မတူညီမအပ်စပ်သော

By Yin-2323

14.4K 1.7K 134

မတူညီမအပ်စပ်သော [၀ူးကျယ်] More

格格不入 (GeGeBuRu)
အပိုင်း၁
အပိုင်း၈
အပိုင်း၂
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၃
အပိုင်း၁၄
အပိုင်း၄
အပိုင်း၁၅
အပိုင်း၅
အပိုင်း၁၆
အပိုင်း၆
အပိုင်း၁၇
အပိုင်း၇
အပိုင်း၉
အပိုင်း၁၈
အပိုင်း၁၀
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း၂၃
အပိုင်း link များ
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
Paid Gp [Completed]
အပိုင်း၂၇
အပိုင်း၂၉
အပိုင်း၃၀
အပိုင်း၃၁
အပိုင်း၃၂
အပိုင်း၃၃
အပိုင်း၃၄
အပိုင်း၃၅
အပိုင်း၃၆

အပိုင်း၂၈

220 23 0
By Yin-2323

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂၈

လတော်တော်ပင် ကြာသွားပြီဖြစ်သည်။အတိတ်က ဘ၀ကို သူ ရှင်းလင်းနေအောင် စွန့်ပစ်ခဲ့ပြီးပြီဟု ရှန့်ရှီး တစ်လျှောက်လုံး ထင်နေခဲ့မိသည်။သူ အရှေ့ကို စတင်ပြီး လျှောက်လှမ်းနေပြီပင်။လျှောက်လှမ်းနေတာ သိပ်ပြီး မဖြောင့်ဖြူးရုံသာ။

သို့သော်လည်း အခုအချိန်မှာတော့ သူ အလေးအနက်ဖြင့် အလုပ်လုပ်ပြီး ကြိုးကြိုးစားစား လျှောက်လှမ်းနေသည့် ဆိုင်တွင် ၊ တာ့ကျန့်က ကောင်မလေးတစ်ယောက်ကို ခေါ်၍ ရောက်လာသည်နှင့် ဆုံမိရာ ၊ သူ ရုတ်တရက်ဆိုသလို မျှော်လင့်ချက် မဲ့သွားမိသည်။

ဒီလောက်တောင် ကြာနေလေပြီ။သူ့ခြေထောက်အောက်တွင် ဒီအရာများ၏ ရစ်နှောင်မှုကို ခံနေရဆဲပင်။သတိမထားမိလိုက်သည်နှင့် လဲကျသွားမှာဖြစ်သည်။

တာ့ကျန့်က ဖျင်ရှူး၏ အမာခံဖန်ပင်။အကယ်၍ သူ့ကိုသာ မှတ်မိသွားပါက........

ရှန့်ရှီးမှာ ချွေးပင် ပျံလာခဲ့သည်။အစကတည်းက ခန္ဓာကိုယ်မှာ ချွေးတွေထွက်နေပြီး ၊ အခုအချိန်မှာတော့ မီးကင်ခံလိုက်ရသလိုပင်။ခန္ဓာကိုယ် တစ်ခုလုံးရှိ ချွေးပေါက်များမှာ သူ့ထက်ငါအရင် အလုအယက် ချွေးတွေ ထွက်နေကြသည်။

တစ်ခုတည်းသော ကံကောင်းမှုမှာ သူဌေး၏ အော်ပြောသံက သိပ်မကျယ်ခြင်းပင်။မီးဖိုက ထွက်နေသည့်အသံနှင့် သူဌေးမိန်းမက လက်ထဲတွင် အကြော်ဇွန်းဖြင့် တန်းတန်းနှင့်မြည်အောင် မွှေကြော်နေသည့် အသံအောက်တွင် ၊ တံခါးအပြင်ဘက်တွင် ထိုင်နေသည့် တာ့ကျန့်က သေသေချာချာ မကြားသွားသည့် ပုံပင်။

မဟုတ်ပေ။ချ်ိန်ပေါ်ယန်က သူ့ဆံပင်ကို ကတုံးတုံးပေးထားတာကို ကျေးဇူးတင်ရမည်ပင်။အရင်တုန်းက မော့ရှီးကန်းနှင့် ဆိုလျှင် ၊ တာ့ကျန့်က လမ်းမတစ်ခုခြားနေလျှင်တောင် သူ့ကို မှတ်မိသွားနိုင်သည်ပင်။

"အင်း"

သူ အသံတစ်ချက် ပြန်ပေးလိုက်ပြီး ၊ လက်ကိုဆန့်တန်း၍ သူဌေး စားပွဲပေါ် တင်ထားသည့် မတ်စ်ကို ယူတပ်လိုက်ကာ ၊ အ၀တ်စုတ်ကိုယူ၍ ဖြည်းဖြည်းချင်း ထွက်လာခဲ့လိုက်သည်။

ဖျင်ရှူးက သူ့ကို သေချာပေါက် ရှာနေမှာပင်။ဟို ဆွဲသီးတစ်ခုအတွက်ပဲ ဆိုလျှင်တောင် ၊ ဖျင်ရှူးက ၊ မင်းကလေဆို ငါကသဲ ဆိုပြီး သူ့နောက်ကနေ ကမ္ဘာအဆုံးထိ လိုက်နေမှာဖြစ်သည်။အကယ်၍ တာ့ကျန့်သာ သူ့ကို မှတ်မိသွားခဲ့လျှင်.......

သို့သော်လည်း ဒီအလုပ်ကို သူ မဆုံးရှုံးချင်ပေ။နောက်ဆုံး လုံး၀မတတ်နိုင်တော့သည့် အချိန် မရောက်မချင်း ၊ သူ ထွက်ပြေးမှာ မဟုတ်ချေ။

ထူလန့်၏ မျက်နှာအရောင်က ဖြူဖျော့နေသည်။မျက်နှာ အမူအရာကို ကြည့်ရသလောက်တော့ တော်တော်လေး မကျေမနပ် ဖြစ်နေသည့်ပုံပင်။စိတ်မရှည်သည့် မျက်နှာဖြင့် တာ့ကျန့်အား ပြောနေသည်။တာ့ကျန့်ကတော့ ဘေးနားကနေ ရယ်နေသည်။

ရှန့်ရှီးမှာ မြင်ရတာများနေပြီဖြစ်၍ တစ်ချက်ကြည့်လိုက်ရုံဖြင့် ခန့်မှန်းမိသည်ပင်။တာ့ကျန့်က ထူလန့်ကို ခေါ်၍ ကိုယ်၀န်လာဖျက်ချခြင်းပင်။တာ့ကျန့်မှာ ပိုက်ဆံမရှိတာကြောင့် ၊ ကလေးကို ပြုစုစောင့်ရှောက်နိုင်ခြင်း မရှိပေ။ကိုယ်၀န်ဖျက်ချသည့် ပိုက်ဆံက်ို ဖျင်ရှူးက ထုတ်ပေးလိုက်တာလည်း ဖြစ်နိုင်သည်ပင်။

သူ ခေါင်းငုံ့လျက်ဖြင့် အနားကိုလျှောက်သွားလိုက်ပြီး ၊ ရှားကောနှင့် ပန်းကန်များကို သိမ်းဆည်းလိုက်သည်။ပြီးနောက်တွင်တော့ စားပွဲပေါ်ရှိ ထမင်းဟင်းညစ်ပေနေသည်များကို အ၀တ်စုတ်ဖြင့်သုံး၍ ပန်းကန်ထဲ ထည့်လိုက်သည်။ပုံမှန်အချိန်များတွင်ဆို ပန်းကန်သိမ်းခြင်းနှင့် စားပွဲသုတ်ခြင်းကို သူ နှစ်ခေါက်ခွဲကာ လုပ်တတ်သည်။သို့သော်လည်း အခုအချိန်မှာတော့ တာ့ကျန့်၏ အရှေ့တွင် သွားလာရသည့် အကြိမ်အရေအတွက်ကို သူ လျှော့ချရမည်ပင်။

ရှန့်ရှီးက ပန်းကန်များကို သိမ်းဆည်း၍ ထွက်သွားရန် ပြင်လိုက်သည့် အချိန်တွင် ၊ တာ့ကျန့်က ထူလန့်အရှေ့ရှိ စားပွဲကို ညွှန်ပြလာပြီး :

"ဒီနားကို သုတ်ပေးဦး ၊ ဆီတွေချည်းပဲ"

ရှန့်ရှီးက ခေါင်းငုံ့ကာ လျှောက်သွားလိုက်ပြီး ထူလန့်အရှေ့ရှိ အစကတည်းက တော်တော်လေး သန့်ရှင်းနေသည့် စားပွဲကို သေချာ သုတ်ပေးလိုက်သည်။ပုံမှန်အချိန်ဆိုလျှင် သူ စိတ်မရှည်စွာဖြင့် ခင်ဗျားက စားပွဲကိုဖက်ပြီး လျှာနဲ့လျက်မှာလည်း မဟုတ်ပဲနဲ့ဟု ပြောလိုက်မိနိုင်သည်ပင်။သို့သော်လည်း ဒီလူများကိုတော့ ရှန့်ရှီး အရမ်း နားလည်သည်။အရင်တုန်းက သူ့အတိုင်းပင်။အပေါ်စီးက ဆက်ဆံဖို့ အခွင့်အရေး ရှာနေခြင်းဖြစ်သည်။အကယ်၍ သူသာ နည်းနည်း မနှိမ့်ချလိုက်မိပါက ၊ တာ့ကျန့်က ဆဲဆိုလာမှာပင်။ဒီလိုအဖြစ်အပျက်မျိုးကို အခုအချ်ိန်တွင် အဖြစ်ခံလို့် မရချေ။

စားပွဲကို သုတ်ပေးပြီး၍ ပြန်လှည့်ထွက်လာသည့် အချိန်၌ ၊ တာ့ကျန့်က သူ့ကို တစ်ချက်မော့ကြည့်လာသည်။ရှန့်ရှီး၏ စိတ်ထဲတွင် ထိတ်လန့်သွားမိသည်။ဆိုင်ထဲ ပြန်၀င်လာသည့် အချိန်၌ သူ ခြေထောက်ကို 八စလုံးပုံစံကား၍ ယိမ်းယိမ်းယိုင်ယိုင်ဖြင့် ၀င်လာခဲ့လိုက်သည်။လမ်းလျှောက်သည့် အနေအထားကနေ တာ့ကျန့်က သူ့ကိုမှတ်မိသွားမှာ စိုးလို့ပင်။

သူ့မျက်နှာပေါ်ရှိ မက်စ်က တာ့ကျန့်ကို ဆွဲဆောင်လိုက်မှန်း ရှန့်ရှီး သိသည်ပင်။သို့သော်လည်း မက်စ်နှင့် မျက်နှာအကြားတွင် သူ့ထံ၌ ရွေးချယ်စရာ ရှိမနေချေ။

သူ တာ့ကျန့်စားပွဲဘက်ကို သိပ်မကြည့်ရဲပေ။သို့သော်လည်း တာ့ကျန့်၏ အကြည့်များက မကြာမကြာဆိုသလို သူ့ခန္ဓာကိုယ်ပေါ် လှမ်းကြည့်နေမှန်း ခံစားလို့ရနေသည်။တစ်ခုခုကို သတိထားမိသွားလို့လား ၊ ဒါမှမဟုတ် ဒီအတိုင်း ကြည့်မိတာလား ဆိုသည်ကို သူ စဥ်းစားနေဖို့ အချိန်မရှိချေ။

သူဌေးမိန်းမ ရှားကောထမင်းလုပ်နေသည့် လှုပ်ရှားမှုကိုသာ သူ တစ်လျှောက်လုံး အာရုံစိုက်နေမိသည်။တာ့ကျန့်တို့အတွက် နှစ်ပွဲ လုပ်ပြီးသွားသည့် အချိန်၌ ၊ သူ မီးဖိုအနောက်ခန်းထဲ ၀င်၍ ၊ ဆေးပြီးသား ဟင်းများက်ို ယူပေးလိုက်သည်။သို့ဖြစ်ရာ သူဌေးက တာ့ကျန့်တို့အတွက် ထမင်းကို ယူ၍ သွားချပေးသည်။

တာ့ကျန့် ထမင်းစားတာ တော်တော်လေး မြန်လှသည်။ဘယ်လောက်မှ မကြာသေးမီမှာပင် စားလို့ ပြီးသွားပြီဖြစ်သည်။သို့သော်လည်း ထူလန့်က တော်တော်လေး အားနည်းနေပြီး ၊ စားတာ တော်တော် နှေးနေသည်။အစားအသောက် မှာသည့်အချိန်က ငရုတ်သီး ထည့်ခိုင်းပြီး ၊ စားသည့်အချိန်မှာတော့ သေးသေးလေးတွေ လှီးထားသည့် ငရုတ်သီးများအား ရွေးထုတ်ကာ စားပွဲပေါ် ပစ်နေသည်။

ရှန့်ရှီးမှာ အနားကိုလျှောက်သွား၍ သူမ၏ မျက်နှာအား ရှားကောထမင်းထဲ နှစ်ပစ်ချင်စိတ် အရမ်းပေါက်လာသည်။

ထိုအချိန်မှာပင် သူဌေးက ဘီရိုဘေးနားမှ ထမင်းဘူးအချို့ ထုတ်ယူလိုက်သည်။ရှန့်ရှိးမှာ ထိုအရာကို မြင်သည်နှင့် အမြန် လျှောက်သွားလိုက်သည်။ဒီအချိန်ကို စောင့်နေတာ ရောက်လာပြီပင်။

"ဒီဘူးတွေက ဘေးနားက ကုမ္ပဏီကမှာတဲ့ဟာ"

သူဌေးက ထုတ်ပိုးနေရင်း သူ့ကို ပြောလာသည်။

"ဒီဘူးတွေကကျတော့ ဆေးရုံက ၊ အတွင်းလူနာဆောင် နှစ်ထပ် သုံးထပ် အကုန်ပါတယ် ၊ စာရွက်ပေါ်မှာ ငါ ရေးပေးထားတယ်"

"ဟုတ်ကဲ့"

ရှန့်ရှီးက ခေါင်းညိတ်ပြလိုက်ပြီး ၊ အိတ်ယူ၍ ဘူးများကို ထည့်လိုက်ကာ ၊ ခေါင်းငုံ့လျက်ဖြင့် အိတ်ကိုဆွဲကာ ထွက်လာခဲ့လိုက်သည်။八စာလုံး ခြောက်ထောက်ပုံစံက်ို သုံး၍ ယိမ်းယိုင်ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။

သူ ဘေးနားကနေ ဖြတ်သွားသည့် အချိန်၌ တာ့ကျန့်က ခေါင်းမော့ကာ တစ်ချက်ထပ်ကြည့်လာပြန်သည်။ရှန့်ရှီးက သူရှိရာဘက်ကို မကြည့်ပဲ ၊ တံခါး၀နားက သစ်ပင်အောက်ဆီ ယိမ်းယိုင်၍ လျှောက်လာခဲ့လိုက်ကာ ၊ အိတ်အား ဆိုင်ကယ်ပျဥ်ပြားပေါ် တင်၍ မောင်းထွက်လာခဲ့လိုက်သည်။

----------

ချိန်ပေါ်ယန်မှာ ဒီနေ့ ပြင်ပလူနာဌာနတွင် ရှိနေသည်။မနက်ပိုင်းတွင် အရမ်းအခြေအနေဆိုးသည့် ပြင်ပဒဏ်ရာ ရသည့်လူနာ မရှိချေ။သို့သော်လည်း နေ့လည်ရောက်ခါနီး အချိန်တွင် ၊ အရမ်းစကားများပြီး စိုးရိမ်ကြီးသည့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက် ရောက်လာခဲ့သည်။

အရင်နှစ်က ခါးလိမ်ပြီး ဒဏ်ရာရသွားခဲ့ကာ ၊ ဒီနှစ်ရောက်သည်အထိ သူ့ခါးရိုးက ကွေးနေသလို ခံစားနေရသည်။ဓာတ်မှန်ရိုက်ကြည့်သော်လည်း ဘာပြဿနာမှ မရှိပေ။သူကတော့ စိတ်မချသေးချေ။

"ပြဿနာ မရှိဘူး?"

ထိုအမျိုးသားက ချိန်ပေါ်ယန်ကို ကြည့်လိုက်ပြီး

"ဒေါက်တာ သေချာရဲ့လား?ထပ်ကြည့်ပေးပါဦး"

"တကယ် ဘာပြဿနာမှ မရှိဘူး"

ချိန်ပေါ်ယန်မှာ ဓာတ်မှန်အား ဘေးနားရှိ light box ပေါ် ထပ်တင်၍ ကြည့်လိုက်ကာ

"ခင်ဗျားက ခါးနာနေရုံပဲ ၊ ဒီဟာက အရိုးနဲ့ ဘာမှမဆိုင်ဘူး"

"မဖြစ်နိုင်ဘူးထင်တယ်......"

