(11)
"အား နာတယ်လို့ ဖြည်းဖြည်းလုပ်စမ်းပါကွာ"
"အခုကျမှ ဖြစ်ပျက်မနေနဲ့။ အစကတည်းက စဉ်းစားလေ ဘာလုပ်ရင် ဘာဖြစ်မယ် ဆိုတာ
အခုကျ လုပ်ချင်တိုင်း လုပ်ပြီးမှ"
"မင်းကလည်း"
ဘုန်းမြတ်က အသံတိုးတိုးလေးနဲ့ ပြောလေသည်။
"ငြိမ်ငြိမ်နေပါဆိုနေ။ "
နေ့ခင်းတုန်းက ဆေးပေးခန်းသွားမယ်လို့ သူငယ်ချင်းတွေခေါ်နေတုန်းက ငြင်းခဲ့သော ဘုန်းမြတ်သည် အခုတော့ ရစ်သန်အိမ်သို့လာရုံတင်မက ရစ်သန့်အခန်းထဲတွင် ရောက်နေကာ ဆေးလိမ်းခံနေခြင်းဖြစ်ပါသည်။
အလကား အရှုပ်ထုတ်။
ရစ်သန်လည်း တတ်သလောက်မှတ်သလောက် ဆေးထည့်ပေးလိုက်ပါသည်။
ဘုန်းမြတ် နဲ့မှကို မလုပ်တတ်တာတွေပါ လုပ်ပေးနေရသည်။
"ပြီးပြီ"
"စပ်တယ်ကွ"
"ခံလေ လုပ်တုန်းကလုပ်ပြီးတော့ "
ပါးစပ်ကသာ အကန်တွေ ပြောနေပေမဲ့လည်း
တကယ်စပ်နေပုံပေါက်သည့်လူကြောင့် စပ်သည်ဆိုတဲ့ အနားကို လေမှုတ်ပေးလိုက်သည်။
"မင်းကွာ နောက်တစ်ခါဖြစ်ရင်တော့ ငါ့ဆီမလာနဲ့"
လေဖြင့် တဖူးဖူးမှုတ်ပေးနေသည့် ရစ်သန်က ပွစိပွစိဖြင့်လည်းဆိုနေသေးသည်။
ဘုန်းမြတ် ရစ်သန် မျက်နှာလေးကို အနီးကပ် ကြည့်မိတော့ နီရဲနေသော သူ့နှုတ်ခမ်းများဖြင့် ပူတာစပ်တာ သက်သာအောင်လုပ်ပေးနေသည့် ရစ်သန် က တစ်မျိုးလေးပင်။
ဖြူဖွေးကာ ဝက်ခြံကင်းနေကာ မွေးညှင်းစိမ်းလေးများ အနည်းငယ်ရှိသော မျက်နှာလေးသည် သူ့စိတ်ကို ယောက်ယက်ခတ်စေတာတော့အမှန်။
ဆက်ကြည့်နေရင်အဆင်ပြေမှာမဟုတ်
"တော် ... တော်ပြီ ငါသက်သာပြီ"
ရစ်သန့် မျက်နှာမှ အကြည့်လွှဲလိုက်သော်လည်း ဘုန်းမြတ်စိတ်ထဲတွင် နှုတ်ခမ်းရဲရဲလေးနှင့် ဖြူဖွေးနေသော ယုန်သွားပိုင်ရှင် မျက်နှာလေးသည် မျက်စိထဲကဖျောက်မရ။
စိတ်လှုပ်ရှားမှုကြောင့် ဘေးမှ ရေဗူးကိုသာ ဆွဲယူသောက်လိုက်သည်။
တဂွတ်ဂွတ်မြည်သည်အထိ ရေကို အငန်းမရသောက်လိုက်သည်။
သူရေဆာနေတာပဲ။
ရေသောက်နေ သောကြောင့် လည်ပင်းထက်မှ ထင်ထင်ရှားရှား လည်စိလေးသည် အထက်အောင်ရွေ့လျားသွားလေသည်။
