ငယ်သူမို့

By Niko_Soe

361K 1.1K 16

မချစ်သင့်သောသူကိုမှ ချစ်မိလေသောအခါ..... More

အမှာစာ
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)

အပိုင်း(၂၇)

3.2K 10 0
By Niko_Soe

ကိုသက်ငြိမ် နာမည်ကြီးကော်ဖီဆိုင်ရှေ့ ကားခဏရပ်လိုက်သည်။

"သမီး ဘာကော်ဖီသောက်မလဲ"

"အင်း......ဘာသောက်ရင်ကောင်းမလဲဆိုတော့......Ice Latte သောက်မယ်...ဦးဖေ"

"အင်း...ပေါင်မုန့်၊ကိတ်မုန့် တစ်ခုခုစားအုံးမလား"

"Cheese cake စားချင်တယ်..ဦးဖေ"

"အေး...ဒီမှာခဏစောင့်နေနော်...ခြေထောက်က နာနေတာဆိုတော့ အပြင်ထွက်မလာနဲ့နော်"

"ဟုတ်ကဲ့ပါ"

ကိုသက်ငြိမ် ရတီ စားချင်သည့်အတိုင်းမှာပေးလိုက်သည်။

သူ့အတွက်က Ice Americano တစ်ခွက်ဝယ်လိုက်သည်။

တအောင့်ကြာတော့မှာထားသည့်အတိုင်းရလာပြီ။

"ရော့...သမီး....စားချင်တာတွေ"

"ဝါး.....စားချင်စရာလေး....ကျေးဇူးပါ..ဦးဖေ။ ဦးဖေရော...ဘာစားမှာလဲ"

ကိုသက်ငြိမ် သူ့လက်ထဲက ကော်ဖီခွက်မြှောက်ပြလိုက်သည်။

"သမီး...စားနှင့်နော်...ဦးဖေ..သမီးခြေထောက်အတွက်....ဆေးဆိုင်မှာ ဆေးဝင်ဝယ်အုံးမယ်"

ပြောပြောဆိုဆိုနဲ့ ဆေးဆိုင်ရှေ့နားလိုက်သည်။

ခဏကြာတော့ ဆေးအထုတ်လေးဆွဲကာ ကိုသက်ငြိမ် ထွက်လာသည်။

ရတီခြေထောက်က အခုမှ ပိုနာလာသလိုပင်။

ဖြစ်စတုန်းက သိပ်မနာပေမဲ့ အခုမှ ပိုကိုက်လာသည်။

အိမ်ရောက်တော့ အိမ်ရှေ့တံခါးသော့ ဘယ်သူမှ လာမဖွင့်ပေးသဖြင့် ကိုသက်ငြိမ် ကားပေါ်မှဆင်းကာ သူ့ဖာသာ ဖွင့်လိုက်ရသည်။

ဆင်ဝင်အောက် ကားနားလိုက်ကာ ရတီရှိရာဖက်ခြမ်းသို့ ကားဖွင့်ပေးပြီး အိမ်ထဲသို့ ကိုသက်ငြိမ်အော်ခေါ်လိုက်သည်။

"နုငယ်ရေ....နုငယ်"

"ကြီးမေရေ....ကြီးမေ...ဒီမှာ ခဏကူပေးဗျို့"

အိမ်ထဲမှ ဘယ်သူမှ မထွက်လာကြ။

နုငယ်နဲ့ လေးညိုက အထည်တွေပို့နေသည့်ကိစ္စနဲ့ အခုထိ အိမ်မရောက်နိုင်သေး။

ကြီးမေကလည်း အိမ်သာတက်ချင်လာသဖြင့် သူ့အိမ်လေးကို ခဏပြန်နေခိုက်နှင့် ဆုံနေခြင်းဖြစ်သည်။

"သမီးရေ...ဘယ်သူမှ မထွက်လာဘူးကွ။ ဦးဖေကိုပဲ တွက်ပြီး ဆင်းလိုက်တော့"

"ဟုတ်ကဲ့"

ကားအတက်အဆင်းက အနည်းငယ်မြင့်သည်။

ရတီ အတက်တုန်းက ခြေထောက်က အဲလောက်မနာသဖြင့် သိပ်မသိသာ။

အခုကျမှ ဆင်းနေတုန်း နာလာသဖြင့် ယိုင်ခနဲ့ဖြစ်ကာ အောက်ကို လျောကျသွားသည်။

သို့သော် ကိုသက်ငြိမ် ထိန်းပေးသဖြင့် လဲတော့မကျ။

ရတီကိုယ်လုံးလေးကို ကိုသက်ငြိမ်က ထိန်းဖက်ထားသလိုဖြစ်သွားသည်။

"သမီး...ရရဲ့လား"

ရတီ ကတုန်ကရီနဲ့။

"ရတယ်.....ရ..ရတယ်..ဦဖေ"

ကိုသက်ငြိမ်လက်ကို ဖက်ကာ ရတီ တလှမ်းချင်း တလှမ်းချင်း အိမ်ထဲဝင်လာသည်။

"သမီး..အိမ်ရှေ့က ဆိုဖာမှာထိုင်မလား..အပေါ်ထပ်က သမီးအခန်းဆီ နားမလား"

ရတီ တစ်ကိုယ်လုံးက ရေစိုတာခြောက်သွားပြီးဖြစ်သော်လည်း သူမရေချိုးချင်နေပြီ။

"ဦးဖေ..တစ်လက်စတည်း..မီးကို အပေါ်ထပ်ထိ ပို့ပေးပါလား"

"ရတယ်လေ"

