"ဒေါက်.....ဒေါက်.....ဒေါက်"
"သမီးရေ....အိပ်ယာထတော့လေ"
ရတီ ကြားတချက် မကြားတချက်။
အိပ်ချင်မူးတူးနဲ့ ထလိုက်သည်။
အပြင်ကနေ ကြီးမေနိုင်းနေတာဖြစ်မည်။
သူမ မိန်းမကိုယ်ကနေ အနည်းငယ် နာကျင်မှုကိုတော့ အခုထိခံစားနေရတုန်း။
ဘေးကို ကြည့်လိုက်တော့ ကောင်းသန့်မရှိတော့ပြီ။
ညက ပြောထားသည့်အတိုင်း မနက်အစောကြီး ထပြန်သွားသည်နှင့်တူသည်။
"အင်းပါ.....ကြီးကြီးရေ....ထနေပြီ"
သူမ ဖရိုဖရဲဖြစ်နေသော အိပ်ယာကို နေရာတကျ ပြင်ဆင်လိုက်သည်။
သူမ မွေ့ရာခင်းပေါ်မှာ အနီရောင်သွေးကွက်တချို့တော့ စွန်းကျန်ခဲ့သည်။
သူမ ဒါကို မြင်တော့ ညက အဖြစ်အပျက်ကို ပြန်လည်သတိရသွားသည်။
ကြိုက်သလိုလို၊ မကြိုက်သလိုလို ခံစားချက်နဲ့။
သူမ ရေမိုးချိုး၊ မျက်နှာသစ်နေတုန်း အိမ်ရှေ့ကားသံကို ကြားလိုက်သည်။
ဦးဖေ နဲ့ မေမေ ပြန်လာပြီ ထင်တယ်။
သူမ အပြေးလေး ထွက်ကြိုလိုက်သည်။
"မေမေတို့ ပြန်လာပြီလား"
မေမေမျက်နှာကြည့်တာ ပန်းရောင်တောင်သန်းနေသည်။
ဘေးက ဦးဖေက မေမေပုခုံးကို ဖက်လျက်။
"အင်း....သမီးလေး....Happy birthday ငါ့သမီးလေး"
"Happy birthday ပါ သမီးရေ"
မေမေရော၊ ဦးဖေရော သူမကို မွေးနေ့ဆုတောင်းပေးလိုက်ကြသည်။
"ဒါနဲ့ သမီးလေး....အိမ်ရှေ့တံခါးဝမှာ Pooh ရုပ်အကြီးကြီးနဲ့ ပန်းစည်းတစ်စည်း မေမေတွေ့ခဲ့တယ်။ အဲဒါသမီးဟာနဲ့တူတယ်"
"ဟုတ်လား သမီးသွားကြည့်လိုက်အုံးမယ်"
ဟုတ်ပ။
ပန်းစည်ထဲက လက်ရေးက ကောင်းသန့်လက်ရေးနဲ့။
ကောင်စုတ်။
သူ့အကြိုက်ကိုတော့ သိရှာသား။
အရုပ်နဲ့ ပန်းစည်းကို ပွေ့ပိုက်ပြီး ယူခဲ့တော့ မေမေတို့က သူမကို ထမင်းစားခန်းတွင်စောင့်နေသည်။
"ဟယ်....သမီးဟာလား...ဒါတွေက"
"အင်း...မေမေ...မီးဟာတဲ့"
နုငယ် သူ့သမီး ရည်းစားသနများရှိနေပြီလားလို့တွေးလိုက်ပေမဲ့ အခု ရတီလေးက ကလေးရုပ်တောင်မပျောက်။
"မီးလေး.....မနက်စာလာစား...မေမေတို့လည်း မစားလာဘူး.....လာ...လာ..မေမေအပြင်က ဝယ်လာတာတွေရော...ကြီးမေလုပ်ပေးထားတာတွေရော အများကြီး"
နုငယ် ဒီလို စကားလှအောင်ပြောလိုက်ပေမဲ့ အမှန်က အဲလိုမဟုတ်။
သူမနဲ့ ကိုသက်ငြိမ် မနေ့ကညက မမောနိုင် မပန်းနိုင်ချစ်ခဲ့ကြပြီး အစောကြီးအိပ်ပျော်သွားသည်။
