BF was BF (Ongoing)

By iamcow_28

7.3K 320 11

Boy Friend was Best Friend More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈ (A)
အပိုင်း ၈ B (unicode)
အပိုင်း ၈ B (Zawgyi)
အပိုင်း ၉ (Zawgyi)
အပိုင်း ၁၀ Unicode
အပိုင်း ၁၀ Zawgyi
အပိုင်း ၁၁ Unicode
အပိုင်း ၁၁ Zawgyi
အပိုင်း ၁၂ Unicode
အပိုင်း ၁၂ Zawgyi
အပိုင်း ၁၃ Unicode
အပိုင်း ၁၃ Zawgyi
အပိုင်း ၁၄ Unicode
အပိုင်း ၁၄ Zawgyi
အပိုင်း ၁၅ Unicode
အပိုင်း ၁၅ Zawgyi
အပိုင်း ၁၆ Unicode
အပိုင်း ၁၆ Zawgyi
အပိုင်း ၁၇ Unicode
အပိုင်း ၁၇ Zawgyi
အပိုင်း ၁၈ A Unicođe
အပိုင်း ၁၈ A Zawgyi
အပိုင်း ၁၈ B unicode
အပိုင်း ၁၈ B zawgyi
အပိုင်း ၁၉ unicode
အပိုင်း ၁၉ zawgyi
အပိုင်း ၂၀ unicode
အပိုင်း ၂၀ Zawgyi
အပိုင်း ၂၁ unicode
အပိုင်း ၂၁ zawgyi
အပိုင်း ၂၂ A unicode
အပိုင်း ၂၂ A zawgyi
အပိုင်း ၂၂ B unicode
အပိုင်း ၂၂ B zawgyi
အပိုင်း ၂၃ unicode
အပိုင်း ၂၃ zawgyi
အပိုင်း ၂၄ unicode
အပိုင်း ၂၄ zawgyi
အပိုင်း ၂၅ uničode
အပိုင်း ၂၅ Zawgyi
အပိုင်း ၂၆ unicode
အပိုင်း ၂၆ zawgyi
အပိုင်း ၂၇ unicode
အပိူင်း ၂၇ zawgyi
အပိုင်း ၂၈ unicode
အပိုင်း ၂၈ zawgyi

အပိုင်း ၉ (unicode)

153 8 0
By iamcow_28

        
"လာစမ်းပါကွာ မင်းကလည်း"

ထွန်းလင်းဦးဆွဲခေါ်သည့်နောက် ရစ်သန်မငြင်းနိူင်ပဲ လိုက်လာရလေသည်။
အခန်းထဲတွင် မြင်လိုက်ရသော ထိုတစ်ယောက်။

ကျောင်းပိတ်ရက်ဖြစ်သည့်အပြင် သူတို့တွေ ရဲထက်လွင်အိမ်မှာချိန်းခြင်းပင်။
ရဲထက်လွင်မိဘတွေကလည်း ပြင် ဦးလွင်သွားကြသည့်အတွက် တစ်ဦးတည်းသော သား ရဲထက်လွင်နှင့် အကူ အဒေါ်ကြီးလင်မယားသာရှိလေသည်။

သူတို့ကလည်း ဘေးဘက်က သူတို့ အဆောင်မှာသာ နေလေသည်။
ထို့ကြောင့် သူတို့အဖွဲ့က ရဲထက်လွင်တို့ အိမ်မှာ ဆုံကြဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။

ဘုန်းမြတ် ကို ရစ်သန်ဝင်လာတုန်းက တစ်ချက်သာ ကြည့်ပြီး အခုတော့ ထပ် ကြည့်မလာပဲ ကြမ်းပြင်တွင် သွားထိုင်ကာ ဟိုကောင်တွေနှင့် စကားပြောနေလေသည်။
အခုသူတို့က ရဲထက်လွင် အခန်းထဲတွင်ဖြစ်သည်။

အခန်းသည်ကျယ်ကာ အိပ်ယာကလည်း ကျယ်လေသည်။
ကျန်တဲ့လူတွေကအကုန် ကြမ်းပြင်မှာထိုင်နေကြသော်လည်း ဘုန်းမြတ် တစ်ယောက်ကတော့ မျက်နှာကြီးဆူပုတ်ကာ ရဲထက်လွင် ခုတင်ကို မောင်ပိုင်စီးကာ ကန့်လန့်ကြီး အိပ်နေခြင်းဖြစ်သည်။