ထိုအမျိုးသား၏ မျက်နှာက သံသယများဖြင့် ပြည့်နှက်နေသည်။

ရုံးခန်းအပြင်ဘက်တွင် လူတစ်ယောက်က တစ်ချက် ဖြတ်ခနဲ ဖြတ်သွားခဲ့သည်။

"ခင်ဗျားက တကယ် တော်တော်လေး ထူးဆန်းတာပဲ ၊ ကိုယ့်မှာ ပြဿနာရှိဖို့ မျှော်လင့်နေတဲ့လူကို ကျွန်တော် ပထမဆုံး တွေ့ဖူးတာ"

ချိန်ပေါ်ယန်က ပြောလိုက်ပြီး ၊ အပြင်ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ရှန့်ရှီးပင်။သူ ရှန့်ရှီးကိုခေါင်းတစ်ချက် ညိတ်ပြလိုက်ရာ ၊ ရှန့်ရှီးက ထွက်သွားခဲ့သည်။

"ဒါပေမယ့် ကျွန်တော့်ခါးက တစ်ချိန်လုံး အားစိုက်လို့ မရသလို ခံစားနေရတယ်"

ထိုအမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။

"ခင်ဗျား......"

ချိန်ပေါ်ယန်မှာ စဥ်းစားလိုက်ပြီး ၊ အကြည့်များက ထိုအမျိုးသား၏ အင်္ကျီထဲရှိ ခါးအထိန်းပေါ် ကျရောက်သွားခဲ့သည်။

"ဒီပစ္စည်းကို တပ်ထားတာ ဘယ်လောက်ကြာသွားပြီလဲ?"

"ဒီဟာလား?အရင်နှစ် ဒဏ်ရာရပြီးကတည်းက တစ်ချိန်လုံး သုံးနေတာလေ ၊ မသုံးရင် မဖြစ်ဘူး......"

ထိုအမျိုးသားက သက်ပြင်းချလိုက်သည်။

"တစ်ချိန်လုံး?အရင်နှစ်ကတည်းကနေ အခုအချိန်အထိ?"

ချိန်ပေါ်ယန်မှာ တော်တော်လေး အံ့သြသွားမိသည်။တံခါးအပြင်ဘက်တွင် လူတစ်ယောက် ထပ်ဖြတ်သွားပြန်သည်။သူ မျက်လွှာပင့်ကြည့်လိုက်ရာ ရှန့်ရှိီးကို ထပ်မြင်လိုက်ရသည်။သူ အချက်ပြမှာကိုပင် မစောင့်တော့ပဲ ၊ ရှန့်ရှီးက ထပ်ပြီး ထွက်သွားခဲ့ပြန်သည်။

"ဟုတ်တယ်လေ"

ထိုအမျိုးသားက ပြောလာသည်။

"အစ်ကိုကြီး"

ချိန်ပေါ်ယန်က ခါးအထိန်းကို ညွှန်ပြလိုက်ပြီး

"ဒီပစ္စည်းကို ၊ ခင်ဗျား နေ့တိုင်း ထပ်ပြီး စည်းထားမယ်ဆိုရင် ၊ နောက်ပိုင်း ဒီဟာကို ခင်ဗျား ဖြည်လိုက်တာနဲ့ ထိုင်တောင် ထိုင်နိုင်တော့မှာ မဟုတ်ဘူး ! မြန်မြန် ဖြည်လိုက်တော့ ! "

ရှန့်ရှီးက တတိယအကြိမ်မြောက် ရုံးခန်းတံခါး၀နားမှ ဖြတ်သွားသည့် အချိန်တွင် ၊ ချိန်ပေါ်ယန်မှာ ထိုအမျိုးသားနှင့် စကားပြောဆိုလို့ ပြီးသွားပြီ ဖြစ်သည်။ထိုအမျိုးသားက မတ်တပ်ထရပ်၍ ချိန်ပေါ်ယန်၏ လက်ကို ဆုပ်ကိုင်လာပြီး :

"ဒေါက်တာ ကျေးဇူးတင်ပါတယ်နော်"

"အားမနာပါနဲ့ ၊ ပြန်ရောက်ရင် တစ်ချက်လောက် လေ့ကျင့်ခန်း လုပ်လိုက် ၊ နေ့တိုင်း ခါးအထိန်း သုံးတာမျိုး ထပ်မလုပ်နဲ့တော့ ၊ ဒီဟာက ခဏတာအတွက် အသုံးပြုရတာ ၊ အချ်ိန်အကြာကြီး ဒီလိုသုံးနေရင် ၊ ခင်ဗျားရဲ့ ခါးအတွင်းပိုင်း ကြွက်သားတွေက အားမရှိတော့ဘူးလေ ၊ မထုံကျင်ပဲ နေပါ့မလား"

ချိန်ပေါ်ယန်က လက်ကိုဆွဲထုတ်လိုက်ပြီး

"သက်သောင့်သက်သာ မရှိတာမျိုး ထပ်ရှိလာရင် အရိုးဌာနကို လာဖို့မလိုဘူး ၊ ကျွန်တော်တို့ ဆေးရုံရဲ့ ပြန်လည်ထူထောင်ရေး လှုပ်ရှားမှု ဌာနဆီ ခင်ဗျားသွားပြကြည့်လိုက်"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"

ထိုအမျိုးသားက ခေါင်းညိတ်ပြလာပြီး ၊ ပစ္စည်းများကို ယူ၍ ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။

ချိန်ပေါ်ယန်လည်း ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ပုံမှန်အချိန်တွင်ဆို သူ ရုံးခန်းထဲ ရှိနေလျှင် ၊ ရှန့်ရှီးက အစားအသောက် လာပို့ချိန်၌ ၊ တစ်ခါတစ်လေမှ တစ်ခေါက်လောက် ဖြတ်သွားရုံသာ ရှိသည်။ပြီးတာနှင့် ပြန်သွားတတ်သည်ပင်။ဒီနေ့တော့ မိနစ်နှစ်ဆယ်အတွင်း သုံးခေါက်ဆက်တိုက် ဖြတ်သွားပြီး ပြန်မသွားသေးပေ။ချိန်ပေါ်ယန်မှာ နည်းနည်း ထူးဆန်းနေမိသည်။

တံခါးမှ ထွက်လာသည်နှင့် ရှန့်ရှီးက ရုံးခန်းတံခါးနားရှိ နံရံကို မှီကာ ၊ ခေါင်းငုံ့၍ သူ့ဖိနပ်ကိုကြည့်ကာ အတွေးလွန်နေသည်ကို မြင်လိုက်ရသည်။သူ အနားကို လျှောက်သွား၍ ရှန့်ရှီးကို တစ်ချက် တွန်းလိုက်ပြီး :

"ဘာလုပ်နေတာလဲ?"

"အိုင်း?အလုပ်ပြီးသွားပြီလား?"

ရှန့်ရှီးက ခေါင်းစောင်းကြည့်လိုက်သည်။

"အင်း ၊ ခဏလောက် နားလို့ရပြီ"

ချိန်ပေါ်ယန်က ရှန့်ရှီးကို ကြည့်လိုက်ပြီး

"ငါ့ကိုရှာတာ ကိစ္စရှိလို့လား?"

"........မရှိပါဘူး"

ရှန့်ရှီးက အတော်လေး နေရခက်နေဟန်ဖြင့် နှာခေါင်းကို ပွတ်လိုက်ပြီး

"ခင်ဗျား လူနာကို ကြည့်ပေးနေတာ အနှောင့်အယှက် ပေးလိုက်မိတာလား?"

"မဟုတ်ပါဘူး"

ချိန်ပေါ်ယန်က စင်္ကြံလမ်းဘက် လျှောက်သွားလိုက်သည်။အနောက်ဘက်နားက ကုန်စုံဆိုင် အသေးလေးတွင် ပေါင်မုန့်နှစ်လုံး ၀ယ်စားလိုက်ရင် ပြိီးပြီဟု တွေးထားသည်။

"မင်း အစားအသောက် ပို့ပြီးရင် အမြန်ပြန်ရမှာ မဟုတ်ဘူးလား?"

"ဟုတ်တယ်လေ ၊ ခနနေရင် အမြန်ပြန်ရတော့မှာ"

ရှန့်ရှီးက ချိန်ပေါ်ယန် ဘေးကနေ လိုက်လာပြီး

"ကျွန်တော် ခင်ဗျားကို အစားအသောက်နည်းနည်းလောက် ၀ယ်ကျွေးမယ်လေ?"

"ငါက ပေါင်မုန့်နှစ်လုံးလောက် သွား၀ယ်မလို့ ၊ အရမ်းရှုပ်တဲ့ဟာတွေ စားဖို့ အချိန်မရှိဘူး"

ချိန်ပေါ်ယန်က ရယ်လိုက်သည်။

"ကျွန်တော် ခင်ဗျားကို ပေါင်မုန့်၀ယ်ကျွေးမယ်"

ရှန့်ရှီးက ပြောလိုက်သည်။

"အင်းပါ ၊ တစ်လုံးက အသားမွှာနဲ့ ၊ တစ်လုံးက အုန်းသီးခြစ်နဲ့"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

ရှန့်ရှီးက ချိန်ပေါ်ယန်အတွက် ပေါင်မုန့်၀ယ်၍ ၊ နွားနို့ဘူးပါ ထပ်၀ယ်ပေးလိုက်ပြီး ၊ ချိန်ပေါ်ယန်က ဆေးရုံရှိ ပန်းခြံလေးထဲတွင် မတ်တပ်ရပ်၍ စားနေသည်ကို ကြည့်နေလိုက်သည်။

"မင်း ကိစ္စတစ်ခုခု ရှိနေတယ် မဟုတ်လား?"

ဒီနေ့ ရှန့်ရှီး၏ ခံစားချက်များက နည်းနည်း မူမမှန်ဘူးဟု ချိန်ပေါ်ယန် ခံစားနေမိသည်။ပုံမှန်အချိန်များတွင်ဆို မြူးတူးခုန်ပေါက်နေတတ်သည့် လူက ၊ ဒီနေ့ စကားအရမ်းနည်းနေသည်။ကြည့်နေရသည်မှာ ရှန့်ရှီးကို ပထမဆုံး တွေ့ခါစလို အခြေအနေမျိုး ဖြစ်နေသလိုပင်။

"တကယ် မရှိပါဘူး"

ရှန့်ရှီးက ပြောလိုက်သည်။

"ကျွန်တော်က ခင်ဗျားနဲ့ ခဏလောက် အတူတူ နေချင်နေရုံပဲ ၊ ခင်ဗျား စကားပြောတာ နည်းနည်း နားထောင်လိုက်ရင် ၊ ကျွန်တော် နည်းနည်း စိတ်အေးလာတယ်"

"တစ်နှစ်သုံးလေးငါးခြောက်ခုနှစ်ရှစ်........"

ချိန်ပေါ်ယန်က ပေါင်မုန့်စားနေရင်း စတင်ရေတွက်လိုက်သည်။

"နှစ်ဆယ့်တစ်နှစ်ဆယ့်နှစ်နှစ်ဆယ့်သုံး......"

စားနေရင်း တစ်လျှောက်လုံး ရေတွက်လိုက်သည်မှာ တစ်ရာအထိ ရောက်သွားကာမှ သူ ရပ်တန့်လိုက်သည်။ :

"နည်းနည်းကောင်းသွားတယ် မဟုတ်လား?"

"အင်း"

ရှန့်ရှီးက ရယ်လိုက်ပြီး

"ခင်ဗျားက တကယ် ပူးပေါင်းပေးတာပဲ"

"မင်းက ငါ့ကို ရုတ်တရက်ကြီး စကားပြောခိုင်းတော့ ၊ ငါက ချက်ချင်းကြီး ဘယ်လိုလုပ် ပြောထွက်မှာလဲ"

ချိန်ပေါ်ယန်က သောက်လို့ကုန်သွားသည့် နွားနို့ဘူးအား အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီး

"မင်း တကယ်ကြီး ကိစ္စမရှိဘူးပေါ့?"

"တကယ် မရှိဘူး"

ရှန့်ရှီးက နေရာမှာပင် တစ်ချက်ခုန်လိုက်ပြီး

"သြော ၊ ကိစ္စရှိတယ် ၊ ကိစ္စလို့ ယူဆလို့ရတယ် ၊ ကျွန်တော် မေးကြည့်ချင်လို့ ၊ ကျွန်တော် မနက်ဖြန် လာစစ်ဆေးရင် ရတယ်မလား?"

"ရတယ်"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး

"မင်း စာရင်းသွင်းမနေနဲ့တော့ ၊ တစ်ခါတည်း တန်းလာခဲ့လိုက် ၊ ငါ မင်းအတွက် စာရင်းရေးပေးလိုက်မယ် ၊ မင်း ဓာတ်မှန်သွားရိုက်လိုက် ၊ ငါကြည့်ပေးမယ်"

"အင်း ၊ ကျွန်တော် ညနေကျရင် လာခဲ့မယ်"

ရှန့်ရှီးက လက်ဖြောက်တစ်ချက် တီးလိုက်ပြီး

"ဒါဆို ကျွန်တော် သွားပြီနော်"

ဆိုင်ထဲ ပြန်ရောက်သည့် အချိန်၌ ၊ တာ့ကျန့်နှင့် ထူလန့်တို့က ထွက်သွားကြပြီပင်။ဖန်းယင်လည်း မရှိတော့ချေ။သူဌေးနှင့် သူဌေးမိန်းမတို့က အလုပ်ရှုပ်နေကြသည်။

ရှန့်ရှီးမှာ ဆိုင်ထဲ၀င်၍ ကူညီပေးလိုက်ပြီး ၊ သူဌေး နှင့် သူဌေးမိန်းမတို့အား စကားနည်းနည်းပြောကြည့်လိုက်သည်။သူဌေးတို့နှစ်ယောက်စလုံးက ပုံမှန်အတိုင်းပင်။ကြည့်ရသလောက်တော့ တာ့ကျန့်က သံသယ မ၀င်သွားသည့်ပုံပင်။ထိုသို့မဟုတ်ပါက သူဌေးထံတွင် သူ့အကြောင်း စုံစမ်းမှာဖြစ်သည်။

သို့သော်လည်း..........တာ့ကျန့် သူ့ကိုကြည့်သည့် အကြည့်များကို ရှန့်ရှိီး စိတ်မချချေ။

ညရောက်သည့်အချိန်၌ သူ ထပ်ခိုးခန်းရှိ ကုတင်လေးပေါ်တွင် လှဲကာ ၊ ဖန်းယင်ကို ဖုန်းလှမ်းဆက်လိုက်သည်။ :

"အရင်တစ်ခေါက်က ပြောထားတဲ့ ကျွန်တော့်ဖို့ သုံးလစာ အခန်းငှားခ ထုတ်ပေးမယ် ဆိုတာက အကျုံး၀င်သေးလား?"

"အကျုံး၀င်တာပေါ့ ၊ မင်း အခန်းငှားချင်လို့လား?"

ဖန်းယင်က ထိုစကားကို ကြားလိုက်ရသည်နှင့် အရမ်းကို စိတ်၀င်စားသွားခဲ့သည်။

"အင်း"

ရှန့်ရှီးက ကိုယ်ကိုတစ်ချက်လှိမ့်လိုက်ပြီး

"မနက်ဖြန်ကျရင် ကျွန်တော် တစ်ရက်နားခွင့်ရှိတယ် ၊ အခန်းသွားရှာချင်လို့"

"ရတယ်လေ ၊ ငါ မနက်ကျရင် လာခဲ့လိုက်မယ် ၊ ဘယ်မှာ ရှာမှာလဲ?"

