နုငယ်တရေးနိုးလာပြီး ဘေးကိုကြည့်လိုက်တော့ ကိုသက်ငြိမ် မရှိ။
အစကတည်းကတော့ ဘောပွဲကြည့်မည်ဆိုပြီး ညအိပ်ယာဝင်နောက်ကျမည်ဟု နုငယ်ကိုပြောထားသည်။
ဘေးက ကွက်လပ်ကြီးဖြစ်နေတော့ နုငယ်ရင်ထဲ ဟာတာတာနဲ့။
အခန်းတံခါးက ခပ်ဟဟပွင့်နေသဖြင့် အပြင်ဘောလုံးပွဲဆီကနေ အော်သံတွေကိုတော့ ခပ်သဲ့သဲ့ကြားနေရသည်။
နာရီကြည့်လိုက်တော့လည်း ညဉ့်နက်နေပြီ။
မနက်ကြလျှင်လည်း အလုပ်ကိုယ်စီ ကိုယ်စီသွားရအုံးမည်။
သူမလှဲနေရင်းနဲ့ပင် လင်တော်မောင်ကို အိပ်ရန်အော်ခေါ်လိုက်သည်။
"မောင်ရေ........မအိပ်သေးဘူးလား"
နုငယ်ကတော့ ဘာရယ်မဟုတ် အော်ခေါ်လိုက်တာပင်။
အိမ်ရှေ့မှာ အချစ်မူးမူးနေသောနှစ်ယောက်က ခေါ်သံကြားမှ အသိစိတ်ကပ်ဝင်လာသည်။
ကိုသက်ငြိမ် လန့်ဖျန့်သွားသည်။
လန့်ဆို သူကိုယ်နှိုက်က မစားကောင်းသော အသီးကို မြည်းစမ်းမိနေသည် မဟုတ်လား။
နုငယ်အသံကြားသိသည်နှင့် သူမတ်တပ်ရပ်မိကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
ဘောပွဲကလည်း ပြီးနေပြီ။
ထို့ကြောင့် တီဗွီပိတ်ပစ်လိုက်သည်။
"မီးလေး.....နောက်မှ........နောက်မှနော်"
ရတီလည်း ခေါင်းအသာညိတ်ပြလိုက်သည်။
သူမက စိတ်နဲ့ကိုယ်ကပ်နေတာမျိုးမဟုတ်။
သူ့လက်ချက်နဲ့ ရတီ သာယာမှုကိုခံစားပြီးပြီ။
အတုံ့အလှည့်အနေနှင့် ပြန်လည်ဖြည့်ဆည်းချင်တာပဲရှိသည်။
သူအခန်းထဲ ဝင်သွားတော့ ရတီလည်း အပေါ်ထပ်ရှိသူမအခန်းကို တက်ခဲ့လိုက်သည်။
ဒီနေ့အဖြစ်အပျက်က လေတွေတင်းပြီး ပေါက်လုဆဲဆဲဖြစ်နေသော ဗူဘောင်းကို အပ်နဲ့ထိုးဖောက်လိုက်သလိုပင်။
သူ့နဲ့ကိုယ်နဲ့ ရင်းရင်းနှီးနှီးနားလည်သွားသလိုခံစားရသည်။
"မောင်....နုကလေ...ညနက်နေလို့ ခေါ်လိုက်တာမောင်ရဲ့။ ဘောပွဲကောင်းရဲ့လား..မောင်"
နုငယ်ကတော့ ဘာမှမသိသဖြင့် ရိုးရိုးတန်းတန်းမေးလိုက်သော်လည်း ကိုသက်ငြိမ် မလုံ့မလဲနှင့်။
"အင်း...ကောင်းပါတယ်...နုရဲ့"
"မောင်အားပေးတဲ့ မန်ယူနိုင်တာလား"
ကိုသက်ငြိမ် ခေါင်းခါပြလိုက်သည်။
"ဪ...ဒါကြောင့် မောင့်မျက်နှာမကောင်းတာကို...လာ..လာ..နုဆီကို....ဖက်ပေးမယ်"