ရဲထက်လွင် စစ်ဆေးခိုင်းသည်က တစ်ချက်ကိုတော့ သူအဖြေရသွားပြီပင်။
ထိုအကြောင်းကို ရဲထက်လွငိအား တွေ့ မှ ပြောရပါအုန်းမည် ။
လှုပ်ရှားသွားသော ဘုန်းမြတ် လည်စိလေးက တစ်မျိုးလေးပင်။ ကောင်လေးဖြစ်သောကြောင့် ရစ်သန်မှာလည်း လည်စိရှိသော်လည်း ထိုကောင်လောက်တော့ မထင်ရှားပါ။
ပြီးတော့ ဘုန်းမြတ် လောက် ကြည့်မကောင်းဘူးလို့ဟုလည်းထင်သည်။
ရေစီးဆင်းသွားသည့်တစ်လျှောက် လည်ပင်းတွင်အတိုင်းသား မြင်ရသည်အထိ ဘုန်းမြတ် အသားအရေက ရစ်သန်လောက်ဖွေးမနေသော်လည်း
အသားမှာ ကြည်ကာ နေသောကြောင့် အသားရေ ကောင်းခြင်းနှင့် ပြည့်စုံသည် ဟု ထင် ပါသည်။
"လာ လာ ထမင်းသွားစားမယ် မယ့်က စားဖို့ပြင်ထားတယ်တဲ့"
"OK မားသားကြီးလက်ရာ အပီစားသေးတာပေါ့"
"ခွေးကောင် ငါ့အမက ရည်းစားရီးနဲ့နော်"
ဘုန်းမြတ်ဆိုလိုသည်မှာ
အမ ဖြစ်သူမဟု တ်ကြောင်းကိုတော့ ရှေ့ကနေ ဆက်ကော့ကော့ နှင့် ထမင်းစားခန်းဆီ ဆင်းသွား သူအား ပြောမပြဖြစ်လိုက်ပါ။
* * * *
စာမေးပွဲ အမှတ်တွေ ထွက်လာပြီဖြစ်သည်
ဘုန်းမြတ်တစ်ယောက် ဒီ တစ်ခေါက်တော့ စိတ်လှုပ်ရှားနေပြီပင် ။
သူရဲ့ Guideလေး စိတ်ပျက်မသွားဖို့ သူဒီတစ်ခေါက်တော့ ကျတဲ့ဘာသာ များလို့မရပေ။
စိတ်ထင်လို့လား မသိ ဘေးက ရစ်သန်ကလည်း သူ့ကိုခဏခဏ ကြည့်နေသလိုပဲ။
ကျလို့ကတော့ မင်းနဲ့ ငါ တွေ့ပြီဆိုတဲ့ အကြည့်ကြီးကြောင့် ဘုန်းမြတ် မမြင်ချင်ယောင်ဆောင်ကာသာ အကြည့်လွှဲ လိုက်ပါသည်။
ခဏနေတော့ သူ့ရှေ့ကို ရောက်လာသော စာရွက်။ သူတို့ကျောင်းက ကျူတိုဖြေပြီးတိုင်း ရတဲ့ အမှတ်များကို ပေးလေသည်။
"ပြစမ်း ငါကြည့်မယ်"
ဟု ဆိုကာ ပိုင်ဆိုးပိုင်နင်း ဆွဲယူသွားသည့် ရစ်သန် ကြောင့် ဘုန်းမြတ် မှာ ကြည့်ချိန်တောင်မရလိုက်။
မျက်ရစ်မပါသော မျက်လုံးမှာ ပြူးနေသည့်အထိ သူ့ကို ကြည့်လာ သညိ့ ရစ်သန်ကြောင့်
"ငါ ကျတာလား"
မေးတော့ ခေါင်းခါပြလေသည်။
ဒါဆိုဘာလို့
"ငါလိုး ဘုန်းမြတ် မင်းအဆင့်ကတော့ ဖိုက်ထဲ ပါတယ် 4ဟ့။