ဖန်းယင်က ချက်ချင်းမေးလိုက်သည်။

"တက္ကသိုလ်ဘက်နား"

ရှန့်ရှီးက ပြောလိုက်သည်။ထိုဘက်တွင် နည်းနည်း စျေးသက်သာသည့် ကျောင်းသားအခန်းများ ရှိသည်ဟု ချိန်ပေါ်ယန် ပြောဖူးသည်။

အကယ်၍ တာ့ကျန့်သာ မထွက်ပေါ်လာခဲ့လျှင် ၊ ရှန့်ရှီး အခန်းငှားဖို့ ဒီလို အလောတကြီး ဖြစ်နေမှာ မဟုတ်ပေ။အခုဆို အလုပ်က တစ်ဖြည်းဖြည်း အသားကျလာပြီး ၊ သူဌေးနှင့် သူဌေးမိန်းမတို့ကလည်း တော်တော်လေး သဘောကောင်းကြသည်။ပုံမှန် သူနှင့် စကားပြောတာ ၊ အလုပ်ခိုင်းတာမျိုးဆိုလျှင်လည်း အပြုံးမျက်နှာဖြင့်သာ ဆိုတတ်ကြသည်။

သို့သော်လည်း ဒီလိုဖြစ်နေတာကြောင့်ပင် ၊ သူ အခု ချက်ချင်း ပြောင်းက်ိုပြောင်းရမှာ ဖြစ်သည်။မတော်လို့များ တာ့ကျန့်သာ သူ့က်ို မှတ်မိသွားခဲ့လျှင် ၊ ပြန်သွားပြောလိုက်ပါက ၊ ဖျင်ရှူးက သူ့ကို ဘယ်အချိန်တွင် လာရှာမလဲဆိုတာ မသေချာပေ။

နေ့ခင်းပိုင်းတွင် ကိစ္စမရှိသော်လည်း ၊ ညပိုင်းရောက်လျှင်တော့ ပြောလို့မရတော့ပေ။မထင်မှတ်ထားတာ တစ်ခုခု ဖြစ်သွားပြီး ဆိုင်ထဲကို ပရမ်းပတာ ဖြစ်သွားအောင် လုပ်မိသွားမှာ စိုးမိသည်။ဘယ်လိုပဲဖြစ်ဖြစ် သူဌေးတို့မိသားစုကို သူ ဒုက္ခပေး၍ မဖြစ်ပေ။

အခန်းငှားရခြင်းမှာ နည်းလမ်းတကျပြောရလျှင် မလွယ်ကူလှပေ။ပတ်၀န်းကျင် ၊ အိမ်နီးချင်း ၊ ယာဥ်လမ်းကြောင်း ၊ အထပ်အမြင့် ၊ အခန်းတွင်းအခြေအနေ ၊ အကုန်လုံးက စဥ်းစားဖို့ လိုအပ်သည်ပင်။သို့သော်လည်း ထိုအရာများအားလုံးကို လျစ်လျူရှု့လိုက်ပါက ၊ အများကြီး လွယ်ကူသွားပြီပင်။

ရှန့်ရှီး၏ တောင်းဆိုချက်က နှစ်ခုသာ ရှိသည်။စျေးပေါရမည်။တစ်ယောက်ခန်း ဖြစ်ရမည်။တစ်ခြားအရာတွေက်ိုတော့ ဘာမှ မစဥ်းစားတော့ပေ။သို့ဖြစ်ရာ တိုက်ခန်းပိုင်ရှင် နှစ်ယောက်နှင့် ဆက်သွယ်ပြီးသွားသည့် နောက်တွင် ၊ သူ အခန်းတစ်ခန်း ငှားယူလိုက်သည်။

မြို့ပြကျေးရွာရှိ ငါးထပ်​တိုက်အသေးလေးဖြစ်သည်။ကျောင်းသားများကိုသာ အဓိက ငှားရမ်းပေးသည်။ငါးထပ်မြောက်တွင် တစ်ခန်းကျန်နေသေးသည်။ရှစ်စကွဲရားမီတာ ကျယ်ပြီး ၊ သန့်စင်ခန်း တစ်ခု ပါသည်။မီးဖိုခန်းက အတူတူ မျှသုံးရမည် ဖြစ်ပြီး ၊ တစ်လကို ယွမ်သုံးရာ ကျသည်။ရေခ ၊ မီးခကို ပြီးမှ သက်သက် တွက်မည်။

ဖန်းယင်က သူ့အစား အာမခံကြေးနှင့် သုံးလစာ အခန်းငှားခ ပေးချေလိုက်သည်။ကင်မရာကို ကိုင်ထားရင်း အခန်းတွင်း ၊ အခန်းပြင်ကို ဓာတ်ပုံအချို့ ရိုက်ယူနေပြီး ၊ အခန်းထဲရှိ ကုတင်ကို ထပ်ပြီး ညွှန်ပြလိုက်ကာ :

"ရှောင်ကျန် ၊ မင်း ကုတင်ပေါ် ထိုင်လိုက် ၊ ငါ ဓာတ်ပုံနှစ်ပုံလောက် ရိုက်မယ် ၊ မျက်နှာကို သန့်စင်ခန်းရှိတဲ့ ဟိုဘက်ကို လှည့်ထား ၊ ဘေးတစ်စောင်းအလင်းကို ယူမယ်........"

"သြော"

ရှန့်ရှီးက ကုတင်ခြေရင်းနားတွင် ထိုင်ချလိုက်ပြီး ၊ သန့်စင်ခန်းဘက်ကို ကြည့်၍ ငေးနေလိုက်သည်။

"ဒီအခန်းကို ဘယ်လိုခံစားရလဲ?ထပ်ခိုးခန်းနဲ့ သိပ်မကွာဘူး"

ဖန်းယင်က အခန်းထဲတွင် နှစ်လှမ်းလောက် လျှောက်သွားလိုက်သည်။

"တော်တော်လေး ကောင်းပါတယ်"

ရှန့်ရှီးက ကုတင်ပေါ် လှဲချလိုက်ပြီး

"အ၀တ်ဘီရို ရှိတယ် ၊ မတ်မတ်ရပ်လို့ရတယ် ၊ အားသွင်းချင်ရင် အောက်ထပ်ဆင်းစရာ မလိုဘူး"

"ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး အခန်းငှားဖို့ တွေးမိသွားတာလဲ?"

ဖန်းယင်က ကုတင်အောက်မှ ပလတ်စတစ် ခွေးခြေခုံလေးတစ်လုံးကို ဆွဲထုတ်၍ ထိုင်လိုက်သည်။

"အချိန်ကြာသွားရင် ခင်ဗျား သဘောတူထားတာ ဖျက်သွားမှာ စိုးလို့"

ရှန့်ရှီးက လက်မောင်းပေါ် ခေါင်းအုံးလိုက်သည်။

"ဒီနေ့ ထမင်းလာစားတဲ့ ဟို ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကြောင့် မဟုတ်လား?"

ဖန်းယင်က စဥ်းစားလိုက်ပြီး

"ဟုတ်လား?သူတို့နှစ်ယောက် ရောက်လာတာနဲ့ ၊ မင်း မက်စ်တပ်လိုက်တာ ၊ ခံစားချက်ကလည်း မမှန်တော့ဘူး"

"ခင်ဗျားက တကယ်ကြီး တစ်ချိန်လုံး ကျွန်တော့်ကို စိုက်ကြည့်နေတာပဲ"

ရှန့်ရှီးက ခေါင်းစောင်း၍ ဖန်းယင်အား ကြည့်လိုက်ကာ

"မသိတဲ့လူတွေဆို ခင်ဗျားက ကျွန်တော့်ကို ကြိုက်နေတယ်လို့ ထင်နေကြဦးမယ်"

"အရင်တုန်းက သိတဲ့ လူလား?ကျောက်ကျားယောင်က?"

ဖန်းယင်က ဆက်မေးလိုက်သည်။

ရှန့်ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှပြန်မပြောမိပေ။ဖန်းယင်၏ လေသံထဲတွင် သိသာနေသည့် စိတ်လှုပ်ရှားမှုက ၊ သူ့ကို တော်တော်လေး စိတ်မကျေနပ်စေပေ။

"မင်းကို မှတ်မိသွားသေးလား?ပြဿနာ ရှိလာနိုင်လား?"

ဖန်းယင်က ဆက်မေးလိုက်သည်။

"ဟိုအရူးသတင်းထောက်တွေ ဘာဖြစ်လို့ အထိုးခံကြရတာလဲဆိုတာကို ကျွန်တော် သိသွားပြီ"

ရှန့်ရှီးက ပြောလိုက်ပြီး ၊ ဖန်းယင်ထံ လက်ချောင်းကွေးပြလိုက်ကာ

"ဒီနေ့အတွက် ပိုက်ဆံ ကျွန်တော့်ကိုပေး ၊ ကျွန်တော် ဒီနေ့ အိပ်မှာ ၊ အပြင်မသွားတော့ဘူး"

ဖန်းယင်က ရှန့်ရှီးအား ပိုက်ဆံပေးလိုက်ကာ ၊ ဘာမှ ထပ်မပြောတော့ပဲ ၊ ကင်မရာကိုယူ၍ ထွက်သွားခဲ့သည်။

ရှန့်ရှီးမှာ ကုတင်ပေါ်လှဲ၍ မျက်နှာကြပ်ကို စိုက်ကြည့်ကာ ၊ အခန်းအပြင်က လှုပ်ရှားမှုများကို နားထောင်နေမိသည်။

ဒီအခန်းက အသံ သိပ်မလုံပေ။တစ်ဖက်အခန်းက ဖုန်းပြောနေသည့် အသံကိုပင် သူ မသဲမကွဲ ကြားနေရသည်။အများသုံး မီးဖိုခန်း၏ အသံက ပို၍ပင် လွယ်ကူစွာဖြင့် တံခါးကို ဖြတ်ကာ ၀င်လာနေသည်။

သို့သော်လည်း ဒီအထပ်ရှိ သူ့အခန်းတစ်၀ိုက်တွင် နေကြသူများမှာ အကုန်လုံး ကျောင်းသားတွေမှန်း အသံကြားရုံဖြင့် သိသာလှသည်။တစ်ယောက်တည်း နေသည့်လူ ရှိသလို ၊ အတွဲလိုက် နေနေကြသည့် လူများလည်း ရှိသည်။ကျောင်းသူ ညီမလေးတစ်ယောက်က ချစ်သူကောင်လေးအတွက် ခေါက်ဆွဲပြုတ်ပေးနေသည်။တစ်မိနစ်ကို တစ်ခါနှုန်းဖြင့် ဒီလိုစားရင် ရလား ၊ ဒီဟာ နည်းနည်း ထည့်လိုက်ရမလားဟု အော်မေးနေသည်။တစ်ယောက်နှင့် တစ်ယောက် ချစ်ကြည်နူးနေကြသည်မှာ ၊ အပြင်ထွက်ကာ သူမတို့နှစ်ယောက်အား ကြိုးပေါ်ချိတ်ဆွဲပေးလိုက်ချင်စိတ် ဖြစ်လာစေသည်။

သူ ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်မိသည်။တကယ် စိတ်ရှုပ်စရာပဲ။ဘာလို့ ဒီလောက်တောင် ပြဿနာတွေ များနေရတာလဲ။ချိန်ပေါ်ယန်ဆီမှာ သွားသင်လိုက်။ခေါက်ဆွဲ ၊ ကြက်ဥ ၊ အသား ၊ ဘာပဲရှိရှိ အကုန်ထည့်။အိုးထဲ ပစ်ထည့်လိုက်ရင် ကိစ္စပြတ်ပြီ။

ဘာမှ စားချင်စိတ် မရှိပေ။အပြင်ဘက်တွင် ထမင်းချက်နေသည့် အသံကိုနားထောင်ရတာလည်း ဗိုက်ဆာလာသလို မခံစားရပေ။ကုတင်ပေါ်တွင် လှဲနေပြီး သိပ်မကြာသေးမီမှာပင် အိပ်ပျော်သွားခဲ့သည်။

ပြန်နိုးလာသည့် အချိန်၌ တစ်နာရီ ထိုးနေပြီပင်။သူ အချိန်ကို တွက်ဆကြည့်လိုက်ပြီး ၊ ထထိုင်၍ မျက်နှာသစ်လိုက်ကာ ၊ ဆေးရုံသွားရန် ပြင်လိုက်သည်။

မသွားခင်၌ သူ ကိုယ့်အိတ်ကိုယ် ကြည့်လိုက်မိသည်။အတော်ကြာအောင် တုံ့ဆိုင်းနေမိပြီး ၊ အ၀တ်ဘီရိုကို ဆွဲဖွင့်၍ အင်္ကျီများကို တစ်ထည်ချင်းစီ ချိတ်ဆွဲလိုက်သည်။အမှန်မှာတော့ ချိတ်ထားတာက ပြဿနာ များသည်ပင်။မတော်လို့ ကိစ္စတစ်ခုခု ဖြစ်လာလျှင် ၊ ထွက်ပြေးသည့် အချိန်၌ သိမ်းဆည်းဖို့ အချိန် ဘယ်လိုမှ မရှိချေ။

သို့သော်လည်း သူ ဒီလိုချိတ်ထားလိုက်သည်။

ကိုယ့်ပစ္စည်းများကို နေထိုင်သည့် နေရာတွင် ထားရသည့် ခံစားချက်က အရမ်းကို ဆန်းကျယ်လှသည်။သူ သူ့ကိုယ်ပိုင် အ၀တ်ဘီရိုကို တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးပေ။ချိန်ပေါ်ယန် အိမ်တွင်တော့ ၊ သူ အပေါ်၀တ်အင်္ကျီများကိုသာ ချိန်ပေါ်ယန်နှင့် အတူတူ ဧည့်ခန်းထဲရှိ ဘီရိုထဲ ချိတ်တတ်သည်။

အင်္ကျီက နှစ်ထည်ပင် မရှိတာကြောင့် ၊ ရိုးရှင်းလှသည့် အ၀တ်ဘီရိုထဲတွင် တစ်၀တ်ပြည့်အောင်တောင် မချိတ်လိုက်ရပေ။အပေါ်ဘက်ရှိ ပစ္စည်းသေးသေးလေးများ ထားရာ နေရာက ဗလာဖြစ်နေသည်။ရှန့်ရှီးမှာ သူ့ခြေအိတ် တစ်စုံနှင့် အတွင်းခံဘောင်းဘီတစ်ထည်အား တင်လိုက်သည်။ကြည့်လိုက်လျှင် နည်းနည်း ရယ်စရာ ကောင်းနေသည်။သို့သော်လည်း ဒီဟာတွေသာ ရှိသည်။ခန္ဓာကိုယ်ပေါ်တွင် ၀တ်ထားသည့် ခြေအိတ်နှင့် အတွင်းခံဘောင်းဘီကို ထားလိုက်မည် ဆိုလျှင်တောင် လေးခုက အလုံးလိုက် ဖြစ်နေရုံသာ ရှိမည်။

သံဘူးလေးကိုတော့ သူ အထဲ မထည့်ထားတော့ပေ။အိတ်ထဲတွင်သာ ထည့်ထားလိုက်သည်။ဒီပစ္စည်းလေးက်ိုတော့ သူ ကိုယ်နှင့်မကွာ သယ်သွားရမည်ပင်။

လွယ်အိတ်ကို လွယ်၍ ၊ စင်္ကြံလမ်းမှ ထွက်လာသည့် အချိန်၌ ၊ သူ ခေါင်းလှည့်၍ ဒီတိုက်ကို ထပ်ကြည့်လိုက်သည်။အနီးအနားရှိ အဆောက်အဦးအားလုံးမှာ ပုံစံ သိပ်မကွာကြပေ။လမ်းတွေကလည်း တစ်လမ်းနှင့်တစ်လမ်း ဆက်နေသေးသည်။ခဏနေ ပြန်လာလျှင် သူ နေရာကို ရှာမတွေ့မှာ စိုးလို့ပင်။

ကြည့်ပြီး၍ မျက်နှာပြန်လှည့်လိုက်ချိန်တွင် ၊ လမ်းဘေးနားတွင် ဆောင့်ကြောင့်ထိုင်၍ သူ့အား လှမ်းရယ်ပြနေသည့် ဖန်းယင်ကို တွေ့လိုက်ရသည်။လက်ထဲတွင် ကင်မရာကို ကိုင်ထားပြီး ချလိုက်ကာ :

"လူလိမ်လေး ၊ မင်း ထွက်လာဦးမယ်မှန်း သိသားပဲ"

"ကျွန်တော် ဆေးရုံမှာ ခြေထောက်ကို သွားစစ်ဆေးမလို့"

ရှန့်ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး

"ခင်ဗျား ဒီနေရာမှာ တစ်ချိန်လုံး ထိုင်နေတာတော့ မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး"

ဖန်းယင်က မတ်တပ်ထရပ်လိုက်ပြီး

"ငါ နေ့လည်တုန်းက ဒီနားမှာ လျှောက်ပတ်ကြည့်နေတာ ၊ ဓာတ်ပုံနည်းနည်း ရိုက်ခဲ့သေးတယ် ၊ ဒီနေရာကလည်း ဇာတ်လမ်းတွေ စုပြုံနေတဲ့ နေရာတစ်ခုပဲ"

"အကုန်လုံးက ခင်ဗျား သဘောကျတဲ့ အဲ့လိုအမျိုးအစားတွေပဲ"

ရှန့်ရှီးက မျက်စိစွေ၍ ဖန်းယင်အား တစ်ချက်ကြည့်လိုက်ပြီး

"တစ်ခြားလူရဲ့ ဒဏ်ရာကို တူးဆွပြီး တစ်ခြားသူတွေကို ကြည့်ခိုင်းတဲ့ အဲ့လို အမျိုးအစားမျိုး"

ဖန်းယင်က သူနှင့်အတူ ဆေးရုံကို လိုက်မလာပေ။သူ ကားပေါ်တက်လိုက်ပြီး နောက်တွင် ၊ ဖန်းယင်က ထွက်သွားခဲ့သည်။ရှန့်ရှီးမှာ ယိမ်းထိုးနေသည့် ကားပေါ်တွင် ရပ်၍ ဘေးနားရှိ လူများကိုကြည့်ကာ အတွေးလွန်နေမိသည်။

ဘယ်သူပဲဖြစ်ဖြစ် ဒဏ်ရာတွေ ရှိကြမှာပင်။တစ်မျိုးစီဖြစ်သည်။ပညာလေ့လာတဲ့နေရာမှာ ၊ အလုပ်လုပ်တဲ့ နေရာမှာ ၊ အသက်ရှင်နေထိုင်တဲ့ အရာမှာ ၊ ခံစားချက်မှာ ၊ တစ်ချို့က နည်းနည်းကြီးပြီး ၊ တစ်ချို့က နည်းနည်း သေးသည်။တစ်ချို့ကကျတော့ ကိုယ့်ဘာသာကိုယ်တောင် မခံစားမိပေ။

ကိုယ့်ဒဏ်ရာကို ဖိအုပ်ပြီး တစ်ခြားသူရဲ့ ဒဏ်ရာကို သွားကြည့်ကာ ၊ ငိုရှိုက်သနားကြပြီး ၊ ပြီးနောက်တွင်တော့ ကိုယ့်ဘာသာ ရှေ့ဆက်သွားကြသည်။

ဒီဟာက ဘယ်လိုခံစားချက်မျိုးလည်း ဆိုသည်ကို ရှန့်ရှီး မခံစားနိုင်ပေ။ကိုယ့်ဒဏ်ရာကိုယ် ဖိအုပ်၍ မနိုင်တာကြောင့် ၊ တစ်ခြားလူတွေကို ဂရုမစိုက်နိုင်ချေ။

ရှန့်ရှီး ရုံးခန်းထဲ ၀င်လာသည့် အချိန်တွင် ၊ လူနာတစ်ယောက်က ချိန်ပေါ်ယန်အရှေ့တွင် ထိုင်လိုက်ကာစ ဖြစ်သည်။

"ခဏလောက် စောင့်ပေးပါဦးနော်"

ချိန်ပေါ်ယန်က ထိုလူအား တစ်ခွန်းပြောလိုက်ပြီး ၊ ရှန့်ရှီး၏ လူနာမှတ်တမ်းကို ယူကာ ၊ အမြန် ရေးလိုက်သည်။စာရင်းတစ်ခု ထပ်ယူ၍ ရေးလိုက်ကာ ရှန့်ရှီးအား ပေးလိုက်ပြီး

"ဓာတ်မှန်တစ်ချက် သွားရိုက်လိုက်"

"အင်း"

ရှန့်ရှီးက စာရင်းကိုယူ၍ ရုံးခန်းထဲမှ လှည့်ထွက်လာခဲ့လိုက်သည်။

ချိန်ပေါ်ယန်က လိုက်ထွက်လာပြီး ရှန့်ရှီးအား ဆွဲလိုက်ကာ :

"ပိုက်ဆံရှိလား?"