ဒီမနက်လည်း Hotel က မထွက်လာခင် ကိုသက်ငြိမ် သူမကို လင်းဆွဲလေး နှစ်ချီလောက် လုပ်ခဲ့သေးသည်။
သူမ က ထုံးစံအတိုင်း သူ့အချစ်ရေယာဉ်မှာ လွင့်မျောပြီး အချိန်တွေတောင် မေ့ကုန်သည်။
အကုန်လုံးပြီးကာမှ ကမန်းကတမ်းနဲ့ အပြေးလေး check out လုပ်ခဲ့ရသည်။
အခုတော့ သူမနံဘေး ကိုသက်ငြိမ်က မနက်က ကြမ်းရမ်းခဲ့တာ သူ မဟုတ်ခဲ့တဲ့အတိုင်း ကြီးမေနဲ့ သမီးကို ရွှန်းရွှန်းဝေအောင်ပြောနေလေရဲ့။
"နေ့လည်ကျ သမီးတို့သူငယ်ချင်းတွေနဲ့ မွေးနေ့ပါတီလုပ်ရအောင် .......စားသောက်ဆိုင်မှာ မေမေတို့ ဘိုကင်လုပ်ပေးထားတယ်"
"သမီးတို့ချည်း လွတ်လွတ်လပ်လပ်ကဲလို့ရအောင် မေမေနဲ့ ဦးဖေတို့ မလိုက်တော့ဘူး.....ဦးလေးညို လိုက်ပို့ပေးလိုက်မယ်"
"ဒါမှ တို့မေမေကွ....ချစ်တယ်....ချစ်တယ်...မွ.....မွ"
"မိကဲလေး....ဒါပေမဲ့ သမီးတို့ စာမေးပွဲတော့ နီးနေပြီမလား"
"အင်းပါမေမေရဲ့...မီး သိပါတယ်"
ရတီ ပျော်ရွှင်မြူးတူးနေတော့ နုငယ်ရင်ထဲ ချမ်းမြေ့လျက်ရှိသည်။
ချစ်စရာကောင်းသော သမီးနဲ့ ကြင်နာယုယတတ်သော ယောကျ်ား သူမ မိမိအခုလက်ရှိအချိန်လေးမှာ အရမ်းပျော်ရွှင်နေမိသည်။
ဒီလိုပဲ အမြဲဖြစ်နေရင် အကောင်းသား။
ရတီ မွေးနေ့နောက်ပိုင်းမှာ သူမ ကောင်းသန့်နဲ့ ထပ်ပြီး အတူမနေဖြစ်တော့။
ကောင်းသန့်က အရူးအမဲသားကျွေးမိသလို တစာစာ တောင်းဆိုနေပေမဲ့ သူမ မလိုက်လျော။
စာမေးပွဲပြီးမှ စဉ်းစားပေးမည်ဟု ထပ်ပြောထားသည်။
အရာအားလုံးက သူ့ဟာနဲ့သူ လည်ပတ်လျက်။
မေမေ က ပိုးထည်ဆိုင်ကို ဆက်လုပ်။
ဦးဖေလည်း သူ့ကားဝပ်ရှော့ကို သူဆက်လက်ဦးစားလျက်။
သူမ လည်း ကျောင်းပုံမှန်တက်ပြီး စာမေးပွဲ နီးနေသဖြင့် စာကို အားသွန်ခွန်စိုက်ကြိုးစားနေသည်။
တခုပဲပိုလာသည်။
အရင်ကလို မဟုတ်ဘဲ အပြင်ထွက်ရင် လူ(၃)ယောက်ဖြစ်သွားသည်။
သူမ တို့ မိသားစု အပြင်မှာ သွားစားကြလျှင် ဘေးလူတွေက အားကျတဲ့မျက်လုံးတွေနဲ့။
ဦးဖေ က မေမေ ကို တော်တော်ဂရုစိုက်သည်။
အပြင်ထွက်ရင် မေမေ ထိုင်ဖို့ ခုံဆွဲပေးတာတွေ၊ စားမည့် ဇွန်း၊ ခရင်းတွေ သေချာသုတ်ပေးတာတွေ။
မေမေ ကံကောင်းသည်ဟု သူမ ထင်သည်။
သူမ လည်း တစ်နေ့ကျ လက်ထပ်ရင် ဦးဖေ လို ဂရုစိုက်တတ်သော ယောကျ်ားပဲ ယူမည်ဟု ဆုံးဖြတ်ထားသည်။