မင်း ဘယ်လိုများခိုးချလိုက်တာလဲ"
ဘေးနားကနေ အားရီးနဲ့ လာပြောသည့် ထွန်းလင်းဦး။
"ခွေးကောင် မင်းအဖေ ကျောင်းက ခိုးလို့ရပါအုန်းမယ်
ငါ့ကို အထင်လေး ဘာလေး ကြီးပါအုန်းကွ"
ထွန်းလင်းဦးသည် မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ စာ ရွက်ကိုသာ ပြန်ကြည့်ရင်း ခေါင်းတခါခါဖြစ်နေလေသည်။
ထွန်းလင်းဦးတို့ကို ပြောပြမထား၍ သူနဲ့ ရစ်သန် စာအတူ လုပ်တာကို မသိ။
သိလျှင် အခြားသူတွေ မလိုက်ရင်တောင် ထွန်းလင်းဦးက စာကို ရန်သူလို မုန်းနေသော်လည်း သူတို့နှစ်ယောက်နှင့် လိုက်ပြီး နှောင့်ယှက်မည်မှာ မလွှဲဧကန်ပင်။
"စစ်တာများ မှားလားကွာ တီချယ်ကြီး ကို ပြောအုန်းမှ့"
ဟန်စိုးကလည်း ဝင်ပြောလေသည်။
"ငါ့ကို ဆရာ 3ကြိမ်ခေါ်ရင် အမှတ် ကောင်းစေမယ့်နည်းပြောပြမယ်"
ဘုန်းမြတ်တစ်ယောက် အဲ့လိုပြောတော့
ဟန်စိုးနှင့် ထွန်းလင်းဦး တို့ က တိုင်ပင်ထားသည့်အလား နှစ်ယောက်လုံး တစ်ပြိုင်နက် လက်ခလယ် ထောင်ပြလေသည်။
ပါးစပ်မှလည်း ထောပနာပြုသံများက အလျှံအပယ်။
သူတို့် ဒီလိုဖြစ်နေတာ ဆန်းတော့ မဆန်းပါချေ
ခါတိုင်း ကျနေတတ်သည့် ဘုန်းမြတ်မှာ ဒီတစ်ခါတော့ တော့ဖိုက်တဲ့လား။
သူတို့အတန်းကိုမှ 3ခန်းခွဲထားကာ တစ်ခန်းကို အယောက် 20 ဖြစ်လေသည်။
ထို့ကြောင့် ကျောင်းသားအယောက်60တွင် သူ့အဆင့်က 4ဆိုတော့ မဆိုးဘူးပင်။
ရစ်သန်တောင် အံ့ဩတကြီးဖြစ်နေပြီမလား။
"ညီမလေး ကိုကိုတော်လား:"
"ချီး ကို ညီမလေး လီးကို လာပြီး ကိုကို ခေါ်နေတာလား။"
ရစ်သန်ဆဲသံကို ကြားတော့ ဘုန်းမြတ်က တဖြီးဖြီး ရယ်ရင်း ပြန်ပြောလေသည်။
"မင်းလီးကို ကိုကိုခေါ်စရာလားကွာ မင်းဟာက သေးသေးလေးကို"
ကြားလိုက်ရသော ဘုန်းမြတ်အသံက လှောင်ရယ်မှု အပြည့်ဖြင့်။
"ခွေးကောင် အဲ့ဒါတွေပဲ တွေးနေ။ မင်းစကားလာမပြောနဲ့တော့ "
ရုပ်တည်ကြီးနဲ့ ပြောကာ တစ်ဖက်လှည့်သွားသူကြောင့်
ဘုန်းမြတ်စတာ လွန်သွားပြီထင်။