"ဒီစကား မေးတာကလည်း"

ရှန့်ရှီးက ရယ်လိုက်ပြီး ၊ အိတ်ကပ်ကို တစ်ချက်ပုတ်ပြလိုက်ကာ

"ကျွန်တော်လည်း လစာရတဲ့လူ ဖြစ်နေပါပြီ ၊ ထုတ်ထားကာစပဲ ရှိသေးတာ"

"ဒါဆို သွားတော့"

ချိန်ပေါ်ယန်က ရယ်လိုက်သည်။

ရှန့်ရှီးက ဓာတ်မှန်ရိုက်ပြီး၍ ယူရန် စောင့်နေသည့် အချိန်၌ ၊ ရုံးခန်းတံခါး၀တွင် ထိုင်နေလိုက်သည်။ချိန်ပေါ်ယန်ကို မြင်နိုင်သည့် နေရာကို ရွေး၍ သူထိုင်နေတာကြောင့် ၊ ချိန်ပေါ်ယန် ခေါင်းမော့ကြည့်သည့် အချိန်တိုင်း သူ့ကို မြင်နိုင်ပြီး ၊ သူက ချိန်ပေါ်ယန်အား သွားစိ၍ ရယ်ပြတတ်သည်။

ချိန်ပေါ်ယန်က တော်တော်လေး အလုပ်များသည်ပင်။ရှန့်ရှီး စောင့်နေသည့် မိနစ်လေးဆယ် အတွင်းတွင် ၊ ချ်ိန်ပေါ်ယန်က မရပ်မနား စကားတွေ ပြောနေမှာ ရပ်ပင် မရပ်ချေ။ချိန်ပေါ်ယန်က တစ်လျှောက်လုံး လူနာတွေနှင့် ပြုံးရယ်ကာ စကားပြောနိုင်နေသည်ကို ရှန့်ရှီး တော်တော်လေး လေးစားသွားမိသည်။

နောက်ဆုံးတော့ ဓာတ်မှန် ရလာပြီပင်။ရှန့်ရှီးက ယူ၍ ကိုယ့်ဘာသာ အတော်ကြာအောင် ကြည့်လိုက်မိသည်။အရိုးပေါ်ရှိ နည်းနည်းဖြူနေသည့် သံကို မြင်ရသည်မှ လွဲ၍ ၊ တစ်ခြားအရာများကို ဘာမှ မသိပေ။

ရုံးခန်းထဲရှိ လူနာ ကြည့်ပြီးသွား၍ ထွက်လာသည့် အချိန်ကျမှသာ ၊ သူ ဓာတ်မှန်ကို ကိုင်၍ ၀င်သွားလိုက်ပြီး :

"ကျွန်တော့်အထင်တော့ ကျွန်တော့်အရိုးက တကယ်လှတာပဲ"

"မင်း ဆေးရုံမတက်ခင်တုန်းက အရိုးကမှ လှတာ ၊ ဓာတ်မှန်က ငါ့အိမ်မှာ ရှိနေသေးတယ် ၊ အချိန်ရရင် မင်း တစ်ခေါက်လောက် ခံစားကြည့်ပေါ့ ၊ ပန်းပွင့်နေတာ ကျနေတာပဲ ၊ လှနေတာကလေ"

ချိိန်ပေါ်ယန်က ဓာတ်မှန်ကို လှမ်းယူ၍ light box ပေါ် တစ်ချက် ထိုးသွင်းလိုက်ကာ ၊ ကြည့်နေရင်း ပြောလိုက်သည်။

"အရိုးဆက်နှုန်းက ကောင်းတယ် ၊ အရိုးကျိုးလိုင်းက မှုန်၀ါး........."

"နားမလည်ဘူး"

ရှန့်ရှီးက ပြောလိုက်သည်။

"ပြောချင်တာက မဆိုးဘူးလို့ ၊ ထိုင်"

ချိန်ပေါ်ယန်က ကုလားထိုင်ကို ညွှန်ပြလိုက်သည်။ရှန့်ရှီး ထိုင်ပြီးသည့်နောက်တွင် သူ ရှန့်ရှီး၏ ခြေထောက်ပေါ် အချက်အနည်းငယ်လောက် ဖိနှိပ်လိုက်ပြီး

"နာလား?"

"မနာဘူး ၊ ရယ်ပဲရယ်ချင်တယ်"

ရှန့်ရှီးက ရယ်ရင်း ခြေထောက်ကို ပြန်ရုတ်လိုက်သည်။

"ဒီရက်ပိုင်းအတွင်း စတီးရိုးထုတ်ဖို့ ရက်နည်းနည်းလောက် သူဌေးဆီ ခွင့်တောင်းထားလိုက်"

ချိန်ပေါ်ယန်က ရှန့်ရှီး၏ လူနာမှတ်တမ်းပေါ်တွင် ရေးနေရင်း ပြောလိုက်သည်။

"ဘယ်နှစ်ရက်လဲ?"

ရှန့်ရှီးမှာ ကြောင်အသွားမိသည်။

"စတီးရိုးထုတ်တာကလည်း ခွဲစိတ်မှုပဲ ၊ ပြန်သက်သာလာဖို့ တစ်ပတ်လောက်တော့ အချိန်လိုတယ်"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"ကျွန်တော်က တစ်လမှ ခွင့်တစ်ရက်ပဲ ရတာ ၊ ခွင့်ယူဖို့က တော်တော်ခက်တယ်"

ရှန့်ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး

"မထုတ်လို့ မရဘူးလား?"

"Iron manလား?"

ချိန်ပေါ်ယန်က ရှန့်ရှီးကို တစ်ချက်ကြည့်လိုက်ပြီး

"နည်းနည်း နောက်ကျမှ ထုတ်လည်း ရတယ် ၊ မထုတ်လို့တော့ မရဘူး ၊ မင်း သူဌေးနဲ့ အချိန်တစ်ချက် ညှိကြည့်လိုက် ၊ သူက တော်တော်လေး သဘောကောင်းတယ် မဟုတ်လား ၊ ပြဿနာ ကြီးကြီးမားမား မရှိလောက်ပါဘူး?"

"ဒါဆို ကျွန်တော် သူနဲ့ ပြောကြည့်လိုက်ဦးမယ်"

ရှန့်ရှီးက ခေါင်းညိတ်ပြလိုက်သည်။

"ပြီးတော့ ၊ မင်းရဲ့ ဟိုအဆုတ်ရောင်တာက ၊ ဘာပြဿနာမှ မရှိတော့လဲ ဂရုစိုက်ဖို့ လိုသေးတယ်"

ချိန်ပေါ်ယန်က လူနာမှတ်တမ်းအား ရှန့်ရှီးထံ ပေးလိုက်ပြီး

"တစ်လအတွင်း နောက်တစ်ခေါက် ပြန်အအေးမိလာရင် အဆုတ်ရောင်နေသေးတာ သေချာနေပြီပဲ"

"စိတ်ချပါ"

ရှန့်ရှီးက ရယ်လိုက်ပြိီး

"အရိုးအထူးကု ကြည့်ပေးတဲ့လူက ကိုယ်တွင်းပိုင်းတွေလည်း ကြည့်ပေးနိုင်တာလား?"

"ပါးစပ်ထဲ ရှိရာ တစ်ခွန်းလောက် ပြောလိုက်ရုံပါ ၊ အခုက မနက်ဆို ပူပြီး ညဆို အေးနေတာ ၊ အအေးမိဖို့ လွယ်တယ်"

ချိန်ပေါ်ယန်က ပြောလိုက်သည်။

"သိပါပြီ"

ရှန့်ရှီးက ကိုယ့်ပစ္စည်းများကို
ယ်ယူ၍ မတ်တပ်ထရပ်လိုက်ကာ

"ဒါဆို ကျွန်တော် သွားတော့မယ်"

"အင်း ၊ သူဌေးနဲ့ ညှိပြီးသွားရင် ငါ့ကို ပြော"

ချိန်ပေါ်ယန်က အံဆွဲကို ဆွဲဖွင့်၍ တာ့ပိုင်ထုအချို့ကို ထုတ်ယူလိုက်ကာ ရှန့်ရှီး၏ အိတ်ကပ်ထဲ ထည့်ပေးလိုက်သည်။

"ခုနက လူနာတစ်ယောက် ငါ့ကို ပေးသွားတာ ၊ မင်း စားလိုက်ပေါ့"

ရှန့်ရှီးမှာ ချိုချဥ်စားရင်း ဆေးရုံမှ ထွက်လာခဲ့လိုက်သည်။တော်တော်လေး ချိုလှသည်။သူ အရမ်းကြိုက်သည်။

လမ်းဘေးတွင် ရပ်နေလိုက်ပြီး ၊ သူ ကားပေါ် ချက်ချင်း မတက်မိပေ။လေးဖက်လေးတန်ကို ကြည့်လိုက်မိသည်။တာ့ကျန့်က သူ့ကို မမှိတ်မိသွားဘူးဟု ထင်မိသော်လည်း ၊ သူ သတိထားရမည်ပင်။

ဖျင်းရှူးဆိုသည့်လူက အရမ်းကို လျှို့၀ှက်လှသည်။အကယ်၍များ သူဘယ်မှာရှိနေလဲ တကယ်ကြီး သိသွားလျှင်တောင် ၊ ချက်ချင်းကြီး လှုပ်ရှားမှာ မဟုတ်ချေ။ရက်နည်းနည်းကြာအောင် အချိန်ယူ၍ သူသိလာအောင် သေချာပေါက် လုပ်မှာပင်။

ရှန့်ရှီးမှာ ရုတ်တရက်ပင် အရမ်းပင်ပန်းလာသလိုမျိုး ခံစားလာရသည်။လအတော်ကြာအောင် သူ ကြိုးစားပမ်းစား ရုန်းကန်နေခဲ့သည်။သို့သော်လည်း တာ့ကျန့်ကို မြင်လိုက်ရသည့် အချိန်တစ်စက္ကန့်အတွင်းမှာပင် ၊ မစင်တွင်းထဲက ပိုးကောင်လိုမျိုး ကိုယ့်ကိုကိုယ် ခံစားလိုက်ရသည်။အတော်ကြာအောင် လူးလိမ့်နေသည်။လူးလိမ့်နေသည်မှာ အတော်လေး ဝေးနေပြီမှန်း သိသာနေသော်လည်း ၊ တစ်ခြားပိုးကောင်များထက် ဝေးနေသော်လည်း ၊ မျက်စိဖွင့်ကြည့်လိုက်သည့် အချိန်၌ မစင်ကို မြင်နေရဆဲပင်။

သို့သော်လည်း ဤသည်မှာ သူ လက်မလျှော့ခဲ့သည့် ပထမဆုံးသော လှုပ်ရှားမှုပင်။သူ လျှာဖြင့် တာ့ပိုင်ထုကို လိပ်၍ လျက်လိုက်သည်။ထပ်ပြီး ခဏလောက် လူးလိမ့်လိုက်လျှင် အောင်မြင်သွားတာလည်း ဖြစ်နိုင်သည်ပင်။

*** *** *** ***

တာ့ပိုင်ထု

*** *** *** *** ***

格格不入(GeGeBuRu)

စာေရးသူ : ဝူးက်ယ္

ဘာသာျပန္သူ : ယင္း

အပိုင္း ၂၈

လေတာ္ေတာ္ပင္ ၾကာသြားၿပီျဖစ္သည္။အတိတ္က ဘ၀ကို သူ ရွင္းလင္းေနေအာင္ စြန္႔ပစ္ခဲ့ၿပီးၿပီဟု ရွန္႔ရွီး တစ္ေလ်ွာက္လံုး ထင္ေနခဲ့မိသည္။သူ အေရ႔ွကို စတင္ၿပီး ေလ်ွာက္လွမ္းေနၿပီပင္။ေလ်ွာက္လွမ္းေနတာ သိပ္ၿပီး မေျဖာင့္ျဖဴးရံုသာ။

သို႔ေသာ္လည္း အခုအခ်ိန္မွာေတာ့ သူ အေလးအနက္ျဖင့္ အလုပ္လုပ္ၿပီး ႀကိဳးႀကိဳးစားစား ေလ်ွာက္လွမ္းေနသည့္ ဆိုင္တြင္ ၊ တာ့က်န္႔က ေကာင္မေလးတစ္ေယာက္ကို ေခၚ၍ ေရာက္လာသည္ႏွင့္ ဆံုမိရာ ၊ သူ ရုတ္တရက္ဆိုသလို ေမ်ွာ္လင့္ခ်က္ မဲ့သြားမိသည္။

ဒီေလာက္ေတာင္ ၾကာေနေလၿပီ။သူ႔ေျခေထာက္ေအာက္တြင္ ဒီအရာမ်ား၏ ရစ္ေနွာင္မႈကို ခံေနရဆဲပင္။သတိမထားမိလိုက္သည္ႏွင့္ လဲက်သြားမွာျဖစ္သည္။

တာ့က်န္႔က ဖ်င္ရႉး၏ အမာခံဖန္ပင္။အကယ္၍ သူ႔ကိုသာ မွတ္မိသြားပါက........

