာခဲ့လိုက်ကြသည်။
"သွားတော့။ ဟား ဟား"
တွန်းလိုက်သော လှေလေးသည် သူ့သာဘာ မျှောနေလေသည်။
လှော်တက်ပါသော်လည်း မလှော်ရဲသည့် ထွန်းလင်းဦးကြောင့် ရေလယ်ခေါင်မှာ ဒီအတိုင်းကြီး ချာလည်လိုက်နေလေသည်။
ထွန်းလင်းဦးက လွှဲ၍ ကျန်တဲ့လူတွေရဲ့ ရယ်သံတွေက ဆူညံနေသည်။
"ဟာ ကြောက်တယ် မလုပ်နဲ့လို့ ။မသာတွေ။
ငါလိုး လာကြအုန်းဟ့ နစ်တော့မှာလား။ မသိဘူး"
အသက်ကယ်အင်္ကျီဝတ်ထားသည့်အပြင် ခါးတွင်လည်း ဘောလုံး စွတ်ထားသည့် နေကာမျက်မှန်နဲ့ကောင်က ရေနစ်မှာ ကြောက်နေလေသည်။
လှေ စီးချင်သော်လည်း ကြောက်သော ထွန်းလင်းဦးအား သူတို့တွေ လှေပေါ်တင်ကာ တွန်းပစ် လိုက်ခြင်းပင်။ ရေလယ်ခေါင်က လှေပေါ်မှာ အော်ဟစ်နေလေသည်။
"အား ကယ်ကြပါဦး။ သူတောင်းစားတွေ ခွေးတွေ လာခဲ့ကြအုန်းဟ့"
အသည်းအသန် အော်ဟစ်ကာ ရှုံ့မဲ့နေ သည့် ကောင်၏ မျက်နှာကို သူတို့ ဓာတ်ပုံ အမီအရ ရိုက်လိုက်ကြပါသေးသည်။
ထို့နောက် လှေတစ်စီးဖြင့် လှော်ကာ ထို့ကောင့်လှေနား ကပ်သွားပြီး ဘုန်းမြတ်က သူ့လှေပေါ်တက်လိုက်သည်။
သူတို့တွေ အနားရောက်တာနဲ့ မိုးမွှန်အောင် ဆဲနေသည့် ထွန်းလင်းဦး ဆီုတဲ့ ကောင်က ရေထဲ တွန်းချချင်စရာ။
လှေပေါ်မှာ ထိုင်နေသော်လည်း မလှော်ရဲဘူးဟုဆိုသည့် ထွန်းလင်းဦးကြောင့် ဘုန်းမြတ်မှာ လက်မောင်း အောင့်မတက် ကမ်းစပ် ကို ပြန် လှော်ရပါသည်။
ထို့နောက် နေ့လည်စာကိုတော့ ထူးထူးခြားခြား ဖြစ်အောင် သူတို့ ကိုယ့်ဘာသာ ချက်စားရန်သာ ဆုံးဖြတ်လိုက်သည်။
ချက်မည့်သူကတော့ စာဖိုမှုးကြီး ထွန်းလင်းဦးတို့ဖြစ်ပြီး ကျန်လေးယောက်ကတော့ တောက်တိုတွေ ဖြစ်ကြသည်။
တောက် တိုလို့သာ ပြောတယ်။
ခိုင်းတာများ အိမ်အကူတွေကျနေတာပဲ။
အဲ့ကောင် သူ့ကိုများ ရေထဲ လွှတ်လို့် အညှိုး တွေနဲ့ ခိုင်းနေတာ ကြနေတာပဲ တစ်ယောက်မှ အနားမနေရ။
ကြက်သွန်နီ လှီးပေးအုန်း။
ငရုတ်သီးထောင်းပေးအုန်း။
ကြက်သွန်ဖြူ ခွာပေးအုန်း ကြက်သွန်နီ ခွာပေးအုန်း။
ငရုတ်သီး သွားခူးပေးအုန်း။ဆန်ဆေးပေးအုန်းနှင့် အစုံခိုင်းသည်။
အော်ဂဲနစ်စိုက်ခင်းလဲ ရှိ၍ လိုချင်တဲ့ အသီးအရွက်တွေကို သွားခူးလို့ရသည်။
ခါချက်ဥ သွားခူး လိုက်။
အရွက်တွေ သွားခူးလိုက်။
မြင်းခွာရွက်လည်း မခူးတတ် ခူးတတ်နှင့် တွေ့သမျှ ဆွဲနုတ်လာခဲ့ကြရသည်။
အာလူးသီးတွေပါ စွတ်ခဲ့ကြသေးသည်။ ခူးပြီးသားတွေကိုလည်း
ရေဆေးပေးအုန်း ခွာအုန်း နှင့် လေးယောက်လုံးမှာ အငြိမ်မနေရ။ ခြေတိုအောင် ဟိုဟာလုပ် ဒီဟာလုပ် လုပ်ရသည်။
သူတို့ဟိုဟာလုပ် ဒီဟာလုပ်နှင့် ခြေရှုပ်နေတာကိုကြည့်ပြီး ထွန်းလင်းဦးကတော့ ကြိတ်ပြီး ရီလိုက်ပါသေးသည်။
ခံစမ်း ငါ့ကိုလုပ်ထားတာတွေ။
၊14.3.24 (1:31)