"ဟေ့ရောင် လာ ဆော့မယ်"
ထွန်းလင်းဦးက ခေါ်တာကိုတောင် တုတ်တုတ်မလှုပ်။

"ဘုန်းမြတ်လင်းထွန်းဆိုတဲ့ အကောင် ရှောသွားပြီးလား မင်းအဖေ ငါခေါ်နေတယ်"

ခုတင်ပေါ်က လူက သူ့ကိုမှုန်ကုပ်ကုပ်ကြည့်လေသည်။
ထွန်းလင်းဦးဘေးတွင် ထိုင်နေသူကတော့ သူ့ကိုကြည့်မလာ။ မကြည့်နဲ့ကွာ မင်းမကြည့်လည်း ငါက ဘာမှမဖြစ်ဘူး

သူကတောင် ပြုံးပျော်နေတာပဲ ငါကဘာဖြစ်လို့အခုလိုဖြစ်နေရမှာလဲ။
ဘုန်းမြတ်မှာသာ ရဲပတောင်းခက်နေတဲ့ လက်ဖဝါးက မျက်စိထဲကမထွက်ပြီး စိတ်မကောင်းလိုက် ပြန်တွေးလိုက် ဒေါသဖြစ်လိုက် ဖြစ်နေတာ။
သူကတော့ သာသာယာယာပဲ။
ဟေ့ရောင် ရစ်သန် ငါလည်း အေးဆေးပဲ။

ဘုန်းမြတ် သည် မျက်နှာကြီးရှုံ့မဲ့ကာ ခုတင်ပေါ်က ဝုန်းဒိုင်း ဆင်းလာပြီး ဟန်စိုးဘေးတွ င် သွားထိုင်လေသည်။
အလကား ဟိုက မခေါ်လို့ ဖြစ်ပျက်နေတာ။

ပြောကို မပြောချင်ဘူး။ အဟွန်း... အဲ့လိုဖြစ်နေတာပဲ နားအေးတယ်။
ထွန်းလင်းဦးက သူ့ကို ပြောင်စပ်စပ်ကြည့်လာတော့ မှီတဲ့ လက်မောင်းကို လှမ်းရိုက်လိုက်သည်။
ဟိုကောင်က ဒါတောင်မမှတ်သေး လျှာထုတ်ပြလေသည်။

ထပ် ရိုက်ရန်ပြင်တော့ ထွန်းလင်းဦးနှင့် ဘုန်းမြတ် ကြားရှိ ဟန်စိုးကပဲ မျက်စိနောက်သည့်အလား
"တော်ကြတော့ကွာ"
ဟု ထပြောလေသည်။

"ကဲ ကဲ ဂိမ်းကတော့ ဆော့နေကြဂိမ်းပဲ။ ဒါပေမယ့့််ပိုက်ဆံကြေးမဟုတ်ပဲ ရှုံးတဲ့သူက သောက်ရမယ်။ "

ဟန်စိုးစကားကို အကုန်လုံးကလည်း လက်ခံလေသည်။
အရမ်းကြီး ကြမ်းတာမျိူးတွေတော့ သူတို့မသောက်ပါ။
ပေါ့ပေါ့ပါးပါး ထန်းရည်ခါးလေးပင်။ နေ့ခင်းကပင် ဦးပိန်ပေါ်သွားဝယ်ထားတာ။ သူတို့အရွယ်လောက်က ထန်းရည်သောက်တာကတော့ အထူးဆန်းပါ။ တစ်ခါတစ်လေ ကြမ်းတာတွေတောင် ကစ် ဖူးကြလေသည်။

သူတို့ဆော့တဲ့ဂိမ်းကို အခြားသူတွေ မြင်ရင် ဘာပြောမလဲမသိပေမယ့် သူတို့ကတော့ ထိုဂိမ်းကို သဘောကျလေသည်။ အံစာတုံးလိမ့်ဂိမ်းဖြစ်သည်။
အံစားတုံးလှိမ့်ကာ ကိုယ်ကျသည့် နံပတ်အတိုင်း သူတို့အိမ်ဆီသွားရမည်ဖြစ်သည်။
တစ်ယောက်နှင့် တစ်ယောက်လည်း သတ်လို့ရသည်။