ရွန္႔ရွီးမွာ ေခြၽးပင္ ပ်ံလာခဲ့သည္။အစကတည္းက ခႏၶာကိုယ္မွာ ေခြၽးေတြထြက္ေနၿပီး ၊ အခုအခ်ိန္မွာေတာ့ မီးကင္ခံလိုက္ရသလိုပင္။ခႏၶာကိုယ္ တစ္ခုလံုးရိွ ေခြၽးေပါက္မ်ားမွာ သူ႔ထက္ငါအရင္ အလုအယက္ ေခြၽးေတြ ထြက္ေနၾကသည္။

တစ္ခုတည္းေသာ ကံေကာင္းမႈမွာ သူေဌး၏ ေအာ္ေျပာသံက သိပ္မက်ယ္ျခင္းပင္။မီးဖိုက ထြက္ေနသည့္အသံႏွင့္ သူေဌးမိန္းမက လက္ထဲတြင္ အေၾကာ္ဇြန္းျဖင့္ တန္းတန္းႏွင့္ျမည္ေအာင္ ေမႊေၾကာ္ေနသည့္ အသံေအာက္တြင္ ၊ တံခါးအျပင္ဘက္တြင္ ထိုင္ေနသည့္ တာ့က်န္႔က ေသေသခ်ာခ်ာ မၾကားသြားသည့္ ပံုပင္။

မဟုတ္ေပ။ခ်္ိန္ေပၚယန္က သူ႔ဆံပင္ကို ကတံုးတံုးေပးထားတာကို ေက်းဇူးတင္ရမည္ပင္။အရင္တုန္းက ေမာ့ရွီးကန္းႏွင့္ ဆိုလ်ွင္ ၊ တာ့က်န္႔က လမ္းမတစ္ခုျခားေနလ်ွင္ေတာင္ သူ႔ကို မွတ္မိသြားႏိုင္သည္ပင္။

"အင္း"

သူ အသံတစ္ခ်က္ ျပန္ေပးလိုက္ၿပီး ၊ လက္ကိုဆန္႔တန္း၍ သူေဌး စားပြဲေပၚ တင္ထားသည့္ မတ္စ္ကို ယူတပ္လိုက္ကာ ၊ အ၀တ္စုတ္ကိုယူ၍ ျဖည္းျဖည္းခ်င္း ထြက္လာခဲ့လိုက္သည္။

ဖ်င္ရႉးက သူ႔ကို ေသခ်ာေပါက္ ရွာေနမွာပင္။ဟို ဆြဲသီးတစ္ခုအတြက္ပဲ ဆိုလ်ွင္ေတာင္ ၊ ဖ်င္ရႉးက ၊ မင္းကေလဆို ငါကသဲ ဆိုၿပီး သူ႔ေနာက္ကေန ကမ႓ာအဆံုးထိ လိုက္ေနမွာျဖစ္သည္။အကယ္၍ တာ့က်န္႔သာ သူ႔ကို မွတ္မိသြားခဲ့လ်ွင္.......

သို႔ေသာ္လည္း ဒီအလုပ္ကို သူ မဆံုးရႈံးခ်င္ေပ။ေနာက္ဆံုး လံုး၀မတတ္ႏိုင္ေတာ့သည့္ အခ်ိန္ မေရာက္မခ်င္း ၊ သူ ထြက္ေျပးမွာ မဟုတ္ေခ်။

ထူလန္႔၏ မ်က္ႏွာအေရာင္က ျဖဴေဖ်ာ့ေနသည္။မ်က္ႏွာ အမူအရာကို ၾကည့္ရသေလာက္ေတာ့ ေတာ္ေတာ္ေလး မေက်မနပ္ ျဖစ္ေနသည့္ပံုပင္။စိတ္မရွည္သည့္ မ်က္ႏွာျဖင့္ တာ့က်န္႔အား ေျပာေနသည္။တာ့က်န္႔ကေတာ့ ေဘးနားကေန ရယ္ေနသည္။

ရွန္႔ရွီးမွာ ျမင္ရတာမ်ားေနၿပီျဖစ္၍ တစ္ခ်က္ၾကည့္လိုက္ရံုျဖင့္ ခန္႔မွန္းမိသည္ပင္။တာ့က်န္႔က ထူလန္႔ကို ေခၚ၍ ကိုယ္၀န္လာဖ်က္ခ်ျခင္းပင္။တာ့က်န္႔မွာ ပိုက္ဆံမရိွတာေၾကာင့္ ၊ ကေလးကို ျပဳစုေစာင့္ေရွာက္ႏိုင္ျခင္း မရိွေပ။ကိုယ္၀န္ဖ်က္ခ်သည့္ ပိုက္ဆံက္ို ဖ်င္ရႉးက ထုတ္ေပးလိုက္တာလည္း ျဖစ္ႏိုင္သည္ပင္။

သူ ေခါင္းငံု႔လ်က္ျဖင့္ အနားကိုေလ်ွာက္သြားလိုက္ၿပီး ၊ ရွားေကာႏွင့္ ပန္းကန္မ်ားကို သိမ္းဆည္းလိုက္သည္။ၿပီးေနာက္တြင္ေတာ့ စားပြဲေပၚရိွ ထမင္းဟင္းညစ္ေပေနသည္မ်ားကို အ၀တ္စုတ္ျဖင့္သံုး၍ ပန္းကန္ထဲ ထည့္လိုက္သည္။ပံုမွန္အခ်ိန္မ်ားတြင္ဆို ပန္းကန္သိမ္းျခင္းႏွင့္ စားပြဲသုတ္ျခင္းကို သူ ႏွစ္ေခါက္ခြဲကာ လုပ္တတ္သည္။သို႔ေသာ္လည္း အခုအခ်ိန္မွာေတာ့ တာ့က်န္႔၏ အေရ႔ွတြင္ သြားလာရသည့္ အႀကိမ္အေရအတြက္ကို သူ ေလ်ွာ့ခ်ရမည္ပင္။

ရွန္႔ရွီးက ပန္းကန္မ်ားကို သိမ္းဆည္း၍ ထြက္သြားရန္ ျပင္လိုက္သည့္ အခ်ိန္တြင္ ၊ တာ့က်န္႔က ထူလန္႔အေရ႔ွရိွ စားပြဲကို ၫႊန္ျပလာၿပီး :

"ဒီနားကို သုတ္ေပးၪီး ၊ ဆီေတြခ်ည္းပဲ"

ရွန္႔ရွီးက ေခါင္းငံု႔ကာ ေလ်ွာက္သြားလိုက္ၿပီး ထူလန္႔အေရ႔ွရိွ အစကတည္းက ေတာ္ေတာ္ေလး သန္႔ရွင္းေနသည့္ စားပြဲကို ေသခ်ာ သုတ္ေပးလိုက္သည္။ပံုမွန္အခ်ိန္ဆိုလ်ွင္ သူ စိတ္မရွည္စြာျဖင့္ ခင္ဗ်ားက စားပြဲကိုဖက္ၿပီး လ်ွာနဲ႔လ်က္မွာလည္း မဟုတ္ပဲနဲ႔ဟု ေျပာလိုက္မိႏိုင္သည္ပင္။သို႔ေသာ္လည္း ဒီလူမ်ားကိုေတာ့ ရွန္႔ရွီး အရမ္း နားလည္သည္။အရင္တုန္းက သူ႔အတိုင္းပင္။အေပၚစီးက ဆက္ဆံဖို႔ အခြင့္အေရး ရွာေနျခင္းျဖစ္သည္။အကယ္၍ သူသာ နည္းနည္း မႏိွမ့္ခ်လိုက္မိပါက ၊ တာ့က်န္႔က ဆဲဆိုလာမွာပင္။ဒီလိုအျဖစ္အပ်က္မ်ိဳးကို အခုအခ်္ိန္တြင္ အျဖစ္ခံလို႔္ မရေခ်။

စားပြဲကို သုတ္ေပးၿပီး၍ ျပန္လွည့္ထြက္လာသည့္ အခ်ိန္၌ ၊ တာ့က်န္႔က သူ႔ကို တစ္ခ်က္ေမာ့ၾကည့္လာသည္။ရွန္႔ရွီး၏ စိတ္ထဲတြင္ ထိတ္လန္႔သြားမိသည္။ဆိုင္ထဲ ျပန္၀င္လာသည့္ အခ်ိန္၌ သူ ေျခေထာက္ကို 八စလံုးပံုစံကား၍ ယိမ္းယိမ္းယိုင္ယိုင္ျဖင့္ ၀င္လာခဲ့လိုက္သည္။လမ္းေလ်ွာက္သည့္ အေနအထားကေန တာ့က်န္႔က သူ႔ကိုမွတ္မိသြားမွာ စိုးလို႔ပင္။

သူ႔မ်က္ႏွာေပၚရိွ မက္စ္က တာ့က်န္႔ကို ဆြဲေဆာင္လိုက္မွန္း ရွန္႔ရွီး သိသည္ပင္။သို႔ေသာ္လည္း မက္စ္ႏွင့္ မ်က္ႏွာအၾကားတြင္ သူ႔ထံ၌ ေရြးခ်ယ္စရာ ရိွမေနေခ်။

သူ တာ့က်န္႔စားပြဲဘက္ကို သိပ္မၾကည့္ရဲေပ။သို႔ေသာ္လည္း တာ့က်န္႔၏ အၾကည့္မ်ားက မၾကာမၾကာဆိုသလို သူ႔ခႏၶာကိုယ္ေပၚ လွမ္းၾကည့္ေနမွန္း ခံစားလို႔ရေနသည္။တစ္ခုခုကို သတိထားမိသြားလို႔လား ၊ ဒါမွမဟုတ္ ဒီအတိုင္း ၾကည့္မိတာလား ဆိုသည္ကို သူ စဥ္းစားေနဖို႔ အခ်ိန္မရိွေခ်။

သူေဌးမိန္းမ ရွားေကာထမင္းလုပ္ေနသည့္ လႈပ္ရွားမႈကိုသာ သူ တစ္ေလ်ွာက္လံုး အာရံုစိုက္ေနမိသည္။တာ့က်န္႔တို႔အတြက္ ႏွစ္ပြဲ လုပ္ၿပီးသြားသည့္ အခ်ိန္၌ ၊ သူ မီးဖိုအေနာက္ခန္းထဲ ၀င္၍ ၊ ေဆးၿပီးသား ဟင္းမ်ားက္ို ယူေပးလိုက္သည္။သို႔ျဖစ္ရာ သူေဌးက တာ့က်န္႔တို႔အတြက္ ထမင္းကို ယူ၍ သြားခ်ေပးသည္။

တာ့က်န္႔ ထမင္းစားတာ ေတာ္ေတာ္ေလး ျမန္လွသည္။ဘယ္ေလာက္မွ မၾကာေသးမီမွာပင္ စားလို႔ ၿပီးသြားၿပီျဖစ္သည္။သို႔ေသာ္လည္း ထူလန္႔က ေတာ္ေတာ္ေလး အားနည္းေနၿပီး ၊ စားတာ ေတာ္ေတာ္ ေနွးေနသည္။အစားအေသာက္ မွာသည့္အခ်ိန္က ငရုတ္သီး ထည့္ခိုင္းၿပီး ၊ စားသည့္အခ်ိန္မွာေတာ့ ေသးေသးေလးေတြ လွီးထားသည့္ ငရုတ္သီးမ်ားအား ေရြးထုတ္ကာ စားပြဲေပၚ ပစ္ေနသည္။

ရွန္႔ရွီးမွာ အနားကိုေလ်ွာက္သြား၍ သူမ၏ မ်က္ႏွာအား ရွားေကာထမင္းထဲ ႏွစ္ပစ္ခ်င္စိတ္ အရမ္းေပါက္လာသည္။

ထိုအခ်ိန္မွာပင္ သူေဌးက ဘီရိုေဘးနားမွ ထမင္းဘူးအခ်ိဳ႕ ထုတ္ယူလိုက္သည္။ရွန္႔ရိွးမွာ ထိုအရာကို ျမင္သည္ႏွင့္ အျမန္ ေလ်ွာက္သြားလိုက္သည္။ဒီအခ်ိန္ကို ေစာင့္ေနတာ ေရာက္လာၿပီပင္။

"ဒီဘူးေတြက ေဘးနားက ကုမၸဏီကမွာတဲ့ဟာ"

သူေဌးက ထုတ္ပိုးေနရင္း သူ႔ကို ေျပာလာသည္။

"ဒီဘူးေတြကက်ေတာ့ ေဆးရံုက ၊ အတြင္းလူနာေဆာင္ ႏွစ္ထပ္ သံုးထပ္ အကုန္ပါတယ္ ၊ စာရြက္ေပၚမွာ ငါ ေရးေပးထားတယ္"

"ဟုတ္ကဲ့"

ရွန္႔ရွီးက ေခါင္းညိတ္ျပလိုက္ၿပီး ၊ အိတ္ယူ၍ ဘူးမ်ားကို ထည့္လိုက္ကာ ၊ ေခါင္းငံု႔လ်က္ျဖင့္ အိတ္ကိုဆြဲကာ ထြက္လာခဲ့လိုက္သည္။八စာလံုး ေျခာက္ေထာက္ပံုစံက္ို သံုး၍ ယိမ္းယိုင္ကာ ထြက္လာခဲ့ျခင္းျဖစ္သည္။

သူ ေဘးနားကေန ျဖတ္သြားသည့္ အခ်ိန္၌ တာ့က်န္႔က ေခါင္းေမာ့ကာ တစ္ခ်က္ထပ္ၾကည့္လာျပန္သည္။ရွန္႔ရွီးက သူရိွရာဘက္ကို မၾကည့္ပဲ ၊ တံခါး၀နားက သစ္ပင္ေအာက္ဆီ ယိမ္းယိုင္၍ ေလ်ွာက္လာခဲ့လိုက္ကာ ၊ အိတ္အား ဆိုင္ကယ္ပ်ဥ္ျပားေပၚ တင္၍ ေမာင္းထြက္လာခဲ့လိုက္သည္။

----------

ခ်ိန္ေပၚယန္မွာ ဒီေန့ ျပင္ပလူနာဌာနတြင္ ရိွေနသည္။မနက္ပိုင္းတြင္ အရမ္းအေျခအေနဆိုးသည့္ ျပင္ပဒဏ္ရာ ရသည့္လူနာ မရိွေခ်။သို႔ေသာ္လည္း ေန့လည္ေရာက္ခါနီး အခ်ိန္တြင္ ၊ အရမ္းစကားမ်ားၿပီး စိုးရိမ္ႀကီးသည့္ သက္လတ္ပိုင္း အမ်ိဳးသားတစ္ေယာက္ ေရာက္လာခဲ့သည္။

အရင္ႏွစ္က ခါးလိမ္ၿပီး ဒဏ္ရာရသြားခဲ့ကာ ၊ ဒီႏွစ္ေရာက္သည္အထိ သူ႔ခါးရိုးက ေကြးေနသလို ခံစားေနရသည္။ဓာတ္မွန္ရိုက္ၾကည့္ေသာ္လည္း ဘာျပႆနာမွ မရိွေပ။သူကေတာ့ စိတ္မခ်ေသးေခ်။

"ျပႆနာ မရိွဘူး?"

ထိုအမ်ိဳးသားက ခ်ိန္ေပၚယန္ကို ၾကည့္လိုက္ၿပီး

"ေဒါက္တာ ေသခ်ာရဲ့လား?ထပ္ၾကည့္ေပးပါၪီး"

"တကယ္ ဘာျပႆနာမွ မရိွဘူး"

ခ်ိန္ေပၚယန္မွာ ဓာတ္မွန္အား ေဘးနားရိွ light box ေပၚ ထပ္တင္၍ ၾကည့္လိုက္ကာ

"ခင္ဗ်ားက ခါးနာေနရံုပဲ ၊ ဒီဟာက အရိုးနဲ႔ ဘာမွမဆိုင္ဘူး"

"မျဖစ္ႏိုင္ဘူးထင္တယ္......"

ထိုအမ်ိဳးသား၏ မ်က္ႏွာက သံသယမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

ရံုးခန္းအျပင္ဘက္တြင္ လူတစ္ေယာက္က တစ္ခ်က္ ျဖတ္ခနဲ ျဖတ္သြားခဲ့သည္။

"ခင္ဗ်ားက တကယ္ ေတာ္ေတာ္ေလး ထူးဆန္းတာပဲ ၊ ကိုယ့္မွာ ျပႆနာရိွဖို႔ ေမ်ွာ္လင့္ေနတဲ့လူကို ကြၽန္ေတာ္ ပထမဆံုး ေတြ့ဖူးတာ"

ခ်ိန္ေပၚယန္က ေျပာလိုက္ၿပီး ၊ အျပင္ဘက္ကို တစ္ခ်က္ လွမ္းၾကည့္လိုက္သည္။ရွန္႔ရွီးပင္။သူ ရွန္႔ရွီးကိုေခါင္းတစ္ခ်က္ ညိတ္ျပလိုက္ရာ ၊ ရွန္႔ရွီးက ထြက္သြားခဲ့သည္။

"ဒါေပမယ့္ ကြၽန္ေတာ့္ခါးက တစ္ခ်ိန္လံုး အားစိုက္လို႔ မရသလို ခံစားေနရတယ္"

ထိုအမ်ိဳးသားက မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ခင္ဗ်ား......"

ခ်ိန္ေပၚယန္မွာ စဥ္းစားလိုက္ၿပီး ၊ အၾကည့္မ်ားက ထိုအမ်ိဳးသား၏ အက်ႌထဲရိွ ခါးအထိန္းေပၚ က်ေရာက္သြားခဲ့သည္။

"ဒီပစၥည္းကို တပ္ထားတာ ဘယ္ေလာက္ၾကာသြားၿပီလဲ?"

"ဒီဟာလား?အရင္ႏွစ္ ဒဏ္ရာရၿပီးကတည္းက တစ္ခ်ိန္လံုး သံုးေနတာေလ ၊ မသံုးရင္ မျဖစ္ဘူး......"

ထိုအမ်ိဳးသားက သက္ျပင္းခ်လိုက္သည္။

"တစ္ခ်ိန္လံုး?အရင္ႏွစ္ကတည္းကေန အခုအခ်ိန္အထိ?"