သူကလည်း ဘာကြောင့်မှန်းမသိ။
ရစ်သန်ကိုဆိုလျှင် စသာ စချင်နေပါသည်။
"မင်းကလည်းကွာ ငါစတာကို စိတ်ဆိုးနဲ့ နော်နော်"
သူ့ရုပ်ကြီးနဲ့မှ မလိုက် ဆံ ပင်ကောက်ကောက်များပိုင်ရှင် ထိုလူသားဟာ ရစ်သန်၏ လက်မောင်းကို ဆွဲကာ ခေါင်းဖြင့်တိုးဝှေးရင်း ရုံးပတေသီးကတောင် အဖေခေါ်ရတဲ့ အသံဖြင့် ပြောနေသည် ကြောင့် ရစ်သန် မရယ်ပဲ မနေနိုင်ပါချေ။
ဘုန်းမြတ် မမြင်အောင် ကြိတ်ပြုံးရသေးသည်။
အားရပါးရ ရယ်လိုက်ရင် သူ့ရဲ့ ဒီပုံစံလေးကို ထပ်မြင်ရမှာ မဟုတ်။
သူ့ကိုခွေး ပေါက်လေးကဲ့သို့ ပွတ်သပ်နေသူက အလွန်တော့ ချစ်စရာကောင်းလေသည်။
"ကိုယ့်ဘာသာ စာသင်ခန်းထဲ ထိုင်နေတာကို မမြင်ချင်တာတွေ မြင်နေရတယ်"
ဟန်စိုး၏ မဲ့ရွှဲ့ကာ တစ်ဖက်ကို မျက်စောင်းထိုး၍ ကြည့်နေသူကြောင့် ကျန်နှစ်ယောက်ပါ လိုက်ကြည့်တော့
ရစ်သန်အား အတင်းချော့နေသော ဘုန်းမြတ်။
သေချာကြည့်ပါက စိ တ် ဆိုးချင်ယောင်ဆောင်နေသူသည်
တစ်ချက်ပြုံးသွာပြီး ရုပ်တည်ကြီးနဲ့ စိတ်ဆိုးချင်ယောင် ဟန်ဆောင်နေသူကို ချော့နေသူက လွှဲ၍ ကျန်သုံးယောက်လုံး မြင်လိုက်ပါသည်။
ထွန်းလင်းဦးသည် နှာတစ်ချက်ရှုံ့ကာ
"အဟင်း သူတို့တွေ မတည့်တာပဲ ကောင်းတယ် မဟုတ်ရင် တအား မျက်စိတွေနောက်လို့
Fထိလို့ အိမ်ရောက်လည်း တရားနာရအုန်းမယ်
အခုလည်း အဟင်း..... စောင်ရမ်းခါးတဲ့ ဘဝကြီးပါကွာ"
ထွန်းလင်းဦးအပြောကို ဟန်စိုးက ခေါင်းငြိမ့်ထောက်ခံပေမဲ့ ရဲထက်လွင်ကတော့ သူ့အကျင့်အတိုင်း တိတ် တိတ်သာနေလေသည်။
" FAဖြစ်လို့ ကျတဲ့ မျက်ရည်ပေါ့ကွာ ဟား ဟား ဟား
ထွန်းလင်းဦး မင်းက Fနဲ့ တော်တော်အကျိုးပေးတယ်နော်
အချစ်ရေးမှာဆိုလည်း F FA
စာမေးပွဲမှာဆို လည်း F"
အတည်ပြောမလိုနှင့် ထဖောက်လာသည့် ဟန်စိုး
" ငါလိုးမသားတွေ အကောင်းပြောလို့ကို မရဘူး။ "
ရဲထက်လွင်ကတော့ ရန်သတ်နေသည့် နှစ်ကောင်ကို စိတ်ကုန်သည့်အလား စားပွဲပေါ်မှ စာအုပ်ဆီသို့သာ အာရုံလွှဲလိုက်ပါသည်။
4.3..24 . (10:37)