အိမ်ထဲကို ဦးဆုံးဝင်တဲ့လူ 1ယောက်ကလွဲလျှင် ကျန်တဲ့လူ 3ခွက်နှုန်းနှင့် သောက်ရမည်ပင်။
အခါးပြေအဖြစ် အာလူးကြော်နှင့် ကျိုးကျိုးကျွတ်ကျွတ်စားစရာများကိုလည်း ဘေးတွင်ချထားလေသည်။

"ဟာ မင်းများ သွားပြီနော်"

ရစ်သန်တကယ်ဒေါသထွက်လာပြီပင်။
5ယောက်လုံးဆော့တာကို သူ့ကိုပဲ အညိုးထားပြီး သူ့ကိုသာ လိုက်သတ်နေတာက ဘုန်းမြတ်။

ပန်းဝင်ဖို့ထက် သူ့ကိုသာ လိုက်သတ်နေသူကြောင့် ရစ်သန်ခဏခဏသေနေသည်။
အခုဆို အိမ်ထဲက ထွက်ထွက်ချင်း အသေလိုက်သတ်၍
ပန်းဝင်ဖို့ နေနေသာသာ အိမ်နားကပင် မခွာရသေး။

ထို့ကြောင့် တစ်ခါရှုံး3ခွက်ဖြင့်
ဘယ်နှစ်ခွက်သောက်ပြီးသွားပြီလဲတောင် မသိ။
လေတိုက်ရင် မူးလေဆိုသည့် ထန်းရည်သဘောအတိုင်း သူလည်းတဖြည်းဖြည်းမူးကာ ရီဝေဝေဖြစ်ပြီး အာရဲလျှာရဲဖြစ်လာသည်။

ဘုန်းမြတ် သည်လည်း ရေချိန်ကိုက်နေပီဖြစ်သည်။ သူများကို လိုက်သတ်နေတာကို သူလည်း ပွဲတိုင်းရှုံးသည်။

လိုက်သတ်နေသော သူတွေအကြား
နိူင်နေသူက ထွန်းလင်းဦးပင်။
ဒီကောင် ဒီဟာကျ ဘယ်ဆိုးလို့။

ကံတရားအပေါ်လည်း မူတည်သောကြောင့် ဘယ်လောက်ဉာဏ်သုံးသုံး အကွက်များများ ကျ မှသာ ရမည်ဖြစ်သည်။

"နိူင်ပြီ နိူင်ပြီ သောက်ကြစမ်း"

ထွန်းလင်းဦးအခုထိ နှစ်ပွဲသာရှုံးသေးသည်။
ထွန်းလင်းဦးသည် ထန်းရည်သောက်နေကြသူများကိုကြည့်ကာ
နိူင်လူအပြုံးပြုံးလိုက်ပါသည်။

ကျန်တဲ့နေရာသာ ရမယ် မင်းတို့ငါကို ဒီနေရာ ရမယ်မထင်နဲ့။

"အဟင်း ဟင်း"

ထွန်းလင်းဦးအနေဖြင့် ဟိုနှစ်ကောင်က သူတို့အချင်းချင်း ပြန်သတ်နေကြသဖြင့် စိတ်ပူရန်မလို။

အဓိကက ရဲထက်လွင်ပင်။
ဒီကောင်မူးနေတဲ့ကြားထဲက သတ်လို့ရတာ ဟန်စိုးအကောင်နှင့် ထွန်းလင်းဦးအကောင်ဆိုလျှင်တောင် ထွန်းလင်းဦးအကောင်ကိုသာ ရွေးရွေးသတ်နေလေသည်။

"အဲ့မှာသေစမ်း ထွန်းလင်းဦးကွ နာမည်ကကို အတိတ်နဲ့ နမိတ်နဲ့။
မင်းတို့တွေ အဖွဲ့လိုက် အနိူင်ကျင့်လည်း ငါက ဟောဒီလို တောက်ပစ်လိုက်မယ်"

"ဟေ့ရောင် ငါနဲ့ ရစ်သန်ထွက်ပြီ မူးနေပီကွာ။ "

"ထပ်ပြီး 5ခွက် သောက် ထွက်မှာဆို"

"ဒီငနဲကတော့ "

ဘုန်းမြတ်သည် ရစ်သန့်အစား ပါ ပေါင်းပြီး 10 ခွက်ထပ်သောက်လိုက်သည်။
တစ်ဖက်လူအစားပါ သောက်လိုက်သောကြောင့် လူကို ထောင်လို့ကိုမရတော့။