ခ်ိန္ေပၚယန္မွာ ေတာ္ေတာ္ေလး အံ့ၾသသြားမိသည္။တံခါးအျပင္ဘက္တြင္ လူတစ္ေယာက္ ထပ္ျဖတ္သြားျပန္သည္။သူ မ်က္လႊာပင့္ၾကည့္လိုက္ရာ ရွန္႔ရိွီးကို ထပ္ျမင္လိုက္ရသည္။သူ အခ်က္ျပမွာကိုပင္ မေစာင့္ေတာ့ပဲ ၊ ရွန္႔ရွီးက ထပ္ၿပီး ထြက္သြားခဲ့ျပန္သည္။

"ဟုတ္တယ္ေလ"

ထိုအမ်ိဳးသားက ေျပာလာသည္။

"အစ္ကိုႀကီး"

ခ်ိန္ေပၚယန္က ခါးအထိန္းကို ၫႊန္ျပလိုက္ၿပီး

"ဒီပစၥည္းကို ၊ ခင္ဗ်ား ေန့တိုင္း ထပ္ၿပီး စည္းထားမယ္ဆိုရင္ ၊ ေနာက္ပိုင္း ဒီဟာကို ခင္ဗ်ား ျဖည္လိုက္တာနဲ႔ ထိုင္ေတာင္ ထိုင္ႏိုင္ေတာ့မွာ မဟုတ္ဘူး ! ျမန္ျမန္ ျဖည္လိုက္ေတာ့ ! "

ရွန္႔ရွီးက တတိယအႀကိမ္ေျမာက္ ရံုးခန္းတံခါး၀နားမွ ျဖတ္သြားသည့္ အခ်ိန္တြင္ ၊ ခ်ိန္ေပၚယန္မွာ ထိုအမ်ိဳးသားႏွင့္ စကားေျပာဆိုလို႔ ၿပီးသြားၿပီ ျဖစ္သည္။ထိုအမ်ိဳးသားက မတ္တပ္ထရပ္၍ ခ်ိန္ေပၚယန္၏ လက္ကို ဆုပ္ကိုင္လာၿပီး :

"ေဒါက္တာ ေက်းဇူးတင္ပါတယ္ေနာ္"

"အားမနာပါနဲ႔ ၊ ျပန္ေရာက္ရင္ တစ္ခ်က္ေလာက္ ေလ့က်င့္ခန္း လုပ္လိုက္ ၊ ေန့တိုင္း ခါးအထိန္း သံုးတာမ်ိဳး ထပ္မလုပ္နဲ႔ေတာ့ ၊ ဒီဟာက ခဏတာအတြက္ အသံုးျပဳရတာ ၊ အခ်္ိန္အၾကာႀကီး ဒီလိုသံုးေနရင္ ၊ ခင္ဗ်ားရဲ့ ခါးအတြင္းပိုင္း ႂကြက္သားေတြက အားမရိွေတာ့ဘူးေလ ၊ မထံုက်င္ပဲ ေနပါ့မလား"

ခ်ိန္ေပၚယန္က လက္ကိုဆြဲထုတ္လိုက္ၿပီး

"သက္ေသာင့္သက္သာ မရိွတာမ်ိဳး ထပ္ရိွလာရင္ အရိုးဌာနကို လာဖို႔မလိုဘူး ၊ ကြၽန္ေတာ္တို႔ ေဆးရံုရဲ့ ျပန္လည္ထူေထာင္ေရး လႈပ္ရွားမႈ ဌာနဆီ ခင္ဗ်ားသြားျပၾကည့္လိုက္"

"ဟုတ္ကဲ့ပါ ဟုတ္ကဲ့ပါ"

ထိုအမ်ိဳးသားက ေခါင္းညိတ္ျပလာၿပီး ၊ ပစၥည္းမ်ားကို ယူ၍ ရံုးခန္းထဲမွ ထြက္သြားခဲ့သည္။

ခ်ိန္ေပၚယန္လည္း ရံုးခန္းထဲမွ ထြက္လာခဲ့လိုက္သည္။ပံုမွန္အခ်ိန္တြင္ဆို သူ ရံုးခန္းထဲ ရိွေနလ်ွင္ ၊ ရွန္႔ရွီးက အစားအေသာက္ လာပို႔ခ်ိန္၌ ၊ တစ္ခါတစ္ေလမွ တစ္ေခါက္ေလာက္ ျဖတ္သြားရံုသာ ရိွသည္။ၿပီးတာႏွင့္ ျပန္သြားတတ္သည္ပင္။ဒီေန့ေတာ့ မိနစ္ႏွစ္ဆယ္အတြင္း သံုးေခါက္ဆက္တိုက္ ျဖတ္သြားၿပီး ျပန္မသြားေသးေပ။ခ်ိန္ေပၚယန္မွာ နည္းနည္း ထူးဆန္းေနမိသည္။

တံခါးမွ ထြက္လာသည္ႏွင့္ ရွန္႔ရွီးက ရံုးခန္းတံခါးနားရိွ နံရံကို မွီကာ ၊ ေခါင္းငံု႔၍ သူ႔ဖိနပ္ကိုၾကည့္ကာ အေတြးလြန္ေနသည္ကို ျမင္လိုက္ရသည္။သူ အနားကို ေလ်ွာက္သြား၍ ရွန္႔ရွီးကို တစ္ခ်က္ တြန္းလိုက္ၿပီး :

"ဘာလုပ္ေနတာလဲ?"

"အိုင္း?အလုပ္ၿပီးသြားၿပီလား?"

ရွန္႔ရွီးက ေခါင္းေစာင္းၾကည့္လိုက္သည္။

"အင္း ၊ ခဏေလာက္ နားလို႔ရၿပီ"

ခ်ိန္ေပၚယန္က ရွန္႔ရွီးကို ၾကည့္လိုက္ၿပီး

"ငါ့ကိုရွာတာ ကိစၥရိွလို႔လား?"

"........မရိွပါဘူး"

ရွန္႔ရွီးက အေတာ္ေလး ေနရခက္ေနဟန္ျဖင့္ ႏွာေခါင္းကို ပြတ္လိုက္ၿပီး

"ခင္ဗ်ား လူနာကို ၾကည့္ေပးေနတာ အေနွာင့္အယွက္ ေပးလိုက္မိတာလား?"

"မဟုတ္ပါဘူး"

ခ်ိန္ေပၚယန္က စႄကၤံလမ္းဘက္ ေလ်ွာက္သြားလိုက္သည္။အေနာက္ဘက္နားက ကုန္စံုဆိုင္ အေသးေလးတြင္ ေပါင္မုန္႔ႏွစ္လံုး ၀ယ္စားလိုက္ရင္ ၿပီးၿပီဟု ေတြးထားသည္။

"မင္း အစားအေသာက္ ပို႔ၿပီးရင္ အျမန္ျပန္ရမွာ မဟုတ္ဘူးလား?"

"ဟုတ္တယ္ေလ ၊ ခနေနရင္ အျမန္ျပန္ရေတာ့မွာ"

ရွန္႔ရွီးက ခ်ိန္ေပၚယန္ ေဘးကေန လိုက္လာၿပီး

"ကြၽန္ေတာ္ ခင္ဗ်ားကို အစားအေသာက္နည္းနည္းေလာက္ ၀ယ္ေကြၽးမယ္ေလ?"

"ငါက ေပါင္မုန္႔ႏွစ္လံုးေလာက္ သြား၀ယ္မလို႔ ၊ အရမ္းရႈပ္တဲ့ဟာေတြ စားဖို႔ အခ်ိန္မရိွဘူး"

ခ်ိန္ေပၚယန္က ရယ္လိုက္သည္။

"ကြၽန္ေတာ္ ခင္ဗ်ားကို ေပါင္မုန္႔၀ယ္ေကြၽးမယ္"

ရွန္႔ရွီးက ေျပာလိုက္သည္။

"အင္းပါ ၊ တစ္လံုးက အသားမႊာနဲ႔ ၊ တစ္လံုးက အုန္းသီးျခစ္နဲ႔"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

ရွန္႔ရွီးက ခ်ိန္ေပၚယန္အတြက္ ေပါင္မုန္႔၀ယ္၍ ၊ ႏြားႏို႔ဘူးပါ ထပ္၀ယ္ေပးလိုက္ၿပီး ၊ ခ်ိန္ေပၚယန္က ေဆးရံုရိွ ပန္းၿခံေလးထဲတြင္ မတ္တပ္ရပ္၍ စားေနသည္ကို ၾကည့္ေနလိုက္သည္။

"မင္း ကိစၥတစ္ခုခု ရိွေနတယ္ မဟုတ္လား?"

ဒီေန့ ရွန္႔ရွီး၏ ခံစားခ်က္မ်ားက နည္းနည္း မူမမွန္ဘူးဟု ခ်ိန္ေပၚယန္ ခံစားေနမိသည္။ပံုမွန္အခ်ိန္မ်ားတြင္ဆို ျမဴးတူးခုန္ေပါက္ေနတတ္သည့္ လူက ၊ ဒီေန့ စကားအရမ္းနည္းေနသည္။ၾကည့္ေနရသည္မွာ ရွန္႔ရွီးကို ပထမဆံုး ေတြ့ခါစလို အေျခအေနမ်ိဳး ျဖစ္ေနသလိုပင္။

"တကယ္ မရိွပါဘူး"

ရွန္႔ရွီးက ေျပာလိုက္သည္။

"ကြၽန္ေတာ္က ခင္ဗ်ားနဲ႔ ခဏေလာက္ အတူတူ ေနခ်င္ေနရံုပဲ ၊ ခင္ဗ်ား စကားေျပာတာ နည္းနည္း နားေထာင္လိုက္ရင္ ၊ ကြၽန္ေတာ္ နည္းနည္း စိတ္ေအးလာတယ္"

"တစ္ႏွစ္သံုးေလးငါးေျခာက္ခုႏွစ္ရွစ္........"

ခ်ိန္ေပၚယန္က ေပါင္မုန္႔စားေနရင္း စတင္ေရတြက္လိုက္သည္။

"ႏွစ္ဆယ့္တစ္ႏွစ္ဆယ့္ႏွစ္ႏွစ္ဆယ့္သံုး......"

စားေနရင္း တစ္ေလ်ွာက္လံုး ေရတြက္လိုက္သည္မွာ တစ္ရာအထိ ေရာက္သြားကာမွ သူ ရပ္တန္႔လိုက္သည္။ :

"နည္းနည္းေကာင္းသြားတယ္ မဟုတ္လား?"

"အင္း"

ရွန္႔ရွီးက ရယ္လိုက္ၿပီး

"ခင္ဗ်ားက တကယ္ ပူးေပါင္းေပးတာပဲ"

"မင္းက ငါ့ကို ရုတ္တရက္ႀကီး စကားေျပာခိုင္းေတာ့ ၊ ငါက ခ်က္ခ်င္းႀကီး ဘယ္လိုလုပ္ ေျပာထြက္မွာလဲ"

ခ်ိန္ေပၚယန္က ေသာက္လို႔ကုန္သြားသည့္ ႏြားႏို႔ဘူးအား အမိႈက္ပံုးထဲ ပစ္ထည့္လိုက္ၿပီး

"မင္း တကယ္ႀကီး ကိစၥမရိွဘူးေပါ့?"

"တကယ္ မရိွဘူး"

ရွန္႔ရွီးက ေနရာမွာပင္ တစ္ခ်က္ခုန္လိုက္ၿပီး

"ေၾသာ ၊ ကိစၥရိွတယ္ ၊ ကိစၥလို႔ ယူဆလို႔ရတယ္ ၊ ကြၽန္ေတာ္ ေမးၾကည့္ခ်င္လို႔ ၊ ကြၽန္ေတာ္ မနက္ျဖန္ လာစစ္ေဆးရင္ ရတယ္မလား?"

"ရတယ္"

ခ်ိန္ေပၚယန္က ရယ္လိုက္ၿပီး

"မင္း စာရင္းသြင္းမေနနဲ႔ေတာ့ ၊ တစ္ခါတည္း တန္းလာခဲ့လိုက္ ၊ ငါ မင္းအတြက္ စာရင္းေရးေပးလိုက္မယ္ ၊ မင္း ဓာတ္မွန္သြားရိုက္လိုက္ ၊ ငါၾကည့္ေပးမယ္"

"အင္း ၊ ကြၽန္ေတာ္ ညေနက်ရင္ လာခဲ့မယ္"

ရွန္႔ရွီးက လက္ေျဖာက္တစ္ခ်က္ တီးလိုက္ၿပီး

"ဒါဆို ကြၽန္ေတာ္ သြားၿပီေနာ္"

ဆိုင္ထဲ ျပန္ေရာက္သည့္ အခ်ိန္၌ ၊ တာ့က်န္႔ႏွင့္ ထူလန္႔တို႔က ထြက္သြားၾကၿပီပင္။ဖန္းယင္လည္း မရိွေတာ့ေခ်။သူေဌးႏွင့္ သူေဌးမိန္းမတို႔က အလုပ္ရႈပ္ေနၾကသည္။

ရွန္႔ရွီးမွာ ဆိုင္ထဲ၀င္၍ ကူညီေပးလိုက္ၿပီး ၊ သူေဌး ႏွင့္ သူေဌးမိန္းမတို႔အား စကားနည္းနည္းေျပာၾကည့္လိုက္သည္။သူေဌးတို႔ႏွစ္ေယာက္စလံုးက ပံုမွန္အတိုင္းပင္။ၾကည့္ရသေလာက္ေတာ့ တာ့က်န္႔က သံသယ မ၀င္သြားသည့္ပံုပင္။ထိုသို႔မဟုတ္ပါက သူေဌးထံတြင္ သူ႔အေၾကာင္း စံုစမ္းမွာျဖစ္သည္။

သို႔ေသာ္လည္း..........တာ့က်န္႔ သူ႔ကိုၾကည့္သည့္ အၾကၫ့္မ်ားကို ရွန္႔ရိွီး စိတ္မခ်ေခ်။

ညေရာက္သည့္အခ်ိန္၌ သူ ထပ္ခိုးခန္းရိွ ကုတင္ေလးေပၚတြင္ လွဲကာ ၊ ဖန္းယင္ကို ဖုန္းလွမ္းဆက္လိုက္သည္။ :

"အရင္တစ္ေခါက္က ေျပာထားတဲ့ ကြၽန္ေတာ့္ဖို႔ သံုးလစာ အခန္းငွားခ ထုတ္ေပးမယ္ ဆိုတာက အက်ံဳး၀င္ေသးလား?"

"အက်ံဳး၀င္တာေပါ့ ၊ မင္း အခန္းငွားခ်င္လို႔လား?"

ဖန္းယင္က ထိုစကားကို ၾကားလိုက္ရသည္ႏွင့္ အရမ္းကို စိတ္၀င္စားသြားခဲ့သည္။

"အင္း"

ရွန္႔ရွီးက ကိုယ္ကိုတစ္ခ်က္လိွမ့္လိုက္ၿပီး

"မနက္ျဖန္က်ရင္ ကြၽန္ေတာ္ တစ္ရက္နားခြင့္ရိွတယ္ ၊ အခန္းသြားရွာခ်င္လို႔"

"ရတယ္ေလ ၊ ငါ မနက္က်ရင္ လာခဲ့လိုက္မယ္ ၊ ဘယ္မွာ ရွာမွာလဲ?"