ရတီ တစ်လှမ်းချင်းလှမ်းကာ လှေကားဆီရောက်လာသည်။

လှေကားက အထပ်များကြီးမဟုတ်သော်လည်း သူမအတွက် တက်ဖို့ခက်နေသည်။

သမီး...သေချာကိုင်ထားနော်"

ပထမ တစ်ထစ်၊ နှစ်ထစ်လောက် ရတီ တက်ကြည့်ကြည့်သည်။

ခြေတစ်လှမ်းချင်း၊ တစ်လှမ်းချင်း ချလိုက်တိုင်း ပိုနာလာသဖြင့် ရတီ ယိုင်ယိုင်သွားသည်။

ထိုသို့ ယိုင်သနဲ့မှာ ရတီ ရင်သားတွေက ကိုသက်ငြိမ်လက်မောင်းတွေနဲ့ လှမ်းထိမိသလိုဖြစ်နေသည်။

နှစ်ယောက်စလုံးက အပေါ်ထပ်ရောက်ရန် ဇောကပ်နေသဖြင့် ထိုအခြင်းအရာကို သတိမထားမိကြပေ။

"ကဲ....ဒီလိုဆို ဒီနေ့ ဦးဖေတို့ ရောက်တော့မှာကို မဟုတ်ဘူး...လာ"

ကိုသက်ငြိမ် လက်တစ်ဖက်က ရတီကျောပြင်၊ နောက်လက်ဖက်က ရတီဒူးအောက်ဆီ ထည့်ကာ မချီလိုက်သည်။

"အမေ့"

"သမီးလက်တွေ...ဦးဖေ လည်ပင်းဆီချိတ်ထားလိုက်"

ကိုသက်ငြိမ် ရတီတစ်ကိုယ်လုံးပွေ့ချီလိုက်သည်။

သူ့အားတစ်ချက်မှာ ရတီကိုယ်လုံးလေးစွေ့ခနဲ့ပါလာသည်။

ရတီမျက်နှာက စွပ်ကျယ်ပဲ ဝတ်ပြီးကျန်နေသော ကိုသက်ငြိမ် ရင်အုပ်ဆီမှာ အပ်လျက်။

ကိုသက်ငြိမ် လက်မောင်းကြွက်သားတွေက သူမကိုပွေ့ချီထားရလို့နှင့်တူသည်။

တင်းမာဖောင်းကြွနေသည်။

သူမ ရင်တွေ တလှပ်လှပ်ခုန်လာသည်။

သူမ သူ့ဆီက ကိုယ်နံ့နှင့် ဝပ်ရှော့က စက်ဆီနံ့ကိုပါရနေသည်။

ရတီရဲ့ နူးညံ့သော အသားစိုင်တစ်ချို့၏ ထိတွေ့မှုကို ကိုသက်ငြိမ် ခံစားသိရှိနေသည်။

လှေကားက အထပ်ရေမများသဖြင့် သိပ်မကြာလိုက်ပေ။

သို့သော်လည်း ကိုသက်ငြိမ် ရတီကို အောက်ပြန်

မချပေးတော့ဘဲ သူမအခန်းဆီ တစ်ခါတည်းပွေ့ချီသွားသည်။

ကိုသက်ငြိမ်က ရတီ့အခန်းကို တစ်ခါမှ မရောက်ဖူး။

သူမ တစ်ခန်းလုံး အဝါရောင်တွေနှင့်။

အရုပ် ပိစိညှောင့်တောက်လေးတွေက ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲလျက်။

ရတီက သူမ ကုတင်ပေါ်ဆီ ချလိုက်သည်။

"ဦးဖေရေ....ကျေး..ကျေးဇူးတင်ပါတယ်"

"ရပါတယ်..သမီးရယ်"

"ကဲ..သမီးခြေဖဝါးပြအုံး"

ကိုသက်ငြိမ် ရတီခြေဖျားဆီက ဘောင်းဘီစကို အသာဆွဲမလိုက်သည်။

ရတီ ဘယ်ဖက် ခြေဖဝါးနုနုလေးက အနည်းငယ်ယောက်ကိုင်းလျက်။

"ရေခဲ ကပ်မှရမယ်ထင်တယ်..သမီးရေ"

"အင်း"

ကိုသက်ငြိမ် အိမ်အောက်ထပ်ကို ရေခဲယူရန် ဆင်းသွားသည်။

ရတီ ငုတ်တုတ်လေးထိုင်ကာ ကျန်ခဲ့သည်။

သူမ နှလုံးသားရှိရာနေရာသို့ သူမလက်လေးနဲ့ စမ်းကြည့်ကြည့်သည်။

အဆမတန်ခုန်နေပါလား။

ခဏကလည်း သူ ဘာတွေပြောလို ပြောနေမှန်း ရတီ မကြားမိလိုက်။

ရတီ အသိစိတ်တွေအကုန်လုံးက လှေကားခြေရင်းမှာ ကျကျန်ခဲ့ပြီ ထင်သည်။

Continue Reading

You'll Also Like

36.4K 1.6K 43
ကဲ ကဲ ပျက်ပဲ ပျက်နေတာ ငါစိတ်မရှည်🙂wattpad.Chapter 0မှာဖတ်ပေးပါ reader လေးတို့💗💗။ မောပန်းနေတဲ့တစ်ခုနမှာ အပန်းဖြေစရာလေးရှာတွေ့စေဖို့ ဆုတောင်းပေးရင်း...
12.8K 655 16
For thousands of years, many people whether in cultivation or not would pray to the gods for all kinds of help. Some would pray just to have somethin...
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
62.9K 1.1K 38
"I'm sorry Adi....but I'm afraid you have a tumor in your brain....there's not much time you have left to live." Her world came crashing down around...