"ပွဲသစ် ပြန်စ ဟေ့ရောင်တွေ"

ဟန်စိုးက ပြောလည်းပြောကာ သူတို့သုံးယောက်တည်း မကျေပွဲဆက်နွှဲလေသည်။

ဘုန်းမြတ် ကတော့ တကယ်မရတော့ဘူးဖြစ်သည်။ ခုတင်ပေါ်သာ အမြန်တက်လိုက်သည်။

ဘုန်းမြတ် အကျင့်က မူးလျှင် ငြိမ်သွားတတ်သည့်ထဲပါသည်။
ထို့ကြောင့် မူးလျှင် အိပ်ယာပေါ်တွင်သာ ငြိမ်ငြိမ်လေးနေတာက အကောင်းဆုံးပင်။

"ဟေ့ရောင် ဘုန်းမြတ် မင်းလက်ပြစမ်းကွာ"

ဘေးတွင်လှဲနေသည့် ရစ်သန်က
မှိန်းနေသူ သူ့လက်ကို ဆွဲယူသည်ကို ဘုန်းမြတ် သိလိုက်ပါသည်။ သို့သော် မျက်စိဖွင့်မရ။
အရမ်းမူးနေပီဖြစ်သည်။
ကြားရုံသာ ကြားနေရကာ လျှာကလည်း အာလေးလျှာလေးဖြစ်နေသည်။

"နာလား"

အမြန်ခေါင်းညိမ့်ပြလိုက်သည်။ ထပ်ခါထပ်ခါခေါင်းညိမ့်မိသည်။
သူဘယ်နှစ်ခါတောင် ခေါင်းညိမ့်မိမှန်းမသိ။
ခေါင်းညောင်းလာမှ ရပ်လိုက်သည်။

"နောက်ခါ အဲ့လို မလုပ်နဲ့ ကြားလား။အုံဖွ တော်တော်နာသွားလား"
ဟုဆိုကာ ဘုန်းမြတ် လက်ကို ဖွဖွပွတ်ပေးနေသည့်လက်လေး။

ဘုန်းမြတ်သည် ခန္ဓာကိုယ်ကြီးကို စကားပြောနေသူ့ အနား ရွေ့သွားကာ သူ့ပေါင်ပေါ်ခေါင်းအုံးလိုက်သည်။

ဘုန်းမြတ် အကျင့်ကကို မူးလျှင် လူကပ်သည်ပင်။
ထိုင်ပြီး ပွစိပွစိနှင့် ဘာတွေပြောနေမှန်း မသိသူခါးကိုဖက်လိုက်သည်။

အခု ဘုန်းမြတ် ပုံစံက ထိုင်နေသူ၏ ပေါင်ပေါ်တွင်ခေါင်းအုံးကာ ခါးကို သူ့ဖက်လှည့်ပြီး ဖက်ထားခြင်းပင်။

"မင်းက တအားဆိုးတာကိုကွ။
ဆိုးတာမကောင်းဘူးသိလား နောက်ခါ အဲ့လိုလုပ်နဲ့နော်"

မူးနေသူသည် သူကိုယ်သူဘာတွေပြောနေလည်း သိမည်မထင်။
ဘုန်းမြတ် က မူး၍ စကားပြောမရကာ အိပ်ချင်စိတ် ကြီးစိုးလာသည်။

ထို့နောက် ရစ်သန် ဘာတွေဆက်ပြောနေလဲ မသိတော့။။။ တစ်ယောက်ထဲစကားပြောသံတွေကိုသာ့ ကြားနေရသည်။။တဖြည်းဖြည်းနှင့် စကားတွေက ကြားတစ်ချက် မကြားတစ်ချက်။

အိပ်မပျော်သွား ခင် နာက်ဆုံးကြားလိုက်ရတာက ဘာတဲ့
"""How Hart Hsu"""တဲ့။
ထို့နောက် ဘုန်းမြတ်သည် အိပ်စက်ခြင်းဆီသို့။

         *             *               *               *

"ဝါး "