ဖန္းယင္က ခ်က္ခ်င္းေမးလိုက္သည္။

"တကၠသိုလ္ဘက္နား"

ရွန္႔ရွီးက ေျပာလိုက္သည္။ထိုဘက္တြင္ နည္းနည္း ေစ်းသက္သာသည့္ ေက်ာင္းသားအခန္းမ်ား ရိွသည္ဟု ခ်ိန္ေပၚယန္ ေျပာဖူးသည္။

အကယ္၍ တာ့က်န္႔သာ မထြက္ေပၚလာခဲ့လ်ွင္ ၊ ရွန္႔ရွီး အခန္းငွားဖို႔ ဒီလို အေလာတႀကီး ျဖစ္ေနမွာ မဟုတ္ေပ။အခုဆို အလုပ္က တစ္ျဖည္းျဖည္း အသားက်လာၿပီး ၊ သူေဌးႏွင့္ သူေဌးမိန္းမတို႔ကလည္း ေတာ္ေတာ္ေလး သေဘာေကာင္းၾကသည္။ပံုမွန္ သူႏွင့္ စကားေျပာတာ ၊ အလုပ္ခိုင္းတာမ်ိဳးဆိုလ်ွင္လည္း အၿပံဳးမ်က္ႏွာျဖင့္သာ ဆိုတတ္ၾကသည္။

သို႔ေသာ္လည္း ဒီလိုျဖစ္ေနတာေၾကာင့္ပင္ ၊ သူ အခု ခ်က္ခ်င္း ေျပာင္းက္ိုေျပာင္းရမွာ ျဖစ္သည္။မေတာ္လို႔မ်ား တာ့က်န္႔သာ သူ႔က္ို မွတ္မိသြားခဲ့လ်ွင္ ၊ ျပန္သြားေျပာလိုက္ပါက ၊ ဖ်င္ရႉးက သူ႔ကို ဘယ္အခ်ိန္တြင္ လာရွာမလဲဆိုတာ မေသခ်ာေပ။

ေန့ခင္းပိုင္းတြင္ ကိစၥမရိွေသာ္လည္း ၊ ညပိုင္းေရာက္လ်ွင္ေတာ့ ေျပာလို႔မရေတာ့ေပ။မထင္မွတ္ထားတာ တစ္ခုခု ျဖစ္သြားၿပီး ဆိုင္ထဲကို ပရမ္းပတာ ျဖစ္သြားေအာင္ လုပ္မိသြားမွာ စိုးမိသည္။ဘယ္လိုပဲျဖစ္ျဖစ္ သူေဌးတို႔မိသားစုကို သူ ဒုကၡေပး၍ မျဖစ္ေပ။

အခန္းငွားရျခင္းမွာ နည္းလမ္းတက်ေျပာရလ်ွင္ မလြယ္ကူလွေပ။ပတ္၀န္းက်င္ ၊ အိမ္နီးခ်င္း ၊ ယာဥ္လမ္းေၾကာင္း ၊ အထပ္အျမင့္ ၊ အခန္းတြင္းအေျခအေန ၊ အကုန္လံုးက စဥ္းစားဖို႔ လိုအပ္သည္ပင္။သို႔ေသာ္လည္း ထိုအရာမ်ားအားလံုးကို လ်စ္လ်ူရႈ႔လိုက္ပါက ၊ အမ်ားႀကီး လြယ္ကူသြားၿပီပင္။

ရွန္႔ရွီး၏ ေတာင္းဆိုခ်က္က ႏွစ္ခုသာ ရိွသည္။ေစ်းေပါရမည္။တစ္ေယာက္ခန္း ျဖစ္ရမည္။တစ္ျခားအရာေတြက္ိုေတာ့ ဘာမွ မစဥ္းစားေတာ့ေပ။သို႔ျဖစ္ရာ တိုက္ခန္းပိုင္ရွင္ ႏွစ္ေယာက္ႏွင့္ ဆက္သြယ္ၿပီးသြားသည့္ ေနာက္တြင္ ၊ သူ အခန္းတစ္ခန္း ငွားယူလိုက္သည္။

ၿမိဳ႔ျပေက်းရြာရိွ ငါးထပ္​တိုက္အေသးေလးျဖစ္သည္။ေက်ာင္းသားမ်ားကိုသာ အဓိက ငွားရမ္းေပးသည္။ငါးထပ္ေျမာက္တြင္ တစ္ခန္းက်န္ေနေသးသည္။ရွစ္စကြဲရားမီတာ က်ယ္ၿပီး ၊ သန္႔စင္ခန္း တစ္ခု ပါသည္။မီးဖိုခန္းက အတူတူ မ်ွသံုးရမည္ ျဖစ္ၿပီး ၊ တစ္လကို ယြမ္သံုးရာ က်သည္။ေရခ ၊ မီးခကို ၿပီးမွ သက္သက္ တြက္မည္။

ဖန္းယင္က သူ႔အစား အာမခံေၾကးႏွင့္ သံုးလစာ အခန္းငွားခ ေပးေခ်လိုက္သည္။ကင္မရာကို ကိုင္ထားရင္း အခန္းတြင္း ၊ အခန္းျပင္ကို ဓာတ္ပံုအခ်ိဳ႕ ရိုက္ယူေနၿပီး ၊ အခန္းထဲရိွ ကုတင္ကို ထပ္ၿပီး ၫႊန္ျပလိုက္ကာ :

"ေရွာင္က်န္ ၊ မင္း ကုတင္ေပၚ ထိုင္လိုက္ ၊ ငါ ဓာတ္ပံုႏွစ္ပံုေလာက္ ရိုက္မယ္ ၊ မ်က္ႏွာကို သန္႔စင္ခန္းရိွတဲ့ ဟိုဘက္ကို လွည့္ထား ၊ ေဘးတစ္ေစာင္းအလင္းကို ယူမယ္........"

"ေၾသာ"

ရွန္႔ရွီးက ကုတင္ေျခရင္းနားတြင္ ထိုင္ခ်လိုက္ၿပီး ၊ သန္႔စင္ခန္းဘက္ကို ၾကည့္၍ ေငးေနလိုက္သည္။

"ဒီအခန္းကို ဘယ္လိုခံစားရလဲ?ထပ္ခိုးခန္းနဲ႔ သိပ္မကြာဘူး"

ဖန္းယင္က အခန္းထဲတြင္ ႏွစ္လွမ္းေလာက္ ေလ်ွာက္သြားလိုက္သည္။

"ေတာ္ေတာ္ေလး ေကာင္းပါတယ္"

ရွန္႔ရွီးက ကုတင္ေပၚ လွဲခ်လိုက္ၿပီး

"အ၀တ္ဘီရို ရိွတယ္ ၊ မတ္မတ္ရပ္လို႔ရတယ္ ၊ အားသြင္းခ်င္ရင္ ေအာက္ထပ္ဆင္းစရာ မလိုဘူး"

"ဘယ္လိုျဖစ္ၿပီး ရုတ္တရက္ႀကီး အခန္းငွားဖို႔ ေတြးမိသြားတာလဲ?"

ဖန္းယင္က ကုတင္ေအာက္မွ ပလတ္စတစ္ ေခြးေျခခံုေလးတစ္လံုးကို ဆြဲထုတ္၍ ထိုင္လိုက္သည္။

"အခ်ိန္ၾကာသြားရင္ ခင္ဗ်ား သေဘာတူထားတာ ဖ်က္သြားမွာ စိုးလို႔"

ရွန္႔ရွီးက လက္ေမာင္းေပၚ ေခါင္းအံုးလိုက္သည္။

"ဒီေန့ ထမင္းလာစားတဲ့ ဟို ေယာက်ာ္းတစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္ေၾကာင့္ မဟုတ္လား?"

ဖန္းယင္က စဥ္းစားလိုက္ၿပီး

"ဟုတ္လား?သူတို႔ႏွစ္ေယာက္ ေရာက္လာတာနဲ႔ ၊ မင္း မက္စ္တပ္လိုက္တာ ၊ ခံစားခ်က္ကလည္း မမွန္ေတာ့ဘူး"

"ခင္ဗ်ားက တကယ္ႀကီး တစ္ခ်ိန္လံုး ကြၽန္ေတာ့္ကို စိုက္ၾကည့္ေနတာပဲ"

ရွန္႔ရွီးက ေခါင္းေစာင္း၍ ဖန္းယင္အား ၾကည့္လိုက္ကာ

"မသိတဲ့လူေတြဆို ခင္ဗ်ားက ကြၽန္ေတာ့္ကို ႀကိဳက္ေနတယ္လို႔ ထင္ေနၾကၪီးမယ္"

"အရင္တုန္းက သိတဲ့ လူလား?ေက်ာက္က်ားေယာင္က?"

ဖန္းယင္က ဆက္ေမးလိုက္သည္။

ရွန္႔ရွီးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ဘာမျွပန္မေျပာမိေပ။ဖန္းယင္၏ ေလသံထဲတြင္ သိသာေနသည့္ စိတ္လႈပ္ရွားမႈက ၊ သူ႔ကို ေတာ္ေတာ္ေလး စိတ္မေက်နပ္ေစေပ။

"မင္းကို မွတ္မိသြားေသးလား?ျပႆနာ ရိွလာႏိုင္လား?"

ဖန္းယင္က ဆက္ေမးလိုက္သည္။

"ဟိုအရူးသတင္းေထာက္ေတြ ဘာျဖစ္လို႔ အထိုးခံၾကရတာလဲဆိုတာကို ကြၽန္ေတာ္ သိသြားၿပီ"

ရွန္႔ရွီးက ေျပာလိုက္ၿပီး ၊ ဖန္းယင္ထံ လက္ေခ်ာင္းေကြးျပလိုက္ကာ

"ဒီေန့အတြက္ ပိုက္ဆံ ကြၽန္ေတာ့္ကိုေပး ၊ ကြၽန္ေတာ္ ဒီေန့ အိပ္မွာ ၊ အျပင္မသြားေတာ့ဘူး"

ဖန္းယင္က ရွန္႔ရွီးအား ပိုက္ဆံေပးလိုက္ကာ ၊ ဘာမွ ထပ္မေျပာေတာ့ပဲ ၊ ကင္မရာကိုယူ၍ ထြက္သြားခဲ့သည္။

ရွန္႔ရွီးမွာ ကုတင္ေပၚလွဲ၍ မ်က္ႏွာၾကပ္ကို စိုက္ၾကည့္ကာ ၊ အခန္းအျပင္က လႈပ္ရွားမႈမ်ားကို နားေထာင္ေနမိသည္။

ဒီအခန္းက အသံ သိပ္မလံုေပ။တစ္ဖက္အခန္းက ဖုန္းေျပာေနသည့္ အသံကိုပင္ သူ မသဲမကြဲ ၾကားေနရသည္။အမ်ားသံုး မီးဖိုခန္း၏ အသံက ပို၍ပင္ လြယ္ကူစြာျဖင့္ တံခါးကို ျဖတ္ကာ ၀င္လာေနသည္။

သို႔ေသာ္လည္း ဒီအထပ္ရိွ သူ႔အခန္းတစ္ဝိုက္တြင္ ေနၾကသူမ်ားမွာ အကုန္လံုး ေက်ာင္းသားေတြမွန္း အသံၾကားရံုျဖင့္ သိသာလွသည္။တစ္ေယာက္တည္း ေနသည့္လူ ရိွသလို ၊ အတြဲလိုက္ ေနေနၾကသည့္ လူမ်ားလည္း ရိွသည္။ေက်ာင္းသူ ညီမေလးတစ္ေယာက္က ခ်စ္သူေကာင္ေလးအတြက္ ေခါက္ဆြဲျပဳတ္ေပးေနသည္။တစ္မိနစ္ကို တစ္ခါႏႈန္းျဖင့္ ဒီလိုစားရင္ ရလား ၊ ဒီဟာ နည္းနည္း ထည့္လိုက္ရမလားဟု ေအာ္ေမးေနသည္။တစ္ေယာက္ႏွင့္ တစ္ေယာက္ ခ်စ္ၾကည္ႏူးေနၾကသည္မွာ ၊ အျပင္ထြက္ကာ သူမတို႔ႏွစ္ေယာက္အား ႀကိဳးေပၚခ်ိတ္ဆြဲေပးလိုက္ခ်င္စိတ္ ျဖစ္လာေစသည္။

သူ က်စ္ခနဲ တစ္ခ်က္စုတ္သတ္လိုက္မိသည္။တကယ္ စိတ္ရႈပ္စရာပဲ။ဘာလို႔ ဒီေလာက္ေတာင္ ျပႆနာေတြ မ်ားေနရတာလဲ။ခ်ိန္ေပၚယန္ဆီမွာ သြားသင္လိုက္။ေခါက္ဆြဲ ၊ ၾကက္ဥ ၊ အသား ၊ ဘာပဲရိွရိွ အကုန္ထည့္။အိုးထဲ ပစ္ထည့္လိုက္ရင္ ကိစၥျပတ္ၿပီ။

ဘာမွ စားခ်င္စိတ္ မရိွေပ။အျပင္ဘက္တြင္ ထမင္းခ်က္ေနသည့္ အသံကိုနားေထာင္ရတာလည္း ဗိုက္ဆာလာသလို မခံစားရေပ။ကုတင္ေပၚတြင္ လွဲေနၿပီး သိပ္မၾကာေသးမီမွာပင္ အိပ္ေပ်ာ္သြားခဲ့သည္။

ျပန္ႏိုးလာသည့္ အခ်ိန္၌ တစ္နာရီ ထိုးေနၿပီပင္။သူ အခ်ိန္ကို တြက္ဆၾကည့္လိုက္ၿပီး ၊ ထထိုင္၍ မ်က္ႏွာသစ္လိုက္ကာ ၊ ေဆးရံုသြားရန္ ျပင္လိုက္သည္။

မသြားခင္၌ သူ ကိုယ့္အိတ္ကိုယ္ ၾကည့္လိုက္မိသည္။အေတာ္ၾကာေအာင္ တံု႔ဆိုင္းေနမိၿပီး ၊ အ၀တ္ဘီရိုကို ဆြဲဖြင့္၍ အက်ႌမ်ားကို တစ္ထည္ခ်င္းစီ ခ်ိတ္ဆြဲလိုက္သည္။အမွန္မွာေတာ့ ခ်ိတ္ထားတာက ျပႆနာ မ်ားသည္ပင္။မေတာ္လို႔ ကိစၥတစ္ခုခု ျဖစ္လာလ်ွင္ ၊ ထြက္ေျပးသည့္ အခ်ိန္၌ သိမ္းဆည္းဖို႔ အခ်ိန္ ဘယ္လိုမွ မရိွေခ်။

သို႔ေသာ္လည္း သူ ဒီလိုခ်ိတ္ထားလိုက္သည္။

ကိုယ့္ပစၥည္းမ်ားကို ေနထိုင္သည့္ ေနရာတြင္ ထားရသည့္ ခံစားခ်က္က အရမ္းကို ဆန္းက်ယ္လွသည္။သူ သူ႔ကိုယ္ပိုင္ အ၀တ္ဘီရိုကို တစ္ခါမွ မပိုင္ဆိုင္ခဲ့ဖူးေပ။ခ်ိန္ေပၚယန္ အိမ္တြင္ေတာ့ ၊ သူ အေပၚ၀တ္အက်ႌမ်ားကိုသာ ခ်ိန္ေပၚယန္ႏွင့္ အတူတူ ဧည့္ခန္းထဲရိွ ဘီရိုထဲ ခ်ိတ္တတ္သည္။

အက်ႌက ႏွစ္ထည္ပင္ မရိွတာေၾကာင့္ ၊ ရိုးရွင္းလွသည့္ အ၀တ္ဘီရိုထဲတြင္ တစ္၀တ္ျပည့္ေအာင္ေတာင္ မခ်ိတ္လိုက္ရေပ။အေပၚဘက္ရိွ ပစၥည္းေသးေသးေလးမ်ား ထားရာ ေနရာက ဗလာျဖစ္ေနသည္။ရွန္႔ရွီးမွာ သူ႔ေျခအိတ္ တစ္စံုႏွင့္ အတြင္းခံေဘာင္းဘီတစ္ထည္အား တင္လိုက္သည္။ၾကည့္လိုက္လ်ွင္ နည္းနည္း ရယ္စရာ ေကာင္းေနသည္။သို႔ေသာ္လည္း ဒီဟာေတြသာ ရိွသည္။ခႏၶာကိုယ္ေပၚတြင္ ၀တ္ထားသည့္ ေျခအိတ္ႏွင့္ အတြင္းခံေဘာင္းဘီကို ထားလိုက္မည္ ဆိုလ်ွင္ေတာင္ ေလးခုက အလံုးလိုက္ ျဖစ္ေနရံုသာ ရိွမည္။

သံဘူးေလးကိုေတာ့ သူ အထဲ မထည့္ထားေတာ့ေပ။အိတ္ထဲတြင္သာ ထည့္ထားလိုက္သည္။ဒီပစၥည္းေလးက္ိုေတာ့ သူ ကိုယ္ႏွင့္မကြာ သယ္သြားရမည္ပင္။

လြယ္အိတ္ကို လြယ္၍ ၊ စႄကၤံလမ္းမွ ထြက္လာသည့္ အခ်ိန္၌ ၊ သူ ေခါင္းလွည့္၍ ဒီတိုက္ကို ထပ္ၾကည့္လိုက္သည္။အနီးအနားရိွ အေဆာက္အၪီးအားလံုးမွာ ပံုစံ သိပ္မကြာၾကေပ။လမ္းေတြကလည္း တစ္လမ္းႏွင့္တစ္လမ္း ဆက္ေနေသးသည္။ခဏေန ျပန္လာလ်ွင္ သူ ေနရာကို ရွာမေတြ့မွာ စိုးလို႔ပင္။

ၾကည့္ၿပီး၍ မ်က္ႏွာျပန္လွည့္လိုက္ခ်ိန္တြင္ ၊ လမ္းေဘးနားတြင္ ေဆာင့္ေၾကာင့္ထိုင္၍ သူ႔အား လွမ္းရယ္ျပေနသည့္ ဖန္းယင္ကို ေတြ့လိုက္ရသည္။လက္ထဲတြင္ ကင္မရာကို ကိုင္ထားၿပီး ခ်လိုက္ကာ :

"လူလိမ္ေလး ၊ မင္း ထြက္လာၪီးမယ္မွန္း သိသားပဲ"

"ကြၽန္ေတာ္ ေဆးရံုမွာ ေျခေထာက္ကို သြားစစ္ေဆးမလို႔"

ရွန္႔ရွီးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

"ခင္ဗ်ား ဒီေနရာမွာ တစ္ခ်ိန္လံုး ထိုင္ေနတာေတာ့ မဟုတ္ပါဘူးေနာ္"