ကိုယ်ဖက်က အမှားတွေလုပ်မိထားသော နုငယ် ပြောနေတဲ့အရာမှန်သမျှ သူ့ကို စောင်းချည်ပြောနေသလားဟု ထင်မိသည်။
သို့သော် အမှန်တကယ်မှာ ထိုကဲ့သို့မဟုတ်မှန်းလည်း ကိုသက်ငြိမ်နားလည်ပါသည်။
နုငယ်က အိပ်ယာထဲကတော့ လက်နှစ်ဖက်ကားကာပွေ့ယူမည့် သဏ္ဌာန်နှင့် လုပ်ပြနေသည်။
သူလည်း နုငယ်ကို ပွေ့ဖက်ပစ်လိုက်သည်။
နုငယ် ရင်နှစ်မြွှာအပေါ် သူ့ခေါင်းကို အုံးစက်ရင်း။
နုငယ်က သူ့ဆံပင်တွေကို ကလေးလေးတွေကို ပွတ်သပ်ပေးနေသလို အသာအယာလေးပွတ်သပ်ပေးနေသည်။
ကိုသက်ငြိမ်လည်း နုငယ်ရင်ခွင်ထဲ ခေါင်းလေးအုံးမှေးစက်ရင်း အိပ်ပျော်သွားတော့သည်။
အိပ်ပျော်နေသောကိုသက်ငြိမ်မျက်နှာကို နုငယ် ကြည့်မဝ၊ ချစ်မဝ။
သူ့ကြောင့် သူမနေ့ရက်တွေ ဖြတ်သန်းရတာ ပိုပိုအဓိပ္ပာယ်ရှိလာသလို။
သူ့အချစ်ကြောင့် သူမလုံခြုံဟု ခံစားရတာပင်။
နောက်ကွယ်မှာ သူမ မသိအောင် ကြီးမားတဲ့လုပ်ရပ်တစ်ခုကို သိသိလျက်နဲ့ လုပ်မိမှန်း သူမ၌သိခဲ့ပါရင်။
အခုတော့ ကိုသက်ငြိမ်မျက်နှာကိုကြည့်ရင်း သူမလည်း အိပ်ပျော်သွားတော့သည်။
အပေါ်ထပ်က ရတီလည်း ထိုနည်းတူစွာပင်။
အိမ်အောက်မှ ဘောပွဲလည်း တစ်ပွဲဆင်းကြည့်တာကို ဟိုးအဝေးကနေပြေးလာခဲ့ရသော အပြေးသမားလို နုံးချိနေသည်။
သူမ ညအိပ်ယာဘောင်းဘီတိုမှာတော့ ခဏက သူ့လက်ချက်ကြောင့် အရည်တွေစိုကွက်နေသည်။
မအိပ်ခင်လေး တစ်ဖြတ် ဖုန်းကြည့်မိတော့ ကောင်းသန့်ဆီက message ဝင်နေသည်။
"နောက်တစ်ပတ်...Sunday တွေ့ချင်တယ်...ပြောစရာရှိလို့"
သူမဖက်ကနေ "အင်း" လို့ပြန်ပို့လိုက်သည်။
သူမ အခုလုပ်နေတဲ့ပုံစံက လှေနဲ့နှစ်ဖက် ခွနင်းထားသလိုမျိုး ဖြစ်နေတာလားပင်။
သို့သော် ဒါကိုအပြစ်လို့လည်း သူမ မတွေးမိ။
မခံယူမိ။
လူတိုင်းက ကိုယ့်ဖက်ကိုကြည့်ရင်တော့ မှန်တယ်လို့ပဲ မြင်တတ်ကြတာမျိုး မဟုတ်လား။
အခုက ရတီ ဦးဖေအပေါ်၌လည်း စိတ်ကစားနေသည်။
ကောင်းသန့်က တစ်ဖန်ပြန်ပြီး လာဆက်သွယ်တော့လည်း မဖြတ်ချနိုင်။
သူမကို လူဆိုးမ ဟု သမုတ်လျှင်လည်း သူမဆီကနေ ဘာအကြောင်းပြချက်မှ ပေးလိုစိတ်မရှိ။
လက်ရှိပစ္စပ္ပုန်အချိန်လေးမှာပဲ သူမ သာယာပျော်ရွှင်ပစ်လိုက်တော့မည်။