ဒီအချိန်ဆို မရတော့။
သေးပေါက်ထရန်အချိန်ဆွဲနေသော်လည်း ရုတ်တရက် ကြားလိုက်ရသည့် ဆွဲဆွဲငင်ငင်အူလှိုက်သည့် ခွေးသံကြောင့် ကြက်သီးတွေပင် ထသွားသလို။
မသွားလို့ကလဲမဖြစ်။ အောင့်မထားနိူင်သောကြောင့် ကြာကြာသန်းချိန်တောင်မရတော့ပဲ အိပ်သာသို့အမြန်ပြေးရပါသည်။

တစ်ခေါက်လောက ်ဒီအချိန် သေးပေါက်လိုက်မိပါတယ်။ နောက်ရက်တွေတိုင်း အဲ့အချိန်ဆို သေးပေါက်ထမှ သာရသည်။
ထွန်းလင်းဦးအခန်းထဲ ပြန်ရောက်တော့ ခွေးအူသံက မကြားရတော့။ တော်ပါသေးရဲ့။

အခန်းထဲရှိယူထားသော ရေဘူးထဲမှ ရေထသောက်လိုက်ကာ အိပ်နေသူများကို ကြည့်လိုက်တော့ ရစ်သန်နှင့် ဘုန်းမြတ်က ခုတင်ပေါ်တွင် တစ်ယောက်ကို တစ်ယောက်မှီရင်း အိပ်နေကြလေသည်။

အဟွန်း အဆင်မပြေကြလို့သာပဲ။ ပြောကို မပြောချင်ဘူး

ဟန်စိုးနှင့် ရဲထက်လွင်ကတော့ ကြမ်းပြင်မှာ မျက်နှာချင်းဆိုင်လျက်။

သေးထပေါက်ပြီး စိတ်တောင်ညစ်သွားသည်။
ထွန်းလင်းဦးတစ်ယောက်ပဲ ဘက်လိုနေလေသည်။
အိပ်နေသူများက စောင်မခြုံ ဘာမခြုံနဲ့ ကွေးကွေးလေးတွေအိပ်နေကြလေသည်။

Air conကို တစ်ချက်လျော့ကာ သူ့ကိုတစ်ယောက်ထဲ ပလစ်ပြီး အိပ်နေသော
အဖေ အဲ ...မဟုတ်သေးဘူး အဖေဆို သူတို့က ငါ့အမေနဲ့ ဘာလိုလို
နှမပေး ဟုတ်တယ်  စောင်မခြုံဘာမခြုံ အိပ်နေကြသော နှမပေးများကို စောင် တစ်ထည်စီလိုက်ခြုံပေးလိုက်ပါ သည်။

"ငါ့ကိုကျ ပလစ်ထားလိုက်ကြတာ။ ငါစိတ်ကောင်းဝင်နေလို့ မင်းတို့တွေ မဟုတ်ရင် ပြစ်ထားမှာ၊"

ထွန်းလင်းဦးသည် သူကိုယ်တိုင်လည်း စောင်တစ်ထည်ယူကာ သူ့အိပ်တဲ့နေရာကို ပြန်လာလိုက်သည်။
စောင်ကို လုံအောင်ခြုံလိုက်ရင်း သူ့အကြိုက်ဆုံး ဝက်ဝံရုပ်ကလေးကိုပါ စောင်ထဲထည့်ပြီး ကျစ်နေအောင် ဖက်ထားလိုက်သည်။ ထိုအကျင့်က ငယ်ငယ်လေးကတည်းကပင်။
ထိုအရုပ်မရှိလျှင် မအိပ်တတ်။ ထို့ကြောင့်ဘယ်ကိုပဲ အအိပ်သွားသွား အိပ်တဲ့နေရာ ယူလာသည်အထိ ထွန်းလင်းဦးသည် အရုပ်အပေါ် သံယောဇဉ်ကြီးလှပါသည်။

28.2.24(9:57)

Continue Reading

You'll Also Like

24K 338 21
○ ကျနော် ချစ်သူ မာဖီးယား ​ Intro မင်းလေးကို ကိုယ်အရမ်းချစ်လို့ ရအောင်ယူထားတာ မင်းလေးကို လက်လွတ်ဖို့ မဟုပူး နားလည်လား ...
657K 50.3K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
51.7K 1.4K 23
When you get lost in the bts concert and later get adopted by the members, But did you really get lost? Or someone left you there on purpose? Will th...
80.8K 2.6K 126
The night he crossed over, he was told that his "wife" was having a baby. Upon entering the delivery room, he discovered his "wife" is actually a man...