"မဟုတ္ပါဘူး"

ဖန္းယင္က မတ္တပ္ထရပ္လိုက္ၿပီး

"ငါ ေန့လည္တုန္းက ဒီနားမွာ ေလ်ွာက္ပတ္ၾကည့္ေနတာ ၊ ဓာတ္ပံုနည္းနည္း ရိုက္ခဲ့ေသးတယ္ ၊ ဒီေနရာကလည္း ဇာတ္လမ္းေတြ စုၿပံဳေနတဲ့ ေနရာတစ္ခုပဲ"

"အကုန္လံုးက ခင္ဗ်ား သေဘာက်တဲ့ အဲ့လိုအမ်ိဳးအစားေတြပဲ"

ရွန္႔ရွီးက မ်က္စိေစြ၍ ဖန္းယင္အား တစ္ခ်က္ၾကည့္လိုက္ၿပီး

"တစ္ျခားလူရဲ့ ဒဏ္ရာကို တူးဆြၿပီး တစ္ျခားသူေတြကို ၾကည့္ခိုင္းတဲ့ အဲ့လို အမ်ိဳးအစားမ်ိဳး"

ဖန္းယင္က သူႏွင့္အတူ ေဆးရံုကို လိုက္မလာေပ။သူ ကားေပၚတက္လိုက္ၿပီး ေနာက္တြင္ ၊ ဖန္းယင္က ထြက္သြားခဲ့သည္။ရွန္႔ရွီးမွာ ယိမ္းထိုးေနသည့္ ကားေပၚတြင္ ရပ္၍ ေဘးနားရိွ လူမ်ားကိုၾကည့္ကာ အေတြးလြန္ေနမိသည္။

ဘယ္သူပဲျဖစ္ျဖစ္ ဒဏ္ရာေတြ ရိွၾကမွာပင္။တစ္မ်ိဳးစီျဖစ္သည္။ပညာေလ့လာတဲ့ေနရာမွာ ၊ အလုပ္လုပ္တဲ့ ေနရာမွာ ၊ အသက္ရွင္ေနထိုင္တဲ့ အရာမွာ ၊ ခံစားခ်က္မွာ ၊ တစ္ခ်ိဳ႕က နည္းနည္းႀကီးၿပီး ၊ တစ္ခ်ိဳ႕က နည္းနည္း ေသးသည္။တစ္ခ်ိဳ႕ကက်ေတာ့ ကိုယ့္ဘာသာကိုယ္ေတာင္ မခံစားမိေပ။

ကိုယ့္ဒဏ္ရာကို ဖိအုပ္ၿပီး တစ္ျခားသူရဲ့ ဒဏ္ရာကို သြားၾကည့္ကာ ၊ ငိုရိႈက္သနားၾကၿပီး ၊ ၿပီးေနာက္တြင္ေတာ့ ကိုယ့္ဘာသာ ေရ႔ွဆက္သြားၾကသည္။

ဒီဟာက ဘယ္လိုခံစားခ်က္မ်ိဳးလည္း ဆိုသည္ကို ရွန္႔ရွီး မခံစားႏိုင္ေပ။ကိုယ့္ဒဏ္ရာကိုယ္ ဖိအုပ္၍ မႏိုင္တာေၾကာင့္ ၊ တစ္ျခားလူေတြကို ဂရုမစိုက္ႏိုင္ေခ်။

ရွန္႔ရွီး ရံုးခန္းထဲ ၀င္လာသည့္ အခ်ိန္တြင္ ၊ လူနာတစ္ေယာက္က ခ်ိန္ေပၚယန္အေရ႔ွတြင္ ထိုင္လိုက္ကာစ ျဖစ္သည္။

"ခဏေလာက္ ေစာင့္ေပးပါၪီးေနာ္"

ခ်ိန္ေပၚယန္က ထိုလူအား တစ္ခြန္းေျပာလိုက္ၿပီး ၊ ရွန္႔ရွီး၏ လူနာမွတ္တမ္းကို ယူကာ ၊ အျမန္ ေရးလိုက္သည္။စာရင္းတစ္ခု ထပ္ယူ၍ ေရးလိုက္ကာ ရွန္႔ရွီးအား ေပးလိုက္ၿပီး

"ဓာတ္မွန္တစ္ခ်က္ သြားရိုက္လိုက္"

"အင္း"

ရွန္႔ရွီးက စာရင္းကိုယူ၍ ရံုးခန္းထဲမွ လွည့္ထြက္လာခဲ့လိုက္သည္။

ခ်ိန္ေပၚယန္က လိုက္ထြက္လာၿပီး ရွန္႔ရွီးအား ဆြဲလိုက္ကာ :

"ပိုက္ဆံရိွလား?"

"ဒီစကား ေမးတာကလည္း"

ရွန္႔ရွီးက ရယ္လိုက္ၿပီး ၊ အိတ္ကပ္ကို တစ္ခ်က္ပုတ္ျပလိုက္ကာ

"ကြၽန္ေတာ္လည္း လစာရတဲ့လူ ျဖစ္ေနပါၿပီ ၊ ထုတ္ထားကာစပဲ ရိွေသးတာ"

"ဒါဆို သြားေတာ့"

ခ်ိန္ေပၚယန္က ရယ္လိုက္သည္။

ရွန္႔ရွီးက ဓာတ္မွန္ရိုက္ၿပီး၍ ယူရန္ ေစာင့္ေနသည့္ အခ်ိန္၌ ၊ ရံုးခန္းတံခါး၀တြင္ ထိုင္ေနလိုက္သည္။ခ်ိန္ေပၚယန္ကို ျမင္ႏိုင္သည့္ ေနရာကို ေရြး၍ သူထိုင္ေနတာေၾကာင့္ ၊ ခ်ိန္ေပၚယန္ ေခါင္းေမာ့ၾကည့္သည့္ အခ်ိန္တိုင္း သူ႔ကို ျမင္ႏိုင္ၿပီး ၊ သူက ခ်ိန္ေပၚယန္အား သြားစိ၍ ရယ္ျပတတ္သည္။

ခ်ိန္ေပၚယန္က ေတာ္ေတာ္ေလး အလုပ္မ်ားသည္ပင္။ရွန္႔ရွီး ေစာင့္ေနသည့္ မိနစ္ေလးဆယ္ အတြင္းတြင္ ၊ ခ်္ိန္ေပၚယန္က မရပ္မနား စကားေတြ ေျပာေနမွာ ရပ္ပင္ မရပ္ေခ်။ခ်ိန္ေပၚယန္က တစ္ေလ်ွာက္လံုး လူနာေတြႏွင့္ ၿပံဳးရယ္ကာ စကားေျပာႏိုင္ေနသည္ကို ရွန္႔ရွီး ေတာ္ေတာ္ေလး ေလးစားသြားမိသည္။

ေနာက္ဆံုးေတာ့ ဓာတ္မွန္ ရလာၿပီပင္။ရွန္႔ရွီးက ယူ၍ ကိုယ့္ဘာသာ အေတာ္ၾကာေအာင္ ၾကည့္လိုက္မိသည္။အရိုးေပၚရိွ နည္းနည္းျဖဴေနသည့္ သံကို ျမင္ရသည္မွ လြဲ၍ ၊ တစ္ျခားအရာမ်ားကို ဘာမွ မသိေပ။

ရံုးခန္းထဲရိွ လူနာ ၾကည့္ၿပီးသြား၍ ထြက္လာသည့္ အခ်ိန္က်မွသာ ၊ သူ ဓာတ္မွန္ကို ကိုင္၍ ၀င္သြားလိုက္ၿပီး :

"ကြၽန္ေတာ့္အထင္ေတာ့ ကြၽန္ေတာ့္အရိုးက တကယ္လွတာပဲ"

"မင္း ေဆးရံုမတက္ခင္တုန္းက အရိုးကမွ လွတာ ၊ ဓာတ္မွန္က ငါ့အိမ္မွာ ရိွေနေသးတယ္ ၊ အခ်ိန္ရရင္ မင္း တစ္ေခါက္ေလာက္ ခံစားၾကည့္ေပါ့ ၊ ပန္းပြင့္ေနတာ က်ေနတာပဲ ၊ လွေနတာကေလ"

ခ်ိန္ေပၚယန္က ဓာတ္မွန္ကို လွမ္းယူ၍ light box ေပၚ တစ္ခ်က္ ထိုးသြင္းလိုက္ကာ ၊ ၾကည့္ေနရင္း ေျပာလိုက္သည္။

"အရိုးဆက္ႏႈန္းက ေကာင္းတယ္ ၊ အရိုးက်ိဳးလိုင္းက မႈန္ဝါး........."

"နားမလည္ဘူး"

ရွန္႔ရွီးက ေျပာလိုက္သည္။

"ေျပာခ်င္တာက မဆိုးဘူးလို႔ ၊ ထိုင္"

ခ်ိန္ေပၚယန္က ကုလားထိုင္ကို ၫႊန္ျပလိုက္သည္။ရွန္႔ရွီး ထိုင္ၿပီးသည့္ေနာက္တြင္ သူ ရွန္႔ရွီး၏ ေျခေထာက္ေပၚ အခ်က္အနည္းငယ္ေလာက္ ဖိႏိွပ္လိုက္ၿပီး

"နာလား?"

"မနာဘူး ၊ ရယ္ပဲရယ္ခ်င္တယ္"

ရွန္႔ရွီးက ရယ္ရင္း ေျခေထာက္ကို ျပန္ရုတ္လိုက္သည္။

"ဒီရက္ပိုင္းအတြင္း စတီးရိုးထုတ္ဖို႔ ရက္နည္းနည္းေလာက္ သူေဌးဆီ ခြင့္ေတာင္းထားလိုက္"

ခ်ိန္ေပၚယန္က ရွန္႔ရွီး၏ လူနာမွတ္တမ္းေပၚတြင္ ေရးေနရင္း ေျပာလိုက္သည္။

"ဘယ္ႏွစ္ရက္လဲ?"

ရွန္႔ရွီးမွာ ေၾကာင္အသြားမိသည္။

"စတီးရိုးထုတ္တာကလည္း ခြဲစိတ္မႈပဲ ၊ ျပန္သက္သာလာဖို႔ တစ္ပတ္ေလာက္ေတာ့ အခ်ိန္လိုတယ္"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

"ကြၽန္ေတာ္က တစ္လမွ ခြင့္တစ္ရက္ပဲ ရတာ ၊ ခြင့္ယူဖို႔က ေတာ္ေတာ္ခက္တယ္"

ရွန္႔ရွီးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

"မထုတ္လို႔ မရဘူးလား?"

"Iron manလား?"

ခ်ိန္ေပၚယန္က ရွန္႔ရွီးကို တစ္ခ်က္ၾကည့္လိုက္ၿပီး

"နည္းနည္း ေနာက္က်မွ ထုတ္လည္း ရတယ္ ၊ မထုတ္လို႔ေတာ့ မရဘူး ၊ မင္း သူေဌးနဲ႔ အခ်ိန္တစ္ခ်က္ ၫွိၾကည့္လိုက္ ၊ သူက ေတာ္ေတာ္ေလး သေဘာေကာင္းတယ္ မဟုတ္လား ၊ ျပႆနာ ႀကီးႀကီးမားမား မရိွေလာက္ပါဘူး?"

"ဒါဆို ကြၽန္ေတာ္ သူနဲ႔ ေျပာၾကည့္လိုက္ၪီးမယ္"

ရွန္႔ရွီးက ေခါင္းညိတ္ျပလိုက္သည္။

"ၿပီးေတာ့ ၊ မင္းရဲ့ ဟိုအဆုတ္ေရာင္တာက ၊ ဘာျပႆနာမွ မရိွေတာ့လဲ ဂရုစိုက္ဖို႔ လိုေသးတယ္"

ခ်ိန္ေပၚယန္က လူနာမွတ္တမ္းအား ရွန္႔ရွီးထံ ေပးလိုက္ၿပီး

"တစ္လအတြင္း ေနာက္တစ္ေခါက္ ျပန္အေအးမိလာရင္ အဆုတ္ေရာင္ေနေသးတာ ေသခ်ာေနၿပီပဲ"

"စိတ္ခ်ပါ"

ရွန္႔ရွီးက ရယ္လိုက္ၿပီး

"အရိုးအထူးကု ၾကည့္ေပးတဲ့လူက ကိုယ္တြင္းပိုင္းေတြလည္း ၾကည့္ေပးႏိုင္တာလား?"

"ပါးစပ္ထဲ ရိွရာ တစ္ခြန္းေလာက္ ေျပာလိုက္ရံုပါ ၊ အခုက မနက္ဆို ပူၿပီး ညဆို ေအးေနတာ ၊ အေအးမိဖို႔ လြယ္တယ္"

ခ်ိန္ေပၚယန္က ေျပာလိုက္သည္။

"သိပါၿပီ"

ရွန္႔ရွီးက ကိုယ့္ပစၥည္းမ်ားကို
ယ္ယူ၍ မတ္တပ္ထရပ္လိုက္ကာ

"ဒါဆို ကြၽန္ေတာ္ သြားေတာ့မယ္"

"အင္း ၊ သူေဌးနဲ႔ ၫွိၿပီးသြားရင္ ငါ့ကို ေျပာ"

ခ်ိန္ေပၚယန္က အံဆြဲကို ဆြဲဖြင့္၍ တာ့ပိုင္ထုအခ်ိဳ႕ကို ထုတ္ယူလိုက္ကာ ရွန္႔ရွီး၏ အိတ္ကပ္ထဲ ထည့္ေပးလိုက္သည္။

"ခုနက လူနာတစ္ေယာက္ ငါ့ကို ေပးသြားတာ ၊ မင္း စားလိုက္ေပါ့"

ရွန္႔ရွီးမွာ ခ်ိဳခ်ဥ္စားရင္း ေဆးရံုမွ ထြက္လာခဲ့လိုက္သည္။ေတာ္ေတာ္ေလး ခ်ိဳလွသည္။သူ အရမ္းႀကိဳက္သည္။

လမ္းေဘးတြင္ ရပ္ေနလိုက္ၿပီး ၊ သူ ကားေပၚ ခ်က္ခ်င္း မတက္မိေပ။ေလးဖက္ေလးတန္ကို ၾကည့္လိုက္မိသည္။တာ့က်န္႔က သူ႔ကို မမိွတ္မိသြားဘူးဟု ထင္မိေသာ္လည္း ၊ သူ သတိထားရမည္ပင္။

ဖ်င္းရႉးဆိုသည့္လူက အရမ္းကို လ်ိႈ႔၀ွက္လွသည္။အကယ္၍မ်ား သူဘယ္မွာရိွေနလဲ တကယ္ႀကီး သိသြားလ်ွင္ေတာင္ ၊ ခ်က္ခ်င္းႀကီး လႈပ္ရွားမွာ မဟုတ္ေခ်။ရက္နည္းနည္းၾကာေအာင္ အခ်ိန္ယူ၍ သူသိလာေအာင္ ေသခ်ာေပါက္ လုပ္မွာပင္။

ရွန္႔ရွီးမွာ ရုတ္တရက္ပင္ အရမ္းပင္ပန္းလာသလိုမ်ိဳး ခံစားလာရသည္။လအေတာ္ၾကာေအာင္ သူ ႀကိဳးစားပမ္းစား ရုန္းကန္ေနခဲ့သည္။သို႔ေသာ္လည္း တာ့က်န္႔ကို ျမင္လိုက္ရသည့္ အခ်ိန္တစ္စကၠန္႔အတြင္းမွာပင္ ၊ မစင္တြင္းထဲက ပိုးေကာင္လိုမ်ိဳး ကိုယ့္ကိုကိုယ္ ခံစားလိုက္ရသည္။အေတာ္ၾကာေအာင္ လူးလိမ့္ေနသည္။လူးလိမ့္ေနသည္မွာ အေတာ္ေလး ေဝးေနၿပီမွန္း သိသာေနေသာ္လည္း ၊ တစ္ျခားပိုးေကာင္မ်ားထက္ ေဝးေနေသာ္လည္း ၊ မ်က္စိဖြင့္ၾကည့္လိုက္သည့္ အခ်ိန္၌ မစင္ကို ျမင္ေနရဆဲပင္။

သို႔ေသာ္လည္း ဤသည္မွာ သူ လက္မေလ်ွာ့ခဲ့သည့္ ပထမဆံုးေသာ လႈပ္ရွားမႈပင္။သူ လ်ွာျဖင့္ တာ့ပိုင္ထုကို လိပ္၍ လ်က္လိုက္သည္။ထပ္ၿပီး ခဏေလာက္ လူးလိမ့္လိုက္လ်ွင္ ေအာင္ျမင္သြားတာလည္း ျဖစ္ႏိုင္သည္ပင္။

* * ***

တာ့ပိုင္ထု

Continue Reading

You'll Also Like

3.3M 191K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
463K 25.4K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
24.3K 1.1K 21
In where Hyunjin took liking at Felix simply because of his accent and cute little freckles, and maybe because of the past that Felix does remember b...